မထိုက်တန်ဘူး
Vol. 36 Ch. 695
ဤမတိုင်မီတွင် ရှောင်းယွိရုန်သည် စိတ်ပူနေခဲ့ဆဲ
ဖြစ်ပြီး အထူးသဖြင့် လူများမှ သူ၏ဆရာတူအစ်မအား စုန်းမဟု ခေါ်သည့်အချိန်တွင် သူမအတွက် ပို၍ပင် မခံမရပ်နိုင် ဖြစ်စေလေသည်။
သို့သော်လည်း ယခုအချိန်တွင် အိမ်ရှေ့စံမင်းသားသည် စေ့စပ်ပြီးဖြစ်သောကြောင့် သူ၏ဆရာတူအစ်မ အပြစ်ရှာဝေဖန်ခံရခြင်း လျော့နည်းသွားတော့မည်ဖြစ်သည်။
ကျောက်ရွှမ်ကျင်း သူ၏ ဇွဲကောင်းသည့်အကြည့်အား ကြည့်လိုက်ကာ ထိုသည်မှာ အလွန်ဒေါသထွက်စရာကောင်းကြောင်း တွေ့ရှိခဲ့လေသည်။
“ ဆရာတူအစ်မက ဒီရက်တွေအတွင်းမှာ အစ်ကို့ကို မြို့တော်ထဲမှာ မတွေ့ခဲ့ဘူးဆိုတာက သူမမှာ အစ်ကို့အပေါ် ဘာစိတ်ဝင်စားမှုမှ မရှိဘူးလို့ ပြနေတာပဲဗျ။ ဆရာတူအစ်ကို၊ အစ်ကို တခြားအမျိုးသမီးတစ်ယောက်ကိုပဲ အစ်ကို့ရဲ့ဇနီးလုပ်ဖို့
အတွက် ရှာသင့်တယ်” ကျောက်ရွှမ်ကျင်းသည် အလွန်ဖော်ရွေကြည်သာနေပြီးဖြစ်ကာ ထိုစကားအားပြောသည်မှာ ပထမဆုံးအကြိမ် မဟုတ်တော့ချေ။
ကံမကောင်းစွာပင် သူသည် ထိုအရာအား အမြဲအလေးထားခဲ့သော်လည်း ရှောင်းယွိရုန်သည် ဂရုမစိုက်သောကြောင့် ပိုရက်စက်သည့် တစ်စုံတစ်ရာအား သူ ပြောရလိမ့်မည်ပင်…
ဘေးဘက်မှ ရှဲ့ချောင်တစ်ယောက် တိတ်တဆိတ် ခေါင်းညိတ်လိုက်၏။
သူမ ရှောင်းယွိရုန်အား တွေ့သည့်အချိန်တိုင်း သူမထံတွင် သူ့အပေါ်သို့ ရှင်းလင်းသည့် ရပ်တည်ချက်တစ်ခုရှိခဲ့ကြောင်း သူမ တွေးလိုက်သည်…
“ အဲ့တာက ကျွန်တော် ဇွဲကောင်းနေတာမဟုတ်ဘူး။ ဆရာတူအစ်မက တကယ့်ကို ကမ္ဘာပေါ်မှာ အတော်ဆုံးအမျိုးသမီးပဲ။ ကျွန်တော်သာ သူမကို သတိမထားမိခဲ့ဘူးဆိုရင် ကျွန်တော့်လက်ကျန်ဘဝတစ်လျှောက်လုံး နောင်တရနေရမှာပဲ” ရှောင်းယွိရုန်မှာ အရူးအမူးစွဲလမ်းနေပုံ ပေါ်လေသည်။
သူနှင့် သူ၏ဆရာတူအစ်မ ပန်းချီများအကြောင်း အတူအကွ ဆွေးနွေးနေကြသည်ကို တွေးကြည့်ရုံဖြင့်ပင် နှစ်သက်ပျော်ရွှင်ဖွယ်ကောင်းပေသည်။
ထိုကဲ့သို့သော တမ်းတခြင်းအား ပြသနေသည့် ဣန္ဒြေရလူကြီးလူကောင်း ရှောင်းယွိရုန်အား မြင်လိုက်ရချိန်၌ ရှဲ့ချောင် မတတ်နိုင်ပဲ ကျောချမ်းသွားခဲ့သည်။
ထိုသည်မှာ ကြောက်စရာပင်။
ရှောင်းယွိရုန်၏ အကြည့်လမ်းကြောင်းအား ကျောက်ရွှမ်ကျင်း ပိတ်ဆို့လိုက်၏။ ယခုအချိန်တွင် သူသည် အလယ်၌ ရပ်နေကာ ရှောင်းယွိရုန်အား ခြေတစ်လှမ်းနောက်ဆုတ်ရန် ဖိအားပေးလေတော့သည်။
“ ဆရာတူအစ်ကို၊ အစ်ကို ဆရာတူအစ်မကို သဘောကျတာလား ဒါမှမဟုတ် အရာအားလုံးကို သိမြင်နှံ့စပ်ပြီး ကမ္ဘာပေါ်မှာ ဉာဏ်အကောင်းဆုံးနဲ့ နှစ်လိုဖွယ်အကောင်းဆုံးအမျိုးသမီးလို့ ဖော်ပြထားတဲ့ ဆရာသခင်တစ်ယောက်ကို သဘောကျတာလား?” ကျောက်ရွှမ်ကျင်း၏ မျက်ဝန်းများမှာ ထက်ရှနေပေသည်။
ရှောင်းယွိရုန် စိတ်ရှုပ်ထွေးသွား၏။ “ အဲ့တာက တူတူပဲ မဟုတ်ဘူးလား?”
ဆရာတူအစ်မက အဲ့ဒီပုဂ္ဂိုလ်ပဲ မဟုတ်ဘူးလား?
ရှဲ့ချောင်လည်း သူ့အား(ကျောက်ရွှမ်ကျင်း) ကြည့်လိုက်၏။ ဘာလို့လဲ? သူမက ကမ္ဘာပေါ်မှာ နံပါတ်တစ်အမျိုးသမီး မဟုတ်ဘူးလား?
“ ဒါပေါ့၊ ဆရာတူအစ်မက အံ့ဩစရာကောင်းတယ်၊ ဒါပေမယ့် သူမက အများကြီးသိလွန်းတယ်။ အစ်ကို့အတွက် ကဗျာတွေနဲ့ သီချင်းတွေက အရာအားလုံးပဲ၊ ဒါပေမယ့် သူမအတွက် အဲတာတွေက ရေခဲတောင်ကြီးရဲ့ ထိပ်ဖျားလောက်လေးတင်ပဲ။ တစ်ခါတစ်ရံတော့ အဲ့တာတွေက သစ်လွင်တယ်လို့ သူမ တွေးလောက်ပေမယ့် နေ့တိုင်းဖြစ်ပျက်နေရင်တော့ သူမ ပျင်းလာနိုင်တယ်။ အစ်ကိုက ကဗျာတွေနဲ့ သီချင်းတွေကိုပဲ ဂရုစိုက်ပေမယ့် ဆရာတူအစ်မမှာ လုပ်စရာတွေအများကြီးရှိနေတယ်။ အစ်ကိုက အရမ်းပျင်းဖို့ကောင်းတာ။ သူမ အစ်ကို့နောက်ကို လိုက်မယ်ဆို
ရင် သူမ ပျင်းမလာနိုင်လောက်ဘူးလား?” ကျောက်ရွှမ်ကျင်း၏ အသံနေအသံထားမှာ အလွန်လျင်မြန်စွာ ပြောင်းလဲသွားခဲ့လေသည်။ စကားလုံးတစ်လုံးစီ၊ တစ်လုံးစီတွင် သူသည် ရှဲ့ချောင်အား အလွန်ချီးကျူးအမွှန်းတင်နေခဲ့သည်မှာ သူမ ကောင်းကင်ထက်သို့ မျောလွင့်သွားတော့မတတ်ပင်ဖြစ်သည်။
ရှဲ့ချောင်မှာ အရေထူသူတစ်ဦးဖြစ်သော်လည်း ယခုအခိုက်အတန့်တွင် မတတ်နိုင်ပဲ သူမမျက်နှာအား ဖုံးကွယ်ထားချင်မိပေသည်။
ရှောင်းယွိရုန်အတွက် ထိုကဲ့သို့သော ထင်မြင်သုံးသပ်ချက်များအား ကြားရသည်မှာ ပထမဆုံးအကြိမ်ဖြစ်လေသည်။
အတိတ်တွင် သူနှင့် သူ၏ဆရာတူအစ်မတို့သည် တူညီသောဝါသနာများကို မျှဝေခဲ့ကြသည်ဟုသာ
သူ တွေးခဲ့ပေ၏။ ယခုတွင် အိမ်ရှေ့စံမင်းသားမှ ထိုသို့ပြောလာလေရာ…
ကြည့်ရသည်မှာ အဓိပ္ပာယ်ရှိသည်ပင်။ သူ၏ ဆရာတူအစ်မသည် ပြိုင်ဘက်ကင်း တမူထူးခြားပေ၏။ ပုံမှန်အားဖြင့် ဇီဇာကြောင်တတ်သည့် ဆရာသည်ပင် သူမထံ၌ အားနည်းချက်တစ်စုံတစ်ရာရှိသည်ဟု ဘယ်တုန်းကမှ ဝန်မခံခဲ့ပေ။ သူ့အတွက်မူ…သူသည် ကဗျာလင်္ကာ၌ ကောင်းမွန်သော်လည်း အခြားမည်သည့်အရာကိုမျှ သူ တကယ် မသိပါချေ။
ထိုအကြောင်းအား ဂရုတစိုက်စဥ်းစားကြည့်လျှင် ဆရာတူအစ်မသည် ဂမ္ဘီရဉာဏ်နှင့် ပန်းပုထုခြင်းတို့အား ပြုလုပ်နိုင်ပေသည်။ သူမ၏ ပန်းပုထုခြင်းကျွမ်းကျင်မှုများမှာ အရမ်းကောင်းမွန်လွန်းလှရာ သူမအား ဆရာသခင်တစ်ယောက်ဟု ခေါ်ဆိုခံရနိုင်သည်ဖြစ်၏။ သူသည် အနုပညာလေးရပ်အား အနည်းငယ်သာ သိပေသည်။ သူ၏
ဆရာတူအစ်မနှင့်ယှဥ်ပါက သူသည် အမှန်တကယ်…သူမထက် နိမ့်ကျသည်ပင်!
ရုတ်ခြည်းပင် ရှောင်းယွိရုန် ရှက်ရွံ့မှုအား ခံစားလိုက်ရ၏။
သူ သက်ပြင်းချလိုက်ကာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ “ အရှင့်သား မှန်ပါတယ်။ ကျွန်တော်မျိုးက ဆရာတူအစ်မနဲ့ မထိုက်တန်ပါဘူး…”
ရှဲ့ချောင် သူမခေါင်းအား မြှုပ်လိုက်၏။
‘အဲလိုမပြောပါနဲ့။ ရှင် ကျွန်မကို ရှက်အောင်လုပ်နေတာပဲ’
“ အစ်ကို အဲ့တာကို သတိထားမိသွားတာ ကောင်းပါတယ်” ကျောက်ရွှမ်ကျင်း ခေါင်းညိတ်လိုက်၏။ “ ဆရာတူအစ်ကိုမှာလည်း ထူးချွန်တဲ့ပင်ကိုယ်ပါရမီ ရှိပါတယ်။ အစ်ကို သင်ကြားတာနဲ့ လူတွေကို ပညာသင်ပေးတဲ့နေရာမှာ အာရုံစိုက်ထားသင့်တယ်။ တပည့်တစ်ယောက်ဖြစ်လာတုန်းက အစ်ကို ဘာပြောခဲ့လဲဆိုတာ မှတ်မိလား? ဒီတစ်သက်တာမှာ ဆင်းရဲနွမ်းပါးတဲ့ကလေးတွေ သူတို့ရဲ့ပင်ကိုယ်စွမ်းရည်ကို ပြသဖို့ အခွင့်အရေးတစ်ခုရှိအောင် မင်း သူတို့ကို ထောက်ပံ့သင့်တယ်။ အစ်ကိုပဲ ကမ္ဘာပေါ်မှာ အကောင်းဆုံးဖြစ်ချင်တယ်လို့ ပြောခဲ့တယ်လေ။ အခု အစ်ကို့ရဲ့ ပြင်းပြတဲ့ဆန္ဒတွေကို အရင်ဆုံး ဖြည့်ဆည်းတာ ပိုကောင်းတယ်။ အဲ့တာက အစ်ကို အာရုံစိုက်ထားသင့်တဲ့ အရာပဲ”
“ သတိပေးမှုအတွက် ကျေးဇူးတင်ပါတယ်၊ အရှင့်သား!” ထိုသည်အား ကြားပြီးနောက် ရှောင်းယွိရုန် ရုတ်တရက် အသိဝင်လာခဲ့လေသည်?
သူသည် အိမ်ရှေ့စံအား ကျေးဇူးတင်ရန် ခေါင်းကိုပင် ဦးညွတ်လိုက်သေး၏။ “ ကျွန်တော်မျိုး အခု ပြန်ပါတော့မယ်။ ကျောင်းသားတွေကို အရင်ဆုံး အိမ်စာတစ်ချို့ပေးလိုက်ပါ့မယ်။ ပြီးရင် ကမ္ဘာ့မြေပုံကို ကူးယူဖို့အတွက် ကျွန်တော် နန်းတော်ကို ဝင်ရောက်လာခဲ့ပါမယ်!”
သူ အတော်လေး စိတ်လှုပ်ရှားနေ၏။
ကျောက်ရွှမ်ကျင်း ပြုံးလိုက်လေသည်။ “ အဲ့လိုမျိုး သားရေပုရပိုက်ကြီးတစ်ခုကို ဆရာတူအစ်ကိုရှာဖို့ ခက်ခဲမှာ ကျွန်တော် စိုးရိမ်မိပါတယ်။ ကျွန်တော့်မှာ နည်းနည်းလောက်ရှိဖို့ ဖြစ်လာခဲ့တာမလို့ နောက်ကျရင် အဲ့တာတွေကို အစ်ကို့ဆီ တစ်ယောက်ယောက်ကို ပို့ခိုင်းလိုက်ပါ့မယ်”
“ ကျေးဇူးအများကြီးတင်ပါတယ်!” ရှောင်းယွိရုန် သူ့အား ထပ်မံကျေးဇူးတင်လိုက်၏။
ရှဲ့ချောင် မှင်တက်အံ့ဩနေခဲ့လေသည်။ ရှောင်းယွိရုန်ကို အရူးလုပ်ဖို့ အရမ်းလွယ်နေတာ မဟုတ်ဘူးလား?
သူမသည်တော့ သူ့အား ကြည့်ပင် မကြည့်ရဲပါချေ။
မည်သို့ပင်ဖြစ်စေ ရှောင်းယွိရုန်မှ သူမအတွက် မည်သည့်ထာဝရခံစားချက်များ ရှိနေ၍ မဖြစ်နိုင်ကြောင်း သူမ သိသည်ပင်!
အရာအားလုံးမှာ သူမဆရာ၏ လေလုံးထွားမှုနှင့် ဦးနှောက်ဆေးမှုကြောင့် ဖြစ်ပေါ်လာခဲ့မှန်း သူမ နားလည်ပေသည်။ ကံကောင်းထောက်မစွာပင်
ရှောင်းယွိရုန်သည် အလွန်ဣန္ဒြေရသည်ဖြစ်၏။ ယခုအချိန်တွင် သူသည် သူမအတွက် နိမ့်ကျကြောင်း လက်ခံယုံကြည်သွားခဲ့ကာ အနာဂတ်တွင် သူ့ထံ၍ မည်သည့်မျှော်လင့်ချက်မှ မကျန်ရှိလောက်တော့ပေ။
•••••