← Chapters

သူမကိုယ်သူမ ဘယ်တော့မှ ထုတ်ဖော်မှာမဟုတ်ဘူး

Vol. 36 Ch. 696

သူမကိုယ်သူမ ဘယ်တော့မှ ထုတ်ဖော်မှာမဟုတ်ဘူး

Vol. 36 Ch. 696

သို့သော်လည်း ရှောင်းယွိရုန်အား ယခုကဲ့သို့ အနိုင်ကျင့်ရသည့်အတွက် မကောင်းဟု ရှဲ့ချောင် ခံစားရလေသည်။

သူသည် ငယ်ရွယ်သည့်မျိုးဆက်ကြားတွင် ပါရမီအရှိဆုံးပုဂ္ဂိုလ်ဖြစ်ပေသည်။ ရိုးသားစွာပြောရလျှင် ရှောင်းယွိရုန်နှင့် စာပေရေးရာအရာ၌ ယှဥ်

ပြိုင်ရမည်ဆိုပါက သူ့အား သူမ ကျော်လွန်နိုင်လောက်မည်မဟုတ်ချေ။

သူမ သင်ယူခဲ့သည့် အရာများမှာ ရှုပ်ထွေးပွေလီကာ သူမ၏ စွမ်းအင်မှာ အကန့်အသတ်နှင့် ဖြစ်ပေသည်။ သူမ၏ လက်ရေးလှအတတ်၊ ပန်းချီပညာနှင့် ပန်းပုထုခြင်း ကျွမ်းကျင်မှုတို့မှာ အမှန်တကယ် ကောင်းမွန်ကာ သူမ၏ ကဗျာများနှင့် သီချင်းများမှာ လက်ခံနိုင်ဖွယ်ရာ အသင့်အတင့်ဖြစ်လေသည်။ သို့သော်လည်း တော်ဝင်စာမေးပွဲအား သူမ ဖြေဆိုရမည်ဆိုပါက ရှောင်းယွိရုန်နှင့် သူမ ကျိန်းသေပေါက် ယှဥ်ပြိုင်နိုင်မည် မဟုတ်ပေ။

ယခုအချိန်တွင် ရှောင်းယွိရုန်မှာ ထွက်ခွာသွားပြီဖြစ်သည်။

“ ပညာရှင်တွေက ပုံမှန်ဆိုရင် ရည်ရွယ်ချက်တစ်ခု

တည်းကိုပဲ အရမ်းအာရုံစိုက်တတ်ကြတာလား?” ရှဲ့ချောင် မတတ်နိုင်ပဲ တတွတ်တွတ် ရေရွတ်လိုက်မိသည်။

“ ဆရာတူအစ်ကိုရှောင်းက တကယ့်ကို နည်းနည်းရိုးအတယ်။ ဒီနှစ်တွေအကုန်လုံးမှာ သူက ကျောင်းတော်ရဲ့ တပည့်တွေကို သင်ကြားပေးရတာကိုပဲ စွဲလမ်းနေခဲ့တာ။ တခြားရှုထောင့်မှာဆိုရင်တော့ သူက အမြဲတမ်း နည်းနည်းယုံကြည်မှုနည်းနေခဲ့တာပေါ့” ကျောက်ရွှမ်ကျင်း ရှောင်းယွိရုန်၏ ကျောပြင်အား ကြည့်လိုက်ကာ နက်ရှိုင်းသည့် အတွေးများထဲ နစ်မြုပ်သွားခဲ့လေသည်။

ရှဲ့ချောင်၏ အထောက်အထားအား မည်မျှကြာအောင် ဖုံးကွယ်ထားနိုင်မည်ကို သူ မသိ။

ရှောင်းယွိရုန်ကို လှည့်စားရတာက လွယ်ပေမယ့် တခြားဆရာတူညီတွေကျတော့ကော…

ထိုသည်မှာ အတော်လေး စိတ်အနှောင့်အယှက်ပေးလေသည်။

“ အိုး၊ ဟုတ်သားပဲ” ရှဲ့ချောင် ရုတ်တရက် သူမ၏လက်ထဲမှ မာလာပုတီးစေ့များအား သတိရသွားခဲ့သည်။ အနီးနားမှ မည်သူမျှ သူမအား မကြားနိုင်သည်ကို ကြည့်လိုက်ရင်း ၎င်းတို့အား ထုတ်ယူလိုက်ကာ သူမ ပြောလိုက်၏။ “ ဧကရီက ဒီမာလာပုတီးစေ့ကြိုးကို သူမနဲ့အတူ သယ်သွားနေခဲ့တာ။ ဒါက ယုတ်ညံ့တဲ့ကိရိယာတစ်ခုပဲ။ ဒါကို အချိန်အကြာကြီးသယ်သွားမယ်ဆိုရင် သူမရဲ့ ကျန်းမာရေးအတွက် ဆိုးဝါးတယ်။ ကျွန်မ ဒါကို သန့်စင်ပေးချင်တယ်”

သူမသည် ဆရာမမော့ မဟုတ်တော့သော်လည်း အမတအရှင်ရှဲ့အနေနှင့် သူမ၏ စွမ်းရည်များအား ကျောက်ရွှမ်ကျင်း သိလေသည်။ ထိုသည်

အား ပြောလိုက်ချိန်၌ သူမ စိတ်ပူနေရန် မလိုပေ။ 

မာလာပုတီးစေ့များအား ကျောက်ရွှမ်ကျင်း အံ့ဩစွာကြည့်လိုက်ကာ မျက်မှောင်ကြုတ်လိုက်၏။ “ မယ်တော့်ရဲ့ ကျန်းမာရေး ချို့တဲ့နေရတာက ဒီပစ္စည်းကြောင့်လား?”

“ အနည်းနဲ့ အများပေါ့” ရှဲ့ချောင် ခေါင်းညိတ်လိုက်၏။ “ အရှင့်သား၊ ကုမိသားစုဆီကို စာတစ်စောင်ပို့လိုက်တာ ပိုကောင်းပါမယ်။ ဘိုးဘွားပိုင်သင်္ချိုင်းနဲ့ပတ်သက်ပြီး တစ်ခုခုမှားနေတာလည်း ဖြစ်နိုင်တယ်။ အဲ့တာက ကျွန်မနဲ့ အရမ်းဝေးကွာလွန်းတယ်…ကျွန်မရဲ့ ဆရာတူအဒေါ်ဆီ သွားဖို့ အချိန်မရှိမှာကို ကျွန်မ စိုးရိမ်မိတယ်။ ဒါပေမယ့် သူမ ကျွန်မရဲ့ဆရာ မော့လင်းကျစ်ကို အကူအညီတောင်းလို့ရပါတယ်။ ဒါပေါ့၊ ကုမိသားစုမှာ အကျင့်စရိုက်ကောင်းနဲ့ ထူးချွန်တဲ့ တာအိုဆရာတစ်ယောက်ရှိနေမယ်ဆိုရင်လည်း ကောင်းပါတယ်”

“ မင်းနဲ့ကိုယ်က မိသားစုဖြစ်ပေမယ့်လည်း ကိုယ် မင်းကို ဒီအတွက် ကျေးဇူးတင်ရဦးမယ်။ ချောင်အာ၊ မင်းသာ မရှိခဲ့ရင် ကိုယ့်မယ်တော် ဒုက္ခကြီးကြီးတွေ့လောက်တယ်” ကျောက်ရွှမ်ကျင်း သူမအား လေးနက်မှုအလုံးစုံဖြင့် စိုက်ကြည့်လိုက်သည်။ သူ၏ မျက်ခုံးများမှာ ကွာလှမ်းသည့်တောင်များထက်မှ တိမ်စိုင်အေးများကဲ့သို့ဖြစ်ကာ သူ၏ မျက်ဝန်းများမှာ အေးစက်စက်ကြယ်များကဲ့သို့ပင်။ သူသည် ရှဲ့ချောင်အား သက်သောင့်သက်သာမဖြစ်စေခဲ့ပေ။

“ ရပါတယ်၊ ရပါတယ်။ ကျွန်မတို့က မိသားစုတွေပဲကို” ရှဲ့ချောင် တခစ်ခစ် ရယ်လိုက်၏။

“ အဲ့ဒီအကြောင်းကို ပြောရမယ်ဆိုရင်…ချောင်အာ၊ မင်း ကိုယ့်ကို တကယ်အများကြီးကူညီခဲ့တာပဲ။ အတိတ်မှာ ကိုယ့်အရှေ့နန်းတော်ရဲ့ ဖုန်းရွှေကို

ပြောင်းလဲပေးခဲ့တဲ့လူကလည်း မင်းပဲ။ ပြီးတော့ ကိုယ် ကိစ္စတွေဖြေရှင်းတာကို ကူညီဖို့ အကြိမ်ပေါင်းများစွာ ဂမ္ဘီရဉာဏ်နဲ့ ဆောင်ရွက်ပေးခဲ့တာလည်း မင်းပဲ။ ဒါတွေအကုန်လုံးက မင်းရဲ့ ကျေးဇူးတွေပါ” ကျောက်ရွှမ်ကျင်း သူမအား ကြည့်ကာ ပြောလိုက်၏။

ထိုသည်အား လုံလုံလောက်လောက် ရှင်းလင်းစွာ ပြောလိုက်သည်ဟု သူ ခံစားလိုက်ရ၏။

“ ဖြေရှင်း”ဟူသည့် စကားလုံးမှာလည်း သိသာသည့် အရိပ်အမြွက်တစ်ခုဖြစ်ပေသည်။

မည်သို့ပင်ဖြစ်စေ ရှဲ့ချောင်သည် ကျိုးမိသားစု၏ ကိစ္စကြီးအား စဥ်းစားပေးခဲ့လေသည်။ ထိုအချိန်က သူမသည် အိမ်ရှေ့စံမင်းသားအား ကူညီရန် အမှန်တကယ်ပင် ရှဲ့ချောင်၏ အထောက်အထားကို အသုံးပြုခဲ့ပေသည်။

စင်စစ်ပင် သူမ၏ အထောက်အထားနှစ်ခုမှာ အိမ်ရှေ့စံမင်းသား မစွန့်ခွာနိုင်သည့် အရေးကြီးသော လူနှစ်ယောက်ဖြစ်လေသည်။

ရှဲ့ချောင် တကယ့်ကို လိပ်ပြာမလုံခံစားလိုက်ရသည်။ သူမလည်း သူမ ဖော်ထုတ်ခံလိုက်ရပြီလို့ သံသယရှိပေမယ့်…ဘယ်သူကမှ ထောက်မပြခဲ့ဘူးဆိုရင် ဒါက သူမရဲ့ အထောက်အထားနဲ့ ပတ်သက်ပြီး ဘာပြဿနာမှ မရှိဘူးလို့ ဆိုလိုတာပဲ!

သူမကိုယ်သူမ ဘယ်သောအခါမှ ဖော်ထုတ်မည်မဟုတ်။

ထို့အပြင် ကျောက်ရွှမ်ကျင်းသည် လတ်တလောတွင် ဆရာမမော့အား အတော်လေးနာခံကျိုးနွံနေ

ခဲ့ပေရာ သူမ အတွေးလွန်နေခြင်းလည်း ဖြစ်နိုင်လေသည်။

“ အဲ့တာက ကိစ္စသေးသေးလေးတစ်ခုတင်ပါ။ ကျွန်မတို့လို တာအိုဆရာတွေက ကျွန်မတို့ကိုယ်တိုင်အတွက် ကောင်းတဲ့ကံတွေကို စုဆောင်းကြရတယ်” ရှဲ့ချောင် လေးနက်မှုအလုံးစုံဖြင့် ပြောလိုက်သည်။ “ ပြီးတော့ ရှင်က အခုကစပြီး ကျွန်မအပိုင်ဖြစ်သွားပြီလေ။ တကယ်လို့ ရှင် အဆင်ပြေမယ်ဆိုရင် ကျွန်မလည်း အဆင်ပြေတယ်”

ဤအရှက်မရှိကာ ထိန်းမနိုင်သိမ်းမရသော စကားလုံးများအား ကြားလိုက်ရချိန်၌ ကျောက်ရွှမ်ကျင်း ရယ်ရမည်လော ငိုရမည်လော မသိတော့ချေ။

နှစ်ယောက်သား စကားစမြည်ပြောနေကြစဥ်

အနီးအနားမှ လူများစွာမှာ ကြည့်ရှုနေကြလေသည်။

အစကနဦးတွင် စတုတ္ထမင်းသားသည် တစ်ဦးနှင့်တစ်ဦး ပို၍ကောင်းကောင်းသိနိုင်ကြရန်အလို့ငှာ သုန့်ရှီးယွင်ထံသို့ သွားကာ စကားပြောချင်ခဲ့လေသည်။ အနာဂတ်၌ သူတို့ လက်ထပ်ကြသည့်အချိန်တွင် သူတို့၏ ဆက်ဆံရေးသည် ပို၍ကောင်းမွန်နေပေလိမ့်မည်။

သို့သော်လည်း သူ စကားအနည်းငယ်ပြောပြီးသည်နှင့် သုန့်ရှီးယွင်၏ မျက်လုံးများမှာ သူ၏အစ်ကိုအကြီးဆုံး သို့မဟုတ် ရှဲ့သခင်မလေးအပေါ်တွင် မြဲမြံနေခဲ့လေကာ သူ့အား အနည်းငယ် အရှက်ရအောင် ပြုလုပ်နေလေသည်။ 

“ ကျွန်တော်ကြားမိတာ သုန့်သခင်မလေးမှာ ညီမလေးတစ်ယောက်ရှိတယ်ဆို။ ဒီနေ့ ဘာလို့ သူမ

ကို ဒီနေရာကို ခေါ်မလာခဲ့တာလဲ?” စတုတ္ထမင်းသားမှာ ပျင်းရိနေခဲ့ကာ သုန့်ရှီးယွင်၏ အာရုံစိုက်မှုအား လမ်းကြောင်းလွှဲရန်အလို့ငှာ အမှတ်မထင် မေးလိုက်၏။

“ သူမ ဖျားနေလို့ပါ”

သုန့်ရှီးယွင်သည် စတုတ္ထမင်းသားအား ပြုံးပြနေခဲ့သော်လည်း ပန်းလေးတစ်ပွင့်ကဲ့သို့ ရှဲ့ချောင် ပြုံးနေသည်အား မြင်လိုက်ရချိန်၌ သူမ၏ မျက်နှာတင်းသွားခဲ့ကာ သူမ၏ လက်ကိုင်ပဝါအား တင်းကျပ်စွာ ဆုပ်ကိုင်လိုက်လေသည်။

•••••

All Chapters