← Chapters

အမြှီးယမ်းနေတဲ့ မြေခွေး

Vol. 36 Ch. 697

အမြှီးယမ်းနေတဲ့ မြေခွေး

Vol. 36 Ch. 697

စတုတ္ထမင်းသားမှာ အလွန်ကူကယ်ရာမဲ့နေလေသည်။ သူသည် အမြဲစိတ်ထားကောင်းသည့်လူတစ်ယောက် ဖြစ်ခဲ့သော်လည်း မတတ်နိုင်ပဲ ပြောလိုက်လေ၏။ “ ကြည့်ရတာ သုန့်မိန်းကလေး နည်းနည်းသက်သောင့်သက်သာမဖြစ်နေသလိုပဲ။ ထိုင်ပြီး ကောင်းကောင်းအနားယူလိုက်ပါ။ ကျွန်တော် နည်းနည်းပင်ပန်းနေလို့” 

ပြောပြီးနောက် သူ၏ ဝတ်ရုံလက်များအား ဆတ်ခနဲလှုပ်ရှားလိုက်ကာ ထွက်ခွာသွားခဲ့လေသည်။

သုန့်ရှီးယွင် တစ်ခဏမျှ ကြောင်အသွားပြီးနောက် သူမ၏မျက်နှာမှာ နီရဲသွားလေတော့သည်။

စတုတ္ထမင်းသားက တကယ်ကြီး သူမကို ထားခဲ့တယ်?!

အိမ်ရှေ့စံမင်းသားက ရှဲ့ချောင်ဘေးမှာပဲ နေနေတုန်းကိုလေ!

နှိုင်းယှဥ်ကြည့်မယ်ဆိုရင် သူမက ရှဲ့ချောင်လောက် နှစ်လိုဖွယ်ရာမကောင်းဘူးလို့ ဆိုလိုတာမဟုတ်ဘူးလား?!

သုန့်ရှီးယွင် အနည်းငယ်ပျာယာခတ်သွားခဲ့သည်။ သို့သော်ငြားလည်း နှစ်ပေါင်းများစွာတိုင် သီးသန့်အရန်ထားခံရပြီးနောက်တွင်ပင် သူမ စတုတ္ထမင်းသားအား အမိမဖမ်းနိုင်သေးပေ။ စိတ်ထိခိုက်သည့်အသွင် သူမ မလုပ်နိုင်သောကြောင့် အပြုံးတစ်ခုအား လုပ်ယူရန်ကိုသာ သူမ အကောင်းဆုံးကြိုးစားနိုင်လေသည်။

တစ်စုံတစ်ယောက်မှ သူမအား စိုက်ကြည့်ချိန်တွင် သူမ သဘောထားကြီးစွာဖြင့် ပြုံးပြ

လိုက်၏။ “ စတုတ္ထမင်းသားက နန်းတော်ထဲမှာ လုပ်စရာတစ်ခုရှိနေလို့ အရင် ထွက်သွားတာလေ။ ဒါပေမယ့်လည်း မင်းသားက ကောလဟာလတွေ ပြောကြတာထက် တကယ်ပိုသိမ်မွေ့ညင်သာပြီး ဖော်ရွေတယ်ရယ်။ သူက ကျွန်မကို နောက်တစ်ခါကျ မီးရှူးမီးပန်းတွေကြည့်ရအောင် မြို့တော်ထဲက အနောက်လေဥယျာဥ်ဆီ ဖိတ်ကြားမယ်လို့တောင် ပြောသေးတယ်”

သုန့်ရှီးယွင်အား မတော်တဆကြည့်လိုက်မိသည့် မိန်းကလေးမှာ အနည်းငယ်ကြက်သေသေသွားခဲ့လေသည်။

အဲ့တာက သူမနဲ့ ဘာဆိုင်လို့လဲ?

သုန့်ရှီးယွင် သူမ၏ နူးညံ့သိမ်မွေ့ခြင်းအား ထိန်းသိမ်းထားခဲ့၏။ တစ်ခဏမျှကြာပြီးနောက် သူမ စိတ်မပါစွာ ရှဲ့ချောင်၏ ဘက်ခြမ်းသို့ သွား

လိုက်သည်။

ရှဲ့ချောင်၏ ပိတုန်းရောင်ဆံသားထက်မှ ခပ်ဖျော့ဖျော့မွှေးရနံ့အား အိမ်ရှေ့စံ အနံ့ရလိုက်၏။ သူ ပျော်ရွှင်နေသည့်အချိန်တွင်ပင် သုန့်ရှီးယွင် ရုတ်တရက်ပေါ်လာကာ ပြောသည်အား ကြားလိုက်ရ၏။ “ ရှဲ့သခင်မလေး၊ အပြင်ကိုသွားပြီး ပျိုနီပန်းပင်တွေကို တူတူသွားကြည့်ကြရအောင်…”

အိမ်ရှေ့စံမင်းသား ပြောစရာစကားမဲ့သွားခဲ့လေ၏။

ရှဲ့ချောင်လည်း ပြောစရာစကားမဲ့သွားလေသည်။

၎င်းတို့နှစ်ဦးစလုံး၏ မျက်နှာထက်တွင် အပြစ်ကင်းသည့်အသွင်တစ်ခု ရှိလေ၏။

အိမ်ရှေ့စံမင်းသား၏ မျက်နှာမှာ ပို၍ပင် ခက်ထန်သွားလေသည်။ ဒီမိန်းမရဲ့ မျက်လုံးတွေက သူ့ခြေဖဝါးမှာများ ပေါက်နေတာလား? သူ အခန်းထဲကလူတွေရဲ့ အခြေအနေကို လုံးဝ အကဲမခတ်တတ်ဘူးလား?

“ လှပမှုတစ်ခုက ပန်းပွင့်တွေကို ရှက်ရွံ့သွားအောင် လုပ်လိမ့်မယ်၊ ရုပ်ဆိုးတဲ့မိန်းမတစ်ယောက်က သူမရဲ့ အကျည်းတန်မှုကို ဖုံးကွယ်ဖို့ ပန်းပွင့်တွေကို လိုအပ်တယ်။ ပန်းတွေ ပွင့်သင့်လား၊ မပွင့်သင့်လားဆိုတာကို မင်းတို့နှစ်ယောက်က အတူတူ သွားကြည့်ကြမလို့လား?” ကျောက်ရွှမ်ကျင်း၏ အသံမှာ နက်ရှိုင်းနေလေ၏။ သူသည် သူ၏ မကျေမနပ်ဖြစ်မှုအား လုံးဝဖုံးကွယ်မထားခဲ့ပေ။ သူသည် သုန့်ရှီးယွင်အား မနှစ်မြို့စွာဖြင့် တစ်ချက်ကြည့်လိုက်လေသည်။

သုန့်ရှီးယွင်မှာ အိမ်ရှေ့စံမင်းသား၏ စကားများ

ကြောင့် ကြက်သေသေသွားခဲ့လေသည်။

ထိုစကားလုံးများမှာ သူမ၏ စိတ်ထဲတွင် ထပ်တလဲလဲဖြစ်ပေါ်နေခဲ့၏။

သူမ အသိပြန်ဝင်လာချိန်၌ သူမ၏ မျက်နှာတစ်ခုလုံးသည် နီရဲနေခဲ့လေကာ အရှက်ကွဲခြင်းမှာ ပို၍ပင် ဆိုးပေသေးသည်!

အိမ်ရှေ့စံမင်းသားက ရှဲ့ချောင်က အဲ့ဒီအလှလေးမလို့ သူမ ပန်းတွေကို သွားကြည့်ခဲ့ရင် ပန်းတွေက ရှက်သွားလိမ့်မယ်လို့ ဆိုလိုတာလား?! အဲ့ဒီအချိန်မှာ သူမက သူမရဲ့မျက်နှာကို ပန်းတွေနဲ့ပဲ ဖုံးကာနိုင်တာလား?!

ရှဲ့ချောင် မတတ်နိုင်ပဲ တခစ်ခစ်ရယ်လိုက်၏။

ကျောက်ရွှမ်ကျင်း၏ ပါးစပ်သည် အလွန်ရက်စက်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

“ အရှင့်သား…” သုန့်ရှီးယွင်၏ အသံမှာ တုန်ယင်နေခဲ့လေသည်။ သူက ဘ-ဘယ်လိုတောင် သူမကို ဒီလိုမျိုး အနိုင်ကျင့်နိုင်ရတာလဲ?

သူမ ဘာအမှားလုပ်မိခဲ့လို့လဲ?

“ အဲ့တာအကုန်ပဲဆိုရင် မင်း သွားနိုင်ပြီ။ စတုတ္ထမင်းသားက အနီးတဝိုက်မှာ မရှိဘူးဆိုတော့ ဘယ်သူကမှ အမြှီးယမ်းခါနေတဲ့ မြေခွေးတစ်ကောင်လို မင်းရဲ့ ဝင့်ကြွားလွန်းတဲ့ပုံစံကို ကြည့်မှာမဟုတ်ဘူး”

ကျောက်ရွှမ်ကျင်းသည် သဘာဝကျစွာပင် သုန့်ရှီးယွင်အား ရှဲ့ချောင် မကြိုက်ကြောင်းသိပေသည်။

သူ၏ ရပ်တည်ချက်အား ရှင်းလင်းစေရန်အလို့ငှာ စကားလုံးတိုင်းသည် သုန့်ရှီးယွင်၏ နှလုံးသားအား ထိုးဖောက်သွားလေ၏။

ရှဲ့ချောင် တိတ်တဆိတ် သူ့အား လက်မထောင်ပြလိုက်လေသည်။

သုန့်ရှီးယွင်သည် ခြေဖဝါးအား ဆောင့်အောင့်နင်းကာ လက်ကိုင်ပဝါဖြင့် သူမနှာခေါင်းအား ကာထားရင်း ပြေးထွက်သွားခဲ့လေသည်။ သူမ၏ မကျေနပ်ချက်များအား မအောင့်အည်းနိုင်တော့ကာ ငိုရန် နေရာတစ်နေရာအား ရှာလိုခြင်း ဖြစ်နိုင်ပေသည်။

သုန့်ရှီးယွင် ထွက်သွားပြီးမကြာလိုက်၊ ရုတ်တရက် အပြင်ဘက်၌ ရုတ်ရုတ်သဲသဲတစ်ခု ဖြစ်ခဲ့လေသည်။

ရှဲ့ချောင် အနီးတဝိုက်ကို ကြည့်လိုက်သော်လည်း ရှဲ့ရှီအား မမြင်မိပေ။ သူမ စိုးရိမ်ပူပန်လာသောကြောင့် အပြင်သို့ တစ်ချက်ကြည့်ရန် အလျင်အမြန် သွားလိုက်၏။

ယနေ့ နန်းတော်ဂုဏ်ပြုထမင်းစားပွဲ၏ အပြင်ဘက်တွင် ပန်းအမျိုးအစားအားလုံးရှိသည်ဖြစ်၏။ နှစ်တစ်နှစ်၏ ယခုအချိန်တွင် မွှေးရနံ့သည် ရစ်ဝဲနေကာ ရှူရှိုက်ရသည်မှာ အလွန်နှစ်လိုဖွယ်ကောင်းပေသည်။

ပန်းများပြည့်နေသည့် ဥယျာဥ်ထဲ၌ မိန်းမပျိုအုပ်စုတစ်စုသည် ဤနေရာအား စိတ်ရှုပ်ထွေးမှုများနှင့် ကြည့်နေကြလေ၏။ ၎င်းတို့အားလုံးမှာ အလွန်ထိတ်လန့်နေကြလေသည်။

ရှဲ့ချောင်မှာ ထိုနေရာ၌ အလွန်ကြောက်ရွံ့နေပုံပေါ်ကာ ဖြူဖျော့သည့်မျက်နှာဖြင့် ရပ်နေသော ရှဲ့ရှီကိုသာ မြင်ပေသည်။

“ ဘာမှားလို့လဲ? ထိခိုက်သွားသေးလား?” ရှဲ့ချောင်သည် စိတ်လှုပ်ရှားနေပုံပေါ်ကာ ဘေးပတ်ပတ်လည်အား ကြည့်လိုက်လေသည်။

ဖန်းမုရွှယ်မှာ အလွန်အပြစ်ရှိသည်ဟု ခံစားနေရလေသည်။ “ သူ လန့်သွားတယ်ထင်တယ်။ ငါတို့ အခုလေးတင် ပန်းတွေကို ကြည့်နေခဲ့ကြပြီးတော့ အမွှေးထူတဲ့ပင့်ကူတစ်ကောင်က ပန်းတွေဆီကနေ ရုတ်တရက်ကြီး ပေါ်လာလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ အဲ့တာက တော်တော်လေးကြီးပြီးတော့ ညီမလေးရှီအာ့ကို ကိုက်လုနီးပါးပဲ…ကံကောင်းလို့ ယန်သခင်မလေးက သွက်လက်ပြီး ပင့်ကူကို သေတဲ့အထိ ခြေဆောင့်နင်းလိုက်တာ

ရယ်”

•••••

All Chapters