အရိုးမှုန့်
Vol. 36 Ch. 699
သူမ၏ အနောက်တွင် ထောက်ပံ့ပေးနေသည့် ကျောက်ရွှမ်ကျင်းဖြင့် ရှဲ့ချောင်သည် ဘေးတစ်ဝိုက်မှလူများအား အမိန့်ပေးချိန်တွင် ချုပ်ထိန်းမထားခဲ့ချေ။
အခြားသော ဥယျာဥ်မှူးများမှာ စိတ်သက်သာရာရမှု သက်ပြင်းတစ်ချက်ချလိုက်ကြကာ အလျင်အမြန် ဆုတ်ခွာသွားကြလေသည်။
ခန္ဓာကိုယ်ထက်တွင် မကောင်းဆိုးဝါးဝိညာဥ်များရှိသည့် ဥယျာဥ်မှူးနှစ်ယောက်မှာ ၎င်းတို့၏ ခေါင်းများအား ငုံ့ထားခဲ့ကြလေသည်။
“ သူတို့ကို သတ်လိုက်! သူတို့ကို သတ်! သူတို့ရဲ့ အရိုးတွေကို အမှုန့်ဖြစ်အောင် ကြိတ်ပစ်လိုက်! သူတို့ကို အပိုင်းပိုင်းဖြစ်အောင် ဆုတ်ဖြဲပစ်လိုက်!” မကောင်းဆိုးဝါးဝိညာဥ်သည် သူမ၏သွားများအား ဖြဲပြကာ ဥယျာဥ်မှူး၏ အနားတစ်ဝိုက်တွင် ရစ်ဝဲနေလေသည်။
ရှဲ့ချောင် မကောင်းဆိုးဝါးဝိညာဥ်အား စိတ်မဝင်စားစွာ တစ်ချက်ကြည့်လိုက်ပြီးနောက် ဥယျာဥ်မှူးအား ပြောလိုက်၏။ “ ပန်းပင်တွေကို မြေဩဇာကျွေးဖို့ လူအရိုးမှုန့်တွေကို ရှင် ဘာလို့သုံးနေတာလဲ?”
သူမ ထိုစကားအား ပြောလိုက်သည်နှင့် ကျောက်ရွှမ်ကျင်း၏ အကြည့်မှာ ထက်ရှသွားခဲ့ကာ ဥယျာဥ်မှူးနှစ်ယောက် တုန်လှုပ်သွားခဲ့ကြ၏။
မျောလွင့်နေသော မကောင်းဆိုးဝါးဝိညာဥ်သည် သူ၏ ကယ်တင်ရှင်အား တွေ့လိုက်ရသည့်အတိုင်း ရှဲ့ချောင်ထံသို့ ကမန်းကတန်းပြေးလာခဲ့လေသည်။ “ ငါတို့သေသွားပြီးတဲ့နောက်ကျရင် ငါတို့ကို နန်းတော်အပြင်ဘက်ကို ပို့ပေးမယ်လို့ သူတို့ သဘောတူခဲ့ကြပေမယ့် ငါတို့ရဲ့ ခန္ဓာကိုယ်တွေကို သူတို့ ဖမ်းဆီးထားခဲ့ကြတာ! သူတို့က မီးတောင်ရှို့လိုက်ကြပြီးတော့ နန်းတော်ဘေးဘက်မှာ ပြာမှုန်တွေအဖြစ် ကြိတ်ခဲ့ကြတယ်!”
ရှဲ့ချောင်မှာ ဤစကားများအား ကြားသော်လည်း တိုက်ရိုက် မတုံ့ပြန်နိုင်ပေ။
အပျိုတော်များနှင့် မိန်းမစိုးများ သေသွားကြပါ
က နန်းတော်အပြင်သို့ ထုတ်ကာ မြှုပ်နှံခံရမည်ဖြစ်ပြီး ၎င်းတို့၏ မိသားစုများထံသို့ အကြောင်းကြားလိမ့်မည်ပင်။
လူအရိုးမှုန့်များအား မြေဩဇာအဖြစ်သုံးသည်မှာ ယခင်မင်းဆက်၏ အုပ်ချုပ်သူ ပြုလုပ်ခဲ့သည့်အရာဖြစ်သည်။
ကျောက်ရွှမ်ကျင်း အလွန်ဒေါသထွက်နေပုံပေါ်သည်မှာ ထိုအရာကြောင့်ပင်ဖြစ်လေသည်။
“ သခင်မလေး၊ သခင်မလေးက ဉာဏ်အမြော်အမြင်ရှိပါတယ်! ကျွန်တော်တို့ အဲ့တာကို မလုပ်ခဲ့ပါဘူး!” လူနှစ်ဦးသည် ချက်ချင်းဒူးထောက်လိုက်ကြကာ ငိုကြွေးကြလေတော့သည်။
ရှဲ့ချောင်သည် မကောင်းဆိုးဝါးဝိညာဥ်ပေါင်းမြောက်မြားစွာနှင့် ဆက်ဆံညှိနှိုင်းခဲ့ဖူးသည်ပင်။ သူမသည် ငယ်ရွယ်စဥ်ကတည်းက လှည့်လည်သွားလာနေသည့် မကောင်းဆိုးဝါးဝိညာဥ်များ၏ မရေမတွက်နိုင်သော အရိုးများအား တူးဖော်ပေးခဲ့ဖူးလေသည်။ ၎င်းတို့ ပကတိအတိုင်းရှိနေသည်ဖြစ်စေ၊ ကျိုးပဲ့နေသည်ဖြစ်စေ သူမ ၎င်းတို့အားလုံးအား မြင်ဖူးပေသည်။
သူမသည် အရိုးများ မည်သည့်နေရာတွင် မြှုပ်နှံခံထားရသည်ကိုသိသော အံ့ဩလောက်စရာ ဝမ်းတွင်းအသိဖြင့် မွေးဖွားလာခဲ့သည်ဖြစ်၏။
ထို့ကြောင့်ပင် သူမ ယခုလေးတင် မြေကြီးအား ထိလိုက်သည့်အချိန်၌ သက်သောင့်သက်သာမဖြစ်မှုနှင့် ပျာယာခတ်ခြင်းအား ခံစားလိုက်ရလေသည်။ ထို့ကြောင့်ပင် သူမ ဥယျာဥ်မှူးအား မြင်တွေ့ချင်ရခြင်း ဖြစ်ပေသည်။
“ သူတို့ မှားတာ! သူတို့က ဒီနေရာမှာ ပျိုနီပန်းပင်တွေကို ရေလောင်းတာနဲ့ မြေဩဇာကျွေးတဲ့နေရာမှာ တာဝန်ရှိကြတာ။ မယ်တော်ကြီးက ဒီပန်းကိုကြိုက်တယ်၊ နန်းတော်ဘေးက စုန်းမအိုကြီးကောပဲ။ အဲ့တာကြောင့် သူတို့တွေက အရိုးမှုန့်တွေကို ရေလောင်းဖို့ သုံးခဲ့ကြတာ။ အဲ့တာမှ ပန်းပွင့်တွေ ပိုပြီးကောင်းကောင်းပွင့်လာအောင်လို့ပေါ့!” မကောင်းဆိုးဝါးဝိညာဥ်သည် အကူအညီမဲ့စွာဖြင့် ရှဲ့ချောင်၏ ရှေ့မှောက်တွင် တတွတ်တွတ်ပြောရန်သာ တတ်နိုင်လေသည်။
“ စုန်းမအိုကြီးက ဘယ်သူလဲ?” ရှဲ့ချောင် တစ်ခဏမျှတွေးလိုက်ကာ မေးလိုက်၏။
သူမ၏ အသံမှာ အလွန်နူးညံ့နေလေသည်။ ဥယျာဥ်မှူးသည်ပင် ရှင်းလင်းစွာ မကြားခဲ့သော်လည်း မကောင်းဆိုးဝါးဝိညာဥ်သည်တော့ ကြားပေသည်။
သူမသည် ရှဲ့ချောင်အား ထိတ်လန့်စွာကြည့်လိုက်ကာ သူမ၏ မျက်နှာအမူအရာမှာ မျှော်လင့်ချက်ပျက်သုဥ်းမှုကြား မျှော်လင့်ချက်အား မြင်လိုက်ရသကဲ့သို့ပင်။ “ ဟုတ်တယ်၊ တော်ဝင်မြင့်မြတ်ကိုယ်လုပ်တော်မေ့! တော်ဝင်မြင့်မြတ်ကိုယ်လုပ်တော်မေ့က ယုတ်မာတဲ့လူတစ်ယောက်ပဲ။ သူက အရမ်းအိုပြီးတော့ အထူးသဖြင့် နန်းတွင်းအပျိုတော်ငယ်လေးတွေကို နှိပ်စက်ညှင်းပန်းရတာကို ကြိုက်တယ်။ ငါ အသက်ရှင်နေတုန်းက သူ့ရဲ့နန်းဆောင်မှာရှိခဲ့တာ။ သူက ပုံမှန်အားဖြင့်တော့ လူတွေကို သေတဲ့အထိ မနှိပ်စက်တတ်ပေမယ့် ငါ ကံဆိုးသွားခဲ့တယ်။ အဲ့ဒီအချိန်တုန်းက ငါဖျားနေခဲ့ပြီးတော့ ငါ့ခန္ဓာကိုယ်က အားနည်းနေခဲ့တာမလို့ မလွတ်မြောက်နိုင်ခဲ့ဘူး…ငါ ထင်ခဲ့တာက ငါသေပြီးနောက်ကျရင်တော့ အိမ်ကို ပြန်နိုင်လိမ့်မယ်ပေါ့။ ဒါပေမယ့် ငါမထင်ထားခဲ့တာက သူတို့တွေ ငါ့အရိုးတွေကို ယူသွားလိမ့်မယ်ဆိုတာပဲ! တော်ဝင်မြင့်မြတ်ကိုယ်လုပ်တော်အိုကြီးက အဲ့တာကို သိတယ်! သူက အထူးသဖြင့် ပျိုနီပန်းတွေကိုကြိုက်
တယ်။ သူ့ခြံဝင်းထဲက ပျိုနီပန်းတွေအကုန်လုံးက အရိုးမှုန့်နဲ့ မြေဩဇာကျွေးထားတာတွေချည်းပဲ!”
“ ပြီးတော့ တော်ဝင်မြင့်မြတ်ကိုယ်လုပ်တော်အိုကြီးက ခွေးတစ်ကောင်လည်း မွေးထားသေးတယ်! ခွေးရဲ့ နေ့စဥ်အစာကို အရိုးမှုန့်နဲ့ ရောထားတာ! တော်ဝင်မြင့်မြတ်ကိုယ်လုပ်တော်အိုကြီးက တ-တစ်ခါတစ်လေကျ အရိုးမှုန့်နဲ့ အစာသွတ်မုန့်တွေကို စားလေ့ရှိတယ်…”
မကောင်းဆိုးဝါးဝိညာဥ်ပြောသည့်အရာများမှာ ရှဲ့ချောင်အား ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။
သူမ သိသလောက်တွင် ပျိုနီပန်းနှင့် ကြွေပန်းကဲ့သို့သော ပန်းများသည် တိရစ္ဆာန်အရိုးမှုန့်နှင့် မြေဩဇာကျွေးပါက ပိုကောင်းမွန်စွာကြီးထွားမည်ဖြစ်လေသည်။ ထပ်ပေါင်းပြောရလျှင် တိရစ္ဆာန်အရိုးများသည် အမှန်ပင် ကျွဲစာနွားစာ
အဖြစ် အသုံးပြု၍ ရနိုင်လေသည်…
သို့သော်လည်း ၎င်းတို့အား ချွေချွေတာတာ အသုံးပြုကြလေသည်။
အထူးသဖြင့် ဤခေတ်တွင် အရေးအကြီးဆုံးအရာမှာ ဘေးကင်းလုံခြုံစွာ မြှုပ်နှံခံရရန်ဖြစ်ပေသည်။ နည်းပါးလှစွာသော လူအချို့သည် မီးသင်္ဂြိုလ်ခံရရန် ရွေးချယ်ကြလိမ့်မည်ဖြစ်ကာ…အရိုးမှုန့်အား ပန်းများထံသို့ စိုက်ပျိုးခြင်း သို့မဟုတ် တိရစ္ဆာန်များအား စားစေခြင်းတို့ မဟုတ်ပေ…
ဤအရေးကိစ္စသည် နန်းတော်မှ ထွက်ပေါ်လာခြင်းဖြစ်သောကြောင့် သူမကဲ့သို့ အပြင်လူတစ်ယောက်အတွက် ဝင်ရောက်စွက်ဖက်ရန်မှာ မသင့်တော်ချေ။
ကျောက်ရွှမ်ကျင်းသည် သူ၏ခေါင်းအား နှိမ့်လိုက်ကာ သူမသည် သူ့နားအတွင်းသို့ အခြေအနေအား အသေးစိတ်ရှင်းပြလိုက်၏။
ကျောက်ရွှမ်ကျင်း ထိုသည်ကို ကြားပြီးနောက်တွင် ရွံရှာစက်ဆုပ်သွားခဲ့သည်။
တော်ဝင်မြင့်မြတ်ကိုယ်လုပ်တော်မေ့?
တော်ဝင်အဘိုးတော်နှင့် မယ်တော်ကြီးတို့ကြားမှ ဆက်ဆံရေးမှာ နက်ရှိုင်းသော်လည်း အဆုံးတွင်တော့ သူသည် ဧကရာဇ်တစ်ပါးဖြစ်သည်ပင်။ အသက်ရှိစဥ်တွင် သူသည်လည်း ကိုယ်လုပ်တော်အချို့ရှိခဲ့သောကြောင့် ဧကရာဇ်နှင့်အတူ မြှုပ်နှံခံရခြင်းကဲ့သို့သော အရာမျိုးမရှိပေ။ ထို့ကြောင့် ဧကရာဇ်ဟောင်း နတ်ရွာစံပြီးနောက်တွင် ကိုယ်လုပ်တော်အချို့သည် ထွန်ယက်စိုက်ပျိုးခြင်းအတွက် ဘုရားကျောင်းသို့ အပို့ခံရကာ
အချို့သည်တော့ အိမ်ပြန်ပို့ခံခဲ့ရလေသည်။
နန်းတော်အတွင်းတွင် တော်ဝင်မြင့်မြတ်ကိုယ်လုပ်တော် များများစားစား မကျန်တော့ပါချေ။
•••••