← Chapters

အစေခံတစ်ယောက်ရဲ့ ဘဝ

Vol. 36 Ch. 700

အစေခံတစ်ယောက်ရဲ့ ဘဝ

Vol. 36 Ch. 700

ကျောက်ရွှမ်ကျင်း တစ်ခဏမျှတွေးလိုက်ကာ ချက်ချင်းပင် တစ်စုံတစ်ယောက်အား ဤတော်ဝင်မြင့်မြတ်ကိုယ်လုပ်တော်မေ့၏ အထောက်အထားအား စုံစမ်းစစ်ဆေးရန် လွှတ်လိုက်လေသည်။ ထို့နောက် ဥယျာဥ်မှူးနှစ်ယောက်အား တုပ်နှောင်လိုက်ပေသည်။

ခန်းမအတွင်းတွင် မိန်းမငယ်လေးများသည် အပြင်၌ မည်သည့်အရာများဖြစ်ပျက်နေသည်အား အတော်လေးစိုးရိမ်ပူပန်နေကြလေသည်။

“ ဟူး၊ ဥယျာဥ်မှူးတွေက တော်တော်အပြစ်ကင်းကြပါတယ်။ ဒီဟာအတွက် သူတို့တွေ အပြစ်ပေးခံရမယ်ဆိုရင် နည်းနည်းအကျိုးသင့် အကြောင်းသင့် မဟုတ်သလို ဖြစ်နေလိမ့်မယ်။ ငါတို့ နောက်ကျရင် ရှဲ့သခင်မလေးကို သက်ညှာမှုအတွက် တောင်းဆိုကြမလား?” တစ်စုံတစ်ယောက်မှ မတတ်နိုင်သော်လည်း မေးလိုက်၏။

ထို့နောက် သူတို့အားလုံး ရှဲ့ရှီအား ကြည့်လိုက်ကြသည်။

“ ရှဲ့သခင်မလေး၊ နောက်ဆုံးတော့လည်း မင်းကို ပင့်ကူမကိုက်ခဲ့ပါဘူး။ မင်း ဘယ်လိုထင်လဲ?” သုန့်

ရှီးယွင်သည် ရှဲ့ရှီအား အပြုံးတစ်ခုဖြင့် ကြည့်လိုက်ကာ သူမ၏မျက်နှာသည် စိုးရိမ်ပူပန်မှုနှင့် ကြင်နာခြင်းများဖြင့် ပြည့်နှက်နေလေသည်။

“ ကျွန်မအစ်မပြောတာကို ကျွန်မ နားထောင်မယ်” ရှဲ့ရှီသည် အတော်လေးစိတ်ပိုင်းဖြတ်ထားသည်ပင်။

သူမသည် အသက် ၁၃ နှစ်ရှိနေပြီးဖြစ်ကာ ကိစ္စများစွာအား သိရှိပေသည်။

ဤသည်မှာ သူမ ထိုအကြောင်းအား ပြောရခြင်းကို မကြိုက်၍သာဖြစ်၏။

“ မင်းရဲ့အစ်မက မင်းကို အရမ်းချစ်တာပဲ။ အဲ့တာကြောင့် သူက မင်းအတွက် ဆုံးဖြတ်ချက်ချပေးတာကို မရမကအလျှော့မပေးတာကိုး။ ဒါပေမယ့်

တွေးကြည့်လိုက်၊ တကယ်လို့ ဥယျာဥ်မှူးတွေသာ ဒါအတွက် အသတ်ခံလိုက်ရမယ်ဆိုရင် မင်းရဲ့ဂုဏ်သတင်းလည်း ဆိုးရွားသွားလိမ့်မယ် မဟုတ်ဘူးလား? အဲ့တာအပြင် ဥယျာဥ်မှူးတွေက တကယ့်ကို အလုပ်ကြိုးစားကြတာ။ အခုလေးတင် မင်း သူတို့လက်ပေါ်က အသားမာတွေနဲ့ မြေကြီးတွေကို မမြင်လိုက်ဘူးလား? ဒါတွေအကုန်လုံးက ငါတို့တွေကို အဲ့လိုမျိုးလှပတဲ့ပန်းတွေကို ရှုစားစေချင်လို့လေ။ အဲ့တာကပဲ သူတို့ဘယ်လိုဒုက္ခရောက်သွားလဲဆိုတာပဲ။ ဒုတိယရှဲ့သခင်မလေး မင်းက အရာရှိတစ်ယောက်ရဲ့သမီးဖြစ်တာမလို့ ရက်ရောပြီးတော့ သဘောထားကြီးသင့်တယ်‌။ မင်း သူတို့ကို နည်းနည်းလောက်တော့ ခွင့်လွှတ်ပေးသင့်တယ်လို့ မထင်ဘူးလား?” သုန့်ရှီးယွင်မှ ရှဲ့ရှီအား ပြောလိုက်၏။

ထိုသည်အား ဖန်းမုရွှယ်ကြားသော် ရယ်လိုက်လေသည်။ “ နင့်အတွက်တော့ ပြောရတာ လွယ်ကူနေမှာပေါ့။ နင်သာ အကိုက်ခံရတဲ့တစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် တခြားဘယ်သူ့ထက်မဆို နင် သူတို့ကို

သတ်ချင်နေမှာပဲ”

ယနေ့တွင် ရှဲ့ချောင်နှင့် အကောင်းဆုံးဆက်ဆံရေးရှိသူ ချင်လျို့သည် အနီးတစ်ဝိုက်တွင်မရှိချေ။ နောက်ဆုံးတွင်မူ သူမ၏ အဆင့်အတန်းသည် လုံလုံလောက်လောက်မမြင့်မားခဲ့ပေ။

ထို့ကြောင့်ပင် ရှဲ့ချောင်ဘက်မှ ဖန်းမုရွှယ်သည် သူမ၏ ဂုဏ်သိက္ခာအား ကာကွယ်နေရခြင်းဖြစ်လေသည်။ သုန့်ရှီးယွင် ရှဲ့ရှီကို အနိုင်ကျင့်တာကို သူမ ဘယ်လိုလုပ်ခွင့်ပြုနိုင်မှာလဲ?

ဖန်းမုရွှယ်သည်လည်း ပြောလိုက်၏။ “ သုန့်သခင်မလေး၊ နင်က သဘောထားကြီးတာပဲ။ ရှဲ့ရှီကို တောင်းပန်ရအောင် မလုပ်ပါနဲ့။ ခနနေလို့ အိမ်ရှေ့စံမင်းသားလာတဲ့အချိန်ကျမှ နင် ဘာလို့ သူ့ကို မပြောကြည့်တာလဲ?”

“ ရှင်းလင်းသွားအောင် လုပ်ကြရအောင်။ ဒီဥယျာဥ်မှူးတွေက ငါတို့ရဲ့ စံအိမ်ကမဟုတ်ဘူး။ တကယ်လို့ သူတို့ မတော်တဆ အမှားတစ်ခုခုလုပ်ခဲ့ရင် ခွင့်လွှတ်ခံရလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ဆွေကြီးမျိုးကြီးတွေကို အမှုထမ်းတာလေ။ ငါကြားတာတော့ နန်းတော်ထဲက တော်ဝင်မိသားစုဝင်တွေက ပန်းတွေကို သဘောကျကြပြီးတော့ နေ့တိုင်း ရှုစားကြတယ်တဲ့။ တကယ်လို့ သူတို့သာ များသောအားဖြင့် အရမ်းဂရုမစိုက်လုပ်ပြီး သေချာမစစ်ဆေးရင် သူတို့ တော်ဝင်မိသားစုဝင်တွေကို ထိခိုက်စေမိလိမ့်မယ်။ သူတို့ ဘာလုပ်သင့်သလဲ? ငါ့အမြင်မှာတော့ အဲ့တာက တကယ့်ကို ပြင်းထန်တဲ့အပြစ်ပေးမှုတစ်ခုပဲ” အခြားမိန်းမပျိုလေးတစ်ယောက်သည် မတတ်နိုင်သော်လည်း သူမ၏အမြင်အား ဖော်ပြလာလေ၏။

“ အဲ့တာက တစ်ခါတစ်ရံပျက်ကွက်မှုလေးတစ်ခုတင်ပါ။ ရှဲ့ရှီလည်း အဆင်ပြေနေတာပဲလေ။ သူတို့တွေ အနာဂတ်မှာ ဒါကို သေချာပေါက်မှတ်မိနေ

ကြပြီးတော့ သူတို့အသက်တွေကို ချမ်းသာပေးတဲ့အတွက် အိမ်ရှေ့စံမင်းသားကို ကျေးဇူးတင်ကြလိမ့်မယ်။ ဒါပေမယ့်လည်း သူတို့ လွှတ်ပေးမခံရဘူးဆိုရင် အိမ်ရှေ့စံမင်းသားက အရမ်းရက်စက်တယ်လို့ တခြားလူတွေ မထင်ကြလောက်ဘူးလား?” သုန့်ရှီးယွင်တွင်လည်း သူမ၏ အကြောင်းပြချက်များ ရှိလေသည်။

သူမ ရှဲ့ရှီအား လွှတ်မပေးချင်ပေ။ “ ဒုတိယရှဲ့သခင်မလေး၊ တစ်ခုခုပြောပါဦး!”

“ တကယ်လို့ မင်း အမှားတစ်ခုလုပ်မယ်ဆိုရင် မင်း အပြစ်ပေးခံရလိမ့်မယ်။ သူတို့တွေ ဘယ်လိုအပြစ်ပေးလိမ့်မလဲဆိုတာ မင်းအပေါ် မမူတည်ဘူး” ရှဲ့ရှီ တစ်လုံးချင်း ပြောလိုက်၏။ “ ကျွန်မကို မမေးပါနဲ့။ ကျွန်မ ဒါကို ဂရုမစိုက်ဘူး။ ကျွန်မရဲ့နှာခေါင်းက လုံလုံလောက်လောက်မရှည်ဘူးရှင့်”

“ ဟီးဟီး!” ဖန်းမုရွှယ် မတတ်နိုင်ပဲ တခစ်ခစ်ရယ်လိုက်လေသည်။

“ အဲ့တာ မှန်တယ်၊ သုန့်သခင်မလေး။ နင်က နင့်နှာခေါင်းကို အရမ်းဝေးဝေးကို ထိုးနေတာမဟုတ်ဘူးလား? တော်ဝင်နန်းတော်ထဲမှာ အိမ်ရှေ့စံမင်းသားက ဥယျာဥ်မှူးတွေကို ဘယ်လိုမျိုး အပြစ်ပေးချင်လဲဆိုတာကို မေးဖို့ နင့်မှာ ဘယ်လိုလုပ်ပိုင်ခွင့်များ ရှိလို့လဲ? ပထမရှဲ့သခင်မလေးက ဧကရာဇ်ကနေ ခန့်အပ်ပေးထားတဲ့ အနာဂတ်ကြင်ရာတော်မင်းသမီးပဲ။ အဲ့ဒီအချိန်မှာ နင်ကကျ…စတုတ္ထမင်းသားက စံအိမ်အပိုင်စားရရင် နန်းတော်ကို စွန့်ခွာသွားတော့မှာ။ အနာဂတ်ကျရင် နင်လည်း အပြင်မှာ နေရလိမ့်မယ်။ ဒါက နင့်အိမ်မဟုတ်ဘူးလေ” ဖန်းမုရွှယ် အပြုံးလေးတစ်ခုနှင့် ပြောလိုက်၏။

အိမ်ရှေ့စံမင်းသား၏ အရှေ့နန်းဆောင်မှာ

တော်ဝင်နန်းတော် အတွင်းတွင် ရှိသည်ဖြစ်၏။

လူမည်မျှက အိမ်ရှေ့စံမင်းသားသည် ထီးနန်းမဆက်ခံနိုင်ဟု တွေးသည်ဖြစ်စေ သူသည် အိမ်ရှေ့စံမင်းသားဖြစ်နေသရွေ့ တော်ဝင်နန်းတော်အတွင်းရှိ အစေခံများအားလုံး၏ ရှင်ခြင်းနဲ့သေခြင်းအား ဆုံးဖြတ်ရန် လုပ်ပိုင်ခွင့်ရှိပေသည်!

သေးငယ်သည့်အပြစ်ဒဏ် သို့မဟုတ် ကြီးမားသည့်အပြစ်ဒဏ်နှင့်ပတ်သက်၍ မည်သည့်အရာမှ မှားယွင်းမနေချေ!

“ န-နင်က တကယ့်ကို သွေးအေးတာပဲ။ ဒါက ငါတို့ကိစ္စမဟုတ်ပေမယ့်လည်း ငါတို့ရဲ့မျက်စိရှေ့မှာ ဒီအတိုင်း အဖြစ်ခံလိုက်ရမှာလား?!” ထိုသည်အား ပြောနေရင်း သုန့်ရှီးယွင်သည် စိတ်ပျက်သည့်အကြည့်တစ်ချက်အား လှစ်ဟပြသလိုက်လေသည်။ “ အစေခံတစ်ယောက်ရဲ့ဘဝက မ

ထိုက်တန်ဘူးလား?”

•••••

All Chapters