← Chapters

ထိပ်တိုက်ရင်ဆိုင် တွေ့ဆုံခြင်း

Vol. 71 Ch. 1054

ထိပ်တိုက်ရင်ဆိုင် တွေ့ဆုံခြင်း

Vol. 71 Ch. 1054

နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေတွင် အမှန်တကယ်ပင် တစ်စုံတစ်ယောက် ရှိနေလေသည်။

ပြီးခဲ့သည့် နှစ်တစ်သောင်းအတွင်း နဂါးသင်္ချိုင်းတောင်ကြားနှင့် ပတ်သက်သည့် ဒဏ္ဍာရီများစွာ ရှိခဲ့လေသည်။

နဂါးသင်္ချိုင်းတောင်ကြားဆီသို့ ဝင်ရောက်ခဲ့သော ပညာရှင်အချို့ရှိပြီး သူတို့က ပြန်ထွက်မလာနိုင်ခဲ့ကြပေ။ အဲဒါက ဤနေရာကို ပို၍ လျှို့ဝှက်ဆန်းကြယ်လာစေခဲ့လေသည်။

နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေတွင် မည်သည့်အရာ ရှိနေသလဲ မည်သူကမှ မသိကြပေ။

နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေတွင် ဘယ်လိုလျှို့ဝှက်ချက်တွေကို ဖုံးကွယ်ထားသလဲ ဘယ်သူကမှ မသိကြပေ။

သို့သော်လည်း အရာရာတိုင်းက ယနေ့မှာတော့ ပေါ်ထွက်လာနိုင်လေသည်။

တာမင်းကျောင်းတော်နှင့် ဖာဟွားကျောင်းတော်မှ ရတနာများနှင့် လျှို့ဝှက်ကျမ်းများသည် နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေတွင် ရှိနေနိုင်သည်ကို တွေးမိသွားပြီးနောက်.. ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ် ၈ယောက်၏ အကြည့်များက တောက်လောင်ပြင်းပြလာခဲ့လေသည်။

ကောင်းကင်စင်ရော်ဂိုဏ်းမှ အဘိုးအိုက အသံကိုမြှင့်၍ ပြောလိုက်လေသည်။

“ကျုပ်ရဲ့ တာအိုဘွဲ့က စွေ့ဟန်ပါ.. ကျုပ်က လွန်ခဲ့တဲ့ နှစ်တစ်သောင်းက မဟာကပ်ဘေးကို မြင်တွေ့ခွင့်ရခဲ့တယ်.. ကိုယ်တော်က ဘယ်ကျောင်းတော်ကလဲ.. ကိုယ်တော်ရဲ့ ဘွဲ့က ဘာလဲဆိုတာ သိပါရစေ”

“ကျုပ်ရဲ့ ဓမ္မဘွဲ့က ယွမ်ပေပဲ”

ဘုန်းကြီးအို၏ အသံက နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေကနေ တည်ငြိမ်အေးချမ်းစွာဖြင့် ထွက်ပေါ်လာလေသည်။

ယွမ်ပေသည် တစ်ခါတုန်းက တာမင်းကျောင်းတော်၏ ကျောင်းထိုင်ဆရာတော် ဖြစ်ခဲ့ဖူးလေသည်။ နောက်ပိုင်းတွင် သူက တံခါးပိတ်ကျင့်ကြံသွားပြီး နောက်ဆုံးမှာတော့ မဟာယာနအဆင့်သို့ တက်လှမ်းကာ တာမင်းကျောင်းတော်၏ မဟာအကြီးအကဲတစ်ယောက် ဖြစ်လာခဲ့လေသည်။

“ဪ.. မျိုးနွယ်စုခေါင်းဆောင် ယွမ်ပေကိုး.. ကျုပ်က ခင်ဗျားအကြောင်း အများကြီး ကြားဖူးပါတယ်”

ကောင်းကင်စင်ရော်ဂိုဏ်းမှ အဘိုးအိုက ထူးမခြားနားပုံစံဖြင့် ပြောလိုက်လေသည်။

ဆိုးယုတ်မြေကမ္ဘာဂိုဏ်း၏ စွမ်းအားကြီးပုဂ္ဂိုလ်က ရယ်မောလိုက်လေသည်။

“ကိုယ်တော်ယွမ်ပေ.. ခင်ဗျားက အခုချိန်ထိ အသက်ရှင်နေသေးတာလား.. ခင်ဗျားရဲ့ ဂိုဏ်းသားအဖော်တွေကတော့ ပြန်ဝင်စားခြင်း စက်ဝန်းထဲကို ဝင်ရောက်ကုန်ကြပြီ.. ခင်ဗျားက သူတို့နောက်ကို ဘာလို့ မလိုက်သေးတာလဲ”

“ဘုန်းကြီးအိုကြီး.. “

ကစဉ့်ကလျားအမြုတေဂိုဏ်းမှ လူငယ်က အော်ပြောလိုက်လေသည်။

“ကျုပ်တို့က ဘာမှ အပိုတွေ ပြောနေစရာ မလိုတော့ဘူး.. ကျုပ်တို့ ဒီကို ဘာကြောင့်ရောက်လာသလဲ ခင်ဗျားလည်း သိမှာပဲ.. သူ့ကို ထုတ်ပေးစမ်းပါ.. ခင်ဗျားက အခု ဘဝရဲ့ နှောင်းပိုင်းအရွယ်ကို ရောက်နေပြီ.. သူ့ကို ကာကွယ်ပေးနိုင်မှာ မဟုတ်တော့ဘူး”

သူတို့ကြားတွင် အဆင့်ကြီးတစ်ဆင့် ကွာဟနေသော်လည်း ကစဉ့်ကလျားအမြုတေဂိုဏ်းလူငယ်နှင့် အခြားသူများ၏ လေသံက လုံးဝ ယဉ်ကျေးမှု မရှိပေ။

ပထမတစ်ချက်အနေဖြင့် သူတို့က အရေအတွက် အားသာချက် ရှိလေသည်။

ဒုတိယတစ်ချက်အနေဖြင့် မျိုးနွယ်စုခေါင်းဆောင် ယွမ်ပေသည် သေခါနီးဆဲဆဲအရွယ်ရောက်နေပြီး သူ၏သွေးချီက အားနည်းနေလေသည်။ တိုက်ပွဲတစ်ခုက ပေါ်ထွက်လာမည်ဆိုလျှင် သူက သိပ်ကြာကြာ တောင့်ခံနိုင်မည်မဟုတ်ဘဲ သေဆုံးသွားနိုင်လေသည်။

တကယ်တော့ ထိုကျင့်ကြံမှုအဆင့်၌ မည်သူကမှ မဆင်မခြင် မပြုမူရဲပေ။

သူတို့ ရှစ်ယောက်သည် မြူခိုးများ ထူထဲသိပ်သည်းစွာ ရှိနေသော နဂါးသင်္ချိုင်းတောင်ကြားအစပ်သို့ ရောက်ရှိလာသော်လည်း မည်သူကမှ ဒီတိုင်း ခုန်ဆင်းသွားရဲခြင်း မရှိပေ။

“ခင်ဗျားတို့ ၈ယောက်က ကျုပ်တပည့်အတွက် ဒီကိုရောက်လာတာပဲ ဖြစ်ရမယ်.. ဟုတ်တယ်မလား”

ကိုယ်တော်ယွမ်ပေက ခံစားချက် ကင်းမဲ့စွာဖြင့် ပြောလိုက်လေသည်။

“တာအိုအမွေအနှစ်ကုန်းမြေမှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ကျုပ်သိပြီးပါပြီ.. ဒါပေမဲ့လို့ ခင်ဗျားတို့ ပေါင်းစည်းခန္ဓာ ၈ယောက်ကို တစ်ပြိုင်နက်တည်း ပေါ်ထွက်လာအောင် သူက ဘာတွေများ လုပ်ခဲ့သလဲ ကျုပ်မသိဘူး”

ကစဉ့်အလျားအမြုတေဂိုဏ်းလူငယ်က အေးစက်စွာဖြင့် ပြောလိုက်လေသည်။

“အထီးကျန်သိုင်းသခင်ဆိုတဲ့ ကောင်လေးက သွေးဆာရက်စက်လွန်းတယ်.. သူက ကျုပ်တို့ လူသားမျိုးနွယ်က ပြိုင်စံရှားတွေကို တာအိုအမွေအနှစ်ကုန်းမြေမှာ ငဲ့ကွက်ခြင်း မရှိဘဲနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်.. သူက သေသင့်တယ်”

“ကျင့်ကြံရေးလောကမှာ တိုက်ခိုက်တာနဲ့ သတ်ဖြတ်တာတွေက ဖြစ်နေကျပဲ.. သဘောထားတစ်ချက် မတိုက်ဆိုင်ရင်တောင် များစွာသော သေကြေပျက်စီးမှုတွေ ဖြစ်နိုင်သေးတာပဲ”

ကိုယ်တော်ယွမ်ပေက ပြောလိုက်လေသည်။

“အဲဒါက အဆင့်တူ ကျင့်ကြံသူတွေကြားက တိုက်ပွဲတစ်ပွဲဆိုမှတော့ ဂိုဏ်းရဲ့ စီနီယာတွေက ဝင်ပါစရာ လိုလို့လား.. အခုအချိန် ကျင့်ကြံရေးလောကမှာ အဲ့လို စည်းမျဉ်းစည်းကမ်းတွေ မရှိတော့ဘူးလို့တော့ ကျုပ်ကို မပြောစမ်းပါနဲ့”

ကိုယ်တော်ယွမ်ပေသည် ဘဝနေဝင်ခါနီးအရွယ်သို့ ရောက်ရှိနေပြီဖြစ်နေလျှင်တောင် သူသည် မဟာယာန မျိုးနွယ်စုခေါင်းဆောင်တစ်ယောက် ဖြစ်နေဆဲဖြစ်ပြီး သူ၏လေသံက တည်ငြိမ်နေလေသည်။

ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ် ၈ယောက်သည် နဂါးသင်္ချိုင်းတောင်ကြားထိပ်တွင် မတ်တတ်ရပ်နေပြီး သူတို့အကြား ပေတစ်သောင်း ကွာဝေးသော်လည်း သူတို့သည် ဖိအားကို ခံစားနေရဆဲဖြစ်လေသည်။

ပြောရမည်ဆိုလျှင်.. ဆူဇီမိုသာ ထိပ်သီးဂိုဏ်းကြီးတစ်ဂိုဏ်း၏ နောက်ခံရှိထားပါက မည်သည့်အရာမှ ဖြစ်ပျက်လာလိမ့်မည် မဟုတ်ပေ။

ဥပမာအားဖြင့်.. သီယင်းသည် စီးပိုးခြယ်လှယ်လွန်းပြီး ဘာကိုမှ မငဲ့ကွက်ဘဲ သတ်ဖြတ်တတ်သော်လည်း ဂိုဏ်းကြီးများ၏ မည်ကာမတ္တ တပည့်များသည် သူ့ကို စတင်၍ ရန်စတိုက်ခိုက်ရဲခြင်း မရှိပေ။

အကြောင်းမှာ သီယင်း၏ နောက်တွင် ကစဉ့်ကလျားအမြုတေဂိုဏ်း ရှိနေသောကြောင့်ပင်။

ထိုကြောင့်ပင်လျှင် ဆူဇီမိုသည် တာအိုအမွေအနှစ်ကုန်းမြေမှာ မည်ကာမတ္တ တပည့်များစွာ၏ ဝန်းရံတိုက်ခိုက်ခြင်းကို ခံခဲ့ရခြင်း ဖြစ်လေသည်။

နောက်ဆုံးမှာတော့ သူ့တွင် အင်အားကြီး နောက်ခံတစ်ခုခု ရှိမနေပေ။

သူကဲ့သို့သော ပြန်ဝင်စား မွန်းစတားတစ်ယောက်က သေဆုံးသွားမည်ဆိုလျှင် မည်သည့် စွမ်းအားကြီးပုဂ္ဂိုလ်ကမှ ပေါ်ထွက်လာမည် မဟုတ်ဘဲ မည်သည့် ပြဿနာမှလည်း ဖြစ်ပေါ်လာလိမ့်မည် မဟုတ်ပေ။

ဒါ့အပြင် ဆူဇီမိုထံမှာ ရတနာများစွာ ရှိနေလေသည်။

သို့သော်လည်း ဆူဇီမိုသည် အလွန်တရာ ကြောက်စရာကောင်းပြီး စီးပိုးခြယ်လှယ်ကာ သူတို့၏ အလောင်းများကို နင်းဖြတ်၍ သူ၏ တာအိုနှလုံးသားကို တည်ဆောက်ကာ ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကို တုန်လှုပ်သွားစေလိမ့်မည်ဟု မည်သည့် မည်ကာမတ္တ တပည့်ကမှ တွေးထင်မထားခဲ့ကြပေ။

“မျိုးနွယ်စုခေါင်းဆောင် ယွမ်ပေ.. ခင်ဗျားပြောတာ မှားတယ်”

ရုတ်တရက် ကောင်းကင်စင်ရော်ဂိုဏ်းမှ အဘိုးအိုက ရယ်မောလိုက်လေသည်။

“အထီးကျန်သိုင်းသခင်နဲ့ မည်ကာမတ္တ တပည့်တွေကြားက ရန်ငြိုးရန်စက အဆင့်တူတွေကြားမှာရှိတဲ့ ကျင့်ကြံသူတွေကြားက တိုက်ပွဲမဟုတ်ဘူး.. အဲဒါက လူသားမျိုးနွယ်နဲ့ ပြင်ပမျိုးနွယ်ကြားက တိုက်ပွဲတစ်ပွဲပဲ.. တာအိုအမွေအနှစ်ကုန်းမြေမှာ သူက လူသားမျိုးနွယ်က ပြိုင်စံရှားတွေကို သတ်ဖြတ်ခဲ့တဲ့အတွက် လူတိုင်းက သူ့ကို အပြစ်ပေးပိုင်ခွင့်ရှိတယ်”

ဓားဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူကလည်း အေးစက်စွာဖြင့် ပြောလိုက်လေသည်။

“ဘုန်းကြီးအိုကြီး.. တာမင်းကျောင်းတော်က တစ်ခါတုန်းက ဗုဒ္ဓကျောင်းတော်တွေထဲက တစ်ကျောင်းပဲ.. ရှင်က သေခါနီးအချိန်ရောက်နေတာတောင် ပြင်ပမျိုးနွယ်က လူတစ်ယောက်ကို တပည့်အဖြစ် လက်ခံလိုက်သေးတယ်ပေါ့.. ရှင်က အသက်ကြီးပြီးတော့ သူငယ်ပြန်သွားတာလား”

“ကျုပ်သာ ခင်ဗျားနေရာမှာဆိုရင် သေဆုံးသွားတဲ့ လူသားမျိုးနွယ်ပြိုင်စံရှားတွေကို နှစ်သိမ့်ပေးဖို့အတွက် ဒီကောင်လေးကို ကိုယ်တိုင်သတ်ဖြတ်ပြီးတော့ တရားမျှတမှုကို ဖော်ဆောင်မိမှာ”

မိုးကြိုးလေပြေနန်းတော်မှ အမျိုးသားကလည်း မကျေမချမ်းဖြင့် ပြောဆိုလိုက်လေသည်။

“ကျုပ်တို့နဲ့ မျိုးနွယ်မတူတဲ့ ဘယ်သူကိုမဆို ကျုပ်တို့က သတိထားစောင့်ကြည့်ရမယ်”

ပုံသဏ္ဌာန်မဲ့ကျောင်းတော်မှ စွမ်းအားကြီးပုဂ္ဂိုလ်ကလည်း ညင်သာစွာဖြင့် ရေရွတ်ပြောဆိုလိုက်လေသည်။

“တာအိုရောင်းရင်း ယွမ်ပေ.. ကျေးဇူးပြုပြီး အထီးကျန်သိုင်းသခင်ကို ထုတ်ပေးပါ.. ခင်ဗျားရဲ့ တာမင်းကျောင်းတော် အမွေအနှစ်အတွက်တော့ ခင်ဗျားက ကျုပ်ကို ယုံမယ်ဆိုရင်.. ပုံသဏ္ဌာန်မဲ့ကျောင်းတော်က အဲဒါကို ခင်ဗျားအတွက် လက်ဆင့်ကမ်းပေးပါ့မယ်”

နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေတွင် ဆူဇီမိုက ကိုယ်တော်ယွမ်ပေ၏ ဘေးမှာ ရပ်နေလေသည်။

ထိုအသံကို ကြားသောအခါ သူ၏မျက်လုံးက လှောင်ပြောင်သရော်လိုမှုဖြင့် တဖျပ်ဖျပ် လက်သွားလေသည်။

သူတို့သည် စကားအနည်းအကျဉ်းမျှသာ ပြောဆိုရသေးလေသည်။ သို့သော်လည်း ပုံသဏ္ဌာန်မဲ့ကျောင်းတော်မှ ကိုယ်တော်သည် စိတ်မရှည်နိုင်တော့ဘဲ သူ၏ ရမ္မက်လောဘနှင့် အရှက်မရှိသော မျက်နှာကို ထုတ်ပြလာခဲ့လေပြီ။

“ဒကာတို့.. ခင်ဗျားတို့က ပြင်ပမျိုးနွယ်က တစ်စုံတစ်ယောက်ကို သတ်ဖြတ်ဖို့အတွက် ဒီနေရာကို ရောက်လာတာဆိုရင် ကျေးဇူးပြုပြီး ပြန်ကြပါတော့”

ကိုယ်တော်ယွမ်ပေက ခံစားချက် ကင်းမဲ့စွာဖြင့် ပြန်ပြောလိုက်လေသည်။

“ကျုပ်တပည့်ရဲ့ အမြုတေစိတ်ဝိညာဉ်က လူသားတစ်ယောက်ရဲ့ အမြုတေစိတ်ဝိညာဉ်ပဲ.. သူ့ရဲ့ ခန္ဓာကိုယ်ကသာ အခြားမျိုးနွယ်ရဲ့ မျိုးဆက်သွေးနဲ့ ရောနေတာ”

“ဒါပေမဲ့ အခုတော့.. သူ့ရဲ့ ခန္ဓာကိုယ်က ပျက်စီးသွားခဲ့ပြီ.. သူ့မှာ အမြုတေစိတ်ဝိညာဉ်တစ်ခုပဲ ကျန်တော့တယ်.. သူက သူ့ရဲ့ ခန္ဓာကိုယ်အသစ်ကို ပြန်လည်တည်ဆောက်လိုက်မယ်ဆိုရင် သူက ပကတိလူသားတစ်ယောက် ဖြစ်လာမှာပဲ”

ထိုနေရာအရောက်တွင် ဆူဇီမိုက နောက်ဆုံးမှာ နားလည်သွားခဲ့လေသည်။

ဘုန်းကြီးအိုသည် သွေးနီရောင်ဆံပင် ယင်စိတ်ဝိညာဉ်ကို နဂါးအရိုးတောင်ကြားဆီသို့ စေလွှတ်ဖို့ သဘောတူခဲ့ရသည့် အကြောင်းရင်းကို သူက သိရှိသွားလေသည်။ အဲဒါက သူ၏ ခန္ဓာကိုယ်ကို ပြန်လည်ကောင်းမွန်လာစေဖို့အပြင် ပို၍ အရေးကြီးသည်မှာ သူ၏ အနာဂတ်ပြဿနာကို ဖြေရှင်းပေးဖို့အတွက် ဖြစ်လေသည်။

ဘုန်းကြီးအို ပြောသည့်အတိုင်းဆို သူ၏ခန္ဓာကိုယ် ပြန်လည်တည်ဆောက်ပြီးသည်နှင့်အမျှ သူက ပကတိလူသားတစ်ယောက် ဖြစ်လာပေလိမ့်မည်။

ဤနေ့မှစ၍ ထျန်ဟွမ်ကုန်းမြေတိုက်ကြီးတွင် မည်သည့်ဂိုဏ်း၊ မည်သည့် အဖွဲ့အစည်း သို့မဟုတ် မည်သည့်ကျင့်ကြံသူကမှ ထိုအကြောင်းပြချက်ကို နင်း၍ သူ့ကို စွပ်စွဲတိုက်ခိုက်လာနိုင်တော့မည် မဟုတ်ပေ။

သူ၏ အစွမ်းအစအပြင် အဆုံးစွန်မီးနှင့် အသွန်းတစ်ရာဂိုဏ်း၏ နောက်ခံနှင့်ဆိုပါက ကျင့်ကြံရေးလောကတွင် သူ၏အခြေအနေက များစွာပိုကောင်းလာပြီး သူက ဆက်လက်၍ ပုန်းကွယ်နေစရာ လိုတော့မည် မဟုတ်ပေ။

ကောင်းကင်စင်ရော်ဂိုဏ်းမှ အဘိုးအိုနှင့် အခြားသူများက မျက်မှောင်ကြုတ်လိုက်ပြီး သူတို့၏ အမူအရာများက ပျက်ယွင်းလာကြလေသည်။

ဗုဒ္ဓကျောင်းတော်မှ ဘုန်းကြီးတစ်ပါးအနေဖြင့် မျိုးနွယ်စုခေါင်ဆောင် ယွမ်ပေ၏ အဆင့်အတန်းအရ သူသည် ထိုကိစ္စနှင့် ပတ်သက်၍ လိမ်ညာလိမ့်မည် မဟုတ်ပေ။

တစ်နည်းအားဖြင့် ပြောရလျှင် ဆူဇီမို၏ ခန္ဓာကိုယ်က အမှန်တကယ်ပင် ပျက်စီးသွားခဲ့လေပြီ။

ထိုသို့ဆိုမှတော့ သူတို့ ၈ယောက်သည် သားရဲနတ်ဆိုးများကို နှိမ်နင်းခြင်းဟူသော အကြောင်းပြချက်ကို ဆက်လက်၍ အသုံးမပြုနိုင်တော့ပေ။

“ဘာပဲဖြစ်ဖြစ် သူက တာအိုအမွေအနှစ်ကုန်းမြေမှာ မည်ကာမတ္တတပည့်တွေ အများကြီးကို သတ်ဖြတ်ခဲ့တဲ့အတွက် တာဝန်ယူပေးရမယ်”

မိုးကြိုးလေပြေနန်းတော်မှ အမျိုးသားက လေးနက်သောအသံဖြင့် ပြောလိုက်လေသည်။

“ဘာကို တာဝန်ယူပေးရမှာလဲ”

ကိုယ်တော်ယွမ်ပေက ပြန်လှန်မေးလိုက်လေသည်။

“ခင်ဗျားတို့ရဲ့ မည်ကာမတ္တတပည့်တွေက သူ့ကို ဝိုင်းဝန်းသတ်ဖြတ်ဖို့ ကြိုးစားခဲ့တာပဲ.. ဒါပေမဲ့လို့ သူတို့က လုံလောက်တဲ့ အစွမ်းအစ မရှိလို့ သတ်ဖြတ်ခံလိုက်ရတယ်.. အဲဒါကို ခင်ဗျားတို့က တခြား ဘာဖြစ်စေချင်နေကြသေးတာလဲ”

“ဘုန်းကြီးအိုကြီး.. ကျုပ်တို့က လက်ဗလာနဲ့တော့ မပြန်နိုင်ဘူး.. ခင်ဗျားက သူ့ကို ထုတ်မပေးဘူးဆိုရင် ခင်ဗျားရဲ့ နဂါးသင်္ချိုင်းတောင်ကြားထဲကို အတင်းဝင်ရောက်လာတဲ့အတွက် ကျုပ်တို့ကို အပြစ်မတင်နဲ့”

ကစဉ့်ကလျားအမြုတေဂိုဏ်းလူငယ်၏ မျက်လုံးက ဝင်းလက်သွားပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးကာ နဂါးသင်္ချိုင်းတောင်ကြားအစပ်မှာ သတ်လိုဖြတ်လိုသော အော်ရာတစ်ခုနှင့်အတူ မတ်တတ်ရပ်လိုက်လေသည်။

“ကျုပ်မှာ အချိန်သိပ်ပြီး မကျန်တော့ဘူး”

ကိုယ်တော်ယွမ်ပေက အမူအရာ ကင်းမဲ့စွာဖြင့် ပြောလိုက်လေသည်။

“ဒါပေမဲ့လို့ ခင်ဗျားတို့တွေက နဂါးသင်္ချိုင်းတောင်ကြားဆီကို ခြေလှမ်းဝက် ကျူးကျော်လာရဲမယ်ဆိုရင် ကျုပ်က မသေခင် ခင်ဗျားတို့ ၈ယောက်ကို နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှာ မြုပ်နှံပေးလို့ရတယ်”

မဟာယာနအဆင့်သို့ ကျင့်ကြံလာနိုင်သော မည်သူမဆို သူတို့သည် ဗုဒ္ဓကျောင်းတော်များမှ ကိုယ်တော်များဖြစ်နေလျှင်တောင် သူတို့၏လက်များက မြောက်များလှစွာသော သွေးများဖြင့် စွန်းထင်းနေခဲ့ပြီးလေပြီ။

မဟာယာန မျိုးနွယ်စုခေါင်းဆောင် တစ်ယောက်ချင်းစီတိုင်းသည် သူတို့၏ စကားများကို တည်ကြလေသည်။ သူတို့က ပြောလျှင် ပြောသည့်အတိုင်း လုပ်တတ်လေသည်။

ကစဉ့်ကလျားအမြုတေဂိုဏ်းမှ လူငယ်နှင့် အခြားသူများသည် မျက်မှောင်ကြုတ်၍ နေရာမှာတင် တောင့်တင်းစွာ ရပ်နေကြလေသည်။ ခဏကြာပြီးတာတောင်.. သူတို့ထဲ မည်သူကမှ ရှေ့သို့ တက်လှမ်း၍ ဘဝနေဝင်ခါနီးအရွယ်ရောက်နေသော မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ကို ရန်စရဲခြင်း မရှိသေးပေ။

“အမှိုက်လိုကောင်တွေပဲ”

ရုတ်တရက်.. အေးစက်နေသော အသံတစ်သံက ထွက်ပေါ်လာပြီး မလှမ်းမကမ်း လေဟာနယ်ထဲတွင် အက်ကွဲကြောင်းတစ်ခုက ပေါ်ထွက်လာခဲ့လေသည်။ စွမ်းအားကြီးမား၍ ပြင်းထန်ကြမ်းကြုတ်သော အော်ရာတစ်ခုနှင့်အတူ လူတစ်ယောက်က လေဟာနယ်အက်ကွဲကြောင်းထဲကနေ လျှောက်လှမ်းထွက်လာခဲ့လေသည်။

All Chapters