← Chapters

မမျှော်လင့်ထားသော ကပ်ဆိုး

Vol. 71 Ch. 1063

မမျှော်လင့်ထားသော ကပ်ဆိုး

Vol. 71 Ch. 1063

ထိုသို့အတွေးဖြင့် ဆူဇီမိုသည် စိတ်အားမာန်များ တက်ကြွလာလေသည်။

အစကတော့.. ဖန်တီးခြင်းကြာပဒုမ္မာ ပျက်စီးသွားသည့်အတွက် သူက အနည်းငယ် ဝမ်းနည်းနေခဲ့လေသည်။ ထိုကဲ့သို့သော အထွတ်အထိပ်ရတနာတစ်ခုက ကြီးထွားမလာခင်မှာပင် ပျက်စီးသွားခဲ့ရလေသည်။

သို့သော် ယခုအခါမှာတော့.. သူသည် ထိုစိတ်ကူးအပေါ်မှာ အခြေခံ၍ သူ၏အရိုးများနှင့် ခန္ဓာကိုယ်ကို အောင်မြင်စွာ ပြန်လည်တည်ဆောက်နိုင်ခဲ့မည်ဆိုလျှင် သူက ဖန်တီးခြင်းကြာပဒုမ္မာ၏ စွမ်းအားအပြည့်အဝကို ပြန်လည်ထုတ်ဖော်လာနိုင်ပေလိမ့်မည်။

ဒါ့အပြင် ဖန်တီးခြင်းကြာပဒုမ္မာက လုံးလုံးလျားလျား ပျက်စီးသွားခဲ့သည် မဟုတ်ပေ။

အနည်းဆုံးတော့ ကြာစေ့ ၅၄ စေ့သည် ပျက်စီးထိခိုက်မှု မရှိဘဲ တောက်ပသော အရောင်အဝါကို ဖြာထုတ်ပေးနိုင်နေဆဲ ဖြစ်လေသည်။ သူတို့က အစိမ်းရောက်ကြာပန်းဓားကဲ့သို့သော အမြုတေစိတ်ဝိညာဉ်ကို ပစ်မှတ်ထားသည့် သတ်ဖြတ်ခြင်း နည်းစနစ်တစ်ခုကို ထုတ်ဖော်နိုင်ဆဲ ဖြစ်လေသည်။

ပို၍ အရေးကြီးသည်မှာ ဖန်တီးခြင်းကြာပဒုမ္မာသည် သူ၏ မူပိုင်ဓမ္မလက်နက်ဖြစ်လေသည်။

သူက ကြာရိုးများကို အရိုးအဖြစ်.. ကြာရွက်များကို အရေပြားအဖြစ်.. အသုံးပြုနိုင်မည်ဆိုလျှင် သူ၏ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်က မည်သည့် ငြင်းဆန်မှုမှ မရှိဘဲ ၁၀၀ ရာခိုင်နှုန်း လိုက်လျောညီထွေမှု ရှိလာပေလိမ့်မည်။

ဤခန္ဓာကိုယ်ကို အောင်မြင်စွာ ပြန်လည်တည်ဆောက်ပြီးသည်နှင့် သူက သူ၏ တာအိုနည်းစနစ်များကို ပြီးပြည့်စုံစွာ ပြန်လည်ဖော်ထုတ်လာနိုင်ပေလိမ့်မည်။

ထိုသို့အတွေးဖြင့် ဆူဇီမို၏ စိတ်နှလုံးက တောက်လောင်ပြင်းပြလာခဲ့လေသည်။

ယခု သူက အဲဒါကို တွေးကြည့်သောအခါ.. ဤကပ်ဘေးသည် သူ့အတွက် ကျိန်စာတစ်ခု မဟုတ်ဘဲ ကောင်းချီးပေးခြင်းပင် ဖြစ်နေလေသည်။

သူသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်ကို အောင်မြင်စွာ တည်ဆောက်ပြီး သူ၏ နဂါးမျိုးနွယ် အစစ်အမှန်ခန္ဓာကိုယ်နှင့် ပူးပေါင်းလိုက်မည်ဆိုလျှင် သူ၏ တိုက်ခိုက်ရေးခွန်အားက နှစ်ဆဖြစ်လာပေလိမ့်မည်။

ဆူဇီမိုသည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီးနောက် သူ၏ အရိုးများနှင့် ခန္ဓာကိုယ်ကို စတင်ပုံသွင်းဖို့အတွက် ပြင်ဆင်လိုက်လေသည်။

သူသည် ကြာရိုးအပိုင်းများ အားလုံးကို အတူတကွ စုစည်းပြီး မီးတောင်ထဲရှိ ရွှေရောင်ချော်ရည်များနှင့် လောင်ကျွမ်းစေလိုက်လေသည်။

ကြာရိုးများက ကျိုးပဲ့ထားခြင်း မရှိလျှင် ရွှေရောင်ချော်ရည်၏ အပူချိန်ပင်လျှင် အဲဒါကို အရည်ဖျော်နိုင်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ယခုအခါ ကြာရိုးများက အပိုင်းပိုင်းကြေမွနေပြီး ဖန်တီးခြင်းကြာပဒုမ္မာ၏ စွမ်းအားကို ဆုံးရှုံးထားလေသည်။ အဲဒါက ရွှေရောင်ချော်ရည်များ၏ လောင်မြိုက်မှုအောက်တွင် တဖြည်းဖြည်း အရည်ပျော်လာခဲ့လေသည်။

ထိုသို့ဆိုလျှင်တောင် ကြာရိုးများ အားလုံး အရည်ပျော်ပြီး အစိမ်းရောင်အရည်များ ဖြစ်ပေါ်လာစေဖို့အတွက် တစ်ရက်တိတိ အချိန်ယူခဲ့ရလေသည်။

ဆူဇီမိုသည် ခဏမျှ ရပ်နားပြီးနောက်.. အစိမ်းရောက်အရည်များနှင့်အတူ သူ၏အရိုးကို ပုံသွင်းဖို့အတွက် စတင်လိုက်လေသည်။

လူတစ်ယောက်၏ ခန္ဓာကိုယ်တွင် အရိုးပေါင်း ၂၀၀ ကျော်ရှိပြီး သူတို့က ပုံသဏ္ဌာန်အရွယ်အစား အမျိုးမျိုးကွဲပြားလေသည်။

အရိုးတစ်ခုချင်းစီကို ပုံသွင်းခြင်းက အလွန်တရာ ရှုပ်ထွေးပွေလီသော ရှည်လျားသည့် ဖြစ်စဉ်တစ်ခု ဖြစ်လေသည်။

အရင်တုန်းက အဆုံးစွန်မီး၏ လက်နက်သွန်းလုပ်ခြင်းအပေါ် ကျွမ်းကျင်ပိုင်နိုင်မှုဖြင့်ပင်လျှင် သူ၏ အရိုးစုကို ဖန်တီးဖို့အတွက် သုံးရက်လုံးလုံး အချိန်ယူခဲ့ရလေသည်။

ဆူဇီမိုသည် တစ်ချိန်တည်းမှာပင် ပြန်လည်စဉ်းစား၍ ပုံသွင်းနေလေသည်။ သူ၏ အမြန်နှုန်းက အလွန်တရာ နှေးကွေးပြီး အရမ်းကာရော ပြုမူရဲခြင်း မရှိပေ။

သုံးရက်တာက ကုန်ဆုံးသွားခဲ့လေသည်။

ကြိုးစားအားထုတ်မှုများစွာ ပြုလုပ်ပြီးနောက်.. သူသည် အရိုးစုတစ်ဝက်ကိုသာလျှင် ဖန်တီးလာနိုင်ခဲ့လေသည်။

သို့သော်လည်း ဆူဇီမို၏ မျက်လုံးများက တောက်ပသည်ထက် တောက်ပလာခဲ့လေသည်။

သူသည် ဆေးလုံးအချို့ကို စားသုံး၍ ခဏမျှ အနားယူပြီးနောက်.. ဆက်လက်၍ သန့်စင်ခဲ့လေသည်။

နောက်ထပ် ခုနှစ်ရက်တာ ကုန်ဆုံးသွားပြီးမှ ဆူဇီမိုက ရပ်တန့်လိုက်လေသည်။

သူ၏ရှေ့တွင် ကျောက်စိမ်းကဲ့သို့ ကြည်လင်နေသော အပြစ်ဆိုစရာ မရှိသည့် အစိမ်းရောင် အရိုးစုတစ်ခု ရှိလာခဲ့လေသည်။ အဲဒါက နတ်ဘုရားလက်ရာတစ်ခုဟုပင် ဆိုနိုင်လေသည်။

အရိုးတစ်ခုချင်းစီပေါ်တွင် ကြာပန်းများ ဖူးပွင့်နေသကဲ့သို့ သဘာဝဆန်ဆန် အကွက်အပြောက်များ ရှိနေလေသည်။

ဤအရိုးစုက ပြီးပြည့်စုံလာခဲ့လေပြီ။

သို့သော်လည်း အဲဒါက မလုံလောက်သေးဟု သူက ထင်မိလေသည်။

ဆူဇီမိုသည် သူ၏သိုလှောင်အိတ်ထဲမှ မူလဓမ္မလက်နက်များစွာကို ထုတ်ယူလိုက်လေသည်။

သီယင်း၏ ကစဉ့်ကလျားအမြုတေခေါင်းလောင်းနှင့် နဂါးစစ်ထိုးလက်ရိုက်တုတ်..

တာအိုသက်ရှိ ဆိုးယုတ်မြေကမ္ဘာ၏ အရိုးလှံတံ..

တာအိုသက်ရှိဖန်သား၏ သက်တံဖန်သားစေတီ..

ကိုယ်တော်ပုံသဏ္ဌာန်မဲ့၏ သစ်သားငါးနှင့် လက်ရိုက်တံ..

တာအိုသက်ရှိ ကောင်းကင်စင်ရော်၏ ဆေဘာ..

တာအိုသက်ရှိ မိုးကြုးလေပြေ၏ မိုးကြိုးလေပြေတူ..

ဤမူလဓမ္မလက်နက်များသည် မည်ကာမတ္တ တပည့်များ၏ မူပိုင်ဓမ္မလက်နက်များ ဖြစ်လေသည်။

မည်ကာမတ္တ တပည့်များ အားလုံးက သေဆုံးသွားပြီဖြစ်သော်လည်း သူတို့၏ မူပိုင်ဓမ္မလက်နက်များပေါ်တွင် သူတို့၏ အမြုတေစိတ်ဝိညာဉ် ခတ်နှိပ်ထားမှုများက ကျန်ရှိနေသေးလေသည်။ ဆူဇီမိုက အဲဒါကို သူ့ကိုယ်ပိုင်အဖြစ် အသုံးပြုချင်သည်ဆိုလျှင် သူက ၎င်းတို့အပေါ်ရှိ အမြုတေစိတ်ဝိညာဉ် ခတ်နှိပ်မှုများကို ပယ်ဖျက်ရပေလိမ့်မည်။

သို့သော်လည်း အဲဒါက အလွန်တရာ ကြာမြင့်စွာ အချိန်ယူရပေလိမ့်မည်။

ဥပမာအားဖြင့်.. မည်ကာမတ္တ တပည့်များသည် သူတို့၏ မူပိုင်ဓမ္မလက်နက်အချို့ကို နှစ်ပေါင်းထောင်နှင့်ချီ၍ သန့်စင်ထားခဲ့လေသည်။ အဲဒါကို အချိန်တိုအတွင်း ပယ်ဖျက်နိုင်ဖို့က လုံးဝ လက်တွေ့မဆန်ပေ။

ဆူဇီမိုသည် ဆုံးဖြတ်ချက်တစ်ခုချပြီး ဤမူလဓမ္မလက်နက်များ အားလုံးကို အစိမ်းရောင်ကြာအရိုးစုထဲသို့ အရည်ဖျော်ပေါင်းထည့်ဖို့ ပြင်ဆင်လိုက်လေသည်။

ထိုအခါ အစိမ်းရောင်ကြာပန်း အရိုးစုသည် ထိုမူလဓမ္မလက်နက်များထက် ပို၍ မာကြောခက်ထန်လာပြီး ကိုင်လှုပ်နိုင်တော့မည် မဟုတ်ပေ။

သမိုင်းတစ်လျှောက်တွင် သူတို့၏ အရိုးများနှင့် ခန္ဓာကိုယ်ကို​ ပြန်လည်မီးဆေးတည်ဆောက်ခဲ့သော ကျင့်ကြံသူ အနည်းအကျဉ်းမျှသာ ရှိလေသည်။

အရိုးစုတစ်ခုကို ပုံသွင်းဖို့အတွက် ဤမျှအတိုင်းအတာထိ သုံးဖြုန်းနိုင်သည့်သူမှာ သမိုင်းတစ်လျှောက်တွင် ဆူဇီမိုက ပထမဆုံးလူ ဖြစ်ပေလိမ့်မည်။

ဤအရိုးစုကို ပုံသွင်းဖို့အတွက် သူသည် ဖန်တီးခြင်းကြာရိုးကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုပြီး ရှေးဟောင်းထိပ်သီးဂိုဏ်းကြီးများကနေ ခေတ်အဆက်ဆက် အမွေခံဆင်းသက်လာခဲ့သော မူလဓမ္မလက်နက်များစွာကို ထပ်မံရောနှောပေါင်းစပ်ခဲ့လေသည်။ ဤအရိုးစု၏ အရည်အသွေးနှင့် တန်ဖိုးကို စဉ်းစားကြည့်နိုင်လေသည်။

သူသည် မူလဓမ္မလက်နက်များ အားလုံးကို အတူတကွ စုစည်းပြီး ရွှေရောင်ချော်ရည်ဖြင့် အဆက်မပြတ် အပူပေးလိုက်လေသည်။

ပထမဆုံး အရည်ပျော်လာသည်မှာ တာအိုသက်ရှိ ကောင်းကင်စင်ရော်၏ ဆေဘာဖြစ်လေသည်။

ချော်ရည်၏ လောင်မြိုက်မှုအောက်တွင် များစွာသော မည်ကာမတ္တ တပည့်များ၏ အမြုတေစိတ်ဝိညာဉ် ခတ်နှိပ်မှုများက လျင်မြန်စွာ ပျက်ပြယ်လာခဲ့လေသည်။

ဆေဘာသည် လောင်ကျွမ်းနီရဲလာပြီး တဖြည်းဖြည်း အပိုင်းပိုင်းကြေမွကာ ရွှေညိုရောင်အရည်များအဖြစ် ပြောင်းလဲလာခဲ့လေသည်။

အဲဒီနောက်.. ဆိုးယုတ်မြေကမ္ဘာဂိုဏ်း၏ အရိုးလှံတံ၊ ကိုယ်တော်ပုံသဏ္ဌာန်မဲ့၏ သစ်သားငါးနှင့် လက်ရိုက်တံ၊ မိုးကြိုးလေပြေတူ၊ ဖန်သားသက်တံစေတီနှင့် နဂါးစစ်ထိုးလက်ရိုက်တုတ်တို့က တစ်ခုပြီးတစ်ခု အရည်ပျော်လာခဲ့လေသည်။

သို့သော်လည်း ကစဉ့်ကလျားအမြုတေခေါင်းလောင်းကတော့ မပျက်မစီး ကျန်ရှိနေသေးလေသည်။

“ဟမ့်”

ဆူဇီမိုက သူ၏မျက်လုံးကို မှေးကျဉ်းပြီး ကစဉ့်ကလျားအမြုတေခေါင်းလောင်းကို ခဏကြာအောင် စိုက်ကြည့်နေလေသည်။

ကြည့်ရသည်မှာ.. ကစဉ့်ကလျားအမြုတေခေါင်းလောင်းက မူလဓမ္မလက်နက်များကြားတွင် အသန်မာဆုံး ဖြစ်ပုံရလေသည်။

သူသည် သီယင်းနှင့် တိုက်ခိုက်ခဲ့စဉ်တုန်းကလည်း ဤကစဉ့်ကလျားအမြုတေခေါင်းလောင်းကြောင့်ပင် ဖန်တီးခြင်းကြာပဒုမ္မာ၏ စွမ်းအားထက်ဝက်ကျော်က ထိန်းသိမ်းခြင်း ခံခဲ့ရလေသည်။

“ဒီကစဉ့်ကလျားအမြုတေခေါင်းလောင်းကို အရည်မဖျော်နိုင်ဘူးဆိုရင်.. ငါက သူ့ရဲ့ အမြုတေစိတ်ဝိညာဉ်ခတ်နှိပ်မှုကို ပယ်ဖျက်ပြီး မူပိုင်ဓမ္မလက်နက်တစ်ခုအဖြစ် အသုံးပြုရမယ်”

ဆူဇီမိုက ထိုသို့မျှော်လင့်လိုက်လေသည်။

ရုတ်တရက်ဆိုသလို..

ပြောင်းလဲမှုတစ်ခုက ဖြစ်ပေါ်လာခဲ့လေသည်။

ဒေါင်…

ရုတ်တရက် ဆိုင်းမဆင့်ဗုံမဆင့်.. ကစဉ့်ကလျားအမြုတေခေါင်းလောင်းက ဆတ်ခနဲ တုန်ခါသွားပြီး လူတစ်ယောက်၏စိတ်ကို လှုပ်ခတ်စေနိုင်သော ကျယ်လောင်သည့် သံရှည်တစ်ခုက ထွက်ပေါ်လာခဲ့လေသည်။

ခေါင်းလောင်းသံနှင့် ရင်ဆိုင်ရချိန်တွင်.. ဆူဇီမို၏ ဓမ္မစွမ်းအားခန္ဓာကိုယ်က အက်ကွဲကြောင်းများ ဖြစ်ပေါ်လာပြီး ပျက်ပြယ်လုနီးပါး ဖြစ်လာခဲ့လေသည်။

“ဂျူနီယာ.. မင်းက ကစဉ့်ကလျားအမြုတေဂိုဏ်းရဲ့ အမွေအနှစ်ဓမ္မလက်နက်ကို ဖျက်ဆီးတဲ့အတွက် သေရမယ်”

ကစဉ့်ကလျားအမြုတေခေါင်းလောင်းထဲကနေ အိုမင်းနေသော အသံတစ်သံက အကန့်အသတ်မဲ့သော သတ်ဖြတ်လိုစိတ်နှင့်အတူ ထွက်ပေါ်လာခဲ့လေသည်။

အဲဒီနောက် ချက်ချင်းပင် ပုံရိပ်ယောင်တစ်ခုက ထွက်ပေါ်လာခဲ့လေသည်။ ကစဉ့်ကလျားအမြုတေဂိုဏ်း ဝတ်ရုံကို ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ယောက်သည် လှိုဏ်ဂူထဲမှာ မတ်တတ်ရပ်နေလေသည်။ သူက ဆူဇီမိုကို အေးစက်စက် အကြည့်နှင့် ငုံ့ကြည့်နေပြီး အလွန်ကြီးမားသည့် စွမ်းအားတစ်ခုကို ဖြာထုတ်ပေးလာလေသည်။

ထိုဖိအားနှင့် ရင်ဆိုင်ရချိန်တွင် ဆူဇီမိုက လုံးဝ လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။

မင်းဝမ်ဆုတောင်းပုတီး၏ ထောက်ပံ့မှုနှင့်ပင်လျှင် အဲဒါက သုံးစားမရတော့ပေ။

ဆူဇီမို၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်လာခဲ့လေသည်။

အဲဒါက ကစဉ့်ကလျားအမြုတေဂိုဏ်း ပညာရှင်၏ အစစ်အမှန်ခန္ဓာကိုယ်တစ်ခု မဟုတ်သည်ကို သူပြောနိုင်လေသည်။

အဲဒါက ကစဉ့်ကလျားအမြုတေခေါင်းလောင်းထဲမှ အကြွင်းအကျန် အသိစိတ်တစ်ခုမျှသာ ဖြစ်လေသည်။

အဲဒါက ကစဉ့်ကလျားအမြုတေဂိုဏ်းမှ ရှေးဟောင်းခေတ်က ပညာရှင်တစ်ယောက်၏ အကြွင်းအကျန် အသိစိတ်တစ်ခု ဖြစ်လေသည်။

ရွှေရောင်ချော်ရည်များသည် သီယင်း၏ အမြုတေစိတ်ဝိညာဉ် ခတ်နှိပ်ထားမှုကို သန့်စင်လိုက်ပြီးနောက်.. ၎င်းက အကြွင်းအကျန် အသိစိတ်ကို နှိုးဆွမိသွားခဲ့လေသည်။

အဲဒါက အကြွင်းအကျန် အသိစိတ်တစ်ခုသာ ဖြစ်သော်လည်း ဆူဇီမိုကို သတ်ဖြတ်ဖို့အတွက် လုံလောက်လေသည်။

ဆူဇီမို၏ မူလခန္ဓာကိုယ်က ဤနေရာမှာ ရှိနေလျှင်တောင် ဤဖိအားအောက်ကနေ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။ သူတို့နှစ်ယောက်ကြား ကွာဟချက်က အရမ်းကို ကြီးမားလွန်းလေသည်။ အဲဒါက တကယ့်ကို မမျှော်လင့်ထားသော ကပ်ဆိုးတစ်ခု ဖြစ်လေသည်။

သူသည် ပိုင်ရှင်မဲ့ ဓမ္မလက်နက်တစ်ခုကို သန့်စင်ရုံမျှနှင့် ဤကဲ့သို့သော ကပ်ဆိုးတစ်ခုက ပေါ်ထွက်လာလိမ့်မည်ဟု ဆူဇီမိုက ထင်မှတ်မထားမိပေ။

အဲဒါက မဟာချွမ် အပျက်အစီးနယ်မြေအထက်မှာဆိုလျှင် ဤနေရာတွင် ဖြစ်ပေါ်သော ရုတ်ရုတ်သဲသဲ အခြေအနေက ကိုယ်တော်ယွမ်ပေနှင့် မွေးနီတစ္ဆေတို့ကို သတိဝင်သွားစေပေလိမ့်မည်။

သို့သော်လည်း ဤနေရာက မဟာချွမ် အပျက်အစီး၏ အနက်ပိုင်းထဲမှာ ဖြစ်နေလေသည်။

ကိုယ်တော်ယွမ်ပေနှင့် မွေးနီတစ္ဆေက အဲဒါကို အာရုံခံမိလျှင်တောင် နောက်ကျလွန်းသွားပေလိမ့်မည်။

ဖျတ်ခနဲဆို ဆူဇီမို၏စိတ်ထဲတွင် အတွေးပေါင်းများစွာက ဝင်ရောက်လာပြီး သူက ကူကယ်ရာမဲ့မှုကို ခံစားလိုက်ရလေသည်။

“ငါက ဒီလိုကပ်ဆိုးတစ်ခုနဲ့ ကြုံတွေ့ရဖို့ ကံပါလာခဲ့ပြီးသားနဲ့ တူပါတယ်.. နောက်ဆုံးမှာတော့ ငါက အဲဒါကို မရှောင်လွှဲနိုင်ဘူးပဲ”

ဆူဇီမိုက သက်ပြင်းချလိုက်လေသည်။

တကယ်တော့ ခေါင်းလောင်းသံက ပေါ်ထွက်လာသည့် ခဏမှာပင် လှိုဏ်ဂူထဲရှိ နောက်ထပ် တည်ရှိမှုတစ်ခုကို သတိဝင်သွားစေခဲ့လေသည်။

မီးတောင်ထဲတွင်.. ရွှေရောင်ချော်ရည်များအတွင်း၌ ထွင်းဖောက်လုနီးပါး ကြည်လင်နေသော ခေါင်းတလားတစ်ခုက မျောနေလေသည်။

ခေါင်းတလားထဲတွင်.. ပြိုင်ဘက်ကင်း ချောမောလှပသော အမျိုးသမီးတစ်ယောက် လှဲလျောင်းနေလေသည်။ သူမ၏ သွင်ပြင်က အလွန်တရာ ကျက်သရေရှိပြီး သူမ၏ လက်နှစ်ဖက်ကို သူမ၏ ရင်ဘတ်ပေါ်မှာ ယှက်၍ တင်ထားလေသည်။ သူမသည် နဖူးမှ ခြေဖျားအထိ အဝတ်ဗလာဖြစ်ပြီး သူမ၏ အသားအရည်က ကျောက်စိမ်းကဲ့သို့ ချောမွေ့နေလေသည်။ သူမက ကောင်းကင်ဘုံကိုးလွှာမှ နတ်သမီးတစ်ပါးနှင့် တူနေလေသည်။

ခေါင်းလောင်းသံ မြည်လာသည့် ခဏမှာပင် အမျိုးသမီး၏ မျက်တောင်ရှည်များက တဖျပ်ဖျပ် လှုပ်လာခဲ့လေသည်။

လှပသော မျက်ဝန်းတစ်စုံက ရုတ်တရက် ပွင့်လာခဲ့လေသည်။

အဲဒီနောက် ချက်ချင်းပင် ကြည်လင်နေသော ခေါင်းတလားသည် အပေါ်သို့ ဖြည်းဖြည်းချင်း တက်လာ​ပြီး မီးတောင်နှုတ်ခမ်းဝဆီသို့ မျောလွင့်လာခဲ့လေသည်။

All Chapters