ပြန်လည်မွေးဖွားလာခြင်း
Vol. 71 Ch. 1065
အမျိုးသမီးက ထွက်ခွာသွားပြီးဖြစ်သော်လည်း ဆူဇီမိုသည် နေရာမှာပင်ရပ်တန့်၍ သူ၏အတွေးထဲမှာ အတန်ကြာသည့်အထိ နစ်မျောနေမိလေသည်။
ဤအမျိုးသမီး နိုးထလာပြီးနောက် ပထမဆုံးအမေးခံရသည့်သူမှာ အဘယ့်ကြောင့် မြေခွေးလေးဖြစ်နေရတာလဲ...။
သူမက မြေခွေးလေးနဲ့ ဘယ်လိုများ ပတ်သက်ဆက်နွယ်နေသလဲ...။
အဲ့ဒါထက် သူမသည် မြေခွေးလေး၏ အမေနှင့် ဘယ်လိုမျိုးပတ်သက်ဆက်နွယ်မှု ရှိနေသလဲ...။
ရုတ်တရက် ဆူဇီမိုသည် တစ်စုံတစ်ရာကို ပြန်လည်အမှတ်ရလာလေသည်။
သူသည် မြေခွေးလေးနဲ့အတူ နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေသို့ ခုန်ချခဲ့ပြီးနောက် ကိုယ်တော်ယွမ်ပေနှင့် ပထမဆုံးတွေ့ဆုံသည့်အချိန်တွင် ထိုသူက သူ့ကိုတစ်စုံတစ်ရာ ပြောခဲ့ဖူးလေသည်။
“မြေခွေးလေး... သူ့ကို ကောင်းကောင်းဂရုစိုက်ပေးလိုက်... သူမကို ထိခိုက်မခံစားရစေနဲ့”
ထိုအချိန်တုန်းက ဘုန်းကြီးအိုသည် တစ်စုံတစ်ရာကို ပြောချင်သော်လည်း တွေဝေတုံ့ဆိုင်းနေခဲ့သည်ကို ဆူဇီမိုက သတိထားမိခဲ့လေသည်။
သို့သော်လည်း သူက မေးမည်ပြုစဥ်က ဘုန်းကြီးအိုက စကားလမ်းကြောင်းပြောင်း၍ ထိုကိစ္စကိုကျော်လိုက်လေသည်။
ယခု အဲ့ဒါကို ပြန်တွေးကြည့်သောအခါ ဘုန်းကြီးအိုသည် ဤအမျိုးသမီးနှင့် မြေခွေးလေး၏ ပတ်သက်ဆက်နွယ်မှုကို သိရှိနိုင်လောက်လေသည်။ သူ,မပြောဖြစ်ခဲ့သော စကားမှာ ဤအအမျိုးသမီးနှင့် ပတ်သက်ဆက်နွယ်နေတာ ဖြစ်ဖို့များလေသည်။
ဤအမျိုးသမီးသည် သူ့ကိုကယ်တင်ခဲ့ခြင်းမှာလည်း မြေခွေးလေးကြောင့်ပင် ဖြစ်ဖို့များလေသည်။
မြေခွေးလေးက ထိခိုက်ခံစားရတာ သို့မဟုတ် ဆိုးဆိုးရွားရွားပုံစံဖြင့် အသက်ရှင်ရတာ သူမမြင်တွေ့မည်ဆိုလျှင် ဤအမျိုးသမီးက သူနဲ့ စာရင်းရှင်းဖို့အတွက် အမှန်တကယ်ပင် ပြန်ရောက်လာနိုင်လေသည်။
ဆူဇီမိုသည် သူ၏ဦးခေါင်းကို ခါယမ်းပြီး ထိုအတွေးများကို လောလောဆယ် ဖယ်ထုတ်ကာ သူ၏အရိုးစုကို တည်ဆောက်ဖို့အတွက် ဆက်လက်အာရုံစိုက်လိုက်လေသည်။
အကြွင်းအကျန်အသိစိတ်၏ စွမ်းအားဖိနှိမ်မှုမရှိသောအခါ ကစဉ့်ကလျားအမြုတေခေါင်းလောင်းသည် ရွှေရောင်ချော်ရည်၏ အပူအောက်မှာ တဖြည်းဖြည်းအရည်ပျော်လာခဲ့လေသည်။ အဲ့ဒါက အခြားသော မူလဓမ္မလက်နက်များနှင့်အတူ ပျော်ရည်တစ်ခုအဖြစ် ပေါင်းစည်းသွားခဲ့လေသည်။
ဆူဇီမိုသည် ထိုပျော်ရည်ကို ကျောက်စိမ်းရောင်အရိုးစုပေါ်မှာ နည်းနည်းချင်းစီ သုတ်လိမ်းလိုက်လေသည်။
အရိုးစုသည် တဖြည်းဖြည်း ရွှေညိုရောင်သန်းလာပြီး သတ္တုဆန်ဆန်အလွှာတစ်ခုကို ရရှိလာကာ ပို၍ပင်မာကျော ခက်ထန်လာခဲ့လေသည်။
သုံးရက်ကြာပြီးနောက် ဆူဇီမို၏ များစွာသော မူလဓမ္မလက်နက်များသည် အစိမ်းရောင်ကြာအရိုးစုနှင့် ပေါင်းစည်းသွားခဲ့လေပြီ။
သူသည် အစိမ်းရောင်ကြာရွက်များကို တစ်ဖန်ထပ်၍ အရည်ကျိုပြီး အစိမ်းရောင်ကြာပန်းအရိုးစုအပေါ်လွှမ်းခြုံကာ အရေပြားတစ်လွှာကို ဖြစ်ပေါ်လာစေလေသည်။
အောင်မြင်သွားလေပြီ....
သူသည် သူ၏မျိုးဆက်သွေးနှင့် ကိုယ်တွင်းအင်္ဂါများကို မဖန်တီးနိုင်သေးသော်လည်း သူနှင့် သူ့ရှေ့ရှိ အရိုးစုကြားတွင် လျှို့ဝှက်ဆန်းကြယ်သော ဆက်သွယ်ချက်တစ်ခု ရရှိလာသည်ကို သူက ခံစားမိလေသည်။
ဆူဇီမိုသည် သူနှင့်အတူ အရိုးစုကို ယူဆောင်ပြီး အပေါ်သို့ ပြန်တက်လာခဲ့လေသည်။ သူက သိုလှောင်အိတ်ထဲရှိ စိတ်ဝိညာဥ်ဆေးပင်များနှင့် ဆေးလုံးများအားလုံးကို စိတ်ဝိညာဥ်ရေကန်ထဲသို့ လောင်းထည့်လိုက်လေသည်။
ချက်ချင်းပင် ကြွယ်ဝသောအသက်ဓာတ်အားက စိတ်ဝိညာဥ်ရေကန်ထဲကနေ ပေါက်ကွဲထွက်ပေါ်လာပြီး များစွာသော စိတ်ဝိညာဥ်ပစ္စည်းများသည် ရေကန်ထဲမှာ လွင့်မျော၍ ပေါက်ကွဲထွက်ပေါ်လာသော အသက်ဓာတ်အားက စိတ်ဝိညာဥ်ရေနှင့်အတူ ပေါင်းစည်းသွားခဲ့လေသည်။
ဆူဇီမိုသည် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ အစိမ်းရောင်ကြာအရိုးစုကို အထဲသို့ ပစ်ထည့်လိုက်လေသည်။ အနက်ရောင်ဆံပင်အမြုတေစိတ်ဝိညာဥ်သည် ၎င်း၏ နှာရောင်ထဲသို့ဝင်ရောက်သွားပြီး အသိစိတ်ကို လွှဲပြောင်းရယူလိုက်လေသည်။
အဲ့ဒါက စိတ်ဝိညာဥ်ရေကန်၏ အောက်ခြေသို့ တဖြည်းဖြည်းနစ်မြုပ်သွားလေသည်။
အကန့်အသတ်မဲ့သော အသက်ဓာတ်အားစီးကြောင်းများသည် အစိမ်းရောင်ကြာပန်းအရိုးစုဆီသို့ တိုးဝင်လာကြလေသည်။
တစ်ချိန်တည်းမှာပင် ဆူဇီမိုသည် သူ၏အမြုတေစိတ်ဝိညာဥ်ဖြင့် ဓမ္မစွမ်းအားများကို လှည့်ပတ်ပြီး အရိုးစုကို အဆက်မပြတ် တုန်ခါလာစေလေသည်။
အစကတော့ အဲ့ဒီမှာ အရိုးမျာတုန်ခါနေသံသာ ထွက်ပေါ်လေသည်။ သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ အရိုးစုအတွင်းကနေ ရေစီးနေသကဲ့သို့ အသံများကိုကြားလာရလေသည်။
ဝေါ....
သူ၏ ခြင်ဆီများက စီးဆင်းလာပြီး သွေးအဖြစ်ဖလှယ်ရယူလာလေသည်။
တဖြည်းဖြည်းနှင့် ပုစဥ်းတောင်ပံများလောက် ပါးလွှာသော ပန်းရောင်အမှေးပါးလေးများသည် စိမ်းရွှေရောင်အရိုးစုပေါ်မှာ ပေါ်ထွက်လာခဲ့လေသည်။
အချိန်က ဖြည်းဖြည်းချင်းကုန်ဆုံးလာခဲ့လေသည်။ အမှေးပါးများပေါ်တွက် အသားစများက စတင်ကြီးထွားလာပြီး တဖြည်းဖြည်းပြည့်နှက်လာခဲ့လေသည်။
ဆူဇီမို၏ မျက်နှာပေါ်ရှိအရေးအကြောင်းများက တဖြည်းဖြည်းပို၍ ရှင်းလင်းလာခဲ့လေသည်။
သူ၏ကိုယ်တွင်းအင်္ဂါများသည် ကကလရည်ကြည်ပုံစံဖြင့် သူ၏ခန္ဓာကိုယ်တွင်းမှာ စတင်ဖြစ်တည်လာခဲ့လေသည်။
စိတ်ဝိညာဥ်ရေကန်၏အောက်ခြေတွင် စိမ်းရွှေရောင်အရိုးစုသည် မလှုပ်မယှက်လဲလျောင်းနေလေသည်။ သို့သော်လည်း အရိုးစုအတွင်းရှိ အသက်ဓာတ်အားက တဖြည်းဖြည်းပို၍ သန်မာလာနေလေသည်။
စိတ်ဝိညာဥ်ရေကန်တစ်ခုလုံးက တဖြည်းဖြည်းဝဲကတော့ပုံစံဖြင့် လည်ပတ်လာခဲ့လေသည်။
အရိုးစုသည် တွင်းနက်တစ်ခုကဲ့သို့ အသက်ဓာတ်အားလုံးကို စုပ်ယူဝါးမြိုနေလေသည်။
ထိုအခိုက်အတန့်တွင် များစွာသောပြိုင်စံရှားများကို ကြောက်ရွံ့မှုဖြင့် တုန်လှုပ်စေခဲ့သော နံပါတ်တစ်ပြန်ဝင်စားမွန်းစတားသည် ထျန်ဟွမ်ကုန်းမြေတိုင်ကြီး၏ မြောက်ပိုင်းဒေသရှိ အပျက်အစီးနယ်မြေတစ်ခုအောက်မှာ ပြန်လည်မွေးဖွားခြင်းကို တွေ့ကြုံခံစားနေသည်ကို ကျင့်ကြံရေးလောကရှိ မည်သူကမှ မသိရှိကြပေ။
သူ၏ အစစ်အမှန်ခန္ဓာကိုယ်နှစ်ခုစလုံးက ပြန်လည်မွေးဖွားခြင်းကို တွေ့ကြုံဖြတ်သန်းနေကြလေသည်။
တစ်လကြာပြီးနောက်....
မဟာချွမ်အပျက်အစီးနယ်မြေအောက်တွင် စိတ်ဝိညာဥ်ရေကန်ထဲမှာ မည်သည့်ဝဲဂယက်မှ ရှိမနေတော့ပေ။ အဲ့ဒါက ညိုးခြောက်သွားသော သစ်ရွက်များနှင့် စိတ်ဝိညာဥ်ဆေးပင်များဖြင့် ပြည့်နှက်နေလေသည်။
စိတ်ဝိညာဥ်ရေကန်သည် နှစ်တစ်သောင်းကြာသည့်တိုင်အောင် မခမ်းခြောက်ဘဲ စိတ်ဝိညာဥ်ချီများဖြင့် ပြည့်နှက်နေခဲ့ဖူးလေသည်။
သို့သော်လည်း တစ်လမျှကြာပြီးနောက် စိတ်ဝိညာဥ်ရေကန်ထဲမှာ မည်သည့်စိတ်ဝိညာဥ်ချီမှ မကျန်ရှိတော့ဘဲ အဲ့ဒါက ရေတွင်းပျက်တစ်ခုလို ဖြစ်သွားခဲ့လေသည်။
ရုတ်တရက်ဆိုသလို....
အစက တည်ငြိမ်နေသော ရေမျက်နှာပြင်ပေါ်တွင် လှိုင်းဂယက်များက ပေါ်ထွက်လာခဲ့လေသည်။
ပုံရိပ်တစ်ခုက ဖြည်းဖြည်းချင်း ကြွတက်လာပြီး ပို၍ရှင်းလင်းလာခဲ့လေသည်။
ရွှစ်.....
ရေသံများက ထွက်ပေါ်လာပြီး ပုံရိပ်တစ်ခုသည် ရေပြင်ကနေ ထိုးထွက်၍ လေထဲမှာမတ်တတ်ရပ်လိုက်လေသည်။
အဲ့ဒါက ကျစ်လျစ်၍ အငွေ့တထောင်းထောင်းထနေသော ပြီးပြည့်စုံသည့် ခန္ဓာကိုယ်တစ်ခုဖြစ်လေသည်။ ၎င်း၏ အရေပြားက မွေးကင်းစကလေးငယ်တစ်ယောက်ကဲ့သို့ နူးညံ့နေလေသည်။
ထိုလူက အနက်ရောင်ဆံပင်ကို ဖားလျားချထားပြီး သူ၏မျက်နှာက ရှင်းသန့်၍ ဖြူဖွေးနေလေသည်။ သူသည် နူးညံသိမ်မွေ့သောသွင်ပြင်ရှိပြီး သူ၏မျက်လုံးများက နက်ရှိုင်း၍ ကြည်လင်နေလေသည်။ အဲ့ဒါက အသစ်တစ်ဖန်ပြန်လည်မွေးဖွားလာသော ဆူဇီမိုဖြစ်လေသည်။
ဆူဇီမိုသည် သူ၏ခေါင်းကိုငုံ့ထားပြီး သူ့မျက်လုံးထဲရှိ ဝမ်းသာပျော်ရွှင်မှုတစ်စွန်းတစ်စနှင့်အတူ သူ၏ခန္ဓာကိုယ်ကို ကြည့်ရှုနေလေသည်။
သူ၏ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာကိုယ်၏ မျိုးဆက်သွေးနှင့် ခွန်အားသည် သူ၏ အစစ်အမှန်နဂါးခန္ဓာကိုယ်ထက် နိမ့်ကျသေးသော်လည်း အဲ့ဒါက လုံလောက်အောင်မာကျောမှုရှိလေသည်။
အဆင့် ၆ ဖန်တီးခြင်းကြာပဒုမ္မာသည် မူလတာအိုအရှင်ဓမ္မလက်နက်တစ်ခုနှင့် ယှဥ်ပြိုင်တိုက်ခိုက်နိုင်လေသည်။
အခုအခါ ကြာရိုးနှင့် များစွာသော မူလဓမ္မလက်နက်များကနေ ဖြစ်ပေါ်လာသော အရိုးစုသည် မူလတာအိုအရှင်ဓမ္မလက်နက်တစ်ခုနှင့် တူညီလုနီးပါးဖြစ်လေသည်။
ဒါ့အပြင် သူ၏ အရေပြားက ဖန်တီးခြင်းကြာပဒုမ္မာ၏ ကြာရွက်များနှင့် ဖန်တီးထားခြင်းဖြစ်လေသည်။
သူသည် နေရာမှာပင် မလှုပ်မယှက်ရပ်နေလျှင်တောင် မူလနတ္ထိဓမ္မလက်နက်တစ်ခုက သူ့၏ ခန္ဓာကိုယ်ကို ထိုးဖောက်နိုင်လိမ့်မည်မဟုတ်ပေ။ အဲ့ဒါက သူ၏အရွတ်များနှင့် အရိုးများကို ထိခိုက်စေနိုင်ဖို့က ပိုလို့တောင်မဖြစ်နိုင်ပေ။
ဆူဇီမိုသည် အစိမ်းရောင်ဝတ်ရုံကို တစ်ဖန်ဝတ်ဆင်လိုက်ပြီး အပျက်အစီးနယ်မြေကို ဖြတ်ကျော်ကာ နဂါးသင်္ချိုင်းတောင်ကြားဆီသို့ ဦးတည်လာခဲ့လေသည်။
သူသည် အချိန်အတိုင်းအတာတစ်ခုကြာအောင် နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှာ တံခါးပိတ်ကျင့်ကြံဖို့ ရည်ရွယ်ထားလေသည်။
သူသည် တိုက်ပွဲများဆက်တိုက်တိုက်ခိုက်ပြီးနောက် အနားမယူခဲ့ရသလောက်နီးပါးပင်။
ယခုအချိန်က သူ့အနေဖြင့် တိုက်ခိုက်မှုများကို ရပ်နား၍ သူတွေ့ကြုံခဲ့ရသည်များကို ကြေညက်အောင်ပြုလုပ်ရမည့်အချိန်ပင်။
ယခုသူသည် မူလနတ္ထိအဆင့်သို့ရောက်ရှိလာပြီး ခရမ်းရောင်မိုးကြိုးကျမ်းနှင့် အစိမ်းရောင်မိုးကြိုးကျမ်းကို ပေါင်းစည်းကာ ပြီးပြည့်စုံသော မဟာဗလာနယ်စိတ်ဝိညာဥ်သန့်စင်ခြင်းအပိုင်းကို ရရှိလာခဲ့လေပြီ။
ဤအင်မော်တယ်ကျင့်ကြံရေးနည်းစနစ်ကိုကျင့်ကြံပြီးနောက် သူ၏တိုက်ခိုက်ရည်ခွန်အားက တစ်ဖန်ထပ်၍ တိုးလာပေလိမ့်မည်။
နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေတွင်ရှိသော တာမင်းကျောင်းတော်နှင့် ဖာဟွားကျောင်းတော်မှ မူလနတ္ထိအဆင့် သုတ္တန်ကိုများကို လေ့လာဖတ်ရှုပြီးလျှင် သူ၏တိုက်ခိုက်ရည်ခွန်အားက တစ်ဖန်ထပ်၍ တိုးလာပေဦးမည်။
အဲ့ဒီမှာ ကောင်းကင်သတ်ဖြတ်ခြင်းဓားကျမ်းကဲ့သို့သော ထိပ်တန်းအဆင့် ဓမ္မပညာရပ်များစွာလည်း သူ့မှာရှိသေးလေသည်။
ဤတစ်ခေါက်တံခါးပိတ်ကျင့်ကြံခြင်းတွင် သူကျင့်ကြံရမည့် ပညာရပ်များစွာ ရှိနေလေသည်။
ကျင့်ကြံရေးလောကတစ်ခုလုံးတွင် လူတိုင်းနီးပါးသည် ဆူဇီမိုက သူ၏ခန္ဓာကိုယ် ၊ ဖန်တီးခြင်းကြာပဒုမ္မာနှင့် နတ်ဖီးနစ်အရိုးတို့ကို ဆုံးရှုံးရပြီးနောက် သူ၏ တိုက်ခိုက်ရည်ခွန်အားနှင့် ဂုဏ်ကျက်သရေများသည် အတိတ်ကာလမှာ ကျန်ရစ်ခဲ့ပြီဟု တွေးထင်ခဲ့ကြလေသည်။
သူက မည်ကာမတ္တတပည့်များကို မပြောနှင့် မူလနတ္ထိအဆင့်မှာရှိသော သာမန်ပြိုင်စံရှားများကိုပင် ယှဥ်ပြိုင်နိုင်ခြင်းမှ ယှဥ်ပြိုင်နိုင်ပေတော့မည်။
သို့သော်လည်း ဆူဇီမိုတံခါးပိတ်ကျင့်ကြံရာမှာ ထွက်လာမည့်နေ့သည် သမိုင်းတစ်လျှောက် နံပါတ်တစ်ပြန်ဝင်စားမွန်းစတား ပြန်လည်ပေါ်ထွက်လာမည့်နေ့ ဖြစ်မည်ဆိုတာကို မည်သူကမှမသိကြသေးပေ။
သူက များစွာသောမည်ကာမတ္တတပည့်များနှင့် ရင်ဆိုင်ရမည်ဆိုလျှင်တောင် သူက သူတို့အားလုံးကို ဖိနှိမ်ဖို့လုံလောက်အောင် သန်မာနေဆဲဖြစ်လေသည်။
နဂါးသင်္ချိုင်းတောင်ကြားအစပ်သို့ ရောက်ရှိလာပြီးနောက် ဆူဇီမိုက ခုန်ချလိုက်လေသည်။
ဤချိုင့်ဝှမ်းသည် ကြောက်စရာကောင်းသော စွမ်းအားများစွာဖြင့် ပြည့်နှက်နေလေသည်။ သို့သော်လည်း ဒီတစ်ကြိမ်တွင်တော့ ဆူဇီမိုသည် မည်သည့်ဓမ္မလက်နက်ကိုမှ ထုတ်ဖော်ခြင်းမရှိဘဲ သူ၏ ခန္ဓာကိုယ်သက်သက်ဖြင့် ရောနှောနေသော ထိုစွမ်းအားများကြား တိုးဝင်လိုက်လေသည်။ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာကိုယ်က လုံးဝထိခိုက်ခြင်းမရှိပေ။
ဝုန်း....
တစ်ခဏအတွင်းမှာပင် ဆူဇီမိုက တောင်ကြားအောက်ခြေသို့ရောက်ရှိသွားခဲ့လေသည်။
သူသည် ဘုရားကျောင်းအိုကြီးသို့ ဝင်ရောက်မည်ပြုပြီးမှ သူ၏ခြေလှမ်းကို ရပ်တန့်၍ မျက်မှောင်ကြုတ်လိုက်လေသည်။
အဲ့ဒီမှာ နဂါးသင်္ချိုင်းတောင်ကြားနှင့် ပတ်သက်သော ဒဏ္ဍာရီများစွာရှိလေသည်။
ကြောက်စရာကောင်းဆုံးအချက်မှာ တောင်ကြားထဲသို့ ဝင်ရောက်ခဲ့သော ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များပင်လျှင် အသက်ရှင်လျှက် ပြန်ထွက်မလာနိုင်ခဲ့ဟုဆိုလေသည်။
အစကတော့ ထိုကျင့်ကြံများသည် ကြောက်စရာကောင်း၍ ကစဉ့်ကလျားဖြစ်နေသော စွမ်းအားများကြောင့် သတ်ဖြတ်ခံခဲ့ရသည်ဟု တွေးထင်ခဲ့မိလေသည်။
သို့သော်လည်း ယခုအခါမှာတော့ အဲ့ဒါက တစ်ခုခုလွဲမှားနေကြောင်း တဖြည်းဖြည်း သူက နားလည်လာခဲ့လေသည်။
တောင်ကြားအထက်တွင်ရှိသောစွမ်းအားသည် သူ၏ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာကိုယ်ကိုတောင် မထိခိုက်စေဟုဆိုလျှင် အဲ့ဒါက ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များကို ဘယ်လိုလုပ်သတ်ဖြတ်နိုင်ပါ့မလဲ...။
ဒါဆို ဒဏ္ဍာရီထဲမှာကျဆုံးသွားတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေကို ဘယ်သူက သတ်ဖြတ်ခဲ့တာလဲ...
ဒဏ္ဍာရီထဲမှာ နဂါးသင်္ချိုင်းတောင်ကြားတွင် ကျဆုံးသွားခဲ့သော ကျင့်ကြံသူများကို ဘယ်သူက သတ်ဖြတ်ခဲ့တာလဲ။
ကိုယ်တော်ယွမ်ပေ သို့မဟုတ် မွေးနီတစ္ဆေများဖြစ်နေမလား...
သူတို့နှစ်ယောက်စလုံးသည် ထိုသို့လုပ်ဆောင်နိုင်သော အစွမ်းအစရှိသော်လည်း သူတို့က သတ်ဖြတ်ခြင်းကိုခုံမင်သောသူများ မဟုတ်ကြပေ။