← Chapters

မိမိကိုယ်ကို အနိုင်ယူပါ။

Vol. 37 Ch. 512

မိမိကိုယ်ကို အနိုင်ယူပါ။

Vol. 37 Ch. 512

ဘာသာပြန်- The Fate

မွန်မြတ်မှုခုနစ်ပါးစေတီ၏ နဝမအလွှာတွင် ကုချိုးသည် သူ၏အရှေ့တွင်ရှိနေသော ပုံရိပ်ကြီးကို စူးစိုက်ကြည့်နေပြီး သူ၏အမူအယာမှာ တုန်လှုပ်ခြောက်ခြားလျက်ရှိ၏။

သူ့အရှေ့တွင် ပုံရိပ်တစ်ခုသာ ရှိနေပြီး ၎င်းပုံရိပ်၏ အရှိန်အဝါများသည် ချန်ခွမ်းယွမ်အစောပိုင်းအဆင့်ကျင့်ကြံမှုကိုသာ ထုတ်လွှတ်လျက်ရှိ၏။ ၎င်း၏ကျင့်ကြံမှုသည် သူ၏ကျင့်ကြံမှုနှင့် တူညီနေပါသည်။

"ငါ့ကို အနိုင်ယူပါ! ဒီလိုဆိုရင် မင်း နဝမအလွှာကို ဖြတ်ကျော်နိုင်လိမ့်မယ်။"

"အိုးး နောက်တစ်နည်းပြောရရင် မင်းကိုမင်း အနိုင်ယူပါပေါ့လေ!"

နဝမအလွှာ၏ အစောင့်အရှောက်သည် ကုချိုးကို အမူအယာမဲ့စွာ ကြည့်နေခဲ့ပြီး သူ၏ထူးမခြားနားသော အသံကြီးက နေရာလွတ်နယ်မြေအတွင်း ပဲ့တင်ထပ်သွားခဲ့သည်။

"ပုံတူလား?"

ကုချိုးက မျက်မှောင်ကြုတ်လိုက်ပြီး နက်ရှိုင်းသော အသံဖြင့်ပြောဆိုလိုက်သည်။

နဝမအလွှာ၏ အစောင့်အရှောက်မှာ သူကိုယ်တိုင်၏ ပုံတူတစ်ခု ဖြစ်နေလိမ့်မည်ဟု သူဘယ်တုန်းကမှ ထင်မထားခဲ့ချေ?

ဒါက စကြာဝဠာကြီးထဲမှာရှိတဲ့ ပြိုင်ဘက်ကင်းပါရမီရှင်တွေအားလုံးကို ပိတ်ဆို့နိုင်ခဲ့တဲ့ မွန်မြတ်မှုခုနစ်ပါးစေတီရဲ့ နဝမအလွှာတဲ့လား။ ကိုယ့်ကိုကိုယ် အနိုင်ယူရမှာလား။

ကုချိုးဟာ နဝမအလွှာ၌ အဆင့်ကြီးသုံးဆင့် သို့မဟုတ် လေးဆင့်ဖြတ်ကျော်၍ တိုက်ခိုက်ရမည်။သို့တည်းမဟုတ် ထိတ်လန့်ဖွယ်ကောင်းသော အစောင့်အရှောက်တစ်ယောက် ရှိနေလိမ့်မည်ဟု တွေးထင်ခဲ့မိသည်!

နဝမအလွှာရှိ အစောင့်အရှောက်သည် ပြုံးရယ်လိုက်သော်လည်း ဘာကိုမှ ထပ်မံမပြောကြားတော့ပါ။

"စိတ်ဝင်စားစရာပဲ။ မင်း ဒီသခင်လေးရဲ့စွမ်းဆောင်ရည် ဘယ်လောက်များများကို ပုံတူကူးနိုင်မလဲဆိုတာ သိချင်မိပါရဲ့!"

ကုချိုးက အရေမရအဖတ်မရပြောဆိုခြင်းကို ရပ်တန့်လိုက်ပြီး ရယ်မောပြောဆိုလိုက်သည်။ ချန်ခွမ်းယွမ်အစောပိုင်းအဆင့်၏ ခမ်းနားကြီးကျယ်သော စွမ်းအားများသည် ပျံ့လွင့်ထွက်ပေါ်လာခဲ့ပြီး နဝမအလွှာတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။ သူဟာ လက်သီးလုံးများကို ဝေ့ယမ်းလိုက်ပြီး အရိပ်အမျိုးမျိုး ပြောင်းလဲလျက် တိုက်ခိုက်လိုက်သည်။

"ဘုန်း!"

ပုံရိပ်နှစ်ခုသည် ပွတ်တိုက်မိသွားပြီး ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားကြီးတစ်ရပ် ထွက်ပေါ်လာခဲ့ကာ လေဟာပြင်ကို အက်ကွဲသွားစေခဲ့သည်။

ပထမတိုက်ခိုက်မှုတွင် သူတို့နှစ်ယောက်ဟာ ညီတူညီမျှဖြစ်နေခဲ့သည်။

"နတ်ဆိုးဆယ်ပါးရဲ့ ဘုံလောက!"

ကုချိုးက သွားပေါ်သည်အထိ ပြုံးရယ်လိုက်ပြီး တိုးညှင်းသောအသံဖြင့် ရေရွတ်လိုက်သည်။ သူ့တစ်ကိုယ်လုံးရှိ စွမ်းအားများမှာ ရုတ်တရက်ပေါက်ကွဲထွက်လာပြီး အနက်ရောင်မြူခိုးထုကြီးသည် သူ့ပတ်ပတ်လည်ကို ဝန်းရံထားခဲ့ကာ သူ့အား နတ်ဆိုးတစ်ပါး ဆင်းသက်လာသကဲ့သို့ ထင်မှတ်မှားစေခဲ့သည်။ ခမ်းနားကြီးကျယ်သော မှော်စွမ်းအားများသည် သူ၏လက်သီးကို ရစ်ပတ်လျက်ရှိပြီး ၎င်းလက်သီးလုံးမှာ လူအများကိုဝါးမျိုနိုင်သည့် တွင်းပေါက်နက်ကြီးကဲ့သို့ ဖြစ်နေခဲ့ချေသည်။

သို့သော်လည်း နဝမအလွှာအစောင့်အရှောက်၏ တုန့်ပြန်မှုကြောင့် ကုချိုး၏ မျက်ဝန်းသူငယ်အိမ်များမှာ လှုပ်ခါသွားခဲ့ရသည်။ သူ့မျက်နှာထက်ရှိ လှောင်ပြုံးမှာလည်း အပြည့်အဝ ပျောက်ကွယ်သွားခဲ့ရသည်။

နဝမအလွှာအစောင့်အရှောက်ကလည်း နတ်ဆိုးဆယ်ပါး၏ဘုံလောကကို ထုတ်လွှတ်လိုက်ကြောင်း သူတွေ့မြင်ခဲ့ရသည်။ မှင်ရောင်ကဲ့သို့ နက်မှောင်နေသော နတ်ဆိုးစွမ်းအားများက ထိုပုံရိပ်ထံမှ ထွက်ပေါ်လာခဲ့ပြီး ထိုပုံရိပ်၏ လက်သီးဟာလည်း အနက်ရောင်အလင်းတန်းများဖြင့် တောက်ပနေခဲ့သည်။

"ဘုန်း!"

ထိတ်လန့်ဖွယ်ကောင်းသော လက်သီးအလင်းလုံးနှစ်ခုသည် ပွတ်တိုက်မိသွားပြီး နားကွဲလုမတတ် ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့ကာ ထိတ်လန့်ဖွယ်ကောင်းသော မှော်စွမ်းအားသည် အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားခဲ့သည်။ ၎င်းတိုက်ခိုက်မှုဟာလည်း ညီတူညီမျှဖြစ်နေခဲ့ပြန်သည်။

"ဘုန်း!"

တန်ပြန်ရိုက်ခတ်မှုအားသည် သူတို့နှစ်ယောက်စလုံးကို လွင့်စင်ထွက်သွားစေခဲ့သည်။ ကုချိုးသည် တစ်ဖက်ရှိအစောင့်အရှောက်ကို စူးစိုက်ကြည့်လိုက်ပြီး ထိုသူ့ကို အနည်းငယ်တောင် အထင်မသေးရဲတော့ပါ။ ၎င်းမှာ ခုနစ်ပြည်ထောင်မှ စုစည်းဖန်တီးထားသည့် ရတနာပစ္စည်းဖြစ်ရန် ထိုက်တန်ပါချေသည်။ ထိုပုံရိပ်ယောင်၏ စွမ်းအားမှာ သူ့ထက်အားနည်းခြင်း မရှိပါ။

"မင်း ဘယ်လောက်လုပ်နိုင်မလဲဆိုတာ ငါသိချင်သေးတယ်။"

ကုချိုးဟာ အော်ဟစ်ပြောဆိုလိုက်ပြီး နဝမအလွှာအစောင့်အရှောက်ထံသို့ တစ်ဖြည်းဖြည်းချည်းကပ်သွားခဲ့သည်။ သူခြေလှမ်းလှမ်းလိုက်တိုင်းတွင် နတ်ဆိုးစွမ်းအားများသည် သူ၏ခန္ဓာကိုယ်ကို ပို၍သိပ်သည်းစွာ ဖုံးအုပ်လာခဲ့သည်။ နောက်ဆုံးမှာတော့ သူ့ခန္ဓာကိုယ်တစ်ခုလုံးဟာ ပမာဏအားဖြင့် ကြီးမားသော နတ်ဆိုးစွမ်းအားများ၏ ရစ်ပတ်ခြင်းကို ခံလိုက်ရကာ သူသည် ငရဲပြည်မှ လမ်းလျှောက်တက်လာသည့် နတ်ဆိုးတစ်ကောင်ကဲ့သို့ ဖြစ်နေခဲ့သည်။

"ဘန်း!"

ကုချိုး၏အသံသည် နတ်ဆိုးမိစ္ဆာတစ်ပါး၏ အော်ဟစ်သံကဲ့သို့ ဖြစ်နေခဲ့ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ အနက်ရောင်အလင်းတန်းများဖြင့် တောက်ပလာခဲ့သည်။ သူဟာ နဝမအလွှာအစောင့်အရှောက်ထံသို့ ပြေးဝင်သွားပြီး လက်သီးလုံးကြီးများဖြင့် တိုက်ခိုက်လိုက်သည်။

"ဘန်း! ဘန်း!"

ပွတ်တိုက်မှု အသံကြီးများသည် နေရာလွတ်နယ်မြေအတွင်း၌ အဆက်မပြတ်ထွက်ပေါ်လာခဲ့သည်မှာ စက်ယန္တရားတစ်ခု၏ အသံနှင့်တောင် တူညီနေခဲ့သည်။ ကုချိုးနှစ်ယောက်ဟာ အပြင်းအထန် တိုက်ခိုက်နေကြသည်။

ခမ်းနားသောစွမ်းအားသည် လှိုင်းများသဏ္ဌာန် ပျံ့လွင့်သွားခဲ့ပြီး နေရာလွတ်နယ်မြေတစ်ခုလုံးကို ပြင်းထန်စွာ တုန်လှုပ်စေခဲ့သည်။

တစ်နာရီ၏ လေးပုံတစ်ပုံကြာသည့်တိုင်အောင် သူတို့နှစ်ယောက်စလုံးသည် အဆက်မပြတ်တိုက်ခိုက်နေကြပြီးနောက် ပြန်လည်၍ ခွဲခွာသွားကြကာ တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင် ရပ်တန့်လိုက်ကြသည်။

ကုချိုးသည် အသက်ကို အမောတကောရှူလျက် တစ်ဖက်ရှိအစောင့်အရှောက်ကို စူးစိုက်ကြည့်နေခဲ့သည်။ ထိုပုံတူ၏စွမ်းအားမှာ သူနှင့်တောင် ရင်ဆိုင်နိုင်စွမ်းရှိလေသည်။ ဆက်လက်၍ တိုက်ခိုက်ပါက သူတို့နှစ်ယောက်စလုံး မောပန်း၍ သေဆုံးသွားရမှာကိုတောင် စိုးရိမ်မိ၏။

"ရှုံးနိမ့်တာကို ဝန်ခံလိုက်စမ်းပါ! မင်းမှာရှိသမျှအရာအားလုံး ငါ့မှာရှိတယ်။ မင်း ငါ့ကို အနိုင်မယူနိုင်ဘူး!"

နဝမအလွှာ၏ အစောင့်အရှောက်သည်လည်း မောပန်းနွမ်းနယ်စွာ အသက်ရှူရှိုက်လိုက်ရင်း ကုချိုးကို စိုက်ကြည့်လျက် တိုးညှင်းစွာ ပြောဆိုခဲ့သည်။

"အို! ဒီလိုတော့လည်း မဟုတ်သေးပါဘူးကွာ!"

ကုချိုးဟာ လှောင်ရယ်လိုက်ပြီး နတ်ဆိုးဆယ်ပါးဘုံလောကကို ပယ်ဖျက်လျက် ပျက်သုန်းခြင်းရုပ်ခန္ဓာကို အစားထိုးအသုံးပြုလိုက်သည်။ ခမ်းနားကြီးကျယ်သော ပျက်သုန်းခြင်း၏ စွမ်းအားများမှာ သူ့ထံမှ ထွက်ပေါ်လာခဲ့သည်။ သူ၏ သန်မာသော ရုပ်ခန္ဓာစွမ်းအားကို မွန်မြတ်မှုခုနစ်ပါးစေတီက ပုံတူပွားနိုင်လိမ့်မည်ဟု သူမယုံကြည်ပါ။

သို့သော်လည်း နောက်တစ်ခဏတွင် သူဟာ ကြောင်အလျက် တုန်လှုပ်သွားရသည်။

အဘယ်ကြောင့်ဆိုသော် သူ၏ရန်သူမှာလည်း ပြောင်းလဲသွားခဲ့ပြီး ပျက်သုန်းခြင်းရုပ်ခန္ဓာ၏ အရှိန်အဝါများကို ထုတ်လွှတ်လိုက်ချေသည်။ ၎င်းဟာ ကုချိုး၏ မျက်ဝန်းသူငယ်အိမ်များကို လှုပ်ရှားသွားစေလျက် အမူအယာမှာ ပျက်ယွင်းသွားခဲ့ရသည်။

သောက်ကျိုးနည်း။ မွန်မြတ်မှုခုနစ်ပါးစေတီက ဘယ်လိုလုပ် လုပ်နိုင်ရတာလဲ။ အစွမ်းထက်တဲ့ သွေးနှောပျက်သုန်းခြင်းရုပ်ခန္ဓာကိုတောင် ပုံတူပွားနိုင်တာလား။ ဒါကကြောက်စရာကြီး မဟုတ်ဘူးလား။

"ကျား!"

ကုချိုးဟာ မယုံကြည်နိုင်ခဲ့ပါ။ သူဟာ ပျက်သုန်းခြင်း၏ ခမ်းနားကြီးကျယ်သော စွမ်းအားများကို ရွေ့လျားစေလျက် သူ၏လက်သီးအထက်၌ စုစည်းစေခဲ့သည်။ သူ၏လက်သီးဟာ တောက်ပသော နေမင်းတစ်ခုအလား အလင်းရောင်များ အလက်လက်တောက်ပလျက် စွမ်းအားများဖြင့် ပြည့်နှက်လာခဲ့သည်။

သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ ရုတ်တရက်ပြေးထွက်သွားခဲ့ပြီး သူဟာ လက်သီးကို ဆန့်တန်းလျက် ထိုးနှက်တိုက်ခိုက်လိုက်ချေသည်။ အဆိုပါလက်သီးချက်ဟာ နေရာလွတ်နယ်မြေတစ်ခုလုံးကို ခါယမ်းစေခဲ့သည်။ ၎င်းလက်သီးချက်၏ လွှမ်းမိုးမှုအောက်တွင် လေထုသည် အက်ကွဲကြောင်းများဖြင့် တိုက်ရိုက်ပျက်စီးသွားရသည်။

အစောင့်အရှောက်ဟာလည်း စကားပြောဆိုခြင်းမရှိဘဲ သွေးနှောပျက်သုန်းခြင်းရုပ်ခန္ဓာ၏ စွမ်းအားများကို ထုတ်ဖော်လျက် လက်သီးလုံးကို ဝေ့ယမ်းကာဖြင့် ကုချိုးကို တိုက်ခိုက်ခဲ့သည်။

"ဘုန်း!"

နှစ်ယောက်သားဟာ ပွတ်တိုက်မိသွားပြီး ခမ်းနားကြီးကျယ်သော မှော်ဝင်စွမ်းအားများ ပျံ့နှံ့ထွက်သွားခဲ့သည်။ ထိတ်လန့်ဖွယ်ကောင်းသော ပျက်သုန်းခြင်း၏ စွမ်းအားများသည် နေရာလွတ်နယ်မြေအတွင်း ပြည့်နက်လာခဲ့သည်။ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် မိုးခြိမ်းသံများနှင့်တူသော ပေါက်ကွဲသံကြီးများ ထုတ်လွှတ်နေသည့် လက်သီးလုံးကြီးများဖြင့် အဆက်မပြတ် တိုက်ခိုက်နေခဲ့ကြသည်။

"ဘုန်း!"

လက်သီးတစ်ချက် ပွတ်တိုက်မိသွားပြီးနောက် သူတို့နှစ်ယောက်ဟာ ပြန်လည်၍ ခွဲခွာသွားကြပြန်သည်။

ကုချိုးဟာ လှောင်ရယ်လိုက်ပြီး ထပ်ဖန်တစ်ခါ တိုက်ခိုက်လိုက်ပြန်သည်။ ပျက်သုန်းခြင်း၏ စွမ်းအားများသည် သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာလျက် ထက်မြသောဓားရှည်တစ်ချောင်းအဖြစ် အသွင်ပြောင်းလဲသွားခဲ့သည်။ ကုချိုး၏ လှုပ်ရှားမှုနှင့်အတူ ၎င်းဓားရှည်က အစောင့်အရှောက်ထံသို့ ပြေးဝင်သွားခဲ့သည်။

"ရွှီး!"

အစောက်အရှောက်ဟာလည်း လုံးဝကြောက်လန့်နေခြင်းမရှိခဲ့ပါ။ ပျက်သုန်းခြင်း၏ စွမ်းအားများသည် ထက်မြသောဓားကို ကာဆီးရန် ဧရာမဒိုင်းကာကြီးအဖြစ် စုစည်းသွားခဲ့သည်။ သူဟာ ဒိုင်းကာကြီးကို သယ်မလျက် အဆက်မပြတ်ကျဆင်းလာသော ဓားစွမ်းအင်မြစ်ကြီးကို ခုခံလိုက်ကာ ကုချိုးထံသို့ တစ်ရွေ့ရွေ့ချည်းကပ်လာခဲ့သည်။

ဒါကိုမြင်တော့ ကုချိုး၏ မျက်ဝန်းများမှာ လှုပ်ရှားသွားခဲ့ပြီး သူဟာ ပျက်သုန်းခြင်းစွမ်းအားများ အသုံးပြုခြင်းကို အရှုံးပေးလိုက်ကာ ချီမိန်ချွှေရွှယ်၏ ဟွာကွမ်းဓားသိုင်းကို ပြောင်းလဲထုတ်ဖော်လိုက်သည်။

ကုချိုး၏ လက်အတွင်း၌ ခမ်းနားသော စွမ်းအားများဖြင့် ပုံဖော်ထားသည့် ဓားရှည်တစ်လက်ဖြစ်တည်လာခဲ့ကာ ပြင်းပြသော ဓားဆန္ဒကို ထုတ်ဖော်လျက် အစောင့်အရှောက်ကို တိုက်ခိုက်လိုက်သည်။

သူ့တွင် စိတ်ငြိမ်ခြင်းကောင်းကင်ဘုံ နတ်ဆိုးနတ်ဘုရား၏ နတ်ဆိုးဆယ်ပါးလမ်းစဥ်နှင့် အသန်မာဆုံးရုပ်ခန္ဓာဖြစ်သည့် သွေးနှောပျက်သုန်းခြင်းရုပ်ခန္ဓာ ရှိနေသည့်အပြင် ရှန်ရှန်ကျုံ့ဂိုဏ်းအကြီးအကဲများစွာ၏ အမွေအနှစ်များလည်း ရှိနေသေးသည်။ ဒီလိုမျိုးစွမ်းအားကို ပုံတူပွားနိုင်လိမ့်မည်ဟု သူမယုံကြည်ပါ။ ဤအချိန်၌ ကုချိုးဟာ တစ်ခုခုကို ခပ်ရေးရေးမျှ ခံစားခဲ့ရသည်။

မွန်မြတ်မှုခုနစ်ပါးစေတီ၏ ပထမအလွှာရှစ်လွှာသည် နဝမအလွှာအတွက် ပြင်ဆင်နေခြင်းဖြစ်ပေလိမ့်မည်။ ပထမအလွှာကြီးများကို ဖြတ်သန်းရန်အသုံးပြုခဲ့သော လုပ်ဆောင်မှုများကို အခြေပြု၍ ဖြတ်သန်းသွားလာသူတို့၏ စွမ်းဆောင်ရည်များသည် ပုံတူပွားခြင်းခံလိုက်ရသည်။

တစ်ယောက်ယောက်က နဝမအလွှာကို ဝင်ရောက်သွားပါက ထပ်တူညီမျှသော ကျင့်ကြံမှုနှင့် ပုံတူပုံရိပ်ယောင်တစ်ခုကို ရင်ဆိုင်ရပေလိမ့်မည်။ ၎င်းပုံရိပ်ယောင်ဟာ တူညီသောခွန်အား၊ တူညီသော တိုက်ပွဲဝင်စွမ်းအားနှင့် တူညီသောတိုက်ကွက်တို့ကို ပိုင်ဆိုင်ထားသည်။

ကုချိုးဟာ ပုံတူပုံရိပ်ယောင်သည် ပထမအလွှာများကို ဖြတ်ကျော်ခဲ့သော စွမ်းအားများကိုသာ ပုံတူပွားနိုင်လိမ့်မည်ဟု ထင်ခဲ့သော်လည်း တစ်ဖက်ရှိရန်သူသည် ချီမိန်ချွေ့ရွယ်၏ ဟွာကွမ်းဓားစိတ်ဆန္ဒကိုလည်း ထုတ်ဖော်ခဲ့ပြန်သည်။

ဤသည်ကား ကုချိုး၏ မျက်ဝန်းသူငယ်အိမ်များကို ရုတ်တရက် လှုပ်ရှားသွားစေခဲ့သည်။ သူဟာ မွန်မြတ်မှုခုနစ်ပါးစေတီအတွင်း၌ အသုံးမပြုခဲ့ဖူးသော တိုက်ကွက်ကိုအသုံးပြုလျက် သူ၏ရန်သူကို အနိုင်ယူနိုင်လိမ့်မည်ဟု ထင်ခဲ့သည်။ ကြည့်ရတာ သူ အရမ်းကို ရိုးရှင်းစွာ တွေးတောမိခဲ့ပုံပင်။

All Chapters