← Chapters

လူအများကြားမှနဂါး

Vol. 37 Ch. 507

လူအများကြားမှနဂါး

Vol. 37 Ch. 507

ဘာသာပြန်_ The Fate

" ဆက်ပြီး ဆင့်ခေါ်မယ် "

ဝမ်ဖုန်း၏မျက်ဝန်းမှာ လှုပ်ရှားသွားခဲ့ပြီး တိုးဖွစွာ ပြောဆိုခဲ့သည်။

" ကျန်းမင်ကို ဆင့်ခေါ်မိတဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။သူရဲ့စွမ်းအင်ဇယားကို စစ်ဆေးကြည့်မလား "

စနစ်၏အေးစက်သည့်အသံကို ကြားလိုက်ရသည့်အခါ ဝမ်ဖုန်း၏ခန္ဓာကိုယ်တစ်ခုလုံးမှာ တုန်လှုပ်သွားခဲ့ရပြီး မျက်ဝန်းများအတွင်းရှိ အလင်းရောင်မှာ ထူးခြားစွာ တောက်ပလာခဲ့သည်။ ၎င်းမှာ လူအများကြားမှ နတ်ဘုရားအမည်ရ ချိုကျန်းနတ်ဘုရားဖြစ်၏။ အဆိုပါဓားဆရာသခင်၏ အကူအညီကြောင့်သာမဟုတ်ပါက လီရှောင်းယောင်ဟာ သူ၏မသေမျိုးကို သုတ်သင်နိုင်ခဲ့မှာ မဟုတ်ပါ။ကျန်းမင်ဘယ်လောက်အစွမ်းထက်သလဲဆိုတာကို တွေးတောကြည့်ပါလေ။

" စစ်ဆေးမယ် "

ဝမ်ဖုန်းက မျှော်လင့်စောင့်စားစွာ ပြောဆိုလိုက်သည်။

" ကျန်းမင်ရဲ့ စွမ်းအင်ဇယားက အောက်ပါအတိုင်းဖြစ်ပါတယ်

အမည် _ ကျန်းမင်

ဘွဲ့ _ လူအများကြားမှ နဂါး

ကျင့်ကြံမှု _ ချန်ခွမ်းသူတော်စင်အထွတ်အထိပ်အဆင့်

ချန်ခွမ်းနယ်ပယ်အထူးစွမ်းအားများ _ ယုကျန်းရှု၊ ကြယ်ခုနှစ်ဆင့်နတ်ဆိုးများကို သုတ်သင်ခြင်း ကောင်းကင်ဘုံ၏ ဓားရှစ်လက်၊ နတ်ဘုရားဓားကိုးလက်

ဇီဝ၏ လျို့ဝှက်ဆန်းကြယ်သော သိုင်းကွက်များ _ ဓားတစ်သောင်း၏ အိမ်အပြန်ခရီး၊လပေါ်သို့ခြေချသည့် ကြယ်ခုနှစ်စင်း၊မိုးကောင်းကင်ကို ဖြတ်တောက်ခြင်း

ချန်ခွမ်းဘုံလက်နက် _ ကြယ်ခုနှစ်စင်းဓား ! "

" မှတ်ချက် _ ကျန်းမင်ဟာ စိတ်ပျက်အားလျော့နေတဲ့အခြေအနေမှာ ရှိနေမယ်ဆိုရင်တော့ ထပ်ပေါင်းအားမြှင့်ခြင်းခံရမှာပါ။ ထပ်ပေါင်းအားမြှင့်ခြင်းခံရရင် သူ့ရဲ့တိုက်ပွဲဝင်စွမ်းအားက နှစ်ဆတိုးတက်သွားမှာဖြစ်ပြီး ပျက်သုန်းခြင်းဧကရာဇ်အဆင့် စွမ်းအားရှင်များနဲ့တောင် ရင်ဆိုင်နိုင်ပါတယ်။"

ကျန်းမင်၏စွမ်းအင်ဇယားကို တွေ့မြင်လိုက်ရသည့်အခါ ဝမ်ဖုန်း၏မျက်နှာမှာ အပြုံးများဖြင့် ပြည့်နှက်သွားခဲ့သည်။ဓားဆရာသခင် လေးစားအားကျရတဲ့တည်ရှိမှုကြီးလို့ မျှော်လင့်ထားရတဲ့အတိုင်းပါပဲလေ။ ဒီခွန်အားကတောင် အပြည့်အဝမဟုတ်လောက်သေးဘူး။

လီရှောင်းယောင်နဲ့ပေါင်းစပ်လိုက်ပါက သူ၏ရှန်ရှန်ကျုံဂိုဏ်းတွင် ချန်ခွမ်းသူတော်စင်အထွတ်အထိပ်စွမ်းအားရှင်နှစ်ယောက် ရှိနေပြီဖြစ်သည်။သူကိုယ်၌ကလည်း သူတော်စင်များနဲ့ ထိပ်တိုက်ရင်ဆိုင်နိုင်စွမ်းရှိသည်။သူ၏ခွန်အားဟာ ချန်ခွမ်းဘုံအဆင့်ကို ဖြတ်ကျော်မတိုက်ခိုက်နိုင်သေးသော်လည်း သူဟာ ထိပ်တန်းများထဲမှ တစ်ယောက်ဟု သတ်မှတ်နိုင်ပြီဖြစ်သည်။

" မကြာခင်မှာ ကိုယ်မင်းကို ရအောင်ရှာဖွေမယ် ! "

ဝမ်ဖုန်းသည် မျက်ဝန်းများကို မှေးကျဥ်းလိုက်ပြီး မိုးကောင်းကင်ကြီးကို စိုက်ကြည့်လျက် တိုးညှင်းစွာ ရေရွက်လိုက်သည်။

ထိုသို့ပြောဆိုလိုက်ပြီးနောက် သူက လက်ကိုဝှေ့ရမ်းကာ လီရှောင်းယောင်နဲ့ အခြားသူများကို ပြောဆိုခဲ့သည်။ " သွားမယ်.....သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမရဲ့ နောက်ထပ်ဂိုဏ်းခွဲကို သွားကြမယ် ! "

" ဟုတ်ကဲ့ ! "

လီရှောင်းယောင်က တုံ့ပြန်လိုက်ပြီး လမ်းညွှန်ပြလိုက်သည်။သူတို့အဖွဲ့ဟာ သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ နောက်ထပ်ဂိုဏ်းခွဲသိို့ ဆက်လက်သွားလာခဲ့ကြသည်။

.................

မွန်မြတ်မှုခုနှစ်ပါးနန်းတော်ကြီးအတွင်း၌ ထိတ်လန့်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေခဲ့သည်။

လန်လင်းတို့နဲ့အတူ၊ စစ်ထူမင်တို့အပြင် အခြားသောဒါဇင်ကျော်သည့် ပုံရိပ်များလည်း ရှိနေခဲ့ကြသည်။လူတိုင်းဟာ ထိတ်လန့်တုန်လှုပ်နေကြပြီး သူတို့၏မျက်ဝန်းများက အလင်းရောင်များတောက်ပနေသော မွန်မြတ်မှုခုနှစ်ပါးစေတီကို စူးစိုက်ကြည့်နေခဲ့ကြသည် !

" အဲ့တာက ရှစ်လွှာမြောက် ! "

မူလက လှောင်ပြောင်လိုချင်ခဲ့ကြသော စစ်ထူမင်နဲ့အခြားသူများသည် နေရာမှာတင် ကြောင်အလျက် ရှိနေကြသည်။သူတို့၏မျက်နှာများဟာ ထိတ်လန့်နေကြပြီး စိတ်အာရုံဟာ ဗလာကျင်းသွားခဲ့သည်။ သူတို့အထင်သေးနေသော ပုဂ္ဂိုလ်မှာ အဋ္ဌမအလွှာအထိရောက်နိုင်လိမ့်မယ်လို့ ထင်မထားခဲ့ကြပါ။

အဲ့တာက သူတို့တောင် မရောက်နိုင်ခဲ့တဲ့ အဆင့်ကြီးလေ!

ကွင်းပြင်ကြီးထဲတွင် အနည်းဆုံးတော့ ချန်ခွမ်းဘုရင်စွမ်းအားရှင် တစ်ဒါဇင်ကျော်လောက်ရှိနေကြသည်။ သူတို့အားလုံးဟာ မြင့်မြတ်သောစန်းရိအင်ပါယာကြီး၏ အဆင့်မြင့်မိသားစုဝင်များ ဖြစ်ကြပြီး မွန်မြတ်မှုခုနှစ်ပါးစေတီ၏ ဆွဲဆောင်မှုကို ခံခဲ့ရသည်။

မင်းသမီးလန်လင်းက လူတစ်စုကို မွန်မြတ်မှုခုနှစ်ပါးစေတီသို့ ခေါ်ဆောင်လာခဲ့သည့်သတင်း ပျံ့နှံ့သွားပြီနောက် စန်းရိအင်ပါယာ၏အဆင့်မြင့်မိသားစုများမှ ပါရမီရှင်များသည် လာရောက်စပ်စုခဲ့ကြသည်။မင်းသမီးလန်လင်းခေါ်ဆောင်လာခဲ့သော ပုဂ္ဂိုလ်များမှာ အစစ်အမှန်နဂါးကြီး ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့ကြပါ။

အဋ္ဌမအလွှာ ...!

သူတို့မြင့်မြတ်သော စန်းရိအင်ပါယာကြီးတစ်ခွင်လုံးမှာတောင် ထိုအဆင့်ကို ရောက်ရှိနိုင်သူ များပြားစွာ မရှိကြပါ။

မူလက အထင်အမြင်သေးနေကြသော လူများကတောင် အဋ္ဌမအလွှာကို ချိုးဖျက်ဝင်ရောက်သွားပြီးနောက် ထိုင်မနေကြတော့ပေ။ မွန်မြတ်မှုခုနှစ်ပါးစေတီသို့ ကိုယ်တိုင်လာရောက်၍ ကြည့်ရှူနေကြရသည်။

အရေးကြီးဆုံးက အဲ့ဒီလူက အခုလေးတင်မှ မွန်မြတ်မှုခုနှစ်ပါးစေတီထဲကို ဝင်ရောက်ခဲ့တာလေ !

မွန်မြတ်မှုခုနှစ်ပါးစေတီသည် ဝင်ရောက်မှုကို ကန့်သတ်မထားပါ။တန်ကြေးကို ပေးဆပ်နိုင်သရွေ့ ပထမအကြိမ်၊ ဒုတိယအကြိမ် စသည်ဖြင့် ဝင်ရောက်နိုင်သည်။ဒါပေမဲ့ ဒီလူကတော့ ပထမအကြိမ်မှာတောင် အဋ္ဌမအလွှာကို ချိုးဖျက်တက်ရောက်သွားခဲ့တာလေ !

ပထမအကြိမ်၌ မွန်မြတ်မှုခုနှစ်ပါးစေတီ၏ အဋ္ဌမအလွှာကို ဝင်ရောက်နိုင်ခဲ့သူဟူ၍ မြင့်မြတ်သောစန်းရိအင်ပါယာကြီး၌ လူပုဂ္ဂိုလ်သုံးယောက်သာ ရှိကြသည် !

တစ်ယောက်မှာ မြင့်မြတ်သောစန်းရိအင်ပါယာ၏ အကြီးဆုံးမင်းသားဖြစ်ပြီး ကျန်တစ်ယောက်မှာ မင်းသမီးလန်လင်းဖြစ်ကာ နောက်တစ်ယောက်ကတော့ စစ်ထူမိသားစု၏ သခင်လေး စစ်ထူချန်ထျန်းဖြစ်သည်။

ထိုပုဂ္ဂိုလ်သုံးယောက်ဟာ မြင့်မြတ်သောစန်းရိအင်ပါယာကြီး၏ အစွမ်းထက်သောပါရမီရှင်များအဖြစ် လူသိများ ကျော်ကြားသည် !

သူတို့အထဲတွင် ကိုးလွှာမြောက်အထိရောက်ရှိနိုင်ခဲ့သော မင်းသမီးလန်လင်းမှာ အထင်ရှားဆုံးဖြစ်ပါ၏။ဟုတ်ပါပေသည်။ အမှောင်ထုထဲ၌ ဖုံးကွယ်နေသော ပါရမီစွမ်းအားများကိုတော့ ဘယ်သူကမှ မသိရှိကြပါ !

ဘာပဲဖြစ်ဖြစ် လူတိုင်းက နာမည်ကျော်ကြားချင်ကြတာ မဟုတ်ဘူးလေ။သူတို့ရဲ့တည်ရှိမှုကိုဖုံးကွယ်ပြီး နေထိုင်နေကြတဲ့ အစစ်အမှန်ပါရမီရှင်တွေလည်း ရှိနေနိုင်သေးတယ် !

" ဆရာချစ်မြတ်နိုးရတဲ့ တပည့်လို့ ဆိုတဲ့အတိုင်းပါလား ! "

မင်းသမီးလန်လင်း၏ လှပသောမျက်ဝန်းများသည် မွန်မြတ်မှုခုနှစ်ပါးစေတီ၏ အဋ္ဌမအလွှာကို စူးစိုကြည့်နေခဲ့ကာ တိုးညှင်းစွာ ရေရွက်ခဲ့သည်။

အဋ္ဌမအလွှာကို ဝင်ရောက်နိုင်ခဲ့ပြီဖြစ်ရာ ကျော်ဖြတ်နိုင်သည်ဖြစ်စေ၊ မကျော်ဖြတ်နိုင်သည်ဖြစ်စေ ကုချိုး၏ပါရမီကို သက်သေပြရန် လုံလောက်လေသည်။ထိုကဲ့သို့ ပါရမီမှာ သူမကိုယ်၌က အသိအမှတ်ပြုရန် လုံလောက်ပါသည်။

ရှိနေကြသော စန်းရိအင်ပါယာကြီး၏ အဆင့်မြင့် မျိုးနွယ်စုဝင်အားလုံးသည် ပြူးကျယ်နေသောမျက်ဝန်းများဖြင့် မွန်မြတ်မှုခုနှစ်ပါးစေတီကို ကြည့်ရှုနေမိကြသည်။

မြင့်မြတ်သောစန်းရိအင်ပါယာကြီး၏ မွန်မြတ်သောစန်းရိမြို့တော်သည် အကျော်ဇေယျမြိုကြီးဖြစ်ပြီး ပါရမီရှင်များ ပျားပန်းခန့်မျှ လှုပ်ရှားသွားလာလျက် ရှိသည်။သို့ပါသော်လည်း လက်ရှိအခြေအနေ၌ မွန်မြတ်သောမြို့တော်အတွင်းရှိ ထိပ်တန်းပါရမီရှင်များအားလုံးနီးပါးသည် မွန်မြတ်မှုခုနှစ်ပါးစေတီ၏ ရှေ့မှောက်၌ စုရုံးရောက်ရှိလာခဲ့ကြသည်။

မောင်းမဆောင်၊ ချင်းယနန်းတော်အတွင်း....

ဧကရာဇ်စန်းရိ၏ မြင့်မြတ်သောကြင်ယာတော် ခုနှစ်ပါးအနက် တစ်ပါးဖြစ်သော ယဲ့ရှန်ဖေးနေထိုင်လျက်ရှိသည်။

မြင့်မြတ်သောစန်းရိမင်းဆက်တွင် တော်ဝင်မိသားစုထက် အဆင့်တစ်ဆင့်သာ နိမ့်ကျသော ဝူမိသားစုသည် ဧကရာဇ်စန်းရိအပေါ် သစ္စာရှိပြီး စန်းရိမင်းဆက်၏ မွန်မြတ်သည့်စစ်တပ်ကြီးလေးတပ်အနက် တစ်တပ်ဖြစ်သော မီးလျှံနီစစ်တပ်ကို ကွပ်ကဲ၍ ရှေ့တန်း၌ တစ်နှစ်ပတ်လုံးစောင့်ကြပ်လျက်ရှိကာ ကောင်းကင်တာအိုမျိုးနွယ်စုများ ကျူးကျော်လာခြင်းမှ ကာကွယ်ပေးနေခဲ့သည်။

ယဲ့ရှန်ဖေးဆိုသည်က အခြားမဟုတ်ပါ။သူမ၏အမည်အရင်းမှာ ယဲ့ယွင်ဖြစ်ပြီး သူမသည် ဝူမိသားစု၏ခေါင်းဆောင်၊မြင့်မြတ်သော မီးလျှံနီစစ်တပ်၏ဗိုလ်ချုပ်ကြီး ဝူရှောင်း၏ညီမဖြစ်သည်။

သူမကို ယဲ့ယွင်ဟု အမည်ပေးခဲ့ခြင်းမှာ သူမအမေမျိုးရိုးနာမည်ကိုလိုက်၍ ပေးအပ်ခဲ့ခြင်းဖြစ်သည်။သူမ၏အမေမှာ မြင့်မြတ်သောစန်းရိအင်ပါယာကြီး၏ အဓိကအင်အားစုလေးစုမှ တစ်စုဖြစ်သော ယဲ့မိသားစုခေါင်းဆောင်ဟောင်း၏ ညီမငယ်လေးဖြစ်လေသည်။

ယဲ့ယွင်တစ်ဖြစ်လဲ ယဲ့ရှန်ဖေးဟာ အမည်နာမအတိုင်း ဆွဲဆောင်မှုများ ပြည့်နှက်လျက်ရှိပါသည်။

ဤအချိန်၌ သူမဟာ ခန်းမအတွင်း၌ လှပစွာ မတ်တပ်ရပ်လျက်ရှိပြီး လေဟာနယ်အတွင်း၌ ထွက်ပေါ်နေသော ရုပ်ပုံလွှာကို အပြုံးဖွဖွဖြင့် စူးစိုက်ကြည့်နေခဲ့သည်။

သူမ၏အရေပြားမှာ နှင်းများထက်ပို၍ ဖြူဖွေးနေပြီး ကျောက်စိမ်းအလား ထင်မှတ်ရသည်။သူမဟာ ပြစ်မျိုးမှဲ့မထင်သည့် အလှပိုင်ရှင်ဖြစ်ပါသည်။သူမ၏ဆွဲဆောင်မှုရှိသော နှင်းဖြူရောင်ဗိုက်သားကလေးများကို ချုပ်ထိန်းနိုင်သည်ဟူသော လူကြီးလူကောင်းများကတောင် ဒုတိယအကြိမ်လည်ပြန်ကြည့်ရှူရမှာ ဖြစ်သည်။

သူမ၏ ရှည်သွယ်ဖြောင့်တန်းပြီး လှပသော ခြေထောက်ကလေးများမှာလည်း အင်မတန်မှ လှပလွန်းတာကြောင့် ကဗျာ၊စာပေများတောင် ဖွဲ့ဆိုခဲ့ရသည်။

သူမဟာ လူအများ၏ အတွင်းစိတ်ရိုင်းများကို နိုးဆွစေနိုင်သူသာမက လူအများ ဦးမော့မကြည့်ရှူရဲသည့် တည်ရှိမှုကြီးလဲ ဖြစ်ပါသည်။

" ရှောင်လင်း ( လင်းကလေး ) ဒီကောင်မလေးကတော့ လေးနက်တဲ့အလုပ်ကြီးကို လုပ်ဆောင်ခဲ့တာပဲ။ "

နှစ်လိုဖွယ်ကောင်းသော အသံကလေးသည် ခန်းမကြီးအတွင်း၌ ထွက်ပေါ်လာခဲ့ပြီး ယဲ့ရှန်ဖေးသည် လေဟာပြင်အတွင်း၌ ထွက်ပေါ်လာခဲ့သော အဋ္ဌမအလွှာအတွင်းရှိ ပုံရိပ်များကို စူးစိုက်ကြည့်နေခဲ့သည်။နားမလည်နိုင်သော အလင်းတန်းတစ်ခုသည် သူမ၏မျက်ဝန်းများအတွင်း၌ တောက်ပလျက်ရှိသည်။

...................

မွန်မြတ်မှုခုနှစ်ပါးစေတီ၏ အဋ္ဌမအလွှာထဲ၌ ချန်ခွမ်းကပ်ဘေးအထွတ်အထိပ် ရုပ်သေးရုပ်သည် ကုချိုး၏အရှေ့၌ မတ်တပ်ရပ်နေခဲ့သည်။ခမ်းနားကြီးကျယ်သော စွမ်းအားများသည် လေဟာပြင်အတွင်း၌ ပျံ့လွင့်ထွက်ပေါ်လျက်ရှိသည်။အစဥ်အမြဲ သတိလက်လွတ်ပြုမှုတတ်သော ကုချိုးကတောင် ဤအချိန်၌ လေးနက်လျက် ရှိ၏။

ဤသည်မှာ အဆင့်ကြီးနှစ်ဆင့် ဖြတ်ကျော်တိုက်ခိုက်ခြင်းဖြစ်၏ !

မွန်မြတ်ဘုံလောက၏များစွာသော ပါရမီရှင်များမှာ ဤအဆင့်၌ တစ်နေရခြင်းမှာ အံ့သြစရာ မဟုတ်တော့ပါ။မွန်မြတ်ဘုံလောကအတွင်း၌ အဆင့်ကြီးနှစ်ဆင့် ဖြတ်ကျော်တိုက်ခိုက်နိုင်သူများမှာ လူအများကြားမှ နဂါးများသာ ဖြစ်ကြသည် !

" အဋ္ဌမအလွှာကို ဝင်ရောက်နိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ် ! "

" ငါ့ကို ဖြတ်ကျော်နိုင်ရင် နဝမအလွှာကို ဝင်ရောက်ခွင့်ရမယ် "

" ဒါပေမဲ့ မင်းကို လေးလေးနက်နက်တွေးတောဖို့ အကြံပေးချင်တယ် "

" ဘာလို့လဲဆိုတော့ ငါတိုက်ခိုက်လိုက်တာနဲ့ တပြိုင်နက် မင်းအရှုံးပေးဖို့တောင် အခွင့်အရေးရတော့မှာ မဟုတ်ဘူး။ မင်းက သေတဲ့အထိ ချေမွခံရနိုင်တယ် ! "

ကုချိုးနဲ့ မနီးမဝေးတွင် မတ်တပ်ရပ်နေသော ရုပ်သေးရုပ်သည် ကုချိုးကိုတောင် စူးစိုက်ကြည့်ရှူ့ခြင်းမရှိဘဲ ပြောဆိုလိုက်ကာ ၎င်း၏ ဖျော့တော့သောအသံက လေဟာပြင်အတွင်း၌ ပဲ့တင်ထပ်သွားခဲ့သည်။

" မင်းက ရုပ်သေးရုပ်တစ်ရုပ်ပဲလေ...ဒီသခင်လေးကို ကျိန်ဆဲရဲတယ်လား "

ရုပ်သေးရုပ်၏စကားကို ကြားလိုက်ရသည့်အခါ ကုချိုးက ချက်ချင်းကို ပျော်ရွှင်သွားပြီး လှောင်ရယ်ပြောဆိုလိုက်သည်။

ရုပ်သေးရုပ်၏စကားပြန်ကိုတောင် မစောင့်တော့ဘဲ သူက ဆက်လက်ပြောဆိုလိုက်သည်။

" ဒီသခင်လေးက ဘယ်သူလဲဆိုတာ မင်းသိလား..."

" ငါက ကပ်ဘေးအားလုံးရဲ့ အရှင်သခင်၊ ထောင်သောင်းချီတဲ့ မိန်းမငယ်လေးတွေ ကြွေကျမြေခရတဲ့လူပဲကွ ! "

" တိုက်ခိုက်တဲ့နေရာမှာ ငါဘယ်တော့မှ မရှုံးဖူးသေးဘူး "

" မင်းကို အကြံပေးချင်တယ်....စိတ်ဝိညာဥ်ရုပ်သေးဆိုတာ ဖြစ်ပေါ်လာဖို့ လွယ်ကူတာမဟုတ်ဘူး။ အမှားအယွင်းမဖြစ်ချင်ဘူးဆိုရင် နာနာခံခံနဲ့ အရှုံးပေးလိုက်။ဒီသခင်လေး စတင်လှုပ်ရှားလိုက်တဲ့အခါ မင်းက ရုပ်သေးရုပ်အဖြစ် ဆက်လက်တည်ရှိနိုင်တော့မှာတောင် မဟုတ်ဘူး။"

မင်းက ရူးနေတာပဲကွ။ ဒီသခင်လေးက ကြွားဝါပြောဆိုတဲ့နေရာမှာ မင်းထက်တော်တယ်ကွ !

ဤကမ္ဘာကြီးတွင် ဂိုဏ်းချုပ်မှတပါး ကုကန်းချိုး၏ ရှေ့မှောက်၌ ဘယ်သူကမှ မောက်မာစွာ မပြုမူနိုင်ကြပါ။သူ့ရဲ့ အကိုကြီးကတောင် မလုပ်နိုင်ဘူး !

All Chapters