တာရှည်အခံဆုံးသော။
Vol. 37 Ch. 508
ဘာသာပြန်- The Fate
"ဘုန်း!"
ကုချိုး၏စကား ဆုံးသွားသည့်အခါ ရုပ်သေးရုပ်၏ပုံရိပ်ကြီးသည် သူ၏ မျက်ဝန်းအိမ်အတွင်း၌ ပို၍ပို၍ ကြီးမားလာခဲ့ကာ ၎င်းက ချက်ချင်းလက်သီးပစ်သွင်းလိုက်သည်။ ထိတ်လန့်ဖွယ်ကောင်းသောဖိအားသည် နေရာလွတ်နယ်မြေတစ်ခုလုံးကို အဆက်မပြတ် ခါယမ်းလာစေခဲ့သည်။
ကုချိုး၏ မျက်ဝန်းသူငယ်အိမ်များမှာ လှုပ်ယမ်းသွားခဲ့ပြီး သူဟာ အလျင်စလို လက်မောင်းများကို ပင့်မြှောက်လျက် ခုခံခဲ့ရသည်!
ကျယ်လောင်သော ဆူညံသံကြီးပြီးသည့်နောက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးဟာ ကြီးမားသော ဖိအား၏ ပစ်တင်ခြင်းခံလိုက်ရပြီး နံရံနှင့် ဝင်ဆောင့်မိသွားကာ နေရာလွတ်နယ်မြေတစ်ခုလုံးကို လှုပ်ခါစေခဲ့သည်။
"မင်းက လျှပ်တစ်ပြက် တိုက်ခိုက်နေတုန်းလား!"
ကုချိုး၏ နှုတ်ခမ်းထောင့်စွန်းမှာ သွေးများယိုစီးထွက်လာခဲ့သည်။ သူဟာ ကိုယ်တွင်းရှိ ကပြောင်းကပြန်ဖြစ်နေသော ချီစွမ်းအားများနှင့် သွေးများကို ဖိနှိပ်လိုက်ပြီး သူ၏ ထုံကျင်နေသော လက်မောင်းများကို ဝေ့ယမ်းကာ ဒေါသတကြီး ပြောဆိုခဲ့သည်။
"ရှစ်လွှာမြောက်ကို ငါစောင့်ရှောက်လာတာ အချိန်ကြာလှပြီ။ မင်းက ငါရဲ့အရှေ့မှာ မောက်မာရဲတဲ့ ပထမဆုံးလူပဲကွ။ ငါမင်းကို ဘာလို့ ထူးထူးခြားခြား ဆက်ဆံပေးရမှာလဲ။"
ရုပ်သေးရုပ်က လှောင်ရယ်လိုက်သည်။ သူဟာ လူသားများနှင့်ဆင်တူသော ဥာဏ်ရည်ဥာဏ်သွေးကို လှစ်ဟပြခဲ့သည်။
ထိုသို့ပြောဆိုလိုက်ပြီးနောက် သူက နောက်တစ်ကြိမ်ပြေးဝင်လာခဲ့ပြီး ဧရာမလက်သီးလုံးကြီးကို ဝေ့ယမ်းကာ ကုချိုးထံ ထိုးသွင်းလိုက်ပြန်သည်။
၎င်းတိုက်ကွက်တွင် စည်းမျဥ်းများနှင့် လှည့်ကွက်များမပါရှိဘဲ ကြမ်းတမ်းခက်ထန်သော လက်သီးချက်တစ်ချက်သာဖြစ်ချေ၏!
နိယာမလမ်းစဥ်အားလုံးကို ခွန်အားဖြင့် ချိုးဖျက်ခြင်း!
"နောက်တစ်ကြိမ်လား?"
"ငါတစ်ကြိမ်ဆုံးရှုံးခဲ့ပြီးပြီ။ နောက်တစ်ကြိမ် အရူးလုပ်ခံမှာမဟုတ်ဘူး။"
ကုချိုး၏ အမူအယာမှာ တောင့်တင်းသွားပြီး သူဟာ သတိကြီးကြီးထားလိုက်သည်။
"တကယ်လား?"
သို့ပါသော်လည်း ကုချိုးဟာ ထင်မှတ်မထားခဲ့ပါ။ သူ့အရှေ့၌ထွက်ပေါ်လာခဲ့သော ဧရာမလက်သီးလုံးကြီးမှာ ပုံရိပ်ယောင်တစ်ခုသာဖြစ်ပြီး ရုပ်သေးရုပ်၏ မူလကိုယ်ထည်သည် သူ၏နောက်ကျောဘက်၌ ထွက်ပေါ်လာခဲ့ပြီးဖြစ်၏။
၎င်းလှောင်ရယ်သံကြီးသည် သူ၏စိတ်အာရုံအတွင်း၌ မိုးချိန်းသံကြီးကဲ့သို့ မြည်ဟီးသွားခဲ့သည်!
ကုချိုး၏ နှလုံးအိမ်ဟာ တုန်လှုပ်သွားခဲ့ရသည်။ သူ တွေးတောရန်အချိန်တောင် မရလိုက်ပါဘဲ နောက်ကျောဘက်မှ လက်သီးတစ်ချက် ပစ်သွင်းခံလိုက်ရပြန်သည်။
"ဘုန်း!"
သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ လေထုထဲ ဝဲပျံထွက်သွားပြီး သွေးများ လွင့်စင်ထွက်လာပြန်သည်။
သူ့တွင် အသန်မာဆုံးခန္ဓာကိုယ်ကို ပိုင်ဆိုင်မထားခဲ့ပါက ထိုလက်သီးလုံးနှစ်လုံးဟာ သူ့အား အသားစများဖြစ်အောင် ထိုးခြေပစ်လိုက်နိုင်သည်။
"အဟွတ် အဟွတ်၊ တော်သင့်ပြီ!"
ကုချိုးသည် သူ့နှုတ်ခမ်းထောင့်စွန်းမှသွေးများကို သုတ်လိုက်ပြီး ပြုံးရယ်လိုက်သည်။ သူ၏မျက်ဝန်းများမှာ ကြည်လင်၍တောက်ပနေခဲ့ပြီး ခန္ဓာကိုယ်တစ်ခွင်၌ တိုက်ခိုက်လိုသော စိတ်ဆန္ဒများ ပြည့်နှက်လာခဲ့သည်။ သူ့တွင် အကြောက်တရား စိုးစင်းမျှ မရှိခဲ့ပါ။
"အကြီးအကဲယွမ်ပသာ မင်းနဲ့တွေ့ခဲ့ရင် တကယ့်ကို ပျော်ရွှင်သွားမှာ။"
"ဒါပေမယ့် သူက အကြီးအကဲယဲ့ဟွမ်နဲ့ ကလေးတစ်ယောက်ရဖို့ အလုပ်ကြိုးစားနေရတာ သနားစရာကောင်းလွန်းတယ် ။ ဒီကိုလာဖို့ အချိန်မရှိရှာဘူး။ ဒီလိုမှမဟုတ်ရင် မင်းကို လက်သီးတစ်ချက်နဲ့ အစိတ်စိတ်အမွှာမွှာ ခွဲခြေပစ်လိုက်မှာ!"
"အို?"
ရုပ်သေးရုပ်သည် ကုချိုး၏ စကားများကို ကြားလိုက်ရသည့်အခါ အံအားသင့်သွားပြီး သံသယဝင်သွားခဲ့သည်။
"ငါ့အလှည့်!"
သို့ပါသော်လည်း ရုပ်သေးရုပ်က သံသယဝင်စွာ ရေရွတ်လိုက်သည့်တစ်ခဏတွင် ကုချိုး၏စကားလုံးများက ထွက်ပေါ်လာခဲ့သည်။ ယင်းနောက် ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားသည် ရုပ်သေးရုပ်၏ နောက်ကျောဘက်မှ ထွက်ပေါ်လာခဲ့ကာ သိပ်သည်းထူထပ်သော လက်သီးအရိပ်များသည် သူ့ထံသို့ မိုးရွာသွန်းသကဲ့သို့ ဆက်တိုက်ကျဆင်းသွားခဲ့သည်!
ရုပ်သေးရုပ်၏မျက်နှာထက်တွင် မည်သည့်အမူအယာမှ ရှိမနေခဲ့ပါ။ ၎င်းဟာ သူ၏လက်သီးများကို ဧရာမတူကြီးကဲ့သို့ ဝေ့ယမ်းလိုက်ပြီး ကျဆင်းလာသော လက်သီးအရိပ်များကို ထုခြေပစ်လိုက်ကာ အလင်းတန်းများအဖြစ် ပြောင်းလဲပျောက်ကွယ်သွားစေခဲ့သည်။
စွမ်းအားများကိုရရှိသွားပြီးနောက် ကုချိုးက ဆက်လက်တိုက်ခိုက်နေခဲ့သည်။ တစ်ခါတစ်ရံတွင် သူဟာ ဘယ်ဘက်မှ ထွက်ပေါ်လာပြီး လက်သီးရိပ်တစ်ခုကို ကျဆင်းစေခဲ့သည်။ တစ်ခါတစ်ရံတွင် သူဟာ ညာဘက်မှ ထွက်ပေါ်လာခဲ့ပြီး သူ၏ဘယ်ခြေထောက်အရိပ်သည် နဂါးတစ်ကောင် အမြီးယမ်းသကဲ့သို့ ပြေးထွက်လာခဲ့သည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံးက ပုံသဏ္ဌာန်အမျိုးမျိုး၊ အရိပ်အမျိုးမျိုးအဖြစ် ပြောင်းလဲနေခဲ့ကာ ဤနေရာလွတ်နယ်မြေတစ်ခုလုံးကို စစ်မြေပြင်တစ်ခုအဖြစ် ပြောင်းလဲသွားစေခဲ့သည်။ ပြင်းထန်သော စွမ်းအားများသည် နေရာလွတ်အတွင်း၌ အဆက်မပြတ် ပေါက်ကွဲလျက်ရှိပြီး နယ်မြေကြီးတစ်ခုလုံးကို တုန်ခါစေခဲ့သည်။
"ဒီကလေးရဲ့ တိုက်ပွဲဝင်စွမ်းအားက တကယ့်ကို မဆိုးဘူး။ သူက မရင့်ကျက်တဲ့ပုံပေါ်ပေမယ့် တကယ်တော့ လုံးဝကို မတုံးအနေဘူး!"
သီးသန့်ခန်းမကြီးအတွင်း၌ ဧကရာဇ်စန်းရိသည် ကုချိုး၏ လုပ်ဆောင်မှုကို ပုံရိပ်ယောင်မှတစ်ဆင့် စိုက်ကြည့်နေခဲ့ပြီး သူ၏ မျက်နှာထက်၌ အပြုံးဖွဖွဖြစ်တည်လာခဲ့ကာ ကုချိုးကို ချီးကျူးပြောဆိုလိုက်သည်။
"တကယ့်ကို ကောင်းမွန်တယ်။ သူ့မှာ သန်မာတဲ့ ရုပ်ခန္ဓာတစ်ခု ပိုင်ဆိုင်ထားတဲ့ပုံပေါ်တယ်။ အဲ့ဒါက အထူးရုပ်ခန္ဓာတောင်မဟုတ်ဘူး။"
ဘေးဘက်တွင်ရှိနေသော လူအိုကြီး၏ မျက်ဝန်းများအတွင်း၌လည်း အလင်းတန်းတစ်ခုတောက်ပသွားကာ ပြောဆိုခဲ့သည်။
"ဟားဟား၊ ဒီကလေးက တကယ့်ကို တော်တာပဲေနာ်။ သူက ရှစ်လွှာမြောက်က ရုပ်သေးရုပ်ကို သူ့ရဲ့ရုပ်ခန္ဓာကို လှုံ့ဆော်ပေးဖို့ ဘယ်လိုအသုံးပြုရမလဲဆိုတာ သိတယ်။ပြီးတော့ အဲ့ဒါကို အခွင့်အရေးယူပြီး သူ့ရဲ့အထူးရုပ်ခန္ဓာကို ပိုပြီးကောင်းကောင်းမွန်မွန် ထိန်းချုပ်နိုင်ခဲ့တယ်။ သူသာ ဒီတစ်ဆင့်ကို ဖြတ်ကျော်နိုင်ရင် သူ့ရဲ့တိုက်ပွဲဝင်စွမ်းအားက ကျိန်းသေပေါက် တိုးတက်လာမှာ။"
ဧကရာဇ်စန်းရိက ခပ်ဖွဖွပြုံးရယ်လိုက်သည်။ သူ၏ မျက်ဝန်းများအတွင်း၌ လေးစားမှုအရိပ်အငွေ့များ ရှိနေခဲ့သည်။ သူဟာ အချိန်အတော်ကလေးကြာသည့်တိုင်အောင် စိတ်ဝင်စားစရာကောင်းသည့် လူငယ်ပါရမီရှင်များကို မတွေ့မြင်ခဲ့ရပါ။ ထိုကောင်လေးတွင် ဆရာတစ်ယောက်ရှိနေပြီးသားဖြစ်နေသည်ကား ဝမ်းနည်းစရာကောင်းလှသည်။ ဒီလိုမှမဟုတ်ရင် ထိုကလေးကို သူကိုယ်တိုင် ခေါ်ယူရလိမ့်မည်။
ဒါပေမယ့် အဲ့ဒီကလေးက ကောင်မလေးလန်လင်းရဲ့ ဂိုဏ်းတူအစ်ကိုကြီးပဲလေ။ ဒါဆို သူ့ရဲ့ဘက်တော်သားတစ်ယောက်လို့ ယူဆလို့ရတယ်မလား?
"မွန်မြတ်မှုခုနစ်ပါးစေတီထဲကို ရောက်ရှိသွားခဲ့ရင် လူတွေက ကာကွယ်စောင့်ရှောက်သူတွေကို အနိုင်ယူဖို့ နည်းလမ်းမှန်သမျှကို ကြိုးစားကြတယ်။ ဒါပေမယ့် အဲ့ဒီကာကွယ်စောင့်ရှောက်သူတွေကို တိုက်ခိုက်ရခြင်းကသာ သူတို့ရရှိထားတဲ့ အကြီးကျယ်ဆုံးအခွင့်လမ်းကြီးဆိုတာကိုတော့ မသိရှိကြဘူး!"
လူအိုကြီးက သက်ပြင်းဖွဖွချလိုက်ပြီး အိုမင်းရင့်ရော်နေသော အသံတစ်သံသည် ထွက်ပေါ်လာခဲ့သည်။
"အမှန်ပဲ။ ငါတို့ မြင့်မြတ်တဲ့စန်းရိအင်ပါယာကြီးရဲ့ လူငယ်ပါရမီရှင်တွေကသာ ဒီကလေးလိုဖြစ်မယ်ဆိုရင် ငါတို့တွေ ကောင်းကင်တာအိုမျိုးနွယ်စုကို လုံးဝစိုးရိမ်စရာလိုတော့မှာ မဟုတ်ဘူး။ ဒီကောင်လေးရဲ့စွမ်းဆောင်ရည်က ကောင်မလေးလန်လင်းထက် လုံးဝအားမနည်းဘူး!"
ဧကရာဇ်စန်းရိကလည်း ခေါင်းငြိမ့်လိုက်ပြီး ပြောဆိုခဲ့ကာ သူ၏လေသံများအတွင်း၌ စိတ်ခံစားမှုများစွာ ပါဝင်နေခဲ့သည်။
မွန်မြတ်မှုခုနစ်ပါးစေတီအတွင်းတွင် အမျိုးအစားစုံလင်သော အစောင့်အရှောက်များ ရှိကြပါသည်။ ၎င်းတို့ဟာ စစ်ဆေးရန်အတွက်သာမဟုတ်ဘဲ အမျိုးမျိုးသော တိုက်ပွဲမြေပြင်အကြောင်း လှုံ့ဆော်ပေးရန်နှင့် ပါရမီရှင်များကို တိုက်ပွဲဝင်စွမ်းအား တိုးတက်စေရန် ရည်ရွယ်လေသည်။
သူချစ်ခင်နှစ်သက်ရသော ကောင်မငယ်လေးလန်လင်းကတောင် အတွင်းပိုင်း၌ မျက်ကန်းသဖွယ် တိုက်ခိုက်နေဖို့သာ သိရှိထားသည်။ သူမသာ မွန်မြတ်မှုခုနစ်ပါးစေတီ၏ အနှစ်သာရကို နားလည်နိုင်ပါက သူမ၏ခွန်အားက ယခုလောက်နှင့် ရပ်တန့်နေမှာ မဟုတ်ပါ။
..........
မွန်မြတ်မှုခုနစ်ပါးစေတီ၏အပြင်ဘက်တွင် ယဲ့မိသားစု၏ ပဥ္စမမြောက်သခင်လေးယဲ့လုံသည် မွန်မြတ်မှုခုနစ်ပါးစေတီကြီးကို စူးစိုက်ကြည့်နေပြီး တိုးတိတ်စွာ ပြောဆိုလိုက်သည်။
"မင်းတို့ဘယ်လိုထင်လဲ။ သူရှစ်လွှာမြောက်ကို ကျော်ဖြတ်နိုင်မှာလား?"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ရှစ်လွှာမြောက်ကို ကံကောင်းထောက်မစွာ ဝင်နိုင်တာကတောင် ကန့်သတ်ချက်ဖြစ်နေပြီ။ အဲ့ဒီ ဘယ်ချောင်ကမှန်းမသိ ပေါ်လာတဲ့ကောင်လေးက ရှစ်လွှာမြောက်ကို ဘယ်လိုလုပ် ဖြတ်ကျော်နိုင်မှာလဲ။"
တစ်ဖက်တွင်ရှိနေသော စစ်ထူမင်သည် အဆိုပါစကားများကို ကြားလိုက်ရသည့်အခါ ချက်ချင်းချေပလိုက်သည်။
"မင်း စောနကလည်း အဲ့ဒီလိုဘဲ ပြောခဲ့တာလေ!"
ကျန်းမိသားစု၏ သခင်လေးကျန်းထျန်းမင်က အမူအယာမဲ့စွာ ဝင်ရောက်ပြောဆိုခဲ့သည်။
"မင်း...!"
စစ်ထူမင်က ကျန်းထျန်းမင်ကို ဒေါသတကြီးစိုက်ကြည့်လိုက်သော်လည်း ကျန်းထျန်းမင်က သူ့ကို လျစ်လျူရှုထားခဲ့သည်။
စစ်ထူမင်နှင့်နှိုင်းယှဉ်ရပါက ယဲ့လုံတို့ သုံးယောက်သည် ကုချိုးနှင့်အခြားသူများကို ရန်မလိုကြပါ။ စစ်ထူမင်နှင့်နှိုင်းယှဥ်ရလျှင် သူတို့က မင်းသမီးလေးလန်လင်းကို မရရှိနိုင်ကြောင်း ရှင်းရှင်းလင်းလင်း သိထားကြသည်။
သူတို့အထဲတွင် ယဲ့လုံဟာ မင်းသမီးလန်လင်းနှင့် ဆွေမျိုးတော်စပ်နေခဲ့သည်။ ထို့အတွက်ကြောင့် သူဟာ မင်းသမီးလေးလန်လင်းကို လက်ထပ်၍ရနိုင်မှာ မဟုတ်ပါ။ သူ ဒီနေရာကို ရောက်လာရခြင်းက ဘယ်သူကများ မင်းသမီးလန်လင်း၏ စိတ်အာရုံကို ရရှိသွားသလဲဆိုတာကို ကြည့်ရှုဖို့သာဖြစ်သည်!
"သူ ရှစ်လွှာမြောက်ကို ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ငါတော့မယုံကြည်ဘူး။ မင်းတို့တွေ မွန်မြတ်မှုခုနစ်ပါးစေတီက ဘယ်လောက်ကြောက်ဖို့ကောင်းလဲ သိတာပဲ။ အထူးသဖြင့် ရှစ်လွှာမြောက်နဲ့ ကိုးလွှာမြောက်တွေပေါ့!"
စစ်ထူမင်က လှောင်ရယ်လိုက်ပြီး ခိုင်မာသော လေသံဖြင့် ပြောဆိုခဲ့သည်။
ဒါကိုကြားတော့ ကျန်းထျန်းမင်နှင့် အခြားသူများမှာ တိတ်ဆိတ်သွားခဲ့သည်။ အမှန်ပင်၊ မွန်မြတ်မှုခုနစ်ပါးစေတီသာ ဖြတ်ကျော်ရန် လွယ်ကူနေပါက ၎င်းကား မွန်မြတ်ဘုံလောကအတွင်းရှိ လူငယ်ပါရမီရှင်များကို စစ်ဆေးသည့် စံပေတံဖြစ်နေမှာမဟုတ်ပါ။
အဋ္ဌမအလွှာ(ရှစ်လွှာမြောက်)တွင်
"ဘုန်း!"
ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့ပြီး ကုချိုးသည် လေထုထဲကို နောက်တစ်ကြိမ် လွင့်စင်ထွက်သွားပြန်သည်။ သူ၏ခံတွင်းဝမှ သွေးများလွင့်ပျံ့ထွက်လာခဲ့သည်။ သူဟာ ခန္ဓာကိုယ်ကို တည်မြဲအောင် ဖိအားပေးထိန်းချုပ်လိုက်ပြီး မြန်ဆန်သောနှုန်းထားဖြင့် အသက်ရှုနေခဲ့ကာ မှုန်ဝါးဝါးပုံရိပ်ကြီးကို စူးစိုက်ကြည့်နေခဲ့သည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ အနက်ရောင်၊ အပြာရောင် ဆုတ်ပြဲရာများဖြင့် ပြည့်နှက်နေပြီး အနည်းငယ်တောင် ယောင်ယမ်းနေခဲ့သည်။ သူ့ခန္ဓာကိုယ်မှာ ပိုမို၍ ကြီးမားဖောင်းပွလာပုံပေါ်သည်။
"ဘာကိုမှ မပြောရသေးရင်တောင် မင်းရဲ့သည်းခံနိုင်တဲ့နှုန်းထားနဲ့ဆိုရင် မင်းကိုအသန်မာဆုံးလို့တောင် ပြောလို့ရနေပြီ!"
ရုပ်သေးရုပ်သည် မထူးခြားနားသော လေသံဖြင့် ကုချိုးကိုစိုက်ကြည့်ကာ တိုးတိတ်စွာ ပြောဆိုလိုက်သည်။
"ဟေး၊ ဒီသခင်ငယ်လေးရဲ့ စွမ်းဆောင်ရည်ကို မင်းက ဘာဖြစ်လို့ ချီးကျူးနေရတာလဲ။"
ကုချိုးက မထီမဲ့မြင်ပြုံးရယ်လိုက်ကာ လက်နှစ်ဖက်ဖြင့် လက်သီးတင်းတင်းဆုပ်လိုက်သည်။ သူဟာ တစ်ဟုန်ထိုးပြေးထွက် တိုက်ခိုက်သွားပြန်သည်။ သို့ပါသော်လည်း ဤတစ်ကြိမ်၌ စောနကလို တိုက်ခိုက်မှုများထက် ကွာခြားလေသည်။ သူ၏ လက်သီးများမှာ ပိုမို၍ ပျော့ပြောင်းနေခဲ့သည်။
မာကျောမှုက လုံလောက်အောင် မသန်မာပါက ပျော့ပြောင်းညင်သာမှုသည် မာကျောခက်ထန်မှုကို အနိုင်ယူနိုင်လေသည်!
အကြီးအကဲစန်းဖုန်း၏ ထိုက်ကျိလမ်းစဥ်၊ သူဟာ ၎င်း၏အနှစ်သာရကို ဆုပ်ကိုင်နိုင်ခဲ့လေပြီ!
ပြေးဝင်လာသော ကုချိုးနှင့် ရင်ဆိုင်လိုက်ရသည့်အခါ ရုပ်သေးရုပ်က လှည့်ကြည့်ခြင်းတောင်မရှိဘဲ လက်သီးလုံးကို ပစ်သွင်းလိုက်သည်။ သို့ပါသော်လည်း သူ၏လက်သီးလုံးဟာ ဝါဂွမ်းကို ထိုးလိုက်ရသကဲ့သို့ သက်ရောက်မှုမရှိခဲ့ပါ။ ဒါက သူ့ကို အံ့သြသွားစေခဲ့သည်။
သူ၏လက်သီးဟာ ကုချိုး၏ ဆွဲညို့ခြင်းကို ခံလိုက်ရပြီး အင်အားများဟာ သူ့ထံသို့ တန်ပြန်လာခဲ့သည်။
"စိတ်ဝင်စားစရာပဲ။ မင်း ဘယ်လောက်များ တောင့်ခံနိုင်ဦးမလဲဆိုတာ ကြည့်ချင်မိတယ်!"
ရုပ်သေးရုပ်က လှောင်ရယ်လိုက်ပြီး ကုချိုးကို ထပ်ခါထပ်ခါထိုးလိုက်သည်။ သူ ထိုးသွင်းနေစဥ်ကာလအတွင်း၌ ကုချိုး၏ခန္ဓာကိုယ်၌ လျို့ဝှက်ဆန်းကြယ်သော အပြောင်းအလဲတစ်စုံတစ်ရာ ဖြစ်ပေါ်လာခဲ့တာကိုတော့ သတိမမူမိလိုက်ပါ။