← Chapters

ပျက်သုန်းခြင်းရုပ်ခန္ဓာ။

Vol. 37 Ch. 509

ပျက်သုန်းခြင်းရုပ်ခန္ဓာ။

Vol. 37 Ch. 509

ဘာသာပြန်- The Fate

လူသားတို့၏ခန္ဓာကိုယ်သည် အင်မတန်မှ အံချီးဖွယ်ကောင်းလှသည်။ ၎င်း၏ အတွင်းပိုင်း၌ မှန်းဆ၍မရနိုင်သော မြင့်မြတ်သည့်စွမ်းအားများ ကိန်းဝပ်နေလေသည်။ ဤကမ္ဘာလောကကြီးအတွင်း၌ မရေမတွက်နိုင်သော အစွမ်းထက်သည့် မျိုးနွယ်စုများရှိကြသည်။ သို့သော်လည်း ကောင်းကင်တာအိုမျိုးနွယ်စုများကတောင် သူတို့၏ မူလရုပ်ခန္ဓာကိုယ်ကို ပြသခဲသည်။ သူတို့ဟာ လူသားပုံသဏ္ဌာန်အတိုင်းသာ ပြုမူနေထိုင်လေ့ရှိကြ၏။

အထူးဥပဒေသဟာ တစ်မျိုးမျိုးသော မြင့်မြတ်သည့်စွမ်းအားက ခန္ဓာကိုယ်အတွင်းရှိ အခြားမြင့်မြတ်သော စွမ်းအားများထက် များစွာသာလွန်နေပါက ၎င်းက ခန္ဓာကိုယ်ကို သက်ရောက်မှုရှိပြီး အထူးမြင့်မြတ်သောစွမ်းအားများ ကိန်းဝပ်နေသည့် ရုပ်ခန္ဓာတစ်ခုကို ဖွဲ့တည်သည်ဟု ညွှန်းဆိုနေပေသည်။

သူတို့တွင် အထူးရုပ်ခန္ဓာများရှိနေသေးသ၍ သူတို့အားလုံးဟာ ထိပ်တန်းပါရမီရှင်များ ဖြစ်ကြသည်!

ကုချိုးလို အသန်မာဆုံးအထူးရုပ်ခန္ဓာကို ပိုင်ဆိုင်ထားသည့် လူတစ်ယောက်တွင်တော့ ပျက်သုန်းခြင်းရုပ်ခန္ဓာရှိပြီး သူ၏အလားအလာက ပို၍တောင် အကန့်အသတ်မဲ့သေးသည်။

မူလက ကုချိုးသည် ပျက်သုန်းခြင်းရုပ်ခန္ဓာကို ဖွင့်လှစ်ခဲ့သော်လည်း သူဟာ အတော်များများ သင်ကြားခဲ့ရသည်။ သူဟာ စိတ်ငြိမ်ခြင်းကောင်းကင်ဘုံ နတ်ဆိုးနတ်ဘုရား၏ နတ်ဆိုးလမ်းစဉ်ဆယ်ပါးကို အမွေဆက်ခံရရှိခဲ့ရုံသာမက ရှန်ရှန်ကျုံ့ဂိုဏ်းအကြီးအကဲများစွာ၏ အမွေအနှစ်များကိုလည်း ရရှိခဲ့သည်။ သူဟာ တာအို၏ လျို့ဝှက်ဆန်းကြယ်သော နည်းလမ်းပေါင်းများစွာကို နားလည်ခဲ့ကာ သူ၏ရုပ်ခန္ဓာဟာ သူကိုယ်တိုင်နားမလည်နိုင်လောက်သည်အထိ ပြောင်းလဲသွားခဲ့သည်။

သူဟာ ပျက်သုန်းခြင်းရုပ်ခန္ဓာကို ဖွင့်လှစ်နိုင်ခဲ့တာကြောင့် ရုတ်တရက်ဆိုသလို သူ၏ကျင့်ကြံမှုများ တိုးမြင့်သွားခဲ့ရသည်။

ယခုအချိန်တွင် အဋ္ဌမအလွှာရှိ အစောင့်အရှောက်ရုပ်သေး၏ ကြမ်းတမ်းခက်ထန်သော တိုက်ခိုက်မှုများကို သည်းခံလိုက်ပြီးနောက် သူ၏ပျက်သုန်းခြင်းရုပ်ခန္ဓာသည် တစ်ဖြည်းဖြည်းဖြင့် အသက်ဝင်လာခဲ့သည်။ ဤအချိန်၌ ကုချိုးဟာ စတင်မတိုက်ခိုက်ရသေးသော မှော်ဝင်ရတနာတစ်ခုနှင့် အလားသဏ္ဌာန်တူ၏။ သူဟာ လျို့ဝှက်ဆန်းကြယ်ပြီး အကန့်အသတ်မဲ့သော ပန်းပဲဆရာ၏ အဆက်မပြတ်ထုရိုက်ခြင်းကို ခံနေရသည့်အတိုင်းပင်။

အစောင့်အရှောက်ရုပ်သေးရုပ်ကတော့ ဘယ်တော့မှ တွေးမိမှာမဟုတ်ပါ။ ၎င်းသည် အဋ္ဌမအလွှာ၌ မရေမတွက်နိုင်သော သူရဲကောင်းများကို တားဆီးနိုင်ခဲ့သော်လည်း ကုချိုး၏ကိရိယာတန်ဆာပလာတစ်ခုအဖြစ် သတ်မှတ်ခြင်းခံနေရသည်။

သို့သော်လည်း သူ(ရုပ်သေး) ကိုယ်တိုင်ကိုက သူ၏တိုက်ခိုက်မှုများကို ခုခံနိုင်သည့်အရုပ်တစ်ရုပ်ကို ရယူလိုနေရာ ဒီအတွက် အကြောင်းပြချက်ရှိပါမည်လော။

"ဘုန်း!"

အဋ္ဌမအလွှာ၏ နေရာလွတ်နယ်မြေအတွင်း၌ အဆက်မပြတ်မြည်ဟီးသံကြီးများ ဖြစ်ပေါ်လာပြီး အစောင့်အရှောက်ရုပ်သေးရုပ်သည် ကုချိုးကို စိတ်မရှည်စွာ တိုက်ခိုက်ခဲ့သည်။ လက်သီးလုံးတစ်လုံးစီတိုင်းက ယခင်လက်သီးလုံးများထက် ပို၍သန်မာလေသည်။ ကုချိုးကတော့ ကြမ်းတမ်းမှုကို ပျော့ပြောင်းမှုဖြင့် အနိုင်ယူရန် ထိုက်ကျိလမ်းစဥ်ကို ဆက်လက်အသုံးပြုနေခဲ့ပြီး ခွန်အားအပြည့်ဖြင့် ခုခံတားဆီးနေခဲ့သည်။

သို့သော်လည်း မာကျောမှုကို ပျော့ပြောင်းမှုဖြင့် အနိုင်ယူနိုင်သော ထိုက်ကျိလမ်းစဥ်ဖြင့်တောင် ကုချိုးဟာ ရုပ်သေးရုပ်၏ ဧရာမလက်သီးစွမ်းအားများကို အပြည့်အဝမကာကွယ်နိုင်ခဲ့ပါ။ သန်မာသော လက်သီးစွမ်းအား၏ အလွှာများသည် ပျော့ပြောင်းသော ခွန်အားကို ဖြတ်ကျော်လျက် သူ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားခဲ့ပြီး ပျက်သုန်းခြင်းရုပ်ခန္ဓာကို လှုံ့ဆော်ပေးနေခဲ့သည်။

ဧရာမဖိအားကြီးဖြင့် ရိုက်နှက်မှုများသည် ကုချိုး၏ ပျက်သုန်းခြင်းရုပ်ခန္ဓာကို အမှီအခိုကင်းမဲ့စွာ အသက်ဝင်လာစေခဲ့သည်။ ခမ်းနားကြီးကျယ်သော ပျက်သုန်းခြင်းစွမ်းအားများသည် ရှင်သန်လာခဲ့ပြီး ကုချိုး၏ခန္ဓာကိုယ်အတွင်း၌ လှည့်ပတ်လာခဲ့သည်။ ၎င်းဟာ ကောင်းမွန်သောသင်္ကေတများဖြင့် သန့်စင်ခံလိုက်ရပြီး အသားလွှာများ၊ သွေးများနှင့်ရောနှောသွားခဲ့ပြီး အရိုးများထိတိုင် စိမ့်ဝင်သွားခဲ့ကာ ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် ကုချိုး၏ ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင်ပေးနေခဲ့သည်။

ပျက်သုန်းခြင်း၏စွမ်းအားများသည် သင်္ကေတများအဖြစ် ပေါင်းဖွဲ့ပြီး အသားလွှာများ၊ သွေးများ၊ အရိုးများနှင့် ပေါင်းစပ်လိုက်ပြီးသည့်နောက် ကုချိုး၏ အသားစများနှင့် သွေးများသည် မြင့်မြတ်မှုတစ်စုံတစ်ရာကို ပိုင်ဆိုင်ထားပုံပေါ်ကာ အလင်းတန်းများ ရုတ်တရက်တောက်ပလာခဲ့သည်။

၎င်းမှာ သန္ဓေအောင်သော နယ်မြေ၌သီးနှံပင်များ စိုက်ပျိုးလိုက်ခြင်းနှင့် တူညီလေသည်။ ၎င်းတို့ဟာ မျိုးပွားပြီး အမြစ်ထွက်လာမည်။ ယင်းနောက် ကြီးထွားပြီး သစ်သီးဝလံများကို ရရှိလိမ့်မည်။ ဤနည်းလည်းကောင်းပင်၊ ကုချိုး၏ခန္ဓာကိုယ်အတွင်း၌ ဖြစ်ပျက်လျက်ရှိ၏။

မိမိ၏ကိုယ်တွင်း၌ ဖြစ်ပျက်နေသည်ဖြစ်ရာ ကုချိုးသည်လည်း ခန္ဓာကိုယ်အတွင်းရှိ အပြောင်းအလဲများကို အာရုံခံမိလိုက်သည်။ သူ၏မျက်ဝန်းများအတွင်း၌ အလင်းတန်းတစ်ခု တောက်ပလာခဲ့ပြီး အပြုံးတစ်ပွင့်ဖြင့် ပြောဆိုလိုက်သည်။

"အစ်ကိုကြီး မင်းမပြီးသေးဘူးလား။ မင်းက လုံလောက်အောင် မသန်မာသေးပါဘူး!"

"မင်း ဒီအရှင်ရဲ့ ဆိုးဆိုးရွားရွားဆက်ဆံတာကို ခံခဲ့ဖူးလို့လား။ ဒီလိုမှမဟုတ်ရင် ဘာလို့ ဒီသခင်လေးနဲ့အတူ အပြင်ထွက်မလည်ရမှာလဲ။ လာစမ်းပါ။ အားပြင်းပြင်းနဲ့ ထိုးနှက်စမ်းပါကွ!"

ကိရိယာတန်ဆာပလာ ပီသအောင် လုံလောက်အောင် မကောင်းမွန်သေးပါက ဖိအားပေးရမည်!

"ဘုန်း!"

သေချာပါပြီ။ အစောင့်အရှောက်ရုပ်သေးရုပ်သည် ကုချိုးစကားလုံးများ၏ ရန်စခြင်းကို ခံလိုက်ရသည်။ သူဟာ အဋ္ဌမအလွှာ၏ အစောင့်အရှောက်ဖြစ်လာပြီးကတည်းက လူငယ်မျိုးဆက်များက သူ့ကိုရန်မစရဲခဲ့ကြပါ!

သူ၏လက်သီးလုံးကြီးထံမှ ပို၍ပို၍အစွမ်းထက်သော စွမ်းအားများထွက်ပေါ်လာပြီး လေဟာပြင်ကိုတောင် အက်ကွဲသွားစေခဲ့သည်။ ကောင်းကင်ကို ယိမ်းခါစေနိုင်သော လက်သီးလုံးကြီးသည် ဧရာမတောင်စဥ်တောင်တန်းကြီးအလား ကျဆင်းလာခဲ့လေသည်!

"ဘုန်း!"

ကျယ်လောင်သော ပေါက်ကွဲသံကြီးထွက်ပေါ်လာခဲ့ပြီး ကုချိုးသည် အထက်အောက်ပြောင်းပြန်လှန်၍ လွင့်စင်ထွက်သွားကာ နံရံနှင့် ဝင်ဆောင့်မိသွားပြီး နေရာလွတ်နယ်မြေတစ်ခုလုံးဟာ အဆက်မပြတ် ယိမ်းထိုးလာခဲ့သည်။

သူဟာ ထိုက်ကျိလမ်းစဥ်ဖြင့် မိမိကိုယ်ကို ထိန်းကျောင်းခဲ့သော်လည်း စွမ်းအားကြီးသော ဖိအားကိုတော့ အပြည့်အဝ ရင်မဆိုင်နိုင်ခဲ့ပါ။ သူ၏မျက်နှာသည် ဖြူဖျော့လာခဲ့သည်။ နှုတ်ခမ်းထောင့်စွန်းမှ သွေးစီးကြောင်းတစ်ခု ထွက်ပေါ်လာရသည်။

သို့ပါသော်လည်း ကုချိုးဟာ စိတ်ပျက်အားလျော့ခြင်းမရှိခဲ့ပါ။ ထို့အစား သူက တိုးတိတ်စွာတောင် ပျော်ရွှင်နေသေးသည်။ ဤလက်သီးချက်ပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်တွင်းရှိ ပျက်သုန်းခြင်း၏စွမ်းအားများသည် ပို၍မြန်ဆန်စွာ သိပ်သည်းလာကြောင်းကို သူခံစားခဲ့ရသည်။ ပျက်သုန်းခြင်း၏စွမ်းအားများမှာ ပို၍ပို၍ များပြားနက်နဲလာလေပြီ။

သူဟာ ဒါဏ်ရာရနေပုံပေါ်သော်လည်း သူ၏ခန္ဓာကိုယ်တစ်ခုလုံးက လန်းဆန်းတက်ကြွနေပြီး အင်မတန်မှ သက်တောင့်သက်သာရှိနေခဲ့သည်။

တစ်နေ့နေ့တွင် ကုချိုးဟာ ရိုက်နှက်ခံပြီးတာတောင် ပျှော်ရွှင်နေလိမ့်ဦးမည် ဆိုတာကို တစ်ခါမှ မတွေးခဲ့ဖူးပါ။

သူပြင်ပကမ္ဘာမှာရှိမနေတာက ကံကောင်းလှသည်။ ဒီလိုမှမဟုတ်ပါက သူ့ကို နာကျင်မှုနှစ်သက်သူအဖြစ် အထင်မှားသွားနိုင်၏။

"ဟေ့ အရူးကြီး၊ မင်းက ငါ့ကို ဝန်ခံလာတဲ့အထိအောင်တောင် မရိုက်နှက်နိုင်ဘူးလား။ ဒါက မင်းရဲ့ခွန်အားလား။ အားနည်းလိုက်တာကွာ!"

ကုချိုးဟာ မျက်ခုံးပင့်လျက် ရူးနှမ်းနေသော အမူအယာဖြင့် ရန်စစကား ပြောဆိုလိုက်သည်။

ဤမြင်ကွင်းကို တွေ့မြင်လိုက်ရသည့်အခါ အမှောင်ထုအတွင်း၌ ကြည့်ရှုနေခဲ့သည့် ဧကရာဇ်စန်းရိနှင့် ကြင်ယာတော်ယဲ့ရှန်ဖေးတို့သည် သူ့ကို ထပ်ခါထပ်ခါ ချီးကျူးမိလိုက်ကြသည်။ ကုချိုးဟာ အဋ္ဌမအလွှာရှိ အစောင့်အရှောက်ရုပ်သေးရုပ်ကို ကိရိယာတန်ဆာပလာအဖြစ် အသုံးပြုနိုင်ခဲ့သော ပထမဆုံး ပုဂ္ဂိုလ်ဖြစ်ပါ၏။

"ဒီကလေးက ငါတို့အင်ပါယာရဲ့အဖွဲ့ဝင် ဘာကြောင့်များ မဖြစ်ရတာလဲကွာ။ သူသာ အင်ပါယာကြီးကို ဝင်ရောက်ချင်တယ်ဆိုရင် ကောင်မလေးလန်လင်းကို သူနဲ့ ထိမ်းမြားပေးဖို့ဆိုတာက မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး!"

သူဟာ ကုချိုးကို ပို၍လေးစားလာလေလေ ထင်မှတ်မထားသော အံ့ဖွယ်စကားများကိုတောင် ထုတ်ပြောမိလေလေဖြစ်၏။

"ဟီးဟီး၊ ဧကရာဇ်က ဘာဖြစ်လို့ သူ့ရဲ့အဆင့်အတန်းကို အရမ်းကြီးတွက်ကပ်နေရတာလဲ? ဒီကလေးက တော်ဝင်မင်းသမီးလေးလန်လင်းရဲ့ ဂိုဏ်းတူအစ်ကိုကြီးဖြစ်မှတော့ သူက မြင့်မြတ်တဲ့စန်းရိမင်းဆက်ရဲ့ အဖွဲ့ဝင်တစ်ယောက် မဟုတ်ဖူးဆိုရင်တောင် ကျုပ်တို့စန်းရိမင်းဆက်နဲ့ တစ်လှေတည်းစီး ဖြစ်နေတုန်းပါပဲလေ!"

လူအိုကြီး၏ မျက်ဝန်းများအတွင်း၌ အလင်းတန်းတစ်ခု တောက်ပသွားခဲ့ပြီး အပြုံးတစ်ပွင့်ဖြင့် ပြောဆိုလိုက်သည်။

"လူအိုကြီးက အတော်လေး ပွင့်လင်းသကိုး!"

"ဒီလို ပါရမီရှင်တစ်ယောက်ကိုတောင် ဒီလောက်အခြေအနေအထိ လေ့ကျင့်သင်ကြားပေးနိုင်တယ်ဆိုတော့ သူ့နောက်ကွယ်ကဂိုဏ်းက ရိုးရှင်းမှုမရှိဘူးလို့ ဒီဧကရာဇ်ကထင်တယ်။"

လူအိုကြီး၏စကားကို ကြားလိုက်ရသည့်အခါ ဧကရာဇ်စန်းရိ၏ မျက်ဝန်းများမှာ ကျဥ်းမြောင်းသွားခဲ့ပြီး သူ့မျက်နှာထက်ရှိ အပြုံးမှာ ပို၍ ပို၍ ကျယ်ပြောလာခဲ့သည်။ သူဟာ လူအိုကြီးဆိုလိုချင်သည့်အရာကို သိရှိနားလည်သည်။ သူဟာ ထိုလျို့ဝှက်ဆန်းကြယ်သောဂိုဏ်းနှင့် တွက်ကပ်စရာမလိုပါ။ မင်းသမီးလေးလန်လင်းရှိနေသေးသ၍ ထိုလျို့ဝှက်ဆန်းကြယ်သောဂိုဏ်းမှာ သူတို့၏ မြင့်မြတ်သောစန်းရိအင်ပါယာနှင့် ယှဥ်တွဲဖြစ်တည်နေလိမ့်မည်!

ဘုန်း!

သူတို့နှစ်ယောက် ပြောဆိုဆွေးနွေးနေကြစဥ်တွင် အဋ္ဌမအလွှာရှိ အစောင့်အရှောက်ရုပ်သေးရုပ်သည် ကုချိုး၏ရန်စသောစကားများကို ကြားလိုက်ရပြီး ဒေါသထွက်သွားခဲ့သည်။ သူ၏ ကြီးမားသော ခန္ဓာကိုယ်ကြီးမှာ လေဟုန်စီး၍ ပြင်းထန်စွာ ပြေးထွက်လာခဲ့သည်။

၎င်းဧရာမလက်သီးလုံးကြီးများသည် လေဆင်နှာမောင်းအတွင်းရှိ ဧရာမတူကြီးများကဲ့သို့ အရိုင်းဆန်စွာ ဝေ့ယမ်းလှုပ်ရှားလာခဲ့ပြီး လက်သီးအရိပ်များကို ပေါက်ကွဲ ဖြစ်ပေါ်စေခဲ့သည်။အစွမ်းထက်သော စွမ်းအားများက နေရာလွတ်နယ်မြေတစ်ခုလုံးကို ယိမ်းခါသွားစေခဲ့သည်။

"ကောင်းတယ်။ မင်းက တိုက်ကွက်တွေကို လျှိုထားသေးတာပဲဟ။"

ကုချိုး၏မျက်ဝန်းများအတွင်း၌ အလင်းတန်းတစ်ခုဖြစ်ပေါ်လာခဲ့ပြီး စိတ်ပါဝင်စားစွာ ရေရွတ်လိုက်သည်။

သူဟာ ထိုက်ကျိလမ်းစဥ်ကို လက်သင့်ခံလိုက်ပြီး နေရာမှာတင် တင်ပျဥ်ချိတ်ထိုင်လိုက်သည်။ သူ၏စိတ်အာရုံတစ်ခုလုံးမှာ ကိုယ်တွင်းသို့ နှစ်မြှုပ်သွားခဲ့ပြီး ပျက်သုန်းခြင်းရုပ်ခန္တာ၏ စွမ်းအားများလှည့်ပတ်ခြင်းကို အာရုံစူးစိုက်ထားလိုက်သည်။ အပြင်ပိုင်းတွင် ကုချိုးဟာ ရုန်းကန်လှုပ်ရှားနေခြင်းကို အရှုံးပေးလိုက်သည့်ပုံ ပေါက်နေခဲ့သည်။

သူ့ကိုယ်တွင်းရှိ အရိုးများနှင့် အသားစများသည် တောက်ပစွာ လင်းလက်နေခဲ့ပြီး သူ၏ စိတ်အာရုံဟာ ရှေးဟောင်းအပျက်အသုန်းနယ်မြေအတွင်းသို့ ရောက်ရှိသွားခဲ့ပုံပေါ်သည်။ ပျက်သုန်းခြင်းရုပ်ခန္ဓာ၏ ဥာဏ်အလင်းပွင့်မှုများမှာ သူ၏ နှလုံးအိမ်အတွင်းသို့ ဆက်လက်စီးဆင်းသွားခဲ့ပြီး ပျက်သုန်းခြင်းရုပ်ခန္ဓာကို ထိန်းချုပ်မှုရရှိလာစေခဲ့သည်။

"ဘုန်း!"

တစ်ခဏကြာသည့်အခါ အဋ္ဌမအလွှာရှိ အစောင့်အရှောက်ရုပ်သေးရုပ်မှ အသွင်ပြောင်းဖြစ်တည်လာသော လေဆင်နှာမောင်းမုန်တိုင်းကြီးသည် ကုချိုးကို ဝါးမျိုသွားခဲ့ပြီး ထိတ်လန့်ဖွယ်စွမ်းအားကြီးက နေရာလွတ်နယ်မြေတစ်ခုလုံး၌ ပြည့်နှက်သွားခဲ့သည်။

မျက်တောင်တစ်ခတ်အတွင်း၌ ကုချိုး၏ခန္ဓာကိုယ်ဟာ လက်သီးချက်များ၏ အကြိမ်ပေါင်းထောင်သောင်းချီ ထိုးနှက်ခြင်းကို ခံခဲ့ရသည်။ ထိတ်လန့်ဖွယ်ကောင်းသော လက်သီးချက်များသည် ကုချိုး၏ခန္ဓာကိုယ်အတွင်းသို့ ပင်လယ်ရေများ စီးဆင်းသကဲ့သို့ စီးဆင်းဝင်ရောက်သွားခဲ့သည်။

သို့ပါသော်လည်း ကုချိုးဟာ မြေပြင်အတွင်း၌ နှစ်မြှုပ်နေခဲ့ပုံပေါ်ကာ လက်သီးချက်များ အဘယ်မျှလောက် ကျဆင်းလာပါစေ သူ၏ခန္ဓာကိုယ်ဟာ ရွေ့လျားမသွားခဲ့ပါ။

All Chapters