ကံတရားက လူအများကို လှည့်စား၏
Vol. 37 Ch. 510
ဘာသာပြန်_ The Fate
"တစ်နာရီတောင်ကြာပြီ။ သူ ထွက်မလာသေးဘူး.. တစ်ခုခုဖြစ်နေတာများလား?"
မွန်မြတ်မှု ၇ ပါးစေတီ၏ အပြင်ဘက်တွင် စစ်ထူမင်သည် အဋ္ဌမအလွှာကိုကြည့်ကာ လှောင်ပြောင်နေသောမျက်ဝန်းများဖြင့် တီးတိုးပြောဆိုခဲ့သည်။
"ဟင့်အင်း တစ်ခုခုဖြစ်သွားခဲ့ရင် အလောင်းက အပြင်ကို ပြန်ထွက်လာလိမ့်မယ်.. သူက ဆက်လက်ခုခံနေတုန်းပဲ...!"
ကျန်းထျန်းမင်သည် ခေါင်းကိုခါယမ်းလိုက်ပြီး နက်ရှိုင်းသောအသံဖြင့် ပြောဆိုခဲ့သည်!။
"သူ အသားစဖြစ်တဲ့အထိ ရိုက်နှက်ခံလိုက်ရတာ ဖြစ်လောက်တယ်... အဋ္ဌမအလွှာက အစောင့်အရှောက် ရုပ်သေးရုပ်က အဆင့်ကြီးနှစ်ဆင့်ပိုမြင့်တယ်လို့ ငါကြားထားတယ်!!"
စစ်ထူမင်က လှောင်ပြောင်ပြောဆိုလိုက်သည်။
ထိုစကားများ ကျဆင်းသွားသည်နှင့်တစ်ပြိုင်နက် ကျန်းထျန်းမင်တို့က တိတ်ဆိတ်သွားကြသည်။ ဒါကလည်း ဖြစ်နိုင်ပါ၏။!!
ကျန်းထျန်းမင်တို့နှင့်နှိုင်းယှဥ်ရပါက အခြားသူများမှာ စိတ်ရှည်စွာဖြင့် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။
ကွင်းပြင်ကြီးအတွင်း၌ ကုချိုးအပေါ်ယုံကြည်မှုရှိသူများမှာ လီချင်းတို့အုပ်စုသာရှိကြ၏။
.........
အဋ္ဌမအလွှာတွင် ကုချိုးဟာ အချိန်ကာလကိုတောင် မေ့ပျောက်သွားခဲ့ပုံပေါ်သည်။ သူဟာ ရုပ်သေးရုပ်၏ ဘယ်နှစ်ကြိမ်မြောက် ထုနှက်ခြင်းကို ခံခဲ့ရသလဲဆိုတာတောင် မသိတော့ပါ။ သူ့နားစည်အတွင်း မြည်ဟိန်းနေသော ပေါက်ကွဲသံကြီးများက အဆုံးအစမဲ့သည်ဟု ထင်မှတ်ရ၏ ။
ဤအချိန်၌ ကုချိုး၏ ခန္ဓာကိုယ်ဟာ ကမ္ဘာတုန်လောက်သော အပြောင်းအလဲများကို ဖြတ်ကျော်နေခဲ့သည်။
သူ၏ခန္ဓာကိုယ်တစ်ခုလုံးက မြင့်မြတ်သောကျောက်တုံးတစ်တုံးကဲ့သို့ သန့်စင်ဝင်းလက်လာခဲ့ပြီး သူ့ခန္ဓာကိုယ်ဟာ အလင်းတန်းများကြား ဖုံးအုပ်ခြင်းခံခဲ့ရသည်။ သူ၏ အရည်ပြားဟာ နူးညံ့လာပြီး အမျိုးသမီးများတောင် မနာလိုရသည်အထိ လှပလာလေသည်။
ဤသည်မှာ ပျက်သုန်းခြင်းရုပ်ခန္ဓာကို ဖွင့်လှစ်လိုက်ပြီးနောက် ရုပ်ခန္ဓာ၏ အကျိုးသက်ရောက်မှုများဖြစ်ပါ၏။
"ဘုန်း!!"
ကုချိုး၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ဝင်းလက်တောက်ပလာခဲ့သည်။ ကုချိုးက ဆက်လက်၍တောင့်ခံမထားနိုင်တော့တာကြောင့် သူ့ကိုကာကွယ်ပေးရန် ရတနာပစ္စည်းတစ်ခုခု အသုံးပြုခဲ့သည်ဟု အစောင့်အရှောက်ရုပ်သေးရုပ်က ထင်မှတ်မှားသွားခဲ့သည်။ ထို့အတွက်ကြောင့် ရုပ်သေးရုပ်၏ တိုက်ခိုက်မှုများမှာ ပို၍ပို၍ ပြင်းထန်လာခဲ့သည်။ သူ့အပေါ်၌ သက်ဆင်းလာခဲ့သော လက်သီးအလင်းလုံးများက ပို၍ထိတ်လန့်ဖွယ် ကောင်းလာခဲ့သည်။
ဒီကလေးက သူ့ကိုရန်စရဲတယ်... ဒီစောင့်ရှောက်သူက မင်းကို နည်းနည်းလေးတောင် သက်ညှာမပေးဘူးကွ.. ဒီလိုမှ မဟုတ်ရင် ကမ္ဘာလောကကြီးအကြောင်းကို မင်းသိရမှာမဟုတ်ဘူး...။
မုန်တိုင်းအတွင်း၌ တစ်ခုပြီးတစ်ခုသော လက်သီးလုံးများသည် ကုချိုး၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာထိရိုက်နေခဲ့ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို အက်ကွဲကြောင်းများဖြစ်ပေါ်စေခဲ့သည်။ ပျက်သုန်းခြင်းရုပ်ခန္ဓာ၏ ပြောင်းလဲသောစွမ်းအား၏ အောက်တွင် သူ၏ခြေလက်များ အရိုးများ ၊အသားများသည် နိယာမတစ်ခု၏ ရစ်ပတ်ခြင်းကို ခံခဲ့ရကာ အရိုးတိုင်းက တုန်ခါလာခဲ့ပြီး ကြည်လင်သော အလင်းရောင်တစ်ခုကို ထုတ်လွှတ်ခဲ့သည်။
တဖြည်းဖြည်းနှင့် ပျက်သုန်းခြင်းရုပ်ခန္ဓာမှ အသွင်ပြောင်းဖြစ်တည်လာသော သင်္ကေတများသည် အလင်းလှိုင်းကြီးများအဖြစ် ပြောင်းလဲသွားခဲ့ပြီး ကုချိုး၏ အရိုးများပေါ်၌ အုပ်ကာထားခဲ့သည်။ ၎င်းက သူ့ခန္ဓာကိုယ်ရှိ အရိုးများကို ချပ်ဝတ်တန်ဆာဝတ်ဆင်ပေးလိုက်သည့်အလားပင်။
ဤသည်မှာ ပျက်သုန်းခြင်းရုပ်ခန္ဓာ၏ ဆက်လက်၍ဖွံ့ဖြိုးတိုးတက်မှုတစ်ခုဖြစ်သည်။ ပျက်သုန်းခြင်း၏ စွမ်းအားများသည် အရိုးများအတွင်းသို့ ပေါင်းစပ်ပြီးသည်နှင့်တစ်ပြိုင်နက် ၎င်းက ကုချိုး၏ ကျင့်ကြံမှုအပေါ် အကျိုးအမြတ်ရရှိစေရုံသာမက သူ၏ လျင်မြန်ဖျတ်လတ်မှုနှင့် ရုပ်ပိုင်းဆိုင်ရာခွန်အားကိုလည်း အကြီးအကျယ်တိုးတက်စေနိုင်သည်။
အရိုးများအပြင် သူ၏အသားများ သွေးများကလည်း တဖြည်းဖြည်းနှင့်ပြောင်းလဲလာခဲ့သည်။ အသားများနှင့် သွေးများဟာ ပျက်သုန်းခြင်း၏ သင်္ကေတများ ရစ်ပတ်ခြင်းကိုခံခဲ့ရသည်။ ထိုသင်္ကေတများအတွင်းရှိ မြင့်မြတ်သောစွမ်းအားများက တစ်ကိုယ်လုံးကို ခွန်အားပေးနေခဲ့သည်။
ပျက်သုန်းခြင်းစွမ်းအားများ၏ ဖုံးအုပ်မှုအောက်တွင် အရိုးနှင့်အသားများသည် တစ်ခုနှင့်တစ်ခု ရောထွေးသွားခဲ့ပြီး ပျက်သုန်းခြင်း၏ သင်္ကေတများသည် စစ်မြေပြင်၏ ချပ်ဝတ်တန်ဆာကဲ့သို့ အလင်းလွှာတစ်ခုကို ဖန်တီးခဲ့သည်။ ၎င်းက ကုချိုးခန္ဓာကိုယ်အတွင်းရှိ အရိုးများ၌ တွယ်ကပ်နေခဲ့ပြီး သူ၏ ခန္ဓာကိုယ်ကို အလင်းပြန်နေစေခဲ့သည်။
အလင်းရောင်ချပ်ဝန်တန်ဆာသည် နတ်ဘုရားများ၏ ဝင်းလက်တောက်ပမှုအလား ကုချိုး၏ ခန္ဓာကိုယ်ကို တွယ်ကပ်ထားခဲ့ပြီး သူ၏ခန္ဓာကိုယ်ဟာ အစက်အပြောက် ကင်းစင်၍ အနာအဆာကင်းမဲ့နေခဲ့သည်။ သူ့ကိုယ်တွင်း၌ အညစ်အကြေးတစ်စုံတစ်ရာတောင် ကျန်ရစ်မနေတော့ပါ။
ပျက်သုန်းခြင်း၏ စွမ်းအားများသည် ကုချိုးခန္ဓာကိုယ်အတွင်း ပေါင်းစည်းသွားခဲ့ပြီး သလင်းကျောက်မြစ်ကြီးအဖြစ် ပြောင်းလဲသွားခဲ့ကု ကုချိုး၏ ခန္ဓာကိုယ်အတွင်း၌ အော်မြည်၍ လှည့်ပတ်နေခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို အာဟာရပေးနေခဲ့သည်။ မြင့်မြတ်သောစွမ်းအား၏ လှိုင်းလုံးများသည် မြစ်ရေအပြင်အလား ကုချို၏ အတွင်းအင်္ဂါများကို ဆေးကြောပေးနေခဲ့သည်။ သူ့ကိုယ်တွင်းရှိ အတွင်းအင်္ဂါရပ်များမှာ ကျောက်စိမ်းအလား ဝင်းလက်တောက်ပြောင်လာခဲ့သည်။
နောက်ထပ်တစ်နာရီကျော်လွန်သွားခဲ့သည်။ ကုချိုး၏ စိတ်အာရုံဟာ ပြန်လည်၍ သတိဝင်လာခဲ့သည်။ အဋ္ဌမအလွှာရှိ အစောင့်အရှောက်ရုပ်သေးရုပ်၏ လက်သီးစွမ်းအားများသည် သူ့အပေါ် သက်ရောက်မှုမရှိတော့တာကို ခံစားခဲ့ရသည်။
ဤအချိန်၌ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးဟာ ပေါ့ပါးဖျတ်လတ်နေခဲ့ပြီး ပျက်သုန်းခြင်း၏ စွမ်းအားများသည် ရွှေရောင်နဂါးတစ်ကောင်ကဲ့သို့ ပုံသဏ္ဍာန်ဖြင့် ခန္ဓာကိုယ်အတွင်းပိုင်း၌ လှည့်ပတ်နေခဲ့ကာ သူ၏ခန္ဓာကိုယ်ကို လေထုထဲ၌ ဝဲလွင့်နေစေခဲ့သည်။ အဋ္ဌမအလွှာရှိ အစောင့်အရှောက်ရုပ်သေး၏ လက်သီးလုံးများသည် သူ့ကိုယ်တွင်းရှိ နဂါး၏ လှည့်ပတ်မှုကို အနည်းငယ်တောင် တုန်လှုပ်မသွားစေခဲ့ပါ။
ပျက်သုန်းခြင်းဧကရာဇ်ရုပ်ခန္ဓာ၏ အသက်ဝင်လာမှုကြောင့် ကုချိုး၏ ရုပ်ပိုင်းဆိုင်ရာသန်မာမှုများသည် မိုးကောင်ကင်ထိတိုင် မြင့်တက်သွားခဲ့ပြီး ပြီးပြည့်စုံမှုထက် ခြေလှမ်းဝက်သာကွာခြားတော့သည်။
ပျက်သုန်းခြင်းရုပ်ခန္ဓာ၏ လျှို့ဝှက်ဆန်းကြယ်မှုများသည် ကုချိုးကိုအံ့အားသင့်စေခဲ့ပြီး ၎င်းက သူ၏အစွမ်းထက်ဆုံး နောက်ထပ်ဝှက်ဖဲတစ်ခုဖြစ်လာခဲ့သည်။
ကုချိုး၏ ယခင်တိုက်ပွဲဝင်စွမ်းအားက ချန်ခွမ်းကပ်ဘေးအဆင့်နှင့် ညီမျှလုနီးပါးဖြစ်နေခဲ့သည်ဟု ပြောရလျှင် လက်ရှိအချိန်၌ သူဟာ သန်မာသော ချန်ခွမ်းကပ်ဘေးအဆင့်ကျင့်ကြံသူတစ်ယောက်ကိုတောင် ရင်ဆိုင်တိုက်ခိုက်နိုင်သည်!!။
သွေးနှောပျက်သုန်းခြင်းရုပ်ခန္ဓာသည် ကုချိုး အစစ်အမှန်ကြီးထွားမှု၏ မူလအုတ်မြစ်ဖြစ်လေသည်။ ယခုအချိန်တွင် မူလအုတ်မြစ်ဟာ ချမှတ်ခံလိုက်ရပြီး ကုချိုး၏.ကြီးထွားမှုမှာ သာမန်လူများ မျှော်လင့်ထားတာထက် ကျော်လွန်ပေလိမ့်မည်!!။
"မင်းငါ့ကို ထပ်ပြီးအသုံးချနေပြန်တာလား?..."
ဤအချိန်၌ အစောင့်အရှောက်ရုပ်သေးရုပ် အဘယ်မျှလောက် တုံးအပါစေ။ မူမမှန်မှုများကို နားလည်သိရှိသွားပြီဖြစ်သည်။ ကြီးမားသော မုန်တိုင်းကြီးသည် တဖြည်းဖြည်းလွင့်ပျောက်သွားခဲ့ပြီး အစောင့်အရှောက်ရုပ်သေးရုပ်၏ ပုံရိပ်က ကုချိုး၏ အရှေ့၌ ထွက်ပေါ်လာခဲ့သည်။ သူဟာ ကြီးမားသောမျက်ဝန်းကြီးများဖြင့် ကုချိုးကို စူးစိုက်ကြည့်နေခဲ့သည်။
"မင်း မသိဘူးလား?..."
ကုချိုးဟာ တစ်ခဏကြာအောင် ကြောင်အသွားပြီး ပြန်လည်မေးမြန်းလိုက်သည်။
သောက်ကျိုးနဲ!!....
ကံကောင်းထောက်မစွာဖြင့် အစောင့်အရှောက်ရုပ်သေးရုပ်၌ အန်ထုတ်ရန် သွေးမရှိခဲ့ပါ။ ဒီလိုမှမဟုတ်ပါက ကုချိုးစကားလုံးများကြောင့် အစောင့်အရှောက်ရုပ်သေးရုပ်သည် သေလုမျောပါးထိ သွေးအန်မိပေလိမ့်မည်။
"ငါမင်းကို သတ်မယ်!!"
အစောင့်အရှောက်ရုပ်သေးရုပ်သည် ဒေါသထွက်လာခဲ့ပြီး ကောင်းကင်ကြီးကို မော့ကြည့်လျက် ဟစ်ကြွေးလိုက်သည်။ သူ၏ အသံက နေရာလွတ်နယ်မြေတစ်ခုလုံးကို ခါယမ်းသွားစေခဲ့သည်။ ခမ်းနားကြီးကျယ်သော အရှိန်အဝါကြီးသည်။ သူ၏ခန္ဓာကိုယ်မှ ပျံ့လွင့်ထွင်ပေါ်လာခဲ့ပြီး သူ၏ လက်သီးလုံးများမှာ အနက်ရောင်အလင်းလုံးများဖြင့် ပေါက်ကွဲထွက်သွားခဲ့သည်။ ကမ္ဘာလောကကြီးကို ဝါးမြိုတော့မည့် အနက်ရောင်တွင်းပေါက်ကြီးသည် အင်မတန်မှ ထိတ်လန့်ဖွယ်ကောင်းချေသည်။
"ဘုန်း....!"
အစွမ်းထက်ပြီး ထိတ်လန့်ဖွယ်ကောင်းသော လက်သီးချက်သည် လေဟာနယ်တစ်ခုလုံးကို ခါယမ်းစေခဲ့သည်။ သူလက်သီးတစ်ချက်ဆန့်ထုတ်လိုက်သည်နှင့် တစ်ပြိုင်နက် ကုချိုးရှေ့မှောက်ရှိ လေဟာပြင်မှာ တစ်လက်မပြီးတစ်လက်မ အက်ကွဲလာခဲ့ရသည်။ တိုတောင်းသော အချိန်ကာလအတွင်း၌ ဧရာမလက်သီးလုံးကြီးသည် ကုချိုးထံသို့ ပြေးဝင်လာခဲ့သည်။
၎င်းလက်သီးနှင့်ရင်ဆိုင်လိုက်ရသော်လည်း ကုချိုးက အမူအရာမဲ့စွာ ရှိနေခဲ့သေးသည်။ သူဟာ လက်တစ်ဖက်ကို ဖြည်းညင်းစွာ ဆန့်တန်းထုတ်လိုက်ပြီး လက်သီးကျစ်ကျစ်ပါအောင်ဆုပ်လျက် ပြန်လည်၍ ထိုးနှက်လိုက်သည်!!။
"ဘုန်း!!..."
ကျယ်လောင်သော ပေါက်ကွဲသံကြီးသည် နေရာလွတ်နယ်မြေအတွင်း၌ ပဲ့တင်ထပ်သွားခဲ့ကာ ထွက်ပေါ်လာသော စွမ်းအားများသည် နေရာလွတ်နယ်မြေတစ်ခုလုံးကို အဆက်မပြန် တုန်လှုပ်စေခဲ့ကာ အက်ကွဲကြောင်းများ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာစေခဲ့၏။
"မင်း ဘာပြောလိုက်တာလဲ?"
ကုချိုးက လက်ကိုပြန်လည်ရုပ်သိမ်းလိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်လျက် မတ်တတ်ရပ်လိုက်ကာ စုတ်ပျက်သည်အထိ ထိုးနှက်ခံလိုက်ရသော အစောင့်အရှောက်ရုပ်သေးရုပ်ကို ထူးမခြားနားစွာမေးမြန်းလိုက်သည်။
အစောင့်အရှောက်ရုပ်သေးရုပ်၏ ကြီးမားသော မျက်ဝန်းများအတွင်း၌ လူသားဆန်သော အကြောက်တရားအရိပ်အငွေ့များဖြစ်ပေါ်လာခဲ့သည်။ သူဟာ တွေးတောရန် စွမ်းရည်ကိုတောင် ရုတ်တရက်ဆုံးရှုံးသွားခဲ့သည်။ သူဟာ ကုချိုး၏ အသံထွက်ပေါ်လာတာကိုတောင် မတုံ့ပြန်နိုင်ခဲ့ပါ။
"ငါ... ငါပြောတက..ညှာတာသနားတဲ့အနေနဲ့ မင်းငါ့ကို အရှုံးပေးခွင့်ပြုနိုင်မလားလို့ပါ...?"
အစောင့်အရှောက်ရုပ်သေးရုပ်၏ သနားစဖွယ်အမူအရာသည် မူလက ဒေါသထွက်နေသော ပုံပန်းသွင်ပြင်နှင့်လုံးဝ ကွာခြားလေသည်။ သည့်မတိုင်ခင်က သူဟာ ဧရာမတူကြီးကိုကိုင်ဆောင်ထားသော ရက်စက်ကြမ်းကြုတ်သည့် လူတစ်ယောက်လိုဖြစ်နေခဲ့သည်။ ယခုအချိန်မှာတော့ သူဟာ ယဥ်ကျေးသိမ်မွေ့သော လူကြီးလူကောင်းတစ်ယောက်၏ ပုံစံသို့ ပြောင်းလဲသွားခဲ့လေသည်။
"ပြောတာကောင်းတယ်!"
ကုချိုးက အံ့အားသင့်သွားပြီး အစောင့်အရှောက်ရုပ်သေးရုပ်ကို နက်ရှိုင်းစွာ စိုက်ကြည့်လျက် ခပ်ဖွဖွ ပြုံးလိုက်သည်။
"အစ်ကိုကြီး... မင်းက လူကောင်းတစ်ယောက်ပါပဲ... ဆုလဒ်က ကျောက်တုံးစင်မြင့်ပေါ်မှာရှိတယ်.. ကျေးဇူးပြုပြီးသွားယူပါခင်ဗျာ"
အစောင့်အရှောက်ရုပ်သေးရုပ်က ပျော်ရွှင်သွားပြီး ကုချိုးကို လေးစားစွာဖြင့် ပြောဆိုလိုက်သည်။ သူဟာ ကုချိုး၏ အပိုင်းပိုင်းအစစ ဖြတ်တောက်ခြင်းကို ခံခဲ့ရရင်တောင် လုံးဝသေဆုံးသွားမှာမဟုတ်ပါ။နောက်ထပ်ပုဂ္ဂိုလ်တစ်ယောက်ဝင်ရောက်လာသည့်အခါ ပြန်လည်၍ အသက်ဝင်လာဦးမှာဖြစ်သည်။ သို့သော်လည်း သူဟာ နာကျင်တက်ပါ၏။ သူဟာ ရုပ်သေးရုပ်သာဖြစ်သော်လည်း ကိုယ်ပိုင်စိတ်ဝိညာဥ်ကို ပိုင်ဆိုင်ထားကာ အဆင့်မြှင့်တင်နိုင်သည်။ ဘယ်သူကမှ ခန္ဓာကိုယ်ကွဲကြေရလောက်သည်အထိ နာကျင်မှုကို သည်းမခံချင်ကြပါ။
"ဘုန်း!"
သူဟာ ကုချိုး၏ ဘေးနားကို ဖြတ်သန်းလမ်းလျှောက်သွားတော့မည့်အချိန်တွင် ကုချိုး၏ လက်သီးချက်က ကြိုတင်သတိပေးထားခြင်းမရှိ ကျဆင်းလာခဲ့၏။
ဒါက တကယ့်ကို ရုတ်တရက်ဆန်လွန်းတယ်!!
သူသည် ပါးစပ်ကိုဖွင့်ဟ၍ တစ်စုံတစ်ခုကို ပြောလိုခဲ့သော်လည်း နောက်တစ်ခဏအကြာ၌ သူ၏ခန္ဓာကိုယ်ဟာ ဟက်တက်ကွဲသွားခဲ့ပြီး သံတိုသံစပုံကြီးအဖြစ် ပြိုကျသွားခဲ့ကာ ဖုန်မှုန့်များကို တသောင်းသောင်းထသွားစေခဲ့သည်။
"ဟေး... မင်းငါ့ကိုကူညီခဲ့တဲ့အတွက် ငါမင်းကို သက်ညှာပေးချင်ပါတယ်လေ။ ဒါပေမယ့် မင်းက ငါ့လက်သီးတစ်ချက်ကိုတောင်မခံနိုင်တဲအထိ အားနည်းသွားလိမ့်မယ်လို့ ထင်မထားခဲ့ဘူး!"
"ကံတရားက လူတွေကို လှည့်စားတတ်တယ်တဲ့... ရုပ်သေးရုပ်ကြီးရေ!"
မင်းက.ငါ့ကိုအကြိမ်ပေါင်းမရေမတွက်နိုင်အောင် ထိုးနှက်ခဲ့ပေမယ့် ငါကတော့ လက်သီးတစ်ချက်ပဲ ပစ်သွင်းခဲ့တာ။ ဒါကိုတောင်မှ မညှာတာဘူးလို့ပြောရင် ငါကုချိုးမှာ လုံးဝပြောစရာမရှိတော့ဘူး!!"
"ဘာပဲဖြစ်ဖြစ် ရုပ်သေးရုပ်ကြီးရေ... ဒါက မျှတတယ်မလား?"
ကုချိုး၏ စကားများကို အစောင့်အရှောက်ရုပ်သေးရုပ်က ကြားနိုင်သေးရဲ့လားဆိုတာကိုတော့ ဘယ်သူကမှမသိကြပါ။