စစ်ပွဲဘုရင်ရောက်ရှိလာပြီ
Vol. 37 Ch. 511
ဘာသာပြန်_ The Fate
"အောင်မြင်သွားတယ်.!!"
"သူအဋ္ဌမအလွှာကို ဖြတ်ကျော်ပြီး နဝမအလွှာကို ရောက်သွားပြီ"
"ဟာ.....!"
မွန်မြတ်မှု ၇ ပါးနန်းတော်ကြီးထဲ၌ အံ့အားတသင့် ရေရွတ်သံများ ထွက်ပေါ်လာခဲ့သည်။ ရှိနေကြသော လူတိုင်းသည် မွန်မြတ်မှု ၇ ပါးစေတီ၏.လင်းလက်နေသော နဝမအလွှာကို ထိတ်လန့်တကြားစိုက်ကြည့်လိုက်မိကြသည်။
မြင့်မြတ်သောစန်းရိအင်ပါယာ၏ လူငယ်မျိုးဆက်များအကြားတွင် နဝမအလွှာကို ဝင်ရောက်နိုင်ခဲ့သူဟူ၍ မင်းသမီးလေးလန်လင်းသာရှိ၏။ အကြီးဆုံးမင်းသားကတောင် နဝမအလွှာကို မဝင်ရောက်နိုင်ခဲ့ပါ။
ဤကနေ့မှာတော့ ဘယ်ချောင်ကမှန်းမသိ ရောက်ရှိလာသော ပဏ္ဍိတအထွတ်အထိပ် စွမ်းအားရှင်လေးသည် မွန်မြတ်မှု ၇ ပါးစေတီ၏ နဝမအလွှာကို ဝင်ရောက်သွားခဲ့လေပြီ။
ဒါက ဘယ်လောက်တောင် ထိတ်လန့်ဖို့ကောင်းပါလိမ့်...
လူတိုင်းက အင်မတန်မှ ထိတ်လန့်သွားကြတာကြောင့် သူတို၏ ဦးနှောက်များက ဗလာကျင်းသွားကြကာ ဘာကိုမှမတွေးခေါ်နိုင်တော့ပါ။
"ဘုန်း!!'
ခမ်းနားကြီးကျယ်သော အရှိန်အဟုန်ကြီးသည် မွန်မြတ်မှု ၇ ပါးနန်းတော်ကြီး အတွင်းသို့ ပျံ့နှံ့သွားခဲ့ကာ ချန်ခွမ်းဧကရာဇ်အထွတ်အထိပ်သို့ ရောက်ရှိနေကြသော အဆင့်မြင့်ပုဂ္ဂိုလ်ကြီးများသည် မနေနိုင်ကြတော့ဘဲ မွန်မြတ်မှု ၇ ပါးနန်းတော်ကြီးသို့ ကိုယ်တိုင်ကိုယ်ကျရောက်ရှိလာကြသည်။ ထို့အတွက်ကြောင့် နန်းတော်ကြီးအတွင်း၌ ပြင်းထန်သော.လေထုဖိအားတစ်ရပ်ဖြစ်ပေါ်လာခဲ့သည်။
မွန်မြတ်မှု ၇ ပါးစေတီ၏ စစ်ဆေးမှုတွင် အဋ္ဌမအလွှာကို ဝင်ရောက်နိုင်ပါက ထိုသူသည် အဆင့်မြင့်ချန်ခွမ်းဘုံအဆင့် စွမ်းအားရှင်တစ်ယောက် ဖြစ်လာရန် အခွင့်အရေးရှိလေ၏။ အဋ္ဌမအလွှာကို ဖြတ်ကျော်ပြီး နဝမအလွှာကို ဝင်ရောက်နိုင်ခဲ့ရင်တော့ ထိုသူသာ မသေဆုံးသရွေ့ ချန်ခွမ်းသူတော်စင်အဆင့်ကို ဧကန်ရောက်ရှိနိုင်လိမ့်မည်။
ထိုကဲ့သို့ ပါရမီစွမ်းအားကို မြင့်မြတ်သောစန်းရိအင်ပါယာ၏ အဆင့်မြင့်ပုဂ္ဂိုလ်ကြီးများကတောင် လျစ်လျူမရှုနိုင်ကြပါ။
သူတို့က ကုချိုးကို သူတို့၏လက်အောက်သို့ ခေါ်ယူသိမ်းသွင်းလိုကြသည်။ သူတို့အားလုံးက တစ်ယောက်ကိုတစ်ယောက် ရန်ဆောင်နေကြပြီး လေဟာပြင်အတွင်းမှ ဖြည်းညင်းစွာ ဆင်းသက်လာခဲ့သည်။
စစ်ထူမင်နှင့် တခြားသူများမှာ မထင်မရှားဖြစ်သွားခဲ့ရသည်။ ရောက်ရှိလာသောအဆင့်မြင့်ပုဂ္ဂိုလ်ကြီးများ၏.မျက်မှောက်၌ သူတို့၏ အဆင့်အတန်းက လုံးဝကို အသုံးမဝင်ပါ။ ကုချိုးကို မနာလိုဖြစ်နေသော စစ်ထူမင်၏ အမူအရာသည် မဲမှောင်သွားခဲ့ရသည်။
ဘယ်ကမှန်းမသိ ထွက်လာတဲ့ ကောင်စုတ်လေးတစ်ယောက်က ဒီလောက်ထိ အာရုံစိုက်မှုကို ရရှိခဲ့တာလား။ စစ်ထူမိသားစုရဲ့ သခင်လေးဖြစ်တဲ့ သူကတောင် ဒီလိုဆက်ဆံမှုမျိုးကို မရရှိခဲ့ဖူးဘူး... အဲ့ဒီကောင်က ဘယ်လိုကြောင့် ရရှိသွားရတာလဲ.။
သူ ဘယ်လောက်ပဲ မနာလိုဖြစ်နေပါစေ ကုချိုးက ဤအချိန်၌ တောက်ပနေသည်ဟူသော အမှန်တရားကိုတော့ ငြင်းဆန်၍မရနိုင်ပါ။
ကုချိုးကျရှုံးသွားရင်တောင် ချန်ခွမ်းဧကရာဇ်အထွတ်အထိပ်ကိုရောက်ရှိနေသော မြင့်မြတ်တဲ့စန်းရိအင်ပါယာ၏ အဆင့်မြင့်ပုဂ္ဂိုလ်ကြီးများသည် သူ့ကို ခေါ်ယူသွတ်သွင်းကြပေလိမ့်မည်။
"ဘုန်း!!'"
သို့ပါသော်လည်း ဤအချိန်၌ ပို၍အစွမ်းထက်သော ဖိအားကြီးတစ်ခုသည် မွန်မြတ်မှု၇ပါး နန်းတော်ပြီးအတွင်း၌ ပေါက်ဖွားထွက်ပေါ်လာခဲ့ကာ ချန်ခွမ်းဧကရာဇ်အထွတ်အထိပ်အဆင့်ရှိသော စွမ်းအားရှင်များ၏ အရှိန်အဟုန်များကို ဖိနှိပ်ပစ်လိုက်သည်။
"ဒါ.... ဒါက... ချန်ခွမ်းသူတော်စင်လား?"
"မြတ်စွာဘုရား!! အဲ့ဒီလိုတည်ရှိမှုကြီးကတောင် ရောက်ရှိလာခဲ့တာလား?"
"အဲ့ဒီလူက နဝမအလွှာကို ဝင်ရောက်သွားနိုင်ခဲ့တယ်ဆိုတော့ ဒီလိုပုဂ္ဂိုလ်ကြီးတွေရောက်ရှိလာတာက အကျိုးအကြောင်းသင့်ပါတယ်လေ..."
ခမ်းနားကြီးကျယ်သော အရှိန်အဝါကို ခံစားလိုက်ရသည့်အခါ ရှိနေကြသောလူများသည် ထိတ်ထိတ်ပျာပျာဖြစ်သွားကြပြီး တုန်လှုပ်ချောက်ချားနေသော အမူအရာများဖြင့် တီးတိုးပြောဆိုခဲ့ကြသည်။ သူတို့က အဘယ်သို့သော အစွမ်းထက်သည့် သူတော်စင်တစ်ပါး ရောက်လာသလဲဆိုတာကို သိရှိလိုကြ၏။
"ဝှစ်....!"
လူတိုင်း၏ စောင့်ကြည့်နေသောအကြည့်များအောက်တွင် ပုံရိပ်တစ်ခုသည် လေထုအတွင်းမှ ထွက်ပေါ်လာခဲ့သည်။ ထိုသူသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် လေဟာပြင်၌ ရပ်တန့်နေခဲ့ပြီး အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ သူ၏ရှည်လျားသော ဆံနွယ်များက ပုခုံးထက်သို့ ဝဲဖြာကျနေခဲ့သည်။
"စစ်ပွဲဘုရင်ကို တွေ့ဆုံပါတယ်....!"
ထိုပုဂ္ဂိုလ်၏ မျက်နှာကို တွေ့မြင်လိုက်ရသည့်အခါ ရှိနေကြသော လူများသည် ထိတ်လန့်သွားကြပြီး လေးလေးစားစားဂါရဝပြုလိုက်ကြသည်။
ချန်ခွမ်းဧကရာဇ်အထွတ်အထိပ်၌ ရှိနေသော ပုဂ္ဂိုလ်ကြီးများကတောင် ချွင်းချက်မဟုတ်ခဲ့ပါ။ သူတို့က အစစ်အမှန် အဆင့်အတန်းမြင့်မားပြီး အစွမ်းထက်သော်လည်း ရောက်ရှိလာသော ပုဂ္ဂိုလ်၏ ရှေ့မှောက်၌ မမောက်မာရဲကြပါ!!။
စစ်ပွဲဘုရင်ဝူတောက်သည် ဝူမိသားစုခေါင်းဆောင် ဝူရှောင်း၏ ညီငယ်လေးဖြစ်ပြီး ချန်ခွမ်းသူတော်စင်အထွတ်အထိပ်ကို ရောက်ရှိနေသော မြင့်မြတ်သည့် ဆရာသခင်တစ်ပါးဖြစ်၏။
ဝူမိသားစုကို မြင့်မြတ်သောစန်းရိအင်ပါယာ၏ တော်ဝင်မိသားစုပြီးသည့်နောက် အစွမ်းထက်ဆုံးမိသားစုဟု ခေါ်ဆိုရခြင်းမှာ ဝူမိသားစုတွင် မြင့်မြတ်သော စစ်သူကြီး ဝူရှောင်းရှိနေရုံသာမက စစ်ပွဲဘုရင်ဝူတောက်လည်း ရှိနေ၍ဖြစ်သည်။
ယင်းမှာ ဘုရင်နှစ်ပါး တစ်ပြိုင်တည်းဖြစ်ထွန်းခြင်းဖြစ်၏!!
၎င်းမှာ ဝူမိသားစု၏ စွမ်ပကားဖြစ်ချေ၏!!
ဒါ့အပြင် ကြင်ယာတော်ယဲ့ရှန်ဖေးသည် ဧကရာဇ်စန်းရိ၏ ချစ်မြတ်နိုးခြင်းကိုလည်း ခံနေရသည်။ ဘယ်သူကများ ဝူမိသားစုကို ရန်စရဲဦးမှာလဲ?။
ဝူရှောင်းသည် သိုင်းပညာဘုရင်ဘွဲ့နာမည်ဖြင့် ရှေ့တန်းစစ်မြေပြင်၌ မြင့်မြတ်သော တာဝန်ယူပြီး မီးလျှံနီစစ်တပ်ကို ကွပ်ကဲနေသည်။ တစ်ဘက်မှာတော့ ဝူတောက်ဟာ စစ်ပွဲဘုရင်ဘွဲ့နာမဖြင့် လူအများ၏အထက်၌ ရပ်တည်နေသည်။
ဝူတောက်လို စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ကတောင် ရောက်ရှိလာလိမ့်မည်ဟု ဘယ်သူကမှ မျှော်လင့်မထားကြပါ။
"ဦးရီးတော်ကို တွေ့ဆုံပါတယ်..."
မင်းသမီးလန်လင်းနှင့် ဒုတိယမင်းသားလန်အောင်းတို့သည် လျစ်လျူမရှုရဲကြဘဲ အလျင်အမြန်လက်သီးဆုပ်၍ လေးလေးစားစားဂါရဝပြုလိုက်ကြသည်။
လန်လင်းနှင့်လန်အောင်းကို တွေ့မြင်လိုက်ရသည့်အခါ ဝူတောက်က ခပ်ဖွဖွပြုံးလျက် သူ၏လက်ကိုဝှေ့ယမ်းလိုက်ပြီး ယဥ်ကျေးမနေရန် အချက်ပြလိုက်သည်။ သူ၏ ပုံရိပ်ဟာ ဝေဝါးပျောက်ကွယ်သွားခဲ့ပြီး မင်းသမီးလန်လင်းတို့၏ ရှေ့မှောက်၌ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။
"ကောင်မလေး... မင်းက ဒီကောင်လေးကို ခေါ်လာခဲ့တာဆိုတော့ သူ့မှာဆရာရှိလားဆိုတာ သိသလား?"
ဝူတောက်သည် လက်နှစ်ဖက်ကို နောက်ပစ်လျက် မတ်တတ်ရပ်နေပြီး မွန်မြတ်မှု၇ပါးစေတီ၏ နဝမမြောက်အလွှာကို စူးစိုက်ကြည့်လျက် တိုးဖွစွာမေးမြန်းလိုက်သည်။
ဒါကိုကြားတော့ မင်းသမီးလန်လင်းက မကြည်မသာမျက်နှာဖြင့် ပြုံးလိုက်မိသည်။ ဝူတောက်ဆိုလိုသည့်အရာကို သူမသိရှိပါသည်။ ဝူတောက် ၊ ဝူရှောင်းတို့၏ မျိုးဆက်နှင့် နှိုင်းယှဥ်လိုက်လျှင် လက်ရှိဝူမိသားစု၏ မျိုးဆက်သည် ပိုမို၍ ဆိုးရွားနေသည်။ သူတို့ထဲက အနည်းစုခန့်ကသာ သတ္တမအလွှာကို ဝင်ရောက်နိုင်ခဲ့ပြီး ဘယ်သူကမှ အဋ္ဌမအလွှာကို မဝင်ရောက်နိုင်ခဲ့ကြပါ။
ကုချိုး နဝမအလွှာကို ဝင်ရောက်သွားတာကို တွေ့မြင်လိုက်ရသည့်အခါ ဝူတောက်က သူ့ကို ဝူမိသားစုထဲကို ခေါ်သွင်းချင်ပြီး မြင့်မြတ်သော စန်းရိအင်ပါယာအတွင်းရှိ ဝူမိသားစု၏ ဂုဏ်သရေကို ထွန်းပြောင်အောင် လုပ်ဆောင်ပေးစေချင်သည်။
သို့သော်လည်း ဦးရီးတော်က စိတ်ပျက်သွားရမှာကို စိုးရွှံမိပါ၏။ လန်လင်းက အမှန်တရားကို ထုတ်ဖော်ပြောဆိုတော့မည့်အချိန်တွင် လီချင်းက ဦးစွာပထမပြောဆိုခဲ့သည်။
"စီနီယာစစ်ပွဲဘုရင်...ဂိုဏ်းတူညီလေးကုမှာ ဆရာသခင်တစ်ယောက် ရှိပြီးသားပါ..."
လီချင်းက ဦးညွတ်လိုက်ပြီး နှိမ့်ချခြင်း မောက်မာခြင်းမရှိသော လေသံဖြင့် ပြောဆိုခဲ့သည်။
"ရဲတင်းလိုက်တာ!! တော်ဝင်မင်းသမီးလေးရဲ့အရှေ့မှာ ဘယ်လိုလုပ် စကားဖြတ်ပြောရဲတာလဲ?"
ဒါကိုမြင်တော့ စစ်ထူမင်က ချက်ချင်းကို အပျော်လွန်လာပြီး အလျင်အမြန်အော်ငေါက်လိုက်သည်။
သို့သော်လည်း သူ၏ တည်ရှိမှုကို စစ်ပွဲဘုရင်ရော လီချင်းကပါ အလေးမထားတာကြောင့် သူ၏အမူအရာဟာ အရုပ်ဆိုးသွားခဲ့ရသည်။
စစ်ပွဲဘုရင်သည် လီချင်းကို စူးစိုက်ကြည့်လိုက်ပြီး လီချင်းကလည်း စစ်ပွဲဘုရင်ကို အကြောက်တရားမရှိဘဲ တိုက်ရိုက်ကြည့်ရှုလိုက်သည်။
လီချင်းကို နက်နက်ရှိုင်းရှိုင်းစိုက်ကြည်လိုက်ပြီးနောက် စစ်ပွဲဘုရင်က ပြုံးလိုက်ပြီး ဘာကိုမှထပ်မပြောတော့ပါ။
ကောင်းမွန်စွာပြုမူပေးသရွေ့ ဒီကမ္ဘာမှာ တူးယူလို့မရတဲ့ ရတနာရှိလို့လား...သူက ထုတ်ဖော်မပြောဆိုခဲ့ရုံတင်ပါ!!
စစ်ပွဲဘုရင်က လီချင်းကို အပြစ်မတင်သည်အား တွေ့မြင်လိုက်ရသည့်အခါ စစ်ထူမင်၏ အမူအရာမှာ မဲမှောင်သွားခဲ့သည်။ သူဟာ သူ၏ တည်ရှိမှုကို ပြန်လည်၍ မှိန်ဖျော့သွားစေရန် လျှော့ချလိုက်သော်လည်း သူ့မျက်လုံးများအတွင်းရှိ အလင်းရောင်ကတော့ထိတ်လန့်ဖွယ်ကောင်းလောက်အောင် တောက်ပနေခဲ့သည်။
ရှိနေကြသော လူတိုင်းသည် မွန်မြတ်မှု၇ပါးစေတီ၏ နဝမအလွှာကို စကားမပြောဘဲ စူးစိုက်ကြည့်နေခဲ့ကြသည်။မွန်မြတ်မှု၇ပါး နန်းတော်ကြီးတစ်ခုလုံးသည် ပြန်လည်၍ တိတ်ဆိတ်သွားခဲ့သည်။
"လူအိုကြီး... ဒီကလေးက နဝမအလွှာကို ဖြတ်ကျော်နိုင်လိမ့်မယ်လို့ ထင်လား?"
သီးခြားနန်းတော်ကြီးအတွင်း၌ ဧကရာဇ်စန်းရိက လေထုအတွင်း မျောလွင့်နေသော ရုပ်ပုံလွှာကို စူးစိုက်ကြည့်နေရင်းမှ တိုးညင်းစွာမေးမြန်းခဲ့သည်။
"ပြောဖို့ခက်ပါတယ်.."
သူ့ဘေးနားက လူအိုကြီးက ခေါင်းကိုခါယမ်းလိုက်ပြီး တိုးညင်းစွာပြောဆိုလိုက်သည်။
ကုချိုးက ယခင်အလွှာများအတွင်း၌ အင်မတန်ရဲရင့်စွာလုပ်ဆောင်ခဲ့ပြီး ၊ အဋ္ဌမအလွှာရှိ အစောင့်အရှောက်ရုပ်သေးရုပ်အကူအညီဖြင့် အနည်းငယ်တိုးတက်လာခဲ့သော်လည်း နဝမအလွှာကတော့ အထူးအလွှာဖြစ်၏။ ၎င်းကို ဖြတ်ကျော်ရန် ပါရမီတစ်ခုတည်းကို အားကိုး မရနိုင်ပါ။
အင်မတန်ပါရမီထူးကဲသော မင်းသမီးလန်လင်းကတောင် နဝမအလွှာ၌ ရပ်တန့်ခဲ့ရသည်။ ကုချိုးဆိုပါက မပြောပါနှင့်တော့...။
လူအိုကြီး၏ စကားကိုကြားလိုက်ရသည့်အခါ ဧကရာဇ်စန်းရိက ပြုံး ရယ်လိုက်ပြီး ဘာကိုမှထပ်မံမပြောဆိုခဲ့ပါ။ သို့သော်လည်း သူ၏ ကျားမျက်ဝန်းများအတွင်း၌ ခန့်မှန်း၍မရနိုင်သော အလင်းရောင်တစ်ခုရှိနေခဲ့သည်။
တစ်ဖက်ရှိ ချင်းယနန်းတော်အတွင်း၌ ယဲ့ရှန်ဖေး၏လှပသော မျက်ဝန်းကလေးများမှာ လင်းလက်တောက်ပနေခဲ့သည်။ သူမက အရှေ့ဘက်၌ ဝဲလွင့်နေသော ပုံရိပ်ယောင်ကို နီးနီးကပ်ကပ်စိုက်ကြည့်နေခဲ့ပြီး နူးညံ့ညင်သာသော စကားများသည် သူမ၏ နှုတ်ဖျားမှ ထွက်ပေါ်လာခဲ့သည်။
"လင်းအာဆရာသခင်ရဲ့ ကျောင်းတော်က ဘယ်လိုဇာစ်မြစ်မျိုးရှိနေတာလဲ? အဲ့ဒီကထွက်လာတဲ့ သာမန်တပည့်တစ်ယောက်ကတောင် နဝမအလွှာကို ဝင်ရောက်နိုင်ခဲ့တာလား?"
နူးညံ့ပြီး သာယာနာပျော်ဖွယ်ကောင်းသော အသံကလေးသည် ခန်းမအတွင်း၌ ပဲ့တင်ထပ်သွားခဲ့ကာ ယင်းအသံအတွင်းပိုင်း၌ အံ့အားသင့်မှု အရိပ်အငွေ့များ ထင်ဟပ်နေခဲ့သည်။
လန်လင်း၏ လျှို့ဝှက်ဆန်းကြယ်သောဆရာသည် ဇာမဏီပုတီးစေ့လို ရတနာမျိိုးကိုတောင် လန်လင်းအား လွယ်လင့်တကူ ပေးအပ်နိုင်ခဲ့သည်။ သူပျိုးထောင်ပေးခဲ့သော တပည့်ကလည်း ပဏ္ဍိတနယ်ပယ်အထွတ်အထိပ်၌သာ ရှိနေသေးသော်ငြား မင်းသမီးလန်လင်း၏ စွမ်းဆောင်ရည်ထက် နိမ့်ကျမှုမရှိပါ။
သူမဟာနက်ရှိုင်းသော နန်းတော်ကြီးအတွင်း၌ ကာလရှည်ကြာစွာနေထိုင်ခဲ့သော်လည်း မင်းသမီးလန်လင်း၏ လျှို့ဝှက်ဆန်းကြယ်သော ဆရာသခင်ကြောင့် ပြင်းပြင်းထန်ထန် အံ့အားသင့်ခဲ့ရသည်။