← Chapters

ကောင်းကင်တံခါး

Vol. 37 Ch. 520

ကောင်းကင်တံခါး

Vol. 37 Ch. 520

ဘာသာပြန်- The Fate

မြင့်မြတ်သော စန်းရိမြို့တော်၊ မွန်မြတ်မှု ခုနှစ်ပါးနန်းတော်ကြီးအတွင်းတွင်.....

စစ်ပွဲဘုရင်သည် ထုံကျဉ်ကြောင်အလျက် ရှိချေသည်!

လန်လင်းနှင့် လန်အောင်းတို့ဟာလည်း ထိတ်လန့်ကြောင်အလျက် ရှိကြသည်။

များစွာသော ချန်ခွမ်းဧကရာဇ်စွမ်းအားရှင်များနှင့် လူငယ်မျိုးဆက်များဟာလည်း အေးခဲတောင့်တင်းနေကြသည်!

သီးခြားနန်းတော်ကြီးအတွင်းရှိ ဧကရာဇ်စန်းရိနှင့် လူအိုကြီးတို့ကလည်း ထုံအအ အမူအယာဖြင့် ရှိနေခဲ့ကြသည်!

ချင်းယခန်းမအတွင်းရှိ ကြင်ယာတော်ယဲ့ဟာလည်း ထုံပေပေအမူအယာဖြင့် ရှိနေခဲ့သည်။

မြင့်မြတ်သော စန်းရိမြို့တော်တစ်ခုလုံးရှိ ကျင့်ကြံသူများအားလုံးသည်လည်း အေးခဲကြောင်အနေကြသည်။

နှစ်ရက်တာ အတောအတွင်း၌ ကုချိုး၊ လီချင်း၊ ယန်ရှန်းနှင့် ကုကန်းချိုးတို့သည် မွန်မြတ်မှုခုနစ်ပါးစေတီ၏ နဝမအလွှာကို တစ်ယောက်ပြီးတစ်ယောက် ဖြတ်ကျော်ခဲ့ကြသည်။

စစ်ဆေးမှုတွင် ပါဝင်ယှဥ်ပြိုင်ခြင်းမရှိသော ရှောင်းဝမ်ရွှယ်မှလွဲ၍ မြင့်မြတ်သောစန်းရိမြို့တော်ကို ရောက်ရှိလာကြသော ရှန်ရှန်ကျုံ့ဂိုဏ်း၏ ဂိုဏ်းသားလေးယောက်စလုံးသည် နဝမအလွှာကို တစ်ယောက်ပြီးတစ်ယောက် အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သည်။ နှစ်ရက်တာအတောအတွင်း၌ ထူးခြားဆန်းကျယ်မြင်ကွင်းများက မြင့်မြတ်သော စန်းရိမြို့တော်ကြီးတစ်ခုလုံးကို တုန်လှုပ်စေလျက် ကျင့်ကြံသူအပေါင်းကို ထိတ်လန့်ကြောင်အသွားစေခဲ့သည်။

နဝမအလွှာကို လီချင်းဖြတ်ကျော်ပြီးသည့်အခါ လူတိုင်းက မွန်မြတ်မှုခုနစ်ပါးစေတီကြီးတွင် ချို့ယွင်းချက်ရှိနေကြသည်ဟု တွေးထင်မိလိုက်ကြသည်။ သူတို့က လူငယ်ပါရမီရှင်များကို စေတီအတွင်း ဝင်ရောက်စမ်းသပ်ရန် စေခိုင်းခဲ့သည့်အခါမှာ ချို့ယွင်းချက်တစ်စုံတစ်ရာမရှိကြောင်း သိရှိခဲ့ရသည်။

ယင်းနောက် ရှိရှိသမျှလူတိုင်း ထိတ်လန့်ကြောင်အသွားခဲ့ရကြသည်။

အမည်မသိဂိုဏ်းတစ်ဂိုဏ်းမှ လူငယ်နှစ်ယောက်သည် မွန်မြတ်မှုခုနစ်ပါးစေတီ၏ နဝမအလွှာကို တစ်ဆက်တည်းဆိုသလို ဖြတ်ကျော်လိုက်ပြီး ဂန္တဝင်ပါရမီရှင်များအဖြစ် တက်လှမ်းနိုင်ခဲ့သည်။ ဒါက ဘယ်လိုမျိုး ထိတ်လန့်ဖွယ်ဖြစ်ရပ်ကြီးပါလိမ့်။

ယင်းနောက်တွင် ယန်ရှန်းနှင့် ကုကန်းချိုးတို့ကလည်း မွန်မြတ်မှုခုနစ်ပါးစေတီ၏ နဝမအလွှာကို ဖြတ်ကျော်ခဲ့ကြသည်။ မြင့်မြတ်သောစန်းရိမြို့တော်တစ်ခွင်ရှိ ကျင့်ကြံသူများအားလုံးမှာ ထုံကျဉ်ကြောင်အလျက် ရှိကြလေတော့သည်။

မူလက ပျားပန်းခတ်လောက်အောင် လှုပ်ရှားနေသော မြို့တော်ကြီးသည် တစ်ခဏအတွင်း၌ သုဿန်တစပြင်အလား တိတ်ဆိတ်သွားခဲ့ကာ အသံတစ်စိုးတစ်စိမှ မကြားရတော့ပါ။

ဤအချိန်တွင် ရှန်ရှန်ကျုံ့ဂိုဏ်း၏ အမည်နာမသည် မြင့်မြတ်သော စန်းရိမြို့တော်၌ နေထိုင်ကြသည့် ကျင့်ကြံသူများအားလုံး၏ နှလုံးသားအတွင်း၌ တောက်ပသော နေမင်းကြီးတစ်စင်းအလား ထွင်းထုလျက် ရှိနေပြီဖြစ်သည်။ ၎င်းမှာ ကျိန်းစက်လောက်အောင် တောက်ပပြီး ခန့်မှန်း၍မရနိုင်ပါ။

"ရှန်...ရှန်ရှန်ကျုံ့ဂိုဏ်း။ အဲ့...အဲ့ဒါက ဘယ်လိုဂိုဏ်းမျိုးလဲ။"

"မင်းသမီးလန်လင်းနဲ့အတူ ဂိုဏ်းသားငါးယောက်က မြင့်မြတ်တဲ့ စန်းရိမြို့တော်ကို ရောက်လာခဲ့ကြတယ်။ ရလာဒ်အနေနဲ့ လေးယောက်က နဝမအလွှာကို အောင်မြင်စွာ ဖြတ်ကျော်သွားတာလား။"

"ထိတ်လန့်စရာကြီးဟ!"

"မွန်မြတ်မှုခုနစ်ပါးစေတီကို ပြုလုပ်ပြီးကတည်းက ဒီလိုအဖြစ်အပျက်မျိုး မဖြစ်ဖူးသေးဘူး။"

"ဒါအမှန်ပဲ။ ရှန်ရှန်ကျုံ့ဂိုဏ်းကို ငါတို့အရင်က မတွေ့ခဲ့ဖူးဘူးမဟုတ်လား။"

"အဲ့ဒီ ရှန်ရှန်ကျုံ့ဂိုဏ်းက လူသစ်တွေ စုဆောင်းနေတုန်းပဲလား။ အဲ့ဒါက မိုးကောင်းကင်ကို အံတုယှဥ်ပြိုင်နိုင်တဲ့ ဂိုဏ်းကြီးပဲ။ ငါ ဝမ်ရှောင်းအာက အဲ့ဒီဂိုဏ်းကို ဝင်ရောက်ချင်လိုက်တာကွာ။"

ထိတ်လန့်တုန်လှုပ်သွားပြီးနောက် မြင့်မြတ်သောစန်းရိမြို့တော်ကြီးတစ်ခုလုံးသည် ပွက်ပွက်ဆူနေသော ရေနွေးအိုးကြီးကဲ့သို့ ဆူညံသံများ ဖြစ်ပေါ်လာရသည်။ ကျင့်ကြံသူများအားလုံးသည် ခေါင်းများကို ခါယမ်းလျက် တီးတိုးရေရွတ်နေကြသည်။ သူတို့၏ စကားလုံးများအတွင်း၌ ရှန်ရှန်ကျုံ့ဂိုဏ်းအပေါ် သိလိုစိတ်များနှင့် လေးစားအားကျမှုများကို တွေ့မြင်နိုင်သည်!

တပည့်ငါးယောက်အနက် လေးယောက်ဟာ မွန်မြတ်မှုခုနစ်ပါးစေတီ၏ နဝမအလွှာကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သည်။ ပြီးတော့ သူတို့ထဲက တစ်ယောက်ကမှ အရင်ကမစမ်းသပ်ခဲ့ဖူးဘူး။ ဒါက ဘယ်လိုထိတ်လန့်စရာ ဖြစ်ရပ်ကြီးလဲ။

အဲ့ဒါက မွန်မြတ်မှုခုနစ်ပါးစေတီရဲ့ နဝမအလွှာကြီးလေ။

မွန်မြတ်ဘုံလောကအတွင်းမှာရှိတဲ့ လူငယ်မျိုးဆက် အားလုံးနီးပါးကို ပိတ်ဆို့နိုင်ခဲ့တဲ့ အလွှာကြီးလေ။ အဲ့ဒါက မွန်မြတ်ဘုံလောက လူငယ်မျိုးဆက်တွေအတွက် အကြီးမားဆုံး အတားအဆီးကြီးလေ။

မွန်မြတ်မှုခုနစ်ပါးနန်းတော်ကြီးအတွင်း၌ မင်းသမီးလန်လင်းသည် စေတီတော်မှ ထုတ်လွှတ်လျက် တစ်ဖြည်းဖြည်းပျောက်ကွယ်သွားသော ထူးခြားဆန်းကျယ်သည့်မြင်ကွင်းများကို စူးစိုက်ကြည့်နေခဲ့သည်။ ယန်ရှန်းက စေတီအတွင်းမှ လမ်းလျှောက်ထွက်လာသည့်အခါ သူမ၏ လှပသောမျက်နှာကလေးမှာ ဗလာနတ္ထိအမူအယာအဖြစ် ပြောင်းလဲသွားရသည်။ လီချင်း ဖြတ်ကျော်သွားတဲ့အခါမှာ သူမ သည်းခံနိုင်ပါသေးတယ်။ ကုကန်းချိုး ဖြတ်ကျော်သွားတော့လည်း သူမ သည်းခံနိုင်ပါသေးတယ်။ ဒါပေမယ့် ယန်ရှန်းဖြတ်ကျော်နိုင်သွားသည့်အခါမှာတော့ သူမ၏စိတ်အာရုံဟာ လုံးဝကို နတ္ထိအခြေအနေသို့ ပြောင်းလဲသွားရသည်။

ဤအချိန်၌ သူမ၏စိတ်ထဲတွင် အတွေးတစ်ခုသာ ကြွင်းကျန်ရစ်ပါတော့သည်။

ဆရာသခင်ရဲ့ယောကျ်ား တည်ထောင်ခဲ့တဲ့ဂိုဏ်းက ဘယ်လိုဂိုဏ်းကြီးမျိုးလဲ။ အစ်ကိုကြီးတို့ရေ... ဒါက ကြောက်လန့်စရာ မကောင်းလွန်းဘူးလား။

မင်းသမီးလန်လင်းဟာ သူမ၏စွမ်းဆောင်ရည်နှင့်ပတ်သက်ပြီး အင်မတန်မှ ယုံကြည်မှုရှိပါသည်။ သူမက မွန်မြတ်မှုခုနစ်ပါးစေတီ၏ နဝမအလွှာကို မဖြတ်ကျော်နိုင်ခဲ့သော်လည်း နောက်တစ်ကြိမ်ထပ်မံကြိုးစားကြည့်ပါက ဖြတ်ကျော်နိုင်ရန် ကျိန်းသေပေါက် အခွင့်အရေးရှိလိမ့်မည်ဟု တွေးထင်ခဲ့သည်။ အဆုံးသတ်မှာတော့ သူမဟာ ကြိုစားစမ်းသပ်ခဲ့သော်လည်း စေတီ၏ နဝမအလွှာကို မဖြတ်ကျော်နိုင်ခဲ့ပါ!

ရှင်းရှင်းပြောရပါလျှင် ဂိုဏ်းတူအစ်ကိုကြီးများ၏ စွမ်းဆောင်ရည်များဟာ သူမထက် သာလွန်ကောင်းမွန်ပါ၏။

ဤဖြစ်ရပ်ကြောင့် မင်းသမီးလန်လင်းဟာ သူမကိုယ်သူမ သံသယဝင်လာမိပြီး သူမ၏ စွမ်းဆောင်ရည်နှင့် ပတ်သက်၍ တစ်ခဏကြာအောင် သိမ်ငယ်သွားမိသည်။

"ညီမလေး မင်းရော စမ်းသပ်ချင်လား။"

လန်လင်းက သူမဘေးတွင်ရှိနေသော ရှောင်းဝမ်ရွှယ်ကို လှမ်းကြည့်လိုက်ပြီး တိုးတိတ်စွာ ပြောဆိုလိုက်သည်။

ထိုအသံမှာ တိုးညှင်းသော်လည်း ရှိရှိသမျှလူတိုင်းကို နိုးထစေလိုက်သည်။ သူတို့ဟာ ရှောင်းဝမ်ရွှယ်ကို တစ်ယောက်ပြီးတစ်ယောက် စိုက်ကြည့်လိုက်ကြကာ သူတို့၏စိတ်အတွင်း၌ ရယ်စရာကောင်းသော အကြံအစည်များ ဖြစ်ပေါ်လာကြသည်။ အဲ့ဒီကောင်မလေးကလည်း မွန်မြတ်မှုခုနစ်ပါးစေတီရဲ့ နဝမအလွှာကို ဖြတ်ကျော်မယ်ဆိုရင် မခက်ခဲလောက်ပါဘူး။

ဘယ်အချိန်က စတင်ခဲ့မှန်းမသိပါ။ မွန်မြတ်မှုခုနစ်ပါးစေတီ နဝမအလွှာကိုဖြတ်ကျော်ခြင်းက လူတိုင်းအတွက် ဘာမှမဟုတ်သည့် အရာတစ်ခုလို ဖြစ်ပေါ်လာခဲ့သည်။

လက်ရှိအချိန်တွင် တည်ငြိမ်နေသေးသူဟူ၍ လေကဲ့သို့ရပ်တည်နေသည့် လီပိုင်တစ်ယောက်သာ ရှိချေသည်။

မင်းသမီးလန်လင်း၏ စကားကို ကြားလိုက်ရသည့်အခါ ရှောင်းဝမ်ရွှယ်သည် သူမ၏ခေါင်းကလေးကို စောင်းငဲ့လျက် တစ်ခဏကြာအောင် တွေးတောလိုက်သည်။ သူမ၏လှပနုနယ်သော မျက်နှာကလေးအထက်၌ စိတ်အားထက်သန်သော အကြည့်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ဂိုဏ်းတူအစ်ကိုကြီးများက တလက်လက် ထွန်းလင်းတောက်ပနိုင်ခဲ့သည်ဖြစ်ရာ သူမကလည်း ကြိုးစားကြည့်ချင်မိသည်။ သူမလည်း ရှန်ရှန်ကျုံ့ဂိုဏ်း၏ ဂုဏ်သိက္ခာကို မြင့်တက်စေချင်မိသည်။

ရှောင်းဝမ်ရွှယ်သည် ရှန်ရှန်ကျုံ့ဂိုဏ်းကို ဝင်ရောက်လာခဲ့သည်မှာ ကာလမကြာမြင့်သေးသော်လည်း သူမအတွက် ရှန်ရှန်ကျုံ့ဂိုဏ်းမှာ အိမ်တစ်လုံးကဲ့သို့ ဖြစ်ချေသည်။ ယင်းဂိုဏ်းက သူမ၏ အထီးကျန်ဆန်နေသော နှလုံးသားကို နွေးထွေးမှုများပေးအပ်နိုင်ခဲ့ပါသည်။

"ဟေး၊ ဂိုဏ်းတူညီမငယ်လေးက ငယ်ရွယ်ပါသေးတယ်ကွာ။"

ရှောင်းဝမ်ရွှယ် ပါးစပ်ဖွင့်ဟ၍ သဘောမတူလိုက်သေးခင်မှာ လီချင်းတို့တတွေအားလုံးသည် အတူတကွ ပြောဆိုလိုက်ကြသည်။

ပါရမီစွမ်းရည်အရတွင် ရှောင်းဝမ်ရွှယ်၏ နတ်ဆိုးဗုဒ္ဓလမ်းစဉ်က သူတို့ထက်ပို၍ ထိတ်လန့်ဖွယ်ကောင်းကြောင်း သူတို့အားလုံး သိထားကြပါသည်။ သူတို့အားလုံး မွန်မြတ်မှုခုနစ်ပါးစေတီ၏ နဝမအလွှာကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပါက ကျော်ကြားသည်ထက် ဒုက္ခများစွာကို ဆွဲဆောင်မိလိမ့်မည်။

ရှောင်းဝမ်ရွှယ်သည် ၁၁နှစ်၊ ၁၂နှစ်သာ ရှိသေးသော မိန်းမငယ်လေးတစ်ယောက်ဖြစ်သည်။ သူမသာ စေတီ၏နဝမအလွှာကို ဖြတ်ကျော်လိုက်ပါက မွန်မြတ်ဘုံလောကတစ်ခုလုံးကို လှုပ်ခါပစ်လိမ့်မည်။ အဲ့ဒီအချိန်ကျရင် ဂန္တဝင်ပါရမီရှင်များ စုရုံးနေသော သူတို့၏ရှန်ရှန်ကျုံ့ဂိုဏ်းသည် လူပေါင်းများစွာ၏ပစ်မှတ်ဖြစ်လာနိုင်သည်။

လီချင်းတို့ကတောင် ဤအချိန်၌ နောင်တရမှုကို ခံစားလိုက်ရသည်။

အစတွင် သူတို့ဟာ ငယ်ရွယ်ပြီး မောက်မာမိခဲ့ကြသည်။ သူတို့က ရှုံးနိမ့်မှုကို ဝန်ခံရန်ငြင်းပယ်ခဲ့ပြီး ကိုယ်ပိုင်စွမ်းဆောင်ရည်များကို စမ်းသပ်ချင်ခဲ့ကြသည်။ ရလာဒ်အနေဖြင့် သူတို့နှင့်ရှန်ရှန်ကျုံ့ဂိုဏ်းဟာ အင်မတန်မှ နာမည်ကြီးလာရသည်။ သေသေချာချာ တွေးတောကြည့်လိုက်သည့်အခါ ကျောဇောထင်ရှားလွန်းတာကလည်း ကောင်းသည့်အရာ မဟုတ်ပါ။ အထူးသဖြင့် စွမ်းအားကြီးပုဂ္ဂိုလ်များပြည့်နှက်နေသည့် မွန်မြတ်ဘုံလောကအတွင်း၌ ဖြစ်သည်။

"ဒါအမှန်ပဲ။"

အချို့သော အကြောင်းအရင်းများကြောင့် လီချင်း၏စကားများကို ကြားလိုက်ရသည့်အခါ ရှိရှိသမျှလူတိုင်းသည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။ ၁၁နှစ်၊ ၁၂နှစ်သာရှိသေးသော မိန်းမငယ်လေး ရှောင်းဝမ်ရွှယ်သာ စေတီ၏နဝမအလွှာကို ဖြတ်ကျော်နိုင်ခဲ့လျှင် သူတို့က မိမိကိုယ်ကို အမှိုက်များဟု တွေးထင်မိလိမ့်မည်။

ရှောင်းဝမ်ရွှယ်က စမ်းသပ်မှုကို မပါဝင်ခဲ့သော်လည်း သူတို့အားလုံး၏အတွေးထဲ၌ သူမဟာလည်း နိမ့်ကျသော ပုဂ္ဂိုလ်တစ်ယောက်မဟုတ်ကြောင်း သိရှိနေခဲ့သည်။

"ဘုန်း!"

ဤအချိန်တွင် ထိတ်လန့်ဖွယ်ကောင်းသော အရှိန်အဝါကြီးသည် မွန်မြတ်မှုခုနစ်ပါးနန်းတော်ကြီးများ၏ အထက်ကောင်းကင်ယံမှ ဆင်းသက်လာခဲ့သည်။ ၎င်းချန်ခွမ်းသူတော်စင်အဆင့် ခြောက်ခြားဖွယ်ကောင်းသော အရှိန်အဝါကြီးသည် နန်းတော်ကြီးတစ်ခုလုံးကို လှုပ်ခါစေလျက် ရှိရှိသမျှလူတိုင်းကိုလည်း တုန်လှုပ်သွားစေခဲ့သည်။

"ဟမ့်"

စစ်ပွဲဘုရင်သည် မျက်ဝန်းများကို မှေးကျဥ်းလိုက်ပြီး အေးစက်စွာနှာမှုတ်လျက် အရှိန်အဝါကို ပေါက်ကွဲထုတ်ဖော်လိုက်ကာ ကျရောက်လာသော အရှိန်အဝါကြီးကို ဖျက်စီးလိုက်ပြီး ရှိနေသောလူတိုင်းကို ကာကွယ်ပေးလိုက်သည်။

ရုတ်တရက်ဖြစ်ပေါ်လာသော ထူးဆန်းသည့် အခြေအနေကြောင့် မြင့်မြတ်သောစန်းရိအင်ပါယာ အဆင့်မြင့်အရာရှိများအားလုံး၏ အမူအယာများမှာ မှိုင်းညို့သွားကြသည်။ ထိုစွမ်းအားကြီးဂိုဏ်းအနည်းငယ်မှလွဲ၍ မြင့်မြတ်သောစန်းရိအင်ပါယာကြီးတွင် ဘယ်သူကမှ မမောက်မာရဲကြပါ။

"စစ်ပွဲဘုရင်? လူငယ်မျိုးဆက်လေးတွေရဲ့ စစ်ဆေးမှုက မင်းကိုတောင် သတိချပ်မိစေလိုက်တာလား။"

မွန်မြတ်မှုခုနစ်ပါးနန်းတော်ကြီးအတွင်း၌ အိုမင်းရင့်ရော်နေသော အသံကြီးတစ်သံသည် ပဲ့တင်ထပ် ထွက်ပေါ်လာခဲ့ကာ လူအိုကြီးတစ်ယောက်ဟာ မိုးကောင်းကင်မှ ဆင်းသက်လာခဲ့သည်။ ထိုသူသည် အသက်အရွယ် ကြီးရင့်ပုံပေါ်သော်လည်း သူ့ထံမှ ကျယ်ပြောနက်ရှိုင်းသော အရှိန်အဝါများ ပျံ့လွင့်ထွက်ပေါ်လျက် ရှိချေသည်။

အဆိုပါလူအိုကြီးသည် တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏မည်းနက်သောဆံပင်များမှာ လေအဟုန်၌ ဝဲလွင့်နေခဲ့သည်။ သူ၏ဝတ်ရုံဟာလည်း အရောင်ဖျော့ဖျော့ လင်းလက်တောက်ပလျက်ရှိကာ သူ့ကို သူတော်စင်တစ်ပါးကဲ့သို့ ထင်မှတ်မှားစေခဲ့သည်။

အဆိုပါပုဂ္ဂိုလ်မှာ ကောင်းကင်တံခါးဂိုဏ်း၏ဂိုဏ်းချုပ် ထျန်းဝူစန်းရန်ဖြစ်သည်။ ကောင်းကင်ဘုံတံခါးဂိုဏ်းသည် မြင့်မြတ်သောစန်းရိအင်ပါယာကြီး၏ အစွမ်းအထက်ဆုံး ဂိုဏ်းသုံးဂိုဏ်းအနက်မှ တစ်ခုဖြစ်သည်။ စန်းရိအင်ပါယာတစ်ခွင်လုံးတွင် သူ၏ခွန်အားက ထိပ်တန်းဆယ်ယောက်အတွင်း၌ ပါဝင်နေကာ တိုက်ပွဲဝင်စွမ်းအင်မှာလည်း အင်မတန်မှ သန်မာချေသည်။ ဒါအပြင် သူဟာ ချန်ခွမ်းသူတော်စင် အထွတ်အထိပ်စွမ်းအားရှင် ဖြစ်ချေသည်။

မြင့်မြတ်သောစန်းရိအင်ပါယာအတွင်း၌ ထျန်းဝူစန်းရန်၏ လွှမ်းမိုးမှုသည် အစွမ်းထက်သော စစ်ပွဲဘုရင်နှင့်တောင် နှိုင်းဆနိုင်စွမ်း ရှိပါချေသည်။

စန်းရိအင်ပါယာကြီးတွင် ကောင်းကင်ဘုံတံခါးဂိုဏ်းသည် သာမန်မဟုတ်သော အဆင့်အတန်းကို ဆုပ်ကိုင်ထားသည်။ အောက်ခြေမျဥ်းကိုသာ မထိတွေ့သေးသ၍ ဧကရာဇ်စန်းရိကတောင် ကောင်းကင်ဘုံတံခါးဂိုဏ်းကို မျက်နှာသာပေးရသည်!

All Chapters