← Chapters

အခန်း (၁၃)

Vol. 1 Ch. 13

အခန်း (၁၃)

Vol. 1 Ch. 13

စနစ်မှ အကြောင်းကြားသံကို Ace ကြားလိုက်ရသည့်အခါ သူ၏ကျင့်ကြံခြင်းတွင် နှစ်မြှုပ်နေသော အခြေနေမှ ထွက်လာခဲ့လိုက်သည်။ ထိုအခိုက်မှာပင် အလွန်ဆိုးဝါးနံစော်နေသော အနံ့တစ်ခုသည် သူ့နှာခေါင်းဝသို့ လာရောက်တိုက်ခိုက်၏။ သူအန်ထွက်မိလုနီးပါး ဖြစ်သွားသည်။

“ဒီဆိုးဝါးနံစော်နေတဲ့ အနံ့က ဘယ်ကထွက်လာတာလဲ။ ကျင့်ကြံခြင်းကြောင့်များလား။”

သူအပြင်ဘက်မှ ရေရှိရာဆီသို့ အလျင်အမြန် ပြေးထွက်သွားလိုက်သည်။ ထိုအနံ့များ ပျောက်သွားသည်အထိ သူအချိန်တော်တော်ကြာကြာ ဆေးကြောလိုက်ရသည်။

ရေချိုးပြီးသွားသည့်နောက် သူ၏အာရုံခံနိုင်စွမ်းသည် အရင်ကထက်ပို၍ ကောင်းလာသည်ဟု ခံစားရသည်။ အနီးနားမှ ပိုးကောင်သေးသေးလေးများ၏ အသံသေးသေးလေးများကို ကြားလာနိုင်ရကာ ၂၀မီတာဝန်းကျင်သို့ ပို၍ရှင်းလင်းစွာ မြင်လာနိုင်သည်။ သူ၏ခန္ဓာကိုယ်သည်လည်း ပို၍ကြံ့ခိုင်လာကာ အနည်းဆုံး Billy ၏ဆိုင်မှ အရူးနှစ်ယောက်ထက်ပို၍ သန်မာလာသည်။

‘ဆိုတော့ဒါက ကျင့်ကြံခြင်းပြီး‌နောက် ဘယ်လိုခံစားရသလဲဆိုတာပေါ့။ ငါ့ခန္ဓာကိုယ်က အရေပြားတွေက ကောင်းကင်ဘုံချီတွေကို သူတို့ဘာသာသူတို့ စုပ်ယူနေတယ်လို့ ခံစားရတယ်။ အရင်တုန်းကလို ဗိုက်ဆာတယ်လို့လည်း မခံစားရဘူး။ ဒီခံစားချက်က တော်တော်လေးကို သက်တောင့်သက်သာ ဖြစ်စေတာပဲ။’ သူ၏ စွမ်းရည်အသစ်ကို ခံစားပြီးနောက် အလွန်စိတ်လှုပ်ရှားသွားသည်။

“စနစ်၊ ငါ့ရဲ့အချက်အလက်ကိုပြပေး” စိတ်အားထက်သန်စွာဖြင့် သူ့ခေါင်းထဲသို့ အသံထုတ်လွှတ်လိုက်သည်။

[ထာဝရသူခိုးစနစ်]

[အဓိကဘောင်ကွက်]

[ပိုင်ရှင် : Ace White]

[မျိုးနွယ် : လူသား]

[ကောင်းကင်ဘုံ : ပထမအဆင့်ကောင်းကင်ဘုံလူသား]

[ပထမအဆင့်ကောင်းကင်ဘုံကျင့်ကြံခြင်းအဆင့် (သိုင်းကျင့်ကြံခြင်း) : ကောင်းကင်ဘုံတံခါးများအဆင့် {ပထမအဆင့်ကောင်းကင်ဘုံအရေပြားတံခါး} ]

{အတွေ့အကြုံရမှတ် : 50/1000}

[စိတ်ဝိညာဉ်ကျင့်ကြံခြင်း : လူသား]

{စိတ်ဝိညာဉ်ရမှတ် : 19/20} {အပိုဆု 31မှတ်}

[သူခိုးမှတ် : 40မှတ်]

[စွမ်းရည် : 5မျိုး]

[ကျင့်ကြံခြင်းနည်းလမ်း : 0]

[လက်ရှိတာဝန် : 0]

“ငါ့ရဲ့ စိတ်ဝိညာဥ်ကျင့်ကြံခြင်းက သုညပဲ ရှိသေးတယ်။ စိတ်ဝိညာဉ်အတွက် လေ့ကျင့်ရမယ်။” Ace သူ့ဘာသာရေရွတ်လိုက်သည်။

‘အခုတော့အရင်ဆုံး ဓားကောင်းကောင်းလေးတစ်စုံ ရမလားလို့ လက်နက်စျေးကွက်ကို သွားကြည့်ရမယ်။ အရိပ်ကိုယ်ပွားဓားသိုင်းကို ကျင့်ကြံဖို့အတွက် ငါဓားတွေလိုတယ်။’ ဆုံးဖြတ်ပြီးနောက် သူ၏ ဦးတည်ရာသို့ သွားလိုက်သည်။ သို့သော် လက်နက်များသည် အတော်လေးစျေးကြီးသည်ကို သူသိပေသည်။ အထူးသဖြင့် သူလိုအပ်သော လက်နက်များ ဖြစ်သည်။ ထို့ကြောင့် သူ ခိုးယူလာသော ပစ္စည်းများကို ဖွက်ထားသော ဆင်းရဲသားရပ်ကွက်မှ ပန်းခြံဆီသို့ အရင်ဆုံးလာလိုက်ကာ ပတ္တမြားဒင်္ဂါးအချို့ကို ယူလိုက်သည်။

မနက်စောစော အချိန်ဖြစ်တာကြောင့် ပန်းခြံနားတွင် မည်သူမှမရှိပေ။ သူဖွက်ထားခဲ့သော အိတ်ကို တူးယူလိုက်ကာ ထိုထဲမှ ပတ္တမြားဒင်္ဂါးတစ်ထောင်ကို ထုတ်ယူလိုက်သည်။ ထို့နောက် ထိုဒင်္ဂါးပြားများကို Alina သူ့အတွက် ထားပေးခဲ့သော အနက်ရောင်ပိုက်ဆံအိတ်လေးထဲသို့ ထည့်လိုက်သည်။ ထို့နောက် ထပ်မံ၍အိတ်ကို ဖွက်ထားလိုက်တာ ထိုနေရာမှ လျင်မြန်စွာ ထွက်လာလိုက်သည်။

လက်နက်စျေးသည် အပြင်ပိုင်းဒေသ ဆေးမားကတ်ပြီးလျှင် ဒုတိယအကြီးဆုံး စီးပွားရေးစျေးကွက်ဖြစ်သည်။ အများအားဖြင့် လက်နက်ဈေးသို့ သာမန်စစ်သားများနှင့် အချို့သောတက်သစ်စ ကျင့်ကြံသူများ လာကြသည်။ အဘယ်ကြောင့်ဆိုသော် စစ်သားနှင့်ကျင့်ကြံသူအများစုသည် လက်နက်သုံးရခြင်းကို သဘောကျကြတာကြောင့်ပင်။ ထိုကြောင့် လက်နက်ဈေးသည်လည်း ဆေးမားကတ်လို တန်ဖိုးမြင့်သွားခြင်းပင်။

သာမန်လက်နက်များကို သာမန်ပန်းပဲဆရာများမှ ပြုလုပ်ကြသော်လည်း ကျင့်ကြံသူများအတွက် လက်နက်များကို ချီ ကျွမ်းကျင်သော လက်မှုပညာရှင်များမှ ပြုလုပ်ကြသည်။

လက်မှုပညာရှင်များသည်လည်း မှော်ဆရာများနှင့် တူညီသော အဆင့်အတန်း၌ရှိသည်။ လက်မှုပညာရှင်များသည် ရှားပါးသော်လည်း မှော်ဆရာများလောက်တော့ မဟုတ်ပေ။ ချီကို မည်သို့အသုံးပြုရမည်ကို သိလျှင် လက်မှုပညာရှင်တစ်ယောက် ဖြစ်လာနိုင်ပေသည်။

လက်မှုပညာရှင်များကို မှော်ဆရာများလို အဆင့်များခွဲထားသော်လည်း သူတို့၏ ကျွမ်းကျင်မှုများကို ကြယ် ၁ပွင့်မှ ၉ပွင့်အထိ တိုင်းတာကာ ခွဲခြားထားသည်။ ကြယ်၁ပွင့်သည် အနိမ့်ဆုံးဖြစ်ပြီး ကြယ်၉ပွင့်သည် အမြင့်ဆုံးဖြစ်သည်။

လက်မှုပညာရှင်များ ဖန်တီးထားသော လက်နက်များသည် ကျင့်ကြံသူ၏ချီကို ခံနိုင်ရည်ရှိကာ ပြန်လည်ထုတ်လွှတ်နိုင်သည်။ ချီကို ပို၍ခံနိုင်ရည်ရှိသော လက်နက်ဖြစ်လေ သူ၏ကြယ်အဆင့်မြင့်လေ ဖြစ်သည်။

မြစ်ပန်းမြို့လို ကြယ်နှစ်ပွင့်မြို့‌တော်တွင် ကြယ်နှစ်ပွင့်ချီလက်မှုပညာသည်များသာ ရှိသည်။ ထိုသူတို့သည် အဖြူရောင်အဆင့်ရှိသော မှော်ဆရာများနှင့် တူညီသောအဆင့်အတန်းကို ရရှိသည်။ ကြယ်တစ်ပွင့်လက်မှုပညာသည်များသည် မြို့တော်၏ အတွင်းပိုင်းဒေသတွင်သာရှိပြီး နည်းပါးသော်လည်း ထိုသူတို့အားလုံးသည် မိသားစုကြီးများအတွက်သာ အလုပ်လုပ်ကြသည်။

အပြင်ပိုင်းဒေသတွင် တက်သစ်စလက်မှုပညာသည်များသာရှိသည်။

လက်နက်ဈေးသို့ Ace ရောက်ရှိလာသည်။ သူဘာမှမစားရသေးတာကြောင့် ပထမဆုံး အနီးနားမှ စားသောက်ဆိုင်သို့ သွားလိုက်ကာ သူစားချင်သော ဟင်းလျာများကို မှာလိုက်သည်။ သူစားနေစဉ်တွင် လူတွေစကားပြောနေသော အသံများကိုလည်း ကြားရသည်။

“ဟေး မင်းတို့တွေ လူလိမ်Billyရဲ့ဆိုင်ကို လုယက်သွားတဲ့ အနက်ရောင်သရဲအကြောင်းကို ကြားပြီးကြပြီလား။ သူလုယက်ခံလိုက်ရပေမယ့် အခုထိ သူ့ကို ဘယ်နေရာမှာမှ ရှာမတွေ့သေးဘူးလို့ ကြားတယ်။ မနေ့က အနက်ရောင်သရဲသူခိုးနဲ့ အရပ်ဆင်တူရှိတဲ့ လူလေးယောက်ကို သတ်လိုက်တယ်လို့ကြားတယ်။”

“အနက်ရောင်သရဲလို့ သူသံသယရှိတဲ့ သူတိုင်းကိုလိုက်သတ်နေတာ ရက်အနည်းငယ်ကြာပြီလေ။ သူ့လုပ်ရပ်တွေက တစ်နေ့ပြီးတစ်နေ့ ပိုတောင်ဆိုးဝါးလာတယ်။ ပြီးတော့ လူတော်တော်များများက အနက်ရောင်သရဲက အတွင်းပိုင်းဒေသကဆိုပြီး ပြောနေကြလို့ သူအခု တော်တော်စိတ်ကုန်နေတယ်လေ။ အတွင်းပိုင်းဒေသလူတွေကို သူဘာမှမလုပ်နိုင်ဘူး။”

“အဲဒီအနက်ရောင်သရဲက အရည်အချင်းနဲ့ ရဲစွမ်းသတ္တိ ရှိတဲ့သူဆိုတာကို ငါဝန်ခံရမယ်။ သူက Billy ရဲ့ချမ်းသာမှုကို Billyရဲ့နှာခေါင်းအောက်မှာပဲ ခိုးသွားခဲ့တယ်လေ ဟားဟားဟား”

“မင်းပြောတာ သောက်ရမ်းမှန်တယ်။ အဲဒီသတင်းကို သူလိမ်ခဲ့တဲ့ သူတွေကြားတဲ့အချိန် အရမ်းကိုပျော်ရွှင်နေကြတယ်လေ။ တချို့ဆို အဲဒီအနက်ရောင်သရဲကို သူတို့ရဲ့’သူရဲကောင်း’ ဒါမှမဟုတ် ‘တရားမျှတမှုရဲ့သူရဲကောင်း’ ဆိုပြီးတော့မှတောင် ခေါ်နေကြသေးတယ်။ ဟားဟား” နောက်တစ်ယောက်က ရယ်မောရင်း ပြောဆိုလိုက်သည်။

“အနက်ရောင်သရဲက ဘယ်လိုပြန်တိုက်ခိုက်လာမယ်လို့ မင်းတို့ထင်ကြလဲ။”

“အဲဒါကို ဘယ်သူကသိမှာလဲ။ ဒါပေမဲ့ တချို့လူတွေက Billyလိုမျိုး တခြားသူတွေကိုလည်း အနက်ရောင်သရဲက ဆန့်ကျင်ဖို့ မျှော်လင့်နေကြတယ်။ မင်းတို့သိကြလား။ အခုလူတိုင်းက အနက်ရောင်သရဲ သူတို့ဆီလာလည်မှာကို ကြောက်လို့ သူတို့ရဲ့လုံခြုံရေးကို တင်းကြပ်ထားကြတယ်လေ။ ဟားဟားဟား”

ထိုစကားများကို ကြားပြီးနောက် Ace အလွန်အံ့သြသွားသည်။ ‘သူတို့က ငါ့ကိုအနက်ရောင်သရဲလို့ ခေါ်နေကြတယ်။ ဟဟ သူခိုးတစ်ယောက်အတွက် ဆိုးတဲ့နာမည်တော့မဟုတ်ပါဘူးလေ။ ဒါပေမဲ့ အဲဒီမျိုးမစစ်ကောင် ဖတ်တီးက ငါ့ကိုရှာမတွေ့လို့ အပြစ်မဲ့တဲ့သူတွေကို သတ်နေတယ်။’

သူမျက်မှောင်ကြုတ်လိုက်ကာ Billy၏ အခြေအမြစ်မရှိသော လူသတ်မှုကို ကြားပြီးနောက် အလွန်ဒေါသထွက်သွားသည်။ အဆုံးတွင်တော့ သူသည် အသက်၁၂နှစ် ကောင်လေးတစ်‌ယောက်သာ ဖြစ်ပြီး သူ၏လုယက်မှုက အပြစ်မဲ့သူတွေကိုပါ ပါဝင်ပတ်သတ်စေမိလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့မိပေ။

‘ငါ့မှာအခွင့်အရေးရှိလာခဲ့ရင် သူ့ကိုအပြစ်ပေးပြီးတော့ အပြစ်မဲ့တဲ့သူတွေအတွက် တစ်ခုခုပြန်လုပ်ပေးရမယ်။’ သူ့နှလုံးသားထဲမှနေ၍ တည်ကြည်လေးနက်စွာ ကတိပြုလိုက်သည်။

သူစားသောက်ပြီးနောက် လက်နက်စျေးသို့ ဆက်သွားလိုက်သည်။ စျေးထဲသို့ ဝင်လိုက်သည်နှင့်ခန္ဓာကိုယ်ကောင်းပြီး အရပ်ရှည်သော လူအများအပြားကို တွေ့လိုက်ရသည်။ လက်ရှိတွင် သူတို့သည် လက်နက်စျေးထဲသို့ လှည်ပတ်ကြည့်ရှုနေကြပြီး သူတို့နှင့် ကိုက်ညီသောလက်နက်များကိုရွေးချယ်နေကြသည်။

Ace လိုချင်သည်က သာမန်လက်နက်တစ်ခု မဟုတ်ပေ။ ထိုသာမန်လက်နက်များသည် သူ၏ ကောင်းကင်ဘုံချီကို ခံနိုင်ရည်မရှိကြောင်း သိတာကြောင့်ဖြစ်သည်။ ကြယ်တစ်ပွင့်အဆင့်လက်နက် သို့မဟုတ် ကြယ်တစ်ဝက်အဆင့် လက်နက်ကိုအနည်းဆုံး သူလိုချင်ပေသည်။

လက်နက်ဈေး၏ အတွင်းပိုင်းထဲတွင် ဈေး၏ အပြင်ပိုင်းလို လူအများကြီးမရှိပေ။ ‘ကျောက်မီးသွေးလက်နက်ဆိုင်’ဟု အမည်ရသော သူရှေ့မှဆိုင်ကို ကြည့်ကာ အထဲသို့ဝင်သွားလိုက်သည်။ အထဲတွင်တောက်ပနေသော လက်နက်အတန်းလိုက်ကြီးကို မြင်ရသည်။

ထိုလက်နက်အတန်းလိုက်ကြီးကို မြင်ရသည့်အခါ ‘လှတယ်’ ဟူသော အတွေးတစ်ခုသာ သူ့ခေါင်းထဲသို့ ဝင်လာတယ်။

“ကောင်လေး မင်းလမ်းပျောက်ပြီး ဒီကိုရောက်လာတာလား” ဆိုင်ထဲတွင် ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာသည်။

Ace လှည့်ကြည့်လိုက်သည့်အခါ အရပ်ရှည်ပြီး သန်မာတောင့်တင်းသော လူလတ်ပိုင်းအရွယ် လူမည်းတစ်ယောက်သည် မျက်နှာပေါ်တွင် လေးနက်သောအကြည့်ဖြင့် သူ့ကိုကြည့်နေသည်ကို တွေ့ရသည်။ ထိုသူသည် Coal ဖြစ်ပြီး ကျောက်မီးသွေးလက်နက်ဆိုင်၏ ပိုင်ရှင်ဖြစ်သည်။

Coal ကို Ace မြင်လိုက်ရသည့်အခါ လေးနက်သောမျက်နှာဖြင့် လေးစားစွာ ပြောလိုက်သည်။ “ကျွန်တော်ဒီကိုရောက်နေတာက ကျွန်တော့်အတွက် လက်နက်တစ်ခုရချင်လို့ပါ။”

“ဘယ်လိုလက်နက်မျိုးကို ရချင်တာလဲ” Coal သည် စီးပွားရေးတွင် တည့်တိုးဆန်လေသည်။

“ချီကိုခံနိုင်ရည်ရှိတဲ့ ဓားအတိုတစ်ချောင်း၊ အရှည်တစ်ချောင်းပါတဲ့ ဓားအစုံလိုက်ကို ရချင်တယ်။” Ace သည်လည်း ယောင်လည်လည် လုပ်မနေတော့ဘဲ သူလိုချင်သည်ကို တိုက်ရိုက်ပြောလိုက်သည်။

သူ၏အရိပ်ဓားသိုင်းကို လေ့ကျင့်ရန်အတွက် လိုအပ်သော လက်နက်သည် အတိုတစ်ချောင်း၊အရှည်တစ်ချောင်းပါသော ဓားအစုံလိုက်ဖြစ်သည်။

“မင်းကကျင့်ကြံသူတစ်ယောက်လား။” ပထမဆုံးအကြိမ်အဖြစ် Coal၏ လေးနက်နေသော မျက်နှာပေါ်တွင် အလွန်အံ့ဩနေသော အမူအရာများ ပေါ်လာသည်။

ကျင့်ကြံသူများသည် လက်နက်စျေးတွင် တွေ့ရရန် မရှားပါးသော်လည်း Ace လိုမျိုး ငယ်ရွယ်သောကျင့်ကြံသူတစ်ယောက်ကို ဤနေရာတွင် တွေ့ရခြင်းမှာ ပုံမှန်မဟုတ်ပေ။ ဤမြို့တော်၏ အတွင်းပိုင်းဒေသ သို့မဟုတ် ကြယ်တစ်ပွင့်မြို့တော်များတွင်ပင် ပုံမှန်မဟုတ်ပေ။ ထို့ကြောင့် Coal အံ့သြသွားခြင်းပင်။

“ဟုတ်ပါတယ်” အနည်းငယ်ဂုဏ်ယူစွာဖြင့် Ace ပြန်ဖြေလိုက်သည်။ ဤသည်မှာ သူ၏အောင်မြင်မှုလေးကို တစ်စုံတစ်ယောက်ကို ပြန်ပြောပြခြင်းမှာ ပထမဆုံးပင်ဖြစ်တယ်။

“မင်းလို ငယ်ရွယ်တဲ့ ကျင့်ကြံသူတစ်ယောက်ကို ဒီမှာတွေ့ရခဲပေမယ့်လည်း အရမ်းကြီး မာနကြီးစရာမလိုဘူး။ မြို့ကြီးတွေမှာ မင်းလိုလူမျိုးတွေ အများကြီးပဲ ရှိတယ်။ ဒီမြို့ရဲ့အတွင်းပိုင်းဒေသမှာတောင် ငယ်ရွယ်ပြီး အရည်အချင်းရှိတဲ့ မင်းလိုလူမျိုးတွေအများကြီးရှိတယ်။ အဲဒါကြောင့် ဘယ်တော့မှ မာနမကြီးနဲ့။ တစ်စုံတစ်ယောက်က မင်းရဲ့အထက်မှာ အမြဲတမ်းရှိနေတယ်” Coal ၏ အံ့သြ‌နေသော မျက်နှာအမူအယာ ပျောက်ကွယ်သွားပြီး လေးနက်စွာဖြင့် ဆူပူလိုက်သည်။

“ကျေးဇူးပါ။ ခင်ဗျားရဲ့ သင်ပြမှုကို ကျွန်တော်မှတ်ထားပါ့မယ်။” Ace တွင် မည်သည့် မကျေမနပ်မှုမှ မရှိပေ။ Coal တွင် ဖုံးကွယ်ထားသော ယုတ်မာသည့်စိတ်ထား သို့မဟုတ် သူ့ကို အထင်အမြင်သေးမှုများ မရှိသည်ကို သူပြောနိုင်ပေသည်။ Coal သည် သူ့ကိုစီနီယာတစ်ယောက်လို သင်ပြနေခြင်းသာဖြစ်တာကြောင့် လေးစားစွာ ပြန်လည်၍ ကျေးဇူးတင်လိုက်ခြင်းပင် ဖြစ်သည်။

‘Coal ပြောတာကလည်း အမှန်ပဲ။ ငါ့ထက် နှစ်များစွာ ငယ်တဲ့ ငါ့ရဲ့ညီမလေးက‌တောင် ချီတံခါးနယ်ပယ်ရဲ့ ပထမအဆင့်တံခါးကို ဖွင့်ပြီးသွားပြီ။ ပြီးတော့ သွေးနိုးထမှုလည်း အောင်မြင်သွားပြီ။ အဲဒါကြောင့် ဒီအောင်မြင်မှုသေးသေးလေးအတွက်နဲ့ ငါမာနကြီးနေလို့မဖြစ်ဘူး။’ သူ အလေးအနက် တွေးတောလိုက်သည်။

“မဆိုးဘူး ကောင်လေး။ မင်းရဲ့သဘောထားက ကျင့်ကြံခြင်းအတွက် သင့်လျော်တယ်။ မြဲမြဲမှတ်ထား။ ဘာတွေပဲဖြစ်လာလာ ဘယ်တော့မှမာနကြီးမသွားနဲ့။ အဲလိုမှမဟုတ်ရင် မင်းထက်သန်မာတဲ့ သူတစ်ယောက်ယောက်က မင်းကို ပုရွက်ဆိတ်တစ်ကောင်လို နင်းချေသွားတဲ့အချိန် မင်းဘယ်တော့မှ ပြန်ရပ်တည်နိုင်မှာ မဟုတ်တော့ဘူး။ အခုတော့သွားရအောင်။ ငါမင်းကို ဓားတွေပြပေးမယ်။ အခုခေတ်မှာ ဓားနှစ်လက်ကိုင်တဲ့သူတွေက တော်တော်လေးရှားပါးတယ်။ အဲဒါကြောင့် ငါ့ဆီမှာ ဓားအစုံလိုက် သိပ်မရှိဘူး။ လက်ရှိမှာ သုံးစုံပဲရှိတယ်။ အဲဒီသုံးစုံလုံးကလည်း ကြယ်တစ်ဝက်အဆင့်တွေချည်းပဲ။ အပြင်ပိုင်းဒေသမှာ ကြယ်တစ်ဝက်အဆင့်လက်နက်တွေကိုပဲ မင်းရှာတွေ့နိုင်တယ်။ ပိုကောင်းတဲ့ လက်နက်တွေကို လိုချင်ရင်တော့ အတွင်းပိုင်းဒေသကိုသွား။” အေးစက်စွာဖြင့် Coal ပြောလိုက်ပြီး သူ၏အလုပ်ရုံဆီသို့ ဦးတည်သွားလိုက်သည်။

Ace ၏ မိမိကိုယ်ကိုယ်နှိမ့်ချသော သဘောထားကြောင့် Coal သဘောကျသွားကာ သူ့ကိုအကြံဉာဏ်အချို့ပေးလိုက်ခြင်းပင်။ အခြားတစ်ယောက်ယောက်သာဆိုလျှင် အပိုစကားတစ်လုံးပြောရန်ကိုပင် ဘယ်တော့မှ စိတ်အနှောက်ယှက်ခံပြီး‌ ပြောမည်မဟုတ်ပေ။

Coal ၏ အလုပ်ရုံဆီသို့ Ace လိုက်သွားခဲ့သည်။

Coal အလုပ်ရုံ၏ ထောင့်မှ ရှည်ပြီး ပါးလျတော့သစ်သားဘူးများကို ဆွဲယူလိုက်သည်။ ထို့နောက် ဘူးများကို တစ်ခုပြီးတစ်ခု ဖွင့်လိုက်သည်။ ဘူးတိုင်းကို ဖွင့်လိုက်သည့်အခါ တောက်ပသော ဓားရှည်များသည် စူးရှပြီး အေးစက်သော ခံစားချက်ကို ပေးနေသည်။

“ဒီအနီရောင်ဓားအစုံလိုက်ကို မီးအမြွှာဓားလို့ ခေါ်တယ်။ ဈေးကတော့ ပတ္တမြားဒင်္ဂါး ၅၀၀ပြား။ ဒီတစ်စုံကို ချွန်ထက်တဲ့အစွန်နဲ့အမြွှာဓား လို့ခေါ်တယ်။ စျေးက ပတ္တမြားဒင်္ဂါး ၃၀၀ပြား။ ဒီနောက်ဆုံးအစုံကို အနက်ရောင်သားရဲစုံတွဲလို့ခေါ်တယ်။ သံကို နို့ခဲလို ပိုင်းဖြတ်နိုင်ပြီးတော့ ဒီသုံးစုံမှာ အကောင်းဆုံးတစ်စုံပဲ။ စျေးက ပတ္တမြားဒင်္ဂါး ၉၀၀ပြား ရှိတယ်။” ဓားများ၏ အချက်အလက်များကို Coal ရှင်းပြလိုက်ကာ စျေးကိုပါ တစ်ခါတည်း ပြောလိုက်သည်။

သစ်သားဘူးများထဲမှ ဓားများအစုံလိုက်ကို Ace တွေ့သည်။ ထိုဓားများသည် သာမန်ဓားများ မဟုတ်သည်ကို သူပြောနိုင်သည်။ မည်သည့်ဓားက သူ၏ချီကို ခံနိုင်ရည်ရှိမည်လဲ သိရရန် သူ၏ ကောင်းကင်ဘုံချီအနည်းငယ်ကို ထုတ်လွှတ်လိုက်သည်။ ကောင်းကင်ဘုံချီနဲ့ ထိုဓားများ အဆက်သွယ်မိသွားသည့်အခါ ထိုဓားများ ရုတ်တရက် စတင်၍ တုန်ယင်လာကြတော့သည်။ Coal သည်လည်း ထိုအရာကို သတိပြုမိတာ အံ့အားသင့်သွားသည်။

‘ဒီကလေးကသာမန်မဟုတ်ဘူး!’ Coal လေအေးများကို တစ်ဝကြီး ရှူသွင်းလိုက်ကာ တွေးလိုက်သည်။

Ace စိတ်ပျက်သွားသည်။ ဤဓားများသည် သူ၏ ကောင်းကင်ဘုံချီကို အချိန်အကြာကြီး ခံနိုင်ရည်မရှိကြပေ။ “ကျနော်ဒီသားရဲစုံတွဲကိုယူမယ်” ဓားများထဲတွင် ဤစုံတွဲသည်သာ သူ၏ကောင်းကင်ဘုံချီကို အချိန်အကြာဆုံး ခံနိုင်ရည်ရှိခြင်း ဖြစ်သည်။

“ကောင်းပြီ။ ဘူးကိုယူပြီးတော့ ကောင်တာဆီလိုက်ခဲ့။ မင်းအဲဒီမှာ ငွေပေးချေလို့ရတယ်။” Ace ကို ပြောပြီးနောက် Coal လှည့်ထွက်သွားလိုက်သည်။

Ace ထိုအရာကိုစိတ်မရှိပေ။ သားရဲစုံတွဲပါသော ဘူးကိုယူလိုက်ကာ Coal နောက်သို့ လိုက်သွားလိုက်သည်။

ထို့နောက်ကောင်တာတွင် ပတ္တမြားဒင်္ဂါး ၉၀၀ပြားကို ပေးချေလိုက်သည်။ သူဆိုင်မှ ထွက်သွားတော့မည့်အချိန်တွင် Coal၏ အသံကိုကြားလိုက်ရသည်။

“ကောင်လေး ဒီသားရဲစုံတွဲက မင်းရဲ့ချီကို ခံနိုင်ရည်မရှိဘူးဆိုတာ ငါပြောနိုင်တယ်။ အဲဒါကြောင့် မင်းနဲ့သင့်လျော်တဲ့ ဓားကို တတ်နိုင်သမျှ မြန်မြန်ရှာ။ အဲဒါက မင်းရဲ့ကျင့်ကြံခြင်းအတွက်လည်း ကောင်းပါတယ် ဘာလို့လဲဆိုတော့ လက်နက်တွေကို ကျင့်ကြံသူတွေက နေ့စဉ်ပြောင်းလဲနေမှာမဟုတ်ဘူး။

မှတ်ထား လက်နက်ဆိုတာ စစ်သားတစ်ယောက်အတွက် ဘဝပဲ။ တိုက်ပွဲထဲမှာ မင်းရဲ့လက်နက်က ကျိုးသွားခဲ့ရင် မင်းလည်းသေရလိမ့်မယ်။”

Coal သည် တယောက်ယောက်ကို အကြံဉာဏ်ပေးခဲပေသည်။ ထို့နောက် Ace ကို ဂရုမစိုက်ခဲ့သလိုပုံမျိုးဖြင့် သူ၏အလုပ်ရုံဆီသို့ ပြန်လှည့်သွားတော့သည်။

Coal ပြောသွားသော စကားကို Ace တွေးလိုက်ကာ သူ၏စကားကို သဘောတူလိုက်သည်။ ‘နောက်တစ်ခေါက် ငါ့ရဲ့တာဝန်ပြီးမြောက်သွားရင် ဓားတွေကို စနစ်ဆီကနေပဲ ဝယ်တော့မယ်။’

Coal ပျောက်ကွယ်သွားသော အလုပ်ရုံဆီသို့ Ace ဦးညွှတ်လိုက်သည်။ ယခု Coal သည် သူ့ကို အကြံဉာဏ်ပေးသော ဆရာတစ်ယောက်ဟု မှတ်ယူလိုက်သည်။

သူ၏တဲအိမ်လေးဆီသို့ ပြန်ရောက်သွားသည့်အခါ သူ့တွင် အရိပ်ကိုယ်ပွားဓားသိုင်းကို လေ့ကျင့်ရန် ဓားတစ်စုံရှိနေပြီ ဖြစ်သည်။

ထပ်မံ၍ ကျင့်ကြံရန် အချိန်သို့ ရောက်လာပြီ ဖြစ်သည်။

All Chapters