← Chapters

နောက်တစ်ယောက်

Vol. 72 Ch. 1072

နောက်တစ်ယောက်

Vol. 72 Ch. 1072

နဂါးများကြားထဲမှာ အံ့အားတသင့် ရေရွတ်သံများက ဆက်တိုက်ထွက်ပေါ်လာခဲ့လေသည်။

သွေးနီရောင်ဆံပင်နှင့်လူက မည်သို့မည်ပုံ ပေါ်ထွက်လာသလဲ မည်သူကမှ သတိမထားမိကြပေ။

အဖြူရောင်ဝတ်လူငယ်၏ လက်ဝါးက တစ်ကိုယ်တော်တိမ်စိုင်၏ မျက်နှာပေါ်သို့ ကျရောက်တော့မည်ကို နဂါးများက ငေးကြည့်နေစဉ်မှာပင်.. သူတို့နှစ်ယောက်ကြားမှာ ပုံရိပ်တစ်ခုက ပေါ်ထွက်လာခဲ့လေသည်။

ဒါ့အပြင် ထိုသူက အဖြူရောင်ဝတ်လူငယ်၏ လက်ကောက်ဝတ်ကို တင်းကျပ်စွာ ဖမ်းဆုပ်ထားလေသည်။

“အဲဒါက စောစောက ဟိုနဂါးပဲ”

နဂါးများကြားတွင် တစ်စုံတစ်ယောက်က သွေးနီရောင်ဆံပင်နှင့်လူကို မှတ်မိသွားလေသည်။

“အဲဒါက မီးပဒေသာ နဂါးမျိုးရိုးကပဲ”

“ငါလည်း အဲ့လိုထင်တာပဲ.. ဒါပေမဲ့လို့ သူ့ရဲ့ မျိုးဆက်သွေးက မသန့်စင်ဘူး”

“သူက အခုမှ အဆင့်ချိုးဖျက်တက်လှမ်းလာတဲ့ပုံပဲ”

နဂါးများကြားထဲမှ ရုတ်ရုတ်သဲသဲ အသံများက ထွက်ပေါ်လာခဲ့လေသည်။

“ဟမ့်”

အဖြူရောင်ဝတ်လူငယ်၏ အမူအရာက ပြောင်းလဲသွားခဲ့လေသည်။

သူပင်လျှင် ထိုလူ ဘယ်လိုပေါ်ထွက်လာသလဲ ရှင်းလင်းစွာ မမြင်လိုက်ရပေ။

သူသည် သူ၏လက်ကို အလိုလို ပြန်ရုတ်ချင်မိလေသည်။ သို့သော်လည်း ထိုလူ၏ လက်ဖဝါးက သံမဏိချိတ်တစ်ခုကဲ့သို့ သူ၏ လက်ကောက်ဝတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သူက လုံးဝ လှုပ်ရှားနိုင်ခြင်း မရှိတော့သည်ကို နားလည်လိုက်လေသည်။

“မင်း ဘယ်သူလဲ..”

အဖြူရောင်ဝတ်လူငယ်က ခက်ထန်စွာဖြင့် မေးလိုက်လေသည်။

ရုတ်တရက်ဆိုသလို.. သူ၏ အမူအရာက ပြောင်းလဲသွားပြီး နာကျင်စွာဖြင့် အော်ဟစ်လိုက်လေသည်။

ရုတ်တရက် ဝင်ရောက်လာသူသည် သူ၏ လက်ဖဝါးဆီသို့ ခွန်အားကို ပို့လွှတ်လိုက်သည်ဟု သူက ခံစားရလေသည်။ သူ၏လက်ကောက်ဝတ်ထံမှ စူးရှသော နာကျင်မှုတစ်ခုကို ခံစားရပြီး သူ၏အရိုးများက ကွဲထွက်ကုန်တော့မည်ဟု ထင်ရလေသည်။

“ငါ မေးတာကို ဖြေ.. သေချင်နေတယ်လို့ မင်း ဘယ်သူ့ကို ပြောတာလဲ”

ဆူဇီမိုက အေးစက်စွာ မေးလိုက်လေသည်။

“သတ်..”

အဖြူရောင်ဝတ်လူငယ်က နာကျင်မှုကို ကြိတ်မှိတ်ခံပြီး သူ၏ လည်ချောင်းသံဖြင့် နဂါးဟိန်းဟောက်သံကို ထုတ်ဖော်လိုက်လေသည်။ သူ၏ အခြားလက်တစ်ဖက်ကို လွှဲယမ်း၍ ဆူဇီမို၏ ဦးခေါင်းကို ပစ်ရိုက်ချလိုက်လေသည်။

ဖြောင်း..

ဆူဇီမိုက သူ၏လက်ဝါးဆီသို့ ခွန်အားကို ပို့လွှတ်လိုက်လေသည်။

အဖြူရောင်ဝတ်လူငယ်၏ လက်ကောက်ဝတ်က ကျိုးသွားခဲ့လေသည်။

အဲဒီနောက်.. သူ၏လက်ကို ညင်သာစွာ မ၍ အဖြူရောင်ဝတ်လူငယ်၏ ပါးပြင်ကို ရိုက်ချလိုက်လေသည်။ ထိုသူက ပေအတော်အတန် လွင့်စင်သွားပြီး နဂါးအုပ်စု၏ ရှေ့သို့ လိမ့်ကျလာခဲ့လေသည်။

နဂါးများက ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြလေသည်။

အဖြူရောင်ဝတ်လူငယ်၏ ခန္ဓာကိုယ်သည် ဖုန်များလူးသွားပြီး သူ၏လက်ကောက်ဝတ်က သွင်သွင်ကျိုးသွားခဲ့လေသည်။ သူ၏ မျက်နှာတစ်ခြမ်းကလည်း စုတ်ပြတ်သတ်နေလေသည်။ သူက သွေးများစွာကို ထွေးထုတ်၍ သတိလစ်သွားခဲ့လေသည်။

ရိုက်ချက်တစ်ချက်နှင့်အတူ ဝင်ရောက်လာသူက မူလနတ္ထိ ရေနဂါးတစ်ကောင်ကို ဒဏ်ရာအပြင်းအထန် ရရှိသွားစေလေသည်။

“မင်းက.. ဘယ်သူလဲ..”

“မီးပဒေသာ နဂါးမျိုးရိုးမှာရှိတဲ့ မူလနတ္ထိနဂါးတွေ အကုန်လုံးကို ငါမြင်ဖူးတယ်.. ဒါပေမဲ့လို့ မင်းကိုတော့ မမြင်ဖူးဘူး”

နဂါးများသည် တစ်ယောက်ပြီးတစ်ယောက် ထွက်ရပ်လာပြီး ထက်ရှသော အကြည့်နှင့် သတ်ဖြတ်လိုစိတ်တို့ဖြင့် ဆူဇီမိုကို ကျယ်လောင်စွာ မေးခွန်းထုတ်လိုက်လေသည်။

သူတို့သည် ကျင့်ကြံရေးလောကမှာသာဆိုလျှင်.. အဖြူရောင်ဝတ်လူ ဒဏ်ရာအပြင်းအထန် ရရှိသွားသည်ကို မြင်ပါက သူ၏ဘေးနားမှ ကျင့်ကြံသူများသည် စိုးရိမ်ပူပန်စိတ် ဝင်လာကြပေလိမ့်မည်။

သို့သော်လည်း နဂါးများအကြားတွင် ဤမြင်ကွင်းက တွေ့မြင်နေကျ ဖြစ်လေသည်။

ထိုကဲ့သို့သော မြင်ကွင်းက နဂါးအုပ်စုကို လုံးဝ ဖိနှိမ်နိုင်ခြင်း မရှိပေ။

“သခင်.. ခင်ဗျား ဒီကို ရောက်လာပြီပဲ”

တစ်ကိုယ်တော်တိမ်စိုင်က သူ့ရှေ့ရှိ နောက်ကျောကို ငေးကြည့်ရင်း သူ၏ စိတ်နှလုံးက ပေါ့ပါးသွားလေသည်။ နောက်ဆုံးမှာတော့ သူက စိတ်လိုလက်ရ ပြုံးလာနိုင်ခဲ့လေသည်။

သူသည် ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းရေတွင် ခုနှစ်ရက်သာ နေခဲ့လေသည်။

ပြီးခဲ့သည့် ရက်နှစ်ဆယ်အတွင်း သူသည် နဂါးများစွာ၏ ညှင်းပန်းနှိပ်စက်မှုကို နေ့စဉ်နှင့်အမျှ ကြိတ်မှတ်ခံနေရပြီး သူ့မှာ အနားယူဖို့နှင့် ကျင့်ကြံဖို့ပင် အချိန်မရှိပေ။ သူ၏ စိတ်နှလုံးက ပြိုလဲတော့မည့်ဆဲဆဲ ဖြစ်နေခဲ့လေသည်။

သူက ဆူဇီမိုကို သတိရနေသောကြောင့်သာ မဟုတ်လျှင် သေသွားသည်မှာ ကြာနေလောက်လေပြီ။

ထိုအခိုက်အတန့်တွင် ဆူဇီမို ပေါ်ထွက်လာသည်ကို မြင်သောအခါ.. သူက လုံးဝ စိတ်သက်သာရာ ရသွားခဲ့လေပြီ။

ဆူဇီမို ဒီမှာ ရှိနေသရွေ့ သွေးနှောနဂါးများကို မဆိုနှင့်.. နဂါးမျိုးရိုး ငါးခုမှ နဂါးများပင်လျှင် သူ့ကို ထိခိုက်အောင် လုပ်နိုင်တော့မည် မဟုတ်ဟု တစ်ကိုယ်တော်တိမ်စိုင်က ယုံကြည်ထားလေသည်။

ဆူဇီမို၏ အမူအရာသည် နဂါးများ၏ မေးခွန်းနှင့် ရင်ဆိုင်ရချိန်တွင် ထူးမခြားနားပုံစံဖြင့် ရှိနေပြီး သူက သူတို့ကို လုံးဝ လျစ်လျူရှုထားလေသည်။ သူက တစ်ကိုယ်တော်တိမ်စိုင်ဘက်သို့ လှည့်ပြီး ထိုသူကို နဂါးသားရဲတွင်းထဲမှာ ကူညီ၍ ထိုင်စေလေသည်။

“ဒီဆေးလုံးတွေကို သောက်သုံးလိုက်.. အဲဒါက မင်းရဲ့ ဒဏ်ရာတွေကို ကူညီပေးလိမ့်မယ်”

ဆူဇီမိုက သူ၏သိုလှောင်အိတ်ထဲမှ ပုလင်းအချို့ကို ထုတ်ယူပြီး တစ်ကိုယ်တော်တိမ်စိုင်ကို ထိုးပေးလိုက်လေသည်။ သူ၏ ရင်ထဲရှိ ဒေါသကို ဖိနှိမ်ပြီး သူက ညင်သာစွာ ပြောလိုက်လေသည်။

“ဒီမှာနေပြီး စောင့်ကြည့်နေလိုက်.. ငါ မင်းရဲ့ ဒေါသတွေကို ဖြေဖျောက်ပေးမယ်”

“ကောင်းပါပြီ”

တစ်ကိုယ်တော်တိမ်စိုင်က စကားများစွာ မပြောဘဲ အားမာန်တက်ကြွစွာဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။

“ငါသိပြီ.. မင်းကလည်း အပြင်လူပဲ.. မင်းက မီးပဒေသာ နဂါးမျိုးရိုးက လုံမိုပဲ”

ထိုစဉ်မှာပင် ရစ်ခွေနဂါးမျိုးရိုးမှ လူငယ်တစ်ယောက်က ရှေ့သို့ထွက်လာပြီး ဆူဇီမိုကို လက်ညိုးထိုးပြောလိုက်လေသည်။

“မင်းရဲ့ မျိုးဆက်သွေးက မသန့်စင်ဘူး.. မင်းကလည်း ငါတို့နဲ့ တစ်ဖွဲ့တည်းနေဖို့ မထိုက်တန်ဘူး”

“အဲတော့.. ဒါက လုံမိုပေါ့လေ”

“သူက မီးပဒေသာ နဂါးမျိုးရိုးက ကလန်ခေါင်းဆောင်ဟောင်းတစ်ဦးရဲ့ ထောက်ခံမှုနဲ့ ရောက်လာတာလို့ ငါကြားမိတယ်.. သူက လုံးဝ အဆင့်မမီဘူး”

“အဲဒါ အမှန်ပဲ.. မသန့်စင်တဲ့ မျိုးဆက်သွေးနဲ့ မီးပဒေသာ နဂါးတစ်ကောင်က ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းကို ဘယ်လိုလုပ် ဝင်ရောက်ခွင့်ရသွားတာလဲ”

“လုံမို.. ငါ မင်းကို စိန်ခေါ်ချင်တယ်”

ရစ်ခွေနဂါးမျိုးရိုးမှ လူငယ်တစ်ယောက်သည် ခက်ထန်သော အကြည့်နှင့်အတူ အော်ပြောလိုက်လေသည်။

ဆူဇီမိုက တစ်ဘက်သို့လှည့်ပြီး သူ၏ဘေးပတ်လည်ကို ထောက်လှမ်းကြည့်ရှုကာ ခေါင်းညိတ်လိုက်လေသည်။

“ကောင်းပြီလေ.. ကောင်းပြီ.. မင်းတို့ အကုန်လုံး အတူတူလာခဲ့ကြ.. ငါ မင်းတို့အားလုံးကို ဧည့်ခံပေးမယ်”

သူသည် နဂါး ၁၀၀ကျော်ကို တစ်ယောက်တည်းဖြင့် စိန်ခေါ်လိုက်လေသည်။

“မိုက်ရိုင်းလိုက်တာ”

“မျက်နှာပြောင်တိုက်နေတာပဲ”

နဂါးများက လှောင်ရယ်၍ ထေ့ငေါ့လိုက်ကြလေသည်။

ရစ်ခွေနဂါးမျိုးနွယ်မှ လူငယ်ကလည်း လှောင်ရယ်လိုက်လေသည်။

“ဟားဟား.. နဂါးတွေကြားမှာ တစ်ယောက် တစ်ယောက်ချင်းပဲ တိုက်ခိုက်လို့ရတယ်.. မင်းက ငါတို့ကို ကလန်စည်းကမ်း ဖောက်ဖျက်ပြီး အပြစ်ပေးခံစေချင်နေတာလား.. မင်းက အဲ့လို ကောက်ကျစ်တဲ့ နည်းလမ်းကို သုံးရတာ မရှက်ဘူးလား”

ကျင့်ကြံရေးလောကတွင် အဆင့်တူချင်းမှာ ဆူဇီမိုကို တစ်ယောက်ချင်း တိုက်ခိုက်ရဲသောသူက မရှိသလောက်နီးပါးပင်။

သူသည် အများနှင့်တစ်ယောက် တိုက်ခိုက်ရသည်ကို နေသားကျနေခဲ့လေပြီ။

နဂါးမျိုးနွယ်မှာ ဤကဲ့သို့သော စည်းမျဉ်းစည်းကမ်းတစ်ခု ရှိသည်ကို သူက သိရှိမထားပေ။

တကယ်တော့ အဲဒါက နဂါးမျိုးနွယ်၏ မာန်မာနလည်း ဖြစ်လေသည်။

“အဲဒါဆိုလည်း ကောင်းပြီလေ”

ဆူဇီမိုက ခေါင်းညိတ်လိုက်လေသည်။

“နောက်တစ်ယောက်..”

ဆူဇီမိုက ထိုစကားကို စပြောလိုက်သည့်​ ခဏမှာပင်.. သူ၏ပုံရိပ်က ဖျတ်ခနဲ လှုပ်ရှားသွားပြီး ရစ်ခွေနဂါးမျိုးနွယ်မှ လူငယ်ရှေ့သို့ ရောက်ရှိလာခဲ့လေ​ပြီ။

စကားသံ တစ်ဝက်အရောက်မှာပင် ဆူဇီမိုက တိုက်ခိုက်လိုက်လေပြီ။

သူ၏ထိုးချက်က ရစ်ခွေနဂါး၏ ရင်ဘတ်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားပြီး ထိုသူ၏ မျက်လုံးနှစ်ဖက်က တုန်လှုပ်မှုဖြင့် ပြည့်နှက်လာခဲ့လေသည်။

ဆူဇီမိုက သူ၏စကားကို ပြောလို့ ပြီးဆုံးသွားခဲ့လေပြီ။

ထိုစဉ်မှာပင်.. ရစ်ခွေနဂါးမျိုးရိုးမှ လူငယ်သည် ခပ်လှမ်းလှမ်းသို့ လွင့်စင်ကျသွားခဲ့လေသည်။ သူ၏ ရင်ဘတ်က နက်ရှိုင်းစွာ ချိုင့်ဝင်နေပြီး သူက သွေးများစွာကို ထွေးထုတ်လိုက်ရလေသည်။

“အဲဒါကို ငါလုပ်မယ်”

မိုးနဂါးမျိုးရိုးမှ လူငယ်တစ်ယောက်က ရှေ့သို့ ထွက်လာခဲ့လေသည်။

မည်သည့်စကားမှ မပြောတော့ဘဲ ဆူဇီမိုသည် ရှေ့သို့ လှမ်းဝင်ပြီး သူ၏လက်ဝါးကို မြှောက်တင်လိုက်လေသည်။ သူ၏လက်ချောင်းများကို ဖြန့်ထုတ်ပြီး မိုးနဂါးမျိုးရိုးမှ လူငယ်၏ အပေါ်ကို အုပ်မိုးချလိုက်လေသည်။

အလွန်တရာ ကြောက်စရာကောင်းသော အော်ရာတစ်ခုက ရုန်းကန်ထွက်ပေါ်လာခဲ့လေသည်။

မိုးနဂါးမျိုးရိုးမှ လူငယ်သည် ထိုအော်ရာဖြင့် မွန်းကျပ်မှုကို ခံစားလိုက်ရလေသည်။

“အဲဒါက အရမ်းကြောက်ဖို့ကောင်းတယ်.. အဲဒါက ခုခံဖို့အတွက် မဖြစ်နိုင်ဘူး”

လူငယ်၏ စိတ်ထဲတွင် ထိုအတွေးကသာလျှင် ဝင်ရောက်လာခဲ့လေသည်။

သူက အလိုလို သူ၏လက်နှစ်ဖက်ကို ပင့်မြှောက်လိုက်လေသည်။

ဘန်း..

ဆူဇီမို၏ လက်ဖဝါးက မိုးနဂါး၏ လက်နှစ်ဖက်ပေါ်သို့ ဆင်းသက်လာခဲ့လေသည်။

ဂျွတ်..

အရိုးများ ကျိုးသံကို ကြားလိုက်ကြရလေသည်။

မိုးနဂါးမျိုးရိုးမှ လူငယ်၏ လက်နှစ်ဖက်သည် သွင်သွင်ကျိုးသွားပြီး ကျိုသွားသော အရိုးများက အသားစများကြားကနေ သွေးသံရဲရဲဖြင့် ငေါထွက်လာခဲ့လေသည်။ အဲဒါက တုန်လှုပ်စရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်လေသည်။

ဆူဇီမိုလက်ဝါး၏ အရှိန်အဟုန်က လုံးဝ လျော့ကျသွားခြင်း မရှိဘဲ ထိုသူ၏ ဦးခေါင်းပေါ်သို့ ဆင်းသက်ကာ ညင်သာစွာ ပွတ်သပ်လိုက်လေသည်။

မိုးနဂါးမျိုးရိုးမှ လူငယ်သည် နေရာမှာတင် သတိလစ်သွားခဲ့လေသည်။

နဂါးများစွာ၏ အကြည့်အောက်မှာပင် ဆူဇီမိုသည် သူ၏လက်နှစ်ဖက်ကို မြှောက်၍ ဖိချလိုက်ရုံမျှဖြင့် မိုးနဂါးတစ်ကောင်ကို သတိလစ်သွားစေခဲ့လေသည်။

ဆူဇီမိုက မှင်သေသေဖြင့် ပြောလိုက်လေသည်။

“နောက်တစ်ယောက်..”

“သတ်.. “

တိမ်လွှာနဂါးမျိုးရိုးမှ လူငယ်တစ်ယောက်က ပေါ်ထွက်လာပြီး ဆူဇီမို၏ရှေ့သို့ ရောက်ရှိလာခဲ့လေသည်။ သူက လက်နှစ်ဖက်ကို ဆန့်ထုတ်ပြီး သူ၏ ထက်ရှသော လက်သည်းများဖြင့် ဆူဇီမို၏မျက်နှာကို ချိန်ရွယ်လိုက်လေသည်။

ဆူဇီမို၏ အမူအရာက ပြောင်းလဲသွားခြင်း မရှိဘဲ ထိုလူငယ်၏ ဝင်ရောက်လာသော လက်သည်းများကို လျစ်လျူရှုကာ သူ၏လက်ဝါးကိုသာ ဆန့်ထုတ်လိုက်လေသည်။

တိမ်လွှာနဂါးမျိုးရိုးမှ လူငယ်၏ မျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်သည့် အလင်းတစ်ချက်က ဖျပ်ခနဲ လက်သွားလေသည်။

သူ၏လက်သည်းများက အရမ်းကို ထက်ရှပြီး နတ်ဘုရားလက်နက်များနှင့်ပင် နှိုင်းယှဉ်နိုင်လေသည်။

လုံမိုသည် သူ၏လက်သည်းများကို ခုခံဖို့အတွက် သူ၏ ကိုယ်ကာယသက်သက်ကို အသုံးပြုခြင်းသည် ကျောက်တုံးကို ကြက်ဥနှင့် ပေါက်နေခြင်းသာ ဖြစ်လေသည်။

ဖျောက်.. ဖျောက်.. ဖျောက်..

သူ့အတွေး မဆုံးသေးခင်မှာပင် သူ၏လက်သည်းများသည် ဆူဇီမို၏ လက်ဝါးတစ်ချက်ကြောင့် ကျိုးပဲ့ထွက်ကုန်လေသည်။

“အား..”

လက်သည်းဆယ်ချောင်းသည် သူ၏နှလုံးသားနှင့် ချိတ်ဆက်ထားလေသည်။

တိမ်လွှာနဂါးမျိုးရိုးမှ လူငယ်သည် စူးစူးဝါးဝါး အော်ဟစ်လိုက်လေသည်။ ဖျတ်ခနဲဆို သူသည် နေရာကနေ ဧရာမ တိမ်စိုင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားခဲ့လေသည်။

အဲဒါက တိမ်စိုင်နဂါးမျိုးရိုး၏ လျှို့ဝှက်အတတ်တစ်ခု ဖြစ်လေသည်။

ထိုတိမ်စိုင်ကို ထုတ်ဖော်ပြီးနောက်.. သူ၏ အစစ်အမှန် ခန္ဓာကိုယ်သည် တိမ်စိုင်များအတွင်းမှာ ရောနှောသွားပေလိမ့်မည်။ တစ်ဖက်လူက အဲဒါကို ထောက်လှမ်းဖို့အတွက် ခက်ခဲလေသည်။

ဆူဇီမိုသည် သူ၏လက်ဝါးကို လုံးဝ ရုတ်သိမ်းခြင်း မရှိဘဲ တိမ်စိုင်များထဲသို့ ထိုးသွင်းလိုက်လေသည်။

ဖြောင်း..

တိမ်စိုင်များထဲက​နေ ပုံရိပ်တစ်ခုက လိမ့်ဆင်းကျလာခဲ့လေသည်။ အဲဒါက တိမ်လွှာနဂါးမျိုးရိုးမှ လူငယ်ဖြစ်လေသည်။

သူ၏ ရင်ဘတ်ပေါ်ရှိ အသားများက စုတ်ပြတ်သတ်နေပြီး သူ၏ ကိုယ်တွင်းအင်္ဂါများက လှုပ်ခါသွားလေသည်။ သူက နေရာမှာပင် သတိလစ်သွားခဲ့လေပြီ။

“နောက်တစ်ယောက်..”

ဆူဇီမို၏ အသံက အေးစက်စွာဖြင့် ထွက်ပေါ်လာခဲ့လေသည်။

All Chapters