← Chapters

နားငြီးတယ်

Vol. 72 Ch. 1077

နားငြီးတယ်

Vol. 72 Ch. 1077

ဆူဇီမိုသည် သွေးနှောနဂါးတစ်ရာကျော်ကို အနိုင်ယူပြီး သွေးနှောနဂါးမျိုးရိုးမှ သခင်လေး ၄ယောက်ကို ဖိနှိမ်ထားနိုင်သည်ဆိုလျှင်တောင် နဂါးများက အနည်းငယ်အံအားသင့်ရုံသာဖြစ်ပြီး တုန်လှုပ်သွားလိမ့်မည်မဟုတ်ပေ။

သွေးနှောနဂါးများ၏ မျိုးဆက်သွေးသည် ကျဲပါးပြီး သူတို့က နဂါးမျိုးရိုးငါးခုနှင့် နှိုင်းယှဥ်လျှင် သူတို့၏မျိုးဆက်သွေးက အတော်လေးနိမ့်ကျသေးလေသည်။

သို့သော် ယခုအခါ မီးပဒေသာနဂါးမျိုးရိုးမှ လုံချိုးသည် အားလုံး၏ရှေ့မှောက်တွင် လုံမို၏ အလွယ်တကူဖိနှိမ်ခြင်းကို ခံလိုက်ရလေသည်။

ထိုအချက်က နဂါးများစွာကို အမှန်တကယ်ပင် စိတ်လှုပ်ရှားလာခဲ့စေလေသည်။

နဂါးမျိုးနွယ်၏ မျိုးဆက်သွေးသည် ကြောက်စရာကောင်းပြီး သူတို့၏ ကိုယ်ကာယက အရမ်းကို သန်မာလေသည်။ သူတို့က အနီးကပ်တိုက်ခိုက်ရည်မှာ ကောင်းကောင်းတိုက်ခိုက်နိုင်ကြလေသည်။

ဆူဇီမိုအတွက်တော့ သူသည် အန္တိမသားရဲနတ်ဆိုးကျင့်စဥ်ကို ကျင့်ကြံထားပြီး သူ၏ အနီးကပ်တိုက်ခိုက်ရည်ခွန်အားက ကြောက်စရာအကောင်းဆုံးဖြစ်လေသည်။ သူ၏ နဂါးခန္ဓာနှင့်ပေါင်းစပ်လိုက်သောအခါ သူက ပြိုင်ဘက်ကင်းလာခဲ့လေသည်။

ကျင့်ကြံရေးလောကရှိ ကျင့်ကြံသူအားလုံးက ထိုအချက်ကို သိထားကြလေသည်။ သို့သော်လည်း နဂါးအရိုးတောင်ကြားတွင် ဆူဇီမို၏ နောက်ခံကို သိရှိထားသောသူက မရှိသလောက်ပင်ဖြစ်လေသည်။

နဂါးများသည် အနီးကပ်တိုက်ခိုက်ရည်မှာ သူ့ကိုအသာစီးရရှိနိုင်သည်ဟု တွေးထင်ထားလျှင် ကိုယ်ကျိုးနည်းကုန်ပေလိမ့်မည်။

ယခုအချိန်ထိကို ဆူဇီမိုသည် သူ၏မျိုးဆက်သွေး သို့မဟုတ် သူ၏ အနီးကပ်တိုက်ခိုက်ရည်နည်းစနစ် တစ်စုံတစ်ရာကို ထုတ်ဖော်အသုံးပြုထားခြင်းပင် မရှိသေးပေ။ သူက သူ၏ကိုယ်ကာယကိုသာ မှီခိုပြီး အရာရာတိုင်းကို ဖိနှိမ်နေခြင်းဖြစ်လေသည်။

“မင်းကတော့.... သေ ချင် နေပြီပဲ...”

လုံချိုးသည် မြေပြင်ကနေ လူးလဲ၍ ကျုံးထလိုက်ပြီး ဒေါသချောင်းချောင်းထွက်နေသောအမူအရာဖြင့် ဆူဇီမိုကို စိမ်းစိမ်းဝါးဝါးစိုက်ကြည့်လိုက်လေသည်။

သူသည် လူတိုင်း၏ရှေ့မှောက်မှာ အပြင်လူတစ်ယောက်ကို ရှုံးနိမ့်သွားပြီး အဲ့ဒါက သူ့အတွက် ဆိုးဆိုးဝါးဝါးအရှက်ကွဲခြင်းဖြစ်လေသည်။

“အစ်ကိုချိုး... ခင်ဗျားအဆင်ပြေရဲ့လား...”

သူ့နောက်ဘက်ရှိ မီးပဒေသာနဂါးတစ်ချို့က စိုးရိမ်ပူပန်နေသ​အေမူအရာဖြင့် မေးလိုက်မိကြလေသည်။

“ထွက်သွားစမ်း...”

လုံချိုးသည် လူတိုင်းကိုတွန်းဖယ်ပြီး အေးစက်စွာဖြင့်ပြောလိုက်လေသည်။

“ငါအခုချိန်ထိ မရှုံးသေးဘူး...”

လုံချိုးသည် ရှုံးနိမ့်မှုကို ဝန်မခံသေးသရွေ့ သူက ဆက်လက်တိုက်ခိုက်နိုင်သေးလေသည်။

သို့သော်လည်း လုံချိုး၏ ကိုယ်တွင်းအင်္ဂါများက လှုပ်ခါသွားခဲ့ပြီကို နဂါးများက ပြောနိုင်ကြလေသည်။ သူက ဆက်လက်တိုက်ခိုက်မည်ဆိုလျှင်တောင် သူ့ဒုက္ခသူ ရှာနေခြင်းသာ ဖြစ်ပေလိမ့်မည်။

ဆူဇီမို၏ အမူအရာက ပမာမခန့်နှင့် ရှိနေလေသည်။

ပြောရမည်ဆိုလျှင် လုံချိုး၏ တိုက်ခိုက်ရည်ခွန်အားက သေချာပေါက် အားမနည်းပေ။ ကျင့်ကြံရေးလောကမှာဆိုလျှင် သူသည် မည်ကာမတ္တတပည့် အတော်များများကို ယှဥ်ပြိုင်နိုင်လေသည်။

သို့သော်လည်း အဲ့ဒါက ဆူဇီမို၏မျက်လုံးထဲမှာ ဘာမှဟုတ်မနေပေ။

ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်း၏ အကူအညီဖြင့် သူ၏ခန္ဓာကိုယ်က ပြန်လည်ကောင်းမွန်လာပြီး သူက မူလနတ္ထိအဆင့်သို့ဝင်ရောက်ကာ သန့်စင်သောယန်စိတ်ဝိညာဥ်ကို ရရှိခဲ့လေသည်။ သူ၏တိုက်ခိုက်ရည်ခွန်အားက ဆပွားများစွာတိုးလာခဲ့လေသည်။ သူက အနီးကပ်တိုက်ခိုက်ရည်မှာ ပြိုင်ဘက်ကင်းနေပြီဟုဆိုလျှင် လွန်ရာကျမည်မဟုတ်ပေ။

လုံချိုးသည် သည်းထန်စွာမောဟိုက်နေပြီး သူ၏နှာခေါင်းပေါက်နှင့် ပါးစပ်တို့မှ ကြီးမားပြင်းထန်သည့် လေစီးကြောင်းများက ထွက်နေလေသည်။ သူသည် ချစ်ချစ်တောက်အပူအော်ရာကို သယ်ဆောင်ထားပြီး သူ၏ စိတ်နှလုံးက ဒေါသမီးဖြင့် လောင်ကျွမ်းနေလေသည်။

မလှမ်းမကမ်းရှိ မီးပဒေသာနဂါးအချို့ပင်လျှင် အဲ့ဒါကို ခံစားနိုင်ကြလေသည်။

“အစ်ကိုချိုး...”

မီးပဒေသာနဂါးတစ်ကောင်က ရင်တစ်ချက်ထိတ်သွားပြီး တစ်စုံတစ်ရာကို ဝိုးတဝါးခံစားမိလိုက်လေသည်။ သူက မနေနိုင်တော့ဘဲ လုံချိုးကို စိတ်တည်ငြိမ်အောင်ထားဖို့ သတိပေးချင်မိလေသည်။

သို့သော်လည်း လုံချိုးကမည်သည့်စကားကိုမှ မကြားနိုင်တော့ပေ။

မီးပဒေသာနဂါးမျိုးရိုးသည် မီးဒြပ်စင်ကိုပိုင်ထားကြပြီး သူတို့အများစုက အလွန်တရာစိတ်ကြီး၍ ဒေါသမီးပေါက်ကွဲလွယ်ကြလေသည်။ အဲ့ဒါက လုံချိုးအတွက်လည်း ထို့အတူပင်။

အစကတော့ သူသည် သူ၏ရှုံးနိမ့်မှုအပြီး၌ ကြီးကြီးမားမားအရှက်ကွဲမှုကိုသာ ခံစားရလေသည်။

သို့သော်လည်းဆူဇီမို၏ ထီမထင်မျက်နှာပေးက သူ၏စိတ်ကို ထပ်မံ၍ နှိုးဆွလာခဲ့လေသည်။

အထင်အမြင်သေးခြင်း....

လုံချိုးသည် ဤကဲ့သို့ အထင်အမြင်သေးခံရမှုကို တစ်ခါမှ မခံစားခဲ့ရဖူးပေ။

သူက နဂါးတစ်ကောင်ဖြစ်လေသည်။

မသန့်စင်သောမျိုးဆက်သွေးနှင့်အပြင်လူတစ်ယောက်က သူ၏ဂုတ်ပေါ် ခွစီးလာသည်ကို သူက ခွင့်ပြုလိမ့်မည်မဟုတ်ပေ။

သူသည် ဤကဲ့သို့ပုံစံဖြင့် အရှက်ခွဲခံရဖို့ထက် ကလန်စည်းမျဥ်းစည်းကမ်းအရ အပြစ်ပေးမှုကိုသာ ပို၍ခံယူချင်လေသည်။

ထိုအတွေးက သူ၏စိတ်ထဲ ဝင်ရောက်လာသည့်ခဏမှာပင် သူ၏စိတ်ရိုင်းများက ထကြွသောင်းကျန်းလာပြီး ရပ်တန့်၍မရနိုင်တော့ပေ။

ဂါး.....

နောက်ဆုံးမှာတော့ လုံချိုးသည် အဲ့ဒါကို ဆက်လက်၍ မထိန်းချုပ်နိုင်တော့ဘဲ ကောင်းကင်ထက်သို့ ဟိန်းဟောက်ကာ ကျယ်လောင်သော နဂါးဟိန်းသံကို ထုတ်ဖော်လိုက်လေသည်။

သူ၏မျက်နှာပေါ်တွင် နဂါးကြေးခွံများက ပေါ်ထွက်လာပြီး သူ၏ဦးခေါင်းက ပြောင်းလဲလာခဲ့လေသည်။ ဧရာမသွေးနီးရောင် နဂါးဦးချိုတစ်စုံကလည်း ငွားငွားစွင့်စွင့် ထွက်ပေါ်လာခဲ့လေသည်။

ဖြောက် ဖြောက်....

သူ၏ခန္ဓာကိုယ်ထဲမှ တ​ဖြောက်​ဖြောက် မြည်သံများက ထွက်ပေါ်လာခဲ့လေသည်။ သူ၏ခန္ဓာကိုယ်သည် ပြန့်ကားလာပြီး အဆက်မပြတ် ရှည်လျားလာခဲ့လေသည်။

တစ်ခဏအတွင်းမှာပင် လုံချိုးသည် ပျောက်ကွယ်သွားပြီး ပေပေါင်းများစွာရှည်လျားသော သွေးနီရောင်နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့လေသည်။

နဂါးကြေးခွံများက သူ၏ ဧရာမနဂါးခန္ဓာကိုယ်ပေါ်မှာ ပြွတ်သိပ်စွာ ကြီးထွားလာခဲ့လေသည်။ ကြေးခွံတစ်ခုချင်းစီက လက်တစ်ဝါးအရွယ်လောက်ရှိပြီး နီရဲအောင်အပူပေးထားသော သံပြားများနှင့် တူနေလေသည်။

လုံချိုးသည် သူ၏ဦးခေါင်းကိုခါယမ်း၍ မီးအိမ်လောက်ရှိသော သူ၏နဂါးမျက်လုံးများဖြင့် မြေပြင်ပေါ်တွင် လွန်စွာသေးငယ်နေသော ဆူဇီမိုကို စိမ်းစိမ်းဝါးဝါးစိုက်ကြည့်လိုက်လေသည်။

နဂါးမျိုးနွယ်၏ ကြီးမားသည့်စွမ်းပကားက ဖြာထွက်လာခဲ့လေသည်။

အဲ့ဒါက နဂါးတစ်ကောင်၏ အပြည့်အဝသွင်ပြင်ဖြစ်လေသည်။

ပုံမှန်အားဖြင့်ပြောရလျှင် နဂါးသွေးတိုက်ပွဲမြေက လွဲလျှင် နဂါးအရိုးတောင်ကြား၏ အခြားသောနေရာဒေသများမှာ သူတို့၏ အပြည့်အစုံသွင်ပြင်ဖြင့် တိုက်ခိုက်ခြင်းကို ခွင့်မပြုထားပေ။

အကြောင်းမှာ ပြီးပြည့်စုံသော နဂါးသွင်ပြင်ကို ထုတ်ဖော်လိုက်ပါက သူတို့၏ခွန်အားက အဆမတန်တိုးပွားလာပြီး သူတို့၏ အဖျက်စွမ်းအားကလည်း လွန်စွာကြောက်စရာကောင်းလာပေလိမ့်မည်။ သူတို့က သူတို့၏ စွမ်းအားကိုမထိန်းချုပ်နိုင်ဘူးဆိုလျှင် သေကြေပျက်စီးမှုများက ဖြစ်ပေါ်လာနိုင်လေသည်။

အဲ့ဒါက မော်တယ်လောကတွင် ကလေးများသည် လက်ဗလာဖြင့်ရန်ဖြစ်ပါက အသက်အန္တရာယ်တစ်စုံတစ်ရာရှိလာလိမ့်မည်မဟုတ်ပေ။ သို့ပါသော်လည်း သူတို့က ထက်ရှသော ဓားများကို ကိုင်ဆောင်ထားမည်ဆိုလျှင် ရလဒ်က ကြိုတင်ခန့်မှန်း၍ ရတော့မည်မဟုတ်ပေ။

နဂါးများသည် အလွန်ရှားပါးပြီး မျိုးပွားဖို့လည်း ခက်ခဲပေသည်။ သူတို့က ကိုယ်ရေးကိုယ်တာရန်ပွဲများမှာ ပြီးပြည့်စုံသော နဂါးသွင်ပြင်ဖြင့် တိုက်ခိုက်ခြင်းကို ခွင့်ပြုပေးထားစရာအကြောင်းမရှိပေ။

အဲ့ဒါက ကလန်၏ စည်းမျဥ်စည်းကမ်းတစ်ခု ဖြစ်လေသည်။

အဲ့ဒါကိုမလိုက်နာသော မည်သူမဆို ပြင်းထန်စွာအပြစ်ပေးခံရပေလိမ့်မည်။

ယခု လုံချိုးသည် ရှုံးနိမ့်သွားသောအခါ သူလက်ခံရရှိသောရိုက်ချက်က အရမ်းကိုကြီးမားပြင်းထန်ပြီး သူ၏ ဆင်ခြင်တုံတရားကို ဆုံးရှုံးသွားခဲ့လေသည်။

ယခုအချိန်မှာ သူ၏စိတ်ထဲတွင် အတွေးတစ်ခုသာလျှင် ရှိတော့လေသည်။ အဲ့ဒါက အပြင်လူကို သူ၏ခြေဖဝါးအောက်မှာ နင်းချေဖျက်ဆီးဖို့ဖြစ်လေသည်။

နဂါးများက တုန်လှုပ်သွားပြီး တစ်ယောက်ပြီးတစ်ယောက် နောက်သို့ဆုတ်သွားကြလေသည်။

နဂါးတစ်ကောင်က ၎င်း၏ပြီးပြည့်စုံသောသွင်ပြင်ဖြင့် စတင်တိုက်ခိုက်မည်ဆိုလျှင် သူတို့၏ ပေပေါင်းများစွာရှည်လျားသော ခန္ဓာကိုယ်က လှုပ်ရှားလာပေလိမ့်မည်။ ထိုအခါ ပွဲကြည့်ပရိတ်သတ်များကို တိုက်ပွဲထဲသို့ ဆွဲယူသွင်းမိနိုင်လေသည်။

အဲ့ဒါက မျိုးရိုးငါးခုမှ နဂါးများဆိုလျှင် အဆင်ပြေနိုင်သေးလေသည်။ သို့သော်လည်း သွေးနှောနဂါးများဆိုလျှင် သူတို့သည် မီးပဒေသာနဂါးတစ်ကောင်၏ ရိုက်ခတ်ခြင်းကို ခံရပါက သူတို့က မသေလျှင်တောင် ဒဏ်ရာအပြင်းအထန်ရရှိသွားပေလိမ့်မည်။

နဂါးတစ်ကောင်၏ စွမ်းပကားက သမုဒ္ဒရာကဲ့သို့ ကျယ်ပြောလေသည်။

ခပ်လှမ်းလှမ်းတွင်ရပ်နေကြသော နဂါးများပင်လျှင် ရင်ထဲမှာဒိန်းခနဲ ခုန်လာကြလေသည်။

သွေးနှောနဂါးမျိုးရိုးမှ နဂါးများစွာသည် ဤနဂါး၏ စွမ်းပကားကို ခုခံနိုင်ခြင်းမရှိကြပေ။

သို့သော်လည်း တိုက်ပွဲနယ်မြေတွင် ဆူဇီမို၏အမူအရာက ခါတိုင်းလိုပင် ထူးမခြားနားပုံစံဖြင့်ရှိနေပြီး သူက တိတ်တဆိတ်မတ်တတ်ရပ်နေလေသည်။ သူ၏မျက်လုံးနှစ်ဖက်က သမုဒ္ဒရာကဲ့သို့ နက်ရှိုင်းနေပြီး သူ၏အကြည့်က မည်သည့်စိတ်ခံစားချက်မှာမရှိဘဲ တည်ငြိမ်နေလေသည်။

လူတစ်ယောက်နှင့် နဂါးတစ်ကောင်က မျက်နှာချင်းဆိုင်ရပ်နေကြလေသည်။

တဖြည်းဖြည်းနှင့်....

နဂါးများသည် ပုံရိပ်ယောင်တစ်ခုကို မြင်ယောင်လာကြလေသည်။

အဲ့ဒါသည် လုံချိုးက ဆူဇီမိုကို ငုံ့ကြည့်နေခြင်းထက် ဆူဇီမိုက လုံချိုးကို အထင်သေးစွာ ကြည့်နေသည်ဟု ထင်မိလာကြလေသည်။

လုံချိုး၏ နဂါးခန္ဓာကိုယ်နှင့်ယှဥ်လျှင် ဆူဇီမိုသည် မနှိုင်းယှဥ်သာအောင် သေးငယ်နေလေသည်။ သို့သော်လည်း ဘာကြောင့်ရယ်မသိ နဂါးများသည် ဤကဲ့သို့သော ခံစားချက်ကို ရရှိနေကြလေသည်။

အဲ့ဒါက မမြင်နိုင်သော အော်ရာတစ်ခု ဖြစ်လေသည်။

သူ၏ ပြီးပြည့်စုံသော နဂါးသွင်ပြင်မှာပင်လျှင် လုံချိုးက ဆူဇီမို၏အော်ရာကို မယှဥ်နိုင်ပေ။

ဦးချိုနဂါးတစ်ကောင်က သူ၏ခေါင်းကို အနည်းငယ်ခါယမ်းလိုက်လေသည်။

“လုံချိုးက ရှုံးသွားပြီ...”

ယခုအချိန်တွင် လုံချိုးတွေ့ကြုံခံစားနေရသည်ကို မည်သူကမှ မသိရှိကြပေ။

ဆူဇီမို၏အကြည့်အောက်တွင် သူက ကူကယ်ရာမဲ့သလို ခံစားနေရလေသည်။

ယခုအချိန်တွင် သူပြုလုပ်ချင်သည်မှာ ဦးညွတ်၍ သူ၏လူသားသွင်ပြင်ကိုပြောင်းလဲကာ သူ၏မာန်မာနကို ခဝါချပစ်ဖို့ဖြစ်လေသည်။

အဲ့ဒါက စဥ်းစားကြည့်၍ပင်မရသော ဖိအားတစ်ခု​ဖြစ်လေသည်။

သူသည် လုံမို၏ ရှေ့တွင် သူပုန်တစ်ယောက်က ဧကရာဇ်တစ်ပါးရှေ့မှာ ရောက်ရှိနေသကဲ့သို့ ခံစားရလေသည်။

လုံချိုးက ထိုခံစားချက်ကို မုန်တီးလေသည်။

သူ၏ စိတ်နှလုံးအနက်ပိုင်းထဲတွင် သူက စတင်၍ကြောက်လန့်လာခဲ့လေပြီ။ သူက ယခုအချိန်မှာ မတိုက်ခိုက်သေးဘူးဆိုလျှင် သူက ဦးညွတ်၍ ရှုံးနိမ့်မှုကို ဝန်ခံရတော့မည်ဖြစ်ကြောင်း နားလည်လာခဲ့လေသည်။

“ဂါး....”

လုံချိုးက သူ၏သတ္တိကိုစုစည်းပြီး ဆူဇီမိုဘက်သို့ ကျယ်လောင်သော နဂါးဟိန်းသံကို ထုတ်လွှတ်လိုက်လေသည်။

“တော်တော် နားငြီးတဲ့ကောင်ပဲ....”

သူဟိန်းသံမပျောက်ကွယ်သေးခင်မှာပင် ဆူဇီမိုက ညင်သာစွာငေါက်ငမ်းလိုက်ပြီး လုံချိုး၏ အောက်ဘက်သို့ ဖျပ်ခနဲ ရောက်ရှိလာခဲ့လေသည်။

သူက လက်နှစ်ဖက်ကိုဆန့်ထုတ်ပြီး လုံချိုး၏ နဂါးအမြီးကို ဖမ်းဆုပ်လိုက်လေသည်။ သူ၏လက်ကို လွှဲယမ်း၍ လုံချိုးကို မြေပြင်နှင့် ပြင်းထန်စွာ ကိုင်ရိုက်လိုက်လေသည်။

ဘုန်း....

ကျယ်လောင်သော မြည်သံက ထွက်ပေါ်လာပြီး မြေပြင်တစ်ခုလုံးက တသိမ့်သိမ့်လှုပ်ခါသွားခဲ့လေသည်။

နဂါးများသည် ရင်ထဲမှ ဒိန်းခနဲ ခုန်ဆောင့်သွားလေသည်။

ကျယ်လောင်သောမြည်သံပြီးနောက် နေရာတစ်ခွင်က တိတ်ဆိတ်ငြိမ်သက်သွားခဲ့လေသည်။

ဖုန်မှုန့်များနှင့်သဲများက မြေပြင်ပေါ်ကနေ တထောင်းထောင်းထနေလေသည်။

ခဏကြာပြီးနောက် ဖုန်မှုန့်များက ပျက်ပြယ်သွားပြီး ပေတစ်ရာကျော်ရှည်လျားသော တွင်းချိုင့်တစ်ခုထဲတွင် ဆိုးဆိုးဝါးဝါးဒဏ်ရာရရှိထားသော မီးပဒေသာနဂါးတစ်ကောင်က လှဲလျောင်းနေလေသည်။ သူ၏ မျက်လုံးများက တင်းကျပ်စွာပိတ်နေခဲ့ပြီး သူက လုံးဝသတိလစ်နေလေသည်။

All Chapters