← Chapters

သိုဝှက်နဂါးအဆင့်သတ်မှတ်ချက်

Vol. 72 Ch. 1079

သိုဝှက်နဂါးအဆင့်သတ်မှတ်ချက်

Vol. 72 Ch. 1079

“လုံချိုးက အသစ်ရောက်လာတဲ့သူကို ရှုံးနိမ့်သွားတယ်ပြောတယ်...”

“အဲ့ဒီလုံမိုက အတော်အတန်တော့ အစွမ်းအစရှိသားပဲ... လုံချိုးက ကလန်စည်းကမ်းကို ဆန့်ကျင်ပြီးတော့ သူ့ရဲ့ အပြည့်အဝနဂါးသွင်ပြင်ကိုတောင် ​ပြောင်းလဲခဲ့တယ်လို့ပြောတယ်... ဒါပေမယ့်လို့ သူက လှုပ်ရှားကွက်တစ်ကွက်တည်းနဲ့ ဖိနှိမ်ခံလိုက်ရတာပဲ...”

“ငါအဲ့ဒါကို မယုံချင်ဘူး.... မသန့်စင်တဲ့မျိုးဆက်သွေးနဲ့ ဒီနေရာမှာတောင် မကျင့်ကြံရသေးတဲ့ အပြင်လူတစ်ယောက်က ဘယ်လိုလုပ် အဲ့လောက်ထိ စွမ်းနိုင်ရတာလဲ...”

ထိုအခိုက်အတန့်တွင် မီးပဒေသာနဂါးမျိုးရိုးမှ လူငယ်တိုင်းသည် ဤကိစ္စကို ဆွေးနွေးနေကြလေသည်။

မူလနတ္ထိအဆင့် မီးပဒေသာနဂါးအများစုသည် အဲ့ဒါကိုစမ်းကြည့်ဖို့ စိတ်အားထက်သန်နေကြလေသည်။

သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ကြိမ်ဖန်များစွာ တိုက်ခိုက်ဖူးပြီး အဲ့ဒါကို ငြီးငွေ့နေကြလေပြီ။ ယခု အပြင်လူတစ်ယောက်က နောက်ဆုံးမှာရောက်ရှိလာခဲ့လေပြီ။ မီးပဒေသာနဂါးတိုင်းက ဆူဇီမိုနှင့်တိုက်ခိုက်ချင်ကြလေသည်။

“အဲ့ဒါက လုံယဲ့ကိုတောင် သတိထားမိသွားစေပြီးတော့ သူက တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာတော့မယ်လို့ ငါကြားမိတယ်...”

“အစ်ကိုယဲ့က တံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာတော့မှာလား...”

မီးပဒေသာနဂါးတစ်ကောင်က အံ့အားတသင့် ရေရွတ်လိုက်လေသည်။

“အစ်ကိုလုံယဲ့ ကျင့်ကြံဖို့မဝင်ရောက်ခင်ကထဲက သူက သိုဝှက်နဂါးအဆင့်သတ်မှတ်ချက်မှာ အဆင့် ၅ ဝင်နေခဲ့ပြီးပြီ... အခုသူက ပြန်ထွက်လာမယ်ဆိုရင် နောက်တစ်ဆင့်ကိုတက်ဖို့ အခွင့်များတယ်...”

“အဲ့ဒီလုံမိုက သိုဝှက်နဂါးအဆင့်သတ်မှတ်ချက်ပေါ်က နဂါးတစ်ကောင်ရဲ့အာရုံကို ဖမ်းစားနိုင်တယ်ဆိုတော့ အတော်လေးအစွမ်းအစရှိတယ် ခေါ်ရမှာပဲ...”

နောက်ထပ်မီးပဒေသာနဂါးတစ်ကောင်က လျှို့ဝှက်ဆန်းကြယ်စွာဖြင့် ရုတ်တရက်ပြောလိုက်လေသည်။

“အဲ့ဒါက အစ်ကိုယဲ့တင်မကဘူး... သိုဝှက်နဂါးအဆင့်သတ်မှတ်ချက်ပေါ်က နောက်ထပ်နဂါးတစ်ကောင်ကလည်း လုံမိုကို ပြဿနာရှာဖို့ ပြင်ဆင်နေတယ်လို့ ငါကြားမိတယ်...”

“အဲ့ဒါဘယ်သူလဲ...”

မီးပဒေသာ နဂါးများစွာက ဝိုင်းအုံလာပြီး စူးစမ်းလိုစိတ်ဖြင့်မေးလိုက်ကြလေသည်။

“ဟီးဟီး....”

ထိုမီးပဒေသာနဂါးက ထူးဆန်းစွာရယ်မောလိုက်ပြီး အသံကိုနှိမ့်၍ ပြောလိုက်လေသည်။

“အဲ့ဒါက သိုဝှက်နဂါးအဆင့်သတ်မှတ်ချက်ပေါ်က တစ်ဦးတည်းသော နဂါးမပဲ....”

“အိုး....”

ထိုသည်ကို​ကြားပြီးနောက် ဘေးပတ်လည်ရှိ မီးပဒေသာနဂါးများသည် ပင့်သက်ကိုရှိုက်ပြီး သူတို့၏အမူအရာက ပြောင်းလဲသွားကြလေသည်။

“အဲ့ဒီ အာဏာရှင်နဂါးလား.....”

“အဲ့ဒီ အာဏာရှင်နဂါးရဲ့ စိတ်နေစရိုက်အရဆို လုံမိုက မသေရင်တောင် အရေခွံဆုတ်ခံရမှာပဲ...”

“ရှုး.... တိုးတိုးပြောစမ်းပါဟ... ငါတို့က သူမကို အာဏာရှင်နဂါးလို့ခေါ်နေတာ ကြားရင် သူမက ငါတို့ကို သေချာပေါက်ပြဿနာလာရှာလိမ့်မယ်...”

“ပြောရမယ်ဆို... လုံရှီက အရမ်းကို ချောမောလှပပေမယ့် သူမရဲ့ စိတ်နေစရိုက်က ငါတို့မီးပဒေသာနဂါးတွေထက်တောင် ပိုဆိုးနေတာပဲ... ဘယ်နဂါးကများ သူမကို ယဥ်ပါးစေနိုင်မလဲ ငါသိချင်မိတယ်...”

“သိုဝှက်နဂါးအဆင့်သတ်မှတ်ချက်ပေါ်က နံပါတ်တစ်က သူမကိုနောက်ကို လိုက်နေတယ်လို့ငါကြားမိတယ်...”

“မင်းပြောချင်တာက....”

များစွာသောနဂါးများသည် တစ်မူထူးဆန်းသည့် အမူအရာဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြလေသည်။

ထိုစဥ်မှာပင်... ခပ်လှမ်းလှမ်းကနေ အသံများက ထွက်ပေါ်လာပြီး များစွာသော မီးပဒေသာနဂါးများက စိမ်းသက်သောအမူအရာဖြင့် လျှေက်လှမ်းလာကြလေသည်။

“လုံမိုပြန်လာပြီ.... “

တစ်စုံတစ်ယောက်က ပြောလိုက်လေသည်။

လမ်းတစ်လျှောက်တွင် ဆူဇီမိုသည် နဂါးမျိုးနွယ်မှသူ၏ အနာဂတ်အစီအစဥ်နှင့်ပတ်သက်၍ စဥ်စားတွေးတောနေခဲ့လေသည်။

သူသည် မီးပဒေသာနဂါးနယ်မြေဘက်သို့ ရောက်ရှိ၍ တိုက်ခိုက်ဖို့ စိတ်အားထက်သန်နေသော မီးပဒေသာနဂါးများကိုမြင်သောအခါ စောစောကတိုက်ပွဲသည် နဂါးအရိုးတောင်ကြားမှာ ခြေကုပ်ရယူဖို့အတွက် မလုံလောက်သေးကြောင်း သူကနားလည်လိုက်လေသည်။

အဲ့ဒါထက် နဂါးမျိုးနွယ်မှာ သူက နဂါးတစ်အုပ်စုလောက်ကို နှိမ်နှင်းပေးဖို့လိုနေသေးလေသည်။

မဟုတ်ပါက ဤကဲ့သို့သော တိုက်ခိုက်မှုများက လျော့ကျသွားလိမ့်မည် မဟုတ်ပေ။

လမ်း၏ တစ်ဖက်တစ်ချက်စီတွင် မီးပဒေသာနဂါးများစွာက ရပ်နေကြလေသည်။ သူတို့တစ်ယောက်ချင်းစီက ရန်လို၍ ရန်စလိုသောအကြည့်များဖြင့် ဆူဇီမိုကို ကြည့်နေကြလေသည်။

ဆူဇီမိုက တည်ငြိမ်စွာဖြင့် ရှေ့သို့ဆက်လှမ်းလာခဲ့လေသည်။

“အဲ့ဒါက မင်းတို့ပြောနေတဲ့... အပြင်လူလား သူ့ကိုကြည့်ရတာတော့ ဘာမှထူးခြားမနေပါဘူး...”

“ဟားဟား.... သူ့ပုံစံက နုနုနယ်နယ်နဲ့ ပျော့တိပျော့ဖတ်ပုံစံပါပဲ... ငါ့ရဲ့လက်ချောင်းတစ်ချောင်းနဲ့တောင် သူ့ကိုဖိနှိမ်နိုင်တယ်...”

ပို၍ပို၍များလာသော မီးပဒေသာနဂါးများက ဤနေရာမှာ စုဝေးလာကြလေသည်။

ဆူဇီမိုသည် ဤနေရာသို့ ရောက်ရှိလာပြီး မကြာခင်မှာပင် ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းဆီသို့ ဝင်ရောက်ခဲ့ရလေသည်။ သူက မီးပဒေသာနဂါးမျိုးရိုး၏ နယ်မြေခွဲဝေစီမံထားသည့်ပုံစံနှင့် အကျွမ်းမဝင်သေးဘဲ သူ၏သားရဲတွင်းက ဘယ်နေရာမှာ ရှိသည်ဆိုတာကို မသိရှိသေးပေ။

“ကျုပ်တစ်ခုလောက်မေးပါရစေ... ကျုပ်ရဲ့ သားရဲတွင်းက ဘယ်နေရာမှာလဲ မသိဘူး”

ဆူဇီမိုသည် မီးပဒေသာနဂါးတစ်ကောင်ရှေ့သို့ရောက်ရှိလာပြီး ရင်းနှီးဖော်ရွေသောအပြုံးဖြင့် မေးလိုက်လေသည်။

ထိုမီးပဒေသာနဂါးက နိုးထဝိညာဥ်အဆင့်သာဖြစ်သော်လည်း သူက ဆူဇီမိုကို လုံးဝကြောက်လန့်ခြင်းမရှိပေ။ သူက တစ်ချက်လှောင်ရယ်လိုက်ပြီး မျက်လုံးစွေကြည့်ကာ သူ့ကို လုံးဝလျစ်လျူရှုလိုက်လေသည်။

ဆူဇီမိုက စိတ်ပျက်မသွားပေ... သူကရှေ့သို့ ခြေလှမ်းအနည်းငယ်တိုးပြီး နောက်ထပ်မီးပဒေသာနဂါးတစ်ကောင်ကို ပြုံး၍မေးလိုက်လေသည်။

“ကျုပ်ရဲ့သားရဲတွင်းက ဘယ်နေရာမှာလဲ သိပါရစေ...”

ဤမီးပဒေသာနဂါးက မူလနတ္ထိအဆင့်ဖြစ်လေသည်။

ဆိုလိုသည်မှာ သူတို့နှစ်ယောက်က တိုက်ခိုက်ဖို့အတွက် အခွင့်အရေးရှိလေသည်။

“မင်းက သိချင်တယ်ပေါ့လေ...”

ထိုမီးပဒေသာနဂါးက လှောင်ပြုံးပြုံး၍ သူ့၏နှာခေါင်းကို လက်ညိုးထိုးကာ အေးစက်စွာဖြင့် ပြောလိုက်လေသည်။

“အဲ့ဒါဆိုရင် ငါ့ကိုအရင်ဖြတ်ကျော်ကြည့်လိုက်....”

သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် နီးကပ်နေကြလေသည်။

ဆူဇီမိုသည် သူ့ရှေ့ရှိ မီးပဒေသာနဂါးလူငယ်ကိုကြည့်ပြီး ညင်သာစွာ သက်ပြင်းချ၍ ခေါင်းခါယမ်းလိုက်လေသည်။

“မင်းက အားနည်းလွန်းတယ်... “

ထိုသို့သူပြောပြီးသည်နှင့် ဆူဇီမိုက ရုတ်တရက် သူ၏လက်ကို ဆန့်ထုတ်လိုက်လေသည်။

သူ၏လှုပ်ရှားမှုက ရုတ်တရက်ဆန်ပြီး လျှပ်စီးကဲ့သို့ မြန်ဆန်လေသည်။

ဆူဇီမိုသည် နဂါးအုပ်စု၏ ဝန်းရံခြင်းခံထားရတာတောင် သူက ပြတ်သားမှုရှိပြီး အရင်စ၍ တိုက်ခိုက်လိမ့်မည်ဟု ထိုမီးပဒေသာနဂါးက ထင်မှတ်မထားမိပေ။

သူကငေးငိုင်နေစဥ်မှာပင် ဆူဇီမို၏ လက်ဝါးက သူ၏ခေါင်းပေါ်ကနေ အုပ်မိုးကျလာခဲ့လေပြီ။

အလွန်ကြီးမားသည့် စွမ်းအင်ပမာဏတစ်ခုက သူ၏အသိစိတ်ထဲသို့ တိုးဝင်လာပြီး ထိုမီးပ​ဒေသာနဂါးက မျက်ဖြူဆိုက်သွားခဲ့လေသည်။ သူ၏ခန္ဓာကိုယ်ကပျော့ခွေသွားပြီး နေရာမှာပင် သတိလစ်ကာ ဆူဇီမို၏ ခြေရင်းမှာ လဲကျသွားခဲ့လေသည်။

“ဟမ့်....”

“လုံမို... မင်းဘယ်လိုတောင် ရဲတင်းနေတာလဲ...”

နဂါးများထဲမှ ဟိန်းဟောက်သံတစ်သံက ထွက်ပေါ်လာခဲ့လေသည်။

“မင်းကရော... လက်မခံဘူးလား”

ဆူဇီမိုက ထိုသူကို တစ်ချက်လှည့်ကြည့်လိုက်လေသည်။

မူလနတ္ထိမီးပဒေသာနဂါးက လုံးဝကြောက်လန့်ခြင်းမရှိပေ။ သူက လေထဲသို့ခုန်တက်ပြီး ထက်ရှသော လက်သည်းများ၊ အစွယ်များနှင့်အတူ နဂါးတစ်ပိုင်းအသွင်သို့ ပြောင်းလဲလိုက်လေသည်။

နဂါးများတိုက်ပွဲတစ်ပွဲတွင် သူတို့၏ နဂါးတစ်ပိုင်းသွင်ပြင်သို့ ချက်ချင်းပြောင်းလဲလိုက်သည်မှာ ရှားရှားပါးပါးဖြစ်လေသည်။

ဆိုလိုသည်မှာ ထိုမီးပဒေသာနဂါးသည် စိုးရိမ်ပူပန်စိတ်ရှိနေ​ပြီး သူ၏ ခွန်အားအပြည့်ကို ကြိုတင်၍ ထုတ်ဖော်လိုက်ခြင်းဖြစ်လေသည်။

ဘုန်း....

ဆူဇီမိုက မြေပြင်ကိုပြင်းထန်စွာ ဆောင့်နင်း၍ အပေါ်သို့ ခုန်တတ်ပြီး လေထဲမှာရှိနေသော မီးပဒေသာနဂါးကို ပစ်ထိုးလိုက်လေသည်။

မီးပဒေသာနဂါးသည် ဆူဇီမို၏ ဝင်ရောက်လာသောလက်သီးကို လက်တစ်ဖက်ဖြင့် ဖမ်းဆွဲပြီး အခြားလက်တစ်ဖက်က ဆူဇီမို၏ ဦးခေါင်းဆီသို့ ကုတ်ဆွဲချလိုက်လေသည်။

ဆူဇီမို၏မျက်လုံးက လှောင်ပြောင်သရော်လိုမှု ဖျပ်ခနဲ လက်သွားပြီး သူက လုံးဝရှောင်တိမ်းခြင်းမရှိပေ။

ဘန်း....

လက်သီးနှင့်လက်ဝါးက ထိတွေ့ရိုက်ခတ်သွား​လေသည်။

ဖြောက်.. ဖြောက်.....ဖြောက်....

ထို့နောက် ချက်ချင်းပင် အရိုးများကျိုးပဲ့သံက လေထဲမှာပင် ထွက်ပေါ်လာခဲ့လေသည်။

မီးပဒေသာနဂါးသည် သူ၏ခန္ဓာကိုယ်ထဲသို့ ကြောက်စရာကောင်းသည့်စွမ်းအားများ တိုးဝင်လာသည်ကို ခံစားရပြီး အလွန်တရာနာကျင်သည့်အမူအရာကို ထုတ်ပြလိုက်လေသည်။ အရင်ဆုံးထိခိုက်ခံစားရသည်မှာ သူ၏ လက်ကောက်ဝတ်နှင့်လက် ဖြစ်လေသည်။

နဂါးကြေးခွံများ၏ ကာကွယ်မှုနှင့်လျှင်ပင် အထဲမှာရှိသောအရိုးများက ကျိုးသွားခဲ့လေသည်။ သူ၏ နဂါးလက်သည်းတစ်ဖက်က ဆူဇီမို၏ဦးခေါင်းဆီသို့ မရောက်ခင်မှာပင် ဆူဇီမို၏ ထိုး ချက်ဖြင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံးက လွင့်စင်ထွက်သွားခဲ့လေသည်။

လေထဲမှာပင် သူသည် သွေးတစ်လုတ်ကို ထွေးထုတ်ပြီး မြေပြင်ပေါ်သို့လဲကျကာ စူးစူးဝါးဝါးအော်ဟစ်လိုက်ရလေသည်။

ဒီတစ်ကြိမ်မှာတော့ နဂါးများက ကြောင်အ မှင်တက်သွားကြလေသည်။

သူတို့ထဲတွင် တိုက်ခိုက်ရည်မှာ အချို့က သန်မာပြီး အချို့က အားနည်းကြလေသည်။ သို့သော်လည်း သူတို့ထဲမှ အသန်မာဆုံးနဂါးပင်လျှင် နဂါးတစ်ပိုင်းအသွင်ပြောင်းထားသော မီးပဒေသာနဂါးတစ်ကောင်ကို ထိုးချက်တစ်ချက်တည်းဖြင့် ဤမျှအထိ ထိခိုက်ခံစားရအောင် ပြုလုပ်နိုင်လိမ့်မည် မဟုတ်ပေ။

“အဲ့ဒီခွန်အားနဲ့ဆို သူက သိုဝှက်နဂါးအဆင့်သတ်မှတ်ချက်ကို... စိန်ခေါ်ဖို့အခွင့်အရေးရှိနေပြီ ဟုတ်တယ်မလား...”

နဂါးအုပ်ထဲမှ အားနည်းသည့် အသံတစ်သံက ထွက်ပေါ်လာလေသည်။

သိုဝှက်နဂါးအဆင့်သတ်မှတ်ချက်တဲ့လား..

ဆူဇီမိုက သူ၏မျက်ခုံးနှစ်ဖက်ကို အနည်းငယ်ကြုတ်လိုက်လေသည်။

ထိုအမည်သည် တစ်နေရာမှာမြင်ဖူးနေသည့်အလား ရင်းနှီးနေပုံရလေသည်။

ခဏမျှစဥ်းစားကြည့်ပြီးနောက် သူ၏စိတ်ထဲတွင် မှတ်ဉာဏ်တစ်ခုက ပေါ်လာခဲ့လေသည်။

သူသည် ကမ္ဘာဦးဂမ္ဘီရစိမ်းစမ်းရေကနေ ထွက်လာပြီးနောက် သွေးနှောနဂါးနယ်မြေရှိရာဘက်သို့ သွားရာလမ်းတွင် နဂါးအရိုးတောင်ကြား၏ ဗဟိုရင်ပြင်မှာ ကြီးမားသည့် အဆင့်သတ်မှတ်ချက်နှစ်ခုကို မြင်တွေ့ခဲ့ရလေသည်။

သူတို့ထဲမှတစ်ခုက သိုဝှက်နဂါးအဆင့်သတ်မှတ်ချက် ဖြစ်လေသည်။

အဲ့ဒီမှာနဂါးမျိုးနွယ်မှ အမည်ဆယ်ခုကို ရေးထိုးထားပြီး သူတို့က အမျိုးမျိုးသော မျိုးရိုးများမှဖြစ်လေသည်။

တစ်စုံတစ်ယောက်က မိတ်ဆက်ပေးခြင်းမရှိလျှင်တောင် သိုဝှက်နဂါးအဆင့်သတ်မှတ်ချက်ပေါ်ရှိ နဂါးများသည် နဂါးမျိုးရိုးငါးခုမှ အသန်မာဆုံးလူငယ်များ သေချာပေါက်ဖြစ်မည်ကို သူက အကြမ်းဖျင်းခန့်မှန်းမိလိုက်လေသည်။

တကယ်တော့ ဆူဇီမို၏ခန့်မှန်းချက်က မမှားပေ။

သိုဝှက်နဂါးအဆင့်သတ်မှတ်ချက်ပေါ်ရှိ နာမည်ဆယ်ခုသည် မူလနတ္ထိအဆင့်မှာရှိသော အသန်မာဆုံးနဂါးဆယ်ကောင်ကို ကိုယ်စားပြုလေသည်။

အခြားသောအဆင့်သတ်မှတ်ချက်သည် ကောင်းကင်ဘုံနဂါးအဆင့်သတ်မှတ်ချက်ဖြစ်ပြီး ဓမ္မဝိသေသ အဆင့်မှာရှိသော အသန်မာဆုံး နဂါးဆယ်ကောင်ကို ကိုယ်စားပြုလေသည်။

အဆင့်သတ်မှတ်ချက်နှစ်ခုစလုံးက အလွန်တရာ တန်ဖိုးထားခံရလေသည်။

အဆင့်သတ်မှတ်ပေါ်ရှိ အမည်များက အချိန်မရွေးပြောင်းလဲသွားနိုင်လေသည်။

တစ်စုံတစ်ယောက်သည် သူ့အထက်မှာရှိသော နဂါးများကို အနိုင်ယူနိုင်သည်နှင့်အမျှ သူတို့၏အမည်က အပေါ်ဆုံးသို့ ရောက်ရှိလာပေလိမ့်မည်။

နဂါးမျိုးရိုးငါးခုလုံး၏ သခင်လေးသည် ကောင်းကင်ဘုံနဂါးအဆင့်သတ်မှတ်ချက်၏ နံပါတ်တစ်ဖြစ်နေမည်ဆိုလျှင် အံအားသင့်စရာမကောင်းပေ။

ဆူဇီမိုသည် တစ်ချက်ကြည့်လိုက်ရုံမျှနှင့် သိုဝှက်နဂါးအဆင့်သတ်မှတ်ချက်ပေါ်ရှိ နဂါးငါးကောင်သည် အပြာရောင်နဂါးမျိုးနွယ်မှ ဖြစ်သည်ကို မှတ်မိလိုက်လေသည်။

ဒါ့အပြင် သိုဝှက်နဂါးအဆင့်သတ်မှတ်ချက်နှင့် ကောင်းကင်ဘုံနဂါးအဆင့်သတ်မှတ်ချက်ပေါ်ရှိ နံပါတ်တစ်နှစ်ယောက်စလုံးသည် အပြာရောင်နဂါးများဖြစ်ကြလေသည်။

အဲ့ဒါသည် အရင်က လုံယန်သူ့ကိုပြောခဲ့ဖူးသည့် အချက်တစ်ချက်ကို ထပ်မံ၍ အတည်ပြုပေးလိုက်လေသည်။ အပြာရောင်နဂါးက မျိုးနွယ်စုငါးစုစလုံး၏ ခေါင်းဆောင်ဖြစ်လေသည်။

All Chapters