← Chapters

ရွှီချင်း၏ နတ်ဘုရားအသွင်သဏ္ဍာန်

Vol. 71 Ch. 1111

ရွှီချင်း၏ နတ်ဘုရားအသွင်သဏ္ဍာန်

Vol. 71 Ch. 1111

လျှို့ဝှက်ရတနာသိုက်ဟူသည် ဝိညာဉ်သိုက်အဆင့်၏ စံသတ်မှတ်ချက်ဖြစ်သည်။ အတိုင်းအတာတစ်ခုထိဆိုရလျှင် ယင်းက တစ်စုံတစ်ယောက်၏ အသက်မီးတောက်ကို ထွန်းညှိခြင်းနှင့် အလားသဏ္ဍာန်တူသည်။

အသက်မီးတောက်ကို မထွန်းညှိနိုင်သော အခြေတည်အဆင့်ကျင့်ကြံသူများကို ပြီးပြည့်စုံသော ချီစုဆောင်းခြင်းအဆင့်မှာသာ ရှိသေးသည်ဟု မှတ်ယူနိုင်ပေသည်။ သူတို့၏ အသက်မီးတောက်ကို ထွန်းညှိနိုင်မှသာ ကြီးမားသော အရည်အသွေးပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာလိမ့်မည်။

ဝိညာဉ်သိုက်အဆင့်တွင်လည်း ထို့အတူပင် ဖြစ်သည်။

လျှို့ဝှက်ရတနာသိုက်၏ ထွက်ပေါ်လာမှုသည် ကျင့်ကြံသူ၏ အလုံးစုံစွမ်းအားကို ကြီးကြီးမားမား တိုးမြှင့်ပေးနိုင်သည်။ ကောင်းကင်ဘုံတာအိုဆေးမီးဖိုက အထဲမှာ လောင်ကျွမ်းနေသည်နှင့်အမျှ ယင်းက ကျင့်ကြံသူများအား ပိုပြီးအံ့ဖွယ်ကောင်းသော စွမ်းအားကို ထောက်ပံ့ပေးနိုင်သည်။

ယင်းက ကျင့်ကြံသူများကို လျှို့ဝှက်ရတနာသိုက်ထဲမှ ဥပဒေသများအား အသုံးပြုနိုင်စေရုံသာမက ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲစွမ်းအားကိုလည်း အပ်နှင်းပေးနိုင်သည်။

ဤသည်မှာ ယနေ့မတိုင်ခင် လျှို့ဝှက်ရတနာသိုက်အပေါ် ရွှီချင်း၏ နားလည်ထားမှု ဖြစ်သည်။

ယနေ့မှာ နတ်ဘုရားရတနာသိုက်များ၏ ထွက်ပေါ်လာမှုက ရွှီချင်း၏ နားလည်ထားမှုကို ပြောင်းလဲသွားစေသည်။

ထိုနှစ်ခုကြားမှ ခြားနားမှုကို ရှင်းလင်းစွာ သူအာရုံခံနိုင်သည်။ ဤသည်မှာ အသက်မီးတောက်ရှိသော ကျင့်ကြံသူနှင့် အသက်မီးတောက်မရှိသော ကျင့်ကြံသူကြားမှ ခြားနားမှုမျိုး မဟုတ်ပေ။ ယင်းအစား ကျင့်ကြံသူများနှင့် သေမျိုးများကြားမှ ခြားနားမှုမျိုး ဖြစ်သည်။

သို့သော်လည်း ရွှီချင်းသည် ကွာခြားမှုအသေးစိတ်ကို နားလည်ရန် စူးစမ်းလေ့လာကြည့်ရဦးပေမည်။ နတ်ဘုရားရတနာသိုက်၏ အနှစ်သာရကို သူမဖမ်းဆုပ်နိုင်သေးပေ။

ဤအခိုက်အတန့်မှာ သူက အရာအားလုံးကို ဖိနှိပ်ရန် နတ်ဘုရားရတနာသိုက်ကို လျှို့ဝှက်ရတနာသိုက်တစ်ခုကဲ့သို့သာ အသုံးပြုနိုင်ပေသည်။

“ ဒီနည်းလမ်းက မှားနေတာဖြစ်မယ် ”

ရွှီချင်းသည် နှုတ်ဆိတ်သွားပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ဤနေရာမှ ချိပ်ပိတ်ထားမှုက ပျက်ပြယ်သွားပြီဖြစ်၍ ဘေးပတ်ဝန်းကျင်မှ ကုန်းမြေသည် နေရောင်အောက်မှာ ပူပြင်းလာသည်။

“ နတ်ဘုရားရတနာသိုက်ရဲ့ အစစ်အမှန် အသုံးပြုပုံကို နားလည်ဖို့ဆိုရင် အချိန်တစ်ခုတော့ ပေးရလိမ့်မယ် ”

ရွှီချင်းသည် စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်ပြီး မတ်တတ်ရပ်လိုက်သည်။

ယခုအချိန်က ထိုအရာကို ဆင်ခြင်နားလည်ရန် မသင့်တော်ကြောင်း သူနားလည်သည်။ အဘယ့်ကြောင့်ဆိုသော် သူ့မှာ ပိုပြီးအရေးကြီးသော ကိစ္စတစ်ခု လုပ်ဆောင်ရန် ရှိသေးပေသည်။

ရွှီချင်းသည် သားရေအိတ်ကို ပြန်သိမ်းဆည်းလိုက်သည်။ သားရေအိတ်ထဲတွင် နီလာနတ်သမီး၏ အသွေးအသားအများကြီး ကျန်ရှိနေဆဲပင်။ သို့သော်လည်း သူက ယာယီအကန့်အသတ်သို့ ရောက်ရှိသွားပြီဖြစ်၍ ဆက်လက် မစုပ်ယူနိုင်တော့ပေ။ သူ၏ စတုတ္ထနတ်ဘုရားရတနာသိုက်ကို ဖွဲ့စည်းနိုင်သည့်အချိန်ရောက်မှသာ ယင်းတို့ကို ဆက်လက် အသုံးပြုရလိမ့်မည်။

“ ဒီအသွေးအသားတွေက တန်ဖိုးဖြတ်လို့မရတဲ့ ရတနာပဲ… စတုတ္ထနတ်ဘုရားရတနာသိုက်ကို ဖွဲ့စည်းဖို့အတွက် ငါ့မှာ အကြံအစည်နဲ့ ပြင်ဆင်မှုတွေ ရှိလာတဲ့အခါကျရင် ဒီဟာတွေကို အသုံးပြုပြီး နတ်ဘုရားရတနာသိုက်ကို ချက်ချင်း ဖွဲ့စည်းနိုင်လိမ့်မယ် ”

ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူက အင်္ကျီကို သပ်ရပ်အောင် ပြုပြင်လိုက်ပြီး အဝေးသို့ လျှောက်သွားသည်။

သူ၏ ခြေလှမ်းတိုင်းမှာ မြေပြင်က အောက်သို့ နစ်ဝင်သွားလိမ့်မည်။ ဤသည်မှာ သူ၏ ဥပဒေသလွှမ်းမိုးမှုကြောင့် ဖြစ်သည်။ သူ၏ စွမ်းရည်နယ်နိမိတ်အတွင်းမှာရှိသော အရာအားလုံးသည် သူ၏ စိတ်ဆန္ဒအတိုင်း ပြောင်းလဲသွားလိမ့်မည်။

ထိုသို့ဖြင့် ရွှီချင်းသည် သာမန်ကျင့်ကြံသူများ စိတ်ကူးမယဉ်နိုင်သော ခြေလှမ်းမျိုးဖြင့် ခြေလှမ်းတစ်ရာ လျှောက်သွားသည်။

ထိုအခါ သူသည် အစောနက တံခါးပိတ်ကျင့်ကြံသော နေရာမှ နောင်တလွင်ပြင်၏ အစွန်အဖျားဆီသို့ ရောက်ရှိသွားသည်။

အတိတ်တွင် ဤနေရာသည် သွေးပင်လယ်၏ ဝိုင်းရံခံထားရသော ကျွန်းတစ်ကျွန်း ဖြစ်သည်။ နတ်ဘုရားများတိုက်ပွဲပြီးနောက် ဤနေရာသည် လီဇီဟွား၏ ယဇ်ပူဇော်မှုကြောင့် တားမြစ်ဇုန်တစ်ခု ဖြစ်လာသည်။

သွေးပင်လယ်ထဲတွင် ယခု မရေမတွက်နိုင်သော သစ်ပင်ပန်းပင်များဖြင့် ပြည့်နှက်သွားသည်။ အမှောင်ထုနှင့် အေးစက်မှုသည်တော့ ဤဧရိယာထဲမှာ အဓိကတေးသွား ဖြစ်လာသည်။

ဒြပ်နှောများသည် ပိုပြီးသိပ်သည်းလာပြီး အရာအားလုံးအပေါ် သက်ရောက်မှုရှိသည်။ တစ်ချိန်တည်းမှာ ယင်းက မရေမတွက်နိုင်သော ထူးထူးဆန်းဆန်း သတ္တဝါများကို ဤတားမြစ်ဇုန်ထဲမှာ မွေးဖွားလာစေသည်။

ပျက်စီးပြိုကျသွားသော နတ်ဘုရားသားတော်၏ နန်းတော်သည်လည်း တားမြစ်ဇုန်၏ အနက်ပိုင်းထဲမှာ တည်ရှိသည်။

ဤအခိုက်အတန့်မှာ ရွှီချင်းသည် တားမြစ်ဇုန်၏ အပြင်ဘက်မှာ မတ်တတ်ရပ်နေပြီး အရှေ့သို့ စိုက်ကြည့်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူက တားမြစ်ဇုန်ထဲသို့ လျှောက်သွားသည်။ သူက တစ်လှမ်းချင်း တစ်လှမ်းချင်း တားမြစ်ဇုန်၏ အလယ်ဗဟိုဆီသို့ လျှောက်သွားသည်။

ဘေးပတ်ဝန်းကျင်မှ မကောင်းဆိုးဝါးသစ်ပင်များသည် အထဲသို့ ဝင်ရောက်လာကြသော မည်သည့်သေမျိုးကိုမဆို အလွယ်တကူ သတ်ပစ်နိုင်ကြသည်။ ကျင့်ကြံသူများသည်ပင် ဤနေရာမှ ဒြပ်နှောများ၏ သက်ရောက်ခံရလိမ့်မည်။

သို့သော်လည်း ရွှီချင်းအတွက်တော့ ယင်းက သာမန်မျှသာ ဖြစ်သည်။ အပြင်မှာ လမ်းလျှောက်ခြင်းနှင့် တားမြစ်ဇုန်ထဲမှာ လမ်းလျှောက်ခြင်းသည် သူ့အတွက် မည်သည့်ခြားနားမှုမှ မရှိပေ။

မကောင်းဆိုးဝါးသစ်ပင်များသည် ရွှီချင်း၏ အနားသို့ မရောက်လာမီ တုန်ယင်သွားကြသည်။ ၎င်းတို့က ရွှီချင်း၏ အနားသို့ မကပ်ဝံ့ကြချေ။ ဤနေရာမှ ထူးဆန်းသော သတ္တဝါများသည်လည်း ထို့အတူပင်။

အနက်ရောင်နှင့် အနီရောင် ရောစပ်ထားသော မြွေတစ်ကောင်သည် အနည်းငယ် နှေးကွေးသွားသည်။ ရွှီချင်းက ထိုမြွေကို ဖြတ်ကျော်သွားသည့်အခိုက် ၎င်းက အရိုးစုသို့ ပြောင်းလဲသွားသည်။ ၎င်း၏ အသက်ဓာတ်၊ ဒြပ်နှောနှင့် အရှိန်အဝါသည် တိတ်တဆိတ် ဆွဲထုတ်ခံလိုက်ရပြီး ရွှီချင်း၏ အနောက်မှာ ပျောက်ကွယ်သွားသည်။

ပထမအကြိမ် ကြည့်မည်ဆိုလျှင် သူ၏ အနောက်မှာ မည်သည့်အရာမှမရှိကြောင်း မြင်ရလိမ့်မည်။ သို့သော်လည်း အကယ်၍ တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းက မြင့်မားသော အဆင့်တစ်ခုထိ ရောက်ရှိသွားမည်ဆိုလျှင် အရာအားလုံးကို ဝါးမျိုပစ်နေသော တွင်းနက်ကြီးသုံးခုက သူ့အနောက်မှာ ထွက်ပေါ်နေကြောင်း မြင်နိုင်လိမ့်မည်။

ဖြစ်နိုင်သည်မှာ ဤတားမြစ်ဇုန်အတွက်တော့ ရွှီချင်း၏ တည်ရှိမှုက အစစ်အမှန်တားမြစ်ဇုန်ဖြစ်ဟန် ရသည်။

ထိုသို့ဖြင့် ရွှီချင်းက ရှေ့ဆက်လျှောက်သွားသည်။ သူက သွေးပင်လယ်ကို ဖြတ်ကျော်သွားပြီး ကျွန်းရှိသောနေရာသို့ ရောက်ရှိသွားသည်။ သူက အသွေးအသားတောင်ကုန်း၏ အရှေ့သို့ ရောက်ရှိသွားသည့်အခါ ခြေလှမ်းကို ရပ်တန့်လိုက်သည်။ သူက လက်သီးဆုပ်လိုက်ပြီး အရိုအသေပေးလိုက်သည်။

“ အဖိုးကိုးကို နှုတ်ဆက်ပါတယ် ”

ထိုအသွေးအသားတောင်ကုန်းသည် အနီရောင်နှင့် အနက်ရောင်ဖြစ်သည်။ ယင်းက တားမြစ်ဇုန်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး တားမြစ်ဇုန်၏ အဓိကအမြူတေဖြစ်သည်။ ယင်းက တားမြစ်ဇုန်၏ အရှင်သခင်လည်း ဖြစ်သည်။

ယင်းက လီဇီဟွား၏ အသွေးအသားနှင့် အရိုးများမှ ဖွဲ့စည်းဖြစ်ပေါ်လာခြင်း ဖြစ်သည်။ နတ်ဘုရားမျက်နှာပျက်ကြီး၏ အကြည့်အောက်မှာ ၎င်းက ဘဝအသစ်တစ်ခု မွေးဖွားလာသည်။ ဤအခိုက်အတန့်မှာ အသွေးအသားတောင်ကုန်းသည် ဖြည်းညင်းစွာ လူးလွန့်လှုပ်ရှားလာသည်။ သို့သော်လည်း ၎င်းက နိုးထမလာပေ။ ယင်းအစား နက်ရှိုင်းစွာ အိပ်မောကျသွားသည်။

သို့တိုင် အံ့ဖွယ်ကောင်းသော ဖိအားက ဘေးပတ်ဝန်းကျင်တစ်လျှောက် လွှမ်းခြုံထားဆဲပင်။ ယင်းက ဟင်းလင်းပြင်ကိုပင် ဖရိုဖရဲဖြစ်သွားစေသည်။

ထိုတောင်ကုန်း၏ အပေါ်တွင် ပုဂ္ဂိုလ်တစ်ဦးက တင်ပျဉ်ခွေထိုင်နေသည်။

သူက အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး မျက်နှာသည် ရေခဲတုံးပမာ အေးစက်နေသည်။ သူ၏ ဒူးအရှေ့တွင် ဓားရှည်တစ်လက်ရှိသည်။

သူက နဝမသားတော်ဖြစ်သည်။

သူက မျက်လုံးဖွင့်လိုက်ပြီး ရွှီချင်းကို တည်ငြိမ်စွာ ကြည့်သည်။ ရွှီချင်း၏ အနောက်ကို အကြိမ်ရေအနည်းငယ် ပိုကြည့်ပြီးနောက် သူ၏ မျက်လုံးထဲမှာ ထူးဆန်းသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။ အချိန်အတော်ကြာပြီးနောက် သူက တည်ငြိမ်စွာ ပြောသည်။

“ ဘာကိစ္စလဲ ”

သူ့အရှေ့မှ အဖိုးကိုးက အေးတိအေးစက် အမူအကျင့်ရှိပြီး စကားနည်းသူဖြစ်ကြောင်း ရွှီချင်း သိသည်။ အမှန်မှာ သူ၏ အချိန်အများစုသည် တိတ်ဆိတ်ခြင်းဖြင့်သာ ကုန်ဆုံးသွားလေ့ ရှိသည်။ သို့သော်လည်း သူ၏ နှလုံးသားက အပြင်ပန်းကဲ့သို့ အေးစက်မနေပေ။ ထို့ကြောင့် သူက နူးညံ့စွာ ပြောသည်။

“ အဖိုးကိုး… လပူဇော်ဒေသကြီးကို ကျွန်တော် စစရောက်တုန်းက တပည့်တစ်ယောက် လက်ခံခဲ့ပါတယ် ”

“ သူက မတော်တဆမှုတစ်ခုကြောင့် သေဆုံးသွားပါတယ်… ဒါပေမဲ့ လပူဇော်ဒေသကြီးထဲမှာ သေဆုံးသွားတဲ့ လူတွေရဲ့ ဝိညာဉ်က ပြန်လည်မွေးဖွားခြင်းစက်ဝန်းကို မဝင်ရောက်သွားဘဲ နတ်ဘုရားသားတော်ရဲ့ နန်းတော်ထဲမှာ စုဝေးသွားတယ်လို့ တစ်စုံတစ်ယောက်က ကျွန်တော့်ကို ပြောဖူးပါတယ် ”

“ ဒီဂျူနီယာက တပည့်မလေးရဲ့ ဝိညာဉ်ကို ပြန်လာယူတာပါ ”

“ နာမည်က ဘာလဲ ”

အဖိုးကိုးက တည်ငြိမ်စွာ ပြောသည်။

“ ရှီဖန်ယန်… သူ့နာမည်က ရှီဖန်ယန်ပါ ”

ရွှီချင်းက နူးညံ့စွာ ပြောသည်။

နဝမသားတော်သည် မျက်လုံးမှိတ်လိုက်သည်။ ဤသည်မှာ သူက တစ်စုံတစ်ခုကို အာရုံခံနေသည့်အလားပင်။ တစ်ခဏကြာပြီးနောက် သူက မျက်လုံးပြန်ဖွင့်လိုက်ပြီး ဟင်းလင်းပြင်ကို ဖမ်းဆုပ်လိုက်သည်။ ချက်ချင်းပင် တားမြစ်ဇုန်တစ်ခုလုံးသည် တုန်ယင်လာပြီး ကြီးမားသော ဝဲကတော့တစ်ခုက လေထဲမှာ ထွက်ပေါ်လာသည်။

ဝဲကတော့က ဝုန်းခနဲ မြည်ဟိန်းသွားသည့်အခါ အဖြူရောင်စက်လုံးတစ်လုံးသည် အပြင်သို့ ပျံသန်းထွက်လာပြီး ရွှီချင်း၏ အရှေ့မှာ မျောလွင့်သွားသည်။

ထိုအဖြူရောင်စက်လုံးထဲတွင် ကလေးမလေး တစ်ယောက်ရှိသည်။ သူက ဒူးနှစ်ဖက်ကို တင်းကျပ်စွာ ပွေ့ဖက်ထားပြီး မျက်လုံးမှိတ်ထားသည်။ ဤသည်မှာ သူက နှစ်နှစ်ချိုက်ချိုက် အိပ်မောကျနေသည့်အလားပင်။ သို့သော်လည်း တစ်ခါတစ်ရံ သူက မျက်မှောင်ကြုတ်သွားပြီး ကြောက်လန့်သော အရိပ်အယောင်က သူ၏ မျက်နှာပေါ်မှာ ဖြစ်ပေါ်လာသည်။

ထိုကလေးမလေးသည် ရှီဖန်ယန်ဖြစ်သည်။

ထိုကလေးမလေးကို ကြည့်နေရင်း ရွှီချင်း၏ အကြည့်သည် သိမ်မွေ့သွားသည်။ သူက လက်မြှောက်လိုက်ပြီး အဖြူရောင်စက်လုံးကို ညင်သာစွာ ဖမ်းဆုပ်လိုက်သည်။ ထို့နောက် သူက အော်ခေါ်လိုက်သည်။

“ ဖန်ယန် ”

သူ၏ အသံသည် အဖြူရောင်စက်လုံးထဲသို့ ဝင်ရောက်သွားပြီး ဟင်းလင်းပြင်ထဲမှာ ပဲ့တင်ထပ်သွားကာ ကလေးမလေး၏ ဝိညာဉ်ပေါ်သို့ ကျရောက်သွားသည်။ ရှီဖန်ယန်၏ ခန္ဓာကိုယ်သည် တုန်ယင်သွားပြီး သူ၏ မျက်တောင်များက အနည်းငယ် လှုပ်ယမ်းသွားသည်။ သူက ဖြည်းညင်းစွာ မျက်လုံးပြန်ဖွင့်လိုက်ပြီး ရွှီချင်းကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။

အချိန်အတော်ကြာပြီးနောက် အံ့အားသင့်မှုက သူ၏ သေးငယ်သော မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

“ ဆရာ… ”

သူက မတ်တတ်ရပ်ပြီး နှုတ်ဆက်ချင်သည်။ သို့သော်လည်း သူ၏ ဝိညာဉ်က အားနည်းနေသောကြောင့် မတ်တတ်ရပ်ရန် အနည်းငယ် ခက်ခဲနေသည်။

“ ဆရာက သမီးကို အိမ်ပြန်ခေါ်သွားပေးဖို့ ရောက်လာတာ ”

ရွှီချင်းက နူးညံ့စွာ ပြောသည်။ သူ၏ ညာလက်ဖြင့် အလင်းစက်လုံးကို ညင်သာစွာ ပွတ်သပ်လိုက်သည့်အခါ ကလေးမလေးသည် တဖြည်းဖြည်း မျက်လုံးပြန်မှိတ်သွားပြီး နက်ရှိုင်းစွာ အိမ်မောကျသွားသည်။

သို့သော်လည်း အစောနကနှင့် နှိုင်းယှဉ်လျှင် သူ၏ မျက်ခုံးနှစ်ခုက တင်းကျပ်စွာ မဆက်သွားတော့ပေ။ သူ၏ မျက်နှာပေါ်မှာလည်း အကြောက်တရား မရှိတော့ပေ။ ယင်းအစား ငြိမ်းချမ်းမှုက အစားထိုးထွက်ပေါ်လာသည်။

ရွှီချင်းသည် ဖန်ယန်၏ ဝိညာဉ်ကို သိမ်းဆည်းပြီးနောက် ခေါင်းမော့လိုက်ပြီး အဖိုးကိုးကို ကြည့်လိုက်သည်။ သူက နောက်တစ်ကြိမ် အရိုအသေပေးလိုက်ပြီး ထွက်သွားရန် အနောက်လှည့်လိုက်သည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာ အဖိုးကိုးက ရုတ်တရက် ပြောသည်။

“ မင်းရဲ့ အနောက်မှာ နတ်ဘုရားသုံးပါးရှိတယ် ”

ရွှီချင်း၏ ခြေလှမ်းသည် ရပ်တန့်သွားပြီး အဖိုးကိုးကို လှည့်ကြည့်လိုက်သည်။

အဖိုးကိုး၏ အမူအရာသည် ယခင်အတိုင်း အေးစက်နေဆဲပင်။ သို့သော်လည်း သူ၏ မျက်လုံးထဲမှ ထူးဆန်းသော အလင်းရောင်က ပိုပြီးသိပ်သည်းလာသည်။ သူက ရွှီချင်းကို စိုက်ကြည့်လိုက်ပြီး လေးနက်သော အသံဖြင့် ပြောသည်။

“ တစ်ယောက်က မင်း… တခြားတစ်ယောက်က အနီရောင်လရဲ့ အခွင့်အာဏာကနေ ဖြစ်ပေါ်လာတာ… ကျန်တစ်ယောက်က နတ်ဘုရားကျိန်စာကနေ ဖြစ်ပေါ်လာတာ ”

“ ဒါပေမဲ့ မင်းက အဲ့ဒါတွေနဲ့ မပေါင်းစပ်နိုင်သေးတဲ့ပုံပဲ… အဲ့ဒါတွေကို အသုံးပြုဖို့ မင်းအခက်တွေ့နေတယ်… ငါမင်းကို ကူညီပေးပါရစေ ”

သူက စကားပြောလိုက်သည့်အခါ အဖိုးကိုး၏ ဒူးအရှေ့မှ ဓားရှည်သည် လေထဲသို့ ရုတ်တရက် မြှောက်တတ်သွားပြီး ရွှီချင်းကို ညွှန်လိုက်သည်။

ကမ္ဘာတုန်ဟီးစေမည့် ဓားချီသည် ထိုဓားရှည်ထံမှ ပေါ်လျှိုးထွက်လာသည်။ လေနှင့် တိမ်တိုက်များက ပရမ်းပတာ လှုပ်ရှားသွားကြပြီး မိုးထစ်ချုန်းသံများက အရပ်မျက်နှာပေါင်းစုံသို့ ပဲ့တင်ထပ်သွားသည်။ ထိုဓားချီထဲမှာ အမြစ်ဖြတ်သုတ်သင်ခြင်းနှင့် အဖျက်အစီးစွမ်းအား ကိန်းအောင်းနေပြီး ယင်းက ရွှီချင်းထံသို့ တန်းမတ်စွာ ပျံသန်းသွားသည်။

ရွှီချင်း၏ မျက်လုံးထဲမှာ စူးရှသော အလင်းရောင်ထွက်ပေါ်လာသည်။ သေခြင်းရှင်ခြင်းကပ်ဘေးက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ ဤအခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်က အေးခဲသွားဟန် ရသည်။ သူ၏ ကျင့်ကြံခြင်းအခြေခံသည် ဖိနှိပ်ခံလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေသော သွေးသည်ပင် ရပ်တန့်သွားသည်။

ဤသည်မှာ ဓားချီက သူနှင့်ပတ်သက်သော အရာအားလုံးကို ချိပ်ပိတ်လိုက်ဟန် ရသည်။ သူ့အနောက်မှ နတ်ဘုရားရတနာသိုက်များသည်သာ ရွှီချင်း၏ စိတ်ထဲမှာ ပိုပြီးရှင်းလင်းလာကြသည်။ ထို့နောက် ပထမနတ်ဘုရားရတနာသိုက်သည် သူ့အနောက်မှာ ထွက်ပေါ်လာသည်။

နတ်ဘုရားရတနာသိုက် ထွက်ပေါ်လာသည်နှင့်ချက်ချင်း လောက၏ အရောင်သည် ပြောင်းလဲသွားပြီး တားမြစ်ဇုန်သည် တုန်ယင်သွားသည်။ ရတနာသိုက်ထဲမှ နတ်ဘုရားပုံရိပ်သည် အပြင်လောကဆီသို့ ဟိန်းဟောက်လိုက်သည်။ ဤသည်မှာ ၎င်းက ပျံသန်းလာနေသော ဓားချီကို ခုခံတားဆီးရန် ကြိုးစားနေသည့်အလားပင်။

ဓားချီသည် ရပ်တန့်သွားသည်။

“ မလုံလောက်သေးဘူး ”

အဖိုးကိုး၏ အေးစက်စက် စကားသံက မြည်ဟိန်းထွက်လာသည်။ ဓားချီသည် ထပ်မံပေါက်ကွဲထွက်လာပြီး ရွှီချင်းဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။

ထိုသို့အရေးကြီးအခိုက်အတန့်မှာ ရွှီချင်း၏ ခန္ဓာကိုယ်သည် တုန်ယင်သွားသည်။ ဤအခိုက်အတန့်မှာ သူ၏ ကျင့်ကြံခြင်းအခြေခံသည် ဖိနှိပ်ခံထားရပြီး သူ၏ နတ်ဘုရားရတနာသိုက်များကိုသာ အသုံးပြုနိုင်သည်။ ထိုသို့သေခြင်းရှင်ခြင်းကပ်ဘေးဖြင့် ရင်ဆိုင်ရသောအခါ သူ၏ နဖူးပေါ်မှ သွေးကြောများသည် ဖောင်းကားလာကြသည်။ သူက သူ၏ အသိစိတ်အားလုံးကို နတ်ဘုရားရတနာသိုက်ပေါ်သို့ အာရုံစူးစိုက်လိုက်သည်။

ဓားချီကျဆင်းလာသည်နှင့်ချက်ချင်း သူ၏ နတ်ဘုရားရတနာသိုက်သည် မီးတောင်တစ်ခုပမာ ပေါက်ကွဲထွက်လာသည်။ ယင်းက ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားအရင်းအမြစ်ကို ထုတ်လွှတ်လိုက်ပြီး ရွှီချင်းဆီသို့ ဦးတည်သွားကာ သူ၏ ခန္ဓာကိုယ်ထဲသို့ အတင်းအကျပ် ပေါင်းစပ်သွားစေသည်။

နောက်အခိုက်အတန့်မှာ ရွှီချင်းသည် ကောင်းကင်တုန်လှုပ်စေမည့် နက်ရှိုင်းသော ဟိန်းသံကို ထုတ်ဖော်လိုက်သည်။

ထိုဟိန်းသံအောက်မှာ နတ်ဘုရားအရင်းအမြစ်က သူ၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားသည်နှင့်ချက်ချင်း သူ၏ ခန္ဓာကိုယ်သည် စတင်ဆုတ်ပြဲသွားသည်။ အသွေးအသားအသစ်များက ချက်ချင်း ပေါ်လျှိုးထွက်လာပြီး သူ၏ အသွင်သဏ္ဍာန်က ကြီးကြီးမားမား ပြောင်းလဲသွားသည်။ သူ၏ ခန္ဓာကိုယ်က တဖြည်းဖြည်း ကြီးထွားလာပြီး ပိုပြီးအံ့ဖွယ်ကောင်းလာသည်။

တစ်ခဏကြာပြီးနောက် ကြီးမားသော ပုံရိပ်တစ်ခုသည် အသွေးအသားတောင်ကုန်း၏ အရှေ့မှာ ထွက်ပေါ်လာသည်။

သူ၏ ခန္ဓာကိုယ်သည် ကြီးကျယ်မြင့်မြတ်ပြီး တစ္ဆေအင်ပါယာနှင့် အနည်းငယ် ဆင်တူသည်။ သို့သော်လည်း မျက်နှာသည်တော့ ရွှီချင်း၏ မျက်နှာဖြစ်သည်။ ၎င်းက (ဃ၁၃၂)မှ ဖြစ်ပေါ်လာသော သရဖူကို ဦးခေါင်းပေါ်မှာ ဆောင်းထားသည်။

စူးရှတောက်ပသော ရွှေရောင်အလင်းကို ၎င်း၏ ခန္ဓာကိုယ်ထဲမှ ထုတ်လွှတ်နေသည်။ ယင်းက ရွှေရောင်ဖြစ်သည်မှာ သေချာသော်လည်း ထိုအလင်းရောင်၏ လွှမ်းခြုံမှုအောက်မှာ ဘေးပတ်ဝန်းကျင်၌ သက်တံ့တိမ်တိုက်များ ဖြစ်ပေါ်လာကြသည်။

၎င်း၏ နှလုံးနေရာတွင် ကောင်းကင်ဘုံတာအိုဆေးမီးဖိုရှိသည်။ ဤအခိုက်အတန့်မှာ ယင်းက အကြမ်းပတမ်း ခုန်မြည်နေလေရာ နှလုံးခုန်သံသည် ကောင်းကင်ဘုံမိုးခြိမ်းသံနှင့် ဆင်တူသည်။ ယင်းက တဟုန်းဟုန်း တောက်လောင်နေသော မီးတောက်များကို ထုတ်လွှတ်နေပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ပြင်းထန်သော အပူဓာတ်ဖြင့် လွှမ်းခြုံသွားစေသည်။ ၎င်း၏ ခန္ဓာကိုယ်ပေါ်မှာ မီးတောက်မီးလျှံများပင် ထွက်ပေါ်လာသည်။

မရေမတွက်နိုင်သော မိုးကြိုးသွားများဖြင့် ဝန်းရံခံထားရသော အနက်ရောင်လှံတစ်ချောင်းသည်လည်း ထိုပုံရိပ်၏ ညာဘက်လက်ထဲမှာ ထွက်ပေါ်လာသည်။

၎င်းက လှံကို ဆုပ်ကိုင်လိုက်သည်နှင့်ချက်ချင်း ထိုခန္ဓာကိုယ်၏ မျက်လုံးသည် ရုတ်တရက် ပွင့်သွားသည်။

ထိုသူသည် ရွှီချင်းမှလွဲ၍ တခြားမဟုတ်ပေ။

ရွှီချင်း၏ စိတ်သည် ပရမ်းပတာ လှုပ်ခတ်သွားသည်။ နတ်ဘုရားရတနာသိုက်ကို ထိုသို့နည်းလမ်းဖြင့် အသုံးပြုနိုင်ကြောင်း တစ်ခါမှ သူမမျှော်လင့်ထားခဲ့ပေ။

ဤအခိုက်အတန့်မှာ သူ၏ အခြေအနေကို ရှင်းလင်းစွာ အာရုံခံမိသည်။ ဤသည်မှာ သူက ဆင့်ကဲပြောင်းလဲသွားသည့်အလား နတ်ဘုရားအသွင်သဏ္ဍာန်က သူ့ကိုယ်ပေါ်မှာ ထွက်ပေါ်လာသည်။

သူ၏ တိုက်ပွဲစွမ်းအားသည် ပိုပြီးမြှင့်တတ်သွားသည်။ ဤအခိုက်အတန့်မှာ ယခင်က သူမြင်တွေ့ဖူးသော ဝိညာဉ်သိုက်အဆင့် ကျင့်ကြံသူအားလုံးကို ပြန်တွေးလိုက်သည်။

“ ငါ့အရှေ့မှာ သူတို့အားလုံး ဖိနှိပ်ခံရလိမ့်မယ် ”

ရွှီချင်းသည် ခေါင်းမော့လိုက်ပြီး အဖိုးကိုးကို ကြည့်လိုက်သည်။ သူ၏ နှလုံးက ပရမ်းပတာ လှိုင်းထသွားစဉ် သူက လေးနက်စွာ အရိုအသေပေးလိုက်သည်။

အဖိုးကိုးက ခေါင်းညိတ်လိုက်သည့်အခါ ထူးဆန်းသော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ ဒီလိုမှ ပိုပြီးမှန်တယ် ”

“ ဒါ့အပြင် ဒီဟာက မင်းရဲ့ ပထမနတ်ဘုရားအသွင်သဏ္ဍာန်ပဲ ရှိသေးတယ် ”

“ မင်းမှာ နတ်ဘုရားရတနာသိုက်သုံးခုရှိတယ်… ဒီတော့ သီအိုရီအရဆိုရင် မင်းမှာ နတ်ဘုရားအသွင်သဏ္ဍာန်သုံးမျိုး ပိုင်ဆိုင်သင့်တယ် ”

“ ဒါပေမဲ့ မင်းရဲ့ အခြေခံအုတ်မြစ်က အလုံအလောက် မသန်မာသေးဘူး ”

အဖိုးကိုးက စကားဆုံးအောင် ပြောပြီးနောက် စဉ်းစားချင့်ချိန်သော အကြည့်သည် သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ တစ်ခဏကြာပြီးနောက် သူက စိတ်ဆုံးဖြတ်လိုက်သည့်အလား လေးနက်စွာ ပြောသည်။

“ အဲ့ဒါကို အစောကြီး မင်းအာရုံခံမိအောင် ငါကူညီပေးနိုင်တယ်… အဲ့ဒါက နည်းနည်း အလဟဿဖြစ်သွားမယ်ဆိုပေမဲ့ မင်းကို ဦးတည်ရာတစ်ခု မြင်နိုင်စေလိမ့်မယ် ”

အဖိုးကိုးသည် စကားပြောပြီးနောက် ညာလက်ကို မြှောက်လိုက်ပြီး ငှက်မွှေးများဖြင့် ပြည့်နှက်နေသော အသွေးအသားတုံးကို ထုတ်ယူလိုက်သည်။ သူက ထိုအသွေးအသားတုံးကို ရွှီချင်းထံသို့ ပစ်ပေးလိုက်သည်။ ထိုအသွေးအသားတုံးသည် နီလာနတ်သမီး၏ အသွေးအသားမှလွဲ၍ တခြားမဟုတ်ပေ။

ယင်းက အနားသို့ မရောက်လာမီ ရွှီချင်းက မည်သည့်စကားမှ မပြောနိုင်မီ အဖိုးကိုး၏ ဓားချီက ပျံသန်းထွက်လာပြီး အသွေးအသားတုံးကို ပိုင်းဖြတ်သွားသည်။ အသွေးအသားတုံးသည် သွေးမြူအဖြစ်သို့ ပေါက်ကွဲသွားပြီး ရွှီချင်းကို လွှမ်းခြုံသွားသည်။

“ အဲ့ဒီသွေးမြူကို မင်းရဲ့ နတ်ဘုရားရတနာသိုက်နဲ့ ပေါင်းစပ်ပြီး ဒုတိယနတ်ဘုရားအသွင်သဏ္ဍာန်ကို ထုတ်ဖော်ဖို့ ကြိုးစားပါ… အဲ့ဒါကို သီးခြားမထွက်ပေါ်လာစေဖို့ သတိထားပါ… အဲ့ဒီအစား ပထမနတ်ဘုရားအသွင်သဏ္ဍာန်ပေါ်ကို ထပ်ဆင့်လွှမ်းခြုံသွားရမယ် ”

ရွှီချင်း၏ အသိစိတ်သည် လှုပ်ခါသွားသည်။ သူ၏ ခန္ဓာကိုယ်အပြင်ဘက်မှ သွေးမြူသည် သူ၏ တားမြစ်အဆိပ်နတ်ဘုရားရတနာသိုက်ထဲသို့ ဒလဟော တိုးဝင်သွားသည်။ ချက်ချင်းပင် သူ၏ နတ်ဘုရားရတနာသိုက်သည် ဝုန်းခနဲ မြည်ဟိန်းသွားပြီး မိုးခြိမ်းသံပမာ ပေါက်ကွဲသံများကို ထွက်ပေါ်လာစေသည်။ ပမာဏများပြားသော အနက်ရောင်အခိုးအငွေ့များသည် ရွှီချင်းဆီသို့ တန်းမတ်စွာ ဦးတည်သွားကြသည်။

ချက်ချင်းဆိုသလို ယင်းတို့က ရွှီချင်း၏ ပထမနတ်ဘုရားအသွင်သဏ္ဍာန်ထဲသို့ ပေါင်းစပ်သွားသည်။

နောက်အခိုက်အတန့်မှာ ရွှီချင်းက နာကျင်စွာ‌ အော်ဟစ်လိုက်သည့်အခါ ပိုပြီးကြောက်စရာကောင်းသော အရှိန်အဝါသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးထွက်လာသည်။

All Chapters