← Chapters

အခန်း (၄၃၃)

Vol. 36 Ch. 433

အခန်း (၄၃၃)

Vol. 36 Ch. 433

ဖမ်းဝရမ်းသည် စန်းယွမ်နယ်မြေကြီးတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့ပြီ.. 

"လီဟမ်ရှန်းက ဘယ်သူလဲ 

အဲ့လောက်ထိ တန်ဖိုးကြီးကြီးမားမားပေးပြီး ဝရမ်းထုတ်ရတာလဲ ?''

သတင်းပျံ့နှံ့သွားပြီးနောက်တွင် နယ်မြေဒေသကြီးလေးခုလုံးက လီဟမ်ရှန်းကို ဦးစားပေးရှာဖွေရန်အတွက် အသည်းအသန်ကြိုးစားနေကြသည်။ 

ရရှိသောဆုလာဒ်မှာ အင်မော်တယ်အဆင့်ပန်းချီကားဖြစ်သောကြောင့် လူတိုင်းက လိုချင်နေကြပါသည်။ 

သို့သော် သတင်းကိုကြားပြီးနောက်တွင် စိတ်ပူနေကြသော လူများလည်းရှိပါသည်။ 

ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းတွင် ထိုသတင်းကိုကြားပြီးနောက်တွင် ယန်ယုယွင်မှ လက်မခံနိုင်အောင်ဖြစ်နေခဲ့၏။ 

ရှမူဟိုင်၏ မျက်နှာကလည်း ရုပ်ဆိုးနေခဲ့သည်။ သူ၏ တပည့်သည် စစ်ဆေးရေးမှူးအဖြစ်နေထိုင်နေသည်မှာ အခြေအနေကောင်းမွန်နေပြီဖြစ်၏။ ယခုအချိန်တွင် ရုတ်တရက် ဤအရှုပ်အထွေးကြီးကြားထဲတွင်ပါဝင်ရသောကြောင့် ရှမူဟိုင်က ဒေါသအလွန်တရာ ထွက်နေခဲ့ပါ၏။ 

ယန်ထျန်းထျန်း၏ မျက်နှာကလည်း ဖြူလျော့သွားခဲ့သည်။ ယခုအချိန်တွင်ယွဲ့ဟန်ကျင်းက လူကောင်းတစ်ယောက်မဟုတ်မှန်းကို သူမက လက်ခံနေပြီဖြစ်သည်။

ပြီးတော့ လီချန်ချင်းကသေသွားပြီ။ ထိုသတင်းကို ယန်ထျန်းထျန်းကယုံံဖို့ခက်ခဲနေခဲ့ပါသည်။၏ လူသားဝိဉာဉ်နှင် တစ္စေဝိဉာဉ် ရောနှောနေသည့်အခြေအနေကို လီချန်ချင်းက ကုသပေးခဲ့ပြီး သာမန်ဘဝကို ရရှိစေခဲ့သည်။ ထိုအသက်ကြွေး၏ ကျေးဇူးကိုပင် သူမ မဆပ်ရသေးပါ။ 

'ဘယ်လိုဖြစ်ပြီးတော့ သူက​ သေသွားရတာလဲ '

ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းတစ်ခုလုံး က အံ့အားသင့်နေခဲ့ပါပြီ။ 

အမည်မဲ့တောင်ကြား

ဤနေရာတွင် ကောင်းကင်နတ်သမီး

အင်မော်တယ် 

လီရွှမ်းရှီက တိတ်တဆိတ်နေထိုင်နေပါသည်။

လီချန်ချင်းသေဆုံးသောသတင်းနှင့်လီဟမ်ရှန်းကို ဝရမ်းထုတ်သော သတင်းရောက်လာသောအခါတွင်

 မူချင်းကော ကပြိုလဲကျသွားပါသည်။

"လီချန်ချင်းက သေသွားပြီလား

လီဟမ်ရှန်းက အလိုရှိစာရင်းထဲ ပါနေပြီ အခုသူဘယ်ရောက်နေလဲဆိုတာ ဘယ်သူမှမသိကြဘူး ''

မူချင်းကောက လီဟမ်ရှန်းကို ရှာဖွေရန် အတင်းအကြပ် ထွက်လာသောအခါ၌ လီရွှမ်းရှီက တားမြစ်ခဲ့သည်။ 

"လီချန်ချင်းလို လူက ဒီလိုလွယ်လွယ်နဲ့သေမယ့်သူမျိုးမဟုတ်ဘူး၊

စိတ်မပူနဲ့၊ သူ့ကိုဘယ်သူကမှ လွယ်လွယ်နဲ့သတ်နိုင်မှာ မဟုတ်ဘူး"

လီရွှမ်းရှီက သေချာစွာဖြင့်ပြောလိုက်သည်။ 

"စိတ်မလောစမ်းနဲ့ ကောင်မလေး!''

လီရွှမ်းရှီ၏ စကားကိုကြားသော မူချင်းကောက ခေါင်းကိုသာ တွင်တွင် ခါယမ်းရင်း သူမလက်ကို အတင်းအကြပ်ရုန်းကန်ရင်း အော်ဟစ်လိုက်သည် ။ 

"ရှင်က ဘယ်လိုဖြစ်ပြီးတော့ တည်ငြိမ်နေရတာလဲ

စန်းယွမ်နယ်မြေကြီး တစ်ခုလုံးက လီဟမ်ရှန်းကို အလိုရှိနေတာလေ 

ရှင့်ဗိုက်ထဲမှာရှိတဲ့ ကလေးရဲ့အဖေက လီဟမ်ရှန်း ဟုတ်တယ်မလား 

ရှင်က သူ့ကိုချစ်တယ်မဟုတ်ဘူးလား ဘယ်လိုဖြစ်ပြီးတော့ ခံစားချက်မဲ့တဲ့ စက်ရုပ်တစ်ရုပ်လိုဖြစ်နေတာလဲ''

လီရွှမ်းရှီက စိတ်မတိုပါ သူမက ခေါင်းကိုသာခါယမ်းလိုက်ပြီး 

"ငါက စက်ရုပ်တစ်ရုပ်လိုဖြစ်နေတာမဟုတ်ဘူး 

နင်အပြင်ထွက်သွားရင်လည်း ဒီရလဒ်ကို ဘာမှမပြောင်းလဲနိုင်ဘူးဆိုတာကို ငါသိတာမို့လို့ နင့်ကိုတားနေတာ 

အပြင်ထွက်သွားရင် နင့်အတွက် အန္တရာယ်တောင် ပိုပြီး ကျသွားနိုင်သေးတယ် 

ပြီးတော့ ထာဝရရှင်သန်ခြင်းဂိုဏ်းက နင့်ကိုနေရာအနှံ့လိုက်ရှာနေတာလေ 

ဒီနေရာကနေ နင်ထွက်သွားရင် မကြာခင်မှာ နင့်ကိုရှာတွေ့သွားလိမ့်မယ် ပြီးတော့ လီဟမ်ရှန်းကို ချစ်တာက လုချောင်းချောင်း ငါမဟုတ်ဘူး''

 လီရွှမ်းရှီက အနည်းငယ်ပြည့်ဖြိုးဖောင်းတင်းနေသော သူမ၏ ဝမ်းဗိုက်ကို ပွတ်သပ်ရင်းဖြင့် ပြောလိုက်သည်။

" ဒါပေမယ့် နင်ပြောတာ တစ်ခုတော့မှန်တယ် ငါ့ဗိုက်ထဲက ကလေးရဲ့အဖေက လီဟမ်ရှန်းပဲ ဒါပေမယ့် ငါတို့ အခုချိန်မှာ ဘာမှမလုပ်ပေးနိုင်ဘူး ယွဲ့ဟန်ကျင်း ဆိုတဲ့လူက ကောက်ကျစ်ပြီးဉာဏ်များတတ်တဲ့ 

ကျန်းထျန်းယွမ်ကိုတောင်မှ နိုင်ခဲ့တာ နင့်လိုမျိုး အချစ်ရူးကောင်မလေးနဲ့ ငါ့လိုမျိုးကိုယ်ဝန်သည်အမျိုးသမီးက သူ့ကို တစ်ခုခုလုပ်နိုင်မယ်လို့ထင်လို့လား''

"အဲ့တာဆို ကျွန်မ ဘာလုပ်ရမှာလဲ'' 

မူချင်းကောက မျက်ရည်ပေါက်ကြီးများကျကာ ငိုနေခဲ့ပါသည်။ 

"အရင်က ကျွန်မ ဘယ်လိုအန္တရာယ်နဲ့ပဲ 

ကြုံတွေ့ကြုံတွေ့ အကိုချန်ချင်းက ကျွန်မကို အမြဲကယ်ခဲ့တယ် အခုသူက ပြသာနာဖြစ်နေပြီ ကျွန်မ သူ့ကို ဘာမှမကူညီပေးနိုင်ဘူး ပြီးတော့ သူကသေသွားပြီ ကျွန်မသူ့အတွက် လက်စားတောင်မချေပေးနိုင်ဘူး ပြီးတော့

သူ့ရဲ့တစ်ဦးတည်းသော သားလေးကလည်း အလိုရှိစာရင်းထဲပါနေပြီ ကျွန်မမှာ အကိုလီရဲ့သားကို ကယ်ဖို့တောင်မှ အစွမ်းအစမရှိဘူး ကျွန်မက တော်တော်အသုံးမကျတာပဲ''

 မူချင်းကောက စိတ်ဓာတ်ဂျုံးဂျုံးကျနေခဲ့သည်။ ထိုအရာကိုမြင်သော လီရွှမ်းရှီက ခေါင်းကိုခါယမ်းလိုက်ပြီးနောက် ပြောလိုက်သည်

" စိတ်မပူနဲ့ ''

လီရွှမ်းရှီက မူချင်းကော၏ ပုခုံးကို ပုတ်လိုက်ပါသည်။ 

"ကျန်းထျန်းယွမ်က သူမသေခင်နောက်ဆုံးအချိန်မှာ ယွဲ့ဟန်ကျင်းကို တားမြစ်ပြီးတော့ လီဟမ်ရှန်းကို အဝေးကိုရောက်အောင်ပို့ခဲ့တယ် 

ကျန်းထျန်းယွမ်ဆိုတဲ့ မြေခွေးအိုကြီးက ဉာဏ်အရမ်းများတယ် 

လီဟမ်ရှန်းကို လွတ်ရာ ကျွတ်ရာ လမ်းကြောင်းတစ်ခုကို ဖန်တီးပေးလိမ့်မယ် အဲ့တာကြောင့်မို့လို့ သူအဆင်ပြေပါလိမ့်မယ် ပြီးတော့ လီဟမ်ရှန်းဆိုတဲ့လူကလည်း အမြဲတမ်း ကံကောင်းပါတယ် သူအဆင်ပြေမှာသေချာပါတယ်''

 မူချင်းကောက ဘာမှမပြောပါ သူမသည် 

စောင့်ကြောင့်ထိုင်လိုက်ပြီး ဒူးနှစ်ဖက်ကို လက်နှင့်ပွေ့ကာ တစက်စက် တုန်ရီနေခဲ့ပါတော့သည်။

"သူအဆင်ပြေပါစေ ဆိုလို့ပဲ ဆုတောင်းပါတယ်'' 

သူမက တီးတိုးရေရွတ်လိုက်ပါ၏။ 

All Chapters