← Chapters

အခန်း (၄၃၄)

Vol. 36 Ch. 434

အခန်း (၄၃၄)

Vol. 36 Ch. 434

"အား''

အချိန်သည် မည်မျှကြာအောင်ပင်မသိ ကုန်လွန်ခဲ့ပါသည် သူ့ခန္ဓာကိုယ်တစ်ခုလုံးက နာကျင်မှုများဖြင့် ပြည့်နှက်နေသည်ကို လီဟမ်ရှန်းက ခံစားလိုက်ရ၏။ 

သူသတိမရတချက် ရတချက်ဖြစ်နေသည့်အခါတွင် 

သူပထမဦးဆုံးကြားလိုက်ရသည်က အသံများဆူညံနေသည်ကိုပင်ဖြစ်သည်။ ပြီးတော့ တစုံတခုက ရွေ့လျားနေပြီး ထိုရွေ့လျားနေသည့်အရာ၏ အပေါ်၌ သူရှိနေသည်ကို ခံစားမိသည်။ 

"လှည်းပေါ်ရောက်နေတာလား "

သူကလေဟာနယ်လှိုင်ခေါင်းထဲ၌ ဘယ်လောက်ကြာအောင် လွင့်မျောနေခဲ့သည် ဆိုတာကို လီဟမ်ရှန်းမသိပါ 

ဒါပေမယ့် နောက်ဆုံးမှာတော့ ကျန်းထျန်းယွမ်ရဲ့ 

စွမ်းအားတွေက အားနည်းသွားပြီး လေဟာနယ်အက်ကွဲကြောင်းထဲကနေ လီဟမ်ရှန်းကို ပြန်အန်ထုတ်လိုက်ပါတော့တယ်

ဒါကြောင့်မို့လို့ လီဟမ်ရှန်းက သူဘယ်နေရာကိုရောက်နေလဲဆိုတာကို မသိတာပါ။

ခန္ဓာကိုယ်တစ်ခုလုံးသည် ပြင်းထန်စွာ ဒဏ်ရာရနေသည်ကို လီဟမ်ရှန်း ခံစားနေရ၏။ သူ၏ နေလအင်မော်တယ် နတ်ဆိုးခန္ဓာကိုယ်သည် ဖြည်းညှင်းစွာဖြင့် ပြန်လည်ကုသနေသည့်တိုင် အပြည့်အဝမကုသနိုင်သေးပါ

သူ၏ အရိုးများ အားလုံးသည် တစ်စစီ ကျိုးပဲ့မတတ်ဖြစ်နေပြီး မျှင်မျှင်လေးသာ လိုပါတော့သည်။ လီဟမ်ရှန်းက မျက်လုံးကို ဖွင့်ရန်ကြိုးစားလိုက်သောအခါတွင် ကောင်းကင်ကြီးကို မြင်လိုက်ရ၏။ သူနံဘေးသို့လှည့်ကြည့်လိုက်သောအခါတွင် အလောင်းတစ်လောင်းသည် သူ့နံဘေး၌ လဲလျောင်းနေသည်ကိုမြင်တွေ့လိုက်ရ၏။ လီဟမ်ရှန်းက အလောင်းကိုမြင်သော် ထိတ်လန့်သွားပြီးနောက် ကမန်းကတန်း ထရပ်လိုက်ပါသည်။ ထိုရုတ်တရက်လှုပ်ရှားမှုက လှည်းမောင်းနေသောလူကို ထိတ်လန့်သွားစေခဲ့၏။

လီဟမ်ရှန်း၏ လုပ်ရပ်သည် လမ်းမတွင်ရှိသော လူတိုင်းကိုသတိပြုမိသွားစေပါတော့သည်။ ထိုအချိန်မှသာ ပတ်ဝန်းကျင်ကိုကြည့်ရှုပြီးနောက် သူသည်မရင်းနှီးသော မြို့တစ်မြို့ကိုရောက်နေသည်ကို လီဟမ်ရှန်းသိလိုက်ရ၏။ ထို့အပြင် ပို၍ အံ့သြဖွယ်ကောင်းသည်မှာ ထိုမြို့၌ တစ္ဆေအရှိန်အဝါများစွာတို့ရှိနေခဲ့သည်။

" ဘာတွေဖြစ်နေတာလဲ ကောင်လေး မင်းမသေဘူးလား"

ထိုအခိုက်မှာပင် လှည်းမောင်းသမားက အံ့အားသင့်စွာဖြင့် မေးလိုက်ပါတော့သည်။ လီဟမ်ရှန်းက ထိုလူကိုကြည့်လိုက်သည်။ လှည်းမောင်းသမားသည် လူသားတစ်ဦးဖြစ်ပြီး အသက် လေးဆယ် အရွယ်ခန့်တော့ရှိည်ဖြစ်သည်။ ထို့ကြောင့်သူက မေးမြန်းလိုက်ပါတော့သည်။ 

"ဦးလေး ဒီနေရာက ဘယ်နေရာလဲဗျ''

 "ဒီနေရာကိုပြောတာလား"

ထိုဦးလေးက အနည်းငယ် နားမလည်နိုင်ဟန်ဖြင့်ပြောလိုက်သည်။ 

"ဒီနေရာကို တစ္ဆေမြို့တော်လို့ခေါ်တယ်ကွ''

"တစ္ဆေမြို့တော်''

 လီဟမ်ရှန်းက ထိတ်လန့်သွား၏။ သူသည်လေဟာနယ်လှိုင်ခေါင်းထဲမှ တိမ်ကန္တရလွင်ပြင်ဒေသသို့ ရောက်လာခြင်းဖြစ်သည်။

ဒါနဲ့ တိမ်ကန္တရနယ်မြေက တစ္ဆေမျိုးနွယ်တွေရှိတဲ့နေရာမှာမဟုတ်ဘူးလား

တစ္ဆေမျိုးနွယ်တွေရဲ့ ပိုင်နက်မှာ ဘယ်လိုဖြစ်ပြီး လူသားတွေ ရှိနေရတာလဲ ဘာတွေဖြစ်နေတာလဲ

ထိုအခိုက်မှာပင် ဗလတောင့်တောင့်နှင့်လူတစ်ဦးက အနားသို့တိုးကပ်လာသည်။ 

"သူဌေး ဒီကောင်လေးက မသေသေးဘူး အသက်ရှိနေတယ်"

လှည်းမောင်းသမားက လီဟမ်ရှန်းကို လက်ညှိုးညွှန်ကာပြောလိုက်သည်။ ဗလတောင့်တောင့်နဲ့လူက 

လီဟမ်ရှန်းကိုတစ်ချက်ကြည့်ပြီးနောက် ဘာတစ်ခွန်းမှမပြောပါ 

"သူအသက်ရှိနေသေးတယ်ဆိုရင် သူ့ကိုခေါ်သွားစရာမလိုဘူး စကားများမနေပဲနဲ့ မြန်မြန်သွား ငါတို့ဒီမြို့ကနေပြီးတော့ နေမဝင်ခင် ခပ်မြန်မြန်ထွက်မှရမယ်''

"ကောင်းပါပြီ''

လှည်းမောင်းသမားသည် လှည်းကို လမ်းကြောင်းပေါ်ပြန်တင်ပြီးနောက် မောင်းသွားပါသည်။ လမ်းမထက်တွင်စောင့်ကြည့်နေသော လူများကလည်း အာရုံစိုက်မှုလျော့ကျသွားပါတော့သည်။

လီဟမ်ရှန်းတစ်ယောက်တည်းသာ လမ်းမအလည်တွင် အူကြောင်ကြောင်နှင့်ကျန်ခဲ့၏။ ဘာတွေဖြစ်နေလဲဆိုတာ သူမသိပါ ဘယ်လိုဖြစ်ပြီးတော့ တစ္ဆေမြို့တော်မှာ လူသားရော တစ္ဆေမျိုးနွယ်တွေရော အတူတူနေထိုင်နေလဲ လီဟမ်ရှန်းက နားမလည်နိုင်ပါ။

ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် သူဒီနေရာကိုရောက်လာပြီဆိုမှတော့ နေရာတစ်နေရာရှာပြီး ဒဏ်ရာတွေကို ကုမှရမယ်လေ 

ထိုအခိုက်မှာပင် လမ်းတလျှောက်

 အော်ဟစ်သံများနှင့်ပြည့်နှက်နေ၏။ 

"လူသားတွေ လမ်းဖယ်ကြစမ်း မျက်နှာစိမ်းလူဆိုရင် အဖမ်းခံရမယ်''

ထိုစကားများထွက်ပေါ်လာပြီးနောက် မြင်းခွာသံများစတင်၍ ကြားရပါတော့သည်။ မြောက်မြားစွာသော တစ္ဆေမျိုးနွယ်ဝင်စစ်သားများကပေါ်လာခဲ့၏။ သူတို့မြင်သမျှ လူသားများကို ဖမ်းဆီးနေကြပါတော့သည်။ 

"ဟိုတယောက်က မျက်နှာစိမ်းပဲ သူ့ကိုဖမ်း''

" လူကြီးမင်း ကျွန်တော်က ဟိုဘက်လမ်းက သေရည်ဆိုင်ပိုင်ရှင်ဖြစ်တဲ့ ကျိုးဖီပါ''

 တစ္ဆေမျိုးနွယ်ဝင်များက စတင်၍ လူဖမ်းနေသည့်အခါတွင် လီဟမ်ရှန်းက အလွန်တရာကြောက်လန့်သွားပါသည်။ သူ၏ ဒဏ်ရာများသည် အလွန်အမင်းပြင်းထန်လှပါ၏။ ထို့အပြင် အင်မော်တယ်ပုံဖော်ခြင်းလှံသည်လည်းပျောက်ဆုံးနေပြီဖြစ်သည်။

နောက်တစ်ခုက ဤနေရာ၌ သူသည် လူစိမ်းတစ်ဦးဖြစ်ပါ၏။ သူသာ အတင်းအကြပ် ​ရုန်းကန်မည်ဆိုပါက ဤနေရာတွင်ပင် အသတ်ခံရမည်ဖြစ်သည်။

သူက ဘာလုပ်ရမလဲ တွေးနေသည့်အခါမှာပင် မြင်းနှင့်တစ္ဆေစစ်သားတစ်ဦးက သူ့နားသို့တိုးကပ်လာပြီး သူ့ကိုကြည့်လိုက်၏။ တစ္ဆေမျိုးနွယ်ဝင်လူက လီဟမ်ရှင်း၏ လည်ဂုတ်ကိုလှမ်းဆွဲလိုက်ပြီး အော်လိုက်သည်။ 

"သူကလည်း မျက်နှာစိမ်းပဲ ငါနဲ့လိုက်ခဲ့''

လီဟမ်ရှန်းကလည်း မရုန်းကန်ခဲ့ပါ။ သူ့လက်များကို အချုပ်နှောင်ခံလိုက်ပြီး မြင်းနောက်မှ အဆွဲခေါ်ခံလိုက်ပါတော့သည်။ တစ္ဆေမျိုးနွယ်ဝင်များစွာက လူသားများစွာကိုဖမ်းဆီးသွားသောကြောင့် ဘာတွေဖြစ်နေလဲ ဆိုတာကို လီဟမ်ရှန်းက သိချင်နေပါတော့သည်။ 

လီဟမ်ရှန်းသည် သူ့နံဘေးတွင်ရှိသော ဖမ်းချုပ်ခံထားရသော လူသားများကို လှည့်ကြည့်လိုက်၏။ နံဘေးတွင်တော့ ပိန်လှီနေသော လူငယ်လေးတစ်ဦးကိုတွေ့ရပါ၏။ ထိုသူကိုသာ သူမေးလိုက်သည် ။

"ဘာတွေဖြစ်နေတာလဲ”

“ ငါက ဘယ်လိုသိမှာတုန်း တစ္ဆေမျိုးနွယ်ဝင်ထဲက တယောက်တယောက်ကိုရှာနေပုံရတယ်'' 

ဖြူဖတ်ဖြူလျော်နဲ့ လူငယ်လေးကပြောလိုက်သည်။ 

"ငါက ဒီတစ္ဆေမြို့တော်မှာနေတာ သုံးလတောင်ကျော်နေပြီ အဲ့တာတောင်မှ ဒီကောင်တွေက ငါ့ကို လူစိမ်းတစ်ယောက်ဆိုပြီးတော့ ဖမ်းနေတုန်းပဲ လုံးဝမမျှတဘူး”

“ တယောက်ယောက်ကိုရှာနေတယ်ဟုတ်လား''

 လီဟမ်ရှန်းက ဆက်လက်၍ မမေးတော့ပါ သူက တစ္ဆေမျိုးနွယ်ဝင် စစ်သားများရဲ့နောက်သို့သာ ဆက်လိုက်သွားပါတော့သည်။ နာရီနည်းနည်းကြာပြီးသောအခါတွင် လမ်းမထက်၌ လူပေါင်းရာချီစွာ အဖမ်းခံလိုက်ရပါသည်။ တစ္ဆေမျိုးနွယ်ဝင်များက သူတိုင်းကို မြေအောက်အကျဥ်းထောင်ထဲ၌ ပိတ်လှောင်လိုက်ပါ၏။ မြေအောက်အကျဥ်းထောင်ကျဥ်းကျဥ်းလေးထဲတွင် လူပေါင်းဒါဇင်လိုက် ကျဥ်းကျဥ်းကျပ်ကျပ်နေနေရပါတော့သည်။ လီဟမ်ရှန်းသည် ထောင့်တထောင့်ကိုရှာပြီးနောက်တွင် သူ၏ ဒဏ်ရာများကို တိတ်တဆိတ် ကုသနေပြီး နံဘေးရှိ လူများပြောဆိုနေသည့်စကားများကို နားထောင်နေခဲ့ပါသည်။

သူက တစ္ဆေမြို့တော်နှင့်ပက်သက်ပြီး အနည်းငယ် နားလည်လာခဲ့ပါတော့သည်။ ဤနေရာသည် အမှန်အကန်ကိုပင် တိမ်ကန္တရနယ်မြေဖြစ်ပြီး တစ္တေမျိုးနွယ်ဝင်များ၏ပိုင်နက်လည်းဖြစ်ပါသည်။

သို့သော် တစ္ဆေမြို့တော်သည် လွန်စွာထူးခြားသောနေရာတစ်ခု ဖြစ်၏။ ဤနေရာ၏ မြို့သခင်သည် လူသားနှင့်တစ္ဆေမျိုးနွယ်များကို အတူတကွနေထိုင်ခွင့်ပြုထားပါသည်။ တစ္ဆေမျိုးနွယ်ဝင်များမှ လူသားများကိုသတ်ဖြတ်ခြင်းကို တင်းတင်းကြပ်ကြပ် တားမြစ်ထားပါသည်။ ထို့အပြင် တစ္ဆေမြို့တော်တစ်ခွင်လုံး၌ သွေးတစ္ဆေမျိုးနွယ်လုံးဝမရှိပါ။

ထို့ကြောင့် လူသားများအနေဖြင့် သွေးစုပ်ခံရမည်ကို ထိတ်လန့်ကြောက်ရွံ့စရာ မလိုတော့ပါချေ။ ကောလဟာလများအရတော့မြို့တစ္ဆေအရှင်ကိုက သွေးတစ္ဆေမျိုးနွယ်များနှင့် ပဋိပက္ခရှိဟန်ရပါသည်။

တစ္ဆေမြို့တော်တွင်ရှိသော တစ္ဆေမျိုးနွယ်ဝင်များအနက် မြို့တော်တွင်ကြီးစိုးနေသည်မှာ ခွန်အားတစ္ဆေမျိုးနွယ်ပင်ဖြစ်ပါသည် ခွန်အားတစ္ဆေမျိုးနွယ်ဝင်များသည် နာမည်အရ သန်မာလှပြီး ကိုယ်ကာယတောင့်တင်းသည်။ အသက် ငါးနှစ်အရွယ်ရှိသေးသော ခွန်အားတစ္ဆေကလေးငယ်သည် ပေါင်သုံးရာခန့်ကို လက်ညှိုးတစ်ချောင်းဖြင့်မ နိုင်ပါသည်။

လူသားများက ဤနေရာတွင်နေထိုင်သည်ဆိုသော်လည်း မည်သည့်ဂုဏ်ပုဒ်မှမရှိပဲ နှိမ့်ချစွာနေထိုင်ရမည်ဖြစ်သည်။ မြို့သခင်က လူသားများကိုရန်မပြုရဟု အမိန့်ထုတ်ထားသော်လည်း ဂုဏ်သိက္ခာရှ်ိသော လူသားမျိုးနွယ်ဝင်များဟူ၍ လက်တဆုပ်သာရှိပါသည်။

ယခုအချိန်တွင်တော့ သူတို့က အဖမ်းခံထားရသည်ဖြစ်သည်။ အဖမ်းခံထားရသောနေရာသည် စစ်သူကြီးတဲကောင်း၏ အချုပ်ခန်းထဲတွင်ဖြစ်သည်။ စစ်သူကြီးတဲကောင်းသည် တစ္ဆေမျိုး နွယ်ဝင်၏ မဟာစစ်သူကြီးသုံးပါးထဲက တစ်ပါးအပါအဝင်ဖြစ်သည်။ စစ်သူကြီးတဲကောင်းသည် မြို့သခင်၏ ယုံကြည်ရသော လက်အောက်ငယ်သားလည်းဖြစ်ပါ၏။ ထို့အပြင် သူသည် လွန်စွာ စွမ်းအားကြီးမားသည်။ ယခုသူတို့ကို စစ်သူကြီးတဲကောင်းက ဘာလို့ဖမ်းထားသည်ကိုပင် သူတို့ မသိကြပါ။

"ကောင်လေး မင်းက တစ္ဆေမြို့တော်ကို အခုမှရောက်ဖူးတာ ဟုတ်တယ်မလား မင်းကဘယ်ကရောက်လာသလဲ''

 ထိုအခိုက်မှာပင် တစ်စုံတစ်ဦးက လီဟမ်ရှန်းကို လက်နဲ့တို့ထိပြီးမေးလိုက်ပါသည်။ လီဟမ်ရှန်း က မော့ကြည့်လိုက်သောအခါတွင် သူစောစောကစကားပြောခဲ့ဖူးသော ဖြူဖပ်ဖြူ​လျော်လူငယ်လေးဖြစ်ပါသည်။

"လူသားနယ်မြေက လာတာပါ''

 လီဟမ်ရှန်းက ပြန်ဖြေဘိုက်၏။

"အပြင်လောကကြီးက ကျယ်ပြန့်လွန်းပါတယ်''

 ထိုလူငယ်လေးက မသေမချာ မရေမရာစွာဖြင့်ပြောလိုက်ပြီးနောက် သူ့ကိုယ်သူမိတ်ဆက်လိုက်သည်။

"ငါ့နာမည်က ဟွမ်လီလို့ခေါ်တယ် မင်းနာမည်က ဘယ်လိုခေါ်လဲ''

" ငါ ''

လီဟမ်ရှန်းက စကားပြောမလို့ ဟန်ပြင်နေစ၌မှာပင် အပြင်ဘက်မှာခြေသံများစွာနှင့်ကျယ်လောင်သော အသံများကိုစတင်၍ကြားရပါတော့သည်။

" မတ်တပ်မတ်မတ်ရပ်ကြစမ်း ခပ်မြန်မြန်လေး မတ်တပ်ရပ်လိုက်ကြလေ''

 တစ္ဆေမျိုးနွယ်ဝင်စစ်သားများက အပြာရောင်ဝတ်စုံဝတ်ထားသော အမျိုးသားတယောက်ကို ခြံရံလျက်ရောက်ချလာကြပါတော့သည်။ အပြာရောင်ဝတ်စုံနှင့်လူသည် ထက်မြသော အကြည့်ရှိပြီး အကျဥ်းထောင်ထဲတွင်ရှိသော လူများအားလုံးကို လွှမ်းခြုံစွာကြည့်လိုက်ပါသည်။ သူသည်မူလအဆင့်ကျင့်ကြံမှုရှိ၏။ သူနှင့်အကြည့်ဆုံလိုက်သော မည်သူမဆို  ဖိနှိပ်ထားသော ခံစားချက်ကို ခံစားရမည်ဖြစ်၏။ 

"အရှင်ဟိုင်ပဲ'' 

တစ်စုံတစ်ဦးက တီးတိုးပြောလိုက်သည်။ တချို့လူများသည် အပြာရောင်ဝတ်စုံနှင့် လူကိုသတိပြုမိကြပြီး လီဟမ်ရှန်းက ထိုလူကိုကြည့်လိုက်သောအခါ လူသားတစ်ဦး ဖြစ်နေသောကြောင့်အနည်းငယ်တော့ အံ့သြသွားခဲ့သည်။ ထိုတစ္ဆေစစ်သားများသည်ထိုလူသားအား အလွန်အမင်းကို အရိုအသေပေးနေကြပါ၏။

ထိုအဓိပ္ပါယ်မှာ ထိုလူသည် 

စစ်သူကြီးတဲကောင်း၏ စံအိမ်တော်၌ ရာထူးကြီးကြီးမားမားရရှိထားသူဖြစ်ရမည်။ ထိုလူသည် စစ်သူကြီးတဲကောင်းစံအိမ်မှ ခေါင်းဆောင်တွေထဲမှ တစ်ဦးပဲဖြစ်ပါသည်။ ဟွမ်လီက လီဟမ်ရှန်းကိုတီးတိုးပြောပြလိုက်သည်။ 

"ပြောကြတာကတော့ ဒီလူက ဟိုးအရင်အချိန်တွေထဲက လူသားမျိုးနွယ်ရဲ့နယ်မြေထဲကရောက်လာတာဖြစ်တယ်။ သူရဲ့ခွန်အားကြောင့်ပဲ စစ်သူကြီးတဲကောင်းရဲ့ အာရုံကိုရယူနိုင်ပြီးတော့ သူ့လက်အောက်ထဲကိုဝင်နိုင်ခဲ့တာပဲ အခုချိန်မှာတော့ သူကရာထူးတက်ပြီးတော့ ခေါင်းဆောင်တစ်ဦးဖြစ်နေသည်။''

" လူသားမျိုးနွယ်ရဲ့ နယ်မြေက လာတဲ့သူလား ''

လီဟမ်ရှန်းက အံ့အားသင့်သွားပါသည်။ 

''သူ့နာမည်ကို ဟိုင်ဒေါင်ရှန်လို့ခေါ်တယ် ဒါပေမယ့် လူသားဖြစ်တယ်ဆိုပြီး အားသွားကိုးလို့မရဘူး ဒီလူကလူသားအချင်းချင်းကို တစ္ဆေမျိုးနွယ်ဝင်ထက်တောင်ရက်စက်သေးတယ် သူ့ကိုစိတ်တိုအောင်မလုပ်မိစေနဲ့''

 ဟွမ်လီ၏ စကားကိုကြားသော လီဟမ်ရှန်းရဲ့ နှလုံးသားမှာ တုန်ရီသွားခဲ့သည် ။ 

ဟိုင်ဒေါင်ရှန် အဲ့လူပဲ 

လူချင်းမြို့၌ ထိုသူသည် မင်ဟိုင်ကုန်သွယ်ရေးလုပ်ငန်း၏ ဒုတိယဟိုင်သခင်လေး ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် ဟိုင်မိသားစု၏ မိသားစုခေါင်းဆောင် ဟိုင်စုန့်ထောင် အသတ်ခံရပြီးနောက်တွင် ဟိုင်မိသားစုတစ်စုလုံး ပြိုလဲသွားခဲ့ရပါသည်။

ညတွင်းချင်းပင် မင်ဟိုင်ကုန်သွယ်ရေးလုပ်ငန်းသည် ပျက်စီးခဲ့ရသည်။ ဟိုင်မိသားစု၏ ရန်သူများသည် ဟိုင်မိသားစုဝင်များကို ကလေးရော ခွေးပါမကျန် သတ်ဖြတ်ခဲ့၏။  သို့သော် လူတစ်ယောက်ကတော့ လွတ်မြောက်သွားခဲ့ပါသည်။ ထိုသူသည် ဟိုင်ဒေါင်ရှန် ဖြစ်၏။

သူဘယ်ကို ထွက်ပြေးသွားသလဲ ဘယ်သူမှမသိကြပေ။ လူတိုင်းထင်ကြသည်မှာ ဟိုင်ဒေါင်ရှန်သေသွားသည်ဟု ထင်နေကြသည်။ ဒါပေမယ့် လီဟမ်ရှန်းမမျှော်လင့်ထားတာက ဒီလူကို သူဒီမှာတွေ့မည်ဆိုသည်ကိုပင် တိတိကျကျပြောရမည်ဆိုလျှင် ဟိုင်မိသားစုနှင့် ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းတို့သည် ကမ္ဘာမကြေရန်သူများပင် ဖြစ်ကြပါသည်။

ထို့ကြောင့်သူ၏ သရုပ်မှန်ကို ဟိုင်ဒေါင်ရှန်ကို ပေးသိ၍ မဖြစ်ပါချေ ဟိုင်ဒေါင်ရှန်က သူက ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းမှ လီဟမ်ရှန်းမှန်းသိသွားပါက သူဘယ်လိုပင်သေသွားမှန်းပင် သိရမည်မဟုတ်ပါ ။

ဟိုင်ဒေါင်ရှန်က အရှေ့တွင်ရှိသော လူများကိုကြည့်လိုက်၏ ။ တစ္ဆေမျိုးနွယ်ဝင်စစ်သားများသည် ထိုင်ခုံတစ်လုံးကိုယူလာကာ ဟိုင်ဒေါင်ရှန်ထိုင်ရန်အတွက်ပြင်ပေးလိုက်သည်။'

" တယောက်ပြီးတယောက်ရှေ့ကိုလာ မင်းတို့ရဲ့နာမည်ကိုပြော"

 တစ္ဆေစစ်သားတစ်ဦးက အမိန့်ပေးလိုက်သည် ဘယ်သူမှ ကြန့်ကြာမနေပါ။  ခပ်မြန်မြန်ပင်တန်းစီလိုက်ပြီး နာမည်များပြောလိုက်သည် နည်းနည်းကြာသောအခါ ဟိုင်ဒေါင်ရှန်က စိတ်မရှည်တော့ပါ သူ၏လက်ကိုဝှေ့ယမ်းပြီးနောက်ပြောလိုက်သည်။

" ဒီအဖိုးကြီးတွေကိုစစ်ဆေးစရာမလိုဘူး သူတို့မဖြစ်နိုင်ဘူး အသက်ငယ်တဲ့သူတွေကိုခေါ်လာခဲ့ အသက်ငယ်ပြီးတော့ ကျင့်ကြံခြင်းရှိတဲ့သူတွေကိုတန်းစီခိုင်းလိုက် ''

"အမိန့်အတိုင်းပါ''

 ထိုသို့ လူစစ်လိုက်ပြီးသော အခါတွင် လူလေးယောက်သာ အချက်အလက်များနှင့်ကိုက်ညီပါ၏။ လီဟမ်ရှန်းက ထိုလေးယောက်ထဲတွင်ပါဝင်သည်။ ထိုလူလေးယောက်သည် ပြန်လည်မွေးဖွားခြင်းအဆင့်၏ အထက်တွင်ရှိကြပါသည်။ ဟိုင်ဒေါင်ရှန်၏ အကြည့်သည် ထိုလူလေးဦး၏ မျက်နှာထက်သို့ရောက်သွား၏ ။

"မင်းတို့နာမည်တွေပြော''

 တစ္ဆေစစ်သားက အော်ဟစ်လိုက်၏။ 

"'ကျွန်တော့်နာမည်က ကျိုးချန်ပါ ''

"ကျွန်တော့နာမည်ကတော့ ရှုလီဟုလို့ခေါ်ပါတယ်"

" ကျွန်တော့နာ့မည်က ကျောက်ကြည့်ကန်းလို့ခေါ်ပါတယ် ''

သုံးယောက်လုံးက တယောက်ပြီးတယောက်ပြောလိုက်သော်လည်း လီဟမ်ရှန်းကသာ တိတ်ဆိတ်နေသည်။ အားလုံး၏ အကြည့်က လီဟမ်ရှန်းထံသို့ရောက်လာ၏။ 

"မင်းနာမည်ဘယ်လိုခေါ်လဲ''

 ဟိုင်ဒေါင်ရှန်က လီဟမ်ရှန်းကို စိုက်ကြည့်လိုက်၏။ အမျိုးအမည်မသိသောခံစားချက်ကြောင့်ပင် 

ဟိုင်ဒေါင်ရှန်သည် လီဟမ်ရှန်း၏ မျက်နှာကိုမြင်သည်​​နှင့် လွန်စွာ စက်ဆုပ်မှုကို ခံစားလိုက်ရ၏။ 

"ကျွန်တော့နာမည်က လီယွင်လို့ခေါ်ပါတယ်''

 လီဟမ်ရှန်းသည် သူတို့က ဘာကိုရှာနေလဲဆိုတာကိုမသိသည့်တိုင် သူ၏ အမည်အရင်းကို ဖုံးကွယ်ရန်သာ ဆုံးဖြတ်လိုက်သည်။ ထို့အပြင် ဟိုင်ဒေါင်ရှန်သည် သူ၏ ရန်သူဖြစ်သည်။ လီဟမ်ရှန်းဆိုသောအမည်ကိုကြားသည်နှင့် ဟိုင်ဒေါင်ရှန်က သူ့ကိုချက်ချင်းသတ်မည်ဖြစ်သည် ယခုအချိန်တွင် နှိမ့်နှိမ့်ချချနေခြင်းက အကောင်းဆုံးပင်ဖြစ်သည်။ 

All Chapters