← Chapters

အခန်း (၄၃၆)

Vol. 36 Ch. 436

အခန်း (၄၃၆)

Vol. 36 Ch. 436

ပန်းပုရုပ်ထုထံသို့ နတ်ဘုရားအာရုံ ပို့လွှတ်လိုက်သောအခါတွင် ပန်းပုရုပ်ထု၏ အမည်ကို သူချက်ချင်း သိသွားခဲ့တော့၏။

ကြာပန်းရတနာမီးအိမ်တဲ့လား။

ထိုမျှပင် မကသေးပါ။ ထိုကြာပန်းရတနာမီးအိမ်ထဲ၌ သူနှင့် လွန်စွာ ရင်းနှီးသော အရှိန်အဝါတစ်ခုကို လီဟမ်ရှန်း ခံစားလိုက်ရ၏။ မီးအိမ်ထဲတွင် သူ့ဖခင်၏ အရှိန်အဝါရှိသည်။ ကြာပန်းရတနာမီးအိမ်အတွင်း၌ လီချန်ချင်း၏ အရှိန်အဝါ တစ်စွန်းတစ်စကို ဖုံးကွယ်ကာ သိုဝှက်ထားပါသည်။

လီဟမ်ရှန်းက ထိုအရှိန်အဝါကို ထိတွေ့ပြီး ဆက်သွယ်ရန် ကြိုးစားလိုက်၏။ သူမည်မျှပင် ကြိုးစားပါစေ။ ယင်းထံမှ ပြန်လည်တုံ့ပြန်မှု မရှိပါ။ ယခုအခြေအနေကို ကြည့်ရသလောက်တော့ ကြာပန်းရတနာမီးအိမ်ကို နှိုးဆွပြီးမှသာ လီချန်ချင်းနှင့်သူ ဆက်သွယ်နိုင်မည် ဖြစ်သည်။ ဒါပေမဲ့ လီဟမ်ရှန်းက ပြဿနာ ဖြစ်နေပါသည်။ သူသည် ယခုမှသာ ပြန်လည်မွေးဖွားခြင်းအဆင့်၏ နှောင်းပိုင်းအဆင့်တွင်သာ ရှိနေပါ၏။

ပန်းချီရတနာ တစ်ခုကို နှိုးဆွနိုင်ရန်အတွက် အနည်းဆုံးတော့ မူလအဆင့်ကို ရောက်ပြီး မူလအဆင့်၏ အတွင်းအားများ ရှိဖို့လိုပါသည်။ လီဟမ်ရှန်းသည် သတိကြီးစွာဖြင့် ကြာပန်းရတနာ မီးအိမ်ကို သေတ္တာထဲ ပြန်ထည့်ပြီးနောက် သိုလှောင်လက်စွပ်အတွင်း၌ ပြန်ထည့်လိုက်သည်။ ဖခင်ဖြစ်သူမှာ လွယ်ကူစွာဖြင့် မသေဟု လီဟမ်ရှန်းက ယုံကြည်ထားပါ၏။ ကြာပန်းရတနာမီးအိမ်သည် ဖခင်ပြန်ရှင်သန်နိုင်ရန်အတွက် အဓိက သော့ချက်ပင် ဖြစ်နိုင်မည်။

ထျန်းဟိုင်မြို့တွင်တော့ ယွဲ့ဟန်ကျွင်းက ကျင့်ကြံရာမှ နိုးထလာ၏။ သို့သော် သူ၏ မျက်လုံးများထဲတွင်တော့ သတ်ဖြတ်လိုစိတ် အပြည့်နှင့် ဖြစ်နေသည်။

“ခွေးကောင်…”

ယွဲ့ဟန်ကျွင်းသည် မဟာလွတ်မြောက်ခြင်းအဆင့်ကို ချိုးဖြတ်ရန်အတွက် အသည်းအသန် ကြိုးစားနေပါ၏။ သူဘယ်လောက်ပဲ ကြိုးစားပါစေ… ထိုအဆင့်ကို သူမချိုးဖြတ်နိုင်ပါ။ နောက်ဆုံးတွင်တော့ ပြဿနာကို ယွဲ့ဟန်ကျွင်း သိလာခဲ့ရသည်။

ရက်များစွာ ကြာအောင် ရှာဖွေပြီးသည့်နောက်တွင် သူ၏ဝိဉာဉ်ခုနှစ်ပါးထဲ၌ တစ်စုံတစ်ခုက ပျောက်ဆုံးနေခဲ့၏၊ လီချန်ချင်းသည် ဝိဉာဉ်တစ်ခုကို သိုဝှက်ထားပါသည်။

“ခွေးမသား..လီချန်ချင်း။ ဒီကောင်သေသွားတာ ကျိန်းသေနေတာတောင်မှ ငါ့ရဲ့စိတ်ဝိဉာဉ်တစ်ခုကို ဘယ်လိုများ ဖွက်လိုက်တာလဲ။”

ယွဲ့ဟန်ကျွင်းက ဘယ်လိုမှ အဖြေမရှာနိုင်ပါ။

ယခုအချိန်တွင် သူသည် ဝိဉာဉ်သုံးပါးနှင့် စိတ်ဝိဉာဉ် ခုနှစ်ပါးကို ပြန်လည် စုစည်းနိုင်ပြီ ဖြစ်သော်လည်း နောက်ဆုံးကျန်သော ဝိဉာဉ်သည် ထူးထူးခြားခြား ပျောက်ဆုံးနေ၏။ ဝိဉာဉ်တစ်ခုတည်းက အပြင်လောကတွင် ဘယ်လိုမှ အသက်ရှင်သန်နိုင်စရာ မရှိပါ။ ပိုပြီးတော့ အံ့ဩဖို့ကောင်းတာ ထိုပျောက်ဆုံးနေသော ဝိဉာဉ်ကို သူဘယ်လိုပဲ အာရုံခံပါစေ၊ အာရုံခံ မရခြင်းပင် ဖြစ်သည်။

ထိုဖြစ်ရပ်က ယွဲ့ဟန်ကျွင်းကို ပို၍နားမလည်နိုင်အောင် ဖြစ်စေခဲ့သည်။ သူသည် ဝိဉာဉ်သုံးခုနှင့် စိတ်ဝိဉာဉ်ခြောက်ခုကို စုစည်းပြီးသားဖြစ်၏။ ထို့အပြင် သူ၏ ထိပ်တန်းအဆင့်ရှိသော နတ်ဘုရားဝိဉာဉ်နှင့်ပင်လျှင် နောက်ဆုံးကျန်ရစ်နေသော ဝိဉာဉ်ကို ဘယ်လိုမှ မရှာဖွေနိုင်ပါ။ ယွဲ့ဟန်ကျွင်းသည် လွန်စွာ စိတ်တိုနေခဲ့၏။ ယွဲ့ဟန်ကျွင်းက ယွဲ့ကျီမင်းထံသို့ သွားပြီး ကောင်းကင် ကံကြမ္မာကို တွက်ချက်ရန်အတွက်ပင် တောင်းဆိုခဲ့ပါသည်။

ကောင်းကင် ကံကြမ္မာကို တွက်ချက်ပြီးတော့ သူ့ရဲ့ ပျောက်ဆုံးနေသော စိတ်ဝိဉာဉ်ကို ရှာဖွေရန်အတွက် တွေးထားခြင်းဖြစ်သည်။ သို့သော် ယွဲ့ကျီမင်းသည် မြေလျှောက် အင်မော်တယ်တစ်ပါးဖြစ်သော်လည်း သက်တမ်းများစွာ မကျန်တော့ပါချေ။ ကောင်းကင်ကံကြမ္မာကို တွက်ချက်ပြီးသည့်နောက်တွင် ယွဲ့ကျီမင်း၏ သုံးနှစ်သက်တမ်းမှာ ကုန်ဆုံးသွားပြီ ဖြစ်ပါသည်။

ကောင်းကင်ကံကြမ္မာကို တွက်ချက်ပြီးနောက်တွင် ယွဲ့ကျီမင်း သိလာခဲ့ရသည်မှာ ယွဲ့ဟန်ကျွင်း၏ နောက်ဆုံး စိတ်ဝိဉာဉ်သည် တစ်စုံတစ်ခု၏ ကာကွယ်မှုအောက်၌ ရောက်ရှိနေသည်ကိုသာ ရှာဖွေ တွေ့ရှိလာခဲ့၏။ သို့သော် ဘယ်နေရာမှာ ဘယ်အရာက ကာကွယ်ထားလည်း ဆိုတာကိုတော့ သူမတွေ့ခဲ့ပါ။ ဘယ်လိုရတနာမျိုးက စိတ်ဝိဉာဉ်ကို မြေလျှောက်အင်မော်တယ် တွက်ချက်မှုကနေ လွတ်မြောက်အောင် ဖုံးကွယ်ပေးနိုင်တာလဲ။

လီချန်ချင်းက မသေခင်သာ အင်မော်တယ်အဆင့်ရှိတဲ့ရတနာ တစ်ခုခုကို အသုံးပြုပြီး ဒီအကွက်ကို လုပ်ခဲ့တာလို့ ယွဲ့ဟန်ကျွင်းက သံသယ ဝင်ခဲ့သည်။ ထိုကဲ့သို့ အရာများ ဖြစ်ပေါ်လာလေလေ ယွဲ့ဟန်ကျွင်းက ပို၍ ဒေါသပုန်ထလာလေလေ ဖြစ်သည်။

သူ၏မူလအစီအစဉ်အရ လီချန်ချင်းနှင့် ပြန်လည် ပေါင်းစပ်ပြီးသည့်အခါတွင် သူက ချက်ချင်းပင် မဟာလွတ်မြောက်ခြင်းအဆင့်သို့ ချိုးဖြတ်ပြီး ဤလောကကြီး၏ အသစ်ထွက်ပေါ်လာသော ပန်းချီအင်မော်တယ်တစ်ပါး ဖြစ်လာရမည် ဖြစ်သည်။

သူ့လက်ထဲတွင် ဧကရာဇ်စုတ်တံရှိပြီး အသစ်ချပ်ချွတ် ပန်းချီအင်မော်တယ် အဆင့်နှင့် ဆိုလျှင် သူသည် စန်းယွမ်နယ်မြေကြီး၏ ထိပ်တန်းကျွမ်းးကျင်သူ တစ်ဦး ဖြစ်လာပေလိမ့်မည်။

ထို့အပြင် စန်းယွမ်တံဆိပ်တုံးကို ထိန်းချုပ်ပြီးနောက်တွင် လီဟမ်ရှန်းကို ဖမ်းဆီးမည်။ လီဟမ်ရှန်းထံမှ မူလနယ်မြေ ပုလဲကို ရရှိမည်။ ထိုရတနာများကို ပေါင်းစပ်ပြီးနောက် သူက မသေမျိုးအဖြစ်သို့ တက်လှမ်းမည်။ လောကကြီး တစ်ခုလုံး၏ ထိပ်ဆုံးတုနှိုင်းမဲ့သော ပုဂ္ဂိုလ် ဖြစ်လာမည်။ သို့သော် သူ၏အစီအစဉ်များအားလုံး၏ ပထမဆုံး အဆင့်မှာပင်လျှင် လီချန်ချင်း၏ တားမြစ်ခြင်းကို ခံခဲ့ရ၏။

နှစ်ပေါင်းများစွာ ကြာအောင် အစီအစဉ်ချထားသော အစီအစဉ်များသည် စတင်ကတည်းကကိုက မချောမွေ့နေခဲ့ပါ။ ယွဲ့ဟန်ကျွင်း ဒေါသ မထွက်နေတာကမှ ထူးဆန်းနေပါဦးမည်။ တစ်ချိန်တည်းမှာပင် အင်အားစုများစွာတို့ကလည်း လီဟမ်ရှန်းကိုအသည်းအသန် လိုက်ရှာနေကြပါသည်။ လူတိုင်းက အင်မော်တယ်အဆင့်ရှိသော ပန်းချီရတနာကို လိုချင်ကြသည်ချည်းသာ ဖြစ်သည်။

ဒါပေမဲ့ ယခုအချိန်မှာတော့ လီဟမ်ရှန်းသည် တစ္ဆေမြို့တော်၌ အစေခံလုပ်ကာ မြင်းစာကျွေးနေပါသည်။ သူ့ကို လူတိုင်းက စောင့်ကြည့်နေကြ၏။ ဟိုင်ဒေါင်ရှန်သည် သူ့ကို သံသယဝင်နေသောကြောင့် သူ့ကို စောင့်ကြပ်ရန်အတွက် လူများစွာ ပို့လွှတ်ထားသည်ဟု လီဟမ်ရှန်း တွေးမိနေပါသည်။ ရက်တော်တော်ကြာသည်အထိ လီဟမ်ရှန်းသည် လုံးဝ မလှုပ်ရှားခဲ့ပါ။ သူ၏လုပ်ဆောင်ရမည့် တာဝန်များကိုသာ လိုက်နာစွာဖြင့် လုပ်ဆောင်နေခဲ့သည်။

တစ်ချိန်တည်းမှာပင် တစ္ဆေမြို့တော်နှင့် ပတ်သက်သော သတင်းများအားလုံးကို နားစွင့်ထားပါ၏။ ယခုအချိန်တွင် မြို့အရှင်သည် စံအိမ်တော်၌ မရှိပါ။ စစ်သူကြီး တဲကောင်းကလည်း မရှိပါ။ ထို့ကြောင့် ဟိုင်ဒေါင်ရှန်က အတော်လေး မောက်မာပြီးတော့ လူသားတွေကို အစေခံအဖြစ် ဖမ်းဆီးရဲနေခြင်းပင် ဖြစ်ပါသည်။ လောလောဆယ်၌ မြို့တော်ကို ထိန်းချုပ်ရန်အတွက် ယာယီမြို့အရှင်သာ ရှိပါသည်။

သို့သော် ယာယီမြို့အရှင်သည် ဆန်းကြယ်သော လူတစ်ယောက်ဖြစ်ပြီး သူဘယ်သူလဲဆိုတာကို ဘယ်သူမှ မသိကြပါ။ လီဟမ်ရှန်းက တောတောင်ရေမြေ သဘောသဘာဝကိုလည်း လေ့လာခဲ့သည်။ တစ္ဆေမြို့တော်နှင့် အနီးစပ်ဆုံးမြို့သည် မိုင်ငါးထောင် ကွာဝေးပြီး သွားရောက်ရမည့် ခရီးကြမ်းသည် အင်မတန်ကြမ်းကာ အန္တရာယ်အပြည့်နှင့် ဖြစ်ပြီး သူသာ တကယ်တမ်း ထွက်ပြေးမည် ဆိုလျှင် အရှေ့ပိုင်း ဆိတ်ငြိမ်ခြင်းနယ်မြေကို အသက်ရှင်လျက် ပြန်ရောက်မည် မဟုတ်ပါချေ။

တစ်နေ့မှာတော့ အပြာရောင်ငှက်တစ်ကောင်သည် မြို့အရှင်စံအိမ်သို့ ဆင်းသက်လာသည်။ ငှက်၏ ခြေသည်းတွင် ချိတ်ဆွဲထားသော စာလိပ်ကို တစ္ဆေစစ်သားတစ်ဦးက ဖြုတ်ယူလိုက်ပြီးနောက် အနောက်သို့ လှည့်ကာ ထွက်သွားခဲ့သည်။ သို့သော် တစ္ဆေစစ်သား၏ နောက်တွင် ပုံရိပ်တစ်ခုသည် ဆန်းကြယ်စွာဖြင့် ပေါ်လာသည်။

“ယာယီမြို့အရှင်ပါလား..။ အရှင့်ကို ဂါရဝပြုပါတယ်။”

တစ္ဆေစစ်သားက ခပ်မြန်မြန်ပင် စကားပြောလိုက်၏။

“မင်းလက်ထဲမှာ ရှိတာ ဘာလဲ”

ယာယီမြို့အရှင်က ပြုံးရင်းနှင့် ပြောလိုက်သည်။

“သခင်…ဒီဟာက စန်းယွမ်နယ်မြေ အရှင်သခင် ဖမ်းဝရမ်းထုတ်ထားတဲ့ လီဟမ်ရှန်းရဲ့ ပုံတူ ပန်းချီကားပါ။”

တစ္ဆေစစ်သားက ရိုသေစွာဖြင့် ပြန်ဖြေလိုက်၏။

“အို….”

ယာယီမြို့အရှင်က လက်ကို ဆန့်တန်းလိုက်၏။

“ငါကြည့်ပါဦးမယ်”

All Chapters