အခန်း (၄၃၇)
Vol. 36 Ch. 437
အမိန့်အတိုင်းပါ''
တစ္ဆေမျိုးနွယ်ဝင်များက ခပ်မြန်မြန်ပင် သူ့လက်ထဲတွင်ရှိသော ပန်းချီကားပုံတူကို ယာယီမြို့တော်ဝန်ထံသို့ကမ်းပေးလိုက်သည်။
မြို့တော်ဝန်က ပန်းချီကားကို ဖြည်းညှင်းစွာဖြင့် ဖွင့်လှစ်လိုက်ပါတော့သည်။ ပန်းချီကားလိပ်ထဲတွင်တော့ လူငယ်လေးတယောက်၏ ပုံတူကိုရေးဆွဲထားပါတော့သည်။ ထိုပန်းချီကားကို ယွဲ့ဟန်ကျွင်းကိုယ်တိုင်ရေးဆွဲထားခြင်း ဖြစ်ပါသည်။
ပန်းချီကားထဲမှ လူ၏ ပုံစံမှာ မျက်နှာ မျက်လုံး မျက်ခုံးများကို အသေးစိတ်သေသပ်စွာဖြင့် ပုံဖော်ထားပါ၏။ တစ်ချက်ကြည့်လိုက်ရုံနှင့် ပန်းချီကားထဲမှလူသည် မျက်တောင်ခတ်တော့မည့်အလား အသက်ရှူထုတ်တော့မည့်အလား အသက်ဝင်နေကာ လက်ရာမြောက်လွန်းလှပါသည်။
ပန်းချီကားချပ်ကို အားရအောင်ကြည့်ရှုပြီးသည့်နောက်တွင် ယာယီမြို့အရှင်က တစ်ချက်ပြုံးပြီးနောက်ပြောလိုက်သည်။
"မြို့အရှင်ပြန်မလာသေးဘူး ဒီပန်းချီကားကို မြို့အရှင်မရောက်ခင်မှာပဲ ရယူဖို့ကြိုးစားနေတယ်ဆိုတော့ စစ်သူကြီးပဲဖြစ်ရမယ် ဟုတ်တယ်မလား''
" ဟုတ်ပါတယ်"
တစ္ဆေစစ်သားက လွန်စွာ ရိုသေသော လေသံဖြင့်ပြောလိုက်သည်။
"စစ်သူကြီးတဲကောင်းက ဒီနေ့ပြန်ရောက်လာပြီး ပန်းချီကားရောက်ပြီလား ဆိုပြီးခဏခဏမေးနေပါတယ် ပန်းချီကားရောက်တာနဲ့သူ့ဆီကို အမြန်လာပေးဖို့အတွက်လည်း အမိန့်ချထားပါတယ်"
" စစ်သူကြီးက စံအိမ်တော်ထဲမှာရှိတဲ့လူသားမျိုးနွယ်တွေထဲမှာ
လီဟမ်ရှန်း ပါလား မပါဘူးလားဆိုတာကို စစ်ဆေးချင်နေပါတယ် လီဟမ်ရှန်းသာ ပါတယ်ဆိုရင် သူ့ကိုဖမ်းဆီးပြီးတော့ အင်မော်တယ်အဆင့်ရှိတဲ့ ပန်းချီရတနာနှင့် လဲလှယ်လိုချင်နေပါတယ် ''
"တကယ်လို့ စစ်သူကြီးတဲကောင်းဆီက ပန်းချီကားတောင်းဖို့လူရောက်လာရင် သူ့ကိုပန်းချီကားကို ပေးလိုက်ပါ''
"အမိန့်အတိုင်းပါ''
စစ်သူကြီးတဲကောင်းနှင့်သူ၏ စစ်သည်များပြန်ရောက်လာသောကြောင့် စစ်သူကြီးစံအိမ်တွင် သက်ဝင်လှုပ်ရှားမှုများနှင့်ပြည့်နှက်နေခဲ့ပါသည်။
လီဟမ်ရှန်းက ပုံမှန်အတိုင်း မြင်းစာကျွေးသည့်အလုပ်ကိုလုပ်နေ၏။ ထိုအချိန်ဥ် စံအိမ်တော်တစ်ခုလုံး သက်ဝင်ဆူညံ လှုပ်ရှားနေပြီး တစ်စုံတစ်ဦးမှ စစ်သူကြီးတဲကောင်း ပြန်လာပြီဖြစ်ကြောင်းပြောလိုက်ပါသည်။ သိပ်မကြာခင်မှာပင် စံအိမ်ဥ် တာဝန်ကျနေသော တပ်မှူးများကလည်း အပြင်သို့ခပ်မြန်မြန်ထွက်လာပြီး စစ်သူကြီးကို အရိုအသေပေးလိုက်ပါတော့သည်။
"စစ်သူကြီးတဲကောင်းဆိုတာဘယ်သူလဲ အရင်တုန်းက သူက ဘာလုပ်နေတာလဲ"
မြင်းစာကျွေးပြီးနောက် နေ့လည်စာစားပြီးသည့်အခါဥ် လီဟမ်ရှန်းက ဟွမ်လီကို မေးလိုက်ပါတော့သည်။ ဟွမ်လီက သေသေချာချာမသိသည့်တိုင် လီဟမ်ရှန်းထက်တော့သူသည် အချက်အလက်သတင်းစုံလှပါသည်။
"စစ်သူကြီးတဲကောင်းက တစ္ဆေမျိုးနွယ်ထဲက စွမ်းအားကျင့်ကြံသူတွေထဲက တယောက်ပဲလေ သူ့ရဲ့ကျင့်ကြံအဆင့်က မူလအဆင့်ရဲ့ နှောင်းပိုင်းအဆင့်မှာတော့ ရှိရင်ရှိနိုင်တယ်။ အရမ်းကိုစွမ်းအားကြီးလွန်းတယ် တစ္ဆေမြို့တော်မှာ စစ်သူကြီး သုံးပါးရှိတဲ့အနက် စစ်သူကြီးတဲကောင်းက စွမ်းအားအရှိဆုံးစစ်သူကြီးဖြစ်တယ်
အာဏာအရှိဆုံးလို့လည်းပြောလို့ရတယ် အခုသတင်းကြားတာကတော့ စစ်သူကြီးက တစ်ခြားတစ္ဆေမျိုးနွယ်ဝင်တွေကို သုတ်သင်ဖို့အတွက် ထွက်သွားတာလို့ သတင်းကြားတာပဲ တစ္ဆေမြို့တော်ပတ်ပတ်လည်မှာ တခြားတစ္ဆေမျိုးနွယ်ဝင်တွေအများကြီးရှိတယ် တစ္ဆေမျိုးနွယ်ဝင်တွေအကုန်လုံးကို စစ်သူကြီးတဲကောင်းက သိမ်းပိုက်ခဲ့တယ်လို့လည်းပြောတယ်"
ဟွမ်လီက သူသိသမျှအကုန် လီဟမ်ရှန်းအား ပြန်လည်၍ ရှင်းလင်းပြောပြလိုက်ပါသည်။
''အခုအခြေအနေအရ တစ္ဆေမျိုးနွယ်ဝင်တွေကြားထဲမှာ အတွင်းပိုင်း ပဋိပက္ခတွေ အရမ်းကိုများတဲ့ပုံပဲ"
လီဟမ်ရှန်းက တွေးတွေးဆဆနဲ့ပြောလိုက်သည်။
"ဘယ်နေရာက စစ်ပွဲမရှိပဲ ငြိမ်းချမ်းနေတာမို့လို့လဲ ငါတို့လူသားမျိုးနွယ်တွေလည်း ဒီလိုပဲ မဟုတ်ဘူးလား တယောက်နဲ့တယောက်အမြဲအကောက်ကြံနေကြတာချည်းပဲလေ"
ဟွမ်လီက အစားအသောက်များကို စားသောက်ရင်းဖြင့်ပြောလိုက်သည်။ နေ့လည်စာ စားသောက်ပြီးသော အခါတွင် သူတို့သည် မြင်းများကို အစာကျွေးရဦးမည်ဖြစ်ပါ၏။
သို့သော် အစေခံများရှိရာ အစေခံတန်းလျားထံသို့ မြောက်မြားစွာသော ခြေသံများ ထွက်ပေါ်လာပြီး သူတို့ထံသို့ဦးတည်လာသည်ကို လီဟမ်ရှန်းက ကြားလိုက်ပါတော့သည်။
များစွာသော တစ္ဆေမျိုးနွယ်ဝင်စစ်သားတို့သည် အစေခံတန်းလျားကိုရောက်လာပါလား ဘာတွေဖြစ်နေတာလဲ
ယခုအခြေအနေနဲ့ပက်သက်ပြီး လီဟမ်ရှန်းသည် စိတ်ထဲတွင်ကျဥ်းကြပ်လာခဲ့ပါတော့သည်
"သူ့ကိုခေါ်သွား''
တစ္ဆေမျိုးနွယ်ဝင်စစ်သားများသည် တစ်စုံတယောက်အား ရှင်းပြခွင့်ပင်မပေးပဲ သံချိန်းကြိုးများနှင့်တုတ်နှောင်ကာ ခေါ်ဆောင်သွားပါတော့သည်။
"ဒီလူကောပဲ သူ့ကိုလည်းခေါ်သွား''
ခေါင်းဆောင်တစ္ဆေတပ်မှူးက နောက်ထပ်လူငယ်တစ်ယောက်ကို လက်ညှိုးညွှန်၍ အမိန့်ပေးလိုက်သည်။
"ခွေးမသားတွေ ငါမင်းတို့တစ္ဆေမျိုးနွယ်နဲ့ အသေအကြေတိုက်ခိုက်မယ်''
ထိုလူသားသည် ရှုလီဟုပင် ဖြစ်ပါသည်။
သူသည် လီဟမ်ရှန်းနှင့်အတူတူ အကျဥ်းထောင်တစ်ခုထဲဥ် ပိတ်လှောင်ခြင်းခံထားခဲ့ရပါသည် ။ သူကလည်းပြန်လည်မွေးဖွားခြင်းအဆင့်၏ နှောင်းပိုင်းအဆင့်သို့ရောက်နေသော ကျင့်ကြံသူတစ်ဦးပဲ ဖြစ်ပါသည်။
ယခုရောက်လာသော တစ္ဆေစစ်သားများ၏ မကောင်းကြံလိုစိတ်ကိုခံစားမိသောကြောင့် သူက တုတ်တချောင်းကို ဆွဲယူလိုက်ပြီး စစ်သားများအားစတင်၍ တိုက်ခိုက်ပါတော့သည်။
သို့သော် ထိုအခိုက်တွင်တစ္ဆေမျိုးနွယ်ဝင်ခေါင်းတောင်တပ်မှူးက ရုတ်တရက်မျက်မှောက် ကြုံ့လိုက်၏။ သူ၏ အနက်ရောင်ချပ်ဝတ်ကပင်အေးစက်သော အရှိန်အဝါများထွက်ပေါ်လာခဲ့သည်။ သူကစတင်၍ လှုပ်ရှားလိုက်သည်။
သူ၏ လက်ဖဝါးသည် ချက်ချင်းပင် လက်သည်းအဖြစ် ပြောင်းလဲသွားပြီးနောက်ရှုလီဟုထံသို့ဝင်သွားခဲ့သည်။ ရှုလီဟု၏ လက်ထဲတွင်ရှိသော ဝါးတုတ်သည် အစိတ်စိတ်အမွှာမွှာ အဖြစ်သို့ပြောင်းလဲသွား၏။ တစ္ဆေမျိုးနွယ်ဝင်တပ်မှူး၏ ခွန်အားက စွမ်းအားကြီးမားလှသောကြောင့်ရှုလီဟုအား အမှတ်တမဲ့ဖြစ်သွားစေခဲ့သည်။ နောက်ဆုံးမှာရှုလီဟုသည် ကြက်ကလေးတစ်ကောင်ကဲ့သို့ လည်ဂုတ်မှကိုင်ကာ အဖမ်းခံလိုက်ရပါ၏။
တစ္ဆေခေါင်းဆောင်တပ်မှူး၏ ခွန်အားမှာ ကြီးမားလှသောကြောင့် ရှုလီဟုမှာ လုံးဝမလှုပ်ရှားနိုင်ခဲ့ပါ တစ္ဆေတပ်မှူးက ရှုလီဟု၏ လည်ဂုတ်မှမပြီး မြေပြင်နှင့် ကိုင်စောင့်ချလိုက်ပါ၏။ ယခုအချိန်မှာသာ သူ၏ ပြန်လည်မွေးဖွားခြင်းကျင့်ကြံမှုမှာ ခေါင်းဆောင်တပ်မှူးနှင်ယှဥ်လျှင် ဘာမှမဟုတ်သည်ကိုသိလိုက်ရပါ၏။
"ပြသာနာလာရှာရဲသေးတယ်ပေါ့ သူ့ကိုခေါ်သွားလိုက်စမ်း"
အေးစက်စွာဖြင့်အမိန့်ပေးလိုက်သည်။ ထိုမြင်ကွင်းကိုမြင်လိုက်ပြီးသည့်အခါတွင် လီဟမ်ရှန်း ၏ နှလုံးသားတွင် ပို၍ပင်မသက်သာသောခံစားချက် ဖြစ်ပေါ်လာခဲ့၏။
ဒီကောင်တွေက ရုတ်တရက်ကြီး အစေခံတန်းလျားက
လူတွေကို ဘာလို့လာဖမ်းနေတာလဲ အဲ့တာက စစ်သူကြီးတဲကောင်း ပြန်ရောက်လာတာနဲ့များ
ဆက်စပ်နေသလား။
ဘယ်လိုပဲဖြစ်ပါစေ သူသာ ဤနေရာမှ မြန်မြန်ထွက်မပြေးပါက ပြသာနာအကြီးကြီးတတ်တော့မည်ကို လီဟမ်ရှန်း သိနေခဲ့ပါ၏။
ထို့ကြောင့် လီဟမ်ရှန်း က အနောက်သို့လှည့်ပြီး ကိုယ်ဖော့သိုင်းသုံးကာ ကောင်းကင်ထက်သို့ ပျံသန်းသွားပါသည်။
သို့သော် သူ့ကို ထိတ်လန့်သွားစေသည်မှာ သူလေပေါ်ရောက်နေသည့်တပြိုင်နက် သူ့ကိုဝန်းရံထားသော အခြားသော ပုံရိပ်များကို တွေ့လိုက်ရသောကြောင့်ဖြစ်ပါသည်။ တစ္ဆေတပ်မှူးခေါင်းဆောင်က အမိန့်ပေးလိုက်ပြန်၏။
"ကောင်လေးအရှုံးပေးလိုက်တော့''
တစ္ဆေမျိုးနွယ်ဝင်များက ပြေးလာပြီး လီဟမ်ရှန်း ကို ဖမ်းဆီးရန် ဟန်ပြင်လိုက်သည်။ သို့သော် ယခုအချိန်တွင်တော့ လီဟမ်ရှန်း က ဒဏ်ရာများအားလုံးကို ကုသပြီးပါသဖြင့် အရင်ကတခါကလို အငြိမ်မခံနေတော့ပါချေ။ ထို့ကြောင့် သူက ဝန်းရံထားသည်မှ ထိုးဖောက်ရန်အတွက်ဟန်ပြင်လိုက်ပါတော့သည်။
သို့သော်သူက ယခုအချိန်တွင်တော့ သူ၏ကိုယ်ပိုင်သိုင်းကွက်များကို အသုံးမပြုခဲ့ပါချေ။ ယခုအချိန်တွက် နယ်မြေတစ်ခုလုံးက သူ့အားဖမ်းဝရမ်းထုတ်ထားသောကြောင့် သူ၏ကိုယ်ပိုင်သိုင်းကွက်များကို လူတိုင်းက သိနေလိမ့်မည်။ သူ၏သုံးနေကျဖြစ်သော အင်မော်တယ်အရှင်သခင်လှံသိုင်းနှင့် သူ၏လက်စွဲတော်လှံဖြစ်သည့် အင်မော်တယ်ပုံဖော်ခြင်းလှံ၏ လှံချက်များကို ထိုရန်သူများအပေါ်၌ အသုံးပြု၍မရပါ။ မဟုတ်ပါက သူက လီဟမ်ရှန်းဖြစ်သည်ကို စစ်မေးစရာမလိုပဲနှင့် ဝန်ခံလိုက်သလိုပင်ဖြစ်သည်။
အင်းင်းအခြေအနေက ငါ့အတွက်တော့ လုံးဝအဆုံးသတ်အခြေအနေပင် ဖြစ်သွားတော့မယ်။
ထိုကဲ့သို့သော ကိုယ်ပိုင်သိုင်းကွက်များကို အသုံးမပြုသည့်တိုင် သူ့၏ နေလအင်မော်တယ် နတ်ဆိုးခန္ဓာကိုယ်က နတ်ဘုရားများ နတ်ဆိုးများနှင် နှိုင်းယှဥ်ရသော ပြင်းထန်ကြမ်းတန်းသည့်ခွန်အားကို ပေးစွမ်းခဲ့သည်။
လက်သီးတစ်ချက်ကပင် ပြင်းထန်လှသော လေလှိုင်းကိုဖြစ်ပေါ်စေပြီး စွမ်းအားကြီးမားကာသန်မာလှသည့်တစ္ဆေစစ်သားများသည် လီဟမ်ရှန်း၏လက်သီးချက်နှင့်တွေ့သော် ပြိုင်ဘက်မဟုတ်ခဲ့ပါချေ။
လီဟမ်ရှန်းသည် ယခုလက်ရှိ၌ ပြန်လည်မွေးဖွားခြင်းအဆင့်၏ နှောင်းပိုင်းအဆင့်သို့ရောက်နေပြီဖြစ်သည် သို့သော် သူက ပြန်လည်မွေးဖွားခြင်းအဆင့်အထွတ်အထိပ်သို့ရောက်ရန်ခြေတစ်လှမ်းသာ လိုပါတော့သည်။ ထို့ကြောက့်သာမန်တစ္ဆေစစ်သားများသည် လီဟမ်ရှန်း ၏ ပြိုက်ဘက်မဟုတ်ပါ လက်သီးချက်နည်းနည်းအသုံးပြုပြီးသည့်နောက်တွင် တစ္ဆေစစ်သားများကိုနေရာအနှံ့သို့လွင့်ပျံအောင် လီဟမ်ရှန်း က ပြုလုပ်နိုင်ခဲ့သည်။
''နောက်ထပ်တယောက်သေချင်နေပြန်ပြီပဲ''
ခုနတုန်းက လှုပ်ရှားခဲ့သော တစ္ဆေမျိုးနွယ်ဝင်တပ်မှူးက သူ၏ မျက်လုံးများကို ကျဥ်းမြောင်းလိုက်သည် သူ၏ ပုံရိပ်မှာတစ္ဆေတကောင်လိုမျိုး လီဟမ်ရှန်း၏ အနားကိုရောက်လာပြီးနောက် လက်သည်းချက်တစ်ချက်ကို လီဟမ်ရှန်းထံသို့ ထိုးသွင်းလိုက်သည်
ထိုသူသည် ပြန်လည်မွေးဖွားခြင်းအဆင့်၏ အထွတ်အထိပ်၌ ရှိပါ၏ သူက ခွန်အားတစ္ဆေမျိုးနွယ်ဝင်ဖြစ်သောကြောင့် သူ၏ ခွန်အားမှာ လူသားများထက်သန်မာလှပါသည် ထို့အပြင် သူ၏ လက်သည်းချက်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းလှပါသည် သူက လီဟမ်ရှန်း၏ နောက်၌ ပေါ်လာပြီး လီဟမ်ရှန်း ၏ ပုခုံးကိုပစ်မှတ်ထားပြီး တစစီချေမွရန်အတွက်ပြင်ဆင်လိုက်ခြင်းဖြစ်ပါသည်
သို့သော် သူက လက်သည်းက လီဟမ်ရှန်း၏ ပုခုံးကိုထိမိသောအခါတွင် မည်မျှပင်အားထည့်ကာကြိုးစားကြိုးစား ပုခုံးကို မချေမွနိုင်ခဲ့ပါ
လီဟမ်ရှန်း၏ အရိုးများမှာ သံချောင်းများကဲ့သို့ပင် ခိုင်ခံ့လွန်းလှပါ၏။
နာကျင်သွားသော လီဟမ်ရှန်း သည် လှည့်ကြည့်လိုက်ပြီးနောက်တွင် ထိုတစ္ဆေတပ်မှူးကို သုံးလေးငါးချက်ပစ်ထိုးလိုက်ပါသည် လက်သီးချက်များမှာ လွှမ်းမိုးနိုင်စွမ်းကြီးမားပြီး ပြင်းထန်လွန်းလှပါ၏။
လီဟမ်ရှန်း သည် တစ္ဆေနတ်ဆိုးစမ်းသပ်ပွဲတော်၌ မြောက်မြားစွာသော တစ္ဆေများကိုသတ်ဖြတ်ခဲ့ဖူးပါ၏ ထို့ကြောင့်သူ၏ လက်သီးချက်များသည် တစ္ဆေမျိုးနွယ်များကိုသာ ရည်ရွယ်ထားသည့်ပြင်းထန်လှသော လူသတ်အရှိန်အဝါများပါဝင်နေခဲ့သည် ။
တစ္ဆေမျိုးနွယ်ဝင် တပ်မှူးနှင့် သုံးလေးငါးချက် သိုင်းကွက်များဖလှယ်ပြီးနောက်တွင်လီဟမ်ရှန်းက အပေါ်စီးရောက်နေခဲ့ပါသည် ထိုမြင်ကွင်းကိုမြင်သောအခါ အစေခံတန်းလျားတွင်ရှိသော လူတိုင်းကထိတ်လန့်တုန်လှုပ်သွားခဲ့ပါတော့၏ လီဟမ်ရှန်း လိုမျိုးသာမန်လူသားတစ်ဦးက စစ်သူကြီးတဲကောင်း၏ တိုက်ရိုက်အမိန့်အောက်တွင်ရှိသော တပ်မှုးကို ဖိနှိပ်နေခဲ့သည်မဟုတ်ပါလား။
တစ္ဆေမျိုးနွယ်ဝင်တပ်မှူးကလည်း လီဟမ်ရှန်း က ယခုကဲ့သို့ပင် ရင်ဆိုင်ရခက်ခဲသော လူတစ်ဦးဖြစ်နေမည်ဟု မျှော်လင့်မထားခဲ့ပါချေ။ ထိုအခိုက်မှာပင် မြောက်မြားစွာသောခြေသံများက သူရှိနေရာနေရာသို့ဦးတည်၍ လာသည်ကို လီဟမ်ရှန်း က အာရုံခံမိလိုက်သည် ယခုအချိန်တွင်ထွက်မပြေးပါက နောက်ထပ်အခွင့်အရေးမရှိတော့ဟု သိသော လီဟမ်ရှန်းသည် သူ၏ စွမ်းအားများအားလုံးကို သူ၏ လက်ချောင်းများထက်၌ စုစည်းလိုက်ပါတော့သည်
ထို့နောက်သူကလက်ချောင်းများကို အရှေ့သို့ဆန့်ထုတ်လိုက်ပြီး ရေလှိုင်းလက်ညှိုးသိုင်း ထိုသိုင်းကွက်သည် လီဟမ်ရှန်း က အင်မော်တယ် အရှင်သခင်သိုင်းမှ ကောက်နုတ်ယူပြီး သူ့ဘာသာသူပြန်လည်မွမ်းမံထားသော လက်ချောင်းသိုင်းပင်ဖြစ်သည် အင်မော်တယ်အရှင်သခင်လက်ညှိုးသိုင်းဟုလည်း သူက အမည်ကွဲအနေဖြင့်ပေးထားပါသေးသည်
ထိုသိုင်းပညာကို လီဟမ်ရှန်းက ရှားရှားပါးပါး အသုံးပြုခဲလွန်းလှပါသည် သို့သော် ထိုသိုင်းကွက်၏ အင်အားမှာ အံ့အားသင့်ဖွယ်ကောင်းလွန်းလှပါ၏။ လီဟမ်ရှန်းက လက်ညှိုးချက်သုံးချက်ကို အောင်မြင်စွာဖြင့် ထိုးနိုင်ခဲ့သည်။ လက်ညှိုးချက်တစ်ချက်နှင့်တစ်ချက်က ပို၍ပို၍ အားကောင်းလာပြီး ပေါက်ကွဲနိုင်စွမ်းအားကလည်း ပြင်းထန်လွန်းလှပါသည်။
တစ္ဆေမျိုးနွယ်ဝင်တပ်မှူးက လီဟမ်းရှန်း၏ လက်ညှိုးချက်များက တစ်ချက်နှင့်တစ်ချက် ပို၍ ကြောက်မက်ဖွယ်ကောင်းလာသည်ကို သတိပြုမိလာခဲ့၏။ တတိယမြောက်လက်ညှိုးသည် သူ့ထံသို့ကျရောက်လာသောအခါတွင် စွမ်းအားအရာမှာ အင်မတန်ကြီးမားလှသောကြောင့် သူက ကာကွယ်နိုင်မည်မဟုတ်မှန်းကိုကောင်းကောင်း သိမြင်ခဲ့၏။ တတိယမြောက်လက်ညှိုးကျဆင်းလာသည့်အခါတွင်သူသည် ကာကွယ်နိုင်စွမ်းမရှိသောကြောင့် ကူရာမဲ့စွာဖြင့် ကြည့်နေခဲ့ရပါတော့သည်။ လက်ညှိုးချက်သည် တစ္ဆေတပ်မှူး၏ ဦးခေါင်းခွံကို ထိုးဖောက်သွားပြီးနောက်တွင် နေရာတွင်ပင် ချက်ချင်းအသက်ကိုနှုတ်ယူသွားခဲ့ပါတော့သည်။
သူတို့၏ ခေါင်းဆောင် အသတ်ခံလိုက်ရသောကြောင့် တစ္ဆေစစ်သားများအားလုံးမှာ အလွန်တရာမှပင်ကြောက်လန့်သွားခဲ့ပါတော့၏။
"အစေ...အစေခံတယောက်က တပ်မှူးကိုသတ်ပစ်လိုက်တယ်''
တယောက်ယောက်က ထိတ်လန့်တကြားဖြင့် အော်ဟစ်လိုက်သည်။ လီဟမ်ရှန်းက ဆက်လက်၍ ဂရုမစိုက်တော့ပါ သူက ခပ်မြန်မြန်ပင် အပြင်သို့ထွက်ပြေးသွားပါတော့သည်။
ထိုအခိုက်မှာပင် လွန်စွာမှပင် ကြမ်းတမ်းပြင်းထန်လှသော အရှိန်အဝါများက ကောင်းကင်ထက်မှ ဆင်းသက်လာခဲ့၏။ လီဟမ်ရှန်းသတ်ဖြတ်ခဲ့သော တပ်မှူးကဲ့သို့ အဆင့်ရှိသော တစ္ဆေမျိုးနွယ်ဝင်လေးဦးက လီဟမ်ရှန်း၏ ထွက်ပြေးလွတ်မြောက်မည့်လမ်းကြောင်းများကို ပိတ်ဆို့ထားပါသည်။သူတို့၏ မျက်နှာများမှာ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ကြမ်းကြုတ်ရက်စက်နေပါ၏ ။ထို့နောက်တွင် သူတို့က အတူတကွ တိုက်ခိုက်လိုက်ပါတော့သည်။
ပြန်လည်မွေးဖွားခြင်းအဆင့်၏ အထွတ်အထိပ်လေးယောက်က တပြိုင်နက်တည်းတိုက်ခိုက်လိုက်သောကြောင့် လီဟမ်ရှန်းက လျှော့မတွက်ရဲတော့ပါ သူက သူ့တွင်ရှိရှိသမျှ အရာအားလုံးနှင့် ပြန်လည်၍ တိုက်ခိုက်ပါတော့သည်
အကယ်၍သာ လီဟမ်ရှန်း၌ အင်မော်တယ်ပုံဖော်ခြင်းလှံနှင့် အလျင်ကဲ့သို့သော ရွေ့လျားနည်းများကို အသုံးပြုလိုက်ပါက ထိုတစ္ဆေမျိုးနွယ်ဝင်ခေါင်းဆောင်လေးဦးတို့ကို အသာလေး အနိုင်ယူနိုင်မည်ဖြစ်သည်။ သို့သော် ကံဆိုးသွားတာက လီဟမ်ရှန်းက ယခုအချိန်တွင် ကိုယ်ပိုင်သိုင်းကွက်များကို အသုံးပြု၍မရပါချေ။ ထို့ကြောင့်သူ၏ ခွန်အား၏ သုံးပုံတစ်ပုံခန့်သာ အသုံးပြုပြီး တိုက်ခိုက်နေခဲ့ရသည်။ ယခုလိုမျိုး ကျွမ်းကျင်သူလေးဦးနှင့်ရင်ဆိုင်ရသောအခါတွင် လီဟမ်ရှန်းက ရေလှိုင်းလက်ညှိုးသိုင်းကိုသာ အသုံးပြုပြီး ခုခံနေခဲ့ရ၏
ထိုကဲ့သို့ဆိုလျှင်တောင်မှ ပြန်လည်မွေးဖွားခြင်းအဆင့်အထွတ်အထိပ်သို့ရောက်နေသော တစ္ဆေခေါင်းဆောင်လေးဦးက ထိုလူငယ်လေးတစ်ဦးကို အနိုင်မယူနိုင်သေးသည်မှာ အံ့သြနေကြပြီဖြစ်သည်။
လွန်စွာအရေးကြီးသော အချိန်သို့ရောက်သောအခါ လီဟမ်ရှန်းက ရုတ်တရက် ပြင်းထန်လှသော စွမ်းအားတစ်ရပ်သည် နီးကပ်လာသည်ကို ခံစားလိုက်ရသည်။ လေပြင်းတစ်ချက် တိုက်သွား၏ ထိုလေပြင်းထဲတွင် သေခြင်းတရားအငွေ့အသက်များပါလာသောကြောက့် လီဟမ်ရှန်းက ခပ်မြန်မြန်ပင် ရေလှိုင်းလက်ညှိုးသိုင်းဖြင့် ကာကွယ်လိုက်ပါတော့သည်။ သူ၏ လက်ညှိုးက လက်ဝါးတစ်ခုနှင့် မိတ်ဆက်သွားခဲ့၏။ အရာရာအားလုံးကို ဖိနှိပ်သွားသည်။
မူလအဆင့်၏ အတွင်းအားစွမ်းအားများက အရာအားလုံးကို ဖိနှိပ်ပစ်လိုက်၏။ လီဟမ်ရှန်း၏ ရေလှိုင်းလက်ညှိုးသိုင်းကလည်း ထိုလက်ဝါးချက်အောက်တွင် ဖိနှိပ်ခြင်းခံလိုက်ရသည်။ လက်ဝါးချက်၏ တန်ပြန်သက်ရောက်မှု အရှိန်ကြောင့် လီဟမ်ရှန်းမှာ အဝေးသို့ပင် လွင့်ထွက်သွားခဲ့ပါတော့သည်။ ထိုအားမှာ အလွန်တရာမှ ပြင်းထန်လှသောကြောက့် လီဟမ်ရှန်းမှာ သွေးအန်လုမတတ် ဖြစ်သွား၏။
ကံကောင်းသွားသည်က လီဟမ်ရှန်း၏ ခန္ဓာကိုယ်ကျင့်စဥ်မှာ လွန်စွာမှကို စွမ်းအားကြီးမားလှပြီး သူ၏ ခန္ဓာကိုယ်မှာလည်း နတ်ဘုရားအဆင့်သို့ရောက်နေပြီဖြစ်သောကြောင့် တောင့်ခံနိုင်ခြင်းသာဖြစ်သည်။