အခန်း (၄၃၈)
Vol. 36 Ch. 438
"ခေါင်းဆောင်ကြီး ''
တစ္ဆေမျိုးနွယ်ဝင်ခေါင်းဆောင်လေးဦးက ခပ်မြန်မြန်ပင် ဒူးထောက်ချပြီး လွန်စွာရိုသေသော လေသံဖြင့်ပြောလိုက်သည်။ ယခုရောက်ရှိလာသောလူသည် ဟိုင်ဒေါင်ရှန်ပင်ဖြစ်သည်။ လီဟမ်ရှန်းက မျက်မှောင်ကြုံ့လိုက်ပြီးနောက်တွင် ဟိုင်ဒေါင်ရှန်ကိုကြည့်လိုက်သည်။
ယခုအချိန်တွင်သူက အတည်မတိုက်တော့ပါက ဤနေရာမှထွက်ပြေးလို့မရတော့သည်ကို လီဟမ်ရှန်းက ကောင်းကောင်းသိနေခဲ့ပါ၏။ ဒါပေမယ့် သူသာ အတည်တိုက်ခိုက်လိုက်ပါက သူဟာ လီဟမ်ရှန်း ဖြစ်သည်ကို လူများသိသွားပေတော့မည်။ ထိုအဓိပ္ပါယ်မှာ သူသာ ဤနေရာ၌ သူ၏ သရုပ်မှန်ကို ထုတ်ဖော်ပြသလိုက်ပါက စန်းယွမ်နယ်မြေကြီးတစ်ခုလုံးက သူ့နောက်သို့ အသည်းအသန်လိုက်လံဖမ်းဆီးကြတော့မည်ဖြစ်သည်။
အဖမ်းခံရခြင်းက သူ့အတွက်ပြသာနာကြီးကြီးမဟုတ်ပါ။ သို့သော် သူ၏ ဖခင်မှာ ယခုထက်ထိ အသက်ပြန်မရှင်သေးပါချေ။ ထို့ကြောင့်ဤနေရာ၌ သူအဖမ်းခံရ၍ မဖြစ်ပါ။ ထို့ကြောင့် လီဟမ်ရှန်းက တစ်ခဏမျှကြာအောင်တောင့်ခံရန်အတွက် စိတ်ကူးလိုက်ပါသည်။
"ဘယ်လောက်တောက် ကြောက်ဖို့ကောင်းလိုက်တဲ့ လက်ညှိုးသိုင်းလဲ''
ဟိုင်ဒေါင်ရှန်က အညိုအမဲစွဲသွားသော သူ၏ လက်ဝါးကိုကြည့်ပြီး လီဟမ်ရှန်းကို စိုက်ကြည့်လိုက်၏။ ထို့နောက်မှပြောလိုက်သည်။
"မင်းရဲ့လက်ညှိုးသိုင်းကို အသုံးပြုပုံက အင်မော်တယ်အရှင်သခင် လှံသိုင်းကို အသုံးပြုပုံနဲ့တူနေတယ်''
"အရှင်ဟိုင်''
"ခင်ဗျားပြောတာ ကျုပ်နားမလည်ဘူး''
လီဟမ်ရှန်းက ခေါင်းကိုခါယမ်းပြီးပြောလိုက်သည်။
''လီဟမ်ရှန်း ဟန်ဆောင်နေတာ ရပ်လိုက်စမ်း''
ဟိုင်ဒေါင်ရှန်က အပြုံးတစ်ခုနှင့်ပြောလိုက်၏။
"မင်းက လီဟမ်ရှန်းပဲ ဟုတ်တယ်မလား''
ထိုစကားကိုကြားသော် လီဟမ်ရှန်းက တည်တည်ကြည်ကြည်ဖြစ်နေပြီး ခေါင်းကိုသာ ခါယမ်းလိုက်သည်။
"အရှင်ဟိုင် ကျုပ်နာမည်က လီယွင်လို့ခေါ်တယ် လီဟမ်ရှန်းမဟုတ်ဘူး''
"မင်းက လီဟမ်ရှန်းမဟုတ်ဘူးဆိုရင် ဘာလို့လူသတ်ပြီးတော့ထွက်ပြေးချင်နေတာလဲ''
ဟိုင်ဒေါင်ရှန်က အေးစက်စွာဖြင့်မေးလိုက်သည်။
"ခင်ဗျားတို့လူတွေက စပြီးတော့ လူတွေ လိုက်ဖမ်းနေတယ်လေ ပြီးတော့ ရှုလီဟုကလည်း ပြန်တိုက်ခိုက်ပြီးတော့ ဒဏ်ရာရသွားတယ် ကျုပ်က ကြောက်သွားတာပဲ ကျုပ်က ကြောက်ပြီးတော့ ထွက်ပြေးဖို့ကြိုးစားမိတာမှားလား''
လီဟမ်ရှန်းက တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်သည်။ ကောင်းတယ် ဟိုင်ဒေါင်ရှန်က အေးအေးဆေးဆေးပင် ရှိသည်။ လီဟမ်ရှန်း၏ ရှင်းပြချက်ကိုကြားပြီးသော်လည်း သူက ခပ်ပြုံးပြုံးနှင့်ဆက်ပြောလိုက်၏။
"မင်းက လီဟမ်ရှန်းဖြစ်တယ်ဆိုတာ ငါသက်သေပြမယ် သူ့ကိုခေါ်လာခဲ့''
" မကြာခင်မှာ ဒီကောင် ဘယ်လိုမျိုးဖင်ပိတ်ငြင်းမလဲဆိုတာ ငါသိပ်သိချင်တာပဲ''
နောက်တခဏတွင် များစွာသောတစ္ဆေစစ်သားများက လီဟမ်ရှန်းကို ဝိုင်းရံပြီးနောက် ဖမ်းဆီးလိုက်၏။ ထို့နောက်တွင်သူ့ကို ခြံဝန်းကျယ်ကြီးတစ်ခုထံသို့ခေါ်သွားခဲ့ပါတော့သည်။ ကျယ်ပြောလှသော ခြံဝန်းကြီး၌ လူပေါင်းသုံးဆယ်ခန့်သည် ချုပ်နှောင်ခြင်းခံထားရပါသည်။ ထိုလူသုံးဆယ်အားလုံးမှာ လူသားများပင်ဖြစ်၏။ ထို့အပြင် ထိုလူသားများ၏ ကျင့်ကြံစဥ်မှာလည်း ပြန်လည် မွေးဖွားခြင်း၏ အထက်တွင်ရှိပါသည်။ ထိုလူသားမျိုးနွယ်များအားလုံးသည် ငယ်ရွယ်သောသူများဖြစ်ကြပါ၏။
လီဟမ်ရှန်းက ထိုလူများကိုကြည့်နေစဥ်မှာပင် ရှေ့ဆုံးတန်းသို့ခေါ်ဆောင်သွားခြင်းကို ခံလိုက်ရပါသည်။ ထို့နောက်တွင်သူ့အားမြေပြင်နှင့်မျက်နှာကို အပ်လိုက်ခြင်းကို ခံလိုက်ရပါ၏။ ပတ်ပတ်လည်ကိုတစ္ဆေမျိုးနွယ်ဝင်တပ်သားများက စောင့်ကြပ်နေ၏။ သူတို့ပင်မဟုတ်ပါ။ ပြန်လည်မွေးဖွားခြင်းအဆင့်အထွတ်အထိပ်ရှိသော ကျွမ်းကျင်သူပညာရှင်များကလည်း စောင့်ကြပ်နေသည်။
ဟိုင်ဒေါင်ရှန်ကဲ့သို အခြားခေါင်းဆောင်တစ်ဦးက ထပ်မံရောက်ရှိလာ၏။ ကျန်သောခေါင်းဆောင်တစ်ဦးမှာ တစ္ဆေမျိုးနွယ်ဝင်များဖြစ်ပါသည်။ ထိုတစ္ဆေမျိုးနွယ်ဝင်များမှာ တစ်ဦးနှင့်တစ်ဦး တီးတိုးပြောဆိုနေကြပါ၏။ သို့သော် သူတို့က ဟိုင်ဒေါင်ရှန်ကိုတော့ စကားလုံးဝမပြောပါ။
တစ္ဆေမျိုးနွယ်ဝင်များသည် ဟိုင်ဒေါင်ရှန်လိုလူသားကို စက်ဆုပ်ရွံရှာပြီး အဖတ်မလုပ်မှန်းသိသာလွန်းလှပါသည်။ ဟိုင်ဒေါင်ရှန်ကလည်း သူတို့ကို အဖတ်မလုပ်ပါ။ တိတ်ဆိတ်စွာဖြင့် တစုံတခုကို စောင့်ဆိုင်းနေခဲ့ပါ၏။
တခဏကြာသောအခါတွင်
"စစ်သူကြီးကြွချီလာပါပြီ ''
ထိုအခိုက်မှာပင် လွန်စွာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုသည်ကောင်းကင်ထက်မှဆင်းသက်လာသည်ကို လီဟမ်ရှန်းက ခံစားလိုက်ရပါတော့၏။ ထိုလူတွင်ကြောက်မက်ဖွယ်ကောင်းသော ဓားအမာရွတ်တစ်ခုမျက်နှာထက်တွင်ရှိနေသည်။ သူ၏ ခါးထက်တွင်တော့ ဧရာမဓားကြီးတစ်လက်ကို ချိတ်ဆွဲထားပါ၏။
သူ၏အကြည့်မှာ ပျင်းရိနေဟန်ရှိပြီး လူတိုင်းအပေါ်သို့ လွှမ်းခြုံသွားသောအခါတွင် ကျောရိုးထဲထိစိမ့်အောင်အေးစက်သောခံစားချက်ကိုပေးစွမ်းခဲ့ပါသည်။ စစ်သူကြီးတဲကောင်းသည် လူသတ်ရာတွင် မျက်တောင်တစ်ချက်ခတ်သည့်သူမဟုတ်မှန်း အကြည့်၌ပင်သိနိုင်ပါ၏။
"စစ်သူကြီးကို အရိုအသေပေးပါတယ် ''
ခေါင်းဆောင်လေးဦးက ရိုသေသော အမူအရာနှင့်ပြောလိုက်ပါသည်။ စစ်သူကြီးတဲကောင်းက လူတိုင်းကိုလစ်လျူရှုလိုက်ပြီးနောက်တွင် အလယ်ခေါင်တွင်ရှိသော ခမ်းနားသည့်ထိုင်ခုံကြီးတစ်လုံးတွင်တက်ထိုင်လိုက်သည်။ ထို့နောက်သူက ဟိုင်ဒေါင်ရှန်ကိုကြည့်လိုက်၏။
"လီဟမ်ရှန်းနဲ့ပက်သက်ပြီး သဲလွန်စရထားတယ်ဆိုဟုတ်လား''
စစ်သူကြီးတဲကောင်းကမေးလိုက်၏
''ဟုတ်ပါတယ် ဒီကောင်လေးကို ကျွန်တော်တို့ရထားတဲ့ပန်းချီကားချပ်နဲ့တိုက်ပြီးစစ်လိုက်ရင် အဖြေပေါ်ပါလိမ့်မယ်''
ဟိုင်ဒေါင်ရှန်က ခပ်မြန်မြန်ပင်ပြောလိုက်၏။
"ဒီကောင်က လီဟမ်ရှန်း ဆိုတာကို 80%လောက် ကျွန်တော် သေချာပါတယ်''
ထိုသို့ပြောပြီးနောက်တွင်ဟိုင်ဒေါင်ရှန်က လီဟမ်ရှန်းကို လက်ညှိုးညွှန်ပြလိုက်ပါ၏။ လီဟမ်ရှန်းက တိတ်တဆိတ်နေနေခဲ့ပါသည် ။နောက်ထပ်ဘယ်လိုလှုပ်ရှားရမလဲဆိုတာကို သူသေချာတွေးနေပါ၏။ စစ်သူကြီးတဲကောင်းကတော့သွားရှုပ်လို့မရတဲ့လူသားမျိုးဖြစ်ပါသည်။
သူသည် အဆင့်မြင့်ဆရာသခင်ဖြစ်ပြီးတကယ်တကယ် တိုက်ခိုက်ရမည်ဆိုလျှင် သူသည်နေလအစစ်အမှန်မီးတောက်ကိုအသုံးပြုပြီး ထွက်ပြေးရမည်ဖြစ်သည်။ သို့သော်သူ၏ နေလအစစ်အမှန်မီးတောက်သည် ဆရာသခင်များပေါ်တွင် အလုပ်ဖြစ်မဖြစ်တော့ လီဟမ်ရှန်းက မသိပါ အစောကတည်းက ဤနေရာမှ အသည်းအသန်ထွက်မပြေးခဲ့ရသည်ကို လီဟမ်ရှန်းမှနောင်တရနေပြီဖြစ်ပါ၏ ။
"ငါ့လက်အောက်က တပ်မှူးတယောက်ကိုမင်းသတ်ခဲ့တယ် တပ်မှူးလေးယောက်နဲ့အတူတူမင်းက ယှဥ်ပြီးချနိုင်တယ် မင်းက ပျိုးထောင်ဖို့သင့်တော်တဲ့မျိုးစေ့ကောင်းလေးတစ်ခုပဲ''
စစ်သူကြီးတဲကောင်း က လီဟမ်ရှန်းကိုကြည့်ပြီးနောက်တွင် ပေါ့ပေါ့ပါးပါးပြောလိုက်ခြင်းဖြစ်ပါသည် ထိုစကားကိုကြားပြီးနောက် လီဟမ်ရှန်း၏ နှလုံးသားတစ်ခုလုံး တုန်ယင်သွားခဲ့ပါတော့သည်။ ယခုအခြေအနေကိုကြည့်ရသည်မှာစစ်သူကြီးက စံအိမ်တော်အတွင်း၌ ဖြစ်ပျက်နေသောအရာအားလုံးကိုသိနေပြီးသားဖြစ်ပါသည်။
သူသာအရင်တည်းက အသည်းအသန်ထွက်ပြေးခဲ့ပါက အပြင်သို့မရောက်ခင်ပင် စစ်သူကြီးလက်ချက်နှင့် သေဆုံးရမည်ဖြစ်သည်။
"ဒီကနိမ့်ကျတဲ့သူကို လီယွင်လို့ခေါ်ပါတယ် လီဟမ်ရှန်းမဟုတ်ပါဘူး''
လီဟမ်ရှန်းက ရုပ်တည်ကြီးနဲ့လိမ်လိုက်ပါသည်။
"မင်းက လီဟမ်ရှန်းဟုတ်တာဖြစ်ဖြစ်မဟုတ်တာဖြစ်ဖြစ်မင်းရှင်းပြစရာမလိုဘူး''
ထိုအခိုက်မှာပင်စစ်သူကြီးတဲကောင်းသည်လက်ကိုဆန့်တန်းလိုက်၏။ တစ္ဆေမျိုးနွယ်ဝင်စစ်သားတစ်ဦးက ခပ်မြန်မြန်ပင် ပန်းချီကားကိုစစ်သူကြီးတဲကောင်းထံ ကမ်းပေးလိုက်ပါသည်။
"ရှန်းဟိုင်မြို့က လီဟမ်ရှန်းရဲ့ ပုံတူပန်းချီကားတွေအများကြီးရေးဆွဲခဲ့တယ် ပန်ချီကားချပ်နဲ့တိုက်စစ်လိုက်လို့ရှိရင် မင်းက လီဟမ်ရှန်းဟုတ်မဟုတ်ဆိုတာကို ငါတို့သေချာသိရမှာပေါ့''
ထိုစကားကိုကြားသောလီဟမ်ရှန်း၏စိတ်နှလုံးသားတစ်ခုလုံးသည် ချက်ချင်းကို ပြိုလဲသွားခဲ့ပါတော့သည်။
ပန်းချီကားချပ်က ရောက်လာပြီတဲ့လား အဲ့တာဆို ဒါက သူ့ရဲ့အဆုံးသတ်ပဲလေ
ဟိုင်ဒေါင်ရှန်ကတော့ လှောင်ပြောင်နေပါသည် လီယွင်ကသာ တကယ်ပဲ လီဟမ်ရှန်းဆိုလို့ကတော့ သူကတကယ်ကြီးကြီးမားမားဆောင်ရွက်ခဲ့တာပဲဖြစ်မယ်
စစ်သူကြီးတဲကောင်းသည်လက်ထဲတွင်ရှိသော ပန်းချီကားကို ဖြည်းညင်းစွာ ဖွင့်လှစ်လိုက်ပါသည်။ ပန်းချီကားချပ်အတွင်း၌ လူငယ်လေးတစ်ယောက်၏ ပုံကိုပုံတူဆွဲထားပါသည်။ ထိုပုံတူနှင့်သူ့ရှေ့တွင်ရှိသော လီဟမ်ရှန်းကို တိုက်စစ်လိုက်ပါတော့သည်။
လီဟမ်ရှန်း၏နှလုံးသားမှာ သူ၏ လည်ချောင်းဝသို့ပင်ဆို့တက်လာခဲ့ပါတော့သည်။ သူက အချိန်မရွေးပင် နေလအစစ်အမှန်မီးတောက်ကိုအသုံးပြုရန်ပြင်ဆင်ထားပါသည်။ သို့သော်စစ်သူကြီးတဲကောင်းမှာ နောင်တရနေသောအမူအရာဖြင့် သက်ပြင်းတစ်ချက်ချလိုက်၏။
“ကံဆိုးတာပဲ လီဟမ်ရှင်းကသူမဟုတ်ဘူး''
" ဟင်ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ''
ကြားလိုက်ရသောလီဟမ်ရှင်းကိုယ်တိုင်ပင် နဝေတိမ်တောင်ဖြစ်သွားခဲ့သည်။
နံဘေးတွင်ရှိသော ဟိုင်ဒေါင်ရှန်မှာ ပို၍ပင်အံအားသင့်သွား၍ သူကခပ်မြန်မြန်ပြန်ပြောလိုက်သည်။
"အရှင်စစ်သူကြီး ကျနော်မျိုးကြည့်လို့ရမလား''
စစ်သူကြီးတဲကောင်းက စကားများများပြောမနေပါ ချက်ချင်းပင်လျှင် ပန်ချီးကားပုံတူကိုဟိုင်ဒေါင်ရှန်
ထံသို့ လှမ်းပေးလိုက်သည်။ ဟိုင်ဒေါင်ရှန်က ခပ်မြန်မြန်ပဲ ပန်းချီပုံတူကိုကြည့်လိုက်၏။ ထို့နောက်တွင် အပြင်တွင်ရှိသောလီဟမ်ရှန်းကို ကြည့်လိုက်၏။
မှန်ပါသည်… ပန်းချီကားတွင်ရေးဆွဲထားသောပုံစံသည် အပြင်တွင်ရှိသော် လီဟမ်ရှင်းနှင့် တစ်စက်မှတူမနေပါ။
“ဘယ်လိုလုပ်ပြီးတော့ဖြစ်နိုင်မှာလဲ”
ဟိုက်ဒေါင်ရှန်သည် ရေလှိုင်းလက်ညိုးသိုင်း အသုံးပြုလိုက်သောလီယွင်သည် လီဟမ်ရှင်းဖြစ်သည်ဟု တစ်ထစ်ချ ပြောထားပြီးဖြစ်ပါသည်။ သူအသုံးပြုသော်ရေလှိုင်းလက်ညိုးသိုင်းသည် လီဟမ်ရှန်းအသုံးပြုသော အင်မော်တယ်အရှင်သခင်လှံသိုင်းနှင့် နီးစပ်စွာ တူညီနေသောကြောင့် လီဟမ်ရှန်းဖြစ်ကိုဖြစ်ရမည်ဟု တွေးထားခြင်းပင်ဖြစ်သည်။
ကာယကံရှင်ဖြစ်သော လီဟမ်ရှန်းမှာ ပို၍ပင် ပဟေဋ္ဌိဖြစ်နေခဲ့၏။ ဘာတွေဖြစ်နေလဲဆိုတာ သူနားမလည်နိုင်တော့ပါ။