← Chapters

အခန်း (၄၄၀)

Vol. 36 Ch. 440

အခန်း (၄၄၀)

Vol. 36 Ch. 440

စစ်သူကြီးတဲကောင်း၏ စံအိမ်တော်ကြီးမှာ အလွန်အင်မတန်ကို ကြီးမားလွန်းလှပါသည်။ ဟုန်ရှန်က လီဟမ်ရှန်းအား စံအိမ်တော်၏ အနောက်ဘက် စစ်သားများနေထိုင်ရာ စစ်တန်းလျားသို့ ခေါ်ဆောင်လာခဲ့သည်။ ထိုအချိန်မှသာ လီဟမ်ရှန်းသည် ခေါင်းဆောင်တစ်ဦးက သူ့လက်အောက်တွင် တပ်မှူးငါးဦး ရှိသည်ကို သိရ၏။

တပ်မှူးတစ်ဦးစီတွင် တာဝန်ယူရသော တစ္ဆေစစ်သားရာကျော် ရှိပါသည်။ ဒီတော့ ခေါင်းဆောင်တစ်ဦးက သူ့လက်အောက်တွင် တစ္ဆေစစ်သားများ ထောင်နှင့်ချီ ရှိပါ၏။ တစ္ဆေမျိုးနွယ်ဝင်များတွင် ခွန်အားကြီးသူက ဥပဒေ ဖြစ်သည်။

ခွန်အားကြီးသော ဘယ်သူမဆို အာဏာကို ရယူနိုင်သည်။ အားနည်းသော သူများသည် အသက်သေဆုံးရမည်။ သူတို့သေသွားလျှင်တောင်မှ ဘယ်သူကမှ သနားညှာတာမည် မဟုတ်ပါ။ အထူးသဖြင့် စစ်တန်းလျားပင် ဖြစ်သည်။ ဤနေရာတွင်တော့ ထိုယုံကြည်ချက်မှာ ပို၍ပင် ခိုင်မာလှပါသည်။

ဟိုင်ဒေါင်ရှန်၏ ခေါင်းဆောင်က သေဆုံးသွားပြီး ခေါင်းဆောင်ကို သတ်ဖြတ် ပစ်ခဲ့သောကြောင့် အပြစ်မပေးသည့်အပြင် ခေါင်းဆောင်ရာထူးကို ပေးအပ်လိုက်ခြင်းကို ဤနေရာရှိ လူများက ထိုအချက်ကြောင့်ပင် ဘယ်လိုမှ မအံ့ဩခြင်းသာ ဖြစ်ပါသည်။ တပ်မှူးရာထူး အသစ်စက်စက်ကို ရထားသော လီဟမ်ရှန်းက ကိုယ်ပိုင်ခြံဝန်း တစ်ခုကို အပိုင်စားရရှိခဲ့သည်။

ထို့အပြင် သူ့ကို စစ်ချပ်ဝတ်တစ်စုံပါ ပေးအပ်ခံရသည်။ ထို့အပြင် လက်နက်တိုက်၌ စိတ်ကြိုက်လက်နက်ကို ရွေးချယ်ခွင့်ရသော ခွင့်ပြုမိန့်တို့ကိုပါ လက်ခံရရှိခဲ့သည်။ ထို့အပြင် စစ်သူကြီးတဲကောင်း စံအိမ်၏ ပန်းချီရတနာခန်းမမှ မိမိ ကြိုက်နှစ်သက်ရာ သိုင်းကျမ်းများကိုလည်း ရွေးချယ်ကာ လေ့လာ သင်ယူနိုင်ပါသေးသည်။ စစ်ချပ်ဝတ်ကို ရယူပြီးသည့်နောက်တွင် လီဟမ်ရှန်းက လက်နက်ကို ရွေးချယ်ရန် အချိန် ကျရောက်လာပါပြီ။

သို့ပေမဲ့ သူ့တွင် အခက်အခဲတော့ ရှိနေသည်။ ပုံမှန်ဆိုလျှင် သူက လက်နက်အဖြစ် လှံကို ရွေးမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လီဟမ်ရှန်းက လှံကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်သောကြောင့် ဖြစ်သည်။ သို့သော် သူသာ လှံကို ရွေးချယ်လိုက်ပါက ဟိုင်ဒေါင်ရှန်က သူ့အပေါ် ပို၍ပင် သံသယဝင်သွားလိမ့်မည် ဖြစ်သည်။ အဲ့လိုဆိုမှတော့ သူက တခြားလက်နက်တစ်ခုကို ရွေးသင့်လား။ နောက်ဆုံးမှာတော့ အချိန်အကြာကြီး တွေးတောပြီးသည့်နောက်တွင် လီဟမ်ရှန်းက လက်နက်အဖြစ် လှံတံကိုသာ ရွေးချယ်လိုက်ပါသည်။

သူက ပိန်းပိတ်နက်အောင် မှောင်မဲနေသည့် စစ်သုံးလှံလက်နက်ကို ရွေးချယ်လိုက်ပါသည်။ ထိုလှံတံသည် သူ၏ အင်မော်တယ် ပုံဖော်ခြင်းလှံထက် အများကြီး နိမ့်ကျသော်လည်း အချိန်တခဏကြာအောင်တော့ အသုံးပြုနိုင်မည် ဖြစ်သည်။ အဆိုးဆုံးကတော့ သူသည် အစစ်အမှန် လှံသိုင်းကိုးချက်နှင့် အင်မော်တယ်အရှင်သခင် လှံသိုင်းကို အသုံးမပြုနိုင်ရုံသာ ဖြစ်သည်။ လောလောဆယ်မှာတော့ တခြားသော လှံသိုင်းကျင့်စဉ်များကို ကျင့်ကြံသင်ယူမှ ဖြစ်မည်။

ထို့ကြောင့် လီဟမ်ရှန်းသည် ပန်းချီရတနာ ခန်းမသို့သွားပြီး သူလေ့ကျင့်ရန်အတွက် သိုင်းပညာများ ရှိမရှိကို သွားရှာပါတော့သည်။ ဒါပေမဲ့ ဟိုင်ဒေါင်ရှန်ဆိုတဲ့ ငနဲသားကလည်း လက်မလျော့သေးပါ။ သူလျိုများစွာကို စီစဉ်ပြီး လီဟမ်ရှန်း၏ တိတ်တဆိတ်လိုက်ကာ အမြဲမပြတ် စောင့်ကြည့်စေပါတော့သည်။ လီဟမ်ရှန်းက ပစ်ချက် တစ်စုံတစ်ရာကို ပြသမိမည့်အချိန်ကို တိတ်တဆိတ်နှင့်သာ စောင့်ဆိုင်းနေခဲ့၏။

ဟိုင်ဒေါင်ရှန် လွှတ်ထားသော သူလျိုများထံမှ တစ်ဆင့် လီဟမ်ရှန်းသည် လက်နက်တိုက်မှ လှံလက်နက်ကို ရွေးချယ်ခဲ့သည်ဟူသော သတင်းကြားသော် ဟိုင်ဒေါင်ရှန်၏ လက်ထဲမှ အကြမ်းရည် ပန်းကန်လုံးသည် တစစီကွဲအက် သွားပါတော့သည်။

ဒီကောင်က လီဟမ်ရှန်းပဲ…။ ဟိုင်ဒေါင်ရှန်၏ မျက်လုံးများက ပြူးကျယ်လာခဲ့သည်။ တစ်ချက်ကြည့်လိုက်သည်နှင့် လီဟမ်ရှန်း၏ မျက်နှာကို မြင်သောအခါ သူ့စိတ်ထဲ၌ အလွန်အမင်းကို မသက်မသာ ခံစားချက်ကို ရရှိခဲ့သည်။

ထို့အပြင် မုန်းတီးရွံရှာ စက်ဆုပ်သော ခံစားချက်ကိုပါ ရရှိခဲ့၏။ ထို့အပြင် လီဟမ်ရှန်း၏ လက်ညှိုးသိုင်းကွက်သည် အင်မော်တယ်အရှင်သခင်လှံသိုင်းနှင့််ပင် တူညီပြီး အလွန်တရာမှကို စွမ်းအားကြီးမားလှပါသည်။ ထိုရေလှိုင်းလက်ညှိုးသိုင်းသည် အင်မော်တယ်အရှင်သခင်လှံသိုင်းမှ သူကိုယ်တိုင်ကောက်နှုတ်ပြီး တီထွင်ထားသော သိုင်းပညာ ဖြစ်ရပေမည်။

ထို့အပြင် ယခုအချိန်တွင် ထိုကောင်လေးသည် လက်နက်တိုက်မှ လှံလက်နက်ကို ရွေးချယ်လိုက်ပြီ ဖြစ်သောကြောင့် ဟိုင်ဒေါင်ရှန်၏ သံသယများမှာ ပို၍ သေချာလာပါတော့သည်။ လီယွင်က ကျိန်းသေပေါက် လီဟမ်ရှန်းပဲ..။ ထိုအရာသည် ဟိုင်ဒေါင်ရှန်၏ မသိစိတ်မှ ထပ်ခါတလဲလဲ ပြောနေသော အရာပင်ဖြစ်သည်။ ထိုမသိစိတ်၏ ပြောကြားချက်မှာ လွန်စွာမှကို ပြင်းထန်လှပါတော့သည်။

ဒါပေမဲ့ ဟိုင်ဒေါင်ရှန်တွင် သက်သေပြစရာ မရှိပါ။ ပန်းချီကားထဲတွင် ရေးဆွဲထားသည့် ပုံရိပ်သည် လီဟမ်ရှန်းနှင့် တစက်ကလေးမှ မတူခဲ့ပါ။ ဖြစ်နိုင်တာက ပန်းချီကားကို တစ်ယောက်ယောက်က ပြင်ဆွဲထားတာများလား။ ဟိုင်ဒေါင်ရှန် သူ၏ မေးစေ့ကို ပွတ်ကာ စဉ်းစားနေပါတော့သည်။ ဒါပေမဲ့ ဒီအတွေးအခေါ်ကတော့ မဖြစ်နိုင်လောက်ဘူးဟု တွေးထားပါ၏။

ပန်းချီကားသည် ထျန်းဟိုင်မြို့မှ တိုက်ရိုက် ဤနေရာသို့ ပို့ခြင်းဖြစ်သည်။ ရောက်ရောက်ချင်းပင် မြို့အရှင် စံအိမ်သို့ ရောက်သွားပေလိမ့်မည်။ ထို့နောက်မှ စစ်သူကြီးစံအိမ်သို့ ရောက်လာပေလိမ့်မည်။ ဘယ်နေရာမှာများ ပြဿနာဖြစ်တာလဲ။

လီဟမ်ရှန်း…လီဟမ်ရှန်း စိတ်စောလို့မဖြစ်ဘူး။ အချိန်ယူရမှာပေါ့။ မင်းက တစ္ဆေမြို့တော်မှာ ရှိနေသေးသရွေ့ကတော့ ငါ့လက်အောက်က လွတ်မှာ မဟုတ်ပါဘူး။ ဟိုင်ဒေါင်ရှန်က လှောင်ပြောင်လိုက်သည်။

လီဟမ်ရှန်းသည် ပန်းချီခန်းမ၌ နေ့တဝက်ခန့် နေပြီးနောက် ပြန်ထွက်လာခဲ့သည်။ ပန်းချီခန်းမတွင် သူသည် မြောက်များစွာသော သိုင်းကျမ်းများကို တွေ့ခဲ့၏။ တစ္ဆေမျိုးနွယ်ဝင်တွင် ရှိသော သိုင်းကျမ်းများက လူသားမျိုးနွယ်များနှင့် ကွာခြားနေသည်ကို မြင်သောအခါ သူက အံ့အားသင့်နေခဲ့ပါသည်။ အထူးသဖြင့် ခွန်အားတစ္ဆေမျိုးနွယ်တို့၏ သိုင်းကျမ်းပင် ဖြစ်သည်။ ခွန်အားတစ္ဆေမျိုးနွယ်တို့သည့် ကြံ့ခိုင်သော ကိုယ်ကာယ ရှိသောကြောင့် သူတို့သင်ကြားထားသော ကျင့်ကြံထားသည့် သိုင်းကျမ်းများသည် လွန်စွာ စွမ်းအားကြီးမားပြီး သန်မာလှသည့် ခန္ဓာကိုယ် ရှိဖို့ လိုအပ်ပေသည်။

ဒါက လီဟမ်ရှန်းအတွက်တော့ ပြဿနာမဟုတ်ပါ။ လီဟမ်ရှန်း၏ ခန္ဓာကိုယ်သည် သာမန်လူများထက် များစွာ သာလွန်ပြီး မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ပင် ဖြစ်နေခဲ့၏။ လီဟမ်ရှန်းတွင် နေလအင်မော်တယ်နတ်ဆိုး ခန္ဓာကိုယ်ရှိ၏။ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ခြင်း ယှဉ်မည်ဆိုလျှင် သူ့ခန္ဓာကိုယ်က ခွန်အားတစ္ဆေမျိုးနွယ်များထက်ပင် စွမ်းအားကြီးမားလှသည်ဟု ပြော၍ ရပါသည်။

ထို့ကြောင့် ခွန်အား တစ္ဆေများကျင့်ကြံသော သိုင်းကျမ်းများသည် လီဟမ်ရှန်းအတွက်တော့ ကလေးကစားနေသလိုပင် ဖြစ်ပါ၏။ ထို့ကြောင့် လီဟမ်ရှန်းသည် သိုင်းကျင့်စဉ် နှစ်ခုကို ရွေးချယ်ခဲ့သည်။ တစ်ခုမှာ ရွေ့လျားနည်းဖြစ်ပြီးတော့ နာမည်က “တောင်နှင့် မြစ်များကို ထိုးခွဲခြင်း”ဟူသော အမည်ဖြစ်သည်။ သိုင်းကျမ်း၏ နာမည်သည် ထိုးခွဲခြင်းဟူသော စကားလုံးပါဝင်နေခြင်းကြောင့် ရွေ့လျားနည်း သိုင်းကျမ်းဟု မထင်ရသည့် အလားပင် ဖြစ်သည်။

သို့သော် ထိုသိုင်းကျမ်းသည် လွန်စွာမှကို အရိုင်းဆန်သော ခြေလှမ်းကွက်ပင် ဖြစ်ပါသည်။ ထိုရွေ့လျားနည်းကို အသုံးပြုရန်အတွက် မိမိ၏ ကြံ့ခိုင်သန်စွမ်းသော ခန္ဓာကိုယ်ကို အားယူပြီး ပြင်းထန်လှသော ခွန်အားကို ထုတ်ကာ တစ်နေရာမှ တစ်နေရာကို ရွေ့လျားရသည် ဖြစ်ပါသည်။ နောက်ထပ် သိုင်းကျမ်းတစ်ခုမှာတော့ လှံသိုင်းကျမ်းပင် ဖြစ်သည်။ ထိုလှံသိုင်းကျမ်း၏ အမည်မှာတော့ “မိုးရေစက် တစ်ထောင်”ဟု ခေါ်ပါသည်။

ထိုသိုင်းကျမ်းကို ထုတ်သုံးလိုက်ပါက လှံသွားများသည် ကောင်းကင်ထက်မှ ပြင်းထန်လှသော မိုးကြိုးမုန်တိုင်း အောက်တွင် ကျဆင်းနေသော မိုးရေစက်များကဲ့သို့ ဖြစ်နေခြင်းကို အစွဲပြုပြီး အမည်ပေးထားခြင်း ဖြစ်ပါသည်။ ထိုလှံသိုင်းကလည်း ခန္ဓာကိုယ်အင်အားကို အဆအင်မတန် တောင်းဆိုပါ၏။ ခွန်အားတစ္ဆေမျိုးနွယ်ဝင်များပင်လျှင် ထိုလှံသိုင်းကို ကျင့်ကြံသူ နည်းပါးလှပါသည်။ အဘယ်ကြောင့်ဆိုသော် အင်မတန်မှကို ခက်ခဲလွန်းလှသောကြောင့် ဖြစ်၏။

သို့သော် လီဟမ်ရှန်းလိုမျိုး အင်မော်တယ် အရှင်သခင်လှံသိုင်းကို အောင်မြင်အောင် လေ့ကျင့်ခဲ့သော လူအတွက်တော့ မိုးရေစက်တစ်ထောင် လှံသိုင်းကျမ်းက မခက်ခဲလွန်းလှပါ။ သူက ခက်လွယ်လွယ်ပင် ကျွမ်းကျင်အောင် ကျင့်ကြံနိုင်မည် ဖြစ်သည်။ တစ်ရက်ခန့် လေ့ကျင့်ပြီးသည့်နောက်တွင် လီဟမ်ရှန်းသည် မိုးရေစက်တစ်ထောင် လှံသိုင်းကွက်များကို လူအများ အားကျရသည့် အနေအထားလောက်ထိ ကျင့်ကြံနိုင်ခဲ့ပြီ ဖြစ်သည်။

ဒါပေမဲ့ လီဟမ်ရှန်းက သူ၏ ခွန်အားကို ဆက်လက်၍ လျှိုထားရန်သာ တွေးထားခဲ့ပါ၏။ ဒီလိုနဲ့ပဲ လီဟမ်ရှန်း၏ တပ်မှူးလုပ်ရသည့် ပထမဦးဆုံးနေ့သည် သူမျှော်လင့်ထားသကဲ့သို့ တစ္ဆေမျိုးနွယ်ဝင်များ၏ လူသားတစ်ယောက်ဖြစ်သောကြောင့် နှိမ့်ချရမည့် မြင်ကွင်းကို မမြင်ခဲ့ရပါ။

တစ္ဆေမျိုးနွယ်ဝင်များက သူ့ကို လူသားဖြစ်သောကြောင့် တစ်ယောက်မှလည်း လာ၍ ဇာတ်လမ်းဝတ္ထုတွေ ထဲကအတိုင်း စိန်ခေါ်ခြင်းများလည်း မရှိပါ။ တစ္ဆေစစ်သားများက သူက လူသားဖြစ်နေသော်လည်း လွန်စွာမှကို ရိုကျိုးလှပြီး လေးစားမှုအပြည့်နှင့် ဆက်ဆံကြပါသည်။ သူပေးလိုက်သော အမိန့်များကိုလည်း တသွေမတိမ်းပင် လိုက်နာလှပါ၏။

လီဟမ်ရှန်း ပထမဦးဆုံးလုပ်ရသည့် တာဝန်သည် တစ္ဆေစစ်သားများကို ဦးဆောင်ပြီး ညဘက် ကင်းလှည့်ရခြင်း ဖြစ်သည်။ သူက ညဘက် သုံးရက်လုံးလုံး ညဘက် ဂျူတီ ကျပါသည်။ လီဟမ်ရှန်းက လမ်းမထက်၌ ကင်းလှည့်နေသည့်အခါတွင် မမျှော်လင့်ဘဲနှင့် အသိအကျွမ်း တစ်ယောက်နှင့် ဆုံတွေ့ခဲ့သည်။ သူသည် ဟွမ်လီပင် ဖြစ်သည်။

“လီယွင် … လီယွင်”

ဟွမ်လီက လီဟမ်ရှန်းကို မြင်သောအခါ ခပ်မြန်မြန်ပင် ပြေးလာပြီး စိတ်လှုပ်ရှားစွာဖြင့် အော်ခေါ်လိုက်သည်။ သူသည် ယခု ရက်ပိုင်းတွင် ခက်ခဲနေပါ၏။ အစားအသောက်ပင် ကောင်းကောင်း ကန်းကန်း မစားရပါ။ ထို့နောက် လီဟမ်ရှန်းကို တွေ့ခဲ့ရခြင်းဖြစ်သည်။ လီဟမ်ရှန်းသည် စစ်သူကြီးတဲကောင်း စံအိမ်တော်၌ ယခုလိုမျိုး တပ်မှူးတစ်ဦးဖြစ်မည်ဟု သူ မမျှော်လင့်ထားခဲ့မိပါ။

All Chapters