အခန်း (၄၄၁)
Vol. 36 Ch. 441
"မင်းလည်း လွတ်လာတာလား"
ဟွမ်လီ ကိုမြင်သောအခါ လီဟမ်ရှန်းက မြင်းဇာတ်ကြိုးကိုသတ်လိုက်ပါသည်။
"သူတို့က လီဟမ်ရှန်းဆိုတဲ့လူကိုရှာနေတာလေ ရှာလို့မတွေ့တာနဲ့ ကျန်တဲ့သူတွေ အကုန်လုံးကို လွှတ်ပေးလိုက်တာပဲ တချို့တွေကတော့ အစေခံလုပ်ဖို့ဆိုပြီးတော့ စံအိမ်မှာကျန်ခဲ့တယ် ငါကတော့ စစ်သူကြီးစံအိမ်မှာ အစေခံလုပ်ရတာ အရမ်းကို မတန်မရာ ဆက်ဆံလွန်းအားကြီးလို့ မလုပ်နိုင်လို့ ထွက်လာခဲ့တာပဲ''
ဟွမ်လီက တစ်ချက်ရယ်လိုက်၏ ။
"ဒါပေမယ့်မမျှော်လင့်ထားတာက မင်းက ရာထူးကြီးတဲ့တပ်မှူးတယောက်ဖြစ်သွားတယ်ဆိုတာကိုပဲကွာ''
"အဆင်ပြေအောင်တော့ လုပ်ရတာပဲကွာ ဒီလိုပဲပေါ့''
လီဟမ်ရှန်းက ပြုံးရင်းပြောလိုက်၏။
"ဂွီ''
ထိုအခိုက်တွင်ဟွမ်လီ၏ ဗိုက်မှ ဆာလောင်သောကြောင့် အသံတစ်သံ ထွက်လာခဲ့သည်။
"'ဟာ ငါဗိုက်ဆာနေပြီကွာ"
ဟွမ်လီက လီဟမ်ရှန်းအားကြည့်ကာပြောလိုက်သည်။ လီဟမ်ရှန်းက သက်ပြင်းတစ်ချက်ချလိုက်၏။ သူတို့နှစ်ဦးသည် မိတ်ဆွေများမဟုတ်သည့်တိုင် အသိအကျွမ်းများတော့ ဖြစ်ခဲ့သည်။
ထို့အပြင် အကျဥ်းထောင်ထဲ၌ ဟွမ်လီက လီဟမ်ရှန်းသိချင်သော ကိစ္စများအားလုံးကို ရှင်းပြခဲ့သေးသည်မဟုတ်ပါလား ထိုအရာများကိုထောက်ရှုပြီးသောအခါ လီဟမ်ရှန်းသည် သူ၏ ပိုက်ဆံအိတ်ကို ထုတ်ပြီးနောက်ပြောလိုက်သည်။
"ငါအခုမှ ခေါင်းဆောင်တစ်ဦးဖြစ်လာတာဆိုတော့ လစာမရသေးဘူးကွာ ဒါပေမယ့် လောလောဆယ်တော့ မင်းကို နှစ်ရက်စာလောက်တော့ ထမင်းစားဖို့အတွက်ပေးနိုင်ပါတယ်''
ထိုသို့ပြောပြီးနောက်လီဟမ်ရှန်းသည် ငွေပြားများကို ထုတ်ကာပေးလိုက်၏။
"ကျေးဇူးတင်ပါတယ် ခေါင်းဆောင် လီယွင် ကူညီပေးလို့''
ဟွမ်လီသည် ရင်ထဲတွင်ထိရှသွားပြီးနောက် ပြောလိုက်သည်
"တနေ့နေ့မှာ ကျုပ်လီဟမ်ရှန်းဆိုတဲ့လူကိုတွေ့ပြီးတော့ စန်းယွမ်နယ်မြေအရှင်ဆီ အပ်လိုက်မယ်
အဲ့ကရတဲ့ဆုကြေးတွေကိုအသုံးပြုပြီးတော့ အကိုလီကိုကျေးဇူးပြန်ဆပ်ပါ့မယ်ဗျာ''
ဟွမ်လီက ခံစားချက်တစ်ပုံတစ်ပင်ဖြင့်ပြောလိုက်သည် သို့သော် သူ့စကားကိုကြားသော လီဟမ်ရှန်းက မျက်မှောင်ကြုံ့လိုက်၏။
သူက အစက ဟွမ်လီအား ငွေစ ငါးစပေးရန်ပြင်ထားခြင်းဖြစ်ပါသည်။ ချက်ချင်းပင် သူသည် ပိုက်ဆံအိတ်ထဲသို့ငွေစများပြန်ထည့်လိုက်ပြီးနောက် ငွေစ နှစ်စခွဲသာ ထုတ်ပြီး ဟွမ်လီကို ပေးလိုက်သည်။
"သွားထမင်းသွားစားတော့ ငါကင်းလှည့်ရဦးမယ်။ သွားလိုက်ဦးမယ်''
ထိုသို့ပြောပြီးနောက် လီဟမ်ရှန်းက သူ့လူများကို ဦးဆောင်ကာ ထွက်သွားသည်။ ဟွမ်လီက သူ့လက်ထဲတွင်ရှိသော ငွေစနှစ်စခွဲကိုကြည့်ပြီးနောက် သက်ပြင်းတစ်ချက်ချပြီးပြောလိုက်သည်။
"တော်တော် ကပ်စေးနည်းတဲ့ကောင်ပဲ"
လီဟမ်ရှန်းက မလှမ်းမကမ်းသို့ရောက်သောအခါ သူ့နောက်တွင်ရှိသော စစ်သားတယောက်ကို အရှေ့သို့ တက်လာရန်လက်ဟန်ပြလိုက်သည်။ ချက်ချင်းပင်လျှင် တစ္စေမျိုးနွယ်ဝင်စစ်သားသည် လီဟမ်ရှန်းထံ ကပ်လာ၏။ ထိုသူသည် လီဟမ်ရှန်းဦးဆောင်ရသော တပ်၏ ခေါင်းဆောင်သုံးဦးထဲမှ တစ်ဦးဖြစ်ပါသည်။ ထိုတစ္စေမျိုးနွယ်ဝင်၏ အမည်သည် ပိုင်ဟ ဟု ခေါ်သည်။
"အရှင်''
ပိုင်ဟသည် လက်ဟန်ပြုကာ လီဟမ်ရှန်းကို အရိုအသေ ပေးလိုက်၏။
"ဟွမ်လီရဲ့နောက်ကိုလိုက်ပြီး ဒီကောင်ဘာတွေလုပ်နေလဲဆိုတာကို စောင့်ကြည့်လိုက်စမ်း''
လီဟမ်ရှန်းက အမိန့်ပေးလိုက်၏။
"အမိန့်အတိုင်းပါ"
ပိုင်ဟက ခေါင်းညိမ့်ပြလိုက်သည်။ ထို့နောက်တွင် အဝေးသို့ထွက်ခွာနေသော ဟွမ်လီကိုကြည့်ပြီးနောက် တိတ်တဆိတ်နှင့်ခြေရာခံလိုက်ပါသည်။ သူသည် လမ်းတွင် ချပ်ဝတ်တန်ဆာကို ပြန်သိမ်းပြီး ရိုးရှင်းသော အဝတ်နှင့်လဲလှယ်ဝတ်ဆင်လိုက်ပါသည်။
ဟွမ်လီက အစားစားရန် အရင်ဆုံးစဥ်းစားလိုက်ပါသည်။ ဒါပေမယ့် သူ့လက်ထဲတွင်ရှိသော ငွေပြားများ၏ အလေးချိန်ကို ဆကြည့်ပြီးသည့်နောက်တွင် ငွေစနှစ်စမှာ လွန်စွာနည်းပါးလှပါသည်။ ထမင်းတစ်ပွဲစားပြီး ကျန်သောငွေသည် နောက်ထပ်ထမင်းသုံးနပ်စားရန်အတွက် မလောက်ငှပါချေ။ ဒီငွေများကုန်သွားပါက သူဘာလုပ်ရမလဲဆိုတာကိုတွေးနေပါ၏။ သူကတွေးတောနေရင်းနှင့် ဟွမ်လီသည် အနီးနားတွင်ဆူညံသံတစ်ခုကိုကြားလိုက်ရ၏။
သူမော့ကြည့်လိုက်သောအခါ တစ္စေမြို့တော်တွင်ရှိသော ကြီးမားလှသော လောင်းကစားရုံကြီးကိုသူတွေ့လိုက်ရ၏။ တစ္စေမြို့တော်တွင် လောင်ကစားရုံများစွာရှိပါသည်။ သို့သော် သူ့ရှေ့တွင်ရှိသော လောင်းကစားရုံသည် တရားဝင်ခွင့်ပြုထားသော လောင်းကစားရုံတစ်ခုဖြစ်ပါ၏။ ဟွမ်လီက သူ့လက်ထဲတွင်ရှိသောငွေနှစ်စကို ထပ်ကြည့်လိုက်ပါ၏။ ထို့နောက်တွင်ဆုံးဖြတ်ထားသော အမူအရာဖြင့်လောင်းကစားရုံအတွင်းသို့ဝင်သွားခဲ့ပါသည်။
လောင်းကစားရုံသည်ကြီးမားလှပါသည်။ အတွင်း၌ ကစားနည်းများစွာရှိပြီး လူများမှာ ပင်လယ်တစ်ခုအလား များပြားလှပါသည်။ တစ္စေမျိုးနွယ်များသာမကလူသားမျိုးနွယ်များနှင့်အခြားသော မျိုးနွယ်များလည်း ရှိပါသေး၏။ စားပွဲခုံများတွင်မြောက်မြားစွာသော ကစားနည်းများဖြင့်စုံလင်စွာဆော့ကစားနေကြသည်။
ဟွမ်လီက ပတ်ပတ်လည်ကိုကြည့်ပြီးနောက် သူမည်သည့်အရာကို ဆော့ကစားရမည်ကို ဆုံးဖြတ်ချက်ချမရ ဖြစ်နေပါသည်။ ပတ်ပတ်လည်ကိုကြည့်ပြီးနောက် ကစားနည်းများမှာ ရှုပ်ထွေးလှသည်ဟု ဟွမ်လီက တွေးတောလိုက်ပြီးနောက်တွင် သူက အံစာခေါက်ရန်အတွက် အံစာပစ်သည့်စားပွဲထံသို့သွားလိုက်ပါသည်။ အံစာပစ်ခြင်းသည် အလွယ်ကူဆုံးနှင့် အရိုးရှင်းဆုံးပင် ဖြစ်၏။ သူ၌ ငွေစနှစ်စသာရှိသောကြောင့် ဟွမ်လီသည် အလောတကြီးမလုပ်ပါ။ တခဏကြာအောင်စောင့်ကြည့်ပြီးသည့်နောက်တွင်သူကငွေစနှစ်စလုံးကို အပွင့်သေးကျမည့်ဘက်မှ လောင်းလိုက်ပါသည်။
"လောင်းကြေးတင်လို့ရပြီ"
"လောင်းကြေးတွေအားလုံးကို ရပ်လို့ရပါပြီ"
အံစာခေါက်သူက ကြေညာလိုက်၏ ထို့နောက်တွင် အံစာကို ဖွင့်ပြလိုက်ပါသည်။ အသေးအပွင့်ကျသည်။
ဟွမ်လီ၏ မျက်လုံးများမှာ အရောင်တောက်သွား၏ ချက်ချင်းပင် ငွေစနှစ်ဆသည် ငွေစလေးစဖြစ်သွား၏ ကံကောင်းသည်ဟုတွေးပြီးနောက်တွင် ဟွမ်လီက ဆက်လက်၍ လောင်းကစားပြုလုပ်ပါတော့သည်။
ရုပ်ဖျက်ထားသော ပိုင်ဟက နံဘေးမှစောင့်ကြည့်နေသည်။ ဟွမ်လီ၏ ကံကောင်းမှုကို သူက အနည်းငယ်တော့အထင်ကြီးသွားခဲ့သည်။ လေးဆယ့်ငါးမိနစ်အတွင်းမှာပင် ဟွမ်လီသည်ငွေစနှစ်စကို ငွေစ နှစ်ရာ အဖြစ်သို့ ပြောင်းလဲနိုင်ခဲ့ပါသည်။
ဟွမ်လီသည် အံစာတုံး၏ အပွင့်အကြီးအသေးကို အမြဲတမ်းလိုလိုပင် မှန်အောင် ခန့်မှန်းနိုင်ခဲ့သည်။ ဟွမ်လီကိုယ်တိုင်ပင်လျှင် လွန်စွာမှကို စိတ်အားတက်ကြွနေသည်။ သူ့တစ်ဘဝလုံးတွင် ယခုလောက်ထိ ကံမကောင်းခဲ့ဖူးပါ ရုတ်တရက်သူက ငွေစနှစ်ရာကျော်သည်အထိ အနိုင်ရရှိသွားခဲ့သည်။ ထိုအခိုက်တွင်တော့ ဟွမ်လီသည် စိတ်လှုပ်ရှားမှုကြောင့် မျက်လုံးများပင် နီရဲနေသည်။ ကံကောင်းတဲ့အချိန်မှာ လူတယာက်က လုံးဝကို ရပ်တန့်၍ မရပါ။
ယခုအချိန်တွင် ဟွမ်လီသည် စိတ်မထိန်းနိုင်ပါသဖြင့် ရှိသမျှ ငွေစ နှစ်ရာလုံးကို ခြောက်သုံးလုံး ကျမည့်ဘက်ထဲသို့လောင်းချလိုက်သည် ။ အဘယ်ကြောင့်ဆိုသော် သူ၏ အလိုလိုသိစိတ်က ယခုအခါတွင် အံစာလုံးက ခြောက်သုံးလုံးကျမည်ဟု ခန့်မှန်းမိနေသောကြောင့်ဖြစ်သည်။ ခြောက်သုံးလုံးသာကျပါက လောင်းကစားနိုင်သွားလျှင် ငွေစ အစ သုံးဆယ်ခန့်အလျော်ရမည်ဖြစ်သည်။
တခြားလူများကလည်း ဟွမ်လီက အဆက်မပြတ်အနိုင်ရနေသည်ကို သတိပြုမိကြသည်။ ငို့သော် ဟွမ်လီသည် အနိုင်ရသမျှ အရာအားလုံးကို တစ်ကွက်ထဲ၌ လောင်းချလိုက်သည်ကိုမြင်သောကြောင့် သူတို့အားလုံးက အံ့အားသင့်သွားပြီး ဟွမ်လီကို အရူးတယောက်လိုပင် ကြည့်နေခဲ့ကြသည်။
လူတိုင်းကို ပို၍ အံသြသွားစေသည်မှာ ဒိုင်က အံစာတုံးကို လှန်လိုက်သောအခါတွင် ခြောက်သုံးလုံးကျနေခြင်းပင်ဖြစ်သည်။ ဒိုင်ပင်လျှင် အတော်လေးကို ထိတ်လန့်နေခဲ့သည်။ ဟွမ်လီသည် ငွေစတစ်သန်းခန့်အနိုင်ရရှိနေပြီဖြစ်သည်။ နံဘေးမှရပ်ကြည့်နေသော ပိုင်ဟပင် အူကြောင်ကြောင်ဖြစ်နေပါပြီ
"ဘယ်လိုဖြစ်ပြီး ဒီလောက်တောင်ကံကောင်းနေရတာလဲ''
ပိုင်ဟက တွေးနေသည်မှာငွေစတစ်သန်းခန့်နိုင်နေပြီဖြစ်သောကြောင့် ဟွမ်လီသည် ထွက်သွားသင့်ပြီ ဖြစ်သည်။ သို့သော် ဟွမ်လီသည် စိတ်မကျေနပ်သေးပါ ။ သူ၏ ကံတရားမှာ အလွန်အမင်းကောင်းမွန်နေသည်ဟု ခံစားနေရပြီး ဆက်လက်၍ လောင်းကစားပြုလုပ်တော့ပါသည်။
သူ၏ နံဘေးတွင် ဝိုင်းအုံပြီးကြည့်လာသော လူများ တဖြည်းဖြည်းပို၍ များလာ၏။ လူတိုင်းက ဟွမ်လီ၏ အနိုင်ရရှိမှုများကို ဆက်လက်၍ ကြည့်ရှုနေကြပါသည်။ ယနေ့တွင်တော့ ဟွမ်လီကို ကံကြမ္မာနတ်ဘုရားမက စောင့်ရှောက်နေဟန်ရှိပါသည်။
ငွေစတစ်သန်းကနေ ငွေစနှစ်သန်းအထိ အနိုင်ရရှိသွားပါ၏။ ထို့နောက်တွင် ငွေစ ဆယ်သန်း ငွေစ သန်းငါးဆယ် ငွေစ သုံးမီလီယံ အဆုံးသတ်တွင်ငွေစ ငါးဆယ်မီလီယံ အထိပင် အနိုင်ရရှိနေခဲ့သည်။ လူတိုင်းမှာ အံ့အားသင့်နေပြီး ပိုင်ဟဆိုလျှင် အံ့အားသင့်လွန်းသောကြောင့်ပါးစပ်ကြီးပင်ဟလျက် ရှိနေပါတော့သည်။
ဟွမ်လီရဲ့ကံကြမ္မာက ကောင်းလှချည်လား
ငွေစနှစ်စကနေ ငွေစ ငါးဆယ်မီလီယံတောင်အနိုင်ရနေတာ မဖြစ်နိုင်ဘူးမလား
ယခုအချိန်တွင်တော့ ဟွမ်လီမှာ မျက်လုံးများနီရဲကာ သွက်သွက်ခါအောင် ရူးသွပ်လျက်ဖြစ်နေပါ၏။ ယနေ့တွင်သူသည် လောကကြီး၏ ထိပ်ဆုံးသို့ရောက်ရှိနေပြီဟု ခံစားနေခဲ့ရ၏။ လောင်းကစားရုံ၏ ဒိုင်ပင်လျှင် မျက်လုံးကြီးပြူးနေပြီဖြစ်သည်။ ဟွမ်လီက မရပ်တန့်သေးပါ သူက ဘာတစ်ခုမှလည်း ဆက်လက်၍ မတွေးနိုင်ပါ သူ၏ ခေါင်းထဲ၌ ဆက်ပြီးလောင်းရမည်ဟူသော အတွေးတစ်ခုသာ ရှိပါသည်။ သူဆက်ပြီးတော့လောင်းမှဖြစ်မည်
"အပွင့်အကြီးကိုလောင်းတယ် ငွေစ ငါးဆယ်မီလီယံ အကုန်လုံးကို အပွင့်ကြီးကျမယ့်ဘက်ကို လောင်းတယ်''
သို့သော် ယခုအချိန်တွင်တော့ အံစာတုံးက အကုန်လုံး အပွင့်အသေးသာ ထွက်ပေါ်လာခဲ့ပါသည်။ ချက်ချင်းပင်လျှင် အနိုင်ရရှိသော ငွေစ ငါးဆယ် မီလီယံသည် လောင်းကစားရုံ၏ ဒိုင်က အကုန်လုံးစားသွားပါတော့၏။ ငွေစအားလုံးဆုံးရှုံးသွားမှသာ ဟွမ်လီသည် သတိပြန်ဝင်လာခဲ့သည်။
သူက ခြူးတစ်ပြားမှမကျန်သော လက်နှင် တဂွီဂွီမြည်နေသော ဗိုက်ကို ကိုင်လျက် အိပ်မက်မက်နေသလို ဖြစ်နေခဲ့၏။ ယခုအချိန်မှသာ ခေါက်ဆွဲတစ်ပွဲ ဝယ်စားရန်အတွက်ပင် သူ့မှာငေငွမရှိကြောင်းကို ဟွမ်လီ သတိပြုမိလိုက်၏။ ထိုကဲ့သို့ရှုံးနိမ့်သွားသည့်တိုင် ဟွမ်လီသည် လောင်းကစားရုံ၌ ဒဏ္ဍာရီလာ ပုဂ္ဂိုလ် တစ်ဦး ဖြစ်သွားခဲ့ပါသည်။
ငွေစနှစ်စကနေ ငွေငါးဆယ်မီလီယံရအောင်လုပ်ခဲ့တဲ့သူမျိုးက ဘယ်လိုလုပ် သာမန်ဖြစ်နိုင်ပါ့မလဲ
လူတိုင်းက ထိုအရာသည် အလွန်အမင်းကို ကြီးကျယ် ခမ်းနားလှသည်ဟု ခံစားနေရသည် ဟွမ်လီက လောင်းကစားရုံးမှ မှေးမိန်သော အမူအရာဖြင့် ထွက်လာသောအခါတွင် တစုံတဦးက သူ့အနားသို့ကပ်လာပြီး သူ့ကို ခေါ်ဆောင်သွားတော့သည်။ လမ်းတွင် ဟွမ်လီကို သူ၏ အရှင်က တွေ့လိုသည်ဟု ပြောလိုက်ပါသည်။
ပိုင်ဟက အဝေးမှစောင့်ကြည့်နေပြီး ဟွမ်လီကိုခေါ်သွားသူမှာ ဟိုင်ဒေါင်ရှန်၏ လူများထဲမှ တစ်ဦးဖြစ်ကြောင်းသိလိုက်၏။ ပိုင်ဟက ဆက်လက်၍ နောက်ယောင်ခံမလိုက်ပါ သူက ညနေရောက်သောအခါ လီဟမ်ရှန်းထံ သွားရောက်၍ တွေ့သမျှအရာများအားလုံးကို သတင်းပေးလိုက်သည်။