အခန်း (၄၄၂)
Vol. 36 Ch. 442
"ဟွမ်လီက ဘာဖြစ်ခဲ့တာလဲ သူဘာလုပ်ခဲ့လဲ"
လီဟမ်ရှန်း က တစ္စေမျိုးနွယ်ဝင်များရေးသားထားသော စာအုပ်ကိုဖတ်ရင်းမေးလိုက်သည်။ သူက တစ္စေမျိုးနွယ်ဝင်စာအုပ်များကိုဖတ်နေရခြင်းမှာ တိမ်ကန္ဓာရ နယ်မြေတွင်ရှိသော အကြောင်းအရာများကို နားလည်လိုခြင်းကြောင့်ဖြစ်သည်။ သူရောက်ရှိနေသော နေရာ၏ အခြေအနေကိုကောင်းကောင်းမွန်မွန်သိမှသာ ဤ နေရာတွင်အသက်ရှင်နိုင်မည်ဖြစ်သည်။
"သူကလောင်းကစားရုံကိုသွားခဲ့တာလေ"
ပိုင်ဟက ဖြေလိုက်၏။
"သူက လောင်းကစားရုံမှာလောင်းကစားခဲ့တာလား အခြေအနေဘယ်လိုလဲ"
လီဟမ်ရှန်းက စာအုပ်ကို အကြည့်မလွှဲပဲနဲ့ပြောလိုက်သည်
"အခြေအနေကတော့.....''
ပိုင်ဟက သူကြုံတွေ့လာသော အဖြစ်အပျက်ကို အံ့အားသင့်စွာပြန်လည်ပြောပြပြီးလိုက်ပါသည်
"သူက နောက်ဆုံးမှာ ငွေစနှစ်စကို ရှုံးသွားတယ်"
လီဟမ်ရှန်းမှာထိုအဖြေကိုကြားသော် အံ့သြမနေခဲ့ပါ ဟွမ်လီရှုံးနိမ့်မည်ကို သူက ကြိုသိနေသည့်အလားပင်ဖြစ်သည်။
"သူပြန်ထွက်လာတဲ့အချိန်မှာ သူ့ကိုဟိုင်ဒေါင်ရှန်ရဲ့လူတွေထဲက တစ်ယောက်က ခေါ်သွားတာကို တွေ့တယ်" ပိုင်ဟက ပြောလိုက်သည်။
"ဟိုင်ဒေါင်ရှန်လား''
ဟိုင်ဒေါင်ရှန်သည် သူ့အပေါ်တွင် သံသယရှိနေသေးသည်ကို လီဟမ်ရှန်းသိပါသည်။ သို့သော် သက်သေမရှိသရွေ့တော့ လီဟမ်ရှန်းက ဟိုင်ဒေါင်ရှန်ကိုကြောက်ရွံ့မည်မဟုတ်ပါ။ သို့သော် ဟိုင်ဒေါင်ရှန်လိုလူသားမျိုးက နောက်ကွယ်တွင် ဘယ်လိုမျိုးကောက်ကျစ်ယုတ်မာသောနည်းလမ်းများကို အသုံးပြုမည်ကိုတော့ လီဟမ်ရှန်းက မသေချာပါ ။
ဟိုင်ဒေါင်ရှန်က ဟွမ်လီကို ဘာလို့ ခေါ်သွားတာဖြစ်မလဲ
လီဟမ်ရှန်းက ဆက်လက်၍ မတွေးတောတော့ပါ။ သူသည် အနာဂတ်၌ ဟွမ်လီလိုမျိုးလူစားမျိုးကို သတိကြီးကြီးထားမည်ဟုတွေးလိုက်ပါသည်။ သူတို့နှစ်ဦးကြားတွင်ရှိသော အကြွေးမှာကျေသွားပြီဖြစ်သည်။ ထိုသူကိုဆက်လက်၍ အရေးမစိုက်သင့်ဟု တွေးလိုက်ပါသည်။
"တပ်မှူး၊ ခေါင်းဆောင်ကခင်ဗျားကိုခေါ်နေတယ်''
ထိုအခိုက်မှာပင် စစ်သားတစ်ဦးက သတင်းလာပို့သည်။
"နားလည်ပြီ''
လီဟမ်ရှန်းက ဟုန်ရှန်းကိုသွားရှာလိုက်ပါတော့သည်။ ဟုန်ရှန်းသည် လူရိုးကြီးတစ်ဦးသာဖြစ်၏။ လီဟမ်ရှန်းတွက်တော့ ထိုကဲ့သို့ရိုးသားသောသူမျိုးက ပေါင်းသင်းလို့ အင်မတန်လွယ်ကူသည်ဟု ခံစားမိပါသည်။
လီဟမ်ရှန်းရောက်လာသည့်အခါ ဟုန်ရှန်းသည် နံရံပေါ်တွင်ရှိသောမြေပုံကို ကြည့်နေသည်ကိုတွေ့လိုက်ရသည်
"ခေါင်းဆောင်''
လီဟမ်ရှန်းက အနားကိုတိုးကာပြောလိုက်သည်
"လီယွင် ဒီမှာလာထိုင် ''
ဟုန်ရှန်းက ပြောလိုက်၏။ ထို့နောက်တွင်သူ၏ မျက်လုံးများက ကျဥ်းမြောင်းသွားသည်။
"ဒီရက်တွေ အတွင်းမှာ မင်းရဲ့အခြေအနေဘယ်လိုလဲ''
"အားလုံးအဆင်ပြေပါတယ် ခေါင်းဆောင်ရဲ့ဂရုစိုက်မှုကြောင့်အဆင်ပြေပြေရှိနေပါတယ်။"
လီဟမ်ရှန်းက ခပ်ဖျော့ဖျော့ပြုံးရင်းပြောလိုက်၏။
"ကောင်းတယ်"
ဟုန်ရှန်းက ရုတ်တရက်ပြောလိုက်သည်
"မင်းက အခုတပ်မှူးတယောက်ဖြစ်နေပြီဆိုမှတော့ တပ်မှူးဆိုတဲ့ ရာထူးနဲ့လိုက်အောင် တာဝန်တွေ ထမ်းဆောင်ရလိမ့်မယ်။''
"ခေါင်းဆောင်က ကျွန်တော့်ကို ဘာလုပ်ခိုင်းစေချင်လို့လဲ"
လွယ်ကူသော အလုပ်ဟုယူ၍ မရှိမှန်းကို လီဟမ်ရှန်းက တွက်ဆထားပြီးသားဖြစ်သည်။ ဟုန်ရှန်းက နံရံပေါ်တွင်ရှိသောမြေပုံကို ညွှန်ပြပြီးနောက်ပြောလိုက်၏။
"ငါတို့တစ္စေမြို့တော်က ချောင်ကျတဲ့နေရာမှာရှိတယ်လို့ပြောလို့ရတယ်။ အရင်းအမြစ်တွေ စားသောက်ကုန်တွေရဖို့ ငါတို့က မိုင်ထောင်နဲ့ချီသွားပြီး ကုန်သွယ်မှုလုပ်ရတယ် အဲ့တာတောင်မှ လုံလုံလောက်လောက်မရဘူး ဒါကြောင့် ငါတို့က တခြားမျိုးနွယ်တွေကို သွားပြီး လုယက်ရတယ်။
တပ်မှူးတယောက်ဖြစ်လာပြီဆိုမှတော့ အဲ့တာက မင်းရဲ့တာဝန်ထဲက တစ်ခုပဲ တခြားတပ်မှူးတွေကလည်း မင်းလိုမျိုးပဲ ဒီတာဝန်ကို လုပ်ရတယ် ငါတို့က ဒီနယ်မြေနဲ့ပက်သက်ပြီး တာဝန်ယူထားတာလေ"
ဟုန်ရှန်းသည် လီဟမ်ရှန်းအားမြေပုံပေါ်ရှိနေရာတစ်ခုကိုညွှန်ပြလိုက်ပြီးနောက် ဆက်ပြောသည် ဒီနားတဝိုက်မှာမျိုးနွယ်စုတွေ အများကြီးရှိတယ်
သူတို့ရဲ့အရင်းအမြစ်တွေ ယူရတယ် ခုခံတဲ့သူတွေ အကုန် သတ်ဖြတ်ပစ်ရတယ် ဒါက ငါတို့ တိမ်ကန္နာရနယ်မြေမှာ လုပ်နေကျပုံစံပဲ ငါ့လက်အောက်မှာရှိတဲ့တခြားတပ်မှူးတွေလည်း ဒီလိုပဲ လုပ်ရတယ် ခြောက်လတစ်ကြိမိတိုင်းတပ်မှူးတွေက မျိုးနွယ်စုနှစ်ခု အနည်းဆုံးလုယက်ရတယ် မျိုးနွယ်စုနှစ်ခုလောက် ကို သတ်ဖြတ်ကျူးကျော်ပြီး သူတို့ဆီက အရင်းအမြစ်တွေ မလုယူနိုင်ဘူးဆိုရင်ခေါင်းဆောင်နေရာက ဖယ်ရှားခံရတယ်''
"ကျုပ်နားလည်ပါပြီ''
လီဟမ်ရှန်းက ခေါင်းညိတ်ပြလိုက်သည်။
အတိုချုပ်ပြောရမယ်ဆိုလို့ရှိရင် တစ္စေမြို့နယ်သည် အလှမ်းဝေးပြီးချောင်ကျသောနေရာဖြစ်သောကြောင့်အရင်းအမြစ်ရရန် ဓားပြများကဲ့သို့ လုပ်ဆောင်ရခြင်းဖြစ်ပါသည်။ ဤနေရာသည် လူသားမျိုးနွယ်နေရာသာ ဖြစ်ပါက ယခုလိုမျိုးလုပ်ရပ်မျိုးသည် ပြသာနာအကြီးအကျယ်တက်သွားမည့် လုပ်ရပ်မျိုးဖြစ်ပါသည်။
သို့သော် ယခုနေရာသည် တစ္စေမျိုးနွယ်ဝင် များရှိသော တိမ်ကန္တာရ နယ်မြေပင်ဖြစ်သည်။ ဤသို့ခက်ခဲကမ်းတမ်းသောနေရာ၌ အသက်ရှင်ရပ်တည်ရန်မှာ ပထမ ဦးစားပေးသာဖြစ်ပါသည်။
"ငါတို့က တစ္စေမြို့တော်ရဲ့ အနောက်ဘက်အရပ်ကိုတာဝန်ယူရလိမ့်မယ်"
ဟုန်ရှန်းက မြေပုံကိုထောက်ပြပြီး ပြောလိုက်၏။ မြေပုံထဲ၌ မြောက်မြားစွာသော မျိုးနွယ်စုတို့၏ တည်နေရာများကို အမှတ်အသားပြုလုပ်ထားသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် တိမ်ကန္တာရ နယ်မြေတွင်
မျိုးနွယ်စုများစွာရှိသည်ကို သိနိုင်မည်ဖြစ်သည်။
"မင်းကြိုက်တဲ့မျိုးနွယ်စုကိုရွေးလို့ရတယ် ဒါပေမယ့် ငါတို့တွေက အချိန်အတော်ကြာတိုက်ခိုက်လာတာမလို့ အခုချိန်ထိကျန်ရှိတဲ့ မျိုးနွယ်စုတွေက အားကောင်းတဲ့ မျိုးနွယ်စုတွေပဲ ဟုန်ရှန်းက လီဟမ်ရှန်းကိုသတိပေးလိုက်သည် ဒီအလုပ်က စွန့်စားရမယ်''
ဟုန်ရှန်းက ဆက်ပြောသည်
"မင်းရဲ့နေရာမှာ အရင်တုန်းကရှိတဲ့ တပ်မှူးတယောက်ကလည်း တခြားမျိုးနွယ်စုကို သွားတိုက်ခိုက်ရင်း တိုက်ပွဲမှာပဲ အသက်ပေးလိုက်ရတာ''
"သူသေသွားတုန်းက ဘယ်မျိုးနွယ်စုကိုတိုက်ခိုက်တာလဲ"
"ဒီမျိုးနွယ်စုပဲ"
ဟုန်ရှန်းက မြစ်ကမ်းနံဘေးတွင်ရှိသော မျိုးနွယ်စုကို ညွှန်ပြလိုက်ပြီးနောက်ဆက်လက်၍ ရှင်းပြသည်
"ထျန်းရွှေ မျိုးနွယ်စုလို့ခေါ်တယ် သူတို့က ထျန်းရွှေမြစ်နားမှာရှိတာမို့လို့ အဲ့နာမည်ပဲပေးလိုက်တာ သူတို့က မြေမျက်နှာသွင်ပြင်အနေအထားက အားသာတဲ့နေရာမှာရှိတယ် သူတို့ကိုသွားပြီးတော့ တိုက်ခိုက်ဖို့ဆိုတာ တော်တော်လေးကို ခက်ခဲနေတယ်
ပြီးတော့ သူတို့ဆီမှာ ရေတစ္စေမျိုးနွယ်တွေရှိတယ် အဲ့ဒီရေတစ္စေမျိုးနွယ်တွေက ရေထဲမှာဆို အရမ်းအားကောင်းကြတယ် အဲ့ဒီ့ရေတစ္စေတွေကြောင့်ပဲ ငါတို့တွေ အရင်တုန်းက ကြီးကြီးမားမားဆုံးရှုံးခဲ့ရတာ"
"အဲ့တာဆို ဒီတခေါက် ထျန်းရွှေမျိုးနွယ်ကို တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်မယ်"
လီဟမ်ရှန်းက ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။
''ထျန်းရွှေမျိုးနွယ်ဟုတ်လား''
ဟုန်ရှန်းသည် အနည်းငယ်အံ့အားသင့်သွားပြီးနောက် သူ့ကိုတားမြစ်ရန်ကြိုးစားပါတော့သည်။
"ပထမဦးဆုံး တပ်မှူးလုပ်ရသည့်အချိန်တွင် လွယ်ကူတဲ့ ပစ်မှတ်ကိုရွေးစမ်းပါ ထျန်းရွှေမျိုးနွယ်ကို တိုက်ခိုက်တယ်ဆိုတာ မင်းအသက်ရှင်လျက်ပြန်လာဖို့တောင်မသေချာဘူးနော်"
"အဲ့တစ်ခုပဲရွေးမယ်လို့ ကျုပ်ဆုံးဖြတ်ပြီးသွားပြီ"
လီဟမ်ရှန်းက လုံးဝကိုမကြောက်ပါ မြို့ထဲတွင်ဆိုလျှင် သူက ဖုံးကွယ်ပြီး သိုသိုဝှက်ဝှက်နေရမည်ဖြစ်သည်။ အပြင်ဘက်တွင်တော့ သူက ဘယ်အရာကိုမှ ထိန်းချုပ်စရာမလိုတော့ပါ
ထိုမျိုးနွယ်စုတွင် မူလအဆင့်ကျင့်ကြံသူပင်မရှိပါ အဲ့တော့ သူက ဘာကိုများကြောက်နေရဦးမှာလဲ
ယေဘုယျအားဖြင့်ပြောရမယ်ဆိုလျှင် မူလအဆင့်မျိုးနွယ်စုများသည် သာမန်တပ်မှူးများတိုက်ခိုက်ရမည့်နေရာမဟုတ်ပါ ထိုနေရာတွင်ခေါင်းဆောင်များက ဦးဆောင်တိုက်ခိုက်ပြီး ဂုဏ်ထူးဆောင်လက်မှတ်များကို ယူဆောင်ရမည့်အနေအထားဖြစ်ပါသည်။တပ်မှူးများအတွက်တော့ အားအင်နည်းပါးသည့် မျိုးနွယ်စုများကိုသာ ဖြေရှင်းနိုင်မည်ဖြစ်သည်။
ဟုန်ရှန်းထံမှ ထွက်လာပြီးသည့်နောက်တွင် လီဟမ်ရှန်းက နောက်တနေ့မနက်တွင် သူ၏ တပ်သားများနှင့် တစ္စေမြို့တော်မှ ထွက်ခွာ ရန်အတွက်ပြင်ဆင်လိုက်ပါတော့သည်။ ယခုအချိန်တွင်သူက တပ်သားများကို ဦးဆောင်၍ ထွက်ခွာရခြင်းက ပထမဆုံးအကြီမ်ပင်ဖြစ်သောကြောင့် စစ်သူကြီးတစ်ဦးကဲ့သို့ပင် ခံစားနေခဲ့ရသည်။ သတင်းများပျံ့နံ့သွားသည့်အခါတွင် စသ်သူကြီးတဲကောင်း စံအိမ်ထဲတွင်ရှိသော လူများက လီဟမ်ရှန်း၏ လုပ်ရပ်ကို မယုံနိုင်အောင်ဖြစ်နေခဲ့သည်။
လီဟမ်ရှန်းက ပထမဦးဆုံးတာဝန်အဖြစ် ထျန်းရွှေမျိုးနွယ်ကို ဖျက်ဆီးမည်ဟူသော သတင်းပင်ဖြစ်သည်။
“ဒီလူသားက သေချင်နေတာပဲ"
တစုံတဦးက အေးစက်စွာဖြင့် နှာမှုတ်လိုက်သည်။
"သူက အရမ်းကိုကြီးမြတ်ကြောင်းပြချင်နေတာလေ ဒါမယ့် ဒီတကြိမ်မှာ သူက နံရံနဲ့ခေါင်းနဲ့ဆောင့်မိသလိုဖြစ်သွားပြီပဲ ထျန်းရွှေမျိုးနွယ်မှာ မူလအဆင့်ကျင်ကြံသူတွေမရှိပေမယ့် ထျန်းရွှေမျိုးနွယ်ဝင်တွေတည်ရှိတဲ့နေရာမှာ ထျန်းရွှေမြစ်ကမ်းနားမှာလေ သူတို့မှာ ပြန်လည်မွေးဖွားခြင်းအဆင့် အထွတ်အထိပ်နှစ်ယောက်ရှိတယ် ရေထဲမှာဆိုရင် အဲ့လူနှစ်ယောက်က မူလအဆင့်နဲ့မခြား စွမ်းအားကြီးမားလွန်းတယ် ဘာမဟုတ်တဲ့ပုရွက်ဆိတ်လိုရှိတဲ့လူသားလေးက ဘယ်လိုလုပ် ဒီအရာကိုအောင်မြင်မလဲ"
ဘယ်သူကမှ လီဟမ်ရှန်းကို အောင်မြင်မယ်လို့ထင်မထားကြပါ။ သို့သော် လီဟမ်ရှန်းက ထိုစကားများကို လစ်လျူရှုပြီး ထျန်းရွှေမျိုးနွယ်ဝငိများရှိရာသို့ ခရီးဆက်ခဲ့သည်။
နောက်တနေ့နေ့လည်ခင်းတွင်သူသည် မျိုးနွယ်စုများရှိရာနေရာကို အဝေးမှမြင်လိုက်ရပါ၏။
"အရှင် အရှေ့က ထျန်းရွှေမျိုးနွယ်ဝင်တွေရှိတဲ့နေရာပါ"
ပိုင်ဟက လီဟမ်ရှန်း ကိုသတိပေးလိုက်သည် သူသည်လည်း အနည်းငယ်စိတ်လှုပ်ရှားနေ၏။
"မင်းစိတ်လှုပ်ရှားနေတာလား"
လီဟမ်ရှန်းကမေးလိုက်သည်။
"အရမ်းကြီးတော့မဟုတ်ပါဘူး ဒါမယ့် ထျန်းရွှေမျိုးနွယ်မှာရှိတဲ့စစ်သူရဲကောင်းတွေက အရမ်းကို စွမ်းအားကြီး လွန်းတယ်"
ပိုင်ဟက လီဟမ်ရှန်း ကိုသတိပေးလိုက်သည်
"သတိထားတာကောင်းလိမ့်မယ်နော် အရှင်"
"ငါသိပါတယ်"
လီဟမ်ရှန်း ကတော့တည်ငြိမ်နေဆဲပင်ဖြစ်သည် ပို၍များပြားသော အရင်းအမြစ်များနှင့်ရာထူးတက်ရန်အတွက် လီဟမ်ရှန်းသည် တစ္စေမြို့တော်၌ တဆင့်ပြီးတဆင့်အထက်သို့တက်မှဖြစ်မည်။ ထိုကဲ့သို့အခြေအနေသို့ရောက်ရန် လီဟမ်ရှန်းသည် စစ်တပ်နှင်ပက်သက်သော အောင်မြင်မှုများကို ထုတ်ပြနိုင်ရန်ဖြစ်သည်။ ထျန်းရွှေမျိုးနွယ်ဝင်များသည် သူ၏ ခြေနင်းကျောက်တုံးများပင် ဖြစ်ပါတော့သည်။