← Chapters

ငွေရောင်လေး၏ အသုံးဝင်သောသလိပ်

Vol. 43 Ch. 631

ငွေရောင်လေး၏ အသုံးဝင်သောသလိပ်

Vol. 43 Ch. 631

မမြင်နိုင်သောဓားပျံ ၁၀၀ကျော်က ဇိမ်ခံကားဆီသို့ အကြီးမားဆုံးဖိအားကို သယ်ဆောင်လာခဲ့သည်။

ဤမမြင်နိုင်သော ဓားပျံများကို နတ်ဆိုးမုဆိုးများ အဖွဲ့အစည်း၏ ဥက္ကဌပိုင်က အထူးပြင်ဆင်ပေးထားခြင်းဖြစ်သည်။

ဗုံးပစ်စီနီယာအင်မော်တယ်၏ မြင်ကွင်းစွမ်းအားက ၎င်းတို့ကိုမြင်နိုင်လောက်သည်အထိ မပြင်းထန်သော်လည်း ငွေရောင်လေးကမူ ဤအံ့မခန်း မြင်ကွင်းကို လုံးလုံးလျားလျား မြင်နေရသည်။

“အိုး.. ကြည့်စမ်းပါဦး ညီနောင်ဗုံးပစ်.. ကြယ်ကြွေနေသလိုပဲ”

ငွေရောင်လေးက တအံ့တဩ ရေရွတ်လိုက်သည်။

ဗုံးပစ်စီနီယာအင်မော်တယ် “ညီနောင်ငွေရောင်လေး.. အခုကအဲဒါကို သဘောကျနေရမယ့် အချိန်မဟုတ်ဘူး”

ငွေရောင်လေး “အင်းလေ.. ငါတို့ဆီကို ဓားပျံတွေ ရာနဲ့ချီပြီး ပျံသန်းလာတာကို ငါသိတယ်လေ”

ဗုံးပစ်စီနီယာအင်မော်တယ် “……….”

မြားပေါင်းတစ်ထောင် ကဲ့သို့ မြင်နိုင်သောဓား ၁၀၀ကျော်က ကောင်းကင်မှ သက်ဆင်းလာသည်။

ဤဓားပျံတစ်ခုစီတွင် စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း နှောင်းပိုင်း အထွတ်အထိပ်ကိုပင် သေစေနိုင်သော စွမ်းအားများပါဝင်သည်။

စမ်းသပ်တိုက်ခိုက်မှုတစ်ခုသည် ဇိမ်ခံကား၏ ကာကွယ်ရေး နှစ်ထပ်ကို ပြိုကွဲလုနီးပါး ဖြစ်စေခဲ့သည်။

ယခုတစ်ကြိမ် ဓားပျံ၁၀၀ကျော်ကမူ ပစ်မှတ်တစ်ခုတည်းသို့ဦးတည်ကာ တိုက်ရိုက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်၏။

ထိုဓားပျံအစုအဝေး၏ စွမ်းအားကို ဇိမ်ခံကား၏ ခံစစ်အကာအကွယ်က ခံနိုင်ရည်ရှိမည်မဟုတ်ပေ။

“ငါလုပ်နိုင်ခဲ့ပြီ”

အကြီးအကဲက စိတ်လှုပ်ရှားနေခဲ့သည်။

လက်စားချေခွင့်ရတော့မည့်အချိန်တွင် မည်သူမဆို ဤကဲ့သို့ပင် ခံစားရမည် ဖြစ်သည်။

သို့သော် သူ့အစီအစဉ်က အောင်မြင်တော့မည်ဟု အကြီးအကဲ တွေးလိုက်သောအချိန်မှာပင် ဇိမ်ခံကား၏ ပြတင်းပေါက်မှန်က ရုတ်တရက် နိမ့်ဆင်းသွားသည်ကို တွေ့လိုက်ရသည်။

“သူတို့တွေ ကားပေါ်ကနေ ခုန်ဆင်းပြီး ထွက်ပြေးတော့မှာလား”

ဘူးသီးခြောက်ပေါ်မှ အကြီးအကဲက မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။

မထင်မှတ်ထားသော မြင်ကွင်းတစ်ခုကို သူရုတ်တရက် မြင်လိုက်ရသည်။

ခရီးသည်ခုံတွင် ထိုင်နေသော ငွေရောင်ဆံပင်နှင့် လူငယ်လေးသည် ပြတင်းပေါက်အပြင်ဘက်သို့ ခေါင်းထွက်ကာ ချွဲသလိပ်များကို ထွေးထုတ်လိုက်သည်။

အကြီးအကဲက ရယ်မောလိုက်၏။

သူ့မျက်လုံးထဲတွင်မူ ဤအရာသည် အချည်းနှီးသော ခုခံမှုသာဖြစ်သည်။

“သလိပ်တစ်လုတ်တဲ့လား”

ငွေရောင်ဆံပင်နှင့် လူငယ်လေးက စိတ်ပျက်အားငယ်နေ၍ ကြံမိကြံရာ လုပ်မိခြင်း ဖြစ်နိုင်သည်။

သလိပ်တစ်လုတ်က မည်သည့်အရာများကို စွမ်းဆောင်နိုင်ပါအံ့နည်း။

သူ၏အဆုံးမဲ့ဓားများ ဖန်တီးခြင်းမှော်စွမ်းရည်ကို ဤသလိပ်များက ဖြိုဖျက်နိုင်မည်ဟု အကြီးအကဲ မယုံကြည်ခဲ့ပေ။

သို့သော် နောက်ထပ် အခိုက်အတန့်မှာပင် ဤငွေရောင်သလိပ်က မီးရှူးမီးပန်းများကဲ့သို့ ပေါက်ကွဲသွားပြီး လေထဲတွင် ပျံ့နှံ့သွားခဲ့သည်။

အကြီးအကဲ “……….”

မမြင်နိုင်သောဓားပျံများက ချွဲသလိပ်များကို ထိမိလိုက်သည်နှင့် ချက်ချင်းဆိုသလို ပြိုကျသွားပြီး လုံးဝ ပြိုပျက်သွားခဲ့သည်။

အကြီးအကဲ “???”

“ဒါဘယ်လိုဖြစ်နိုင်မှာလဲ”

အကြီးအကဲကျိုးက နှလုံးသားထဲကနေ အော်ဟစ်နေခဲ့သည်။

ဤအံ့ဩဖွယ်သလိပ်စွမ်းအားသည် သူ၏နှလုံးသားကို တုန်လှုပ်ခြောက်ခြား သွားစေခဲ့သည်။

အကြီးအကဲကျိုး မတုန့်ပြန်မီမှာပင် နောက်ထပ် ငွေရောင်သလိပ် နှစ်လုတ်က ခရီးသည်ဘက်ခြမ်းရှိ ပြတင်းပေါက်မှလွင့်ပျံလာပြီး ကောင်းကင်ပေါ်တွင် ချက်ချင်းပေါက်ကွဲသွားပြန်သည်။

“ပြီးသွားပြီ”

ငွေရောင်လေးက ပြုံးလိုက်သည်။

သူ၏ ငွေရောင်သလိပ်များ ပေါက်ကွဲလွင့်စင်သွားပြီးနောက်တွင် ကောင်းကင်၌ပျံသန်းနေသည့် မမြင်နိုင်သောဓားချီများကလည်း လွင့်စင်သွားခဲ့သည်။

အကြီးအကဲကျိုးက လုံးလုံးလျားလျား တုန်လှုပ်သွားပြီး ပါးစပ်အဟောင်းသား ဖြစ်နေခဲ့၏။

ထိုအရာက သူ့ဘဝတွင် တစ်ခါမှ မဖြစ်ပေါ်ဖူးသော အမူအရာ ဖြစ်သည်။

“ချီးပဲ”

ဤငွေရောင်လူငယ်၏ သလိပ်က သူ၏တိုက်ခိုက်မှုကို လွယ်ကူစွာ ချေဖျက်နိုင်ခဲ့သည်။

သူက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း အထွတ်အထိပ်အဆင့်ရှိ မမြင်နိုင်သောဓားပျံ ၂၀၀ကို ဆုံးရှုံးလိုက်ရပြီ ဖြစ်၏။

တကယ်တမ်းတွင် အကြီးအကဲကျိုးဝူ၌ ဓားပျံများစွာ ရှိနေပါသေးသည်။

သို့ရာတွင် အကြီးအကဲကျိုးဝူက ကျန်ရှိသောဓားပျံများကို တစ်ကိုယ်ကောင်းဆန်စွာ သိမ်းဆည်းထားလိုခဲ့သည်။

ဤမစ်ရှင်ကို ဆောင်ရွက်ရန်အတွက် ဥက္ကဌပိုင်က သူ့ကို ဓားပျံ၆၀၀ ပေးအပ်ခဲ့ပြီး ၎င်းတို့အနက်မှ ၂၀၀သည် စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

ကျန်၄၀၀မှ ၂၀၀မှာ ဟင်းလင်းပြင်အဆင့်တွင် ရှိပြီးကျန်၂၀၀မှာမူ ခြေသလုံးအိမ်တိုင် နှောင်းပိုင်းအဆင့်တွင် ရှိသည်။

အကြီးအကဲကျိုးဝူသာ ဤဓားပျံအားလုံးကို အသုံးပြုခဲ့မည်ဆိုလျှင် ဇိမ်ခံကားက အမှန်တကယ် ထိခိုက်နိုင်လောက်သည်။

အကြီးအကဲကျိုးဝူက အံကြိတ်ကာ အမှန်တကယ် ပြင်းထန်သည့်တိုက်ခိုက်မှုကို စတင်တော့မည့်အချိန်တွင် သူ့ရှေ့၌ ပုံသဏ္ဍာန်တစ်ခုက ရုတ်တရက် ပေါ်လာသည်။

သူ၏အမူအရာက ချက်ချင်းပင် တောင့်တင်းသွားခဲ့သည်။

သူက အာကာပြင်ထဲရှိ သီးခြားနေရာလွတ် တစ်ခုတွင် ရှိနေခြင်း ဖြစ်သည်။

ထို့ကြောင့်သူ၏ခန္ဓာကိုယ်က လုံးလုံးလျားလျား ပျောက်ကွယ်နေခဲ့သည်။

သို့ရာတွင် အကြီးအကဲဝမ်က အရာတစ်ခုကို လျစ်လျူရှုခဲ့မိသည်။

ယင်းမှာ ငွေရောင်လေး၏ အာရုံခံစွမ်းအားပင် ဖြစ်၏။

ငွေရောင်လေး၏ သလိပ်သည် မမြင်နိုင်သောဓားပျံများကိုဖျက်ဆီးနိုင်ရုံသာမက ခြေရာခံကိရိယာ အဖြစ်လည်း အသုံးပြုနိုင်သည်။

ငွေရောင်လေး၏ အာရုံကြောများနှင့် ချိတ်ဆက်ထားသည့် ငွေရောင်သလိပ်များက မမြင်နိုင်သောဓားပျံများ၏ တုန်ခါမှုနှင့် အလုံးစုံခွန်အားကို တွက်ချက်ပြီး ဓားပျံများ ထွက်ပေါ်လာသည့် အနီးစပ်ဆုံးတည်နေရာကို ဆုံးဖြတ်ပေးနိုင်၏။

သို့သော် အကြီးအကဲကျိုးဝူသည် လက်ရှိတွင် သီးခြားနေရာလွတ်တစ်ခုတွင် ရှိနေသောကြောင့် ထိုဓားများသည် ယေဘုယျဇစ်မြစ်ကိုသာလျှင် ဆုံးဖြတ်နိုင်မည် ဖြစ်သည်။

ထို့ကြောင့် ၎င်းတို့ကြားရှိ အကွာအဝေးက အလွန်နီးကပ်နေသော်လည်း ငွေရောင်လေးအနေဖြင့် အကြီးအကဲကျိုးဝူကို ထိခိုက်အောင် မလုပ်နိုင်ပေ။

ဤအရာသည် အကြီးအကဲကျိုးဝူ၏ မမြင်နိုင်သောကိုယ်ပွားတစ်ခုသာ ဖြစ်သည်။

တစ်ဖက်လူက သူ့ကိုရှာမတွေ့ကြောင်း အတည်ပြုပြီးနောက် အကြီးအကဲကျိုးဝူသည် အဆုံးသတ်၌ စိတ်အေးလက်အေးဖြစ်သွားခဲ့သည်။

သို့သော် ဤမြင်ကွင်းက သူ့အား ချွေးစေးများ ထွက်စေခဲ့၏။

တစ်ဖက်လူက သူ့ကို မည်ကဲ့သို့ ခြေရာခံနိုင်ခဲ့ပါသနည်း။

အကြီးအကဲကျိုးဝူက အလွန်ပင် အံ့ဩသွားခဲ့သည်။

ဇိမ်ခံကားထဲမှ မထွက်နိုင်ခဲ့သည့်အတွက် ငွေရောင်လေးက နတ်ဆိုးမုဆိုးများ အဖွဲ့အစည်း၏ အကြီးအကဲကျိုးဝူနှင့်ရင်ဆိုင်ရန် ကိုယ်ပွားတစ်ခု ဖန်တီးခဲ့သည်။

ဤလူ၏ အလုံးစုံစွမ်းအားက မစ္စတာလုထက် များစွာအားနည်းပြီး နှိုင်းရက်စရာပင်မရှိပေ။

ထို့ကြောင့် သူ၏ကိုယ်ပွားဖြင့် ကိုင်တွယ်ဖြေရှင်းရန် လုံလောက်ပေသည်။

တစ်ခုတည်းသော လှည့်ကွက်မှာ တစ်ဖက်လူက အာကာပြင် ထဲရှိ နေရာလွတ်တစ်ခုတွင် ပုန်းအောင်းနေခြင်း ဖြစ်သည်။

ထိုသို့ဖြစ်မည်ကို ငွေရောင်လေးက အစောပိုင်းကတည်းကပင် မှန်းဆမိခဲ့သည်။

ထို့ပြင် ဤသည်က တစ်ဖက်လူ၏ ကိုယ်ပိုင်စွမ်းရည် မဟုတ်ကြောင်း ထင်ရှားသည်။

ဥက္ကဌပိုင်က အကြီးအကဲကျိုးဝူ အတွက် ထိုနည်းစနစ်ကို ပေးအပ်ခဲ့ခြင်း ဖြစ်ဖွယ်ရှိသည်။

ငွေရောင်လေးက မျက်ခုံးပင့်လိုက်သည်။

သူက ဆရာလေးလင်း၏ အိမ်သို့သွားရန် အလျင်လိုနေ၍ အမှားတစ်စုံတစ်ရာ မပြုလုပ်လိုပေ။

သို့သော်ပြဿနာမှာ ဤအခြေအနေတွင် သူဘာလုပ်သင့်ပါသနည်း။

ထိုအချိန်တွင် သူက ဆရာလေးလင်းနှင့် စာချုပ်ချုပ်ပြီးသွားသည်ကို သတိရမိသွားသည်။

ငွေရောင်လေးက သားရဲပဋိညာဉ်စာချုပ်တွင် ရှင်းရှင်းလင်းလင်း ရေးသားထားသည့် အခြေအနေတစ်ခုကို သတိရမိလိုက်သည်။

စာချုပ်ချုပ်ထားသော သားရဲသည် လိုအပ်သည့်အခါတွင် ပိုင်ရှင်ထံမှ အကူအညီတောင်းရန် စာချုပ်၏ စွမ်းအားကို အသုံးပြုနိုင်ပေသည်။

သူက စာချုပ်စွမ်းအားကို တစ်ကြိမ်မှ အသုံးမပြုရသေးပေ။

ငွေရောင်လေး၏ နှုတ်ခမ်းများက ကွေးညွတ်သွားခဲ့သည်။

သူက စာချုပ်၏စွမ်းအား မည်မျှပြင်းထန်သည်ကို စမ်းသပ်ရန် ဖင်တကြွကြွ ဖြစ်နေသည်။

ငွေရောင်ဆံပင် လူငယ်လေး၏ ကောက်ကျစ်သော အပြုံးကိုမြင်လိုက်ရလျှင် အကြီးအကဲကျိုးဝူ၏ ဆံပင်များက ထောင်ထသွားခဲ့သည်။

ငွေရောင်ဆံပင်လူငယ်လေးက သူ့ကို မမြင်နိုင်သည်မှာ သေချာသည်။

ဤသို့ဆိုလျှင် ဤအပြုံးက အဘယ်အရာကို ဆိုလိုနေပါသနည်း။

အကြီးအကဲကျိုးဝူက နားမလည်နိုင်ခဲ့ပေ။

သို့သော်လည်း နောက်ထပ် အခိုက်အတန့်မှာပင် ငွေရောင်ဆံပင်လူငယ်လေးက တစ်စုံတစ်ခုကို တောင်းခံသည့်ပုံစံဖြင့် မျက်စိမှိတ်ကာ လက်ချင်းချိတ်၍ ဆုတောင်းနေသည်ကို တွေ့လိုက်ရသည်။

အကြမ်းဖျင်းအားဖြင့် စက္ကန့်များစွာ ကြာပြီးနောက်တွင် အကြီးအကဲကျိုးဝူ၏ အမူအရာသည် သိသိသာသာပြောင်းလဲသွားပြီး တစ်ကိုယ်လုံး တင်းမာလာခဲ့သည်။

“ဟာ.. ဘာဖြစ်တာလဲ”

အကြောင်းအရင်းမှာ ဤအချိန်တွင် သူက ပြင်းထန်သောဝိညာဉ်ရေးဖိအားနှင့် ရင်ဆိုင်လိုက်ရသောကြောင့် ဖြစ်သည်။

ထိုဖိအားက သူ၏ခန္ဓာကိုယ် တစ်ခုလုံးကို သက်ရောက်သွားပြီး သူ၏ ချီနှင့်သွေးများကို ကပြောင်းကပြန် ဖြစ်စေခဲ့သည်။

ဤအလွန်ပြင်းထန်သော ဝိညာဉ်ရေးဖိအားသည် သူ၏ မျက်လုံးများကိုပင် ချက်ချင်းသွေးများ ယိုစီးစေခဲ့သည်။

နောက်ထပ် တစ်စက္ကန့်တွင် အကြီးအကဲကျိုးဝူသည် လက်တစ်ဖက်ကို တွေ့လိုက်ရသည်။

ဤလက်က ၎င်းသယ်ဆောင်လာသော ဖိနှိပ်မှုစွမ်းအားနှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်ပြီး ကျောက်စရစ်ခဲကဲ့သို့ ဖြူဝင်းနေသည်။

ရုတ်တရက်ဆိုသလိုပင် ထိုလက်က အာကာပြင်တံတိုင်းကို ချိုးဖျက်ပြီး အကြီးအကဲကျိုးဝူကို ဖမ်းဆွဲလိုက်သည်။

အပိုင်း(၆၃၁) ပြီး၏

All Chapters