← Chapters

ပထမဆုံး အဖွဲ့ဝင်ကျိုးဝူ

Vol. 43 Ch. 634

ပထမဆုံး အဖွဲ့ဝင်ကျိုးဝူ

Vol. 43 Ch. 634

ငွေရောင်လေး၏ အသွင်အပြင်ကိုမြင်လျှင် အကြီးအကဲကျိုးဝူက ထိတ်လန့်ကာ သွေးကြောများတစ်ခုပြီးတစ်ခု ပေါက်ကွဲသွားပြီး အတွင်းဒဏ်ရာများက ပိုမိုဆိုးရွားလာသည်။

ငွေရောင်ဆံပင် လူငယ်လေးက ဤနေရာကို မည်ကဲ့သို့ ရှာတွေ့မှန်း သူမသိသော်လည်း ယခုအချိန်တွင် သူ၏ ဦးခေါင်းတစ်ခုလုံးက အေးစက်သော ချွေးစေများရွှဲစိုနေသည်။

သူ့တွင် ဤငွေရောင်ဆံပင်လူငယ်လေး မည်ကဲ့သို့ နည်းပညာအသုံးပြုထားသလဲ ဆိုသည်ကို တွေးတောရန် အချ်န်မရှိပေ။

ဤမြင်ကွင်းကို ငွေရောင်လေးက ဇိမ်ခံကား၏ စခရင်မှ ပြသခဲ့ရာ ဗုံးပစ်စီနီယာ အင်မော်တယ်သည် ငွေရောင်လေး၏ ကိုယ်ပွားရှိနေသည့် နေရာကိုမြင်လျှင် အတော်လေးရင်းနှီးနေသည်ဟု ခံစားရသည်။

"နေစမ်းပါဦး.. ဒီနေရာက မိစ္ဆာအင်ပါယာကွာဖီနဲ့ အရိပ်အဖွဲ့ခေါင်းဆောင် ကျန်းလျှိုယွဲ့တို့ ခိုအောင်းတဲ့နေရာ အဖြစ် အသုံးပြုခဲ့တဲ့နေရာ မဟုတ်လား"

ဗုံးပစ်စီနီယာအင်မော်တယ်က ပတ်ဝန်းကျင်ကို ဂရုတစိုက်အကဲခတ်လိုက်သည်နှင့် သူမမှားကြောင်း အတည်ပြုနိုင်ခဲ့သည်။

ထို့နောက် သူက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်သည်။

အံ့ဩစရာကောင်းသည်မှာ သမိုင်းက သူ့ဘာသာသူ တစ်ပတ်လည်လာခြင်း ဖြစ်သည်။

တကယ်တမ်းတွင် မိစ္ဆာအင်ပါယာကွာဖီ အဖမ်းခံရသည်မှာ မကြာသေးပေ။

နောက်ဆုံးပြစ်ဒဏ်ကို ချမှတ်ရန်အတွက် ရှည်လျားသောတရားစီရင်သည့် ကာလတစ်ခုကို ရင်ဆိုင်ရဦးမည် ဖြစ်သည်။

ယေဘုယျအားဖြင့် ပြောရလျှင့် ဤကဲ့သို့သော တရားရင်ဆိုင်မှုသည် များသောအားဖြင့် တစ်နှစ်ခွဲမှ နှစ်နှစ်အထိ ကြာမြင့်တတ်၏။

မိစ္ဆာအင်ပါယာကွာဖီမှ စတင်ကာ အမှောင်လောကသား တော်တော်များများသည် စုန့်ဟိုင်မြို့၏ ထောင်ထဲတွင် တစ်ယောက်ပြီးတစ်ယောက် အကျဉ်းချခံထားရပြီ ဖြစ်သည်။

ဤထောင်ထဲကို အရိပ်အဖွဲ့ခေါင်းဆောင် ကျန်းလျှိုယွဲ့၏ ညီမ ကျန်းလျှိုယင်းက ပထမဆုံး ဝင်ရောက်လာခဲ့သူ ဖြစ်သည်။

ထို့နောက်တွင် မိစ္ဆာအင်ပါယာကွာဖီနှင့် အရိပ်အဖွဲ့ခေါင်းဆောင် ကျန်းလျှိုယွဲ့တို့ ဖြစ်သည်။

၎င်းတို့၏နောက်တွင် အင်မော်တယ်စံအိမ်သခင် ချန်ယွီနှင့် မိစ္ဆာဓားနတ်ဘုရားတို့က ရှေ့ဆင့်နောက်ဆင့် ရောက်လာခဲ့ကြသည်။

အရေးကြီးသော အကျဉ်းသားများကို ကွာဖီနှင့်အတူ အထူးအကျဉ်းခန်းထဲ၌ မပိတ်လှောင်ခင် ဝိညာဉ်အချုပ်အနှောင်များကို ဝတ်ဆင်ပေးခဲ့သည်။

ရုတ်တရက် ဗုံးပစ်စီနီယာအင်မော်တယ်က အတွေးတစ်ခုကိုတွေးမိလိုက်သည်။

ပုံမှန်အားဖြင့် အကျဉ်းခန်းထဲတွင်ရှိသော လူ၃ယောက်သည် (Fight the landlord) ကစားနည်ကိုသာ ကစားနိုင်သော်လည်း ဥက္ကဌပိုင်ကို ဖမ်းမိခဲ့လျှင် ၄ယောက်ပြည့်သွားပြီ ဖြစ်၍ မာကျောက် ကစားနိုင်မည် ဖြစ်သည်။

“ညီနောင်ငွေရောင်လေး.. သူ့ကို အရှင်ပဲဖမ်းလိုက်ပါ.. ဒါကဥက္ကဌပိုင်ကို ဖမ်းမိဖို့အတွက် အခွင့်ရေးကောင်း ဖြစ်လာနိုင်တယ်”

သူ၏ဇိမ်ခံကားကို မောင်းလာရင် ဗုံးပစ်စီနီယာ အင်မော်တယ်က ပြောလိုက်သည်။

ငွေရောင်လေးက ခေါင်းငြိမ့်လိုက်သည်။

“ကောင်းပြီလေ.. ငါအကောင်းဆုံး ကြိုးစားပါ့မယ်”

၎င်းက ကိုယ်ပွားတစ်ခုမျှသာ ဖြစ်၍ ငွေရောင်လေး၏ ခွန်အားအလုံးစုံကိုပြသနိုင်မည် မဟုတ်သော်လည်း ယခုအခါတွင် အကြီးအကဲကျိုးဝူက ဒဏ်ရာ အပြင်းအထန်ရနေခဲ့သည်။

အကယ်၍ သူသာခုခံခြင်း၊ ရုးန်ကန်ခြင်းများ ပြုလုပ်ခဲ့လျှင် သူ၏ဒဏ်ရာက ပိုမိုဆိုးရွားလာပြီး အသက်အန္တရာယ်ပင်ဖြစ်လာနိုင်ပေသည်။

ထို့ကြောင့် ငွေရောင်လေးက အကြီးအကဲကျိုးဝူကို သိမ်းသွင်းနိုင်ရန် ကြိုးစားခဲ့သည်။

“မင်းငါနဲ့လိုက်ခဲ့မယ်ဆိုရင် မင်းရဲ့အတွင်းဒဏ်ရာကို ငါချက်ချင်း ကုသပေးမယ်”

ငွေရောင်လေးက ကမ်းလှမ်းမှုကို ပြုလုပ်နေရင်း သူ၏ အတွင်းဒဏ်ရာကို အကဲခက်လိုက်သည်။

အကြီးအကဲကျိုးဝူ ရထားသော အတွင်းဒဏ်ရာသည် လုံးဝပျောက်ကင်းရန် အတွက် သူ၏သူတော်စင်သွေး အနည်းငယ်သာ လိုအပ်ပေသည်။

သို့ရာတွင် အကြီးအကဲကျိုးဝူ၏ မျက်လုံးတွင် အံတုမှုများပြည့်နှက်နေပြီး လက်နက်ချရန် အတွေးမရှိကြောင်းထင်ရှားနေသည်။

ငွေရောင်လေး၏ ကမ်းလှမ်းချက်က ဆွဲဆောင်မှုရှိသော်လည်း အကြီးအကဲကျိုးဝူက ငတုံးမဟုတ်ပေ။

ငွေရောင်လေး၏ လက်ရှိသဘောထားကို သုံးသပ်ကြည့်လျှင် သူက အကြီးအကဲကျိုးဝူကို သတ်ရန် အစီအစဉ်မရှိသည်မှာ ထင်ရှားသည်။

ထိုအစား တစ်ဖက်လူက သူ့ကိုလက်နက်ချရန် တိုက်တွန်းနေသဖြင့် ဥက္ကဌပိုင်နှင့် ပတ်သက်သည့် အချက်အလက်များကို ထောက်လှမ်းရန် တွေးတောနေကြောင်း သူတွေးမိခဲ့သည်။

အကြီးအကဲကျိုးဝူက မစ္စတာလု အဘယ်ကြောင့်ပျောက်ဆုံးသွားသည်ကို ယခုမှသာ သဘောပေါက် နားလည်သွားတော့သည်။

တစ်ဖက်လူ၏ နည်းလမ်းများကို သုံးသပ်ကြည့်မိပုံ အရဆိုလျှင် မစ္စတာလုက လက်နက်ချရန် ဖျားယောင်းသွေးဆောင်ခံခဲ့ရပြီး ဖြစ်ပုံရသည်။

သူ့အထင် မမှားခဲ့လျှင် မစ္စတာလုသည် လက်ရှိအချိန်တွင်မျက်မြင်သက်သေ ဖြစ်နေသည့် အတွက် အစောင့်အကြပ်များထူထဲစွာထား၍ ကာကွယ်ထားခြင်းကို ခံရမည် ဖြစ်သည်။

“မင်းတို့မစ္စတာလုကို ရထားပြီးပြီ မဟုတ်လား”

အကြီးအကဲ ကျိုးဝူက သူ၏ ချီနှင့်သွေးများ ဖောက်လွဲဖောက်ပြန် ဖြစ်နေသော အတွင်းဒဏ်ရာကြောင့် သူ၏ရင်ဘတ်ကို လက်ဖြင့် ဆုတ်ကိုပ်ရင်း မေးလိုက်သည်။

အကြီးအကဲကျိုးဝူ၏ စကားကိုကြားလျှင် ဗုံးပစ်စီနီယာအင်မော်တယ်က မျက်ခုံးပင့်လိုက်သည်။

အကြီးအကဲကျိုးဝူက အလယ်အလတ် ကျင့်ကြံခြင်းအဆင့်လောက်သာ ရှိသော်လည်း ဥက္ကဌပိုင်က အဘယ်ကြောင့်အရေးပေး ဆက်ဆံရမှန်း သူနားလည်သွားသလို ခံစားရသည်။

အတိအကျပြောရလျှင် အကြီးအကဲကျိုးဝူသည် အလွန်တရာဉာဏ်ကောင်းသောသူ ဖြစ်သည်။

ကျင့်ကြံမှု အဆင့်မြင့်မားတိုင်း လုံလောက်သော ထိုးထွင်းသိမြင်မှု ရှိသည်ဟု ဆိုလို၍မရပေ။

ကြီးမားသော အဖွဲ့အစည်းကို ဦးဆောင်သူများသည် ၎င်းတို့အနီးတွင် ဗျူဟာများ ချမှတ်တတ်သည့် ဉာဏ်ရည်ထက်မြက်သော ပညာရှင်များကို ထားရှိတတ်ကြသည်။

ဆိုရလျှင် အကြီးအကဲကျိုးဝူသည် ထိုကဲ့သို့ လူစားမျိုးဖြစ်သည်။

သို့ရာတွင် သူ၏ ဉာဏ်ရည်ဉာဏ်သွေးက အကောင်းလွန်နေခဲ့သည်။

မမြင်နိုင်သော ဓားပျံများ အားလုံးကို တစ်ပြိုင်တည်း အသုံးပြုရမည့်အစား တချို့တဝက်ကို ထိန်းသိမ်းထားရန်ဆုံးဖြတ်ခြင်းသည် ဉာဏ်ရည်ထက်မြက်သော အကြီးအကဲကျိုးဝူ၏ မှားယွင်းသော တွက်ချက်မှုတစ်ခု ဖြစ်သည်။

ငွေရောင်လေးက အကြီးအကဲကျိုးဝူ ဘာမှ ပြန်မပြောသော်လည်း သူ၏မျက်လုံးမှတဆင့် အဖြေကို သိထားပြီးဖြစ်သည်။

အကြီးအကဲကျိုးဝူက ငွေရောင်လေးကို စိုက်ကြည့်နေခဲ့သည်။

ဤကဲ့သို့ အခြေအနေမျိုးမှာပင် အကြီးအကဲကျိုးဝူက နည်းနည်းလေးမှ တုံ့ဆိုင်းမနေခဲ့ပေ။

"မင်းအနေနဲ့ လက်လျှော့လိုက်ဖို့ ငါအကြံပေးချင်တယ်.. မစ္စတာလုနဲ့ငါက အဖွဲ့အစည်းတစ်ခုတည်းက ဆိုပေမဲ့ ငါကလွယ်လွယ်နဲ့ အရှုံးပေးမှာမဟုတ်ဘူး.. ပြောရရင် နတ်ဆိုးမျိုးနွယ်က နတ်ဆိုးမျိုးနွယ်ပါပဲ.. သူတို့က ရွေးချယ်စရာမရှိတာနဲ့ ကြောက်လန့်ပြီး အရှုံးပေးကြလိမ့်မယ်.. ငါ့ကိုတော့ သူ့လိုမျက်စိစုံမှိတ် သဘောတူမယ်လို့ထင်ရင် မင်းမှားယွင်းသွားပြီ"

အကြီးအကဲကျိုးဝူက ဤမျှခေါင်းမာလိမ့်မည်ဟု ငွေရောင်လေး မထင်ထားခဲ့ပေ။

"မင်းမသိထားတဲ့အချက်က ငါက ဥက္ကဌပိုင်နဲ့ ဘယ်လောက်ကြာကြာနေခဲ့လဲ ဆိုတာကိုပဲ"

အကြီးအကဲ ကျိုးဝူက သူ့လက်သီးများကို တင်းတင်းကျပ်ကျပ် ဆုပ်ထားခဲ့သည်။

အခြားလူများက သူ့ကိုနားလည်သည်ဖြစ်စေ နားမလည်သည်ဖြစ်စေ သူလုံးဝ ဂရုမစိုက်ပေ။

သူ့ဘဝ၏ အနိမ့်ကျဆုံးအချိန်တွင် သူ့ကိုလက်တွဲ၍ ခေါ်ခဲ့သူမှာ ဥက္ကဌပိုင် ဖြစ်သည်။

သူပိုင်ဆိုင်ထားသော ကျင့်ကြံခြင်းအဆင့်သည်လည်း ဥက္ကဌပိုင်ကြောင့်သာ ဖြစ်သည်။

သူက နတ်ဆိုးမုဆိုးများအဖွဲ့အစည်း စတင်တည်ထောင်ချိန်တွင် ပထမဆုံးသော အဖွဲ့ဝင်လည်း ဖြစ်ပြီး ဤအဖွဲ့အစည်းတိုးတက်မှုအတွက် သူ့အချိန်များစွာကို မြှုပ်နှံထားခဲ့သည်။

ဆိုရလျှင် သူက သူ့ကိုယ်သူ ဥက္ကဌပိုင်၏ ယုံကြည်စိတ်ချရသော လက်ထောက်တစ်ဦး ဖြစ်နေပြီဟုပင် ခံစားရသည်။

သို့သော်လည်း ဥက္ကဌပိုင်၏ အနားတွင် သူ့ထက် ယုံကြည်ရသောသူတစ်ဦး ရှိနေမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

သူက နတ်ဆိုးမုဆိုးများ အဖွဲ့အစည်း၏ အကြီးအကဲ အားလုံးကိုသိသော်လည်း ဤကျီရှင်း ဆိုသူကို သူမသိချေ။

သူက ဥက္ကဌပိုင်အတွက် နှစ်ပေါင်းများစွာအလုပ်လုပ်ခဲ့သော်လည်း ဥက္ကဌပိုင်၏ယုံကြည်မှုကို အပြည့်အဝမရခဲ့ပေ။

အကြီးအကဲကျိုးဝူ၏ နှလုံးသားက ဆိုးရွားစွာ နာကျင်နေပြီး အေးခဲသွားသလို ခံစားလိုက်ရသည်။

[အဲဒီလူက ဘာကြောင့် ဥက္ကဌပိုင်နဲ့ ဒီလောက်တောင် ရင်းနှီးနေရတာလဲ]

ထိုလူအကြောင်းကို တွေးလေလေ အကြီးအကဲ ကျိုးဝူက ပို၍ စိတ်လှုပ်ရှားလေလေ ဖြစ်လာသည်။

စိတ်က အနည်းငယ် တုန်ခါသွားပြီး သူ့မျက်လုံးများပင် သွေးရောင်များဖြင့် ဖုံးလွှမ်းသွားခဲ့သည်။

ငွေရောင်လေးက အခြေအနေ တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ခံစားမိပြီး မျက်မှောင်ကြုတ်သွားသည်။

"မင်းသိလား"

အကြီးအကဲကျိုးဝူက သူ၏ နီရဲနေသော မျက်လုံးများနှင့် ငွေရောင်လေးကို စိုက်ကြည့်လိုက်သည်။

ငွေရောင်လေး ".........."

"ဥက္ကဌပိုင်အတွက်ဆိုရင် ငါ့အသက်ကိုပါ ပေးနိုင်တယ်"

အကြီးအကဲကျိုးဝူက ပြတ်ပြတ်သားသား ပြောလိုက်သည်။

ထိုစကားကိုကြားလျှင် ငွေရောင်လေးက ချွေးစေးများ ထွက်လာသည်။

"ရောင်းရင်း.. စိတ်အေးအေးထားပါ ရောင်းရင်း"

သို့သော် အကြီးအကဲကျိုးဝူက မကြားနိုင်တော့ပေ။

ကျီရှင်းဟု ခေါ်သောလူငယ် ထွက်ခွာသွားပြီးကတည်းက သူ၏ စိတ်အခြေအနေမှာ ပြောင်းလဲသွားပြီ ဖြစ်သည်။

ထိုလူငယ်၏ အမူအရာက သူ့ကို အိပ်မက်ဆိုးတစ်ခုလိုဖြစ်စေခဲ့သည်။

"မင်းငါ့ဆီက ဘာအချက်အလက် တစ်ခုကိုမှ ရမယ်မထင်နဲ့.. ငါ့ရဲ့အသက်နဲ့ ဥက္ကဌပိုင်အပေါ် သစ္စာစောင့်သိမှုကို သက်သေပြမယ်"

ထို့နောက်တွင် အကြီးအကဲ ကျိုးဝူက ဘောင်းဘီခွကြား ထဲသို့ လက်ကို ထိုးထည့်လိုက်ပြီး စကျင်ကျောက် အရွယ်အစားရှိအရာတစ်ခုကို ထုတ်ယူလိုက်သည်။

ထိုအရာက လက်ပစ်ဗုံးတစ်လုံး ဖြစ်သည်။

၎င်းက အလွန်ရှားပါးပြီး ပေါက်ကွဲစေတတ်သော မှော်လက်နက်တစ်ခု ဖြစ်ကာ ကြီးမားလှသော စွမ်းအားဖြစ်သည့် စိတ်ဝိညာဉ် မိုးကြိုးလျှပ်စီးများ ပါရှိသည်။

ထိုမြင်ကွင်းကို ဇိမ်ခံကား၏ စခရင်မှမြင်ရလျှင် ဗုံးပစ်စီနီယာအင်မော်တယ်က အံ့ဩသွားသည်။

"လခွမ်း.. ဒီလူက ဘောင်းဘီခွကြားထဲမှာ လက်ပစ်ဗုံးတစ်လုံးကို ဝှက်ထားခဲ့တယ်လား"

အပိုင်း(၆၃၄) ပြီး၏

All Chapters