← Chapters

သန်းတစ်ရာအာမခံ

Vol. 43 Ch. 635

သန်းတစ်ရာအာမခံ

Vol. 43 Ch. 635

ထိုအချိန်တွင် ဥက္ကဌပိုင်နှင့်ကျီရှင်းတို့က အဝေးသို့ထွက်မသွားသေးပဲ ဤအဆောက်အဦး၏ ထိပ်ပိုင်းတွင်ရှိနေသည်။

သူတို့က အကြီးအကဲကျိုးဝူ၏ အခြေအနေကို စောင့်ကြည့်နိုင်ရန်အတွက် ဤအဆောက်အဦး၏ အပေါ်ဆုံးထပ်ကို မငြင်းနိုင်သည့်ငွေကြေးဖြင့် ပိုင်ရှင်ထံမှ ဝယ်ယူထားခြင်း ဖြစ်သည်။

တကယ်တမ်းတွင် ဥက္ကဌပိုင်သည် ဤကိစ္စတွင် အကြီးအကဲကျိုးဝူ ကျရှုံးမည်ကို မျှော်လင့်ထားပြီးသား ဖြစ်သည်။

အကြောင်းမှာ အကြီးအကဲကျိုးဝူ မထွက်ခွာခင် ဥက္ကဌပိုင်သည် ထူးခြားသည့် နိမိတ်ဟောဆရာတစ်ယောက်ကို ရှာဖွေခဲ့သောကြောင့် ဖြစ်၏။

ထိုအချိန်တွင် ထောက်လှမ်းရေးမော်နီတာသည် အကြီးအကဲကျိုးဝူ ရှိနေသည့် လျှို့ဝှက်အမှောင်ခန်း၏ အတွင်းပိုင်းကို ပြသနေသည်။

ဥက္ကဌပိုင်က ထိုနေရာမှ ထွက်ခွာမသွားမီ သူ၏မျက်လုံးတစ်လုံးကို ချန်ထားခဲ့သည်။

၎င်းမှာ ဥက္ကဌပိုင်၏ မျက်လုံးအိမ်မှ တိုက်ရိုက် ထုတ်ယူခဲ့သောမျက်လုံးတစ်လုံး ဖြစ်ပြီး လိုအပ်သည့်အခါတိုင်းတွင် စောင့်ကြည့်ရေး ကင်မရာအဖြစ်လည်း အသုံးပြုနိုင်သည်။

သူ၏ အစွမ်းထက်သော မိမိကိုယ်ကို ကုသနိုင်စွမ်းကြောင့် သူ့ခန္ဓာကိုယ်ရှိ မည်သည့် အင်္ဂါအစိတ်အပိုင်းမဆို အသုံးပြုနိုင်သည်။

သူ၏နှလုံးသားကို တူးထုတ်လိုက်လျှင်ပင် နှလုံးသားကချက်ချင်းပင် ပြန်လည် ကြီးထွားလာနိုင်၏။

ထို့ကြောင့် နတိဆိုးမုဆိုးများ အဖွဲ့အစည်းကို စတင်တည်ထောင်သောအချိန်တွင် ဥက္ကဌပိုင်သည် အရည်အသွေးမြင့် ကျင့်ကြံသူများ၏ ကိုယ်လက်အင်္ဂါများကို ရောင်းဝယ်ဖောက်ကားသည့် ဈေးကွက်ကုန်သည်များအား အထူး ရှာဖွေခဲ့ပြီး အရင်းအနှီးအမြောက်အများရရှိရန်အတွက် သူ၏ကိုယ်ပိုင် အင်္ဂါများကို ရောင်းချခဲ့သည်။

လက်ရှိတွ င်ဥက္ကဌပိုင်သည် လျှို့ဝှက်ခန်းထဲတွင် ဖြစ်ပျက်နေသမျှကို သူ့မျက်လုံးမှတဆင့် စောင့်ကြည့်နေသည်။

ထိုအချိန်တွင် သူ့နံဘေးရှိ ကျီရှင်းသည် ရုတ်တရက် မေးခွန်းထုတ်လိုက်သည်။

"ကျိုးဝူက ဘာကြောင့် လွယ်လွယ်ကူကူ သတ်သေဖို့ လုပ်ရတာလဲဆိုတာ ကျွန်တော် အရမ်းသိချင်တယ်.. သူ့ကိုယ်သူသတ်သေမယ်လို့ မင်းကြိုပြီး တွေးထားခဲ့တာလား"

ထိုစကားကို ပြောပြီးနောက် ကျီရှင်းက မိတ်ကပ်များဖြင့် ပြည့်နေသောသူ၏မျက်နှာကို တို့ဖတ်ဖြင့်ရိုက်လိုက်သည်။

မိတ်ကပ်ကအလွန်ထူသောကြောင့် အမှုန့်များ မကြာခဏကြွေကျတတ်သည်။

ထို့ကြောင့် သူက တို့ဖက်ဖြင့် သူ့မျက်နှာကို ခဏခဏပွတ်နေရခြင်း ဖြစ်သည်။

အနက်ရောင်ဝူကျိထီးက သူ၏ဦးခေါင်းထက်တွင် ငြိမ်သက်စွာ လွင့်မျောနေချိန်တွင် ဥက္ကဌပိုင်သည် ဆိုဖာပေါ်၌ နောက်မှီ၍ လှဲချလိုက်သည်။

"ကျိုးဝူက ငါ့နောက်ကို လိုက်နေတာ နှစ်အတော်ကြာပြီလေ.. သူ့ရဲ့ပင်ကိုယ်စရိုက်ကို ငါက အတော်လေး ရင်းနှီးတယ်"

သူနှင့်ကျိုးဝူက နှစ်ပေါင်းများစွာ ပတ်သက်လာသော်လည်း တကယ်တမ်းတွင် သူ့အနေဖြင့် ကျိုးဝူကို သာမန်လောက်သာ သဘောထားခဲ့သည်။

သူသာ ဤပတ်သက်မှုကို အမှန်တကယ် ဂရုစိုက်ခဲ့လျှင် ဒဏ်ရာအပြင်းအထန် ရနေခဲ့သည့် အကြီးအကဲကျိုးဝူကို ထပ်မံ ဒဏ်ရာရစေမည် မဟုတ်ပေ။

သူ၏ ဤကဲ့သို့ လှုပ်ရှားမှုက အကြီးအကဲကျိုးဝူ အပေါ် ထားရှိသည့် သူ၏ သဘောထားကို ပြတ်ပြတ်သားသား သက်သေပြနေသည်။

အကြီးအကဲကျိုးဝူက သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

သို့သော်ဥက္ကဌပိုင်က ဝမ်းမနည်းသည့်အပြင် ထိုသို့သတ်သေသွားသည့် အတွက် အတော်လေး သဘောကျနေသည်။

သူ၏လက်သီးတစ်ချက်က အကြီးအကဲကျိုးဝူ သူ့ကိုယ်သူသတ်သေသွားစေရန် ရှင်းလင်းသော ညွှန်ကြားချက်တစ်ခုဖြစ်သည်။

အကယ်၍သာ အကြီးအကဲကျိုးဝူက သူ၏အဓိပ္ပါယ်ကို နားမလည်ခဲ့လျှင်လည်း ကိစ္စမရှိပေ။

ဥက္ကဌပိုင်က အကြီးအကဲကျိုးဝူကို ဖယ်ရှားရန်အတွက် ကျီရှင်းအား စေလွှတ်၍ ဆောင်ရွက်စေမည် ဖြစ်သည်။

သို့သော် လက်ရှိအချိန်တွင် မလိုအပ်တော့ချေ။

"အကြီးအကဲကျိုးဝူက ဥက္ကဌရဲ့နောက်ကို နှစ်ပေါင်းများစွာလိုက်လာခဲ့တဲ့သူပဲ.. သူသေသွားတာ ဥက္ကဌပိုင် ဝမ်းမနည်းဘူးလား"

ကျီရှင်းက အေးစက်စွာပြုံး၍ မေးလိုက်သည်။

"အင်း.. ဖြစ်ကောင်းဖြစ်နိုင်ပါတယ်.. အကယ်၍ အနာဂတ်မှာအချိန်ရှိခဲ့ရင် ကျိုးဝူရဲ့ အုတ်ဂူရှေ့မှာ အမွှေးနံ့သာနဲ့ ပူဇော်မယ်"

ဥက္ကဌပိုင်က ပြောလိုက်သည်။

"ငါတို့မှာ အချိန်သိပ်မကျန်တော့ဘူး.. အခြေအနေတွေအားလုံးက ချောချောမွေ့မွေ့ဖြစ်ဖို့ အရမ်းအရေးကြီးတယ်"

ထိုစကားကိုကြားလျှင် ကျီရှင်းက မျက်ခုံးပင့်လိုက်သည်။

ဥက္ကဌပိုင် ဆိုလိုသည့်အဓိပ္ပါယ်ကို သူသိသည်။

ဤသည်က ဟွာရှို့နိုင်ငံအတွင်း သူတို့၏ အာဏာကို ဤနှစ်များ တစ်လျှောက်လုံး တိုးချဲ့လာခဲ့ရသည့် သူတို့၏ အဆုံးစွန်သော ရည်မှန်းချက်လည်း ဖြစ်သည်။

သူတို့လုပ်သမျှ အရာအားလုံးသည် သားရဲဘုရင်အကြွင်းအကျန် နယ်မြေအတွင်း သူတော်စင်သားရဲဘုရင် ဖြစ်သည့် မိစ္ဆာဘုရင် ချန်ထားခဲ့သော အဆင့်၁၃ မှော်နည်းစနစ်ကို ရယူရန် ဖြစ်သည်။

ကမ္ဘာကြီးကိုပင် ဖျက်ဆီးနိုင်သော ဤမှော်နည်းပညာကို ရယူနိုင်သရွေ့ နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းနှင့် ညဦးစီးမှူး အဖွဲ့တို့သည် ဤကမ္ဘာကြီးနှင့် ပတ်သက်သည့် အရာတိုင်းကို ထိန်းချုပ်နိုင်တော့မည် ဖြစ်သည်။

ကြီးကျယ်သော အရာများကို ပြီးမြောက်ရန်အတွက် အထိုက်အလျောက်သော အနစ်နာခံ ပေးဆပ်မှုများ ပြုလုပ်ရန် လိုအပ်သည်။

ထို့ကြောင့် ညဦးစီးမှူးအဖွဲ့သည် ဟွာရှို့နိုင်ငံတွင် နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းကို တည်ထောင်ပြီး မရေမတွက်နိုင်သောရင်းနှီးမြှုပ်နှံမှုများကို ပြုလုပ်ထားခြင်း ဖြစ်သည်။

ထိုခဏတွင် ဥက္ကဌပိုင်က လျှို့ဝှက်စွာ ပြောလိုက်သည်။

"ဒီတစ်ခါတော့ မင်းပြောတာမှန်တယ် ကျီရှင်း"

"ငါ့ရဲ့တွေးဆမှုက အမြဲတမ်း မှန်ကန်ပါတယ်.. ငါက မင်းလက်ထဲက ဝူချီထီးကို လုပ်ခဲ့တဲ့သူဆိုတော့ ဒီထီးထဲမှာ သုံးထားတဲ့ ပစ္စည်းတွေနဲ့ ပတ်သက်ပြီး အာရုံခံစားမှုတွေ ငါ့မှာအပြည့်ရှိတယ်.. ဒီဝူချီထီးကို သူတော်စင်သားရဲရဲ့ အရေခွံ ၄၉ခု နဲ့ပြုလုပ်ခဲ့တယ်.. ဒါပေမဲ့ သူတော်စင်သားရဲ အရေခွံတစ်ခုကတော့ ယနေ့ထိတိုင် လိုအပ်နေဆဲပဲ.. ဒါပေမဲ့ ဒီလိုအပ်ချက်ကို နောက်ဆုံးမှာ ပြင်ဆင်နိုင်တော့မယ်လို့ ငါထင်တယ်"

ကျီရှင်းက ပြုံးလိုက်ပြီး မော်နီတာပေါ်ရှိ ငွေရောင်ဆံပင်နှင့်လူငယ်လေး၏ ပုံရိပ်ကို ကြည့်လိုက်သည်။

ထို့နောက် သူက စကားပြန်ဆက်လိုက်သည်။

"ဝူကျီထီးက မိစ္ဆာဘုရင်ရဲ့ အဆင့်၁၃မှော်နည်းစနစ်ကို ရယူဖို့အတွက် အရမ်းအရေးပါတယ်"

ထိုအခိုက်အတန့်တွင် သူတို့နှစ်ဦးက သေဆုံးသွားပြီ ဖြစ်သည့် အကြီးအကဲ ကျိုးဝူ၏ စိတ်ခံစားမှုဆိုင်ရာ မျက်နှာကို မော်နီတာ စခရင်ပေါ်မှ ထပ်မံ ကြည့်ရှုလိုက်သည်။

"ညီနောင်ငွေရောင်လေး.. သူ့ကိုတားဖို့ နည်းလမ်းရှိလား"

တစ်ချိန်တည်းမှာပင် ဗုံးပစ်စီနီယာ အင်မော်တယ်က မေးခွန်းထုတ်လိုက်သည်။

ငွေရောင်လေးက အကြီးအကဲကျိုးဝူကို ဟန့်တားရန် ကြိုးစားခဲ့သော်လည်း ဘယ်လိုမှ မတတ်နိုင်ခဲ့ပေ။

တစ်ခါတစ်ရံတွင် လူတစ်ဦး၏ အတွေးသည် အလွန်ကြောက်စရာကောင်းသည်။

အကြီးအကဲကျိုးဝူက ငါ့ကိုစည်းရုံးဖို့ ဘယ်လိုမှမကြိုးစားနဲ့ အသုံးဝင်မှာ မဟုတ်ဘူး ဆိုသော အမူအရာမျိုးကို ဆင်မြန်းထားသည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က အကြီးအကဲကျိုးဝူ၏ မျက်လုံးများတွင် စိတ်ပိုင်းဖြတ်ထားသည့် အကြည့်ကို မြင်လိုက်ရသည်။

ထိုပုံရိပ်က ဂိုဏ်းကြီး၆ဂိုဏ်း ဝိုင်းရံခံထားသော အချိန်တွင် လူတိုင်းအတွက် မိမိကိုယ်ကို စွန့်လွှတ်အနစ်နာခံသော ကွမ်းမင်တောင်ထိပ်မှ ဆရာကြီးအား အမှတ်ရစေသည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က သူ့မိသားစု၏ အဆက်အသွယ်များမှ တဆင့် လျှို့ဝှက်လက်နက်များရောင်းချသော ဩဇာကြီးမားသည့် ထန်ဂိုဏ်းမှ နေ၍ လျှို့ဝှက်လက်နက်များ အကြောင်းကို အသေအချာနားလည်လာခဲ့သူ ဖြစ်သည်။

ဤဗုံးမှတဆင့် အကြီးအကဲ ကျိုးဝူကို ပြင်းထန်စွာ ဒဏ်ရာရရှိစေမည်ဖြစ်ပြီး သေဆုံးမည်မှာ မလွဲဧကန်ပင်။

"သေလို့မဖြစ်ဘူး"

သူတို့က အကြီးအကဲ ကျိုးဝူကို အသက်ရှင်လျက် အမှန်တကယ် လိုအပ်သည်။

သူတော်စင်သားရဲသွေးက ဒဏ်ရာများကို ကုသနိုင်သော်လည်း သေဆုံးသူကို ပြန်လည် အသက်ဝင်လာအောင် လုပ်နိုင်စွမ်းမရှိပေ။

"နည်းလမ်းက တစ်ခုပဲရှိတော့တယ်"

ကားမောင်းနေရင်း ဗုံးပစ်စီနီယာ အင်မော်တယ်သည် ဝမ်လင်းကို မက်ဆေ့ချ် ပေးပို့လိုက်သည်။

"ညီနောင်လင်း.. မင်း လိုင်းပေါ်မှာ ရှိနေတယ် မဟုတ်လား.. ငါ့အတွက် အရေးကြီးနေတယ်.. မင်းပုန်းမနေနဲ့တော့"

၁၀စက္ကန့်နီးပါး အကြာတွင် ဝမ်လင်းက စာချန်ပြအမှတ်အသားဖြင့် တုံ့ပြန်လိုက်သည်။

ဗုံးပစ်စီနီယာအင်မော်တယ် "အခုက အရေးပေါ်အခြေအနေပဲ.. နတ်ဆိုးမုဆိုးများ အဖွဲ့စည်းရဲ့ အကြီးအကဲတစ်ဦးကို ဖမ်းမိပေမဲ့ သူက သူ့ကိုယ်သူ သတ်သေဖို့လုပ်နေတယ်.. ညီနောင်လင်းအနေနဲ့ ကျေးဇူးပြုပြီး ညီနောင်ငွေရောင်လေးရဲ့ ကိုယ်ပွားဆီ တစ်စုံတစ်ခုကို လွှတ်ပေးလို့ရမလား"

ဝမ်လင်း "???"

"ပို့ပေးရမယ့်ပစ္စည်းက စိတ်ဝိညာဉ်ဖိနှိပ်ခြင်းလက်စွတ်ပဲ"

ဤသည်က လောလောဆယ် သူစဉ်းစားမိသည့် အကြီးအကဲကျိုးဝူကို ရှင်ပြန်ထမြောက်အောင် လုပ်နိုင်မည့် တစ်ခုတည်းသောနည်းလမ်း ဖြစ်သည်။

ဝမ်လင်း "???"

"အဲဒီကို ပို့ပြီးရင် လက်စွပ်က မပျက်စီးသွားလောက်ဘူး မဟုတ်လားညီနောင်လင်း"

ဗုံးပစ်စီနီယာအင်မော်တယ်က သူ၏စိတ်ဝိညာဉ်ဖိနှိပ်ခြင်းလက်စွပ်ကို တုံ့ဆိုင်းစွာဖြင့် ချွတ်ပစ်လိုက်သည်။

"ဒါပေမဲ့ ကိစ္စမရှိပါဘူး.. ငါ့လက်စွပ်ကို သန်းတစ်ရာနဲ့ အာမခံထားထားပြီးသားပါ"

ဝမ်လင်း ".........."

အပိုင်း(၆၃၅) ပြီး၏

All Chapters