← Chapters

သန်းတစ်ရာသည် လွန်လွန်ကဲကဲဖြစ်သည်

Vol. 43 Ch. 636

သန်းတစ်ရာသည် လွန်လွန်ကဲကဲဖြစ်သည်

Vol. 43 Ch. 636

"သန်းတစ်ရာအာမခံလား"

၎င်းတို့အသက်အရွယ် ကလေးများရရှိသော မုန့်ဖိုးသည် အကန်အသတ်တစ်ခုသာ ရှိသောကြောင့် သန်းတစ်ရာဟူသောအရေအတွက်သည် မည်မျှများပြားမည်မှာ တွေးကြည့်ရန်ပင် အလွန်ခက်ခဲသည်။

သို့သော် ယင်းက ငွေအမြောက်အများမှန်း သူတို့သိသည်။

ဝမ်လင်းက စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။

"ဒါက လက်စွပ်ပျက်စီးသွားရင်တောင် ကုန်ကြမ်းအတွက် သန်းပေါင်းများစွာ အကုန်ကျထပ်ခံပြီး နောက်ထပ် လက်စွပ်တစ်ဒါဇင်လောက် ဖန်တီးနိုင်တဲ့ ပမာဏပဲ.. ဒီသန်းတစ်ရာဆိုတဲ့ ပမာဏက ခေါက်ဆွဲအကြွပ်ကြော်ဆိုရင် ဘယ်နှစ်ထုပ်လောက် ဝယ်လို့ရမလဲ.. ဒီပမာဏက ခေါက်ဆွဲစက်ရုံ ဖွင့်ပြီး ကိုယ်တိုင် ရောင်းစားလို့တောင် ရနေပြီ"

ဤသည်က တကယ်ကို လွန်လွန်ကဲကဲ ဖြုန်းတီးမှုတစ်ခုဟု ဝမ်လင်း ထင်ခဲ့သည်။

တစ်ဖက်တွင်လည်း အကြီးအကဲကျိုးဝူက အာဇာနည်တစ်ဦးကဲ့သို့ သေဆုံးရန်အသင့်ဖြစ်နေပြီ ဖြစ်သည်။

ဤလက်ပစ်ဗုံးသည် ငွေရောင်လေးကို ထိခိုက်စေမည်မဟုတ်ပေ။

ပို၍ တိကျစွာပြောရလျှင် သူ၏ မွှေးညင်းတစ်ပင်ကိုပင် ထိခိုက်စေမည် မဟုတ်ချေ။

အကယ်၍ ထိခိုက်ခဲ့လျှင်ပင် အပေါ်ယံဒဏ်ရာသာ ဖြစ်ပေလိမ့်မည်။

ဤဒဏ်ရာလောက်က မိမိကိုယ်ကို ကုသနိုင်စွမ်းဖြင့် ချက်ချင်း ပျောက်ကင်းအောင် ကုသနိုင်ပေသည်။

အကြီးအကဲ ကျိုးဝူက လက်ထဲတွင် လက်ပစ်ဗုံးကိုကိုင်ကာ သေရန်အသင့် ဖြစ်နေသည်။

သူ၏ပုံစံက လွန်ခဲ့သော နှစ်ပေါင်းများစွာက ဟွာရှို့နိုင်ငံ၏ တိုက်ခိုက်ရေးသမားများနှင့် တူသည်။

ငွေရောင်လေးက မကြာသေးမီကစပြီး ဟွာရှို့နိုင်ငံ၏ တီဗွီစီးရီးများကို အလွန်အကျွံ ကြည့်ရှုခဲ့သည်။

ထိုစီးရီးထဲတွင် နေနတ်ဆိုးများသည် ဟွာရှို့နိုင်ငံကိုကျူးကျော် ဝင်ရောက်လာသောအခါ မရေမတွက်နိုင်သော နေနတ်ဆိုး ဆန့်ကျင်ရေးသူရဲကောင်းများ ဟွာရှို့နိုင်ငံ၌ ထွက်ပေါ်လာသည်။

ထိုနေနတ်ဆိုး ဆန့်ကျင်ရေးသူရဲကောင်းများသည် နေနတ်ဆိုးများ ချီတက်လာသောအခါတွင် လက်ပစ်ဗုံးများကို ကိုင်ဆောင်ကာ မိမိကိုယ်ကို သတ္တိရှိရှိ စတေးခဲ့ကြပြီး ရန်သူများကိုဖြိုခွင်းခဲ့ကြ၍ တစ်မျိုးသားလုံး၏ ချီးမွမ်းခြင်းကို ခံခဲ့ကြရသည့် နိုင်ငံ့သူရဲကောင်းများ ဖြစ်လာကြသည်။

အကြီးအကဲဝူ၏ မျက်လုံးထဲမှ ဆုံးဖြတ်ချက် ပြတ်သားမှုက တီဗွီစီးရီးထဲမှ သူရဲကောင်းများနှင့် ထပ်တူကျနေကြောင်း ငွေရောင်လေး ခံစားခဲ့ရသည်။

"အကြီးအကဲ ကျိုးဝူဆီမှာ သရုပ်ဆောင် အရည်အချင်းတွေ ရှိကောင်း ရှိနေနိုင်မလား"

ငွေရောင်လေးက ပေါက်ကရ တွေးတောနေသော အချိန်တွင် လေထုထဲမှ သူ့ဆီသို့ ဆန့်ထုတ်လာသော လက်ကြီးတစ်ဖက်ကို တွေ့လိုက်ရသည်။

"ကောင်းကင်လက်.. ဒါက ဆရာလေးလင်းရဲ့ လက်ပဲ"

ဝမ်လင်းက ကောင်းကင်လက်မှတဆင့် ဗုံးပစ်စီနီယာအင်မော်တယ်၏ လက်စွပ်ကို ပေးအပ်လိုက်ရာ ငွေရောင်လေးက စိတ်လှုပ်ရှားသွားခဲ့သည်။

ဤလက်သည် အလွန်တရာကြီးမားသည်ဟု သူခံစားမိသည်။

လက်ချောင်းများက အလွန်သန့်စင်သော ကျောက်စိမ်းကြွေထည်ကဲ့သို့ ဖြူစင်ပြီး အပြစ်အနာအဆာ ကင်းနေ၏။

သူက ဤလက်ကိုကြည့်ရင်း အနည်းငယ်မှင်တက်သွားပြီး တံတွေးကိုပင် မျိုချလိုက်ရသည်။

အကြောင်းတစ်ခုခုကြောင့် သူက ဤလက်ကို အမှန်တကယ် နမ်းချင်နေခဲ့သည်။

ယခုအခါတွင် ငွေရောင်လေးသည် သူ၏လည်ပင်းတွင် လည်ပတ်တပ်၍ လမ်းမများပေါ်တွင် ဆရာလေးလင်းနှင့်အတူ လမ်းလျှောက်ထွက်ရမည်ကို ယခင်ကထက် ပိုမို မျှော်လင့်နေပြီ ဖြစ်သည်။

ထိုလှပသော လက်တစ်စုံဖြင့် ကြွကြွရွရွ လမ်းလျှောက်လိုက်ရလျှင် မည်မျှ ကောင်းလိုက်မည်နည်း။

ငွေရောင်လေးက သူ၏အတွေးစကို ဖြတ်တောက်လိုက်ပြီး စိတ်ဝိညာဉ်ဖိနှိပ်ခြင်း လက်စွပ်ဖြင့် အကြီးအကဲကျိုးဝူကို ပစ်ပေါက်လိုက်သည်။

"ငါကျိုးဝူ ဒီနေ့ ဒီအချိန်မှာ သေလို့ရှိရင် မင်းတို့အားလုံးကို ငါနဲ့အတူ သေရွာကို အပါခေါ်သွားမယ်"

ထိုစကားကို ပြောပြီးနောက် အကြီးကဲကျိုးဝူက လက်ပစ်ဗုံးကို ဖောက်ခွဲလိုက်ရာ စူပါမားကတ်၏ အောက်ထပ်က မိုးချုန်းသံကဲ့သို့ ကျယ်လောင်စွာ ပေါက်ကွဲသွားပြီး အရာအားလုံးကဖျက်ဆီးခံလိုက်ရသည်။

သာမန်အားဖြင့် လက်ပစ်ဗုံး၏ ပေါက်ကွဲမှုက အဆောက်အဦး တစ်ခုလုံးကို ပေါက်ကွဲသွားစေလိမ့်မည် ဖြစ်သည်။

သို့သော် ဝမ်လင်း၏ ကောင်းကင်လက်က ဤနေရာတွင် ရှိနေသောကြောင့် ပေါက်ကွဲမှုမှ ဖြစ်ပေါ်လာသည့် ပြင်းထန်သည့်နောက်ဆက်တွဲလှိုင်းများကို ဖယ်ရှားပစ်လိုက်သည်။

ထို့ကြောင့် အခြေအနေ သိပ်မပြင်းထန်ခဲ့ပေ။

ဥက္ကဌပိုင်နှင့် ကျီရှင်းတို့က အဆောက်အဦး၏ အပေါ်ဆုံးထပ်တွင် စောင့်ကြည့်နေခဲ့သည်။

ပေါက်ကွဲမှု ဖြစ်ပွားသည်နှင့် သူထားရှိခဲ့သည့် မျက်လုံးကပျက်စီးသွားပြီး မော်နီတာပေါ်တွင်လည်း ဆူညံသံမှလွဲ၍ ဘာမှမမြင်ရတော့ပေ။

တိုက်ခန်းအဆောက်အဦး တုန်လှုပ်သွားသည်ကို ခံစားမိလိုက်၍ လက်ပစ်ဗုံး အမှန်တကယ် ပေါက်ကွဲသွားသည်ကိုတော့ သူတို့ သိလိုက်သည်။

သီအိုရီအရဆိုလျှင် ဤလက်ပစ်ဗုံး၏ စွမ်းအားက ဤအဆောက်အဦး တစ်ခုလုံးကို ပြိုကျစေရန် လုံလောက်နေသည်။

"ကြည့်ရတာ နောက်ကွယ်က လူက တစ်ခုခု လုပ်လိုက်ပုံပဲ"

ဥက္ကဌပိုင်က မျက်မှောင်ကြုတ်လိုက်သည်။

တစ်ဖက်လူက အာကာပြင်ကို ဖြိုဖျက်နိုင်သော အစွမ်းထက်အင်အားကို ပိုင်ဆိုင်ထားသောကြောင့် ဤပေါက်ကွဲမှုမှ နောက်ဆက်တွဲ ဆိုးကျိုးများကို ကောင်းကောင်းကြီး ဟန့်တားနိုင်ပုံ ရနေသည်။

"ဒါပေမဲ့လည်း အကြီးအကဲကျိုးဝူ သေဆုံးသွားပြီ ဆိုတော့ တစ်ဖက်လူက ဘာမှလုပ်နိုင်မှာ မဟုတ်တော့ဘူး"

ဥက္ကဌပိုင် မျှော်လင့်ထားသလို အရာအားလုံးက ပြီးသွားခဲ့ပြီဖြစ်သည်။

အကြီးအကဲကျိုးဝူ၏ အော်ရာကလည်း ပျောက်ကွယ်သွားပြီ မဟုတ်ပါလာ

"ဘယ်လောက်တောင် သနားဖို့ကောင်းတဲ့ အဆုံးသတ်လဲ"

ကျီရှင်းက ပြောလိုက်သည်။

ဥက္ကဌပိုင်က အရာအားလုံးကို ကြိုသိထားသူကဲ့သို့ လေးနက်သော အမူအရာဖြင့် အောက်ထပ်ကို ငုံ့ကြည့်လိုက်သည်။

"ကောင်းပြီလေ.. ငါတို့သွားကြရအောင်"

ထိုခဏတွင် လေထဲ၌လွင့်မျောနေသော အနက်ရောင်ထီးက ရုတ်တရက် လှည့်ပတ်လာပြီး သူတို့ကို ဖုံးအုပ်နိုင်လောက်သည့် အရွယ်အစားအထိ တဖြည်းဖြည်း ကြီးမားလာသည်။

အဆုံးသတ်တွင် သူတို့နှစ်ဦးက ထိုနေရာမှ ပျောက်ကွယ်သွားခဲ့သည်။

ဥက္ကဌပိုင် ထွက်သွားပြီး နှစ်မိနစ်ခန့်အကြာတွင် မီးခိုးမြူများကြားမှ အကြီးအကဲကျိုးဝူ၏ နာကျင်စွာ အော်ဟစ်သံက ထွက်ပေါ်လာသည်။

"လခွမ်း.. နာကျင်လိုက်တာဟ"

ပေါက်ကွဲမှုဒဏ်က ဤမျှနာကျင်ရမှန်း သူယခုမှပင် သဘောပေါက်သွားခဲ့သည်။

သူ့တစ်ကိုယ်လုံးက ကွဲကြေသွားသလိုခံစားရပြီး ငရဲရောက်နေသလို နာကျင်ခံစားနေရသည်။

"ခဏနေပါဦး.. ဘာတွေဖြစ်နေတာလဲ.. ငါက သေသွားရမှာလေ.. ဘာလို့ အသိစိတ်ရှိနေတာလဲ.. သီအိုရီအရ ပြောရရင် ဒါက လုံးဝမဖြစ်သင့်ဘူး"

ပုံမှန်အားဖြင့် လက်ပစ်ဗုံး ပေါက်ကွဲသည်နှင့် သူ၏ ခန္ဓာကိုယ်က ပျက်စီးသွားပြီး ဝိညာဉ်များက တစ်စစီ ပျံ့ကျဲသွားရမည်ဖြစ်သည်။

"ငါ့ရဲ့ကုသိုလ်ကောင်းမှုတွေက သဘာဝလွန် ဖြစ်ရပ်တွေကို ဖြစ်ပေါ်စေခဲ့တာလား"

မည်သို့ပင်ဆိုစေကာမူ ရုတ်ချည်း ပြောင်းလဲသွားသောအခြေအနေကြောင့် အံ့ဩနေခဲ့သည်။

ဤအရာက သူ၏နားလည်နိုင်စွမ်းကို ကျော်လွန်နေပြီဖြစ်သည်။

သူက သတိလည်နေပြီဖြစ်သော်လည်း မလှုပ်ရှားနိုင်သေးပေ။

ထိုထက် အရေးအကြီးဆုံးမှာ ငွေရောင်ဆံပင်နှင့် လူငယ်လေးက သူ့ရှေ့တွင် ရပ်နေဆဲဖြစ်ပြီး အစမှအဆုံးတိုင် တစ်လက်မမျှ မလုပ်ရှားခဲ့ပေ။

လက်ပစ်ဗုံးက ထိုငွေရောင်ဆံပင်နှင့် လူငယ်လေး အနားတွင်ပေါက်ကွဲသွားသော်လည်း ထိုလူငယ်လေးသည် မထင်မှတ်ဘဲ ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ပုံရသည်။

အကြီးအကဲ ကျိုးဝူက ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြိုးစားခြင်းမှာ မိုက်မဲသော လုပ်ရပ်တစ်ခု ဖြစ်သည်ကို ခံစားလိုက်ရသည်။

"ဒါက ဘယ်လိုအခြေအနေလဲ"

သူက ဖြစ်ပျက်နေသည်ကို လုံးဝ နားမလည်နိုင်ခဲ့ပေ။

အနီးနားရှိ လေထဲတွင် လွင့်မျောနေသော အမှုန့်အမွှားများကိုသာ တွေ့လိုက်ရသည်။

အကြီးအကဲကျိုးဝူ "???"

ထို့နောက်တွင် မယုံနိုင်စရာ အဖြစ်အပျက်တစ်ခုက ဖြစ်ပေါ်လာသည်။

လက်ပစ်ဗုံး၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသော အကြီးအကဲ ကျိုးဝူသည် သူ၏ခန္ဓာကိုယ်က တဖြည်းဖြည်း ပြန်လည် တည်ဆောက်နေသည်ကို တွေ့လိုက်ရသည်။

အားလုံးထဲတွင် မှော်အဆန်ဆုံးအရာမှာ သူ၏ အတွင်းဒဏ်ရာက လုံးဝ ပြန်ကောင်းသွားခြင်း ဖြစ်သည်။

ထို့ပြင် ပျက်စီးနေသော သူ၏ တာအိုဝတ်စုံက အကောင်းအတိုင်း ပြန်ဖြစ်သွားခဲ့သည်။

ထိုခဏတွင် သူမသေသေးမှန်း သူ့ကိုယ်သူ သိလိုက်ရသည်။

စွမ်းအားတစ်ခုခုက သူ့ကို အသက်ပြန်ရှင်စေခဲ့ခြင်း ဖြစ်နိုင်လောက်သည်။

ငွေရောင်လေးက အကြီးအကဲကျိုးဝူ ထံသို့ ဖြည်းဖြည်းချင်းလျှောက်လာပြီး စိတ်ဝိညာဉ်ဖိနှိပ်ခြင်း လက်စွပ်ကို မြေပြင်မှကောက်ယူလိုက်သည်။

စိတ်ဝိညာဉ်ဖိနှိပ်ခြင်း လက်စွပ်သည် လက်ပစ်ဗုံး၏ စွမ်းအားဖြင့် လုံးဝမပျက်စီးနိုင်သည့် ကမ္ဘာ့ဖီဆန် မှော်ရတနာဖြစ်သည်။

ငွေရောင်လေးက သူ့အိတ်ကပ်ထဲမှ တစ်ရှူးတစ်ခုကို ထုတ်လိုက်ပြီး လက်စွပ်ကို သန့်ရှင်းရေးလုပ်လိုက်သည်။

ထို့နောက် တဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာသော အကြီးအကဲကျိုးဝူကို သူက ပြုံးရွှင်စွာ စိုက်ကြည့်လိုက်သည်။

"ဘယ်လိုလဲ.. ခန္ဓာကိုယ်တစ်စစီ ဖြစ်သွားတာ တကယ်ပဲနာကျင်ရတယ် မဟုတ်လား.. တကယ်လို့ မလုံလောက်သေးဘူးဆိုရင် နောက်ထပ် အကြိမ်ပေါင်းများစွာ ကိုယ့်ကိုယ်ကိုယ်သတ်သေလို့ရတယ်.. ဘယ်လိုပဲဖြစ်ဖြစ် မင်းက အဆုံးသတ်မှာ မသေမှာတော့ သေချာတယ်"

အကြီးအကဲကျိုးဝူ ".........."

အပိုင်း(၆၃၆) ပြီး၏။

All Chapters