← Chapters

သခင်လေး

Vol. 43 Ch. 637

သခင်လေး

Vol. 43 Ch. 637

အကြီးအကဲကျိုးက လုံးဝ ရှင်ပြန်ထမြောက်လာမည်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့သလို အတွင်း​ဒဏ်ရာကပါ ပြန်လည် ကောင်းမွန်လာမည်ဟု မမျှော်လင့်ထားခဲ့ပေ။

ယခုတော့ သူက အားမာန်အပြည့်နှင့် ရှင်ပြန်ထမြောက်လာပြီဖြစ်သည်။

လက်တစ်ဖက်က သူ့ကို အာကာပြင်ထဲကနေ တိုက်ရိုက်ဆွဲထုတ်ခဲ့သည်။

ယင်းက အနန္တတန်ခိုးရှင် တစ်ဦး၏ စွမ်းအားနှင့် ဆင်တူသည်။

လူတွေကို အမှန်တကယ် အသက်ပြန်ရှင်လာအောင် စွမ်းဆောင်ပေးနိုင်သည်မှာ မည်မျှအထိ ကြီးမားလိုက်သည့် စွမ်းအားနည်း။

အကြီးအကဲကျိုးဝူ၏ အကြည့်က ငွေရောင်လေး၏ ရိုးရှင်းသော အနက်ရောင်လက်စွပ်ကနေ မခွာနိုင်ပေ။

၎င်း၏ဇာစ်မြစ်ကို မသိသော်လည်း သူ့ကို အသက်ပြန်ရှင်စေသည်မှာ ဤလက်စွပ်၏ စွမ်းအားဖြစ်ကြောင်း သေချာသည်။

ရှင်ပြန်ထမြောက်နိုင်စွမ်းရှိသည့် မှော်လက်စွပ်တစ်ကွင်း...

ထိုအရာကို ဖန်တီးခဲ့သည်မှာ နောက်ကွယ်က စီနီယာတစ်ယောက် ဖြစ်နိုင်၏။

ဧရာမ လက်တစ်ဖက်ကို အစောပိုင်းက မြင်လိုက်ရသည်။

လက်စွပ်ကို လွှဲပေးလိုက်သည်မှာ ထိုစီနီယာ ဖြစ်ရပေမည်။

အကြီးအကဲကျိုးဝူ၏ အံ့သြနေသော အမူအရာကို ကြည့်ရင်း ငွေရောင်လေးက ပုခုံးတွန့်၍ သူ့လက်များကို ဖြန့်လိုက်သည်။

"ဒါက သာမန် လုပ်ဆောင်ချက်လေးပါပဲ.. မင်း ဒီလောက်ထိ ထိတ်လန့်နေစရာ မလိုပါဘူး.. တကယ်တော့ ငါ့သခင်က ဒီလက်စွပ်မရှိလည်း လူတွေကို အသက်ပြန်ရှင်အောင် လုပ်ဆောင်ပေးနိုင်တယ်"

"မှော်ရတနာ မရှိရင်တောင် လူတွေကို အသက်ပြန်ရှင်စေနိုင်တယ်လား"

အကြီးအကဲကျိုးဝူ၏ နှလုံးသားက တုန်လှုပ်သွားသည်။

[မင်းရဲ့သခင်က ကောင်းကင်တာအိုရဲ့ အလိုဆန္ဒပြယုဂ်များ ဖြစ်နေမလား]

သို့သော် သူက အဆုံးသတ်တွင် ဤမေးခွန်းကို တိုက်ရိုက် မမေးဝံ့ပေ။

နောက်ကွယ်ရှိ အနန္တတန်ခိုးရှင် စီနီယာ၏ စွမ်းအားသည် ဥက္ကဌပိုင်နှင့် လုံးဝ ခြားနားသော အဆင့်တွင်ရှိကြောင်း သူ လုံးလုံး နားလည်သည်။

အဘယ်ကြောင့်ဆိုသော် ဥက္ကဌပိုင်က ရှင်ပြန်ထမြောက်နိုင်သော မှော်ရတနာကို ကိုယ်တိုင် မဖန်တီးနိုင်သောကြောင့်ပင်။

အကြီးအကဲ ကျိုးဝူ သိသလောက် ရှင်ပြန်ထမြောက်ခြင်းဆိုင်ရာ မှော်ရတနာတစ်ခု ရှိသော်လည်း ပျောက်ဆုံးသွားသည်မှာကြာပြီ ဖြစ်သည်။

ထို့အပြင် သူအမှတ်ရသလောက် ဤရှင်ပြန်ထမြောက်ခြင်းလက်စွပ်သည် သူ၏ဝိညာဉ်ကို နေရာတစ်နေရာတွင် ရပ်တန့်စေခဲ့ပြီး ယင်းအတွက် အခြေခံအုတ်မြစ် အဖြစ် ခန္ဓာကိုယ်အသစ်စက်စက်ကို တိုက်ရိုက် ဖန်တီးလိုက်ပုံရသည်။

ရှင်ပြန်ထမြောက်ခြင်း လုပ်ငန်းစဉ် တစ်ခုလုံးကို မှတ်မိနေသောကြောင့် အကြီးအကဲကျိုးဝူ အတွက် အဖြေရှာရန် မခက်ခဲပေ။

ဆိုရလျှင် မှော်ရတနာ မပါဘဲ သူ့သခင်က လူတွေကို အသက်ပြန်ရှင်စေနိုင်သည် ဟူသော ငွေရောင်လေး၏ မှတ်ချက်ကို အကြီးအကဲကျိုးဝူက မယုံကြည်စရာ အကြောင်းပြချက် မရှိချေ။

ဤစွမ်းအားက သူနားလည်နိုင်သော အတိုင်းအတာတွင်ပင် မရှိခဲ့ပေ။

ဤစီနီယာ၏ ကျင့်ကြံခြင်း အဆင့်က ဘာလဲဟုပင် သူ မတွေးဝံ့ချေ။

“ကျွန်တော် တော်တော် သိချင်နေတယ်”

ပေါက်ကွဲမှုတစ်ခုတွင် သေဆုံးခြင်းကို ကြုံတွေ့ပြီးနောက် အကြီးအကဲကျိုးဝူက ငြိမ်သက်သွားခဲ့သည်။

“နောက်ကွယ်မှာရှိတဲ့ စီနီယာက တရားမျှတမှုကို လိုလားတဲ့ပုံပဲ.. ဒီစီနီယာရဲ့ ခွန်အားနဲ့ဆို ဥက္ကဌပိုင်ကို သတ်ဖို့က အားစိုက်နေစရာတောင် မလိုလောက်ဘူး.. သူက ဘာလို့ တစ်ခါထဲ မလှုပ်ရှားလိုက်တာလဲ"

"ဘာလို့လဲဆို​တော့ ငါတို့က တရားမျှတတဲ့ လူ့အဖွဲ့အစည်းမှာ ​နေ​နေရလို့ပဲ"

ငွေရောင်လေးက ချက်ချင်းပြန်ဖြေလိုက်သည်။

အကြီးအကဲကျိုးဝူက စကားမပြောဘဲ ဤအဖြေကို နက်နက်နဲနဲ တွေးတောနေခဲ့သည်။

ငွေရောင်လေးက ဝမ်လင်း၏ နောက်လိုက် ဖြစ်သည်မှာ မကြာသေးသော်လည်း လူ့အသိုင်းအဝိုင်းတွင် နေထိုင်ခြင်းဆိုင်ရာ စည်းမျဉ်းများကို တော်တော်လေး လေ့လာထားခဲ့သည်။

လူတစ်ဦး၏ အမြင်သုံးရပ်ကို ၎င်းတို့၏ ပတ်ဝန်းကျင်မှ လွှမ်းမိုးထားသည့် အချိန်များစွာရှိခဲ့သည်။

ဤတစ်လျောက်လုံး ဝမ်လင်းနောက်ကို သစ္စာရှိရှိ လိုက်သည်က လုံးဝ ထိုက်တန်သည်ဟု သူခံစားရ၏။

အကြီးအကဲကျိုးဝူ ပြောခဲ့သလို သူ့သခင်၏ အစွမ်းအစဖြင့် ဥက္ကဌပိုင်ကို ကိုင်တွယ်ရန်မှာ မခက်ခဲပေ။

သို့သော် လက်ရှိ အခြေအနေတွင် ၎င်းတို့သည် ဥက္ကဌပိုင်ကို သတ်ရန်ထက် အရှင်လတ်လတ် ဖမ်းဆီးပြီး မာကျောက်ကစားရန် ထောင်သို့ ပို့လိုကြသည်။

အဘယ်ကြောင့်ဆိုသော် ဥက္ကဌပိုင်တွင် သူတို့ မသိသေးသည့် လျှို့ဝှက်ချက်တွေ အများကြီး ရှိ၍ ဖြစ်သည်။

အကြီးအကဲကျိုးဝူက တင်ပျဉ်ခွေထိုင်ပြီး သူ့ခန္ဓာကိုယ်အသစ်စက်စက်၏ အတွင်းပိုင်းကို စစ်ဆေးလိုက်သည်။

သူမျှော်လင့်ထားသလို သူ့ခန္ဓာကိုယ်တွင် ဥက္ကဌပိုင် ထွင်းထားသည့် ကျိန်စာ အမှတ်အသား ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။

ဤကျိန်စာ အမှတ်အသားကို နတ်ဆိုးမုဆိုးများ အဖွဲ့အစည်း၏ လျှို့ဝှက်ချက်များ ပေါက်ကြားခြင်းမှ တားဆီးရန် အဖွဲ့ဝင်များ အပေါ်တွင် အသုံးပြုခဲ့သည်။

သို့သော်လည်း ၎င်းကို လူသားများအတွက်သာ လုပ်ဆောင်ခဲ့သည်။

ယခင်က နတ်ဆိုးမုဆိုးများ အဖွဲ့အစည်း၏ အဆင့်မြင့်ပုဂ္ဂိုလ်များထဲတွင် မစ္စတာလုသည် တစ်ဦးတည်းသော နတ်ဆိုးဖြစ်သည်။

အကြီးအကဲကျိုးဝူက ထိုအကြောင်းကို ယခုမှ သေသေချာချာ တွေးကြည့်လိုက်ရာ မစ္စတာလုကို ဥက္ကဌပိုင်က သူနဲ့အတူ အမြဲရှိစေရသည့် အကြောင်းရင်းမှာ မစ္စတာလု၏ နှုတ်ကနေ လျှို့ဝှက်ချက်မှန်သမျှကို အမှတ်မထင် မပေါ်ပေါက်သွားရန် တားဆီးလိုက်ခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

မစ္စတာလု နှင့် ယခင်က အဆက်အသွယ် ပြတ်သွားပြီးနောက် ဥက္ကဌပိုင် မည်မျှ ဒေါသအိုးပေါက်ကွဲခဲ့သည်ကို သတိရမိသည်။

ထိုအချိန်က ဥက္ကဌပိုင်သည် မစ္စတာလုကို တတ်နိုင်သမျှ အမြန်ဆုံး ရှာဖွေရန် အမိန့်ထုတ်ခဲ့သည်။

"မင်းမှာ မစ္စတာလုရဲ့ ထွက်ဆိုချက် ရှိပြီးသားလေ.. ငါ့ကို လိုအပ်သေးလို့လား"

အကြီးအကဲကျိုးဝူက ငွေရောင်လေးကို စိုက်ကြည့်ပြီး မေးလိုက်သည်။

“မစ္စတာလုက နတ်ဆိုးတစ်ကောင်ဖြစ်တယ်.. လူသားတွေနဲ့ နတ်ဆိုးတွေက မတူညီတဲ့လမ်းကို လျှောက်လှမ်းကြတယ်.. သူ့မှာ နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ အချက်အလက် တချို့ရှိနေရင်တောင် အကန့်အသတ်တော့ ရှိမှာ သေချာတယ်.. ဟုတ်တယ်မလား”

ငွေရောင်လေးက ပြန်ဖြေလိုက်သည်။

အကြီးအကဲကျိုးဝူက ထိုစကားကိုကြားလျှင် အပြင်းအထန် တုန်လှုပ်သွားခဲ့သည်။

ငွေရောင်ဆံပင်နှင့် လူငယ်လေးသည် အမှန်တကယ်ပင် ဉာဏ်ရည်ထက်မြက်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

လူငယ်လေး ပြောတာ အားလုံးမှန်၏။

ဥက္ကဌပိုင်က မစ္စတာလုကို အရာအားလုံး မပြောပြခဲ့၍ မစ္စတာလု သိထားသည်မှာ အလွန်နည်းပါးသည်။

တကယ်တမ်း ထိုစကားအားလုံးသည် စောစောက ကားထဲတွင် ဗုံးပစ်စီနီယာအင်မော်တယ် သင်ပေးသော စကားများ ဖြစ်သည်။

အကြီးအကဲကျိုးဝူက သက်ပြင်းချလိုက်သည်။

“မင်းအရမ်းသိချင်နေတဲ့ အတွက် ငါမင်းနဲ့ လိုက်လာခဲ့မယ်.. ငါ မင်းကို အမှန်အတိုင်း ပြောပြမယ်.. ငါက ဒီတိုက်ပွဲမှာ ရှုံးနေပြီပဲလေ”

[အို.. မင်းက ဒီလိုရှုံးနိမ့်တာကို ဝန်ခံနေတာလား.. နည်းနည်းတော့ တောင့်ခံဦးမယ်လို့ ထင်နေတာလေ.. မင်းမှာ လက်ပစ်ဗုံးတွေ အများကြီး ကျန်နေသေးတယ် မဟုတ်လား.. ဘာလို့ နောက်ထပ် နည်းနည်းလောက် မသုံးရတာလဲ.. ကောင်းကင်ယံမှာ ပေါက်ကွဲတာက မီးရှူးမီးပန်းလိုပဲ.. တော်တော်လေး ကြည့်လို့ကောင်းတယ်]

ငွေရောင်လေးက ပေါက်ကရ တွေးနေခဲ့သည်။

“….........”

ဤငွေရောင်ဆံပင်နှင့် လူငယ်လေးက အနည်းငယ် အတွေးချော်နေပုံရသည်ကို အကြီးအကဲကျိုးဝူ သတိပြုမိသည်။

"ငါက ဥက္ကဌပိုင်ကို အကြွေးတင်နေတာပါ.. ဒါက ငါ သူ့ကို သစ္စာမဖောက်နိုင်ရတဲ့ အကြောင်းရင်းပါပဲ.. သူ့လျှို့ဝှက်ချက်တွေကို ကာကွယ်ဖို့ ငါ့အသက်ကိုတောင် စတေးခဲ့တဲ့အထိပဲ.. ဒါပေမယ့် ငါတစ်ခါ သေပြီးပြီ.. အခု သူ့ဆီမှာ ဘာအကြွေးမှ မရှိတော့ဘူး"

အကြီးအကဲကျိုးဝူက ဝမ်းနည်းစွာ ပြောခဲ့သည်။

သူ၏ရှင်းပြချက်သည် အလွန်ရှင်းလင်းသော်လည်း ငွေရောင်လေးက အလုံးစုံ မယုံကြည်ခဲ့ပေ။

…...............

အကြီးအကဲကျိုးဝူက လက်နက်ချသွားပြီ ဖြစ်ကြောင်း အတည်ပြုပြီးနောက် ငွေရောင်လေးက ချက်ချင်း ဖုန်းထုတ်ကာ စာသားမက်ဆေ့ချ် ပေးပို့လိုက်သည်။

သူမက်ဆေ့ချ် ရိုက်နေစဉ် သူ၏ ကိုယ်ပွားက အကြီးအကဲကျိုးဝူကို စောင့်ကြည့်နေခဲ့သည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က ငွေရောင်လေး၏ စာသားမက်ဆေ့ခ်ျ လက်ခံရရှိသူကို တစ်ချက် ကြည့်လိုက်ပြီးနောက် ထိုနံပါတ်နှင့် အနည်းငယ် ရင်းနှီးသလို ခံစားမိခဲ့သည်။

"မင်းဘယ်သူ့ဆီ စာပို့နေတာလဲ"

“သခင်လေးဆီ”

ငွေရောင်လေးက ချက်ချင်း ပြန်ဖြေလိုက်သည်။

ဗုံးပစ်စီနီယာအင်မော်တယ် မှင်တက်သွားသည်။

ငွေရောင်လေးတွင် ဝမ်လင်းတစ်ဦးသာ သခင်အဖြစ် ရှိသည် မဟုတ်ပါလား။

"ညီနောင်ငွေရောင်လေး.. ဒီသခင်လေးက ညီနောင်လင်းနဲ့ရော ပတ်သက်နေလား"

ဗုံးပစ်စီနီယာအင်မော်တယ်က မေးလိုက်သည်။

"ဟုတ်ပါတယ်.. သခင်လေးက သခင်လုပ်သမျှကို ကြားဝင်နာမည်ခံရသူပါ"

ငွေရောင်လေးက ဖြေလိုက်သည်။

ဗုံးပစ်စီနီယာအင်မော်တယ်က နားလည်သဘောပေါက်လာသည်။

“........…”

[ဒီသခင်လေးက ကျိုးရီပဲ ဖြစ်ရမယ်]

ဆယ်မိနစ်ခန့် အကြာတွင် အခင်းဖြစ်ပွားရာသို့ ရဲများက အလျင်အမြန် ရောက်ရှိလာခဲ့သည်။

အစောပိုင်းက ဗုံးကြောင့် ဖြစ်ပေါ်လာသော မိုးကြိုးမုန်တိုင်းသည် ရပ်ကွက်ရှိ ဒေသခံများကို ထိတ်လန့်စေခဲ့သည်။

အကျိုးဆက်အနေဖြင့် မီးသတ်ကားများနှင့် ရဲကားအများအပြားသည် ဤတိုက်ခန်း၏ မြေအောက်ထပ်ကို အလျင်အမြန် ပိတ်ဆို့ခဲ့သည်။

မြေအောက်ထပ်သည် လုံးဝပြိုကျနေပြီ ဖြစ်သော်လည်း ရဲ သို့မဟုတ် မီးသတ်သမား မည်သူမျှ မလှုပ်ရှားရဲပေ။

အကြောင်းမှာ သူတို့ မရောက်ခင် ထောင်အုပ်လျန့် ဆီကနေ ဖုန်းဝင်လာ၍ ဖြစ်သည်။

ထောင်အုပ်လျန့်ကို ညွှန်ကြားခဲ့သူမှာ ကျိုးရီ ဖြစ်သည်။

ကျိုးရီသည် အစကတည်းကပင် ဥက္ကဌပိုင် ကိစ္စ၏ ကြီးကြပ်ရေးမှူး ဖြစ်သည်။

ထို့ကြောင့် ဤကိစ္စကို တာဝန်ယူရန်မှာ သူ့အတွက် အဓိပ္ပါယ်ရှိလှပေသည်။

"မစ္စတာငွေရောင်လေး.. ဒါရိုက်တာကျိုး မကြာခင် ရောက်လာပါလိမ့်မယ်"

ခရိုင်ရဲမှူးက ငွေရောင်လေးကို အလေးပြု၍ ပြောလိုက်သည်။

ဘေးတွင် တင်ပျဉ်ခွေထိုင်နေသော ကျိုးဝူက မျက်ခွံများကို ဖွင့်၍ အေးအေးဆေးဆေး မော့ကြည့်လိုက်သည်။

"ဒါရိုက်တာကျိုးလား"

"သူကဘယ်သူလဲ"

နာမည်က အနည်းငယ်ရင်းနှီးသလို သူခံစားခဲ့ရ၏။

“ငါ့သခင်လေး”

ငွေရောင်လေးက ပြန်ဖြေလိုက်သည်။

"သူက သန်မာလား"

"သန်မာတာပေါ့.. အရိပ်အဖွဲ့ခေါင်းဆောင် ကျန်းလျှိုယွဲ့၊ မိစ္ဆာအင်ပါယာကွာဖီ၊ အင်မော်တယ်စံအိမ်သခင် ချန်ယွီတို့ အားလုံးက သူ့လက်ထဲမှာ ကျရှုံးခဲ့တာလေ"

“…........”

အပိုင်း(၆၃၇) ပြီး၏

All Chapters