← Chapters

ဝိညာဥ်စွမ်းအင်ဟန့်တားခြင်း

Vol. 43 Ch. 638

ဝိညာဥ်စွမ်းအင်ဟန့်တားခြင်း

Vol. 43 Ch. 638

အကြီးအကဲကျိုးဝူက ငွေရောင်လေး မျှော်လင့်ထားသည်ထက် ပိုရိုးသားသည်။

ကျိုးရီ မရောက်လာမီ တစ်နေရာတည်းတွင် တင်ပျဉ်ခွေထိုင်ကာ မလှုပ်မယှက် ငြိမ်သက်နေခဲ့၏။

ငွေရောင်လေးက အကြီးအကဲ ကျိုးဝူ လက်နက်ချရန် ဟန်ဆောင်နေမည်ကို စိုးရိမ်နေခဲ့သည်၊

သူက တစ်ဖက်လူ၏ စိတ်စွမ်းအင် အတက်အကျကို စောင့်ကြည့်ရန် သူ၏ ခံယူချက်စွမ်းအားကို အသုံးပြုခဲ့သည်။

အကြီးအကဲကျိုးဝူက ဥက္ကဌပိုင်အား သတင်းပေးမည်ကို စိုးရိမ်သောကြောင့် သူတစ်ချိန်လုံး သတိနှင့် နေခဲ့သည်။

မည်သည့် မှော်အတတ်ကို အသုံးပြုခဲ့ပါစေ.. အသေးငယ်ဆုံးသော မှော်အတတ်သည်ပင် ဝိညာဉ်စွမ်းအင် ပြောင်းလဲမှုကို ဖြစ်ပေါ်စေသည်။

သို့သော် အကြီးအကဲ ကျိုးဝူထံ၌ မည်သည့် လှုပ်ရှားမှုကိုမှ မတွေ့ရပေ။

သူက ခံနိုင်ရည်မရှိဘဲ လုံးဝ လက်လျှော့သွားပုံရသည်။

"မင်းရဲ့ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်.. ညီနောင် ငွေရောင်လေး.. ကျန်တာကို ငါ့ဆီ လွှဲထားခဲ့ပါ"

ကျိုးရီက ငွေရောင်လေး ထံမှ လွှဲပြောင်းရယူခဲ့သည်။

ကျိုးရီက စိတ်ဝိညာဥ် အချုပ်အနှောင်ကို အကြီးအကဲ ကျိုးဝူကိုယ်ပေါ်တွင် အသုံးပြုလိုက်သည်အား တွေ့လိုက်သည်နှင့် ငွေရောင်လေးက သက်ပြင်းတစ်ချက် ချလိုက်သည်။

ဤစိတ်ဝိညာဉ်အချုပ်အနှောင်သည် ကွာဖီတို့ကို ဖမ်းဆီးရန်အတွက် အသုံးပြုခဲ့သော မှော်ရတနာ ဖြစ်သည်။

ထိုအရာက ပကတိအင်မော်တယ် စွမ်းအားကိုပင် လုံးလုံးလျားလျား ဖိနှိပ်ထားနိုင်သည်။

သံကြိုးများက ဝိညာဉ်စွမ်းအင်များ အလုပ်လုပ်ခြင်းကို တားဆီးကာ လက်ဖျံများ အသုံးပြုခြင်းမှ အကာအကွယ်ပေးထားသည်။

၎င်း၏ လုပ်ဆောင်ပုံက ဝိညာဉ်စွမ်းအင်ထွက်ရှိမှုကို ဟန့်တားပေးသည့် စိတ်ဝိညာဥ်စွမ်းအား အဟန့်အတား မှော်ရတနာ နှင့် အနည်းငယ် ဆင်တူသည်။

နှိုင်းယှဥ်ကြည့်လျှင် စိတ်ဝိညာဥ် အချုပ်အနှောင်သည် ပို၍ရှုပ်ထွေးသော ဖွဲ့စည်းပုံရှိသည်။

ဤကဲ့သို့ အရာများကို ဖန်တီးရန်မှာ အလွန် ခက်ခဲလှသည်။

ထိပ်သီးလူဆိုးများကို ဖမ်းဆီးခဲ့ပြီးနောက်တွင် ထောင်ထဲရှိ စိတ်ဝိညာဉ် အချုပ်အနှောင် မှော်ရတနာ အားလုံးက ကုန်သွားခဲ့ပြီဖြစ်သည်။

ယခုကျိုးဝူကို ချုပ်နှောင်ထားသည့် ပစ္စည်းသည် ဟွာရှို့၏ ကျင့်ကြံခြင်း အကယ်ဒမီမှ ဖြစ်သည်။

ကျိုးဝူ သိသလောက် ထိုပစ္စည်းက အပို အများကြီးမရှိပေ။

သုတေသနဌာနက အပိုတစ်စုံသာ ထုတ်လုပ်ထားခဲ့သည်။

အကယ်၍ အကြီးအကဲ ကျိုးဝူ၏ သတ်သေချင်စိတ်ကို ထည့်သွင်းစဉ်းစားခဲ့ခြင်းကြောင့်သာ မဟုတ်လျှင် ကျိုးရီက ဤ စိတ်ဝိညာဉ်အချုပ်အနှောင်များကို သူနှင့်အတူ ယူဆောင်လာမည် မဟုတ်ပေ။

သို့သော် လက်ရှိအခြေအနေအရ အကြီးအကဲ ကျိုးဝူကို တရားဝင် မထိန်းသိမ်းရသေးခင် သတိနှင့် လုပ်ဆောင်တာ ပိုကောင်းသည်။

ကျိုးရီက ထိုသို့ တွေးမိပြီး အကျဉ်းသား သယ်ယူပို့ ဆောင်ရေးကားဆီ ခေါ်သွားရန် တစ်စုံတစ်ယော​က်ကို ညွှန်ကြားလိုက်သည်။

စုန့်ဟိုင်ထောင်တွင် အကျဉ်းသားများကို နှိမ်နှင်းရန် ကိုယ်ပိုင် အစွမ်းထက်သော အတားအဆီးများ ရှိသည်။

ထို့ကြောင့် ထောင်ထဲသို့ရောက်လျှင် အကြီးအကဲ ကျိုးဝူ အတွက် စိတ်ဝိညာဥ်အချုပ်အနှောင်များ မလိုအပ်တော့ပေ။

စိတ်ဝိညာဥ် အချုပ်အနှောင် ကဲ့သို့သော မှော်ရတနာကို "မာကျောက်ကစားသော" ရာဇ၀တ်ကောင်ကြီးများတွင်သာ အသုံးပြုခဲ့သည်။

အကြီးအကဲ ကျိုးဝူ အဖမ်းခံရသည့် သတင်းကို မီဒီယာများထံ ပေါက်ကြားခြင်းမရှိအောင် ကျိုးရီက တတ်နိုင်သလောက် လုပ်ဆောင်ခဲ့သည်။

ယခုအချိန်တွင် ဥက္ကဌပိုင်သည် အကြီးအကဲကျိုးဝူ ကွယ်လွန်သွားပြီဟု မှားယွင်းစွာ ယူဆနေခဲ့သည်။

ဤသည်မှာ ပြီးပြည့်စုံသော ဖုံးကွယ်မှု ဖြစ်သည်။

ယင်းက ဥက္ကဌပိုင်ကို ထောင်ချောက်ဆင်ရန် ဗျူဟာမြောက် အစီအစဥ်တစ်ခု အဖြစ် ပြောင်းလဲသွားနိုင်ပေသည်။

…...................

အကျဉ်းသား သယ်ယူပို့ဆောင်ရေးကားအတွင်းတွင် ကျိုးရီသည် တည်ငြိမ်အေးဆေးစွာဖြင့် ကျိုးဝူ၏ ဘေးတွင် ထိုင်နေသည်။

ယင်းကိုမြင်တော့ အကြီးအကဲကျိုးဝူက ရှက်ရွံ့သွားသည်။

စိတ်ဝိညာဥ်အချုပ်အနှောင် ခတ်ထားလျှင်ပင် သူသည် အထူးသတိထားရမည့် ကြောက်မက်ဖွယ်ကောင်းသူ တစ်ဦးအဖြစ် ရှိနေဆဲ ဖြစ်သည်။

မထင်မှတ်ပဲ ဤလူက သူ့ကို လုံးဝမကြောက်ပေ။

၎င်းက ဘဝမုန်တိုင်းဒဏ်ကို ရေလည် ခံစားခဲ့ရသည့် စစ်ပြန်တစ်ယောက်လိုပင်။

ကျိုးဝူ၏ အကြည့်အောက်တွင် ကျိုးရီက အနည်းငယ် စိတ်မသက်မသာ ခံစားခဲ့ရပြီး ကျိုးဝူကိုစိုက်ကြည့်ကာ ပြောလိုက်သည်။

"မင်းမှာ နှုတ်ဆိတ်နေပိုင်ခွင့်ရှိတယ်"

“….........”

အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ကျိုးဝူက မေးလိုက်သည်။

"မင်းက တကယ်ပဲ ရွှေအမြူတေ အဆင့် ကျင့်ကြံသူလား"

ဤအကြောင်းကို သူ အရမ်းသိချင်နေခဲ့သည်။

ပုံမှန်အားဖြင့် ရွှေအမြူတေအဆင့် ကျင့်ကြံသူ အများစုမှာ ရဲမှူးများသာ ဖြစ်သည်။

ရွှေအမြူတေအဆင့်လောက်ဖြင့် အဆင့်မြင့်အရာရှိ ဖြစ်လာလျှင် ထိုလူက သာမန်မဟုတ်ကြောင်း တွက်ဆရ လွယ်ကူပေသည်။

ယေဘုယျအားဖြင့် ရွှေအမြူတေအဆင့် ကျင့်ကြံသူများ အတွက် ကြီးကျယ်သော ကိစ္စများကို ပြီးမြောက်ရန်မှာ ကောင်းကင်ဘုံသို့ တက်ရန်ထက်ပင် ခက်ခဲသည်။

ထို့ကြောင့် ဤဒါရိုက်တာကျိုးသည် အရိပ်အဖွဲ့ခေါင်းဆောင် ကျန်းလျှိုယွဲ့၊ မိစ္ဆာအင်ပါယာကွာဖီ၊ အင်မော်တယ်စံအိမ်သခင်နှင့် မိစ္ဆာဓားနတ်ဘုရား တို့ကို ဖမ်းဆီးနိုင်ခဲ့သည်မှာ အလွန်ပင် ဆန်းကြယ်နေသည်။

ကျိုးရီက ပြုံးလိုက်သည်။

"ဘာလို့လဲ.. ရွှေအမြူတေ အဆင့်ကို အထင်သေးတာလား”

တကယ်တမ်းတွင် ဤမေးခွန်းကို မေးမြန်းသူမှာ အကြီးအကဲ ကျိုးဝူ တစ်ဦးတည်း မဟုတ်ပေ။

ထို့ကြောင့် ကျိုးရီက ၎င်းကို မအံ့သြတော့ချေ။

သူတာဝန်ယူချိန်ကစ၍ သူ့အကြောင်းကို အမျိုးမျိုး အဆက်မပြတ် ပြောနေကြသည်မှာ ယခုအချိန်ထိ ဖြစ်သည်။

ကျိုးရီက နတ်ဆိုးဘုရင်ကို လုပ်ကြံသတ်ဖြတ်ပြီးနောက် တစ်ချီထဲဖြင့် လက်ထောက်ဒါရိုက်တာ ဖြစ်လာချိန်ကို ပြန်အမှတ်ရမိသေးသည်။

ထိုအချိန်က သူ အမှန်တကယ် ထိတ်လန့်တကြား ခံစားခဲ့ရသော်လည်း ယခုတော့ ထိုခံစားချက်က ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူ့တွင် အစွမ်းထက်သော ဆရာရှိသောကြောင့်ပင်။

အကျဉ်းသား သယ်ယူပို့ဆောင်သည့်ကားက စုန့်ဟိုင်ထောင်သို့ ရောက်ရှိလာသောအခါ အကြီးအကဲ ကျိုးဝူက စူးစမ်းလိုစိတ်ဖြင့် မေးခွန်းထုတ်လိုက်သည်။

“မိစ္ဆာအင်ပါယာကွာဖီ၊ အင်မော်တယ်စံအိမ်သခင်နှင့် မိစ္ဆာဓားနတ်ဘုရားတို့က အထဲမှာ တကယ်ရှိနေတာလား"

"ဟုတ်တယ်.. ဒါ့ပြင် သူတို့အားလုံးက အထူးအကျဉ်းခန်းထဲမှာ အတူတူ ရှိနေတယ်”

ကျိုးရီ ခေါင်းညိတ်လိုက်သည်။

"ဘာလဲ.. မင်းသူတို့ရဲ့ အမှတ်တရလက်မှတ်တွေ လိုချင်လို့လား"

အကြီးအကဲ ကျိုးဝူက သူ့ကို စိတ်အားထက်သန်သော အမူအရာဖြင့် စိုက်ကြည့်နေခဲ့သည်။

"ရ... ရနိုင်လား"

ကျိုးရီက ခပ်ယဲ့ယဲ့ ပြုံးပြလိုက်သည်။

“မေ့လိုက်ပါ.. မင်းက အထူးအချုပ်ခန်းထဲ ထည့်ထားဖို့ အားနည်းလွန်းတယ်"

အကြီးအကဲကျိုးဝူ “….........”

ကျိုးရီ

"ဒါပေမယ့် မင်း ဝန်ခံရင်တော့ သူတို့ရဲ့ လက်မှတ်တွေ ရအောင် ငါ ကူညီပေးနိုင်ပါတယ်"

အကြီးအကဲကျိုးဝူ “.........…”

ကျိုးရီက သူ၏ဆရာ ဝမ်လင်းထံမှ ဤအကြံအစည်ကို စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ထွင်ထျန်းဟာ အဘယ်ကြောင့် ငွေရွှင်နေရသနည်း။

ကျိုးရီက ဉာဏ်အလင်းရရှိရန် အတွက် ဝမ်လင်းနေ့စဉ် ပုံမှန်လုပ်သမျှကို မှတ်တမ်းတင်ထားပေးရန်အတွက် ထွင်ထျန်းဟာကို အခ​ကြးငွေဖြင့် တောင်းဆိုခဲ့သောကြောင့် ဖြစ်သည်။

သူ့ဆရာလို အဆင့်ရှိသည့် ကျင့်ကြံသူ၏ စကားလုံးတိုင်းနှင့် လုပ်ဆောင်ချက်တိုင်းသည် တွေးတောဆင်ခြင်သင့်လှပေသည်။

ဝမ်လင်း စာမေးပွဲဖြေပြီးသောအခါ ကျိုးရီက ဝမ်လင်း လုပ်ခဲ့သည့် လေ့ကျင့်ခန်းများကို မှတ်ထားပေးရန် ထွင်ထျန်းဟာကို တောင်းဆိုခဲ့သည်။

ထို့နောက်တွင် သူက လေ့ကျင့်ခန်းများကို စလုပ်တော့သည်။

သူဘွဲ့ရပြီးသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သော်လည်းဤလေ့ကျင့်ခန်းများကို သူ့ဆရာ လုပ်ရသည့် အကြောင်းရင်းရှိမည်ဟု အခိုင်အမာ ယုံကြည်ခဲ့သည်။

ဆရာတစ်ယောက်က တံခါးကို ဖွင့်ရုံသာ ဖွင့်ပေးနိုင်မည်ဖြစ်ပြီး ကျောင်းသားတစ်ယောက်က သူ့ဘာသာ ဝင်ရမည် ဖြစ်၏။

သူ့အနေဖြင့် ပိုကြိုးစားဖို့ လိုအပ်၏။

ထို့ကြောင့် အကြီးအကဲ ကျိုးဝူ ဝန်ခံအောင် သွေးဆောင်ရန်အတွက် အော်တို လက်မှတ်များကိုပင် အသုံးပြုခဲ့သည်။

ဤသည်က ဝမ်လင်းနှင့် ကောင်းကင်တာအိုတို့ အလဲအလှယ် လုပ်ရာကနေ ကျိုးရီ သိခဲ့သောနည်းလမ်း ဖြစ်သည်။

ညီမျှသော ဖဲလှယ်ခြင်းဆိုင်ရာ ဥပဒေသ..

သူ့ဆရာက ကောင်းကင်တာအို နှင့် အရောင်းအဝယ် ပြုလုပ်ရာတွင် ထိုဥပဒေသကို အသုံးချပြီး အမြတ်ထုတ်ရန် လုပ်ဆောင်ခဲ့သည် မဟုတ်ပါလား။

…............

ငွေရောင်လေး နှင့် ဗုံးပစ်စီနီယာ အင်မော်တယ်တို့က ဝမ်မိသားစု အိမ်ငယ်လေးဆီသို့ ညနေ ရှစ်နာရီခန့်တွင် ရောက်ရှိခဲ့သည်။

ငွေရောင်လေး ဝင်လာသောအခါ မေမေဝမ်က ဝမ်းသာသွားခဲ့သည်။

"အိုး.. ငွေရောင်လေး.. မင်းရောက်လာပြီလား"

မေမေဝမ်က ငွေရောင်လေးကို မိန်းကလေးဖြစ်သည်ဟု အမြဲတစေ မယိမ်းမယိုင် ယုံကြည်ခဲ့သည်။

"ညီနောင်ဗုံးပစ်က ကိုယ်တိုင် ကားမောင်းပြီး ငါ့ကို လိုက်ပို့ပေးတာ"

ငွေရောင်လေးက ခေါင်းညိတ်လိုက်သည်။

သူ့လိင်နှင့် ပတ်သက်၍ မေမေဝမ် နားလည်မှုလွဲမှားခြင်းကို သူစိတ်မ၀င်စားပေ။

ဤသည်မှာ ဆရာလေးလင်း၏ မိခင်ဖြစ်သည်။

သူမကို ပျော်ရွှင်အောင် လုပ်နိုင်သ၍ ကျန်သည့်အချက်ကို လုံးဝ ဂရုမစိုက်ပေ။

“ဗုံးပစ် ဘယ်မှာလဲ.. သူရော မနေခဲ့ဘူးလား"

"သူ့မှာ လုပ်စရာတွေရှိသေးလို့ အရင်ထွက်သွားပြီ"

ငွေရောင်လေးက သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး သိုလှောင်အိတ်ထဲမှ ဘရိုကိုလီ အိတ်အပြည့်ကို ထုတ်ယူလိုက်သည်။

“ညီနောင်ဗုံးပစ်က ပေးခိုင်းလိုက်တယ်.. ဒါတွေအားလုံးက စီနီယာ အတွက်ပဲ"

မေမေဝမ်က နဖူးကို လက်ဝါးဖြင့် ရိုက်လိုက်သည်။

“ဒါက များလွန်းတယ်.. အရင်တစ်ခါက ဟာတွေတောင် မကုန်သေးဘူး"

ငွေရောင်လေး

“လွန်ခဲ့တဲ့နှစ်ရက်အတွင်းမှာ မှော်ဆန်စပါးရဲ့ ဖခင်ကြီး မဟာသခင် ယွင်လုံဖျင်က သဲကန္တာရထဲမှာ အင်မော်တယ်စပါးကို အောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့တယ်..ဒါက ညီနောင် ဗုံးပစ် အပေါ် ကြီးမားတဲ့ အကျိုးသက်ရောက်မှု ဖြစ်စေခဲ့တယ်.. အခုဆိုရင် သူက မှော်ဘရိုကိုလီရဲ့ ဖခင်ကြီး ဖြစ်လာဖို့ စိတ်ပိုင်းဖြတ်ထားခဲ့ပြီ”

အပိုင်း(၆၃၈) ပြီး၏

All Chapters