အင်မော်တယ်ကျန်းရွမ်၏ သေရေးရှင်ရေးကာလ
Vol. 43 Ch. 639
ငွေရောင်လေးက မှင်တက်သွားသော်လည်း ဗုံးပစ်စီနီယာအင်မော်တယ် အိမ်တွင်မနေခဲ့သည့် အကြောင်းရင်းထဲမှ အများစုမှာ "ဘရိုကိုလီ" နှင့် သက်ဆိုင်နေမှန်း သူသိသည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က သူ့ကိုယ်သူ မလုံလောက်သေးဟု ခံစားမိခဲ့ပုံရသည်။
မှော်ဆန်စပါး၏ ဖခင် ဆရာကြီး ယွင်လုံဖျင်သည် အလွန်ခြောက်သွေ့သော သဲကန္တာရ ပတ်ဝန်းကျင်တွင် ရွှေရောင် မြေကြီးကိုပင် အသုံးမပြုဘဲ အင်မော်တယ် ဆန်စပါးများစွာကို ထုတ်လုပ်နိုင်ခဲ့သည်။
ဒီနည်းစနစ်က ဘယ်လောက်တောင် အဆင့်မြင့်လိုက်လဲ
ထို့အပြင် အရေးကြီးဆုံးအချက်မှာ ယွင်လုံဖျင်သည် ဤနည်းပညာကို မူပိုင်ခွင့်မလုပ်ခဲ့ပေ။
ထိုသို့သာ လုပ်လိုက်မည်ဆိုလျှင် ကမ္ဘာပေါ်တွင် အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာနိုင်သော်လည်း သူ မလုပ်ခဲ့ချေ။
အစကတည်းကပင် ယွင်လုံဖျင်သည် လူသားအားလုံး၏ အကျိုးအတွက် လုပ်ဆောင်ခဲ့သည်။
သူက ယွင်လုံဖျင်ကို လုံးဝမမီဟု ခံစားခဲ့ရသည်။
................
ငွေရောင်လေး အပေါ်ထပ်သို့ တက်သွားသောအခါ ထွင်ထျန်းဟာက သူ့ကို စောင့်နေခဲ့သည်။
ဆရာလေးလင်းက သူ့စားပွဲမှာ စာဖတ်နေသဖြင့် ငွေရောင်လေး လုံးဝ အနှောင့်အယှက် မပေးရဲပေ။
ထွင်ထျန်းဟာက ဆရာလေးလင်း စာဖတ်နေချိန်တွင် အာရုံနောက်အောင် မလုပ်ရသည်မှာ တားမြစ်ချက်ဖြစ်ကြောင်း အစောပိုင်းတွင် ပြောပြထားခဲ့သည်။
ထို့ကြောင့် လည်ပတ်ကို ယူလာသော ငွေရောင်လေးက အနည်းငယ် စိတ်ပျက်သွားသည်။
သို့သော် လက်ရှိအခြေအနေကို ကြည့်လိုက်လျှင် လည်ပတ်ကို သုံးဖို့ အခွင့်အရေး လုံးဝမရှိတော့ပေ။
နောက်မှသာ နောက်ထပ် အခွင့်အရေးကို ရှာရမည် ဖြစ်သည်။
ခွေး2က သူ့ကို "တိတ်ဆိတ်စွာနေရန်" အမူအရာ လုပ်ပြပြီးနောက် ရေချိုးခန်းထဲသို့ ခေါ်သွားလိုက်သည်။
ထွင်ထျန်းဟာက သခင်မာကို အသုံးပြုခဲ့ပြီးပြီ ဖြစ်သောကြောင့် စတင် အသက်သွင်းရာတွင် ကျွမ်းကျင်လာခဲ့သည်။
ဝမ်လင်းက မိုးခေါင်ခြင်းကြယ်ဂြိုဟ်သို့ သွားရန် သခင်မာကို အသုံးပြုခဲ့ဖူးသောကြောင့် သခင်မာတွင် ဂြိုလ်၏ ကိုသြဒိနိတ်မှတ်တမ်းကို ရရှိထားပြီ ဖြစ်သည်။
ငွေရောင်လေးက ခွေး2နောက်သို့ လိုက်သွားပြီးနောက် အိမ်သာအဖုံးက ဖြည်းညှင်းစွာ ဖွင့်လာသည်ကို တွေ့လိုက်ရလျှင် အံ့အားသင့်သွားခဲ့သည်။
"ဒါက ဆရာလေးလင်း ဉာဏ်အလင်းပေးထားတဲ့ အိမ်သာမှင်စာလား"
ထွင်ထျန်းဟာ“…........”
သခင်မာ “.........…”
ထွင်ထျန်းဟာ "ဘာအိမ်သာမှင်စာလဲ.. သခင်မာလို့ခေါ်သင့်တယ်"
ငွေရောင်လေး "တည်နေရာ ရွှေ့ပြောင်းဖို့အတွက် ငါတို့ဘာလုပ်ရမလဲ..အိမ်သာရေကို သောက်ရမှာလား"
ထိုအကြောင်းကိုကြားလျှင် သခင်မာ ထိတ်လန့်လုနီးပါး ဖြစ်သွားသည်။
ဤငွေရောင်ဆံပင်နှင့်လူငယ်က ဆရာလေးလင်း၏ ပဋိညာဉ်သားရဲတစ်ကောင် ဖြစ်သော်လည်း အဘယ်ကြောင့် ဤမျှ ဉာဏ်နည်းရပါသနည်း။
ထွင်ထျန်းဟာ “မလိုပါဘူး.. ငြိမ်ငြိမ်လေး စောင့်ရုံပါပဲ.. ခဏနေကျရင် သခင်မာဆီက ရွှေရောင်အလင်းတန်းက မင်းအပေါ်ကို ကျရောက်လာလိမ့်မယ်”
ငွေရောင်လေးက ခေါင်းညိတ်လိုက်သည်။
"အဲဒီလိုလား"
သူအရင်က တည်နေရာရွှေ့ပြောင်းသည့် မှော်ရတနာ အများအပြားကို တွေ့ခဲ့ဖူးသော်လည်း အများစုမှာ အစီအရင် တပ်ဆင်ထားခြင်း ဖြစ်သည်။
သို့သော် သခင်မာတွင်မူ အစီအရင်တပ်ဆင်ထားသည့် အရိပ်အခြေကို အနည်းငယ်မျှပင် မမြင်နိုင်ခဲ့ပေ။
ယင်းက သူ့ကို အလွန်အံ့အားသင့်စေခဲ့သည်။
…................
ဤအတောအတွင်း မိုးခေါင်ခြင်းကြယ်ဂြိုဟ်တွင် အင်မော်တယ်ကျန်းရွမ်သည် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ရာ တစ်ဝက်ကျော်ကျော်ကို ပြီးမြောက်ခဲ့ပြီ ဖြစ်သည်။
လေဝိညာဉ်သည် ဤမျှလောက် အတိုင်းအတာကို ဖျက်ဆီးပစ်ခဲ့သည်။
အင်မော်တယ်ကျန်းရွမ်က ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အတွက် နှလုံးသား နတ်ဆိုးကျောက်တုံးတွင် သိမ်းဆည်းထားသည့် ကမ္ဘာဦးချီ စွမ်းအားကို အသုံးပြုခြင်းဖြင့် သူ့အတွင်းစိတ်ဝိညာဉ်၏ အပြစ်များကို ချေဖျက်ခဲ့သည်။
ကံကောင်းထောက်မစွာပင် ထိုအချိန်က သူ၏ အတွင်းစိတ်ဝိညာဉ်သည် အပြည့်အဝ ပုံသဏ္ဍာန်မရှိခဲ့ပေ။
သို့မဟုတ်လျှင် မူလ ခန္ဓာကိုယ်ကို လုံးလုံးလျားလျား ဝါးမျိုသွားပေလိမ့်မည်။
ထို့ကြောင့် အင်မော်တယ်ကျန်းရွမ်က လူ့လောကနှင့် ဝေးဝေးတွင် နေသည်မှာ အတွင်းစိတ်ဝိညာဉ်ဆိုးများ မပေါက်ဖွားစေရန် ဖြစ်သည်။
ထို့ပြင် ခွင့်မလွှတ်နိုင်သော အပြစ်များကို လေဝိညာဥ် ကျူးလွန်ခြင်းမှ တားဆီးရန် သူတတ်နိုင်သမျှ လုပ်ဆောင်ခဲ့သည်။
သို့သော် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာတွင် လေဝိညာဥ်သည် ကမ္ဘာခြားဂိတ်တံခါးကို တိတ်တဆိတ် အသက်သွင်းခဲ့ပြီး နတ်ဆိုးကမ္ဘာနှင့် လူသားကမ္ဘာကြားကို နားလည်မှုလွဲမှားစေကာ နှစ်ဖက်စလုံးအတွက် ဆုံးရှုံးမှု ကြီးကြီးမားမား ဖြစ်စေခဲ့သည်။
သူ့အနေဖြင့် မိုးခေါင်ခြင်းကြယ်ဂြိုဟ်ကို ပြန်လည်ထူထောင်ပြီးနောက် လူသား ကျင့်ကြံသူများထံ ဆက်သွယ်ကာ ဂြိုဟ်ကိုပေးအပ်မည် ဖြစ်သည်။
လူသားများနှင့် နတ်ဆိုးများ အတူတကွ ငြိမ်းချမ်းစွာ နေထိုင်နိုင်သည့် ပထမဆုံး ပြင်ပဂြိုဟ်တစ်ခု ဖြစ်လာမည်ဟု သူ မျှော်လင့်ခဲ့သည်။
ကျန်းရွမ်က လေထဲတွင် ပျံဝဲရင်း သူ၏ချွေးများကို သုတ်ကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဥ်၏ တိုးတက်မှုကို သတိပြုမိသည်။
သူက အခြေခံအားဖြင့် ပြင်ဆင်ပြီးပြီ ဖြစ်သည်။
ထို့အပြင် ရေမရှိခြင်းကြောင့် ခြောက်သွေ့နေသော မြေကြီး၏ အက်ကွဲကြောင်းများကို သပ်သပ်ရပ်ရပ် ချောမွေ့စေခဲ့သည်။
ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်စဉ်အတွင်း မြေဆီလွှာ အလုံအလောက် စိုစွတ်မှုရှိစေရန် မိုးခေါင်ခြင်းကြယ်ဂြိုဟ်၏ ခြောက်သွေ့သောနေရာများတွင် ရေအမျိုးအစား မှော်အစီအရင်များကို ချထားရန်လည်း မမေ့လျော့ခဲ့ပေ။
ကျန်းရွမ်က ကမ္ဘာ့မြေမျက်နှာပြင်ကို ပြန်လည် တည်ဆောက်ခြင်းအပြင် ပိုမိုတည်ငြိမ်သော ဂေဟဗေဒစနစ်ကို ဖန်တီးနိုင်ခဲ့သည်။
သူက ခါးထောက်၍ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"အခုနောက်ဆုံးအချက်က အာကာပြင် အက်ရာတွေကို ပြုပြင်ဖို့ပဲ"
အာကာပြင်အက်ကွဲရာများကိုပြုပြင်သည်က ကမ္ဘာမြေကို ပြန်လည်တည်ဆောက်တာနှင့် ယှဉ်လျှင် ပြုပြင်ရ ပိုခက်ခဲသည်။
မိုးခေါင်ခြင်းကြယ်ဂြိုဟ်ရှိ အာကာပြင် အက်ကွဲရာများသည် နတ်ဆိုးကမ္ဘာရှိ အက်ရာများနှင့် နှိုင်းယှဉ်လျှင် ဆိုးရွားလှသည်တော့ မဟုတ်ပေ။
အာကာပြင်ကို ပြန်လည် ဖာထေးခြင်းက အနည်းငယ် ပိုရှုပ်ထွေးသော်လည်း တစ်လအတွင်း အရာအားလုံးကို အပြီးသတ်နိုင်လိမ့်မည်ဟု ကျန်းရွမ် ခန့်မှန်းခဲ့သည်။
သူက ပြန်လည်မွမ်းမံခြင်း မပြုမီ သူရေးဆွဲထားသော မြေပုံကို ထုတ်ယူခဲ့သည်။
ထိုမြေပုံတွင် အာကာပြင် ကွဲအက်သည့် နေရာများကို မှတ်သားထားသည်။
"ငါနဲ့ အနီးဆုံးနေရာကနေ စပြင်မယ်"
အင်မော်တယ်ကျန်းရွမ်က သက်ပြင်းချလိုက်သည်။
ပြန်လည်ထူထောင်ရေး အတွက် အနီးစပ်ဆုံး ပစ်မှတ်ကို အတည်ပြုပြီးနောက် သူက တိုက်ရိုက် ပျံသန်းခဲ့သည်။
သို့သော် သူ့ရှေ့မှ မြင်ကွင်းတွင် အက်ကွဲရာ နှစ်ခုရှိမှန်း သိလိုက်ရလျှင် မျက်မှောင်ကြုတ်သွားခဲ့သည်။
အက်ကွဲရာ နှစ်ခု အမှန်တကယ်ရှိပါက မြေပုံပေါ်တွင် မှတ်စုရေးထားလိမ့်မည် မဟုတ်လော။
"ဒါက အက်ကွဲရာအသစ်များလား"
ကျန်းရွမ်က ခေါင်းငုံ့ကာ ငေးကြည့်နေမိသည်။
သူက အမူအရာ ပြောင်းလဲသွားပြီး အနီးကပ်ကြည့်လိုက်သည်။
ထူးဆန်းသော အော်ရာကို သူ ခံစားလိုက်ရ၏။
သူ့ရှေ့ရှိ အာကာပြင် အက်ကွဲကြောင်းကနေ ဖော်မပြနိုင်သော အန္တရာယ် အငွေ့အသက် တစ်ခု ထွက်ပေါ်လာသည်။
"အဲဒါဘာများလဲ"
အင်မော်တယ်ကျန်းရွမ်က မျက်မှောင်ကြုတ်လိုက်သည်။
အာကာပြင် အက်ကွဲကြောင်းကနေ ထွက်လာသည်က နတ်ဆိုးချီ သို့မဟုတ် ဝိညာဥ်ချီဟု သူ မထင်ပေ။
ထိုအစား သူ့ခန္ဓာကိုယ်ထဲတွင် ရှိသည့် ကမ္ဘာဦးချီနှင့်ဆင်တူသည်ဟု ခံစားရသည်။
“ဖြစ်နိုင်ပါ့မလား…”
ကျန်းရွမ်က လေးလေးနက်နက် မျက်မှောင်ကြုတ်လိုက်ပြီး ညီးညူလိုက်သည်။
သူက ဖြစ်နိုင်ချေတစ်ခုကို စဉ်းစားမိသည်။
ယင်းမှာ နတ်ဆိုး သူတော်စင် နန်းတော်တွင် ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင် ပြောပြခဲ့သည့် အာကာပြင် ကွဲအက်ရာမှ ထွက်ပေါ်လာသည့် ကမ္ဘာဦးသားရဲ ဖြစ်သည်။
ကျန်းရွမ်က အလွန်သတိထားရမည်ဟု ခံစားမိသည်။
အကယ်၍ ဤနေရာတွင် အာကာပြင် ကွဲအက်မှုနှစ်ခု ရှိနေကြောင်း သူသိခဲ့လျှင် မြေပုံပေါ်တွင် အမှတ်အသားတစ်ခု ထပ် ပိုရှိနေမည်မှာ သေချာသည်။
ဤထူးဆန်းသော အာကာပြင် ကွဲအက်မှုသည် အသစ်ဖြစ်သည်။
ထို့အပြင် ၎င်းတွင် အလွန်အန္တရာယ်များသော အရှိန်အဝါ အငွေ့အသက် ပါရှိသည်။
ထိုသို့ တွေးနေစဥ်မှာပင် အင်မော်တယ် ကျန်းရွမ်က အက်ကွဲကြောင်းထဲကနေ အနက်ရောင် ငါးမြီးကို ရုတ်တရက် မြင်လိုက်ရသည်။
ထိုခဏမှာပင် အနက်ရောင် အတောင်ပံပါသည့် ငါးကြီးတစ်ကောင်သည် အာကာပြင် အက်ကွဲကြောင်းထဲကနေ ပျံထွက်လာပြီး သူ့ကို လှမ်းကြည့်လိုက်၏။
အပိုင်း(၆၃၉) ပြီး၏