ခွန်ငယ်လေးလား
Vol. 43 Ch. 640
ဒါကခွန်ကောင်ပဲ.. အရင်တွေ့ဖူးတဲ့ တစ်ကောင်ထက် အရွယ်အစား ကြီးလှချည်လား"
ထို့အပြင် ၎င်းက နတ်ဆိုး သူတော်စင် နန်းတော်တွင် တွေ့ခဲ့ဖူးသည်နှင့် မတူပေ။
ခွန်ကောင်က ပုပ်ပွနေသော အလောင်းကောင်များကဲ့သို့ အလွန်ပင် အနံ့ပြင်းသည်။
၎င်းကို ဇီဝဓာတုလက်နက်ဟုပင် ယူဆနိုင်နေပြီ ဖြစ်သည်။
အင်မော်တယ်ကျန်းရွမ်သည် သူ၏ နှာတံတစ်လျောက်ကို ဝိညာဉ်စွမ်းအင်ဖြင့် စည်းတံဆိပ်ခတ်လိုက်သည်။
သို့မဟုတ်လျှင် ဤအနံ့က သူ့ကို မူးလဲသွားစေမည်ဟု ခံစားရသည်။
သာမန်လူများကို မပြောနှင့် သူ့လို အင်မော်တယ်အရှင်မြတ်ပင် ဤအနံကို မခံနိုင်ပေ။
လက်ရှိအခြေအနေသည် ထိုအချိန်က ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင် ကြုံတွေ့ခဲ့ရသည့် အခြေအနေနှင့် လက်တွေ့ကျကျ ကိုက်ညီသည်။
အာကာပြင် အက်ကွဲရာတစ်ခုထဲမှ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်အရင်းအမြစ် ဖြစ်သည့် "ကမ္ဘာဦးချီ"ကို အသုံးပြုခဲ့သည်မှာ ကမ္ဘာဦးသားရဲတစ်ကောင် ဖြစ်သည်။
မေးစရာရှိသည်မှာ ဤအကောင်ကြီးက မည်သည့်နေရာက ဆင်းသက်လာပါသနည်း။
"ဘယ်လောက်ဒုက္ခကြီးလိုက်လဲ.. မြေမျက်နှာပြင်တွေကို အခုပဲ ပြင်ပြီးပြီ.. ထပ်ပြင်ရဦးမဲ့ပုံပဲ"
ကျန်းရွမ်က စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။
သူက လက်သီးကို တင်းတင်းကျပ်ကျပ် ဆုပ်ထားရင်း လျှို့ဝှက်နည်းစနစ် တစ်ခုကို သုံးပြီး သူ၏ အငွေ့အသက်ကို ဖုံးကွယ်လိုက်သည်။
ဤခွန်ကောင်က အလွန် ကြီးမားသည်ဟု မယူဆနိုင်သော်လည်း ထိုအချိန်က နတ်ဆိုးသူတော်စင် နန်းတော်တွင် မြင်ခဲ့ရသည့် ခွန်ကောင်ထက် အနည်းငယ် ပိုကြီးသည်။
ဤခွန်သားရဲက ကလေးအရွယ် မဟုတ်ဘဲ ဝိညာဉ်ရေး အသိဉာဏ်မဖွံ့ဖြိုးသေးသည့် လူငယ်တစ်ဦး ဖြစ်ပုံရသည်။
တစ်ဖက်သားက သူ၏အသွင်အပြင်ကို အာရုံခံစားမိပြီ ဖြစ်သော်လည်း အင်မော်တယ် ကျန်းရွမ်က အငွေ့အသက်ကို ဖျောက်ထားသဖြင့် တုန်လှုပ်ချောက်ချားစရာ မရှိပေ။
သို့ပေမယ့်လည်း ဤခွန်ကောင်၏ တုံ့ပြန်မှုသည် အင်မော်တယ်ကျန်းရွမ် စိတ်ကူးထားသည်ထက် ကျော်လွန်နေသည်။
သူက အငွေ့အသက်ကို ဖုံးကွယ်ထားသော်လည်း ခွန်ကောင်င သူဘယ်မှာရှိနေမှန်း မထင်မှတ်ဘဲ သိနေပုံရသည်။
အင်မော်တယ်ကျန်းရွမ်က တည်နေရာများကို အကြိမ်ပေါင်းများစွာ ဆက်တိုက် ရွှေ့ပြောင်းခဲ့သော်လည်း ခွန်၏ ဦးခေါင်းက တစ်ချိန်လုံး သူ၏ ဦးတည်ရာဆီသို့ ညွှန်ပြနေခဲ့သည်။
ခွန်ရဲ့ ဦးခေါင်းမှာ အာရုံခံကိရိယာပါနေတာလား ဒါမှမဟုတ် ခွန်ကောင်ရဲ့ လှုပ်ရှားမှုတွေကို နောက်ကွယ်ကနေ တစ်စုံတစ်ယောက်က ထိန်းချုပ်နေတာလား။
အင်မော်တယ်ကျန်းရွမ်က နတ်ဆိုးသူတော်စင် နန်းတော်ရှိ အစွယ်ပေါင်းများစွာ ရှိသော ခွန်ဘေဘီလေး၏ ဝမ်းဗိုက်ထဲတွင် ငါးမျှားကြိုး တစ်ချောင်းပါရှိနေသည်ကို သတိရမိသည်။
အကယ်၍ ဤငါးမျှားကြိုးကို ရုပ်သေးကြိုးကဲ့သို့ ခွန်ကို ညွှန်ကြားရန်နှင့် ထိန်းချုပ်ရန် အသုံးပြုနိုင်ခဲ့လျှင် လက်ရှိအခြေအနေသည် ကျန်းရွမ် ထင်သည်ထက်ပင် များစွာ ပိုမိုရှုပ်ထွေးသည်ဟု ဆိုရမည်။
"အင်မော်တယ်မျက်လုံး...ဖွင့်"
ထိုအကြောင်းကို တွေးမိပြီး ကျန်းရွမ်က သူ၏အင်မော်တယ်မျက်လုံးကို ဖွင့်ရန် တွန့်ဆုတ်မနေခဲ့ပေ။
သူ၏ လိမ္မော်ရောင် မျက်လုံးများတွင် အလင်းတန်းများ စုစည်းမိသွားသည်။
ထိုအချိန်တွင် အချိန်က နှေးကွေးသွားပုံရပြီး ကမ္ဘာကြီးတစ်ခုလုံးသည် သူနှင့်အတူ ရှိနေသကဲ့သို့ပင်။
အင်မော်တယ်ချီက သူ့ကိုလွှမ်းခြုံနေပြီး သူ၏ အနီရောင် ဆံပင်များကိုပင် တဖျပ်ဖျပ်ခတ်သွားစေသည်။
အင်မော်တယ်မျက်လုံး၏ စွမ်းအားဖြင့် သူက ခွန်၏ ခန္ဓာကိုယ်ကို အဖျားမှ အရင်းထိ ရှာဖွေခဲ့ရာ သူ့အကြည့်များကို တစ်စုံတစ်ခုက လျင်မြန်စွာ ဖမ်းစားလိုက်သည် ။
"ဓါး.. လာခဲ့"
သူ့လက်ကို မြှောက်လိုက်သည်နှင့် အနီရောင်အလင်းတန်းများက သူ့လက်တွင် စုစည်းလာသည်။
သူ၏အသက်နှင့်ချီနှောင်ထားသည့် မှော်လက်နက်ကို ဘယ်တုန်းကမှ ထုတ်သုံးရန် မလိုအပ်ခဲ့ပေ။
ယခုမူကား ရုန့်ရင်းသော ကမ္ဘာဦး သားရဲနှင့် ရင်ဆိုင်ရမည်ဖြစ်၍ ထုတ်သုံးရန် မတွန့်ဆုတ်ခဲ့ချေ။
အနည်းငယ် ဂရုမစိုက်မိသည်မှင့် သူ့အတွက် အသက်အန္တရာယ် အမှန်တကယ် ရှိလာလိမ့်မည် မဟုတ်လော။
အနီရောင်အလင်းတန်းများက နောက်ဆုံးတွင် ထက်မြသောပါ့ကွသဏ္ဍာန် ချပ်ပြား တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ကျင့်ကြံသူက နယ်ပယ်တစ်ခုသို့ ရောက်သည်နှင့် တစ်ပြိုင်နက် ၎င်းတို့၏ ကိုယ်ပိုင် အသက်တာဖြင့် ချည်နှောင်ထားသော မှော်လက်နက်များသည် များသောအားဖြင့် ပထမတန်းစား သူတော်စင်လက်နက် သို့မဟုတ် ကမ္ဘာ့ဖီဆန် မှော်လက်နက် ဖြစ်လာ၏။
အင်မော်တယ်ကျန်းရွမ်၏ အသက်မှော်ရတနာသည် နှစ်ရာနှင့်ချီ၍ အသွေးအသားများ ကျွေးမွေးပြီး ဖန်တီးခဲ့ရသော ကမ္ဘာ့ဖီဆန် မှော်လက်နက်တစ်ခု ဖြစ်သည်။
၎င်းတွင် အသုံးပြုပုံ နှစ်မျိုးရှိသည်။
ပထမတစ်မျိုးမှာ ထူးခြားသော တိုက်ခိုက်မှု အမျိုးမျိုးအတွက် အကွေးရှစ်ခုကို အသုံးပြုနိုင်၍ ပိုမို ပြောင်းလွယ်ပြင်လွယ် ရှိစေသည်။
ဒုတိယအသုံးပြုပုံမှာ ပေါင်းစပ်တိုက်ခိုက်မှု ဖြစ်ပြီး ပို၍ပင် ပျက်စီးစေသည်။
အင်မော်တယ်ကျန်းရွမ်က ခွန်ကောင်၏ ခန္ဓာကိုယ်တွင် ချိတ်ထားသည့် ငါးမျှားကြိုး၏ ရည်ရွယ်ချက်ကို လောလောဆယ် မသိရသေးပေ။
သူ့အသက်မှော်ရတနာဖြစ်သည့် အနီရောင်သွေးလ ပါ့ကွလက်နက်သည် မယုံနိုင်လောက်အောင် ဖျက်ဆီးနိုင်စွမ်း ရှိသည်။
ကမ္ဘာ့ဖီဆန် မှော်လက်နက်တစ်ခု အနေဖြင့် ၎င်း၏ချွန်ထက်သော ဓားသွားစိတ်များသည် လေထုကိုပင် ပြင်းထန်စွာ ဖြတ်တောက်နိုင်သည်။
အသက်မှော်ရတနာ၏ ကြီးမားသော ဖိအားအောက်တွင် ကမ္ဘာမြေကြီးက အက်ကွဲစပြုလာသည်။
ကျန်းရွမ်က သွေးအန်လုမတတ် ခံစားနေရ၏။
သူက ကမ္ဘာမြေကြီးကို ယခုလေးတင် ပြုပြင်ပြီးရုံသာ ရှိသေးသည် မဟုတ်ပါလား။
သို့သော် လက်ရှိအခြေအနေနှင့် ယှဥ်ကြည့်လျှင် ရင်းနှီးရသည့်ဈေးမှာ အသေးအဖွဲဟုပင် ဆိုရမည်။
အကယ်၍ သူသာ ဤခွန်ကောင်ကို မရပ်တန့်နိုင်ခဲ့လျှင်မိုးခေါင်ခြင်း ကြယ်ဂြိုဟ်က ပို၍ပင် ပျက်စီးသွားလိမ့်မည်မှာ သေချာသည်။
ခုတ်ထစ်ခြင်း။
အနီရောင်သွေးလချပ်ပြားက “ငါးမျှားကြိုး”ကို ဖြတ်တောက်လိုက်ရာ သတ္တုကိုဖြတ်တောက်သကဲ့သို့ အသံများထွက်ပေါ်လာသည်။
ပတ်ဝန်းကျင်တွင် မီးပွားများက ရဲရဲတောက်နေခဲ့သည်။
“ငါပိုအားစိုက်ထုတ်ရမယ်”
ကျန်းရွမ်က အနီရောင်သွေးလချပ်ပြားကို ပိုမိုမြန်ဆန်စွာ လှည့်ပတ်၍ အမည်မသိပစ္စည်းတစ်ခုမှ ပြုလုပ်ထားသည့် "ငါးမျှားကြိုး" အကြား ပွတ်တိုက်မှုကို တိုးစေခဲ့သည်။
ကျန်းရွမ်က လေဝိညာဥ် ပျောက်ဆုံးသွားကတည်းက ဤစွမ်းအားများကို အသုံးမချခဲ့ပေ။
သူက အသက်မှော်လက်နက်ကို ဖြစ်နိုင်သမျှ အမြန်ဆုံးနှုန်းဖြင့် အရှိန်မြှင့် လုပ်ဆောင်ခဲ့သည်။
အင်မော်တယ်ကျမ်းရွမ်က လေးနက်စွာ မျက်မှောင်ကြုတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် ခွန်ကောင်က ညီးညူလာ၏။
ဤငါးမျှားကြိုးက ၎င်း၏အာရုံကြောများနှင့် ချိတ်ဆက်နေသကဲ့သို့ပင်။
ငါးမျှားကြိုးကို ထိမှန်သောအခါ ခွန်က ဝေဒနာ ခံစားနေရပုံရ၏။
မကြာမီ ငါးမျှားကြိုး ပြတ်သွားသည့် အသံ ထွက်ပေါ်လာသည်။
အောင်မြင်ပြီ..
အင်မော်တယ်ကျန်းရွမ် ဝမ်းသာပီတိ ဖြစ်သွားသည်။
သို့သော် ငါးမျှားကြိုး ပြတ်သွားသည်နှင့် တစ်ပြိုင်နက် ခွန်ကောင်က နီညိုရောင်ပုပ်ပုပ် အရည်များကို မြေပြင်ပေါ်သို့ ဖြန်းခနဲ အန်ချပစ်လိုက်သည်။
ကံကောင်းထောက်မစွာပင် ၎င်းက ငယ်ရွယ်သော ခွန်တစ်ကောင် မျှသာဖြစ်သည်။
အလျားဆယ်မီတာကျော်သာ ရှိသည့် အလယ်အလတ်အရွယ်အစားဟု ယူဆနိုင်၏။
အကယ်၍ ၎င်းသာ အတောင် တစ်ထောင် အပြည့်ရှိသော ဧရာမခွန်သားရဲ ဖြစ်ခဲ့လျှင် ကျန်းရွမ်က ကိုင်တွယ်နိုင်ဖို့ ခက်ခဲလိမ့်မည် ဖြစ်သည်။
သူက အလျင်စလိုမလုပ်ဘဲ လေထဲကိုသာ ဂရုတစိုက် ကြည့်နေခဲ့သည်။
ခွန်က ပုပ်နေသောအရည်ကို အန်ထုတ်နေရခြင်းမှာ ငါးမျှားကြိုး ဖြတ်ခံရမှု၏ တုံ့ပြန်မှုတစ်ခု ဖြစ်နိုင်ကြောင်း နောက်ဆုံးတွင် သူကောက်ချက်ချခဲ့သည်။
ငါးမျှားကြိုး ဖြတ်တောက်ခံရပြီးနောက် ခွန်သားရဲကို ယခင်လောက် အစွမ်းထက်သည်ဟု မခံစားရတော့ပေ။
ယခုအခါတွင် ခွန်ကောင်က သူ့ကို မတွေ့နိုင်တော့ပေ။
ခွန်ဘေဘီလေးများနှင့် အရွယ်ရောက်ပြီးသော ခွန်များသည် ၎င်းတို့၏ ကိုယ်ပိုင်အသိဉာဏ်ဖြင့် လက်ဦးမှုရအောင် အမှန်တကယ် မတိုက်ခိုက်နိုင်ပုံ ရသည်။
ယခင်က နတ်ဆိုးသူတော်စင်နန်းတော်တွင် အစွယ်ပေါင်းများစွာရှိသည့် ခွန်ဘေဘီလေးကို တွေ့ရသောအခါ အင်မော်တယ်ကျန်းရွမ် အံ့သြမိခဲ့သည်။
သို့သော် ယခုအခါတွင် ရှင်းပြချက်တစ်ခု ရှိနေခဲ့၏။
ခွန်ဘေဘီလေးများနှင့် အရွယ်ရောက်ပြီးသော ခွန်များသည် တိုက်ခိုက်နိုင်သည့် အလားအလာ ရှိသော်လည်း ဤအဆင့်ရှိ ကမ္ဘာဦးသားရဲများသည် များသောအားဖြင့် လက်ဦးမှုယူ၍ တိုက်ခိုက်မှုမျိုးကို မပြုလုပ်ကြပေ။
ခွန်သားရဲများသည် အရွယ်ရောက်လာသည်နှင့်အမျှ သူတို့၏ မိဘထံကနေ မည်သို့ တိုက်ခိုက်ရမည်ကို သင်ယူခဲ့ကြသည်။
ဤအဆင့်တွင် ၎င်းတို့သည် ကြီးထွားရန်အတွက် လုံလောက်သော အာဟာရများ လိုအပ်နေသေး၏။
တိုက်ခိုက်မှုများကို လုပ်ဆောင်ခြင်းသည် များသောအားဖြင့် ၎င်းတို့၏ ကြီးထွားမှုကို နှောင့်နှေးစေသည်။
ထို့ကြောင့် ယခင်က တွေ့ခဲ့သော ခွန်ဘေဘီလေး နှင့် ဤအရွယ်ရောက်ပြီးသောခွန်ကို တစ်စုံတစ်ယောက်က ကြိုးကိုင်ထားပုံရ၏။
အပိုင်း(၆၄၀) ပြီး၏