ငါးဖမ်းသမားရဲ့ ငါးမျှားချိတ်
Vol. 43 Ch. 641
ဆက်သွယ်မှုကိုဖြတ်တောက်ပြီးနောက်တွင် ခွန်ကောင်ကတဖြည်းဖြည်းငြိမ်သက်သွားခဲ့သည်။
ရုပ်သေးမှော်စွမ်းရည်သည် အခြေခံအားဖြင့် မည်မျှအန္တရာယ်ရှိပါသနည်း။
ယင်းက လူသားကျင့်ကြံသူများကြားတွင် လုံးဝတားမြစ်ထားသည့် အမှောင်မှော်စွမ်းရည်မျိုး ဖြစ်သည်။
ထိုမှော်စွမ်းရည် အသုံးပြုခြင်းခံရသော သားရဲများသည် ၎င်းတို့ အသက်ရှင်နေသမျှ ကာလပတ်လုံး ၎င်းတို့၏ စွမ်းအင်များကို ဝါးမျိုခံရမည် ဖြစ်သည်။
ထိုမှော်စွမ်းရည်သည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကစပြီး စတင်ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။
ထိုမှော်စွမ်းရည်သည် အသုံးပြုခံရသူ၏ စွမ်းရည်အားလုံးကို ခြောက်သွေ့သွားသည်အထိ ဖြည်းဖြည်းချင်း ညှစ်ထုတ်သွားမည်ဖြစ်သည်။
ဤခွန်ကောင်ကို ရုပ်သေးမှော်စွမ်းရည်ဖြင့် ထိန်းချုပ်ထားခြင်းရှိမရှိ အင်မော်တယ်ကျန်းရွမ် သေချာမသိသော်လည်း သေချာသည့် အချက်မှာမူ ဤခွန်ကောင်တွင် အသုံးပြုသောမှော်စွမ်းရည်သည် အလားတူ လုပ်ဆောင်ချက်မျိုး ရှိနေခြင်းဖြစ်သည်။
သူတွေးတောနေစဉ်မှာပင် ကောင်းကင်ပေါ်၌ ရွှေရောင်အလင်းတန်းတစ်ခု လင်းလက်လာပြီး ထွင်ထျန်းဟာနှင့် ငွေရောင်လေးတို့က လေထဲမှ ဆင်းသက်လာသည်။
သူတို့နှစ်ယောက်လုံးကို ဝမ်လင်း၏ ရွှေရောင်အလင်းတန်းက လွှမ်းခြုံထားသည်။
ထွင်ထျန်းဟာ နတ်ဆိုးကမ္ဘာသို့ နောက်ဆုံးတစ်ကြိမ်သွားရောက် လည်ပတ်ပြီးကတည်းက ဝမ်လင်းသည် သခင်မာကို လုပ်ဆောင်ချက်တချို့ ထပ်မံ ထည့်သွင်းထားခဲ့သည်။
ထို့ကြောင့် ယခုအခါတွင် သခင်မာမှ ပို့ဆောင်ခံရသူတိုင်းသည် ဝမ်လင်း၏ ရွှေရောင်အကာအကွယ်ဖြင့် လွှမ်းခြုံခံထားရမည် ဖြစ်သည်။
ထွင်ထျန်းဟာနှင့် ငွေရောင်လေးတို့က ခွန်ကောင်၏ ရှေ့သို့ရောက်သွားကြသည်။
“စီနီယာခွေး.. သင်ဘယ်လိုရောက်လာတာလဲ”
အင်မော်တယ်ကျန်းရွမ်၏ မျက်နှာပေါ်တွင် အံ့ဩနေသောအမူအရာမျိုး ရှိနေသည်။
ထွင်ထျန်းဟာက မြေပြင်ပေါ်တွင် အိပ်ပျော်နေပုံရသည့် ခွန်ကောင်ကို စိုက်ကြည့်ရင်း တုန်လှုပ်သွားခဲ့သည်။
သူတို့က အရောက်နောက်ကျသွားသော်လည်း အင်မော်တယ်ကျန်းရွမ်က အခြေအနေကို ထိန်းသိမ်းထားနိုင်ပုံ ရနေသည်။
“ငါးဖမ်းသမားက မင်းရဲ့နောက်ကို လိုက်လာနိုင်တယ်လို့ ခံစားရတဲ့အတွက် ငါကိုယ်တိုင် လာကြည့်ဖို့ ဆုံးဖြတ်လိုက်တာပဲ”
ထွင်ထျန်းဟာက သူ့နှလုံးသားထဲတွင် ခံစားရသည့် ထိတ်လန့်မှုကို မျိုသိပ်ကာ ခေါင်းငြိမ့်၍ ပြောလိုက်သည်။
“ဒါ့အပြင် မင်းအတွက် ငါအထူးလက်နက်တစ်ခု ပြုလုပ်ထားတယ်”
ထို့နောက် ထွင်ထျန်းဟာက ငွေရောင်လေးကို မျက်လုံးဖြင့်အချက်ပြ၍ တန်ဖိုး၃ပါး ကွဲအက်တူကို လွှဲပြောင်းပေးရန် လှုံ့ဆော်လိုက်သည်။
သူတို့နှစ်ဦးစလုံးက ဤမစ်ရှင်အတွက် ကြိုတင်သဘောတူထားပြီးပြီ ဖြစ်သည်။
ငွေရောင်လေးက တူကို ကမ်းပေးသောအချိန်တွင် အင်မော်တယ်ကျန်းရွမ်ကို ထူးဆန်းသောအမူအရာဖြင့် စေ့စေ့စပ်စပ် အကဲခတ်လိုက်သည်။
ဤသည်မှာ ယနေ့ခေတ် လူသားကျင့်ကြံသူများထဲတွင် ဒဏ္ဍာရီအဆန်ဆုံး ကျင့်ကြံသူဖြစ်သည့် အင်မော်တယ်ကျန်းရွမ် ဖြစ်သည်။
သူ့ရှေ့ရှိ ဆံပင်နီလူငယ်လေးက ထိုမျှလောက်လည်း မဟုတ်ဟု ငွေရောင်လေး ခံစားရသည်။
မည်သို့ပင်ဆိုစေကာမူ ဆရာလေးလင်းက ထိုလူငယ်ထက်သာလွန်မည်မှာ သေချာသလောက် ဖြစ်သည်။
သို့မဟုတ်လျှင် ထွင်ထျန်းဟာက စီနီယာတစ်ယောက်လိုဟန်ဆောင်နေသည်ကို အဘယ်ကြောင့် မသိနိုင်ရပါသနည်း။
“စီနီယာခွေး.. ဒီချစ်စရာကောင်းတဲ့ မိန်းကလေးက ဘယ်သူများလဲ”
အင်မော်တယ်ကျန်းရွမ်က ငွေရောင်လေးကို ကြည့်လိုက်သည်။
ငွေရောင်လေး “……….”
ထွင်ထျန်းဟာ “သူက ငါရဲ့အစေခံတစ်ယောက်ပါ.. ငါက သူနဲ့အားတဲ့အချိန်တိုင်း အပြင်ထွက် လမ်းလျှောက်လေ့ရှိတယ်လေ.. ဒီနေ့ ငါဒီကို လာစရာရှိတော့ သူ့ကို လမ်းလျှောက်ထွက်ဖို့ တမင်ခေါ်လာခဲ့တာပဲ”
ငွေရောင်လေး “ငါက..”
ထွင်ထျန်းဟာ “သူ့လည်ပင်းတဝိုက်က လည်ပတ်ကိုတွေ့တယ် မဟုတ်လား”
ငွေရောင်လေး “……….”
[လခွမ်း.. ငါဘာလို့ လည်ပတ်ကို ယူလာခဲ့မိတာလဲ]
“အဲဒီလိုကိုး”
အင်မော်တယ်ကျန်းရွမ်၏ မျက်နှာတွင် ဉာဏ်အလင်းပွင့်သွားသလို အမူအရာမျိုး ဆင်မြန်းထားသည်။
အစောပိုင်းက ထိုမိန်းကလေး၏ လည်ပင်းတွင် လည်ပတ်တစ်ခု ပါရှိနေ၍ အနည်းငယ် ထူးဆန်းသည်ဟု ထင်မြင်မိသော်လည်း စီနီယာခွေး၏ ရှင်းပြချက်အပြီးတွင် လုံးဝကိုနားလည်သွားခဲ့သည်။
သူက ခေါင်းကုတ်လိုက်ပြီး ထွင်ထျန်းဟာကို ချီးမွမ်းစကားဆိုလိုက်သည်။
“စီနီယာခွေးကတော့ စီနီယာခွေးပါပဲ.. ခွေးနဲ့ လမ်းလျှောက်တဲ့လူတွေကိုပဲ တစ်ချိန်လုံး တွေ့နေရတယ်.. ခွေးက လူကို လမ်းလျှောက်ဖို့ ခေါ်လာတာကတော့ ဒါပထမဆုံးပဲ ဖြစ်နိုင်တယ်”
ဤသည်က သူ့ဘဝတွင် ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သော်လည်း ထူးဆန်းသောအရာဟု အင်မော်တယ် ကျန်းရွမ် လုံးဝမထင်ပေ။
ခွန်အားသည် ကျင့်ကြံခြင်းလောကတွင် အမြဲလိုလို အဓိကကျခဲ့သည်။
ကျင့်ကြံသူများသည် ဝိညာဉ်သားရဲများကို အိမ်မွေးတိရိစ္ဆာန်များအဖြစ် မွေးမြူရန် ရွေးချယ်ကြလေ့ရှိသည်။
သို့သော် သန်မာသော ဝိညာဉ်သားရဲ တစ်ကောင် အနေ့ဖြင့် ကျင့်ကြံသူကို ပြန်လည်၍ စာချုပ်မချုပ်နိုင် ဟူသော စည်းကမ်းမျိုးတော့ မရှိပေ။
စီနီယာခွေး၏ ကျင့်ကြံခြင်းနယ်ပယ် အဆင့်အရ လူသားအစေခံတွေ အများကြီးရှိနေမည်မှာ ပုံမှန်ပင် ဖြစ်သည်။
သို့တိုင် အင်မော်တယ်ကျန်းရွမ်သည် ဤလှပသောမျက်နှာထားရှိသည့် မိန်းကလေး၏ ဇစ်မြစ်က လူသားမဟုတ်သည်ကိုတော့ သိသည်။
သို့သော် ဝိညာဉ်သားရဲဟု ဆိုရလောက်အောင်လည်း သားရဲအော်ရာက အနည်းငယ်သာ ရှိနေသည်။
သို့တိုင် ကျန်းရွမ်က စီနီယာခွေးကို မေးခွန်းများစွာ မမေးရဲပေ။
အဆုံးသတ်တွင် ဤသည်မှာ သူတို့၏ ပထမဆုံးတွေ့ဆုံမှုဖြစ်၍ စီနီယာခွေးရှေ့တွင် မေးခွန်းများစွာ မေးခြင်းက အနည်းငယ် ရိုင်းစိုင်းရာကျမည် မဟုတ်ပါလား။
“ဒီခွန်ကောင်က ရပ်တန့်သွားပြီလား”
ထွင်ထျန်းဟာက သူ့ရှေ့မှ ခွန်ကောင်ကိုကြည့်ကာ အခြေအနေကို မေးလိုက်သည်။
“ဟုတ်ပါတယ် စီနီယာခွေး.. ကျွန်တော် အာကာပြင် အကွဲအပြဲတွေကို ပြင်ဆင်နေချိန်မှာပဲ ဒီခွန်ကောင်က ရုတ်တရက် ဝင်လာခဲ့တာပါ.. နောက်ဆုံးအကြိမ်က နတ်ဆိုးဘုရင်ရဲ့သူတော်စင်နန်းတော်မှာ တွေ့ခဲ့ရသလိုပဲ ဒီခွန်ကောင်ရဲ့ဝမ်ဗိုက်ထဲမှာလည်း ငါးမျှားကြိုးတစ်ချောင်းကို တွေ့ခဲ့ရတယ်.. အဲဒါကို ကျွန်တော့ရဲ့အသက်နဲ့ ချည်နှောင်ထားတဲ့ မှော်လက်နက်ဖြစ်တဲ့ သွေးလရောင်ဓားသွားချပ်ပြားနဲ့ ဖြတ်ပစ်လိုက်ပါပြီ”
အင်မော်တယ်ကျန်းရွမ်က အသေးစိတ် ရှင်းပြလိုက်သည်။
ထိုစကားပြောနေစဉ်မှာပင် သွေးလရောင်ချပ်ပြားတစ်ခုသည် အင်မော်တယ်ကျန်းရွမ်၏ လက်ထဲတွင် ပေါ်လာသည်။
ထွင်ထျန်းဟာက အင်မော်တယ်ကျန်းရွမ်၏ အသက်နှင့်ချည်နှောင်ထားသော မှော်လက်နက်ကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။
သွေးလရောင်ချပ်ပြားအနေဖြင့် ဤအရွယ်အစားအထိ ကျုံ့သွားရခြင်းမှာ အင်မော်တယ်ကျန်းရွမ်က ၎င်း၏ အရွယ်အစားကို လွတ်လပ်စွာ ထိန်းချုပ်နိုင်သောကြောင့် ဖြစ်နိုင်၏။
“ဒါဆို ဖြတ်တောက်ထားတဲ့ ငါးမျှားကြိုးအစတော့ ကျန်သေးမှာပေါ့”
ငွေရောင်လေးက စပ်စုလိုက်သည်။
“တစ်စိတ်တစ်ပိုင်းကတော့ ကျန်ပါသေးတယ်.. ကျန်တဲ့အရာတွေကတော့ အာကာပြင်အက်ကွဲကြောင်းတွေ ဝါးမျိုသွားခဲ့ပြီ.. ကျွန်တော့စိတ်ထင်တော့ ဒီငါးမျှားကြိုးတွေကနေ တဆင့် ရုပ်သေးမှော်စွမ်းရည်ကို အသုံးပြုထားတယ်လို့ ထင်မိတယ်.. ဒါပေမဲ့ တကယ်သာ ရုပ်သေးမှော်စွမ်းရည် ဖြစ်နေခဲ့မယ်ဆိုရင် ဒီလို ဧရာမခွန်ကောင်ကြီးကို ထိန်းချုပ်ဖို့က တော်တော်လေးခက်ခဲမယ်လို့ ကျွန်တော်ထင်တယ်”
အင်မော်တယ်ကျန်းရွမ်က မေးစေ့ကို လက်ဖြင့်ပွတ်သပ်ရင်း ထွင်ထျန်းဟာကို ကြည့်လိုက်သည်။
“စီနီယာခွေးရော ဒီမှော်စွမ်းရည်က ဘာလဲဆိုတာကို သိလား”
ထွင်ထျန်းဟာက ထိုအကြောင်းကို လေးလေးနက်နက်တွေးတောဟန်ဆောင်လိုက်သည်။
“အင်း.. ငါသိတာပေါ့”
ထိုအချိန်တွင် သူ့ဘေးမှ ငွေရောင်လေးက ကြီးကျယ်ခမ်းနားသောရှိုးပွဲတစ်ခုကို ကြည့်နေသကဲ့သို့ ခံစားနေရသည်။
ထွင်ထျန်းဟာ၏ သရုပ်ဆောင်မှုက အလွန်ပင် သောက်မြင်ကပ်စရာကောင်းနေ၍ ငွေရောင်လေးက ထွင်ထျန်းဟာဘာပြောမည်ကို သိရရန် သေလုမတတ် ဖြစ်နေသည်။
ထွင်ထျန်းဟာ “ငါသိတာပေါ့.. ဒါပေမဲ့ ငါကိုယ်တိုင် ပြောဖို့တောင် မလိုပါဘူး.. ငါ့ကိုယ်စား ငါ့ရဲ့အစေခံ ငွေရောင်လေးက ရှင်းပြပေးမှာပါ”
ငွေရောင်လေး “……….”
“ဆရာငွေရောင်လေး.. ဘယ်လိုမျိုး ထင်ပါသလဲ”
အင်မော်တယ်ကျန်းရွမ်က ဆရာဟူသော နာမ်စားပင်တပ်ကာ တလေးတစား မေးလိုက်သည်။
ဤငွေရောင်လေးက စီနီယာခွေး၏ အစေခံတစ်ဦးသာ ဖြစ်သော်လည်း သူ၏ ဝိသေသလက္ခဏာက သွားရှုပ်၍ရသူတစ်ဦး မဟုတ်ကြောင်း အင်မော်တယ်ကျန်းရွမ် သေချာပေါက်သိသည်။
သူတော်စင်သားရဲများနှင့် ကမ္ဘာဦး အရိုင်းစိုင်း သားရဲများသည် မူလက ရန်ဖက်များ ဖြစ်ကြသည်။
ထိုကြောင့် ငွေရောင်လေးက ကမ္ဘာဦးသားရဲများနှင့်အဆက်အသွယ်များစွာ မရှိသော်လည်း ၎င်းတို့၏ အကြောင်းကို ငယ်စဉ်ကတည်းက သိထားပြီး ဖြစ်သည်။
ထိုအချိန်က သူတော်စင်သားရဲများ မျိုးမတုန်းသေးသောအချိန်ဖြစ်ပြီး ခွေးသူတော်စင်လည်း ဟော့ပေါ့အဖြစ်ပြောင်းလဲသွားခြင်း မရှိသေးပေ။
အရာအားလုံးသည် အလွန်တရာ ကောင်းမွန်နေသော အချိန်ဖြစ်သည်။
ငွေရောင်လေးက မျက်မှောင်ကြုတ်ကာ အိပ်ပျော်နေပုံရသည့် ခွန်ကောင်ကို စိုက်ကြည့်လိုက်သည်။
“ရုပ်သေးမှော်စွမ်းရည်တော့ မဖြစ်နိုင်ဘူး”
ရုပ်သေးမှော်စွမ်းရည်ကနေ ထိန်းချုပ်နိုင်သည့် ပစ်မှတ်များသည် များသောအားဖြင့် အရွယ်အစားကြီးကြီးမားမားမဟုတ်ပေ။
လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာကဆိုလျှင် ဤရုပ်သေးမှော်စွမ်းရည်ကို ကျွမ်းကျင်သောသူများသည် ရုပ်သေးတစ်ရာ၏ စွမ်းဆောင်ရည်နည်းစနစ်ကို အသုံးပြု၍ တစ်ချိန်တည်းတွင် ရုပ်သေးတစ်ရာကို ထိန်းချုပ်နိုင်သည်ဟုပင် ဆိုကြသည်။
အဆုံးသတ်တွင် ထိုသို့ ထိန်းချုပ်ခံရသောရုပ်သေးများမှာ အလွန်သေးငယ်သော ရုပ်သေးများသာ ဖြစ်သည်။
ဤကဲ့သို့ ရုန့်ရင်းလွန်းသော ကမ္ဘာဦးသားရဲကြီးကို ထိန်းချုပ်ရန် ရုပ်သေးမှော်စွမ်းရည် တစ်ခုတည်းကို အသုံးပြုမည်ဆိုလျှင် ခက်ခဲမည်မှာ သေချာသလောက်ပင်။
“ဒါက ရုပ်သေးဂူကောင်မှော်စွမ်းရည်ပဲ”
ငွေရောင်လေးက မော့ကြည့်ကာ ရုတ်တရက် ပြောလိုက်သည်။
ဤခွန်ကောင်တွင် အသုံးပြုထားသောမှော်စွမ်းရည်သည် ရုပ်သေးမှော်စွမ်းရည်ကို အကန့်အသတ်ထိ မြှင့်တင်ပေးနိုင်သော ရုပ်သေးဂူကောင် မှော်စွမ်းရည်ဖြစ်နိုင်သည်ဟု တွေးမိခဲ့သည်။
အပိုင်း(၆၄၁) ပြီး၏