ရုပ်သေးဂူကောင်မှော်စွမ်းရည်
Vol. 43 Ch. 642
“ဒါက ရုပ်သေးမှော်စွမ်းရည် မဟုတ်ဘဲ ရုပ်သေးဂူကောင် မှော်စွမ်းရည်လား”
အင်မော်တယ်ကျန်းရွမ်၏ စီနီယာခွေးအပေါ် အထင်ကြီးစိတ်များက သမုဒ္ဒရာလှိုင်းလုံးများကဲ့သို့ ချက်ချင်းပင် တဟုန်ထိုး တိုးတက်လာခဲ့သည်။
စီနီယာခွေးက စီနီယာခွေးဟုသာ ဆိုရတော့မည်။
သူပင် မစဉ်းစားခဲ့မိသည့်အရာကို စီနီယာခွေး၏ လက်အောက်ရှိ အစေခံတစ်ယောက်က တစ်ချက်ကြည့်ရုံဖြင့် ပြောပြနိုင်သည် မဟုတ်ပါလား။
ဤသည်က ရုပ်သေးမှော်စွမ်းရည်ထက် ပိုမိုအဆင့်မြင့်သည့်ရုပ်သေးဂူကောင် မှော်စွမ်းရည် ဖြစ်သည်ဆိုလျှင် ရုန့်ရင်းသော ဤကမ္ဘာဦးသားရဲကြီးကို ထိန်းချုပ်နိုင်ရန် ဆိုသည်မှာ စိတ်ကူးယဉ်ရုံ မဟုတ်တော့ပေ။
ရုပ်သေးဂူကောင် မှော်စွမ်းရည်က ရုပ်သေးမှော်စွမ်းရည်ကို အဆိပ်နည်းပညာဖြင့် မြှင့်တင်ပေးခြင်း ဖြစ်သည်။
ရုပ်သေးဂူကောင် မှော်စွမ်းရည်အတွက် ရုပ်သေးရုပ်၏ ကိုယ်ထည်အတွင်း ဂူကောင်တစ်ကောင် ထားရှိရမည် ဖြစ်ပြီး ၎င်းအတွက် အသုံးပြုထားသော ကြိုးနှင့်ဂါထာကို ပေါင်းစပ်ကာ အဆိပ်အစွမ်းဖြင့် ရုပ်သေးမှော်စွမ်းရည်ကို မြှင့်တင်ပေးမည် ဖြစ်သည်။
ဆိုရလျှင် ဤမျှကြီးမားသော ရုန့်ရင်းသည့် ကမ္ဘာဦးသားရဲကိုထိန်းချုပ်နိုင်ရန် အတွက် ၎င်း၏ခန္ဓာကိုယ်အတွင်းရှိ ဂူကောင်သည် ကြောက်စရာ ကောင်းလောက်အောင် ကြီးမားနေရမည်ဖြစ်သည်။
အင်မော်တယ်ကျန်းရွမ်က သူ၏ အင်မော်တယ်မျက်လုံးမှ ဝိညာဉ်အလင်းတန်းများဖြင့် ခွန်ကောင်ကို အကဲခတ်လိုက်သည်။
သူက အင်မော်တယ်မျက်လုံးဖြင့် အရေပြားကို ထိုးဖောက်၍ ခန္ဓာကိုယ်အတွင်းပိုင်းကို ဝင်ရောက်ကြည့်ရှုရန် ရည်ရွယ်ခဲ့သော်လည်း များမကြာမီတွင် သူ၏ အင်မော်တယ်မျက်လုံးကို ပိတ်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် ဤခွန်ကောင်၏ အဓိကစွမ်းအင်အရင်းအမြစ်သည် ယခင်က နတ်ဆိုးသူတော်စင်၏ သူတော်စင်နန်းတော်တွင် တွေ့ရှိခဲ့သည့် ခွန်ကောင်ငယ်လေးနှင့် တူညီသောကြောင့်ဖြစ်သည်။
နှစ်ကောင်စလုံးက ကမ္ဘာဦးချီကိုသာ အသုံးပြုကြသည်။
ဝိညာဉ်စွမ်းအင်ကို စွမ်းအင်အရင်းအမြစ်အဖြစ် အများဆုံးအသုံးပြုသည့် အင်မော်တယ်မျက်လုံးသည် ကမ္ဘာဦးချီဖြင့်ဖုံးလွှမ်းထားသည့် ခန္ဓာကိုယ်အရေပြားကို ထိုးဖောက်ဝင်ရောက်ရန် နည်းလမ်းမရှိပေ။
“ခန္ဓာကိုယ်ထဲကို ဝင်ကြည့်ဖို့ အဆင်မပြေဘူး”
အင်မော်တယ်ကျန်းရွမ်က သက်ပြင်းချလိုက်သည်။
လက်ရှိအချိန်တွင် သူ၏ခန္ဓာကိုယ်ထဲ၌ ကမ္ဘာဦးချီ အနည်းငယ်သာ ရှိသေးသည်။
ငွေရောင်လေးက သူ့နှုတ်ခမ်းများကို သပ်လိုက်သည်။
“ဖြတ်ပြီးဖွင့်ကြည့်လိုက်လေ”
“……….”
ဤငွေရောင်လေးက အနည်းငယ် ကြောက်စရာကောင်းသည်ဟု အင်မော်တယ်ကျန်းရွမ် သတိထားမိလိုက်သည်။
“ဖြတ်ပြီး ခန္ဓာကိုယ်ကိုဖွင့်ရမယ်ဟုတ်လား.. ဒါက ဘယ်လိုလုပ်လွယ်ကူနိုင်မှာလဲ”
သူက အစောပိုင်းတွင် သွေးလရောင်ဓားသွားချပ်ပြားကို အသုံးပြုခဲ့ပြီး ဤသတ္တဝါ၏ ငါးမျှားကြိုးကို ဖြတ်တောက်ခဲ့ပြီး ဖြစ်သည်။
သူ၏မှော်လက်နက်ရှိ ဓားသွားစိတ်များသည် ထိုခွန်ကောင်၏ အရေပြားမျက်နှာပြင်ကို တစိတ်တပိုင်း ခြစ်မိခဲ့သော်လည်း ခွန်အရေပြားက မမျှော်လင့်ဘဲ ခိုင်ခံ့နေပြီး ပြတ်တောက်ခြင်းမရှိခဲ့ပေ။
ဆိုရလျှင် သူ၏သွေးလရောင်ဓားသွားချပ်ပြားသည် ကမ္ဘာ့ဖီဆန် မှော်လက်နက်တစ်ခု ဖြစ်သည်။
ထိုမှော်လက်နက်၏အဆင့်သည် ကမ္ဘာ့ဖီဆန် မှော်လက်နက်များကြားတွင်မူ အမြင့်မားကြီးမဟုတ်ပေ။
၎င်းက ကမ္ဘာ့ဖီဆန် မှော်လက်နက်ထဲတွင် အဌမတန်းစား မှော်လက်နက်တစ်ခုဖြစ်သည်။
သို့သော် ဤအဌမတန်းစား ကမ္ဘာဖီဆန် မှော်လက်နက်သည် သူ၏အသက်ဖြင့် ချည်နှောင်ထားသည့် မှော်ရတနာဖြစ်နေဆဲပင်။
ထို့ကြောင့် ပကတိအင်မော်တယ်၏ ခန္ဓာကိုယ်ကို အလွယ်တူခွဲဖြတ်ပစ်နိုင်သည့် အဖျက်စွမ်းအားများ လုံလုံလောက်လောက် ပါရှိနေသည်။
သို့သော် ဤမှော်လက်နက်သည် ကမ္ဘာဦး အရိုင်းအစိုင်းသားရဲကို အနည်းငယ်မျှပင် ထိခိုက်အောင် မပြုလုပ်နိုင်ခဲ့ပေ။
“ခွန်ကောင်ကြီးက ငြိမ်နေတဲ့အတွက် ကျွန်တော်တို့တွေအက်ကွဲကြောင်းကို အရင်ဆုံးရှာပြီး ပိတ်လိုက်ကြစို့”
အင်မော်တယ်ကျန်းရွမ်က အနည်းငယ် မျက်မှောက်ကြုတ်၍ ပြောလိုက်သည်။
သူက အာကာပြင်အက်ရာများကို မြန်မြန်ဆန်ဆန် ပိတ်ချင်ခဲ့သည်။
သို့သော် အာကာပြင် အက်ရာကို ပိတ်ရန် သူပြင်ဆင်နေစဉ်မှာပင် ထိုအက်ရာဆီမှ ပြင်းထန်သော ဖိနှိပ်သည့် ခံစားချက်များ ထွက်ပေါ်လာသည်။
“စီနီယာခွေး.. အော်ရာတစ်ခု ထွက်လာပြန်ပြီ”
အင်မော်တယ်ကျန်းရွမ်က အော်ဟစ်လိုက်သည်။
ထွင်ထျန်းဟာနှင့် ငွေရောင်လေးတို့ကမူ ရွှေရောင်အကာအကွယ်ကြောင့် ဖိအားများ သက်ရောက်ခြင်းမရှိခဲ့ပေ။
လက်ရှိအချိန်ထိ သူတို့က ခွန်ကောင် နှစ်ကောင်နှင့် တွေ့ကြုံခဲ့ပြီးပြီ ဖြစ်သည်။
တစ်ကောင်မှာ နတ်ဆိုးသူတော်စင်၏ သူတော်စင်နန်းတော်အတွင်းရှိ အစွယ်ပေါင်းများစွာရှိသော ခွန်ကလေးလေးတစ်ကောင် ဖြစ်သည်။
နောက်တစ်ကောင်မှာ ယခု သူတို့၏ရှေ့တွင်ရှိသော အရွယ်ရောက်နေပြီဖြစ်သည့် ခွန်ကောင်ငယ်လေး ဖြစ်သည်။
“ဒီတစ်ခါကရော ဘာကောင်များ ဖြစ်နေမလဲ”
ထိုအခိုက်မှာပင် လေထုထဲ၌ ဖိအားများ ပြင်းထန်သွားသည်။
“ဒီတစ်ခါတော့ အကောင်ကြီးပဲ”
ငွေရောင်လေးက ရေရွတ်လိုက်သည်။
အာကာပြင်ထဲကနေ သတ္တဝါကြီးက မပေါ်ပေါက်လာသေးသော်လည်း အတွင်းထဲတွင်ရှိနေသည့် ထိုသတ္တဝါ၏ အော်ရာက မရိုးရှင်းကြောင်း သူခံစားနိုင်နေပြီ ဖြစ်သည်။
ဤဖိအားမျိုးသည် အရွယ်ရောက်ပြီးသော ကမ္ဘာဦး အရိုင်းအစိုင်း သားရဲကြီးတစ်ကောင်ထံမှတောင် ဖြစ်နိုင်ပေသည်။
“ကျန်းရွမ်.. တူကို သုံးကြည့်စမ်း”
ထိုအခိုက်အတန့်တွင် ထွင်ထျန်းဟာက ကျန်းရွမ်ကို သတိပေးလိုက်သည်။
သူတို့က လုံးဝ စိတ်မပူခဲ့ကြပေ။
အဆုံသတ်တွင် ဆရာလေးလင်း ကိုယ်တိုင် ပြုလုပ်ထားသည့်တူက ဤနေရာတွင် ရှိနေပေပြီ။
အကယ်၍ သူတို့အနိုင်မယူနိုင်သော ရန်သူကို ရင်ဆိုင်ရလျှင် ဤတူကို အသုံးပြု၍ ရနိုင်မည် မဟုတ်ပါလား။
အမှန်စင်စစ် သူတို့အနေဖြင့် တခြားဘာမှ မတတ်နိုင်ပေ။
ဤကဲ့သို့ မွန်းစတားအမျိုးအစားကို သူတို့က မည်ကဲ့သို့ အနိုင်ယူနိုင်ပါမည်နည်း။
ငွေရောင်လေး မှန်းဆထားသလိုပင် ဤတစ်ခေါက် ရောက်လာသည်မှာ ခွန်အကောင်ကြီး တစ်ကောင် ဖြစ်သည်။
အာကာပြင် အက်ကွဲကြောင်းက ယခင်ကထက် ပိုမိုကျယ်ပြန့်လာပြီး သိသိသာသာပင် ကွဲထွက်သွားခဲ့သည်။
ထို့နောက် ယခင်တစ်ကောင်ထက် ပိုမို၍ အရွယ်အစားကြီးမားသော ခွန်ကောင် တစ်ကောင်က အာကာပြင်ထဲမှ ထွက်ပေါ်လာသည်။
ဤခွန်ကောင်က ယခင်တစ်ကောင်ထက် ဆယ်ဆမျှ ပိုမိုကြီးမားသည်။
၎င်းက လေယာဉ်တင် သင်္ဘောကြီးကဲ့သို့ အာကာပြင်ထဲမှ ထွက်လာသည်။
ထိုခွန်ကောင်၏ ကြီးမားသောအရိပ်က ၎င်းတို့ကို တိုက်ရိုက်ဖုံးလွှမ်းသွားပြီး ထွင်ထျန်းဟာကို ထိတ်လန့်သွားခဲ့သည်။
ထို့ပြင် ဤအရာမှာ ခွန်ကောင်၏ ခန္ဓာကိုယ်တစ်ဝက်မျှသာ ရှိသေးသည်။
ကျန်တဝက်မှာမူ အာကာပြင်ထဲတွင် ကျန်ရှိနေသေးသည်။
“ဒီတစ်ကောင်က တော်တော်လေး အရွယ်အစား ကြီးလွန်းတာပဲ”
အင်မော်တယ်ကျန်းရွမ်က အလွန်တရာ အံ့ဩနေခဲ့သည်။
“ဒါက အရွယ်ရောက်ပြီးသား ခွန်ကောင်တစ်ကောင်ပဲ.. ခွန်ကောင်ငယ်လေးတွေက အရွယ်ရောက်သွားပြီ ဆိုရင် ခန္ဓာကိုယ်က ဆယ်ဆလောက် ကြီးမားလာလေ့ရှိတယ်”
ငွေရောင်လေး၏ မျက်နှာက တည်ငြိမ်နေသည်။
ဤအကောင်က ကြီးမားသော်လည်း ငွေရောင်လေးကအနည်းငယ်မျှ ကြောက်ရွံ့ခြင်းမရှိခဲ့ပေ။
ယခင်က ခွေးသူတော်စင်သည် ဤခွန်ကောင်၏ အရွယ်အစားထက် ကြီးမားသောခန္ဓာကိုယ်ကို လုပ်ပြခဲ့ဖူးသည်။
အကယ်၍ မုဆိုးများ၏ ဆေးဝါးသုံးစွဲခြင်းကြောင့်သာ မဟုတ်လျှင် ခွေးသူတော်စင်သည် ဟော့ပေါ့အဖြစ်သို့ မည်သည့်နည်းနှင့်မျှ ပြောင်းလဲသွားလိမ့်မည် မဟုတ်ချေ။
ဤသို့ဆိုလျှင် သူတော်စင်ခွေး မျိုးနွယ်စုသည်လည်း မျိုးသုန်းသွားလိမ့်မည် မဟုတ်ပေ။
အင်မော်တယ်ကျန်းရွမ်၊ ထွင်ထျန်းဟာနှင့် ငွေရောင်လေးတို့က နောက်သို့ အနည်းငယ် ဆုတ်သွားခဲ့သည်။
သို့သော် အံ့အားသင့်စရာမှာ ဤအရွယ်ရောက်ပြီးသော ခွန်ကောင်က သူတို့ကို တိုက်ခိုက်ရန် ကြံရွယ်ပုံမရပေ။
ထိုအစား ပါးစပ်ကို အကျယ်ကြီးဟကာ မြေပြင်ပေါ်ရှိခွန်ကောင်ကို ဝါးမျိုရန် ပြုလုပ်ခဲ့သည်။
“ဒီငါးဖမ်းသမားက ဒီအရွယ်ရောက်ပြီးတဲ့ ခွန်ကောင်ကိုအသုံးပြုပြီး ခွန်ကောင်ငယ်လေးကို ပြန်သိမ်းချင်နေပုံရတယ်”
အင်မော်တယ်ကျန်းရွမ်က နောက်ကွယ်မှလူ၏ ရည်ရွယ်ချက်ကို ခန့်မှန်းမိခဲ့သည်။
“ဒါဆို ငါတို့ သူ့ကိုအောင်မြင်အောင် လုပ်ခွင့်ပြုလို့ မဖြစ်ဘူး”
ထွင်ထျန်းဟာက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
ငါးဖမ်းသမားက သူတို့ကို တိုက်ခိုက်ရန်ထက် ခွန်ကောင်ငယ်လေးကို ပြန်လည်ရယူရန် ရွေးချယ်ခဲ့သည်ကို ကြည့်လျှင် ဤခွန်ကောင်တွင် လျှို့ဝှက်ချက်တစ်ခု ရှိနေမည်မှာ သေချာသည်။
ဤခွန်ကောင်၏ ဗိုက်ကိုမဖွင့်မချင်း သူတို့အနေဖြင့် မည်သည့်လျှို့ဝှက်ချက် ရှိနေသည်ကို အတိအကျ သိနိုင်မည်မဟုတ်ပေ။
“စီနီယာကြီး.. ကျွန်တော် လုပ်လိုက်ပါရစေ”
အင်မော်တယ်ကျန်းရွမ်က ပြောပြီးသည်နှင့် ရှေ့ကို ပြေးတက်သွားခဲ့သည်။
ထွင်ထျန်းဟာ “ကောင်းပြီ”
အင်မော်တယ်ကျန်းရွမ်က သူ၏ မှော်လက်နက်ဖြစ်သည့် သွေးလရောင်ဓားသွားချပ်ပြားသည် ဤခွန်ကောင်ပေါ်တွင်သက်ရောက်မှု မရှိသည်ကို ရှင်းလင်းစွာသိပြီးဖြစ်သည်။
ထို့ကြောင့် သူ၏မှော်လက်နက်ဖြင့် အရွယ်ရောက်ပြီးသောခွန်ကောင်ကို တိုက်ခိုက်ရန်မှာ မည်သို့မှမဖြစ်နိုင်ပေ။
ကျန်းရွမ်က သူ၏ မျှော်လင့်ချက်အားလုံးကို ထွင်ထျန်းဟာပေးခဲ့သော တူပေါ်တွင် စုပုံထားခဲ့သည်။
သူက တူကိုတင်းကြပ်စွာ ဆုပ်ကိုင်ထားခဲ့သည်။
ဤတူပုံစံက အထူးဆန်းကြီး မဟုတ်သော်လည်း ဤတူကိုဖန်တီးခဲ့သည်မှာ စီနီယာခွေးကိုယ်တိုင် ဖြစ်၍ ဆန်းကြယ်မှုတစ်ခုခုတော့ ရှိမည်မှာ သေချာသည် မဟုတ်ပါလား။
ထိုသို့ တွေးမိပြီးနောက် အင်မော်တယ်ကျန်းရွမ်က တူကိုကိုင်မြှောက်ကာ အရွယ်ရောက်ပြီးသော ခွန်ကောင်ကို တိုက်ရိုက်ထုချလိုက်သည်။
“ဘန်း”
ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာပြီးနောက်တွင် အင်မော်တယ်ကျန်းရွမ်က နောက်သို့ အနည်းငယ်လွင့်သွားသော်လည်း ထိခိုက်ခြင်း မရှိခဲ့ပေ။
တူဖြင့် အရိုက်ခံရသော အခိုက်တွင် ခွန်ကောင်သည် နာကျင်စွာအော်ဟစ်ကာ မြေပြင်ပေါ်မှ ခွန်ကောင်ကို မျိုရန် မကြိုးစားတော့ပေ။
ခွန်ကောင်က အားပျော့သွားပြီ ဖြစ်သည်။
“ဒါက သက်ရှိအားလုံး သာတူညီမျှ အကျိုးသက်ရောက်မှုပဲ.. မြန်မြန်လေး တိုက်ခိုက်လိုက်”
ထွင်ထျန်းဟာက သတိပေးလိုက်သည်။
“ကောင်းပါပြီ စီနီယာကြီး”
အင်မော်တယ်ကျန်းရွမ်က အံကြိတ်လိုက်ပြီး သူ၏ မှော်လက်နက်ဖြစ်သည့် သွေးလရောင်ဓားသွားချပ်ပြားကို တဖန်အသက်သွင်းလိုက်သည်။
ဤတစ်ကြိမ်တွင်မူ သူ၏ သွေးလရောင်ဓားသွားချပ်မှော်လက်နက်သည် အသားကြိတ်စက်ထဲမှ ဓားသွားများကဲ့သို့ပင် ခွန်ကောင်၏ အသားများကို အပြင်းအထန် ဖြတ်တောက်ပစ်လိုက်သည်။
အပိုင်း(၆၄၂) ပြီး၏