← Chapters

အူသိမ်အူမများကို ခွဲစိတ်ပြီးနောက် အလွန်အမင်း အံ့အားသင့်စရာတစ်ခု

Vol. 43 Ch. 644

အူသိမ်အူမများကို ခွဲစိတ်ပြီးနောက် အလွန်အမင်း အံ့အားသင့်စရာတစ်ခု

Vol. 43 Ch. 644

ဤခွန်ငယ်လေးအတွင်း၌ ခွန်ကောင်ငယ် ၃ကောင်ရှိပြီး တစ်ကောင်စီသည် ယခင်အကောင်ထက် ပို၍သေးငယ်သည်။

ထိုမြင်ကွင်းကိုကြည့်ရင်း ငွေရောင်လေးက သူအရင်က ကစားခဲ့သော"ငါးကြီးက ငါးကလေးကိုစားသည်"ဟူသော အွန်လိုင်းဂိမ်းတစ်ခုကို မတွေးတောဘဲ မနေနိုင်တော့ပေ။

“ခွန်ကောင်လေးတွေကို ဂူကောင်အဖြစ် အသုံးပြုထားတာပဲ”

အင်မော်တယ်ကျန်းရွမ်က ရေရွတ်လိုက်သည်။

ငွေရောင်လေးက မေးစေ့ကို လက်ဖြင့်ပွတ်သပ်၍ ခဏမျှစဉ်းစားဟန်ပြုပြီး ပြောလိုက်သည်။

“မင်းပြောတာလည်း ဖြစ်နိုင်ပါတယ်.. ဒါပေမဲ့ ဒီတံငါသည်က ဒီကမ္ဘာဦးသားရဲရဲ့ စရိုက်လက္ခဏာကို အခွင့်ကောင်းယူသွားတယ်လို့ ငါထင်တယ်”

“ဘယ်လိုမျိုး စရိုက်လက္ခဏာလဲ”

အင်မော်တယ်ကျန်းရွမ်က လေသံတိုးတိုးဖြင့် မေးလိုက်သည်။

ငွေရောင်လေးကရှင်းပြလိုက်သည်။

“ခွန်ကောင်လို ကမ္ဘာဦးသားရဲတစ်ကောင်က အန္တရာယ်ကြုံလာတဲ့အခါမျိုးမှာ သူ့ရဲ့ခွန်အားကို မြှင့်တင်နိုင်တဲ့ နည်းလမ်းတစ်ခုရှိတယ်.. အဲဒီနည်းလမ်းက သူ့ထက်ငယ်တဲ့ ခွန်ကောင်တစ်ကောင်ကို မျိုချလိုက်ဖို့ပဲ.. ဒါမျိုးကိုအခုမှ ငါက မြင်ဖူးတာဆိုပေမဲ့ ငါ့အဖိုးက အဲတုန်းက မျိုးနွယ်စုထဲမှာ ပြောခဲ့တာကို ငါသေချာပေါက် ကြားဖူးခဲ့တယ်”

ထိုစကားကိုကြားလျှင် အင်မော်တယ်ကျန်းရွမ်နှင့် ထွင်ထျန်းဟာက နားလည်သွားခဲ့သည်။

အရွယ်ရောက်ပြီးသား ခွန်ကောင်တစ်ကောင်၏ ခန္ဓာကိုယ်တွင် ကပ်ပါးကောင် တစ်ကောင်ကို ထည့်သွင်းရန် ပြုလုပ်ခြင်းသည် အလွန်ခက်ခဲမည်မှာ သိသာထင်ရှားသော်လည်း ခွန်ကလေးလေး တစ်ကောင်၏ ခန္ဓာကိုယ်တွင် ကပ်ပါးကောင်ကိုထည့်သွင်းရန်မှာမူ လွယ်ကူလိမ့်မည် ဖြစ်သည်။

ထို့ပြင်အရွယ်ရောက်ပြီးသော ခွန်ကောင်၏ စရိုက်လက္ခဏာနှင့်ယှဉ်လျှင် မွေးကင်းစအရွယ် ခွန်ကောင်ကို ထိန်းချုပ်ခြင်းသည် ပို၍လွယ်ကူသည် မဟုတ်ပါလော။

ကျန်းရွမ်က ယခုမှ ပြန်တွေးမိလိုက်သည်။

သူခန္ဓာကိုယ် တစ်ဝက်ဖြတ်တောက်ခဲ့သည့် အရွယ်ရောက်ပြီးသား ခွန်ကောင်သည်လည်း ဤကဲ့သို့ ခွန်ကောင်လေးများ ရှိနေနိုင်ပေသည်။

ကမ္ဘာဦးသားရဲဖြစ်သည့် ဤခွန်ကောင်များကို ထိန်းချုပ်နိုင်သည်အထိ ငါးဖမ်းသမားက မည်မျှစွမ်းအား ကြီးမားနိုင်ပါသနည်း။

အင်မော်တယ်ကျန်းရွမ်က ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။

စီနီယာခွေး၏တူကြောင့်သာ မဟုတ်လျှင် ဤတစ်ကြိမ်မိုးခေါင်ခြင်းကြယ်ဂြိုဟ်၌ ကမ္ဘာဦးသားရဲနှင့် တွေ့ဆုံသည့်အခိုက်တွင် သူ့အနေဖြင့် နိဂုံးချုပ်သွားမည် ဖြစ်သည်။

သို့ဖြစ်၍ စီနီယာခွေး ပေးခဲ့သည့် ဤတူကို ဂရုတစိုက်သုံးစွဲရပေမည်။

အင်မော်တယ်ကျန်းရွမ်က စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။

ဤမှော်တူသည် သူ့အတွက်တော့ စစ်မှန်သော အသက်ကယ်မှော်ရတနာတစ်ခု ဖြစ်သည်။

ကံကောင်း‌ထောက်မစွာပင် စီနီယာခွေးက ဤတူကို သူ့အတွက် ယူဆောင်လာခဲ့သည်။

သို့မဟုတ်လျှင် ရလဒ်က မည်သို့ ထွက်ပေါ်လာမည်ကို မည်သူသိနိုင်ပါမည်နည်း။

ကျန်းရွမ်က ဤကိစ္စ၏ နောက်ကွယ်မှ တံငါသည်ကိုကြောက်ရွံ့သော်လည်း သူ၏နောက်ကွယ်တွင် စီနီယာခွေးရှိနေသည်ကို သတိရလိုက်သောအခါ အနည်းငယ် စိတ်သက်သာရာရသွားသည်။

စီနီယာခွေးသည် ဤမှော်တူကို တန်ပြန်ထိုးစစ်တစ်ခု အဖြစ် ဖန်တီးနိုင်ခဲ့သည်။

ထို့ကြောင့် စီနီယာခွေးသည် ထိုလျှို့ဝှက်ဆန်းကြယ်သော ငါးဖမ်းသမားကဲ့သို့ပင် သန်မာသည်မှာ သေချာသည်။

ယခုအချိန်ထိ သူတို့က ဤလျှို့ဝှက်ဆန်းကြယ်သည့်တံငါသည်၏ ရည်ရွယ်ချက်ကို မသိကြသေးပေ။

သိထားသည့် တစ်ခုတည်းသောအရာမှာ ဤတံငါသည်ကကိုင်တွယ်ရန် မလွယ်ကူခြင်း ဖြစ်သည်။

ဆိုရလျှင် ဤလျှို့ဝှက်ဆန်းကြယ်သော တံငါသည်သည် ခွန်ကောင်များ ဖြတ်သန်းသွားလာနိုင်ရန် အတွက် အာကာပြင်တံတိုင်းကိုပင် ဖြိုဖျက်နိုင်စွမ်း ရှိသည်။

သူတို့က အလင်းထဲတွင်ရှိနေပြီး ရန်သူက အမှောင်ထဲတွင်ရောက်နေသည့် အနေအထားသည် အမှန်တကယ်ပင် ဆိုးရွားသည်ဟု ကျန်းရွမ် ခံစားမိသည်။

အခြေအနေက အလွန်ရှုပ်ထွေးသည်ဟု ဆိုနိုင်သော်လည်း သူတို့တွင် တံငါသည်နှင့် ပတ်သက်သည့် မည်သည့်အချက်အလက်မှ မရှိပေ။

သို့သော် သူတို့တွင် သဲလွန်စ မရှိခြင်းတော့ မဟုတ်ပေ။

ကပ်ပါးကောင်အဖြစ် ထည့်သွင်းခံထားရသည့် ခွန်ကလေးလေးကို စိုက်ကြည့်ရင်း အင်မော်တယ်ကျန်းရွမ်တွင် အတွေးတစ်ခု ဝင်လာခဲ့သည်။

“စီနီယာခွေး.. ဒီခွန်ကလေးလေးကိုရော နောက်ထပ် ဖြတ်သင့်လား”

အင်မော်တယ်ကျန်းရွမ်က မေးလိုက်သည်။

“ဆက်လုပ်”

ထွင်ထျန်းဟာက လေးနက်သောအသံဖြင့် ပြောလိုက်သည်။

သူက အထဲတွင် အလွှာဘယ်နှစ်ထပ်ရှိသလဲ ဆိုသည်ကို အမှန်တကယ် သိချင်နေခဲ့သည်။

“ကောင်းပါပြီ စီနီယာကြီး”

အင်မော်တယ်ကျန်းရွမ်က အလွန်ယဉ်ကျေးစွာ ပြန်ဖြေလိုက်သည်။

ထို့နောက် သူ၏စွမ်းအင်ကို အာရုံစိုက်ကာ သွေးလရောင်ဓားသွားချပ်ပြားကို အသုံးပြုခဲ့သည်။

ထိုအတွင်းအကျဆုံး ခွန်ကလေးလေးထဲတွင် ခွန်နောက်တစ်ကောင် ရှိနေနိုင်သဖြင့် သူတို့အနေနှင့် ပို၍ပင် သတိထားရပေမည်။

ခွန်ကောင်၏ ဇစ်မြစ်သည် လျှို့ဝှက်ဆန်းကြယ်သောတံငါသည်နှင့် ပတ်သက်နေနိုင်သည့် အတွက် လက်ရှိအချိန်တွင် အရေးကြီးသော သဲလွန်စတစ်ခု ဖြစ်လာနိုင်ပေသည်။

အဘယ်ကြောင့်ဆိုသော် ကျင့်ကြံခြင်းနယ်ပယ်တွင် အဆိပ်နည်းပညာ စတင်အသုံးပြုသည့် ကျင့်ကြံသူအများအပြား မရှိသောကြောင့် ဖြစ်သည်။

ကမ္ဘာဦး အရိုင်းအစိုင်း သားရဲများကို ထိန်းချုပ်နိုင်လောက်သည့် အစွမ်းထက် အဆိပ်ပညာကို သိရှိနားလည်သူမှာ အနည်းငယ်မျှပင် ရှိခဲ့သောကြောင့် ဖြစ်သည်။

ဆိုရလျှင် သမိုင်းတွင် ထင်ရှားခဲ့သည့် အဆိပ်ပညာရှင်များ၏ အမည်မှာ လက်ချိုးရေတွက်၍ပင် ရ၏။

ထို့ပြင် ငွေရောင်လေးက သူတော်စင်သားရဲသွေးကို အသုံးပြုကာ ခြေရာခံနည်းလမ်းကို လျှို့ဝှက် အသုံးပြုခဲ့သည်။

လျှို့ဝှက်ဆန်းကြယ်သော တံငါသည်က အရွယ်ရောက်ပြီးသော ခွန်ကောင်၏ခန္ဓာကိုယ်ကို ပြန်လည် ဆွဲယူလိုက်သောအခါတွင် ငွေရောင်လေးက ခွန်ကောင်၏ ခန္ဓာကိုယ်ပေါ်၌ သွေးစက် အနည်းငယ်ကို ချန်ထားရစ်ခဲ့၏။

အကယ်၍ ဤအရွယ်ရောက်ပြီးသော ခွန်ကောင်သည် ပြဿနာတစ်စုံတစ်ရာ မရှိဘဲ ငါးဖမ်းသမား ဆီသို့ပြန်ရောက်သွားခဲ့လျှင် ငွေရောင်လေးသည် တံငါသည်၏ အနီးစပ်ဆုံးတည်နေရာကို ဆုံးဖြတ်ရန်အတွက် သူ၏ ခြေရာခံနည်းစနစ်ကိုအသုံးပြုနိုင်ပေသည်။

ဤသည်က ဆရာလေးလင်း သူတို့ကိုပေးခဲ့သည့် လျှို့ဝှက်မစ်ရှင်လည်း ဖြစ်သည်။

ထို့ကြောင့် ထွင်ထျန်းဟာနှင့် ငွေရောင်လေးတို့က ဤကိစ္စကိုသူတို့၏ နှလုံးသားထဲတွင်သာ မြှုပ်နှံထားခဲ့ပြီး ကျန်းရွမ်ကိုပင် တိုက်ရိုက်မပြောပြခဲ့ပေ။

ထိုအချိန်တွင် ကပ်ပါးခွန်ကောင်ကို ဖြတ်တောက်နေသောကျန်းရွမ်သည် ခွဲစိတ်ခန်းမှ ခွဲစိတ်ဆရာဝန်တစ်ဦး ကဲ့သို့သူ့ကိုယ်သူ ခံစားခဲ့ရပြီး အထူးသဖြင့် ကြောက်ရွံ့နေခဲ့သည်။

လေထဲတွင် ဆိုင်းငံ့ထားသော သွေးလရောင်ဓားသွားချပ်များက အင်မော်တယ်ကျန်းရွမ်၏ ထိန်းချုပ်မှုအောက်တွင် တဖြည်းဖြည်း ဆင်းသက်လာပြီး ခွန်ကလေးလေး၏ အရေပြားကို စတင်ဖြတ်တောက်လိုက်သည်။

မြင်ကွင်းက (Saw) ရုပ်ရှင်ကိုပင် သတိရသွားစေသည်။

ငွေရောင်လေးက မကြာသေးမီက ဤရုပ်ရှင်ကို ကြည့်ခဲ့ဖူးသည်။

ရုတ်တရက် ငွေရောင်လေးက ဗိုက်ဆာလာသလို ခံစားလိုက်ရသည်။

သူက ဤလတွင် အစားလျှော့စားရမည်ဖြစ်၍ ဗုံးပစ်စီနီယာအင်မော်တယ်၏ ဘရိုကိုလီကို စားသုံးရန် ကြံစည်နေခဲ့သည်။

သူတကယ် စားချင်နေသည်မှာ သန်းခေါင်ယံ ထမင်းစားခန်းမမှ ချဉ်စပ်ခေါက်ဆွဲ ဖြစ်သည်။

သူဌေးထန်သည် ဗုံးပစ်စီနီယာအင်မော်တယ်၏ သူငယ်ချင်းဖြစ်၍ အစားအစာ မှာယူတိုင်းတွင် လျှော့ဈေးများပေးခဲ့သည်။

သူဌေးထန်က အလွန်ပင် စိတ်စေတနာကောင်းမွန်သော သူဌေး ဖြစ်သည်။

ထိုအချိန်တွင် သွေးလရောင်ဓားသွားချပ်များက ခွန်ကလေး၏ ခန္ဓာကိုယ်ကို ဖြတ်တောက်သွားပြီး သွေးများကျဆင်းလာသည်။

ဤသည်မှာ ခွန်ကလေးလေး၏ အတွင်းပိုင်းကို လုံးဝ မထိစေသည့် ပြီးပြည့်စုံသော ဖြတ်တောက်မှု ဖြစ်သည်။

ထွင်ထျန်းဟာနှင့် ငွေရောင်လေးတို့က ခွန်ကလေးလေး၏ အတွင်းပိုင်းမှအရာကို ကြည့်ရန်အတွက် ရှေ့သို့ တိုးလာကြသည်။

ထိုခဏတွင် သူတို့ မြင်လိုက်ရသောအရာသည် သူတို့ထင်ထားသည်ထက်ပင် ပို၍ ကျော်လွန်နေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ခွန်ကလေးလေး၏ ခန္ဓာကိုယ်ထဲတွင်ရှိသောအရာမှာ ကပ်ပါးကောင် တစ်ကောင် မဟုတ်သောကြောင့် ဖြစ်၏။

ယင်းမှာ အသက်ရှင်နေသော လူတစ်ယောက် ဖြစ်သည်။

ပို၍တိကျစွာပြောရလျှင် အတွင်းထဲ၌ ကောင်မလေးတစ်ယောက်က နှစ်ခြိုက်စွာ အိပ်ပျော်နေသည်။

အပိုင်း(၆၄၄) ပြီး၏

All Chapters