← Chapters

နှလုံးတဒိန်းဒိန်း ခုန်တဲ့ ခံစားချက်မျိုးလား

Vol. 44 Ch. 646

နှလုံးတဒိန်းဒိန်း ခုန်တဲ့ ခံစားချက်မျိုးလား

Vol. 44 Ch. 646

ဤတစ်ကြိမ်နှင့်ပါဆိုလျှင် ဒုတိယမြောက်အကြိမ် ဖြစ်နေပြီ ဖြစ်သည်။

တစ်ခါကလည်း တစ်ရှူးနှင့်ခွကြားကို သုပ်၍ အထင်လွဲခံခဲ့ရသည် မဟုတ်ပါလော။

ဝမ်လင်းက အိပ်ခန်းတံခါးကို ကြည့်လိုက်ရင်း ၎င်းကိုဉာဏ်အလင်းပေးရန် အချိန်တန်ပြီဟု ခံစားလိုက်ရသည်။

အနည်းဆုံးတော့ အိပ်ခန်းတံခါးတွင် ကာကွယ်ရေး လုပ်ဆောင်ချက်ကို ထည့်ထားသင့်သည်။

သို့မဟုတ်လျှင် အလောတကြီး ဝင်လာတတ်သည့် မေမေဝမ်ကို ကာကွယ်နိုင်လိမ့်မည် မဟုတ်ပေ။

ကမ္ဘာပေါ်ရှိ မိခင်တိုင်းသည် ဤပုံစံအတိုင်းဟုသာ ဆိုနိုင်သည်။

ဝမ်လင်းက ကုတင်ပေါ်မှ မီးခိုးရောင်ဝတ်စုံ ဝတ်ဆင်ထားသော မိန်းကလေးကိုကြည့်ကာ မျက်မှောင်ကြုတ်သွားသည်။

အဘယ်ကြောင့်ဆိုသော် ဤမိန်းကလေး၏ ဝိသေသလက္ခဏာသည် လူသားကျင့်ကြံသူနှင့် မတူကြောင်း သူခံစားမိသောကြောင့် ဖြစ်သည်။

သူက မိန်းကလေး၏ မီးခိုးရောင်အဝတ်အစားကို ယခုလေးတင် ထိကိုင်ခဲ့သော်လည်း မည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားမှန်း မပြောနိုင်ခဲ့ပေ။

ဖြစ်နိုင်ချေရှိသည်မှာ ဤမီးခိုးရောင်ဝတ်စုံသည် နဂါးငွေ့တန်းဂလက်ဆီပြင်ပမှ ဖြစ်နိုင်သလို ကမ္ဘာဦးခေတ်မှ မျိုးတုန်းသွားခဲ့သော အရင်းအမြစ်တစ်ခုလည်း ဖြစ်နိုင်သည်။

ထိုဝတ်စုံ၏ဇစ်မြစ်ကို ရှာဖွေရန် ဝမ်လင်းတွင် နည်းလမ်းတစ်ခုသာရှိသည်။

ယင်းမှာ သတင်းအချက်အလက် ဖလှယ်ရန်အတွက် ကောင်းကင်တာအိုနှင့် အပေးအယူပြုလုပ်ရန်သာ ဖြစ်၏။

“ခေါက်ဆွဲခြောက်ကြွပ်ကြော်တွေကို ထပ်ပေးရတော့မယ် ထင်တယ်”

သူက ထိုသတင်းအချက်အလက် အတွက် သူရရှိထားခဲ့သည့် အထူးပြုလုပ်ထားသော ဂလူတန်အရသာ ခေါက်ဆွဲခြောက်ကြွပ်ကြော်ကို အရင်းနှီး လုပ်ရတော့မည် ဖြစ်သည်။

ဝမ်လင်းက မျက်မှောင်ကြုတ်လိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်သည်။

ကောင်းကင်တာအို “……….”

စာသင်နှစ်၏ ၁၃ပတ်မြောက် ဇူလိုင်လ၂၂ရက်နေ့သည် စနေနေ့ ဖြစ်သည်။

အင်မော်တယ်ထုန်ရာက ဂန္ဓမာကျွန်းမှ ထွက်ခွာရန် စီစဉ်ခဲ့သည်။

အဆုံးသတ်တွင် ဤသည်က လင်းကျန်ရန်ထံမှ အမိန့်ဖြစ်၍ သူလုံးဝဂရုမစိုက်ဘဲ မနေဝံ့ပေ။

သူက ကျင်းရှီနှင့်ယင်းရှီတို့ နှစ်ဦးကိုပါ ခေါ်သွားရန် ဆုံးဖြတ်ခဲ့သည်။

ထိုနှစ်ယောက်က သူ၏တပည့်အဖြစ် ကျွန်းသို့ ရောက်လာပြီးနောက်တွင် သူ့ထံမှ ပုဂ္ဂိုလ်ရေးဆိုင်ရာ လေ့ကျင့်မှုများ ခံယူပြီးနောက်၌ ပျက်စီးနေသော ဝိညာဉ်စွမ်းအား အရင်းအမြစ်များက လုံးဝ ပြန်လည်ကောင်းမွန်လာခဲ့သည်။

ကျွန်းပေါ်ရှိ ၁၃နှစ်တာ ကာလအတွင် ထိုမောင်နှမသည် အင်မော်တယ်ထုန်ရာထံမှ အသိပညာနှင့် ဘဝအခြေခံသဘောတရား များစွာကို သင်ယူခဲ့ကြရသည်။

သို့သော် ပြင်ပကမ္ဘာနှင့် မဆက်ဆံဘဲ အထီးကျန်စွာဖြင့်နေထိုင်ရခြင်းသည် သူတို့နှစ်ယောက်အတွက် မကောင်းပေ။

ယခုအခါတွင် ကျင်းရှီနှင့် ယင်းရှီတို့ မောင်နှမက အရွယ်ရောက်လာပြီး အသစ်အသစ်သော အရာများကို လျင်မြန်စွာ စုပ်ယူနိုင်သည့်အရွယ်သို့ ရောက်လာပြီ ဖြစ်သည်။

အင်မော်တယ်ထုန်ရာက ထိုမော်နှမအတွက် မြို့ထဲရှိစာသင်ကျောင်း တစ်ကျောင်းကို ရှာဖွေခဲ့သည်။

သို့မှသာ ထိုနှစ်ယောက်က အခြားသောကလေးများနှင့်ပိုမို၍ ဆက်ဆံနိုင်ခွင့်ရှိလာမည် ဖြစ်သည်။

အချိန်ကရှေ့သို့ ဆက်လက်ရွေ့လျားနေပြီး သိပ္ပံနှင့်နည်းပညာများကလည်း ဆက်လက် တိုးတက်နေသည်။

ဤခေတ်တွင် အချို့သောလူများသည် ပေါင်းအိုးများအတွင်းမှ ဆေးဝါးများကို သန့်စင်ရန်အတွက် ဟော့ပေါ့အိုးများကိုပင်အသုံးပြုလာကြသည့်အတွက် အဂ္ဂရတ် မီးဖိုကဏ္ဍတွင် ဖြစ်ထွန်းမှု အသစ်များကို တွေ့ခဲ့ရသည်။

မကြာသေးမီကပင် အင်မော်တယ်ထုန်ရာသည် အဂ္ဂရတ်မီးဖိုကဲ့သို့ အသုံးဝင်သည့် အသစ်တီထွင်ထားသော ဟော့ပေါ့အိုးကို တွေ့ရှိခဲ့သည်။

၎င်းက ပလက်ထိုးပြီး ဆေးဘက်ဝင်ပစ္စည်းများကို အချိုးအစားမှန်ကန်စွာ ထည့်ထားရုံဖြင့် လွယ်ကူစွာသန့်စင်နိုင်ပေသည်။

ထိုထက် ကြောက်စရာကောင်းသည်မှာ ထိုအဂ္ဂရတ်မီးဖိုကို ကောလိပ်ကျောင်းသားတစ်ဦးမှ ဒီဇိုင်းထုတ်ထားခြင်းဖြစ်သည်။

နောက်ပိုင်းတွင် ထိုကျောင်းသားသည် မူပိုင်ခွင့်ကို တိုက်ရိုက်ရောင်းချပြီး ချမ်းသာလာခဲ့သည်။

မျိုးဆက်တိုင်းတွင် အရည်အချင်းရှိသော လူငယ်များ စဉ်ဆက်မပြတ် ထွက်ပေါ်လေ့ရှိသည်။

လူငယ်များတွင် အမြဲတစေ ဆန်းသစ်သော စိတ်ကူးစိတ်သန်းများ ရှိကြသည်။

အင်မော်တယ်ထုန်ရာက ကျင်းရှီနှင့်ယင်းရှိကို အမြဲယုံကြည်ခဲ့သည်။

ထို့ကြောင့် ထိုနှစ်ယောက်ကို အတွေ့အကြုံရရန် မြို့ထဲသို့ခေါ်သွားဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။

ခေတ်တွေက အလီလီပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

အစောပိုင်းကာလများတွင် မြို့သူမြို့သားများသည် ကြမ်းတမ်းသော ကျေးလက်ဒေသကို အတွေ့အကြုံရရန် လာရောက်လည်ပတ်လေ့ ရှိကြသည်။

မြို့သို့အသွားအလာနည်းသည့် ကျေး​လက်နေ ပြည်သူများအဖို့မူ ခေတ်နောက်ကျ ကျန်ခဲ့ခြင်းနှင့်အတူ ပညာရေးပါ နိမ့်ကျသွားခဲ့သည်။

ထို့ကြောင့် ကျေးလက်နေ ကလေးငယ်များ အနေဖြင့်လည်း မြို့တက်၍ အတွေ့အကြုံများ ရှာဖွေရန် လိုအပ်ပေသည်။

သူ၏ ဂန္ဓမာကျွန်းတွင် နည်းပညာများစွာ ရှိသော်လည်း အဆုံးသတ်တွင် ယင်းမှာ ရေခဲတောင်၏ အစွန်အဖျားနေရာသာဖြစ်သည်။

ထို့ကြောင့် သူက သူ၏ အဖိုးတန် ကလေးနှစ်ယောက်ကို စာသင်ကျောင်းသို့ ခေါ်သွားခဲ့၍ ဝမ်လင်း၏ နေရာသို့ ချက်ချင်း မသွားနိုင်ခဲ့ပေ။

သို့သော် ဝမ်လင်းက အလျင်လိုမနေခဲ့ချေ။

အဆုံးသတ်တွင် မိန်းကလေးက သတိမေ့မျောနေသော်လည်း အသက်အန္တရာယ် မစိုးရိမ်ရပေ။

အင်မော်တယ်ထုန်ရာက အလွန်ထူးခြားသောယာဉ် ဖြစ်သည့် သစ်သားနွားဟူသော သစ်သားယာဉ်တစ်စီးကို မောင်းနှင်ခဲ့သည်။

ထိုယာဉ်က အမည်ကသာ နွားဖြစ်သော်လည်း တကယ်တမ်းတွင် အလွန်တရာ မြန်ဆန်နေသည်။

ထိုကားတွင် ခေတ်မီနည်းပညာများစွာ ပေါင်းစပ်ထားပြီး အထူးစိတ်ကြိုက်ပြုလုပ်ထားသော စက်ယန္တရားများ ပါရှိ၍ စွယ်စုံသုံးကား ကဲ့သို့ တူညီသော လုပ်ဆောင်ချက်များ ပါရှိသည်။

လိုအပ်သောအခါတွင် ၎င်းသည် ကောင်းကင်တွင်ပျံသန်းရန် စက်ယန္တရားငှက်တစ်ကောင်၊ ရေငုပ်သင်္ဘောကဲ့သို့ အသုံးပြုရန် စက်ယန္တရားဝေလငါး သို့မဟုတ် စပိဘုတ် ကဲ့သို့ အသုံးပြုရန် စက်ယန္တရားလင်းပိုင်ကဲ့သို့ ပြောင်းလဲသွားနိုင်ပေသည်။

“ဒီနေ့ မင်းတို့ကိုအပြင်ခေါ်သွားမယ်.. မင်းတို့ကို မြို့နဲ့ရင်းနှီးစေချင်တယ်.. မင်းတို့ရဲ့ စိတ်ထားကြောင့် မြို့ပေါ်က လူတွေနဲ့ ပြဿနာမတက်မှာ သေချာပေမဲ့လည်း အကယ်၍ ပြဿနာတစ်ခုခုရှိခဲ့ရင် ငါတို့ ဂန္ဓမာကျွန်းက လူတွေအနေနဲ့ သူတို့ကိုအနိုင်ကျင့်ခွင့် မရှိဘူး.. ငါပြောတာ နားလည်လား.. ဒါပေမဲ့ ပြန်တိုက်ခိုက်ရမယ့် အချိန်ကျရင် မင်းတို့ ပြန်တိုက်ခိုက်ရမယ်”

အင်မော်တယ်ထုန်ရာက သစ်သားနွားကားကို မောင်းရန်ပြင်ဆင်နေစဉ်တွင် ကားနောက်ခန်းတွင် ထိုင်နေသော ကျင်းရှီနှင့် ယင်းရှီကို သတိပေးလိုက်သည်။

“ဟုတ်ကဲ့ပါဆရာ”

ကျင်းရှီနှင့်ယင်းရှီက တညီတညွတ်တည်း ပြန်ဖြေလိုက်သည်။

“ဒါဆို ဘယ်အချိန်ပြန်တိုက်ရမှာလဲ”

ထိုမေးခွန်းကြောင့် အင်မော်တယ်ထုန်ရာက ခဏမျှ တွေဝေသွားသည်။

အမှန်တကယ်က ဤမောင်နှမနှစ်ယောက်ကို အတွေ့အကြုံရရန် မြို့ထဲသို့ခေါ်လာခြင်းမှာ ဤကဲ့သို့ ကိစ္စများကို ဆုံးဖြတ်နိုင်ရန်ဖြစ်သည်။

ဖြူစင်ပြီးကြင်နာတတ်သော စိတ်ထားက ကောင်းမွန်သည်ဟုဆိုနိုင်သော်လည်း ဤခေတ်တွင် ရှင်သန်ချင်လျှင် ကြင်နာတတ်သည့် နှလုံးသားက ဒုက္ခရောက်စေမည်မှာ သေချာသည် မဟုတ်ပါလော။

ဤမောင်နှမနှစ်ယောက်သည် သူ၏တပည့်များဖြစ်ကြ၍ အဂ္ဂရတ်ဆရာ ပေါက်စများဆိုလည်း မမှားပေ။

အဂ္ဂရတ်ဆရာများသည် ယေဘုယျအားဖြင့် စိတ်နှလုံးတည်ကြည်ကြပြီး ဒေါသထွက်လွယ်ခြင်း မရှိကြပေ။

ကျင်းရှီနှင့်ယင်းရှီသည် သူနှင့်အတူ နှစ်အတော်ကြာအောင် နေလာခဲ့ကြသည်။

သူတို့က ဈေးကွက်ထဲရှိ အဂ္ဂရတ်ဆရာများထက်ပင် စိတ်တည်ငြိမ်မှုရှိကြသည်။

အင်မော်တယ်ထုန်ရာက ၎င်းတို့၏မေးခွန်းကို ပြန်ဖြေလိုက်သည်။

“မင်းတို့စိတ်ဆိုးရင်တော့ ပြန်တိုက်နိုင်တယ်.. ဒါပေမဲ့တစ်ဖက်သားကို သတ်လို့မရဘူးဆိုတာ မမေ့နဲ့.. သူတို့အသက်ရှင်နေမှပဲ သူတို့အသက်ကို ကယ်တင်ဖို့ ငါ့အတွက် လွယ်ကူလိမ့်မယ်”

“ကောင်းပါပြီဆရာ”

မောင်နှမနှစ်ယောက်က အပြုံးချင်း ဖလှယ်လိုက်ကြသည်။

အင်မော်တယ်ထုန်ရာက ဝမ်မိသားစုအိမ်ငယ်လေးသို့ အလျင်အမြန် သွားနေစဉ်တွင် ဝမ်လင်းသည် ထိုမိန်းကလေးဝတ်ဆင်ထားသော မီးခိုးရောင်ဝတ်စုံနှင့်ပတ်သက်၍ ဖန်းကွမ်းထံ ဗီဒီရိုကော ခေါ်ခဲ့သည်။

ဖန်းကွမ်း၏ တိုက်ရိုက်ထုတ်လွှင့်မှုက မကြာသေးမီကစပြီး ကြီးထွားလာခဲ့သည်။

၎င်း၏ ပျမ်းမျှကြည့်ရှုသူ အရေအတွက်သည် စံချိန်တစ်ခု ဖြစ်သည့် သန်းနှစ်ဆယ်ကျော် မှတ်တိုင်ကိုပင် ချိုးဖြတ်သွားခဲ့သည်။

ဖန်းကွမ်းက တိုက်ရိုက်ထုတ်လွှင့်မှု မစတင်မီ ဝမ်လင်းထံမှ ဖုန်းဝင်လာသည်ကို တွေ့လိုက်သည်။

သူက ဝမ်လင်းပေးပို့သည့်ဓာတ်ပုံကို ဂရုတစိုက် အကဲခတ်ပြီးနောက် ခေါင်းခါယမ်းလိုက်သည်။

“စီနီယာလင်း.. ငါက အရမ်းညံ့တဲ့လူပါ.. ဒီအမျိုးသမီးဝတ်ထားတဲ့ဝတ်စုံက ဘာနဲ့လုပ်ထားလဲဆိုတာ ငါလည်းမသိဘူး”

ဖန်းကွမ်းက မည်သည့်မျှော်လင့်ချက်ကိုမှ အစတည်းက ဖမ်းဆုပ်မထားသော်လည်း အသေအချာပင် လေ့လာပေးခဲ့သည်။

လင်းကျန်းရန်၏ နယ်ပယ်အဆင့်က မှန်းဆမရအောင် မြင့်မားသည်။

လင်းကျန်းရန်ပင် ဝတ်စုံ၏ဇစ်မြစ်ကို မဆုံးဖြတ်နိုင်လျှင် သူက မည်ကဲ့သို့ လုပ်ဆောင်နိုင်ပါအံ့နည်း။

သူက စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့သည်။

ဝမ်လင်း ခေါင်းငြိမ့်လိုက်သည်။

“စီနီယာလင်း.. ဒီဝတ်စုံက ဘာနဲ့လုပ်ထားလဲ ငါမပြောနိုင်ပေမဲ့ စီနီယာအနေနဲ့ ငါအခုဝတ်ထားတဲ့ အဝတ်အစားရဲ့ မူလဇစ်မြစ်ကို သိလားလို့ ငါသိချင်တယ်”

ဖန်းကွမ်းက ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး ကင်မရာကို ချဲ့လိုက်သည်။

ထိုအခါမှသာ ဖန်းကွမ်းက သူဝတ်နေကျဖြစ်သည့် အဖြူရောင်တာအိုဝတ်စုံကို မဝတ်ထားဘဲ အိမ်အကူဝတ်စုံကို ဝတ်ထားသည်အား ဝမ်လင်း သိလိုက်ရသည်။

ဝမ်လင်း “……….”

ဖန်းကွမ်းက သူ၏ကြမ်းတမ်းနေသော ဆံပင်များကို ကုတ်လိုက်သည်။

"ဒါက ငါ့ပရိတ်သတ်တွေကို အရင်က ပေးခဲ့တဲ့ကတိကို ဖြည့်ဆည်းပေးတာပါ.. ပရိတ်သတ် သန်းနှစ်ဆယ်ကျော်ကို ဒီဝတ်စုံ ဝတ်ပြမယ်လို့ ပြောခဲ့ဖူးတယ်လေ.. ဒီဝတ်စုံကို ဖန်တီးဖို့အွန်လိုင်းက ပုံတွေကို အခြေခံပြီး ကျွန်းရဲ့ အရင်းအမြစ်တွေကို အသုံးပြုခဲ့ရတယ်.. ဒါကလည်း ပရိသတ်တွေ အမြင်ရိုးမသွားစေဖို့ လှည့်ကွက်တစ်ခုပဲ.. စီနီယာလင်းအနေနဲ့ ဒီဝတ်စုံကိုဘယ်လိုမြင်ပါသလဲ”

ဝမ်လင်း “ငါဘာမှမမြင်ဘူး”

ဖန်းကွမ်း “ဒါက နှလုံးတဒိန်းဒိန်းခုန်တဲ့ ခံစားချက်မျိုးနဲ့တူလား”

ဝမ်လင်း “ဒါက နှလုံးဖောက်တဲ့ခံစားချက်ပဲ”

ဖန်းကွမ်း “……….”

အပိုင်း(၆၄၆) ပြီး၏

All Chapters