အိုင်ဒေါလ်စွမ်းအား
Vol. 44 Ch. 649
ဝမ်လင်း “.....…”
ထိုအရာက အဆင်မပြေသော်လည်း လုပ်ယူ၍ပြုံးသော အပြုံး ဖြစ်သည်။
ဟုတ်ပါသည်၊ ယခုအခါတွင် သူ့အခန်းတံခါးကို ဉာဏ်အလင်းပေးခြင်းက အရေးတကြီး ဦးစားပေးတစ်ခု ဖြစ်လာသည်။
ဝမ်လင်း၏ စိတ်နှလုံးက အနည်းငယ် တင်းကျပ်သွားသလို ခံစားလိုက်ရသည်။
သူ့မိခင်က သူ့ကို အမြဲနားလည်မှု လွဲနေပုံရသည်။
သူက ထိုသို့သော လူစားမျိုး မည်သို့ဖြစ်နိုင်မည်နည်း။
တစ်ချိန်က စာရေးဆရာဖြစ်ခဲ့ဖူးပြီး မော်ကွန်းဝင်အဆင့် လူသတ်သမားနှစ်ဦးကို အောင်မြင်စွာ မွေးထုတ်နိုင်ခဲ့သော မှော်လက်များပိုင်ရှင် နတ်ဘုရားမယ်တော်ကို သူ သေသေချာချာရှင်းပြသင့်ပါသလော။
ဝမ်လင်းက စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်သည်။
သူက ပြတ်သားစွာ ဆုံးဖြတ်ခဲ့၏။
ယင်းမှာ ယနေ့ညတွင် တံခါးကို ဉာဏ်အလင်းပေးရန် ဖြစ်သည်။
သူ၏ မသက်မသာဖြစ်နေသော အမူအရာကို မြင်လျှင် တံခါးအပြင်ဘက်တွင် ဂရုတစိုက်ရပ်နေသော ကျင်းရှီ နှင့် ယင်းရှီ တို့က တုန်လှုပ်သွားသည်။
အကြောင်းတစ်ခုခုကြောင့် သူတို့၏ ကျောပြင်က အေးစက်သွားသလို ခံစားလိုက်ရ၏။
ကြောက်မက်ဖွယ်ကောင်းသော ခံစားချက်မဲ့ ငါးမသာ မျက်လုံးတစ်စုံက သူတို့၏ နှလုံးသားထဲတွင် နားမလည်နိုင်စွာ ပေါ်လာသည်။
အခန်းထဲရှိ လေထုက အခြေအနေမကောင်း၍ ငွေရောင်လေးနှင့် ထွင်ထျန်းဟာက တုန်လှုပ်သွားပြီး စကားမပြောရဲပေ။
ဆိုရလျှင် လေထုက အေးခဲသွားသလိုပင်။
ထွင်ထျန်းဟာက ဝမ်လင်းကို မေမေဝမ် အကြိမ်ကြိမ် နားလည်မှုလွဲနေမှန်း မသိပေ။
သို့သော်လည်း သူမြင်နေရသည့် အရာအပေါ် အခြေခံ၍ ဤတံခါးက ယနေ့ညတွင် ဉာဏ်အလင်းရမည့် ၎င်း၏ကံကြမ္မာကနေ လွတ်မြောက်နိုင်မည် မဟုတ်ကြောင်း ခန့်မှန်းမိသည်။
ငွေရောင်လေးက စိတ်ချင်းဆက်သွယ်၍ပင် စကားမပြောရဲပေ။
ဝမ်လင်းက သူ့အသံအား ကြားနိုင်သည်ကို သူသိသောကြောင့် ဖြစ်၏။
ငွေရောင်လေးက မအောင့်အီးနိုင်တော့၍ ဖုန်းကနေ စာရိုက်၍ မေးလိုက်သည်။
"သခင်က ဘာဖြစ်နေတာလဲ"
ထွင်ထျန်းဟာ “သူက ရှက်နေတာ.. ညကျရင် တံခါးက ဉာဏ်အလင်းပေး ခံရလိမ့်မယ်”
ငွေရောင်လေး "သခင်က ဒီလောက်တောင် အစွမ်းထက်လား"
ထွင်ထျန်းဟာ “ငါတို့ရဲ့ သခင်က ဘယ်အရာကိုမဆို ဉာဏ်အလင်းပေးနိုင်တယ်.. ဒီတံခါးက အထူးပစ္စည်းတစ်ခုနဲ့ ပြုလုပ်ထားတဲ့အတွက် ဉာဏ်အလင်းပွင့်ပြီးနောက်မှာ အလွန်ခိုင်ခံ့နေလိမ့်မယ်”
ငွေရောင်လေး "ဘာအထူးပစ္စည်းလဲ"
ထွင်ထျန်းဟာ "အဲဒါကို ဗိုက်ပရေးနီးယန်းလို့ ခေါ်တယ်ထင်တယ်...ဆောက်လုပ်ရေးလုပ်ငန်းခွင်က စွန့်ပစ်ထားတဲ့ ဆောက်လုပ်ရေးပစ္စည်း တစ်ခုလို့ ငါကြားမိတယ်.. အဲဒီအထဲမှာ အက်ဒမန်တီယန်းလို့ ခေါ်တဲ့ သတ္တုတစ်မျိုးလည်း ပါတယ် လို့ ကြားတယ်”
[vibranium=အမေရိကန်ရုပ်ပြစာအုပ်ထဲမှ စိတ်ကူးယဥ်သတ္တုတစ်မျိုး၊ ထူးခြားသောစွမ်းအင်များကို စုပ်ယူရန်၊ သိမ်းဆည်းရန်နှင့် အရွေ့စွမ်းအင်အမြောက်အမြားကို ထုတ်လွှတ်နိုင် ]
[adamantium= အလွန်ခိုင်ခံ့သော ဒြပ်စင်တစ်မျိုး]
ငွေရောင်လေး“.........…”
…..........
တခြားတစ်နေရာ၊စုန့်ဟိုင်ထောင်။
အကြီးအကဲကျိုးဝူသည် မနေ့ညတွင် ဤနေရာသို့ ပို့ဆောင်ခံခဲ့ရသည်။
မစ္စတာလု ပြီးလျှင် အာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံရသည့် နတ်ဆိုးမုဆိုးများ အဖွဲ့အစည်း၏ ဒုတိယမြောက် ထိပ်တန်းအဖွဲ့ဝင်လည်း ဖြစ်သည်။
သတင်းပေါက်ကြားမှာစိုး၍ မီဒီယာများတွင် ထိုသတင်းကို တွေ့ရမည် မဟုတ်ပေ။
ဥက္ကဌပိုင်က အကြီးအကဲကျိုးဝူ သတ်သေသည်ကို ကိုယ်တိုင်တွေ့မြင်ခဲ့သည်။
သူ့စိတ်ထဲမှာတော့ အကြီးအကဲ ကျိုးဝူက သေဆုံးသွားခဲ့ပြီဖြစ်၏။
ယခုအခါတွင် အကြီးအကဲကျိုးဝူကို ကာကွယ်ဖို့က ပို အရေးကြီးလာသည်။
လူသားတစ်ဦး အနေနှင့် အကြီးအကဲ ကျိုးဝူသည် မစ္စတာလု ထက် နတ်ဆိုးမုဆိုးများ အဖွဲ့အစည်း အကြောင်းကို ပို၍သိသည်။
သို့သော် စစ်ဆေးမေးမြန်းနေချိန်တွင် အကြီးအကဲ ကျိုးဝူက ဘာမှမပြောခဲ့ပေ။
တကယ်တမ်းတွင် နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းနှင့်ပတ်သက်သည့် သူသိထားသော အကြောင်းများက အမှန်ဟုတ်မဟုတ် သူကိုယ်တိုင်လည်း မသိခဲ့ပေ။
နောက်ဆုံး သူအဖမ်းမခံရမီ သူတစ်ခါမှ မမြင်ဖူးသော အကြီးအကဲ ကျီရှင်းသည် ဥက္ကဌပိုင် အနားတွင် ပေါ်လာခဲ့သည်။
ဥက္ကဌပိုင်၏ ထိပ်တန်း နောက်လိုက်တစ်ဦး အနေဖြင့် အကြီးအကဲ ကျိုးဝူသည် ဥက္ကဌပိုင်၏ အမူအကျင့်ကို ကောင်းစွာသိသည်။
၎င်းက သေချာပေါက် သူ့လက်တစ်ခုလုံးကို ထုတ်မပြတတ်သည့်သူ တစ်ယောက် ဖြစ်သည်။
သူက အချက်အလက် အားလုံးကို လွယ်လွယ်နှင့် ထုတ်မပြတတ်သလို မှားယွင်းသည့် အချက်အလက်များကို တမင်တကာ ပေးပို့ခဲ့သည့် ကိစ္စများလည်း ရှိသည်။
တစ်ခါက အကြီးအကဲ တစ်ဦးသည် ဥက္ကဌပိုင် အကြောင်းအား သတင်းပို့ခဲ့သော်လည်း သတင်းအမှားကြောင့် ဥက္ကဌပိုင်၏ ထောင်ချောက်ဆင် ချုပ်နှောင်ခြင်းကို ခံခဲ့ရသည်။
ထို့ကြောင့် ယခု သူသိထားသမျှ အရာတွေက အမှန်လား အမှားလား သူကိုယ်တိုင်လည်း မသိပေ။
အချက်အလက်များတွင် မှားယွင်းသောအချက်အလက်များလည်း ပါဝင်နေနိုင်သည် မဟုတ်ပါလော။
စစ်ကြောရေးအခန်းရှိ ကျိုးဝူ၏ မျက်လုံးများက မှေးမှိန်သွားခဲ့သည်။
စစ်ကြောရေးတာဝန်ခံ ထောင်အရာရှိများက အခက်တွေ့နေခဲ့သည်။
ဘာပဲမေးမေး အကြီးအကဲ ကျိုးဝူက စကားမပြောခဲ့ပေ။
ပြစ်မှုဆိုင်ရာ စစ်ဆေးမေးမြန်းခြင်းနှင့် ပြစ်ဒဏ်ပေးခြင်းတို့သည် အဆင့်မြင့် ကျင့်ကြံသူများထံတွင် လုံးဝ အသုံးမဝင်ပေ။
နည်းစနစ်များကို အသုံးမပြုနိုင်စေရန် ၎င်းတို့၏ ဝိညာဉ်စွမ်းအင်ကို သင်ချိုးနှိမ်နိုင်သော်လည်း ၎င်းတို့၏ အတွေးများကို သင်ချိုးနှိမ်၍မရပေ။
တစ်ခါတရံတွင် စစ်ကြောရေးအခန်း၌ မိမိတို့ကိုယ်ကို လောကီအား စိတ်ပျက်နေသော ရဟန်းကဲ့သို့ ရှုမြင်ကာ တရားအားထုတ်နေတတ်သည့် ကျင့်ကြံသူများနှင့်လည်း ကြုံတွေ့ရတတ်သည်။
သင်ဘာပဲမေးမေး သူတို့က ပြန်ဖြေမည် မဟုတ်ပေ။
ဤကဲ့သို့သော အခြေအနေမျိုးတွင် မှတ်ဉာဏ်ကို အတင်းအကျပ် ထုတ်ယူရန် နည်းလမ်းသာ ရွေးချယ်စရာ ရှိသည်။
သို့သော် အဆုံးသတ်တွင် အကြီးအကဲ ကျိုးဝူသည် မိစ္ဆာအင်ပါယာ ကွာဖီလို အထူးရာဇ၀တ်သား မဟုတ်ပေ။
ဤကဲ့သို့ ပြင်းထန်သောနည်းလမ်းကို အသုံးပြုခြင်းသည် အထူးရာဇ၀တ်ကောင်များအတွက်သာ ခွင့်ပြုထား၏။ ၎
ထို့အပြင် အသုံးပြုမှုအတွက်လည်း လျှောက်လွှာကို ကြိုတင် တင်သွင်းရမည် ဖြစ်သည်။
အလုံးစုံကို စီမံဆောင်ရွက်ပြီးမှသာ ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်၏။
ထောင်အုပ်လျန့် နှင့် ကျိုးရီ တို့သည် စောင့်ကြည့်ရေးအခန်းတွင် ထိုင်ကာ ဖန်သားပြင်ပေါ်ရှိ စစ်ဆေးမေးမြန်းမှုကို ကြည့်ရှုခဲ့ကြသည်။
ထောင်အရာရှိများ၏ မျက်နှာတွင် ကူကယ်ရာမဲ့သော အမူအရာများကို မြင်ပြီးနောက်၌ ထောင်အုပ်လျန့်က မျက်မှောင်ကြုတ်လိုက်သည်။
"ဒါရိုက်တာကျိုး.. သူ ဘာဖြစ်နေတာလဲ.. အမှန်တရားကို ဝန်ခံမယ်လို့ လမ်းမှာ သူပြောခဲ့တယ် မဟုတ်လား”
"ဒီစကားကို ပြောခဲ့တာ အမှန်ပဲ"
ကျိုးရီက ပုခုံးတွန့်ပြ၍ ပြောလိုက်သည်။
လူသည် တစ်ခါတစ်ရံတွင် မျက်နှာနှစ်ဖက်ရှိသော သတ္တဝါမျိုးဖြစ်သည်။
ကျိုးရီက အကြီးအကဲ ကျိုးဝူ စကားမတည်မည်ဟု မထင်ခဲ့ပေ။
သူက ဥက္ကဌပိုင် အတွက် တစ်ကြိမ် သေဆုံးသွားခဲ့ပြီ ဖြစ်၍ စိတ်ပိုင်းဆိုင်ရာ အတားအဆီးများ မရှိတော့ပေ။
ထို့အပြင် ယခုအခါ၌ ဥက္ကဌပိုင်သည် သူသေသွားပြီဟု ထင်နေ၏။
သူ အသက်ရှင်နေသေးကြောင်း လုံး၀ မသိခဲ့ပေ။
ထို့ကြောင့် အကြီးအကဲကျိုးဝူ ယခု တုံ့ဆိုင်းနေရသည့် အကြောင်းရင်းမှာ အခြားအကြောင်းရင်း တစ်ခုခုကြောင့် ဖြစ်နိုင်သည်ဟု ကျိုးရီ တွေးမိခဲ့သည်။
ဤကဲ့သို့ အခြေအနေတွင် အကြီးအကဲကျိုးဝူကို ပြင်ပကနေ လှုံ့ဆော်မှု အနည်းငယ် ပေးရန်လိုအပ်သည်။
“သူ့ကို အထူးအကျဉ်းခန်းထဲမှာ ခဏထားလိုက်ပါ.. အဲဒါဆို သူဖွင့်ပြောလာလိမ့်မယ်”
ကျိုးရီက ပြောလိုက်သည်။
“အဆင်ပြေပါ့မလား”
"စိတ်မပူပါနဲ့ ထောင်အုပ်လျန့်.. သူက ရုပ်ပိုင်းဆိုင်ရာ အားကောင်းပါတယ်"
“….........”
…............
နောက်ထပ် နာရီဝက်ကြာ စစ်ဆေးမေးမြန်းပြီးသည်အထိ အကြီးအကဲ ကျိုးဝူက ဘာမှ မပြောသေးပေ။
ထို့ကြောင့် စိတ်ပျက်အားငယ်စွာဖြင့် ထောင်အုပ်လျန့်က ကျိုးရီ ပြောသည့်အတိုင်းသာ လုပ်နိုင်ခဲ့သည်။
ယင်းမှာ အကြီးအကဲ ကျိုးဝူကို အထူးအကျဉ်းခန်းထဲတွင် ယာယီ ထည့်ထားရန် ဖြစ်သည်။
အတွေ့အကြုံရှိသော ထောင်အရာရှိနှစ်ဦးသည် ကျိုးဝူကို အထူးအကျဉ်းခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။
ထိုနေရာငည် ယခင်က သူနေခဲ့သည့်နေရာနှင့် လုံးဝခြားနားသည်ကို မြင်သောအခါ ကျိုးဝူက မျက်မှောင်ကြုတ်လိုက်သည်။
"ဒါက ဘယ်နေရာလဲ"
"မင်းရဲ့ အိုင်ဒေါလ်တွေ ရှိတဲ့နေရာ"
အရာရှိတစ်ဦးက ပြန်ဖြေလိုက်သည်။
အခြားအရာရှိက ကျိုးဝူကို အထူး.အကျဥ်းခန်းထဲသို့ တွန်းထုတ်လိုက်ပြီး သံတံခါးကို တင်းတင်းကျပ်ကျပ် သော့ခတ်လိုက်သည်။
"ဒီည ဒီမှာပဲနေရမယ်.. ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ"
အကြီးအကဲ ကျိုးဝူ အံ့သြသွားသည်။
ထို့နောက် တီဗီတွင်သာ တွေ့ခဲ့ဖူးသော အင်မော်တယ်စံအိမ်သခင်ချန်ယွီ၊ မိစ္ဆာအင်ပါယာ ကွာဖီ နှင့် အုံ့မှိုင်းနေသော မျက်နှာထားဖြင့် ဖဲကစားနေသည့် လူငယ်တစ်ဦးကို သူတွေ့လိုက်ရသည်။
မိစ္ဆာဓားနတ်ဘုရား "ငါ့ကတ်လေး.. ဒီကောင်တွေကိုအပြတ်ရှင်းလိုက်"
မိစ္ဆာအင်ပါယာကွာဖီ "ရှောင်ဟေ့"
အင်မော်တယ် စံအိမ်သခင်ချန်ယွီ "တောင်ပိုင်းသား အရိုင်းအစိုင်း ကျူးကျော်မှုကွ"
မိစ္ဆယအင်ပါယာကွာဖီ နှင့် မိစ္ဆာဓားနတ်ဘုရား- "ချပြီဟေ့"
အင်မော်တယ် စံအိမ်သခင်ချန်ယွီ "မင်းတို့ကတ်တွေ ဝေးဝေးကို လစ်လိုက်တော့"
အကြီးအကဲ ကျိုးဝူ “........…”
အကြီးအကဲ ကျိုးဝူ “စီနီယာတို့..”
"နောက်ထပ်အသစ်လေးလား"
ကွာဖီက ကျိုးဝူကို တစ်ချက်ကြည့်လိုက်သည်။
သူ့မျက်လုံးများက အကြောင်းတစ်ခုခုကြောင့် မမျှော်လင့်ဘဲ စိတ်လှုပ်ရှားသော အရိပ်အယောင်များ ဖြစ်ပေါ်နေသည်။
သူက ကိုင်ထားသည့် ကတ်ပြားများကို ချက်ချင်း လွှတ်ချလိုက်ပြီး အချုပ်ခန်းထဲကနေ အော်ပြောလိုက်သည်။
“တစ်ယောက်ယောက်ရှိလား.. မာကျောက်ကစားတဲ့ စားပွဲခုံကို ယူလာပေးစမ်း.. ငါတို့မှာ လူအလုံအလောက်ရှိသွားပြီ”
အကြီးအကဲ ကျိုးဝူ “.........…”
မိစ္ဆယအင်ပါယာကွာဖီ "လေးယောက်ပြည့်သွားပြီလေ"
အပိုင်း(၆၄၉) ပြီး၏