ပထမဆုံး နိုင်ငံတကာ ဓားအထိန်းအသိမ်းပြိုင်ပွဲ
Vol. 44 Ch. 650
အင်မော်တယ်ထုန်ရာက ဆေးတစ်စက်ကို လိမ်းပြီးနောက် စမ်းသပ်မှုရလဒ်ကို တိတ်တဆိတ် စောင့်ဆိုင်းခဲ့သည်။
ရင်ဘတ်ရှိ "ဝိညာဉ်သန့်ရှင်းခြင်း"သွေးကြောမှတ်သည် ကျင့်ကြံသူ၏ ခန္ဓာကိုယ်မျက်နှာပြင်ပေါ်တွင် ဝိညာဉ်ချီ အပြင်းထန်ဆုံးနေရာ ဖြစ်သည်။
ထို့ကြောင့် စမ်းသပ်ဆေးကို ရင်ဘတ်ပေါ် ချလိုက်လျှင် များသောအားဖြင့် ရလဒ်က ငါးမိနစ်အတွင်း ထွက်လာတတ်သည်။
မီးခိုးရောင်ဝတ် မိန်းကလေးက အဆိပ်ခတ်ခံရခြင်းကြောင့် မေ့မြောနေခြင်း ဟုတ်မဟုတ် ရလဒ်က အလွန်ရှင်းလင်းစွာ သက်သေပြနိုင်မည် ဖြစ်သည်။
သို့သော် ငါးမိနစ်ခန့် ကြာသွားသည့်တိုင် ဆေးစက်ချထားသည့် နေရာက အပြောင်းအလဲ မရှိခဲ့ပေ။
"မအောင်မြင်ဘူးလား"
“မဟုတ်ဘူး အောင်မြင်တယ်.. ဒီကောင်မလေးက နည်းနည်းထူးခြားနေတာ.. ဆေးက ထုတ်တဲ့ချီက အရမ်းစင်ကြယ်နေတယ်…”
အင်မော်တယ်ထုန်ရာ၏ မျက်နှာက အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။
ဒါမျိုး သူအရင်က မကြုံဖူးပေ။
မည်သို့ပင်ဆိုစေကာမူ အင်မော်တယ်ထုန်ရာသည် ထုန်ရာ မိသားစု ဘိုးဘေးများ၏ ရှေးဟောင်း ဆေးကျမ်းတွင် ထိုရလဒ်၏ ဖြစ်နိုင်ချေကို ဖော်ပြခဲ့သည်အား ရှင်းရှင်းလင်းလင်း သတိရမိသည်။
သို့သော် သူ ငယ်ငယ်တုန်းက ဖတ်ဖူးခဲ့ခြင်း ဖြစ်သည်။
ယခုလိုမျိုး ထူးခြားသည့် ရလဒ်မျိုး မတွေ့ခဲ့ရသည်မှာ နှစ်တစ်ထောင်ကျော်ပင် ရှိပြီ ဖြစ်သည်။
ထို့ကြောင့် အင်မော်တယ်ထုန်ရာက ဤရလဒ်အတွက် ရှင်းပြချက်ကို ကောင်းစွာ မမှတ်မိနိုင်တော့ပေ။
ရလဒ်ကို အဓိပ္ပါယ်ဖွင့်ရန် ဆေးကျမ်းကို ထပ်မံဖတ်ဖို့ လိုအပ်၏။
"ရွေးချယ်စရာမရှိတော့ဘူး.. ဒီမိန်းကလေးကို ငါ့နေရာဆီ အရင်ပြန်ခေါ်သွားမှဖြစ်မယ် စီနီယာလင်း"
အင်မော်တယ်ထုန်ရာက သက်ပြင်းချလိုက်သည်။
အင်မော်တယ်ထုန်ရာသည် ဤအမည်မသိ မိန်းကလေး၏ သတိမေ့မြောမှုက အလွန်ရှုပ်ထွေးသည့် ပြဿနာတစ်ခုဖြစ်မည်ဟု အစကတည်းကပင် မျှော်လင့်ထားပြီ ဖြစ်သည်။
ဆရာဝန်အဖြစ် နှစ်ပေါင်းများစွာ ကျင်လည်စဥ်အတွင်း သူတစ်ခါမှမကြုံဖူးသော ရောဂါတစ်ခုနှင့် ရင်ဆိုင်ရလိမ့်မည်ဟု တစ်ခါမှ မတွေးဖူးပေ။
ထို့နောက်တွင် အင်မော်တယ်ထုန်ရာသည် ကောင်မလေးကို ခရီးသည်ထိုင်ခုံ၌ ဂရုတစိုက်ချထားလိုက်ပြီး ထိုင်ခုံခါးပတ်ကိုတပ်လိုက်သည်။
ဂန္ဓာမာကျွန်းပေါ်သို့ ရောက်လျှင် မီးခိုးရောင်ဝတ် မိန်းကလေးသည် စေ့စေ့စပ်စပ် စမ်းသပ်မှုအပြည့်နှင့် ရင်ဆိုင်ရလိမ့်မည် ဖြစ်သည်။
ဟုတ်ပါသည်၊ အင်မော်တယ်ထုန်ရာက စမ်းသပ်မှုများကို သူ့ဘာသာသူ မလုပ်နိုင်ခဲ့ပေ။
"ယောက်ျားနှင့်မိန်းမ ခန္ဓာကိုယ်ချင်း မထိစပ်ရ" ဟူသော နိယာမကို သူ နားလည်ဆဲပင်။
ထို့ကြောင့် သူက ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူ ချိုက်လျန်၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်မည် ဖြစ်၏။
အင်မော်တယ်ထုန်ရာက ချက်ချင်းပင် ချိုက်လျန်ကို ဖုန်းခေါ်လိုက်သည်။
"ဟဲလို ချိုက်လျန်လား.. စီနီယာလင်းရဲ့ အိမ်မှာ မေ့မြောနေတဲ့မိန်းကလေးကို လာခေါ်ပေးပါ"
ထို့နောက် အင်မော်တယ်ထုန်ရာက သူ၏ ကနဦးစမ်းသပ်ရလဒ်ကို အတိုချုံး ပြောပြလိုက်သည်။
ချိုက်လျန်"ငါနားလည်ပါတယ်.. ရှင်နောက်ဆုံးအခေါက်က ယာရွှယ်အတွက် ပေးခဲ့တဲ့ ပြန်လည်ထူထောင်ရေးဆေး ကုန်နေတာနဲ့ အတော်ပဲ.. ငါနင့်ဆီလာခဲ့မယ်"
အင်မော်တယ်ထုန်ရာက ခေါင်းညိတ်လိုက်သည်။ "အရမ်းကျေးဇူးတင်ပါတယ် ချိုက်လျန်”
ချိုက်လျန် “အဲဒီလို မပြောပါနဲ့.. စီနီယာလင်းရဲ့ ပြဿနာက ငါတို့ပြဿနာပဲလေ”
ချက်ဂရုမှလူများက ဤမိန်းကလေး၏ အခြေအနေကို အနည်းနှင့်အများ သိရှိခဲ့ကြသည်။
သူမ၏ လျှို့ဝှက်ဆန်းကြယ်သော ဝိသေသ လက္ခဏာနှင့် သူမ၏ မီးခိုးရောင် ရိုးရာဝတ်စုံက အနည်းငယ် ထူးဆန်းပုံရသောကြောင့် ချက်ဂရုမှလူများကို သူမ အကြောင်းကို အလွန် သိချင်နေခဲ့သည်။
ကံမကောင်းစွာဖြင့် သူတို့၏ စွမ်းရည်အားလုံးကို ပေါင်းစပ်ပြီးသည့်တိုင် သူမ၏ အထောက်အထားကို မည်သူမျှ ဖော်ထုတ်နိုင်ခြင်း သို့မဟုတ် သူမ ဝတ်ဆင်ခဲ့သည့် ရိုးရာဝတ်စုံ၏ မူလဇစ်မြစ်ကိုပင် ရှင်းရှင်းလင်းလင်း ဆုံးဖြတ်နိုင်ခြင်း မရှိခဲ့ပေ။
"အဲဒါဆို အဲဒီမိန်းကလေးပုံ ရှိလား"
ချိုက်လျန်က မေးလိုက်သည်။
"ခဏလေး ချိုက်လျန်.. ငါမင်းအတွက် ဓာတ်ပုံရိုက်ပေးမယ်"
ဖုန်းကိုချရင်း အင်မော်တယ်ထုန်ရာက (Beautycam)ကို ဖွင့်ကာ ခရီးသည်ထိုင်ခုံတွင် လဲလျောင်းနေသော မိန်းကလေး၏ ပုံကို ရိုက်ယူလိုက်သည်။
"ချိုက်လျန်.. ဒါသူ့ပုံပဲ"
ပုံပို့လိုက်သောအခါတွင် အင်မော်တယ်ထုန်ရာသည် မိန်းကလေး၏ အလှကြောင့် သူ့ကိုယ်သူ မညီးဘဲ မနေနိုင်တော့ပေ။
အခြားတစ်ဖက်တွင်လည်း ချိုက်လျန်သည် ဓာတ်ပုံကိုမြင်ပြီး ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။
ငွေရောင်လေးက ချက်ဂရုတွင် ထိုမိန်းကလေးကို အလွန်လှသည်ဟု ယခင်က ပြောခဲ့ဖူးသောကြောင့် ချိုက်လျန်က ထိုမိန်းကလေး မည်မျှလှပသည်ကို မြင်တွေ့ရရန် စောင့်မျှော်နေခဲ့သည်။
တကယ်လည်း သူမက အလွန်ကို လှပသည်။
သို့သော်...
ချိုက်လျန် "မဆိုးပါဘူး.. ဒါပေမယ့် တစ်ချို့ အစိတ်အပိုင်းတွေမှာတော့ ချို့တဲ့နေတုန်းပဲ။"
"မင်း ဘာကိုဆိုလိုတာလဲ ချိုက်လျန်"
ချိုက်လျန်က ဆံပင်ကို သပ်လိုက်သည်။
"အုန်းသီး နဲ့ မြေပြန့်လွင်ပြင်ကြားက ခြားနားချက်ကို ရှင်သိလား"
အင်မော်တယ်ထုန်ရာ "........…"
[ငါကလူပျိုကြီးပါဟ]
….................
နေ့ခင်းဘက်တွင် မေမေဝမ်သည် ငွေရောင်လေး အတွက် သံတူတစ်စုံ အထူး ပြင်ဆင်ပေးထားသည်။
မေမေဝမ်က ငွေရောင်လေးကို ပထမဆုံးအကြိမ် တွေ့ဆုံပြီးကတည်းက သဘောကျခဲ့သည်။
မေမေဝမ် ကိုယ်တိုင်က ရုပ်ရည်ကို အထူးဂရုပြုသည့်သူ တစ်ယောက် မဟုတ်သော်လည်း ကောင်းမွန်သည့် ရုပ်ရည်က လူတစ်ယောက်၏ ဆွဲဆောင်မှုကို တိုးစေသည် ဟူသောအချက်မှာ ငြင်းမရပေ။
"ဘာလို့ စီနီယာကြီးဝမ်ကို မတွေ့ရတာလဲ"
ငွေရောင်လေးက ထမင်းစား စားပွဲတွင် ထိုင်ရင်း မေးခွန်းထုတ်လိုက်သည်။
သူက လက်ကို ပေါင်ပေါ်တင်ကာ သိမ်မွေ့သော ကိုယ်ဟန်ဖြင့် ရှိနေသည်။
ဝမ်လင်းက သူ့ဆန့်ကျင်ဘက်တွင် ထိုင်နေသည်။
"ဖိုးဖိုးဝမ်က အခုနောက်ပိုင်း အလုပ်များနေတယ်"
ထွင်ထျန်းဟာက ပြန်ဖြေလိုက်သည်။
ဖိုးဖိုးဝမ်နှင့် မီးဖိုချောင်ဓားဂိုဏ်းခေါင်းဆောင်တို့ ချိန်းဆိုထားသည့် ပြိုင်ပွဲသည် သိပ်မလိုတော့ပေ။
ဖိုးဖိုးဝမ်သည် လွန်ခဲ့သည့် ရက်သတ္တပတ် အနည်းငယ်က ပြိုင်ပွဲဝင်မည့် ဟင်းချက်နည်းစနစ်များကို တီထွင်ပြီးစီးခဲ့သည်။
ထို့အပြင် ဓားစကေးလ်ကိုပါ လေ့ကျင့်နေခဲ့သည်။
သူ၏ လုပ်ငန်းခွင်ဟောင်းဖြစ်သည့် "Kikkro စားသောက်ဆိုင်"တွင် သူ၏ စကေးလ်ကို လေ့ကျင့်နေခဲ့၏။
သူ၏ ဓားစကေးလ်ကို ကျွမ်းကျင်စေရန်အတွက် ဖိုးဖိုးဝမ်သည် လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းကစ၍ မိုးမလင်းမီ နေ့တိုင်း အိမ်မှ ထွက်သွားခဲ့သည်။
ထွင်ထျန်းဟာက တံခါးဝတွင် စောင့်ကြပ်နေသောကြောင့် ဖိုးဖိုးဝမ်၏ လှုပ်ရှားမှုများကို ကောင်းစွာ သိခဲ့သည်။
ဝမ်လင်း ခေါင်းညိတ်လိုက်သည်။
သူက အလယ်တန်းစာမေးပွဲနှင့် အလုပ်ရှုပ်နေခဲ့သည်။
မကြာမီ နွေရာသီစခန်းသွင်းလေ့လာမှုကာလ ရောက်တော့မည် ဖြစ်သော်လည်း သူ့အဖိုး၏ ကိစ္စများကို အမြဲသတိရှိခဲ့သည်။
စားဖိုမှူး မလုပ်တော့သည်မှာ နှစ်များစွာ ကြာမြင့်ခဲ့သော်လည်း သူ့အဖိုး၏ ဝါသနာက လျော့ပါးသွားတာမျိုး တစ်ခါမှ မရှိခဲ့ပေ။
ဝမ်လင်းက ဖိုးဖိုးဝမ် ငယ်စဥ်က (Kikkro) စားသောက်ဆိုင်တွင် နာမည်ကြီး စားဖိုမှူး ဖြစ်ခဲ့သည်ကို သတိရမိသည်။
သူဖန်တီးခဲ့သည့်"လေခွဲဓားနည်းစနစ်"က ပြိုင်ဘက်ကင်းခဲ့သည်။
သူ၏ ထူးချွန်သော ဓားစကေးလ် အတွက် နိုင်ငံတစ်ဝှမ်း ဆုတံဆိပ်မျိုးစုံကို ရရှိခဲ့သည်။
ယခုတော့ ဤဆုတွေအားလုံးကို ကျေးလက်တောရွာရှိ နေအိမ်တွင် ပိတ်လှောင်ထားလိုက်ပြီ ဖြစ်၏။
ဝမ်လင်း ငယ်ငယ်တုန်းက ထိုဆုတံဆိပ်များအား တွေ့ဖူးသည်ကို မှတ်မိသေးသည်။
ဆုတံဆိပ်များနှင့် ဂုဏ်ပြု လက်မှတ်များသည် နေရာအနှံ့တွင် ပြည့်နေခဲ့သည်။
ထို့အပြင် ထိုဆုတံဆိပ်များသည် ပကတိအင်မော်တယ် ရွှေစင်ဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။
အိမ်တစ်လုံးဝယ်ရန်အတွက် ဖိုးဖိုးဝမ်အား ထိုဆုတံဆိပ်များကို ရောင်းချရန် အကြံပေးခဲ့သော လူအချို့ကို ဝမ်လင်း သတိရမိသည်။
ဖိုးဖိုးဝမ် စုဆောင်းထားသော ဆုတံဆိပ်ထဲမှ တစ်ခုကို ရောင်းချရုံဖြင့် စုန့်ဟိုင်မြို့လယ်တွင် အိမ်တစ်လုံးဝယ်နိုင်သော်လည်း ဖိုးဖိုးဝမ်က မလုပ်ခဲ့ပေ။
ဟုတ်ပါသည်၊ ဖိုးဖိုးဝမ်၏ အောင်မြင်မှုအားလုံးထဲတွင် သူအသက်သုံးဆယ်၌ ပါဝင်ယှဥ်ပြိုင်ခဲ့သည့် "နိုင်ငံတကာ ဓားထိန်းသိမ်းခြင်းပြိုင်ပွဲ"မှ ရရှိသော ချန်ပီယံဆုသည် အထင်ကြီးစရာ အကောင်းဆုံးဆု ဖြစ်သည်။
သူက"လေခွဲဓားနည်းစနစ်" ဖြင့် နိုင်ငံတကာဆုကို ထပ်မံရရှိခဲ့ပြီး ဘွဲ့လည်း ပေးအပ်ခံရသည်။
ဝမ်လင်းက ဖိုးဖိုးဝမ်၏ ဘွဲ့နာမည်နှင့် ပတ်သက်၍ မမှတ်မိတော့ပေ။
သူက မေမေဝမ်ကို စိတ်ချင်းဆက်သွယ်၍ မေးလိုက်သည်။
ပန်းကန်ခွက်ယောက်များကို ခင်းနေသော မေမေဝမ်က ပြန်ဖြေလိုက်သည်။
"မင်း မမှတ်မိတော့ဘူးလား... မင်းအဖိုးက အဲဒီတုန်းက နိုင်ငံတကာ ဓားထိန်းသိမ်းခြင်း ပြိုင်ပွဲမှာ ပါဝင်ခဲ့ပြီး သူ့ရဲ့ဓားစကေးလ်နဲ့ ချန်ပီယံဆုကို တိုက်ရိုက်ရရှိခဲ့တဲ့အခါ ပွဲစီစဉ်သူတွေက သူ့ကို 'ကြည်လင်ကောင်းကင်ဓားပိုက်ကွန်' လို့ ဘွဲ့ပေးခဲ့တယိ"
ဝမ်လင်း ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်.. အဲဒီနာမည်ပဲ.. ကြည်လင်ကောင်းကင်ဓားပိုက်ကွန်"
ငွေရောင်လေး “…........”
အပိုင်း(၆၅၀) ပြီး၏