ထူးချွန်သောလူများသည် သင်ယူမှုများဆက်လက်ပြုလုပ်ကြသည်လော
Vol. 44 Ch. 652
ဇူလိုင်လ၂၃ရက်နေ့သည် စာသင်နှစ်၏ ၁၃ပတ်မြောက် တနင်္ဂနွေနေ့ဖြစ်သည်။
အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အရပ်မြင့်မြင် ခပ်တောင့်တောင့် ရဲတိုက်သခင်သည် မမျှော်လင့်ဘဲ ထိုနေ့မနက်တွက် ရဲတိုက်၏ ပင်မရုံးခန်းသို့ ရောက်ရှိလာခဲ့သည်။
ရဲတိုက်၏ အရေးအကြီးဆုံး ဧည့်သည်လာရောက်မည် ဖြစ်၍ သူ့အနေဖြင့် ကိုယ်တိုင် လက်ခံတွေ့ဆုံရန် လိုအပ်သည်။
ရဲတိုက်လေဒီက နှစ်၈၀၀ ကြံ့ချိုနို့မှုန့်နှင့် ခရစ်စတယ်သကြားကို အသုံးပြု၍ နို့နှစ်ခွက်ကို ဖျော်ထားခဲ့သည်။
နှစ်၈၀၀ သက်တမ်းရှိသည့် ကြံ့ချိုနို့မှုန့်ဘူးသည် ရဲတိုက်သခင်စုဆောင်းမှု၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။
ရဲတိုက်သခင်ထံတွင် ကြံ့ချိုနို့မှုန့်ဘူး နှစ်ဘူးသာရှိပြီး တစ်ဘူးကို သူ့နေရာတွင် လျှို့ဝှက်သိမ်းထားကာ ကျန်တစ်ဘူးကိုအရေးကြီးသော ဧည့်သည်များကို လက်ခံတွေ့ဆုံသောအခါ ဖျော်တိုက်ရန် အတွက် ရဲတိုက်လေဒီ၏ ရုံးခန်းတွင် ထားရှိခဲ့သည်။
"ရဲတိုက်သခင်.. ဥက္ကဌပိုင်က ကျွန်မတို့ ပေးခဲ့တဲ့အချက်အလက်တွေ လွဲမှားနေလို့ ကျွန်မတို့ကို လာရှာတာများလား.. သူက ကျွန်မတို့ကို အပြစ်တင်မလားမသိဘူး"
ရဲတိုက်လေဒီက စိတ်ရှုပ်ထွေးနေသည်။
တကယ်က ဥက္ကဌပိုင်သည် သူတို့အား လာရှာ၍ အမွေးစိမ်းခွေးနှင့် ခွေးပိုင်ရှင်၏ တည်နေရာကို ရှာဖွေပေးရန် အကူအညီတောင်းခဲ့သည်။
ရဲတိုက်က ခွေး၏ ကိုဩဒိနိတ်အမှတ် တည်နေရာကို ရှာဖွေပေးခဲ့ပြီး ဥက္ကဌပိုင်က အခြေအနေအား စုံစမ်းရန်အတွက် မစ္စတာလုကို စေလွှတ်ခဲ့သည်။
အဆုံးသတ်တွက် မစ္စတာလုသည် ငွေရောင်ဆံပင် လူငယ်လေးနှင့် တိုက်ပွဲဝင်ခဲ့ရသည်။
"ငါတို့ ရဲတိုက်ရဲ့ အချက်အလက်တွေက အမြဲလိုလို တိကျပါတယ်.. အမှားရှိဖို့ဆိုတာ မဖြစ်နိုင်ဘူး.. ဥက္ကဌပိုင် ငါတို့ဆီလာရောက် လည်ပတ်တာ အကြောင်းအရင်းတစ်ခုတော့ ရှိရမယ်"
ရဲတိုက်သခင်က ကုလားထိုင်တွင်ထိုင်ပြီး မေးစေ့ကို ပွတ်သပ်ကာ တွေးတွေးဆဆဖြင့် ပြောလိုက်သည်။
"နောက်ဆုံးအကြိမ်က ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ငါတို့ရဲ့ အချက်အလက်တွေ မှားနေတယ်လို့တော့ ငါမယုံဘူး.. တစ်ဖက်လူက ကြိုတင်သတိထားပြီး ဆောင့ရွက်ခဲ့တာပဲ ဖြစ်ရမယ်"
"ဒါက ဘာကိုဆိုလိုတာလဲ.. ရဲတိုက်သခင်"
ရဲတိုက်လေဒီက အံ့သြစွာ မေးလိုက်သည်။
"ဒီလက်အောက်ငယ်သားက ဉာဏ်တုံးတော့ သခင်ပဲ ရှင်းပြပါဦး"
ရဲတိုက်သခင်၏ မျက်လုံးများက လေးနက်သွားသည်။
"ငါတို့ မော့အင်မော်တယ်ရဲတိုက်ရဲ့ စိတ်ဝိညာဉ် အမှတ်အသားက ထူးခြားပြီး တုနှိုင်းမဲ့ပဲ.. အရမ်းလည်း လျှို့ဝှက်တယ်.. ဒါပေမဲ့လည်း အနန္တတန်ခိုးရှင် တစ်ဦးသာဆိုရင် ဝိညာဉ် အမှတ်အသားကို ထောက်လှမ်းသိရှိနိုင်တဲ့အတွက် အာရုံမစိုက်မိအောင် ပစ်မှတ်ကို လွှဲလိုက်နိုင်တယ်.. ငါတို့အနေနဲ့ အဲဒီဖြစ်နိုင်ချေကို ဖယ်ရှားလို့ မဖြစ်ဘူး"
ရဲတိုက်လေဒီက အလွန်တရာ ထိတ်လန့်သွားခဲ့သည်။
"အနန္တတန်ခိုးရှင်က အမွေးစိမ်းခွေး ထံကနေ စိတ်ဝိညာဉ်အမှတ်အသားကို တစ်စုံတစ်ယောက်ဆီ လွှဲပြောင်းပေးခဲ့တယ်လို့ ရဲတိုက်သခင် သံသယရှိနေတာလား"
"အင်း.. အဲလို ဖြစ်မယ်ဆိုရင်တော့ စိုးရိမ်စရာပဲ"
ရဲတိုက်သခင်က ခေါင်းငြိမ့်လိုက်သည်။
"ဘယ်လိုပဲဖြစ်ဖြစ် ငါတို့အနေနဲ့ ကောက်ချက်နှစ်ခုတော့ ဆွဲနိုင်ပါသေးတယ်.. တစ်အချက်က ငွေရောင်ဆံပင်နဲ့ လူငယ်လေးက အမွေးစိမ်းခွေးနဲ့ ထူးခြားတဲ့ဆက်နွယ်မှုရှိရမယ်"
"ရဲတိုက်သခင် ပြောတာမှန်တယ်"
ရဲတိုက်လေဒီက ခေါင်းငြိမ့်၍ ထောက်ခံလိုက်သည်။
"ဒုတိယအချက်ကရော ဘာလဲ ရဲတိုက်သခင်"
ရဲတိုက်သခင် "ဒုတိယအချက်ကတော့ ဒီခွေးရဲ့ သခင်က သာမန်လူ မဟုတ်ဘူး.. သူက အရမ်းအစွမ်းထက်တဲ့ အနန္တတန်ခိုးရှင် ဖြစ်နေမှာကို ငါစိုးရိမ်မိတယ်.. ဒီခွေးရဲ့ ပိုင်ရှင်က အိမ်ငယ်လေးထဲက လူငယ် ဟုတ်မဟုတ်နဲ့ ပတ်သက်ပြီး ငါတို့စစ်ဆေးဖို့ လိုအပ်နေပြီ.. ဒါပေမဲ့ ငါ့အနေနဲ့ ပြောရရင် အနန္တတန်ခိုးရှင်တစ်ပါးနဲ့ ဒီချာတိတ်လေးနဲ့ကို ဘယ်လိုမှ တွဲမြင်လို့မရဘူး"
မည်သို့ပင်ဖြစ်စေကာမူ မော့အင်မော်တယ်ရဲတိုက်မှ စေလွှတ်ခဲ့သည့် သူတော်စင်၁၀ဦးသည် ဤလျှို့ဝှက်ဆန်းကြယ်သောလူငယ်လေး၏ လက်ထဲတွင် အရှုံးကြီး ရှုံးနိမ့်ခဲ့ရသည်။
ထို့ကြောင့် ထိုလူငယ်က စိတ်ဝိညာဉ် အမှတ်အသားကို ဖြတ်ကျော်နိုင်သည့် အနန္တတန်ခိုးရှင် ဟုတ်မဟုတ် အမှန်တကယ်စောင့်ကြည့်ရဦးမည် ဖြစ်သည်။
အမွေးစိမ်းခွေး၊ ငွေရောင်ဆံပင်နှင့်လူငယ်၊ သေမင်းတမန်စီနီယာ၊ အိမ်ငယ်လေးထဲမှ ချာတိတ်လေး၊ ကျိုးရီ..
၎င်းတို့အားလုံးသည် ပေါ့သေးသေးများ မဟုတ်ကြပေ။
ထို့ပြင် ကျိုးရီသည် လက်ရှိတွင် ကျော်ကြားမှု အထွတ်အထိပ်သို့ ရောက်ရှိနေသူ ဖြစ်သည်။
ဤလူများအကြားရှိ ဆက်ဆံရေးက ရှုပ်ထွေးပုံပေါက်သော်လည်း တကယ်တမ်းတွင် အလွန်တရာ ရိုးရှင်းသည်။
"ဒီလူငယ်နဲ့ ပတ်သက်ပြီး ဘာတွေ စုံစမ်းလို့ရလဲ"
ရဲတိုက်လေဒီက ခေါင်းငြိမ့်လိုက်သည်။
"ဒီတစ်ခါတော့ ကျွန်မတို့ရဲ့သူလျှိုတွေက ဒီလူငယ်ရဲ့ပတ်ဝန်းကျင်က လူတွေကို အရင်ဆုံး စုံစမ်းမေးမြန်းခဲ့တယ်.. သူတို့မိသားစုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ရရှိခဲ့ပါတယ်.. စုံစမ်းစစ်ဆေးမှုတွေ အရတော့ ဒီလူငယ်က လျှို့ဝှက်ဆန်းကြယ်တဲ့ နေရာတစ်ခုဆီမှာ ပုံမှန်လိုလို သွားရောက်သင်ကြားနေတယ်လို့ သိရတယ်"
"သူက သင်ခန်းစာတွေ သင်ယူနေတုန်းလား.. ထူးချွန်တဲ့လူတွေက သင်ယူမှုတွေကို ဆက်လက် လုပ်ကြသလိုမျိုး ဖြစ်မယ်"
ယုတ္တိနည်းကျကျ ပြောရလျှင် ဤလူငယ်နှင့် အနန္တတန်ခိုးရှင်က တစ်ယောက်တည်း မဟုတ်လျှင်ပင် ထိုလူငယ်က အားနည်းသူ မဖြစ်နိုင်ပေ။
"ဒီလူငယ်က ဘယ်မှာ သွားသင်ယူတာလဲ.. ဘယ်ဂိုဏ်းမှာလဲ"
"မဟုတ်ဘူး ရဲတိုက်သခင်.. သူသင်ယူနေတာက အမှတ်၆၀ အထက်တန်းကျောင်းမှာပါ"
ရဲတိုက်လေဒီက ရိုးရှင်းစွာ ပြန်ဖြေလိုက်သည်။
".........."
"ဖူး"
ထိုစကားကြောင့် ရဲတိုက်သခင်က နို့တစ်လုတ်ကို အန်ထုတ်လိုက်ရသည်။
သူက အလွန်ပင် ထိတ်လန့်နေ၏။
"ဘာလို့ဒီနေရာပဲ ထပ်ဖြစ်နေရတာလဲ"
ရဲတိုက်သခင်နှင့် ရဲတိုက်လေဒီတို့ စကားစမြည် ပြောဆိုပြီး ၁၀မိနစ် မပြည့်မီမှာပင် ဥက္ကဌပိုင် ရောက်ရှိလာသည်။
ဤတစ်ခါ သူနှင့်အတူပါလာသူမှာ မစ္စတာလု သို့မဟုတ်အကြီးအကဲကျိုးဝူ မဟုတ်တော့ဘဲ မိန်းမဆန်လွန်းသည့် အကြီးအကဲကျီရှင်း ဖြစ်သည်။
အကြီးအကဲကျီရှင်းက သူ၏မျက်နှာကို တို့ဖက်ဖြင့် ဘုတ်ဘုတ် ရိုက်နေခဲ့သည်။
ယခုအချိန်တွင် ဥက္ကဌပိုင်သည် ထိုလူငယ်လေး အကြောင်းကို သေချာမေးမြန်းရန် ရောက်ရှိလာခြင်း ဖြစ်သည်။
ရဲတိုက်သခင်က အမှတ်၆၀ အထက်တန်းကျောင်းတွင် ဤလူငယ် ပညာသင်ကြားနေကြောင်းကို ရဲတိုက်လေဒီထံမှ သိလိုက်ရလျှင် နားမလည်နိုင်လောက်အောင် ကြောက်ရွံ့စပြုလာသည်။
မော့အင်မော်တယ်ရဲတိုက်၏ သူလျှိုကွန်ယက်ကြောင့် မော့အင်မော်တယ်ရဲတိုက်၏ ထောက်လှန်းရေး ကွန်ယက်သည် အလွန်ပင် လက်တံရှည်သည်ဟု ဆိုရမည်။
သို့သော် ၎င်းတို့ထောက်လှန်းရေး ကွန်ယက် လက်လှမ်းမမှီသော နေရာအချို့ ရှိခဲ့သည်။
ဥပမာအားဖြင့် ဟွာရှို့မဟာမိတ်အဖွဲ့အစည်း၊ ဝေ့ကျစ်နေထိုင်သည့် မိသားစုတိုက်ခန်းနှင့် ဗိုလ်ချုပ်၁၀ဦးနှင့် သက်ဆိုင်သည့်နေရာတိုင်း ဖြစ်၏။
ထိုနေရာများသည် ၎င်းတို့ ထောက်လှန်းရေးသူလျှိုအဖွဲ့၏ ကန့်သတ်နေရာများ ဖြစ်သည်။
မကြာသေးမီကစပြီး ရဲတိုက်သခင်သည်အမှတ်၆၀ အထက်တန်းကျောင်းကို ကန့်သတ်နေရာအဖြစ် သတ်မှတ်ရန်စဉ်းစားနေခဲ့သေးသည်။
အဘယ်ကြောင့်ဆိုသော် ဤကျောင်းက အလွန်ပင် ထူးဆန်းနေသောကြောင့် ဖြစ်သည်။
မကြာသေးမီက ဖြစ်ပေါ်ခဲ့သော ကိစ္စကြီးများ အားလုံးသည် ဤကျောင်းနှင့် သက်ဆိုင်နေပုံရသည်။
သူအစဥ်တစိုက် ထောက်လှန်းခဲ့သော လူငယ်လေးကပင် ဤကျောင်း၏ ကျောင်းသားတစ်ဦး ဖြစ်နေသည်။
ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ချာတိတ်လေးသည် အခြေခံတည်ထောင်ခြင်းအဆင့် အထက်တန်းကျောင်းတွင် အမှန်တကယ် ပညာသင်ကြားနေပါသလော။
ရဲတိုက်သခင်က သူ၏အမြင်၃ပါး ကွဲကြေသွားသလို ခံစားလိုက်ရသဖြင့် နှုတ်ခမ်းထောင့်က ကူကယ်ရာမဲ့စွာ တုန်လှုပ်သွားသည်။
ဥက္ကဌပိုင်က ဝင်လာသည်နှင့် စကားတစ်ခွန်းမှ မပြောဘဲ ဆိုဖာပေါ်တွင် ထိုင်ချလိုက်သည်။
ထိုခဏတွင် ရဲတိုက်လေဒီသည် ကြံ့ချိုနို့ဖန်ခွက်ကို ကမ်းပေးလိုက်သည်။
"ငါတို့တောင်းဆိုထားတဲ့ အချက်အလက်တွေ ပြင်ထားပြီးပြီလား"
ဥက္ကဌပိုင်အနားရှိ ကျီရှင်းက မေးလိုက်သည်။
"ဥက္ကဌပိုင်ရဲ့ တောင်းဆိုချက်ကြောင့် ကျမတို့ သေချာပြင်ဆင်ထားပြီးပါပြီ"
ထို့နောက် ရဲတိုက်သခင်က သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ရဲတိုက်လေဒီက USBတစ်ခုကို လွှဲပြောင်းပေးရန်အသင့်ပြင်လိုက်သည်။
သို့သော် USBကို ရဲတိုက်လေဒီ လွှဲပြောင်းပေးနေစဉ် အခိုက်တွင် ရဲတိုက်သခင်သည် အနည်းငယ်တုံ့ဆိုင်းသွားပြီး ဥက္ကဌပိုင်ကို စိုက်ကြည့်လိုက်သည်။
"ဒါနဲ့ ဥက္ကဌပိုင်.. မင်းပြန်မစဉ်းစားဘူးဆိုတာ သေချာရဲ့လား"
မော့အင်မော်တယ်ရဲတိုက်၏ အဓိကလုပ်ငန်းမှာ သတင်းအချက်အလက်များ ရောင်းချခြင်းဖြစ်ပြီး ၎င်းတို့ထံတွင် ကောင်းမွန်သော ထောက်လှန်းရေးဌာနတစ်ခုလည်း ရှိသည်။
ထို့ပြင် ၎င်းတို့ထံတွင် ဖောက်သည်များ၏ ကိုယ်ရေးကိုယ်တာလုံခြုံမှုကို ဝန်ဆောင်မှုပေးသော ပက်ကေ့လည်း ရှိသည်။
အပိုင်း(၆၅၂) ပြီး၏