← Chapters

အမေကျွမ့်ရဲ့အစားအသောက်မြည်းစမ်းပွဲ

Vol. 44 Ch. 654

အမေကျွမ့်ရဲ့အစားအသောက်မြည်းစမ်းပွဲ

Vol. 44 Ch. 654

ဥက္ကဌပိုင်နှင့် အကြီးအကဲကျီရှင်းတို့က သူတို့လိုချင်သည့်ဖိုင်များကို ရယူပြီးနောက်တွင် ရုံးခန်းထဲမှထွက်လာခဲ့သည်။

ရဲတိုက်သခင်က လက်နှစ်ဖက်ကိုယှက်၍ သူ့ဦးခေါင်းနောက်တွင် ထားလိုက်ကာ ကုလားထိုင်ကို မှီလိုက်သည်။

ရဲတိုက်သခင်က အနည်းငယ် လေးလံသောအမူအရာဖြင့် ရှေ့ကို စိုက်ကြည့်နေခဲ့၏။

အမှတ်၆၀ အထက်အတန်းကျောင်းကို ဆန့်ကျင်မည့် ဥက္ကဌပိုင်၏ ဆုံးဖြတ်ချက်မှာ တကယ်ကို မှားယွင်းသည်ဟု သူခံစားနေမိဆဲပင်။

ရဲတိုက်လေဒီ အနေဖြင့် ရဲတိုက်သခင်၏ ဤကဲ့သို့ လေးနက်သောအမူအရာကို ဘယ်တော့မှ မေ့နိုင်လိမ့်မည် မဟုတ်ပေ။

မေ့ာအင်မော်တယ်ရဲတိုက်က အကြိမ်ပေါင်းများစွာ ပြိုလဲလုနီးပါး ဖြစ်ခဲ့သည့်တိုင် ရဲတိုက်သခင်က ယနေ့ကဲ့သို့ ဝမ်းချုပ်သည့် အမူအယာမျိုး ထုတ််ဖော်ပြသသည်ကို သူ မမြင်ခဲ့ဖူးပေ။

ရဲတိုက်သခင်အနေဖြင့် ဥက္ကဌပိုင်ကို အကြံပေးရသည့် အကြောင်းအရင်းမှာ လက်တလောတွင် ဥက္ကဌပိုင်သည် မော့အင်မော်တယ် ရဲတိုက်၏ အရေးအကြီးဆုံး ဖောက်သည်ဖြစ်သည့် ဝင်ငွေအရင်းအမြစ်် ဖြစ်နေသောကြောင့် ဖြစ်သည်။

ဤအချက်ကို ရဲတိုက်လေဒီ ကောင်းစွာ သိထားသည်။

အကယ်၍ ဤဖောက်သည်သာ သေဆုံးသွားလျှင် သူတို့အနေဖြင့် အခြားတစ်ယောက်ကို ရှာဖွေရန်မှတစ်ပါး အခြားမရှိတော့ပေ။

"ရဲတိုက်သခင်.. ဥက္ကဌပိုင်မှာ အနိုင်ရနိုင်ခြေ ဘယ်လောက်ရှိလဲ"

ရဲတိုက်လေဒီက မအောင့်အီးနိုင်ဘဲ မေးခွန်းထုတ်လိုက်သည်။

"၁၀%.. ဒါမှမဟုတ် ဒီထက်တောင် ပိုနည်းနိုင်သေးတယ်"

"ဒီလောက်တောင်ဆိုးတာလား"

ရဲတိုက်လေဒီက အံ့အားသင့်သွားခဲ့သည်။

သူမ၏အမြင်တွင် ဥက္ကဌပိုင်၏ စွမ်းအားသည် ကောင်းကင်ဘုံကိုပင် အန်တုနေပြီ ဖြစ်သည်။

ထို့ပြင် နိုင်ငံရပ်ခြားမှပြန်လာသော အကြီးအကဲကျီရှင်းသည်လည်း မစ္စတာလုထက်ပင် သာလွန်သော စွမ်းရည်ရှိသည်မှာ ထင်ရှားသည်။

ဤသည်မှာ အဆင့်လွန် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။

ဤကဲ့သို့သော ကျင့်ကြံသူအတွက် အခြေခံတည်ထောင်ခြင်းအဆင့် ကျင့်ကြံသူများအား သတ်ဖြတ်ခြင်းသည် ကြက်ကလေး ငှက်ကလေးကဲ့သို့လွယ်ကူမည် ဖြစ်သော်လည်း ဤအခြေခံတည်ထောင်ခြင်းအဆင့် အထက်တန်ကျောင်းတွင် အောင်မြင်ရန် အခွင့်အရေးမှာ အနည်းငယ်မျှသာ ရှိလိမ့်မည်ဟု သူမ တကယ်ကို မထင်ထားခဲ့ပေ။

ကံကြမ္မာက ဥက္ကဌပိုင်နှင့် ကျီရှင်းတို့ဘက်တွင် မည်မျှရှိပါမည်နည်း။

“လူသားတွေအနေနဲ့ ကံကြမ္မာကို ယုံကြည်ရတဲ့အချိန်တွေရှိတယ်”

ဤကိစ္စနှင့် ပတ်သက်၍ ရဲတိုက်သခင်၏ အမူအရာက အလွန်ပင်ရှင်းလင်းနေပုံရသည်။

“ငါလည်း ဘယ်ဖြစ်စေချင်ပါ့မလဲ.. ဒါပေမဲ့ ငါတို့ရထားတဲ့ အမှတ်၆၀ အထက်တန်းကျောင်းနဲ့ ပတ်သက်တဲ့အချက်အလက်တွေ အရ ကောင်းကျိုးမရှိဘူးဆိုတာ မင်းလည်း သဘောပေါက်မယ်ထင်ပါတယ်”

ထိုစကားကြောင့် ရဲတိုက်လေဒီက မှင်တက်သွားခဲ့သည်။

စေ့စေ့စပ်စပ် တွေးကြည့်လျှင် ထိုစကားက မှန်သည်ဟု သူမသဘောပေါက်လိုက်သည်။

ရဲတိုက်သခင်က သက်ပြင်းချလိုက်သည်။

“ဥက္ကဌပိုင်အနေနဲ့ အကြီးအကဲ ကျီရှင်းကို အဲဒီကို စေလွှတ်လိုက်တာက သူ့ရဲ့ ညာဘက်လက်ကို သူကိုယ်တိုင်ဖြတ်ပစ်လိုက်တာနဲ့ အတူတူပဲ.. အဲဒီနောက်ပိုင်းမှာ ဥက္ကဌပိုင် အနေနဲ့ သူ့ကိုယ်သူ ဟန်ချက်ထိန်းနိုင်တော့မှာ မဟုတ်ဘူး.. ငါတို့ရဲ့လက်ရှိအရင်းအနှီးအရ ငါတို့ ရဲတိုက်အနေနဲ့ နောက်ထပ်တစ်နှစ်ခွဲသာ တောင့်ခံနိုင်တော့မယ်.. ဒါကြောင့် ငါတို့အနေနဲ့ နောက်ထပ် ဖောက်သည်တွေကို တတ်နိုင်သမျှ အမြန်ဆုံးရှာဖွေဖို့ လိုအပ်နေပြီ”

“……….”

ရဲတိုက်သခင်က အနာဂတ်ကို မျှော်တွေးနေမည်ဟု သူမဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။

ရဲတိုက်သခင်က သက်ပြင်းချ၍ ပြောလိုက်သည်။

“ငါတို့ ဖောက်သည်ဟောင်းတွေရဲ့ ပရိုဖိုင်တွေကို စစ်ဆေးပြီး လက်ရှိအခြေအနေနဲ့ အနီးစပ်ဆုံး ဖြစ်တဲ့လူတစ်ယောက်ယောက်ကို မင်းရှာဖွေပါ.. ပြီးရင် အကြီးအကဲကျီရှင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ရောင်းချပစ်လိုက်”

ရဲတိုက်လေဒီ “ရဲတိုက်သခင်.. ဆိုလိုတာက…”

ရဲတိုက်သခင် “ငါဆိုလိုတာက မီးသဂြိုဟ်တဲ့လုပ်ငန်း ဒါမှမဟုတ် ခေါင်းတလားလုပ်တဲ့ လုပ်ငန်းတွေမှာ ငါတို့ရဲဖောက်သည်တွေ ရှိမရှိ စစ်ဆေးစေချင်တာပါ.. သူတို့တွေကြိုတင် ပြင်ဆင်ထားနိုင်ဖို့အတွက် အကြီးအကဲကျီရှင်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို သူတို့ဆီရောင်းချရမယ်လေ... အကြီးအကဲကျီရှင်းသေတော့မယ်လို့ ငါပြင်းပြင်းထန်ထန် ခံစားနေရတယ်”

“ဒါပေမဲ့ ရဲတိုက်သခင်.. အခုအချိန်မှာ နတ်ဆိုးမုဆိုးအဖွဲ့အစည်းက ကျွန်မတို့ရဲ့ အရေးကြီး ဖောက်သည် ဖြစ်နေတုန်းပဲလေ.. နောက်ပြီး တစ်သက်တာ လျှို့ဝှက်သဘောတူစာချုပ်ကိုလည်း လက်မှတ်ရေးထိုးထားတယ် မဟုတ်လား”

ရဲတိုက်သခင် “အဲဒါကသူတို့အသက်ရှင်နေမှပဲ အကျုံးဝင်တာလေ.. သူတို့် အသက်သေဆုံးသွားရင်တော့ ဘာမှအသုံးမဝင်တော့ဘူး”

“……….”

ဤတစ်ပတ် တနင်္ဂနွေနေ့သည် အနည်းငယ် အသက်ဝင်နေသည်။

ဝမ်လင်းက အိမ်တွင် ပျင်းပျင်းရိရိ ရှိလာ၍ အတန်းချက်ဂရုသို့ ဝင်ယောင်ခဲ့သည်။

အတင်းအဖျင်း စုံထောက်ကြီး ကော်ဟောက်၏အဆိုအရ အမေကျွမ့်သည် နေ့လည် ၄နာရီတွင် အစားအသောက်မြည်းစမ်းပွဲကို ကျင်းပရန် မိဘများအား ဖိတ်ကြားထားကြောင်း သူတို့သိခဲ့ရသည်။

ထိုထက် ကြောက်စရာကောင်းသည်မှာ မိဘအများစုက ဖိတ်ကြားချက်ကို သဘောတူခဲ့ကြခြင်း ဖြစ်သည်။

မိဘများက အမေကျွမ့် မည်မျှ ကြောက်စရာကောင်းသည်ကို မသိကြသော်လည်း လက်တွေ့ကြုံဖူးသူအနေဖြင့် ဤမီးဖိုချောင်ရှိ စားဖိုမှူးက မည်မျှကြောက်စရာကောင်းကြောင်း ကော်ဟောက်ထက် ပို၍ မည်သူမှသိမည် မဟုတ်ပေ။

“နောက်ဆုံးအကြိမ်က ငါစားခဲ့ရတဲ့ အမေကျွမ့်ရဲ့ ဖန်ပင်းပင်းက တကယ်ကြောက်စရာကောင်းတယ်..ဒီတစ်ခေါက်လည်း အမေကျွမ့်က ဘယ်လိုဟင်းမျိုး ချက်မယ်ဆိုတာ ဘယ်သူသိနိုင်မှာလဲ”

ကော်ဟောက်က ချက်ဂရုထဲသို့ မက်ဆေ့ချ် ပို့လိုက်သည်။

ထိုအခိုက်တွင် သူ၏နှလုံးသားထဲ၌ ကြောက်ရွံ့မှုက ရစ်ဝဲနေသည်။

ချန်းချောင်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

“ငါတို့ကျောင်းကို နောက်ဆုံးအကြိမ်က ကျူးကျော်ဝင်ရောက်လာခဲ့တဲ့ အရိပ်အဖွဲ့ လူသတ်သမားကို မင်းတို့မှတ်မိသေးလား”

အားလုံး “???”

ချန်းချောင် “သူတို့ထဲက တစ်ယောက်က ကျောင်းကန်တင်းထဲကို ဝင်သွားခဲ့တယ်လေ.. အမေကျွမ့်က သူ့ကို လှေကားပေါ်ကနေ ကန်ချပြီးသတ်ပစ်လိုက်တယ်.. အမေကျွမ့်ရဲ့ အစားအစာတွေကို ဖြည်းဖြည်းချင်းစားပြီး မချိမဆန့် သေရမှာထက် စာရင် အဲဒါက သေဖို့အတွက် ပိုကောင်းတဲ့ နည်းလမ်းဖြစ်မယ်လို့ ငါအမြဲတမ်း တွေးမိခဲ့တယ်”

လူတိုင်း “……….”

ဝမ်လင်း “……….”

သင့်ကိုယ်သင်နားလည်ပါ၊ သင်၏ရန်သူကိုနားလည်ပါ၊ ဒါဆိုသင်အမြဲအောင်မြင်လိမ့်မည်။

အကြီးအကဲကျီရှင်းသည် ကနဦးတွင် အခြေခံတည်ထောင်ခြင်း အထက်တန်းကျောင်းကို စာရင်းထဲတွင် မထည့်ထားသော်လည်း မော့အင်မော်တယ် ရဲတိုက်သခင်၏ ထပ်ကာထပ်ကာ သတိပေးမှုကို ပြန်လည်စဉ်းစားမိသောအခါတွင် အမှတ်၆၀ အထက်တန်းကျောင်းအား ဦးစွာ ကင်းထောက်ရန် ဆုံးဖြတ်ခဲ့သည်။

သူက အပြင်မထွက်မီ သူ၏ အပြင်အဆင်ကို ပြောင်းလဲလိုက်သည်။

သူ၏ဆွဲဆောင်မှုရှိသော အသွင်အပြင်ကြောင့် သူ့ကိုယ်သူအမျိုးသမီး တစ်ဦးအဖြစ် အသွင်ပြောင်းရန်မှာ လွယ်ကူနေသည်။

လူအများသည် များသောအားဖြင့် အမျိုးသမီးများနှင့်ဆက်ဆံရာတွင် အလျော့ပေးတတ်ကြသည်။

ဤသည်က သူ့အတွက် အမှတ်၆၀ အထက်တန်းကျောင်းသို့ စိမ့်ဝင်ရာတွင် ပိုမိုလွယ်ကူစေမည် ဖြစ်သည်။

ထို့ကြောင့် အကြီးအကဲကျီရှင်းက ရွှေရောင် ဆံပင်ရှည်၊ အနက်ရောင် ဝတ်စုံရှည်နှင့် အနီရောင် ဒေါက်မြင့်ဖိနပ်တစ်ရံကို စီးကာ ထွက်လာခဲ့သည်။

သူဝတ်ဆင်လာခဲ့သည့် ဆံပင်တုက မှော်ရတနာတစ်မျိုး ဖြစ်ပြီး အလွန်ဈေးကြီးသည်။

၎င်းက အရောင်းပြောင်းနိုင်ရုံသာမက အလျားအနံကိုပါ စိတ်ကြိုက် ချိန်ညှိနိုင်သည်။

အရေးကြီးဆုံးအချက်မှာ ဤဆံပင်တုက သူ၏ ဦးရေပြားလက်မတိုင်းတွင် လုံးလုံးလျားလျား ကပ်နေသောကြောင့် အလွယ်တကူ ကျွတ်ကျပြီး အရှက်ရစရာ ဖြစ်စေမည် မဟုတ်ပေ။

အကြီးအကဲ ကျီရှင်းက စူးစမ်းလိုစိတ်အပြည့်ဖြင့် အမှတ်၆၀ အထက်တန်းကျောင်းအား ရောက်ရှိလာခဲ့သည်။

ချင်းယန်လမ်း ဖေးယန်ခရိုင်..

ဤနေရာသည် အမှတ်၆၀ အထက်တန်းကျောင်းတည်ရှိရာနေရာ ဖြစ်သည်။

သူက ခေါင်းမော့ကြည့်လိုက်ရာ ကျောင်း၏အထက် လေထုထဲတွင် အလွန်အားကောင်းသည့် အတားအဆီး အစီအရင်တစ်ခုရှိနေသည်ကို သတိပြုမိခဲ့သည်။

“ကျောင်းက အရမ်းဟောင်းနွမ်းစုတ်ပဲ့နေတာပဲ.. ဒါပေမဲ့ အပြင်က အတားအဆီးကတော့ အတော်လေး အားကောင်းပုံရတယ်"

အမှတ်၆၀ အထက်တန်းကျောင်းသည် လွန်ခဲ့သည့်၂လခန့်ကဆိုလျှင် သာမန်အတားအဆီး အစီအရင် တစ်ခုပင် မရှိခဲ့ပေ။

အကြီးအကဲကျီရှင်းက ကနဦးတွင် ခိုးဝင်ရန်စီစဉ်ထားသော်လည်း ပင်မတံခါးကနေသာ ဝင်ရောက်ရန် ဆုံးဖြတ်လိုက်သည်။

အဆုံးသတ်တွင် ကျောင်း၏ ပင်မတံခါးရှေ့သို့ရောက်သောအခါ သူ့ရှေ့မှမြင်ကွင်းကြောင့် သူအလွန်တရာ စိတ်ပျက်သွားရသည်။

ကျောင်းက အလွန်သေးငယ်ရုံသာမက အခြေခံအသုံးအဆောင်များလည်း အနည်းငယ် ချို့တဲ့နေပုံရသည်။

သူက ဝင်ပေါက်နှင့် မလှမ်းမကမ်းမှာပင် ကျောင်းမှလေးလံသော ခံစားချက်ကို ရရှိခဲ့သည်။

ကျောင်းရှေ့ရှိ ဟောင်းနွမ်းနေသော ခြင်္သေ့ရုပ်တုမှာလည်း အနီးကပ်ကြည့်ရန်ပင် မသတီစရာ ဖြစ်နေသည်။

ထိုအရုပ်တွင် ကိုင်ထားသော သတ္ထုဘောလုံးကလည်း သံချေးများ တက်နေပြီး ရုပ်တုတစ်ခုလုံးကလည်း ရေညှိများ ဖုံးလွှမ်းနေ၏။

သေသေချာချာကြည့်လျှင် ဖုန်များ တက်နေသည်ကိုပင် မြင်နိုင်ပါသေးသည်။

ဤနေရာတွင် ပိုးမွှားမည်မျှ ရှိနေနိုင်ပါသနည်း။

အကြီးအကဲကျီရှင်းက ကြည့်နေရုံဖြင့် အော်ဂီဆန်သလိုဖြစ်လာသည်။

အဆုံးသတ်တွင် သူက အသန့်ကြိုက်သောသူ တစ်ဦး ဖြစ်သည်။

မနက်ဖြန် ဤကျောင်းကို တိုက်ခိုက်သောအခါတွင် သူပထမဆုံး လုပ်ရမည့်အရာမှာ ဤကျောက်ဆစ်ရုပ်တုကို ဖောက်ခွဲရန်ဖြစ်သည်ဟု သူဆုံးဖြတ်လိုက်သည်။

“ကျောင်းသားမိဘလား.. ဘယ်ဆရာကို ရှာနေတာလဲလို့ မေးပါရစေ.. ချိန်းထားတာရောရှိလား”

လုံခြုံရေးတဲအတွင်းမှ လုံခြုံရေးမှူးလီက ရွှေရောင်ဆံပင်နှင့် အမျိုးသမီးကို သတိထားမိခဲ့သည်။

အကြီးအကဲကျီရှင်းက အတတ်နိုင်ဆုံးပြုံးလိုက်ပြီး ချိုသာသောအသံဖြင့် ပြောလိုက်သည်။

“ဒီလိုပါမစ္စတာ…”

အမှတ်၆၀ အထက်တန်းကျောင်းသို့ ဝင်ရန် အကြောင်းပြချက်အတုအယောင်များကို ဖန်တီးတော့မည့် အချိန်တွင် ကျောင်းအစောင့်က စကားကို ဖြတ်ပြောလိုက်သည်။

“ဪ.. မေ့လို့.. အမေကျွမ့်ရဲ့ အစားအသောက် မြည်းစမ်းပွဲအတွက် ရောက်လာတာမဟုတ်လား”

“အစားအသောက်မြည်းစမ်းပွဲ…”

အကြီးအကဲ ကျီရှင်းက မှင်တက်သွားခဲ့သည်။

သူသတိပြန်မဝင်လာမီမှာပင် အကြီးအကဲလီက သူ့ကို ညွှန်ကြားလိုက်သည်။

“ကျောင်းသားမိဘ.. ကျေးဇူးပြုပြီးကြွပါ.. ကျောင်းကန်တင်းက ညာဘက်မှာရှိပါတယ်”

အကြီးအကဲကျီရှင်း “……….”

အပိုင်း(၆၅၄) ပြီး၏

All Chapters