← Chapters

မပြိုလဲသော ကျောင်းသားမိဘ

Vol. 44 Ch. 655

မပြိုလဲသော ကျောင်းသားမိဘ

Vol. 44 Ch. 655

ဤသို့ဖြင့်ပင် အကြီးအကဲကျီရှင်းသည် အမှတ်၆၀ အထက်တန်းကျောင်းထဲသို့ ဘုမသိဘမသိ ရောက်ရှိသွားခဲ့သည်။

“အစားအသောက်မြည်းစမ်းပွဲလား.. အဲဒါကဘာလဲ”

လုံခြုံရေးမှူးလီ၏ စောင့်ကြည့်မှုအောက်တွင် ရှိနေသည့် အကြီးအကဲ ကျီရှင်းသည် လုံခြုံရေးမှူးလီ သံသယမဖြစ်စေရန်အတွက် ညွှန်ကြားထားသည့်အတိုင်း ညာဘက်ရှိ ကန်တင်းအဆောက်အဦး ဆီသို့ လျှောက်သွားခဲ့သည်။

ထို့နောက် တံခါးဝတွင် မိဘများ အစားအသောက်မြည်းစမ်းပွဲဟူသော ဆိုင်းဘုတ်ကို သူတွေ့လိုက်ရသည်။

တကယ်ပဲ ဤအရာက အစားအသောက် မြည်းစမ်းပွဲတစ်ခု ဖြစ်နေခဲ့သည်။

“ဒီလိုသေးနုပ်တဲ့ကျောင်းလေးက ဒီလိုလုပ်ဆောင်ချက်တွေတောင် ရှိနေတာလား”

ထိုဆိုင်းဘုတ်ကို စိုက်ကြည့်နေစဉ်မှာပင် စားဖိုမှူးဝတ်စုံကိုဝတ်ဆင်ထားသော အဒေါ်ကြီး တစ်ယောက်သည် အဆောက်အဦးထဲမှ ထွက်လာပြီး သူ့ကိုဖော်ရွေစွာ ပြုံးပြလိုက်သည်။

“ကျောင်းသားမိဘ.. မင်းဒီကိုလာတာ အစားအသောက်မြည်းစမ်းဖို့အတွက်လား”

ထိုစားဖိုမှူးယူနီဖောင်းဝတ်ထားသည့် အဒေါ်ကြီးမှာ တကယ်တမ်းတွင် အမေကျွမ့်သာ ဖြစ်သည်။

အကြီးအကဲကျီရှင်း “အဲ…”

သူက ပထမတွင် အိမ်သာ ဘယ်နေရာတွင်ရှိသလဲဟု မေးပြီးအကြောင်းပြချက်ပေးမည်ဟု ဆုံးဖြတ်ထားခဲ့သည်။

သို့ရာတွင် အမေကျွမ့်က သူ့လက်ကိုဆွဲပြီး အဆောက်အဦးထဲသို့ ခေါ်ဆောင်သွားခဲ့သည်။

ထို့ကြောင့် အကြီးအကဲကျီရှင်းက သူ့စကားကို မဆက်နိုင်တော့ပေ။

“ကျောင်းသားမိဘ ရောက်လာတာ အရမ်းကောင်းတယ်.. သမာဓိရှိတဲ့ မိဘတချို့ ရှိနေသေးတယ် ဆိုတာကို ငါသိနေတယ်လေ.. လွန်ခဲ့တဲ့တစ်ပတ်က အစားအသောက် မြည်းစမ်းပွဲအတွက် မိဘတွေဆီ ဖိတ်စာတွေကို ပို့ခဲ့တယ်.. ဒီနေ့မှာဟင်းလျာတွေ အားလုံးကို ပြင်ဆင်ပြီးသွားပေမဲ့ မိဘတွေ တစ်ယောက်မှ မရောက်လာခဲ့ဘူး.. သူတို့တွေအားလုံးက လုပ်စရာရှိတယ်လို့ ရုတ်တရက် ပြောလာကြတယ်.. ငါကျောင်းတံခါးဝမှာ ကျောင်းသားမိဘတွေကို အကြာကြီး စောင့်နေခဲ့တာ.. အဆုံးသတ်မှာတော့ ဒီက ကျောင်းသားမိဘ တစ်ယောက်ပဲရောက်လာခဲ့တယ်”

အကြီးအကဲကျီရှင်း “……….”

အမေကျွမ့်က အကြီးအကဲကျီရှင်းကို အဆောက်အဦး ထဲသို့ လက်ဆွဲ၍ ခေါ်သွားပြီးနောက်တွင် ၎င်းတို့ကို စောင့်ကြည့်နေသည့် လုံခြုံရေးမှူးလီက သက်ပြင်းချလိုက်သည်။

ယနေ့က အမေကျွမ့်၏ အစားအသောက် မြည်းစမ်းပွဲနေ့ ဖြစ်သော်လည်း ကျောင်းသားမိဘများက တစ်ယောက်မှ ရောက်မလာခဲ့ကြပေ။

အကြီးအကဲလီ အနေဖြင့် ၎င်းတို့၏ အကြောင်းပြချက်ကို နားလည်သော်လည်း အမေကျွမ့်က အနည်းငယ် သနားစရာကောင်းသည်ဟု သူခံစားမိခဲ့သည်။

ကျောင်းသားမိဘ တစ်ယောက်မှ ရောက်မလာခဲ့လျှင် အမေကျွမ့်အနေဖြင့် အလွန်နာကျင်စွာ ခံစားရမည်မှာ သေချာသည်။

အစားအသောက် မြည်းစမ်းပွဲအတွက် မိဘအတုအယောင် လိုက်ရှာသင့်သလားဟု သူတွေးနေစဉ်မှာပင် ရွှေရောင်ဆံပင်နှင့် အမျိုးသမီးက ကျောင်းတံခါးဝတွင် ရပ်နေသည်ကို သူတွေ့လိုက်ရသည်။

သူမက သူနှင့် မျက်မှန်းတန်းမိပုံ မရသော်လည်း မည်သို့ပင်ဆိုစေကာမူ ကျောင်းသားမိဘ တစ်ဦးသာဖြစ်သည်။

ထို့ကြောင့်ပင် လုံခြုံရေးမှူးလီက အမေကျွမ့်ထံသို့ ကပျာကယာ ညွှန်ကြားလိုက်ခြင်း ဖြစ်သည်။

ထိုခဏတွင် ကျောင်းအပြင်ဘက် လမ်းထောင့်ရှိ လူငယ်တစ်ဦးသည် ရွှေရောင်ဆံပင်နှင့် အမျိုးသမီးတစ်ဦး ကျောင်းထဲဝင်သွားသည်ကို မြင်လျှင် မီးဖိုချောင်သုံး ဓားဂိုဏ်းခေါင်းဆောင်ဖြစ်သည့် ကျန်းဟိုင်ဖူထံ ဖုန်းခေါ်ဆိုလိုက်သည်။

“ဂိုဏ်းခေါင်းဆောင်”

“အခြေအနေဘယ်လိုလဲ”

“အစားအသောက် မြည်းစမ်းပွဲကို သွားနေတဲ့ စာရင်းထဲကမိဘတွေ အားလုံးကို ကျွန်တော် တားထားပြီးပြီ.. ဒါပေမဲ့ မိဘတစ်ယောက်ကတော့ ကျောင်းထဲကို ဝင်သွားခဲ့တယ်.. အဲဒီကျောင်းသားမိဘက စာရင်းထဲမှာလည်း ပါပုံမရဘူး”

“ကျောင်းသားမိဘ ဘယ်နှစ်ယောက်က ကျောင်းထဲကိုဝင်သွားတာလဲ”

“တစ်ယောက်တည်းပါ”

ထိုစကားကိုကြားလျှင် မီးဖိုချောင်သုံး ဓားဂိုဏ်းခေါင်းဆောင်က သက်ပြင်းတစ်ချက် ချလိုက်သည်။

“တစ်ယောက်တည်းလား.. ကံဆိုးလိုက်တာကွာ”

မည်သို့ပင်ဖြစ်စေ သူတို့က အခြားမိဘများကို ကြားဖြတ်ဟန့်တားခဲ့၍ သူတို့၏ ရည်မှန်းချက် အောင်မြင်သည်ဟု ဆိုရပေမည်။

လူတစ်ယောက်ကို ကယ်တင်သည်က ဘုံခုနှစ်ဆင့် ဘုရားကိုတည်သည်ထက် ပိုကောင်းသည်ဟု အဆိုရှိသည် မဟုတ်ပါလော။

အခြားသူများက အမေကျွမ့်၏ အစားအစာများကို မမြည်းစမ်းဖူးသော်လည်း ကျန်းဟိုင်ဖူကမူ မြည်းစမ်းဖူးသည်။

သူက ရွှေအမြုတေအဆင့် ကျင့်ကြံသူ ဖြစ်သော်လည်း အမေကျွမ့်၏ အစားအစာကို စားစဉ်က အစာအိမ် ပေါက်ထွက်လုနီးပါး ဖြစ်ခဲ့ရသည်။

ထို့ကြောင့် သူက အမေကျွမ့်နှင့် ပတ်သက်၍ ကောင်းစွာနားလည်သည်။

သူမ၏ အစားအစာက အဆိပ်ဟင်းဟု တင်စား၍ရသော်လည်း အလွန်ပင်လှပသည်။

ဟင်းလျာများသည် တကယ့်ဂန္ဓဝင်မြောက် လှပပြီး ပန်းကန်ပြားပေါ်မှ အပြင်အဆင်အထိ လုံးဝလက်ရာမြောက်သည်။

အရသာကလည်း ဘာတစ်ခုမှ မလွဲမှားပေ။

သို့သော် စားပြီးသည့်အခါတွင် ကြောက်မက်ဖွယ်ကောင်းသည့် ဓာတုတုန့်ပြန်မှုများ ဖြစ်ပေါ်လာသည်။

ကျန်းဟိုင်ဖူ၏ အမြင်တွင် အဆိုပါဟင်းလျာများသည် တောထဲတွင်သာ တွေ့ရသော လှပသော်လည်း အဆိပ်ပြင်းသည့်မှိုများနှင့် ဆင်တူသည်။

“ဒါဆိုဂိုဏ်းခေါင်းဆောင်.. ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ”

“မင်းစောင့်ကြည့်နေပါ.. ဒီကျောင်းသားမိဘ တစ်ခုခုဖြစ်သွားရင် လူနာတင်ကား ခေါ်ပေးဖို့မမေ့နဲ့”

“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်.. ဒါပေမဲ့ ဂိုဏ်းချုပ်.. ကျွန်တော်အံ့ဩနေတာရှိတယ်.. ဒီအမေကျွမ့်ရဲ့ ဟင်းလျာတွေက အရမ်းဆိုးရွားနေတယ် ဆိုရင် ကျောင်းသားမိဘတွေက ဘာလို့ကျောင်းကို လာနေကြတာလဲ”

မီးဖိုချောင်သုံး ဓားဂိုဏ်းခေါင်းဆောင် ကျန်းဟိုင်ဖူ “မင်းမသိသေးပါဘူး.. မိဘအများစုက အမေကျွမ့်ရဲ့အစားအသောက် ဘယ်လောက်ထိ ဆိုးရွားပြီး ကြောက်စရာကောင်းမှန်း မသိကြဘူး.. တကယ်တော့ သူတို့ကို ဟန့်တားလိုက်ရတဲ့ အကြောင်းအရင်းက အမေကျွမ့်ရဲ့ ဂုဏ်သိက္ခာကို ကယ်တင်လိုက်တာပါပဲ.. တကယ်တော့ သူမက အသက်၆၀ကျော် အဖွားကြီးတောင်ဖြစ်နေပါပြီ.. ဒီလိုအသက်အရွယ်မှာ ဟင်းအသစ်တွေကို ချက်ပြုတ်ဖို့ဆိုတာ မလွယ်ပါဘူး.. ငါက ဘာလို့ သူ့ကိုတကူးတက ကူညီနေရတာလဲ ဆိုတာ မင်းသိလား.. တကယ်တော့ ဒါက အရမ်းရိုးရှင်းပါတယ်”

ဂိုဏ်းသား “???”

ထိုခဏတွင် ကျန်းဟိုင်ဖူက အားပါးတရ ရယ်မောလိုက်သည်။

“သူက ငါ့ဆရာပဲ”

ဂိုဏ်းသား “……….”

အမှတ်၆၀ အထက်တန်းကျောင်း၏ ကန်တင်းက အလွန်တရာကြီးမားပြီး လူ၄ယောက် ထိုင်စား၍ရသော စံချိန်မှီ စားပွဲများရှိသည်။

အမေကျွမ့်က အကြီးအကဲကျီရှင်းကို စိတ်လိုလက်ရ ဆွဲခေါ်သွားခဲ့သည်။

အကြီးအကဲ ကျီရှင်းက လုံးဝကို ထိတ်လန့်နေပြီး ဘာတွေဖြစ်သလဲပင် မသိတော့ချေ။

စားသောက်ခန်းထဲတွင် သူနှင့် အလွန် စိတ်အားထက်သန်နေပုံရသော ဤစားဖိုမှူးအဒေါ်ကြီးသာ ရှိသည်။

အကြီးအကဲကျီရှင်းအား အမေကျွမ့်က ထိုင်ခုံတွင် နေရာချလိုက်သည်။

စားပွဲပေါ်တွင် ပန်းကန်၁၀လုံး အပြည့်ရှိနေပြီး လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်ကို ဖော်ကျူးရန်အတွက် ထိုပန်းကန်အားလုံးကို ဖုံးအုပ်ထားခဲ့သည်။

အကြီးအကဲကျီရှင်းက စိတ်ထဲမှ သက်ပြင်းချလိုက်သည်။

လောလောဆယ် ရွေးချယ်စရာမရှိ၍ သူ့အနေဖြင့် စားစရာများကို စားလိုက်မည်ဟုသာ ဆုံးဖြတ်လိုက်သည်။

သူက ခေါင်းမော့၍ ကြည့်လိုက်ရာ သူ့ရှေ့မှ စားဖိုမှူး အဒေါ်ကြီးက ငိုတော့မည့်ပုံ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

“ငါ့ရင်ထဲမှာ အရမ်းခံစားရတယ်.. မင်းက ဒီနေ့လာခဲ့တဲ့ တစ်ဦးတည်းသော ကျောင်းသားမိဘပဲ”

အကြီးအကဲကျီရှင်းက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်သည်။

ဤစားဖိုမှူး အမျိုးသမီး၏ ဟင်းချက်လက်ရာ မကောင်းသောကြောင့် ကျောင်းသားမိဘများ မလာခြင်းလောဟု သူတွေးမိခဲ့သည်။

သို့သော် ပထမပန်းကန်မှ အဖုံးကို အမေကျွမ့် ရုတ်တရက် ဖယ်လိုက်သောအချိန်တွင် မြင်လိုက်ရသော မြင်ကွင်းကြောင့် အကြီးအကဲကျီရှင်း၏ မျက်လုံးများက အေးခဲသွားခဲ့သည်။

ထိုအရာက ထမင်းကြော်ဆိုသော်လည်း အစေ့အဆံများကို နှင်းပွင့်ပုံသဏ္ဍာန် ပြုလုပ်ထားခြင်းဖြစ်သည်။

ထို့ကြောင့် ဆောင်းရာသီတွင် နှင်းများထူထပ်သော ရှုခင်းတစ်ခုလို ဖြစ်နေသည်။

ထို့ပြင် ဤဟင်းလျာ၏ ဘေးတစ်ဖက်တစ်ချက်ဆီတွင် ဆော့စ်ဖြင့် အလှဆင်ထားသောကြောင့် အနုပညာလက်ရာ တစ်ခုလို သူခံစားခဲ့ရသည်။

ဤအပြင်အဆင်နှင့်ဒီဇိုင်းက အမှတ်ပြည့်ပင်။

အရေးအကြီးဆုံး တစ်ချက်မှာ အဖုံးကို ဖွင့်လိုက်သည်နှင့် အငွေ့တထောင်းထောင်း ထနေခြင်း ဖြစ်သည်။

ပထမဆုံးဟင်းလျာသည် အမေကျွမ့်၏ အထူးဟင်းလျာဖြစ်သည့် ဖန်ပင်းပင်း ဖြစ်သည်။

ဟင်းလျာ၏ ရနံ့က အကြီးအကဲ ကျီရှင်းကို လွှမ်းမိုးသွားခဲ့သည်။

[ကြည့်ရတာ ဒီစားဖိုမှူးအဒေါ်ကြီးက သာမန်လူတစ်ယောက် မဖြစ်နိုင်ဘူး.. သူမက အစွမ်းတွေကို ဖုံးကွယ်ထားတဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်နိုင်တယ်]

ပန်းကန်ပြားပေါ်ရှိ အပြင်အဆင်နှင့် အမွှေးအနံ့အရ ဤဟင်းလျာသည် အလွန်အရသာရှိသော ဟင်းလျာ ဖြစ်မည်မှာသေချာသည်။

အဆင့်လွန် ကျင့်ကြံသူတစ်ယောက် အနေဖြင့် ကျီရှင်းတွင် အစားအသောက်များကို လုံးဝ တပ်မက်စိတ်မရှိတော့ပေ။

သို့သော် ဟင်းပွဲ၏အဖုံးကို ဖွင့်လိုက်သည်နှင့် သူက အမှန်တကယ် စားသောက်ချင်စိတ်များ ဖြစ်ပေါ်လာသည်။

သူက တံတွေးကိုမျိုချလိုက်ပြီး ဟင်းပွဲကို မြည်းကြည့်လိုက်သည်။

ထိုခဏတွင် သူ၏ မျက်လုံးများက ပြူးကျယ်သွားခဲ့သည်။

အရသာက လုံးဝကို ပြီးပြည့်စုံနေသည်။

ယခုအခါတွင် အကြီးအကဲ ကျီရှင်းက ပို၍ပင် စိတ်လှုပ်ရှားလာသည်။

သူ့အကြည့်က အဖုံးဖုံးထားသည့် ဟင်းပွဲများ အပေါ်သို့ ရောက်ရှိသွားသည်။

ထိုဟင်းပွဲများက ယခုဟင်းပွဲများထက် ပိုကောင်းမည်မှန်း မည်သူမဆို သိနိုင်မည် ဖြစ်သည်။

ထို့နောက် သူက အမေကျွမ့်ကို ကြည့်ကာ မှတ်ချက်ပေးလိုက်သည်။

“စားဖိုမှူးအဒေါ်ကြီး.. ဒီဟင်းလျာက တကယ်ကို စားကောင်းတာပဲ.. အရမ်း အရသာရှိလွန်းတယ်”

ထိုစကားကိုကြားလျှင် အမေကျွမ့်က အလွန်တရာ ပျော်ရွှင်သွားခဲ့သည်။

[ဒီကျောင်းသားမိဘက တကယ်ပဲ မပြိုလဲသွားဘူးလား.. ငါ့ရဲ့စမ်းသပ်ချက် အောင်မြင်သွားတဲ့ပုံပဲ”

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် အကြီးအကဲကျီရှင်းကမေးခွန်းတစ်ခု ထုတ်လိုက်သည်။

“ဒီလောက်ကောင်းတဲ့ အစားအသောက်ကို ကျောင်းသားမိဘတွေက ဘာလို့လာပြီး မမြည်းစမ်းရတာလဲ.. တော်တော်တုံးအတဲ့ မိဘတွေပဲ”

ထိုအကြောင်းကို ကြားလျှင် အမေကျွမ့်က အနည်းငယ်ဝမ်းနည်းသွားခဲ့သည်။

“ဒီဟင်းပွဲတွေအားလုံက ချက်ဖို့မလွယ်ဘူး.. ကြိုက်ရင် အကုန်သာ စားသွားလိုက်.. ဒါမှ ငါ့ရဲ့ကြိုးစားအားထုတ်မှုက အချည်းနှီးမဖြစ်မှာ”

ထိုစကားကြောင့် အကြီးအကဲကျီရှင်းက ချက်ချင်းဆိုသလို စိတ်လှုပ်ရှားသွားခဲ့သည်။

နေကျွန်းတွင် ပညာသင်ကြားခဲ့စဉ်က သူကြုံတွေ့ခဲ့ရသည့် ငြင်းပယ်ခံရခြင်း အမျိုးမျိုးကို သူသတိရမိသည်။

တစ်နည်းအားဖြင့် သူနှင့် အမေကျွမ့်သည် ခံစားချက်ချင်းတူသူများ ဖြစ်သည်ဟု သူခံစားမိသည်။

ထို့ကြောင့် သူက အလွန်လေးနက်စွာ ပြောလိုက်သည်။

“ကောင်းပါပြီ စားဖိုမှူးအဒေါ်ကြီး.. စိတ်မပူပါနဲ့.. ကျွန်မအကုန်စားလိုက်ပါ့မယ်”

အဒေါ်ကြီး တစ်ယောက် အလွန်အမင်း အားထုတ်ခဲ့ရသောဟင်းလျာများကို သူက အဘယ်ကြောင့် စွန့်ပစ်နိုင်ပါမည်နည်း။

အပိုင်း(၆၅၅) ပြီး၏

All Chapters