← Chapters

အမေကျွမ့်ဟင်းလျာ၏ ဘေးထွက်ဆိုးကျိုး

Vol. 44 Ch. 658

အမေကျွမ့်ဟင်းလျာ၏ ဘေးထွက်ဆိုးကျိုး

Vol. 44 Ch. 658

ဤတစ်ခေါက်တွင် အမေကျွမ့်က ဟင်းဆယ်မျိုး ပြင်ဆင်ထားခဲ့သည်။

သူမက ကိုးခုမြောက် ဟင်းပွဲကို အပြီးသတ်ရန် အကြီးအကဲ ကျီရှင်းအား လိမ်လည်လှည့်ဖြားခဲ့ပြီးနောက်တွင် ထုံးစံအတိုင်း အကြီးအကဲကျီရှင်းသည် ပန်းကန်အလွတ်တွင် ခေါင်းစိုက်ကျသွားသည်။

အကြောင်းတစ်ခုခုကြောင့် အမေကျွမ့်က အပြစ်ရှိသလို ခံစားခဲ့ရသည်။

နောက်ဆုံး မြည်းစမ်းရမယ့် ဟင်းပွဲ​တစ်ပွဲ ရှိပါသေး၏။

ထိုဟင်းပွဲက အသားလုံးကြော် ဖြစ်သော်လည်း ပုံမှန် အသားလုံးကြော် မဟုတ်ပေ။

ထိုဟင်းပွဲက မကြာသေးမီကမှ ဖန်တီးခဲ့သော ဟင်းအသစ်တစ်ခု ဖြစ်သည်။

အသားလုံးကြော်၏ ပါဝင်ပစ္စည်းမှာ လတ်ဆတ်ကြောင်းအာမခံချက် ရှိရန်အတွက် တစ်လခွဲထက်မပိုဘဲ ခန္ဓာကိုယ် ဖွဲ့စည်းထားသည့် စိတ်ဝိညာဉ်ပိုးတုံးလုံး ဖြစ်သည်။

ချက်ပြုတ်နည်းကမူ အလွန်ကို ရိုးရှင်းသည်။

ရွေးချယ်ထားသော ပိုးကောင်ကို ရေဆေးပြီး အသေအချာ လှီးဖြတ်ကာ နဂါးဝက်သားနှင့် စိတ်ဝိညာဥ်ကြက်အရိုးတို့နှင့် အချိုးအစား မှန်ကန်စွာ ရောနှယ်ရမည်။

ထို့နောက် လတ်ဆတ်သောကြက်ဥများနှင့် ပြောင်းဖူးမှုန့်တို့ကို ထပ်ထည့်ကာ အလုံးများဖြစ်အောင် လုံးပေးရမည်။

ဟင်းခတ်အမွှေးအကြိုင်များ ထည့်ပြီး နောက်ဆုံးအဆင့်တွင် မီးပြင်းပြင်းဖြင့် ကြော်ရမည် ဖြစ်၏။

အပူပြင်းပြင်းပြင်းဖြင့် ကြော်လိုက်သောအခါ လှီးထားသော ပိုးတုံးလုံးက ချိစ်အနှစ်ကဲ့သို့ အရည်ပျော်သွားမည်။

တစ်ချက်ကိုက်လိုက်သည်နှင့် အရည်များက ပါးစပ်ထဲမှာ ပေါက်ကွဲသွားလိမ့်မည် ဖြစ်သည်။

အမေကျွမ့်က အသားလုံးကြော်ကို ထိုနည်းစနစ်ဖြင် နောက်ဆုံးအကြိမ်က ပြုလုပ်ပြီးနောက်တွင် ရေခဲသေတ္တာထဲမှာသာ ထည့်ထားခဲ့သည်။

နောက်နေ့မှသာ စမ်းသပ်ကြည့်ဖို့ တစ်စုံတစ်ဦးကို ရှာဖွေရန် စီစဉ်ခဲ့သည်။

ရလဒ်မှာ ရေခဲသေတ္တာတွင် ထည့်ထားသည့် အသားလုံးက ဒုတိယရက်တွင် သိုးသွားခဲ့ခြင်းပင်။

ထို့ကြောင့် အမေကျွမ့်၏ ဗားရှင်း1.0ကို မည်သူမှ မမြည်းစမ်းဖူးလိုက်ပေ။

အမေကျွမ့်က ဤတစ်ခေါက်တွင် အသားလုံးကြော်အား ဗားရှင်း 2.0 အဖြစ် အဆင့်မြှင့်ခဲ့သည်။

ဤကျောင်းသားမိဘက သူမ၏ ဟင်း ၉ ပွဲလုံးကို တစ်ပွဲပြီးတစ်ပွဲစားခဲ့သည်။

ဟင်းတစ်ပွဲ စားပြီးတိုင်း မှတ်ဉာဏ်များက ယာယီ ဆုံးရှုံးသွား၏။

အမေကျွမ့်က နောက်ဆုံးဟင်းပွဲကို ကျောင်းသားမိဘ စားပြီးလျှင် မည်သည့် တုံ့ပြန်မှုမျိုး ဖြစ်လာမလဲ ဆိုသည်ကို သိချင်နေခဲ့သည်။

သို့တိုင် အမေကျွမ့်သည် အနည်းငယ် အပြစ်ရှိသလို ခံစားခဲ့ရသည်။

အဆုံးသတ်တွင် သူမသည် ဤအသားလုံးကြော် ဗားရှင်စ 2.0ကို ယခင်က မစမ်းသပ်ခဲ့ဖူးပေ။

အကယ်၍ အခြားဟင်းလျာများနှင့် မတူဘဲ ဆိုးဆိုးရွားရွား တုံ့ပြန်မှု ရှိခဲ့လျှင် ကျောင်းသားမိဘကို ကယ်တင်ရန် အချိန်နှောင်းသွားနိုင်သည် မဟုတ်လော။

ထိုသို့မဖြစ်အောင် အမေကျွမ့်က ကျောင်းသားမိဘ သတိပြန်မရသေးခင် နောက်ဆုံး ဟင်းပွဲကို စွန့်ပစ်ရန် ဆုံးဖြတ်လိုက်၏။

ကံမကောင်းစွာပဲ သူမ အနည်းငယ် နောက်ကျသွားခဲ့သည်။

ဟင်းပန်းကန်ကို ယူခါနီးတွင် အမျိုးသမီးက ရုတ်တရက် လက်ဆန့်ထုတ်ကာ သူမ၏ လက်ကောက်ဝတ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။

ထို့နောက် အမျိုးသမီးက အမေကျွမ့်ကို မော့ကြည့်ကာ ရေရွတ်လိုက်သည်။

“အစားအသောက် မြည်းစမ်းပွဲ အခုစပြီ…”

ထိုစကားကြောင့် အမေကျွမ့်က ထိတ်လန့်သွားသည်။

“….........”

ချီးပဲ..

ဤမိဘ၏ ဦးနှောက်က သူစားခဲ့သည့် အစားအသောက်ဆိုးများ၏ ပမာဏအရဆိုလျှင် ကွဲထွက်သွားနိုင်ခြေ ရှိသည်။

တော်သေးသည်မှာ ဤမိဘသည် အနည်းငယ် သန်မာလွန်းသည်။

သူမက အမေကျွမ့်၏ လက်ကောက်ဝတ်ကို မလွှတ်တမ်း တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။

သူမ၏ခွန်အားကြောင့် အမေကျွမ့်က သူမ၏ လက်ထဲကနေ မရုန်းနိုင်ခဲ့ပေ။

ဟင်းအများကြီးစားပြီး ကျောင်းသားမိဘ ပြန်လည်ကောင်းမွန်သွားသည်မှာ အံ့သြစရာ မရှိချေ။

သူမ၏ ကျင့်ကြံခြင်း နယ်ပယ်အဆင့်က မနိမ့်ကျပုံရသည်။

ထိုအခိုက်အတန့်တွင် အမေကျွမ့်သည် အနည်းငယ် ဆုံးရှုံးသွားသလို ခံစားရတယ်။

အဘယ်ကြောင့်ဆိုသော် ထိုသို့ဖြစ်ခဲ့လျှင် ဤအစားအစာသုတေသနက အဓိပ္ပါယ်မရှိတော့၍ ဖြစ်၏။

အကယ်၍ ဤမိဘ၏ ကျင့်ကြံခြင်း နယ်ပယ်အဆင့်သာ အလွန်မြင့်မားခဲ့လျှင် စမ်းသပ်ဟင်းလျာများ၏ ဘေးထွက်ဆိုးကျိုးများကို တွန်းလှန်ရန်မှာ သူမ၏ ရုပ်ပိုင်းဆိုင်ရာပေါ်တွင်သာ မှီခိုနေပေမည်။

ထို့ကြောင့် ဤဟင်းလျာများကို အခြေခံ တည်ထောင်ခြင်း အဆင့် ကျောင်းသားများအား မပေးနိုင်ပေ။

ထိုအချိန်တွင် အမေကျွမ့်သည် ရုတ်တရက် သက်ပြင်းချလိုက်သည်၊

ဤအတိုင်းဆိုလျှင် သူမ၏ အစားအသောက် သုတေသနက အလှမ်းဝေးနေဦးမည်ဟု တွေးမိခဲ့သည်။

ဆယ်ခုမြောက် ဟင်းပွဲကိုစိုက်ကြည့်နေသည့် အမျိုးသမီးကို အမေကျွမ့်က သက်ပြင်းတစ်ချက်ချကာ ပြောလိုက်သည်။

“ကျောင်းသားမိဘ စိတ်အေးအေးထားပါ.. အစားအသောက် မြည်းစမ်းပွဲက ပြီးသွားပြီ.. ကြည့်စမ်း.. တခြားမိဘတွေတောင် ပြန်ကုန်ပြီလေ…”

ထိုစကားကြောင့် အကြီးအကဲကျီရှင်းက အံ့အားသင့်သွားပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ သူ့ဘေးနားတွင် ပန်းကန်အလွတ် ကိုးခုနဲ့ သံတူကိုးစုံကို တွေ့လိုက်ရ၏။

"ဒီမှာ အစားအသောက် မြည်းစမ်းတဲ့ တခြားမိဘတွေ ရှိခဲ့တာလား"

သူက ဝေခွဲမရဖြစ်နေပြီး ဘာမှမမှတ်မိတော့ပေ။

နေကျွန်းမှပြန်လာသော နင်ဂျာတစ်ဦး အနေဖြင့် အကြီးအကဲကျီရှင်းက သတိလက်လွတ် ဖြစ်သွားမိသည်ကို ရှက်ရွံ့​သွားခဲ့သည်။

ရန်သူ့နယ်မြေထဲ ခိုးဝင်ရင်း အမှားတစ်ခုကို သူ အမှန်တကယ် လုပ်မိခဲ့သည်။

"တောင်းပန်ပါတယ်…"

သူက အမေကျွမ့်၏ လက်ကောက်ဝတ်ကို လွှတ်လိုက်သည်။

"ငါ အခုနည်းနည်း မူးနေတယ်"

တကယ်တမ်းတွင် သူ့စိတ်က အနည်းငယ် ကြည်လင်လာပြီဖြစ်သည်။

သို့သော် သူ့စိတ်ထဲတွင် အနည်းငယ် သံသယဖြစ်နေသည်။

အကြောင်းတစ်ခုခုကြောင့် တစ်ခုခုကို မေ့သွားသလို ခံစားခဲ့ရတယ်။

"ရပါတယ် ကျောင်းသားမိဘ"

အမေကျွမ့်က အမျိုးသမီးကို ဖော်ရွေစွာ ကြည့်နေခဲ့သည်။

“မင်းပြန်ရင် ဒီဟင်းပွဲကို လက်ဆောင်ထည့်ပေးလိုက်မယ်.. တခြားမိဘတွေလည်း ဒီက အပြန်မှာ ဟင်းပွဲတွေကို ယူသွားကြတယ်”

“အဲဒီလိုလား…”

သူ၏ အထောက်အထားကို ဖော်ထုတ်ခြင်းမှ ကာကွယ်ရန်အတွက် အကြီးအကဲ ကျီရှင်းသည် အမေကျွမ့်၏ စကားကိုသာ လိုက်နာရုံသာ တတ်နိုင်ခဲ့သည်။

သို့သော် အမှန်တရားမှာ အမေကျွမ့် ကိုယ်တိုင် ထိုအခိုက်အတန့်တွင် အလွန်ထိတ်လန့်နေခြင်း ဖြစ်သည်။

ဤကျောင်းသားမိဘက တစ်ခုခုအား သတိထားမိမည်ကို သူမ စိုးရိမ်ခဲ့သည်။

သို့သော် တကယ်တမ်းတွင် သူမ အရမ်းအတွေးလွန်နေခြင်းသာ။

ဟင်းကိုးပွဲမှ ဆိုးကျိုးဖြစ်သည့် သတိမေ့ခြင်းကို သူမ လျှော့တွက်ခဲ့မိသည်။

ကျောင်းသားမိဘကို ဟင်းပွဲ ထည့်ပေးလိုက်သည့် အကြောင်းရင်းမှာ သတိမထားမိစေရန် ဖြစ်သည်။

ဤအမျိုးသမီးက အဆင့်မြင့်ကျင့်ကြံသူ ဖြစ်သောကြောင့် အိမ်အပြန်လမ်းမှာပင် စားသုံးခဲ့သည့် ဟင်းပွဲအားလုံးကို အပြီးသတ် ချေဖျက်နိုင်လိမ့်မည်ဟု သူမ ခံစားမိသည်။

ဤနည်းဖြင့် အသားလုံးကြော်မှ ဖြစ်လာနိုင်သည့် ဘေးထွက်ဆိုးကျိုးများကို အမေကျွမ့် စိတ်ပူစရာ မလိုအပ်တော့ပေ။

ထို့နောက် ဆယ်မိနစ်အကြာတွင်...

ချင်းယွင်လမ်းရှိ အမှတ် 60 အထက်တန်းကျောင်း၏ ပင်မဂိတ်တံခါးဝတွင် အကြီးအကဲလီ နှင့် အမေကျွမ့်သည် အကြီးအကဲ ကျီရှင်းကို နွေးထွေးသော အမူအရာဖြင့် နှုတ်ဆက်နေခဲ့သည်။

အမေကျွမ့် "ကျောင်းသားမိဘ.. လမ်းမှာ ဂရုစိုက်ပါ.. ငါ့ရဲ့ အစားအသောက်မြည်းစမ်းပွဲကို တက်ရောက်ဖို့ မအားလပ်တဲ့ ကြားက အချိန်ပေးခဲ့တဲ့ အတွက် အထူးပဲ ကျေးဇူးတင်ပါတယ်...နောက်တစ်ခေါက် ပြန်လာခဲ့နော်”

အကြီးအကဲ ကျီရှင်း “.........…”

အပိုင်း(၆၅၈) ပြီး၏

All Chapters