← Chapters

ဝမ်းနည်းစရာ အကောင်းဆုံး ဗီလိန် ဖြစ်နိုင်သည်။

Vol. 44 Ch. 660

ဝမ်းနည်းစရာ အကောင်းဆုံး ဗီလိန် ဖြစ်နိုင်သည်။

Vol. 44 Ch. 660

ဖျော်ရည်ကို သောက်ပြီးနောက် လည်ချောင်းအတွင်း ပူလောင်မှု အနည်းငယ် သက်သာသွားသလို ခံစားရသည်။

သို့သော် အံ့ဩစရာမှာ ဤဖျော်ရည်သည် ချိုမြိန်ခြင်းမရှိဘဲ အလွန်ထူးဆန်းသော အရသာရှိခြင်းပင် ဖြစ်သည်။

ယင်းက ဖရဲသီးဖျော်ရည် မဟုတ်ဘဲ တခြား စိတ်ဝိညာဉ်အသီးတွေနှင့် ပြုလုပ်ထားတာ ဖြစ်နိုင်၏။

"ဒီဖျော်ရည်က ဘာဝိညာဉ်သစ်သီးနဲ့ ဖျော်ထားတာလဲ"

သူက မေးခွန်းထုတ်လိုက်ရာ မထင်မှတ်ဘဲ သူ့ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်နေမှန်း သိလိုက်ရသည်။

မည်သူမှ သူ့ကို အဖြေမပေးခဲ့ပေ။

သူက လူရေတွက်လိုက်ရာ လူနှစ်ယောက် လျော့နည်းနေသည်ကို တွေ့ရှိခဲ့ပါတယ်။

"ညီနောင်မင်ရန် နဲ့ ယာရန်ရော မလာဘူးလား"

ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်နေသည်။

အကြီးအကဲ ကျီရှင်း “တစ်ယောက်ယောက် ငါ့ကို ရှင်းပြပါဦး"

မင်ရန် နှင့် ယာရန် တို့သည် အလွန်သန်မာသော အဖွဲ့ဝင်များ ဖြစ်သည်။

မင်ရန်က အမြီးကိုးချောင်း မြေခွေး၏ သွေးကို အမွေဆက်ခံခဲ့ရသည်။

သူ ငယ်ရွယ်စဉ်အခါက သူခန္ဓာကိုယ် အတွင်း၌ ပျံ့နှံ့နေသော နတ်ဆိုးမြေခွေး စွမ်းအားကို မထိန်းချုပ်နိုင်ခြင်းကြောင့် ဆိုးရွားသော ဖြစ်ရပ်များစွာကို ဖြစ်ပေါ်စေခဲ့သည်။

သို့သော် နေကျွန်းတွင် ပညာသင်ကြားပြီးနောက်တွင် မင်ရန်သည် လုံ့လဝီရိယစိုက်ထုတ်မှုကြောင့် နတ်ဆိုးမြေခွေးကို ဖိနှိပ်ခြင်းစွမ်းရည်အား အောင်မြင်စွာ ကျွမ်းကျင်လာခဲ့သည်။

ယခုတော့ သူသည် တိုက်ပွဲတွင် ထိုအင်အားကို အသုံးချနိုင်ပြီဖြစ်သည်။

အမှတ်၆၀ အထက်တန်းကျောင်းကို တိုက်ခိုက်ရာတွင် နတ်ဆိုးမြေခွေးကိုသာ လွှတ်ပေးလိုက်လျှင် ဆရာများနှင့် ကျောင်းသားများ၏ စိတ်ဓာတ်အား အပြင်းအထန် ထိုးနှက်နိုင်မည်မှာ သေချာသည်။

သူက ဥက္ကဌပိုင်လိုပင် အင်မော်တယ်ခန္ဓာကိုယ်နှင့် ဖြစ်သည်။

ကွာခြားချက်မှာ ဥက္ကဌပိုင်သည် အင်မော်တယ်ခန္ဓာကိုယ်၏ အခြေခံအုတ်မြစ်ကို ပို၍ ခိုင်မာလာစေရန် ကျင့်ကြံနိုင်ခဲ့ခြင်း ဖြစ်သည်။

ညီအစ်ကို ယာရန်တွင် အင်မော်တယ် ခန္ဓာကိုယ်ရှိသော်လည်း ရှင်ပြန်ထမြောက်ရာတွင် ဥက္ကဌပိုင်ထက် အချိန်ပိုကြာခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ မသေနိုင်ပေ။

အမှတ် 60 အထက်တန်းကျောင်းမှ လျှို့ဝှက်ဆန်းကြယ်သော လူငယ်လေး၏ တိုက်ခိုက်ရေးစွမ်းရည် အလုံးစုံကို မသိရသေးသောကြောင့် အကြီးအကဲ ကျီရှင်းသည် နေကျွန်းကနေ ယာရန်ကို ဆင့်ခေါ်ခဲ့သည်။

"သခင် ဆွန်းနစ်ကို.. အစီရင်ခံပါတယ်"

အားကျူး ဟုအမည်ရသည့် အဖွဲ့ဝင်တစ်ဦးက ပြောလိုက်သည်။

"ညီနောင်မင်ရန်က သူ့ကိုယ်ထဲက နတ်ဆိုးမြေခွေးနှင့် ပြဿနာတက်နေတယ်"

"ဒါက ဘယ်လိုဖြစ်ရတာလဲ"

အကြီးအကဲ ကျီရှင်းက ထိတ်လန့်အံ့သြသွားသည်။

“အမြီးကိုးချောင်း နတ်ဆိုးမြေခွေးက မင်ရန်ကို အမွေးတွေညှပ်ပေးဖို့ တောင်းဆိုခဲ့တယ်”

"ပြီးတော့.."

“ဆံညှပ်သမားကို သူ့အမွေးတွေ နည်းနည်းလောက်ပဲ ညှပ်စေချင်ပေမယ့် ဆံညှပ်သမားက သူ့ရဲ့အမြီးကိုးခုလုံးကို ပြောင်အောင် ရိတ်မိသွားတယ်...ဒါကြောင့် သူတို့ကြားက ဆက်ဆံရေးက ပြီးသွားခဲ့ပြီ"

“........…”

“လောလောဆယ်မှာ ညီနောင်မင်ရန်က အဲဒီအတွက် အရေးပေါ် စိတ်ကုထုံးကို ခံယူနေရတယ်”

“.........…”

အကြီးအကဲ ကျီရှင်းသည် ဤကဲ့သို့သော မတော်တဆမှုမျိုး ဖြစ်လာမည်ဟု လုံးဝ မမျှော်လင့်ထားပေ။

သူက အနီရောင် ဝိညာဉ်ဖျော်ရည်ကို အလျင်အမြန် ယူလိုက်ပြီး သူ၏ ထိတ်လန့်တုန်လှုပ်နေသော အာရုံကြောများကို ငြိမ်သက်သွားစေရန် တစ်ကျိုက်မော့သောက်လိုက်၏။

"ဒါဆို ညီနောင် ယာရန်ကော အခြေအနေ ဘယ်လိုလဲ"

အကြောင်းတစ်ခုခုကြောင့် လူတိုင်း၏ အမူအရာသည် ပြောင်းလဲသွားပုံရသည်။

သူတို့၏ မျက်လုံးများတွင် မေးခွန်းကို ရှောင်တိမ်းလိုသည့် အကြည့်များ ရှိနေ၏။

သူတို့၏ အမူအရာများက မှုန်ကုပ်ကုပ် ဖြစ်နေခဲ့သည်။

အကြီးအကဲ ကျီရှင်းက ဤအမူအရာ နှင့် ကောင်းစွာ ရင်းနှီးသည်။

ယင်းက "သင့်မှာ ရောဂါကျွမ်းနေပြီ"ဟု ပြောသော ဆရာဝန်၏ အမူအရာမျိုး ဖြစ်သည်။

"ညီနောင် ယာရန်က ပြင်းထန်တဲ့ မတော်တဆမှုတစ်ခုခုနဲ့ ကြုံခဲ့တာလား"

အကြီးအကဲ ကျီရှင်း၏ နှလုံးသားက လေးလံသွားခဲ့သည်။

သူနှင့် ယာရန်က ကောင်းမွန်သော ဆက်ဆံရေး အမြဲရှိခဲ့သည်။

နေကျွန်းသို့ ရောက်လာသောအခါတွင် ပတ်ဝန်းကျင်ကို နားမလည်သေးသောသူ့ကို ယာရန်က အချိန်နှင့်အမျှ ကူညီပေးခဲ့သူ ဖြစ်သည်။

ယာရန်သည် ဘာသာစကား သင်ယူရာတွင် သူ့ကို လမ်းပြပေးရုံသာမက အိမ်စာကို အချိန်မီ မပြီးမြောက်သောအခါတွင်လည်း ၎င်း၏အိမ်စာများကို အကြီးအကဲ ကျီရှင်း ကူးယူရန်အတွက် ငှားရမ်းပေးခဲ့သည်။

အိမ်စာပုံတူကူးခြင်းသည် ကောင်းသောအကျင့်မဟုတ်သော်လည်း သူတို့၏ ခင်မင်ရင်းနှီးမှုကို ပိုမိုနက်ရှိုင်းလာစေခဲ့သည်မှာ ဤအလေ့အထကြောင့် ဖြစ်သည်။

သို့သော် လက်ရှိအခြေအနေတွင် ယာရန်သည် မမျှော်လင့်ဘဲ ပြဿနာတစ်ခုခု တတ်နေခဲ့ပုံရသည်။

ထိုသို့ ဖြစ်လာမည်ဟု အကြီးအကဲ ကျီရှင်းက ဘယ်တုန်းကမှ မတွေးခဲ့မိပေ။

ယာရန်က အင်မော်တယ် ခန္ဓာကိုယ်နှင့် မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။

သူ့အတွက် ပြဿနာ တစ်စုံတစ်ရာက လွယ်လွယ်နှင့် မည်သို့ ဖြစ်လာနိုင်ပါမည်နည်း။

အကြီးအကဲ ကျီရှင်းက ဤစစ်ဆင်ရေး၏ လက်ထောက်ခေါင်းဆောင် အဖြစ် ယာရန်ကို ခန့်အပ်ရန် စီစဉ်ထားသော်လည်း ရုတ်တရက် ထင်မှတ်မထားသော အဖြစ်အပျက်ကြောင့် အနည်းငယ် မှင်တက်သွားခဲ့သည်။

ထိုအချိန်တွင် တဲအတွင်းမှ လေထုသည် အေးစက်နေပြီး လေထုတစ်ခုလုံး အေးခဲသွားသလို ခံစားနေရ၏။

လူတိုင်းနီးပါးက ခေါင်းငုံ့ထားပြီး မျက်နှာ အမူအရာများ ဖြူဖပ်ဖြူရော် ဖြစ်နေသည်။

အကြီးအကဲ ကျီရှင်းသည် လက်ရှိအခြေအနေကို နားလည်နိုင်သည်။

အဆုံးသတ်တွင် ယာရန်သည် တိုက်ပွဲအကြိုတွင် ရုတ်တရက် ပြဿနာတစ်ခုခု ဖြစ်သွားခဲ့ပုံရသည်။

ယာရန်က အလွန်ရေပန်းစားသောကြောင့် ဤကိစ္စက လူတိုင်း၏ စိတ်ခံစားချက်ကို အတိုင်းအတာ တစ်ခုအထိ သက်ရောက်မှုရှိမည် မဟုတ်ပါလော။

လွန်ခဲ့သည့် ရက်အနည်းငယ်ကပင် သူတို့သည် တစ်ဦးနှင့်တစ်ဦး နှုတ်ဆက်စာများ ပေးပို့ခဲ့ကြသည်။

တစ်ခုခု အမှန်တကယ် ဖြစ်လာမည်ဟု မည်သူက ထင်မိမည်နည်း။

ကျီရှင်းက တို့ပတ်ကို ထုတ်လိုက်ပြီး မျက်နှာကို တို့ပတ်ရိုက်လိုက်သည်။

ဤအလေ့အထက သူ၏ အာရုံကြောများကို ဖိနှိပ်ကာ သူ့ကို စိတ်တည်ငြိမ်သွားစေသည်။

ခဏအကြာတွင် အသက်ခပ်ပြင်းပြင်းရှူလိုက်ပြီး ဦးစွာစကားပြောခြင်းဖြင့် တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်သည်။

“အခြေအနေမှန်ကို သိတဲ့သူရှိရင် ကျေးဇူးပြုပြီး ပြောပြပါ.. အကြီးအကဲ ယာရန်က မတော်တဆမှုတစ်ခုခု ကြုံခဲ့တာလား”

သူက သူ၏အကြည့်ကို အားကျူဘက်သို့ လှည့်လိုက်သည်။

ဤအခြေအနေမှာ ပါးစပ်ဖွင့်ရဲသည့် သတ္တိရှိဖို့ မလွယ်သော်လည်း အားကျူးကတော့ မတူပေ။

ဤလူသည် အတွေ့အကြုံများစွာနှင့် အလွန် ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိသည်။

လက်တွေ့တွင် ဘယ်အရာကမှ သူ့ကို တုန်လှုပ်စေနိုင်မည် မဟုတ်ပေ။

အားကျူက သေချာစဉ်းစားပြီးနောက် အကြီးအကဲ ကျီရှင်းကိုကြည့်ရင်း ပြောလိုက်သည်။

"ဆွန်းနစ်ကို.. ယာရန် အသုံးအများဆုံး စွမ်းရည်ကို မင်းသိတယ် မဟုတ်လား"

"အသုံးအများဆုံးစွမ်းရည်လား"

အကြီးအကဲကျီရှင်းက မျက်မှောင်ကြုတ်လိုက်သည်။

အားကျူက အင်မော်တယ် ခန္ဓာကိုယ် အသွင်ပြောင်းစွမ်းရည်ကို ရည်ညွှန်းနေသည်ဟု သူထင်သည်။

ယာရန်က သူနှင့် နှစ်ပေါင်းများစွာ သူငယ်ချင်း ဖြစ်ခဲ့၍ ယာရန်၏ စွမ်းရည်များကို သူက ကောင်းစွာသိသည်။

ထို့ကြောင့် အကြီးအကဲ ယာရန်က သူ့အား ပြောပြခဲ့သော မှော်အတတ် တစ်ခုအကြောင်းကို ချက်ချင်း စဉ်းစားမိခဲ့ခြင်း ဖြစ်သည်။

ပြင်းထန်သော တိုက်ခိုက်မှုကို ခံစားရလျှင်ပင် ယာရန်သည် သူ၏ ခန္ဓာကိုယ်ကို အသားတုံးများ အဖြစ် ဖြိုခွဲနိုင်၏။

ထို့နောက်တွင် ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ရန်အတွက် ဖြည်းဖြည်းချင်း ပြန်လည်စုစည်းကာ ရှင်ပြန်ထမြောက်ခြင်း ဖြစ်စေလိမ့်မည်။

အကြီးအကဲ ကျီရှင်း၏ ဆင်ခြင်တုံတရားရှိသော အမူအရာကိုမြင်လျှင် အားကျူက ဆက်ပြောလိုက်သည်။

"ယာရန်က သူ့ရဲ့ ခန္ဓာကိုယ်အသွင်ပြောင်း အတတ်ကို အမြင့်ဆုံးအဆင့်အထိ ကျင့်ကြံနိုင်ခဲ့ပြီ.. ခန္ဓာကိုယ်ကို ဖြိုခွဲရာမှာ အကန့်အသတ် မရှိတော့ဘူး"

“ဒါဆို.. ယာရန်က ကျင့်ကြံခြင်းမှာ သွေဖည်သွားတာမျိုးနဲ့ ကြုံနေတာလား”

“မဟုတ်ဘူး”

အားကျူ ခေါင်းခါယမ်းလိုက်သည်။

“ယာရန်က သူ့ခန္ဓာကိုယ်ကို အမှုန်အမွှားတွေ အဖြစ် ဖြိုခွဲရာမှာ ကျွမ်းကျင်နေပြီ.. မင်းမရောက်လာခင်မှာ ယာရန်က သူ့ကိုယ်သူ ဖြိုခွဲခဲ့သေးတယ်.. မင်းရောက်လာရင် သူ့ရဲ့ခန္ဓာကိုယ်ကို ပြန်လည်စုစည်းပြီး မင်းကို စပရိုက်​ တိုက်မလို့လေ"

"ဒါဆို ယာရန် ဒီမှာရှိနေလား"

“အင်း"

"သူဘယ်မှာလဲ"

“မင်း သူ့ကို သောက်နေတယ်လေ…”

အပိုင်း(၆၆၀) ပြီး၏

All Chapters