← Chapters

အသစ်ထွက်ပေါ်လာသော အဆင့် ၅

Vol. 73 Ch. 1081

အသစ်ထွက်ပေါ်လာသော အဆင့် ၅

Vol. 73 Ch. 1081

“လုံမိုရဲ့မျိုးဆက်သွေးက မသန့်စင်ဘူး... ဒါပေမယ့် သူ့ရဲ့အနီးကပ်တိုက်ခိုက်စွမ်းရည်ကတော့ တော်တော်သန်မာတာပဲ...”

“ဒါပေမယ့်လို့... အနီးကပ်တိုက်ခိုက်ရည်ဆိုတာ တိုက်ခိုက်ရည်ခွန်အားရဲ့ တစ်စိတ်တစ်ပိုင်းပဲ... လုံမိုက အစ်ကိုယဲ့ကို အနိုင်ယူဖို့အဝေးကြီးလိုသေးတယ်”

“အဲ့ဒါအမှန်ပဲ... အစ်ကိုယဲ့က ငါတို့မီးပဒေသာနဂါးမျိုးနွယ်ရဲ့ လျှို့ဝှက်အတတ်ကိုသုံးမယ်ဆိုရင် အနိုင်ရလဒ်က ချက်ချင်းထွက်ပေါ်လာမှာပဲ...”

မျာစွာသော မီးပဒေသာနဂါးများက တိတ်တဆိတ် ဆွေးနွေးလိုက်ကြလေသည်။

မီးပဒေသာနဂါးမျိုးရိုး၏ လျှို့ဝှက်အတတ်သည် မီးပဒေသာနဂါးမျက်လုံးဖြစ်လေသည်။

ဤလျှို့ဝှက်အတတ်သည် ကျင့်ကြံဖို့အတွက် အလွန်တရာခက်ခဲပြီး အန္တရာယ်လည်းများပေသည်။ မီးပဒေသာနဂါးမျိုးနွယ်မှာပင်လျှင် ၎င်းကို အောင်မြင်စွာကျင့်ကြံထားနိုင်သူက အနည်းအကျဥ်းမျှသာရှိလေသည်။

သူတို့သည် မီးပဒေသာနဂါးမျက်လုံးကို ကျင့်ကြံနိုင်သည်နှင့် သူတို့၏တိုက်ခိုက်ရည်ခွန်အားက အနည်းဆုံးနှစ်ဆတက်လာပေလိမ့်မည်။

အနီးကပ်တိုက်ခိုက်ရည်မှာဆိုလျှင် စက္ခုနည်းစနစ်တစ်ခုကို ရုတ်တရက်ထုတ်ဖော်ခြင်းက အလွန်တရာကြောက်စရာကောင်းလေသည်။

တစ်ဖက်လူက အဲ့ဒါကို ခုခံနိုင်မည်ဆိုလျှင်တောင် ထိုသူသည် သူ၏သွေးချီကို သေချာပေါက်ကုန်ခန်းစေမည်​ဖြစ်ပြီး ပျာပျာသလဲဖြစ်ကာ နောက်ထပ်တိုက်ခိုက်မှုများကို ခုခံနိုင်တော့မည်မဟုတ်ပေ။

လုံယဲ့သည် အဆက်မပြတ်ရှေ့သို့ပြေးဝင်နေသော်လည်း ဆူဇီမို၏ ထပ်တလဲလဲ ရိုက်နှက်ခြင်းကိုခံနေရလေသည်။ သူ၏ရင်ထဲရှိ ဒေါသမီးက ပို၍ပူလောင်လာခဲ့လေသည်။

“ဂါး.....”

သူသည် ကောင်းကင်ထက်သို့မော့ပြီး ကျယ်လောင်သောနဂါးဟိန်းဟောက်သံကို ထုတ်ဖော်လိုက်လေသည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် တဖြောက်ဖြောက်မြည်သံများက အဆက်မပြတ်ထွက်ပေါ်လာပြီး ၎င်းက ပြန့်ကားလာခဲ့လေသည်။ သူသည် သူ၏နဂါးတစ်ပိုင်းသွင်ပြင်သို့ ပြောင်းလဲလိုက်ပြီဖြစ်လေသည်။

လုံယဲ့၏ခန္ဓာကိုယ်ပေါ်ရှိဒဏ်ရာများက မြင်နိုင်သောနှုန်းထားဖြင့် သက်သာပျောက်ကင်းလာနေလေသည်။

နဂါးတစ်ပိုင်းသွင်ပြင်သို့ ပြောင်းလဲခြင်းဖြင့် သူ၏ အမြန်နှုန်းနှင့်ခွန်အားက ပို၍ကြောက်စရာကောင်းသော အဆင့်တစ်ခုထိ ဆပွားတိုးလာခဲ့လေသည်။

ဆူဇီမိုသည် မလှုပ်မယှက် ရှိနေဆဲဖြစ်ပြီး သူ၏နဂါးတစ်ပိုင်းသွင်ပြင်ကို ပြောင်းလဲဖို့စိတ်ကူးမရှိပေ။ သူ၏သွေးနီရောင်ဆံပင်က မီးတောက်များကဲ့သို့ ကခုန်နေပြီး သူ၏မျက်လုံးနှစ်ဖက်က နက်ရှိုင်း၍ တောက်ပနေလေသည်။

လုံယဲ့သည် ရှေ့သို့တစ်ဖန်ပြေးတက်ပြီး ထိုးချက်တစ်ချက်ကို ထုတ်ဖော်လိုက်လေသည်။

ဆူဇီမိုက အကြောက်အလန့်ကင်းမဲ့ပြီး ရှောင်တိမ်းခြင်းမရှိပေ။ သူက ရှေ့သို့ခြေတစ်လှမ်းတိုးပြီး ပြန်လည်ထိုးနှက်လိုက်လေသည်။

ဘုန်း....

လက်သီးနှစ်လုံးက ကျယ်လောင်သောမြည်သံဖြင့် ထိတွေ့ရိုက်ခတ်မိသွားလေသည်။

ကြီးမားသည့်လေစီးကြောင်းက ပေါက်ကွဲထွက်ပေါ်လာပြီး အပူလှိုင်းများက တလိပ်လိပ်တက်လာခဲ့လေသည်။

လုံယဲ့သည် နဂါးတစ်ပိုင်းသွင်ပြင်သို့ ပြောင်းလဲထားသည်ဆိုလျှင်တောင် သူက နည်းနည်းလေးမှ အသာစီးမရရှိပေ။

သူသည် အနီးကပ်တိုက်ခိုက်ရည်မှာ လုံမိုကို သေချာပေါက်မယှဥ်နိုင်တော့ဘူးဆိုတာ လုံယဲ့က ချက်ချင်းနားလည်သွားခဲ့လေသည်။

သို့သော်လည်း သူ၏မျက်လုံးထဲမှာ ကြောက်လန့်မှုတစ်စွန်းတစ်စမှ ရှိမနေပေ။

ထိုအစား သူ၏ညာဘက်မျက်လုံးသည် ချစ်ချစ်တောင်ပူလောင်သော နေတစ်စင်းကဲ့သို့ တဖျပ်ဖျပ် တလက်လက်အလင်းဖြင့် တောက်ပလာခဲ့လေသည်။ ရုတ်တရက် အလင်းတန်းတစ်ခုက ဆူဇီမို၏ဦးခေါင်းဆီသို့ ပစ်လွင့်ပျံသန်းသွားလေသည်။

“မီးပဒေသာနဂါးမျက်လုံး....”

နဂါးများကြားမှ ရုတ်ရုတ်သဲသဲ အသံများက ထွက်ပေါ်လာခဲ့လေသည်။

များစွာသော မီးပဒေသာနဂါးများက စိတ်လှုပ်ရှားတက်ကြွလာကြလေသည်။

ဤလျှို့ဝှက်အတတ်သည် မီးပဒေသာနဂါးမျိုးရိုး၏ ဂုဏ်ယူဖွယ်ရာတစ်ရပ်ဖြစ်လေသည်။

မီးပဒေသာနဂါးမျက်လုံးကို ထုတ်ဖော်လိုက်ခြင်းက အနိုင်ရလဒ်ကို ဆုံးဖြတ်ပြီးသွားပြီဟု ဆိုလိုလေသည်။

လုံယဲ့သည် သိုဝှက်နဂါးအဆင့်သတ်မှတ်ချက်ပေါ်တွင် အဆင့် ၅ နေရာကိုရရှိခဲ့ခြင်းမှာ သူ၏အနီးကပ်တိုက်ခိုက်ရည်ကြောင့်မဟုတ်ဘဲ သူ၏ တာအိုစက္ခုနည်းစနစ်ကြောင့် ဖြစ်လေသည်။

သို့သော်လည်း နဂါးများသည် နောက်ပိုင်းအရာကိုမြင်သောအခါ သူတို့၏အမူအရာကပြောင်းလဲသွားပြီး သူတို့၏အသံများက ချက်ချင်းပင် ပျောက်ကွယ်သွားလေသည်။ သူတို့၏ မျက်လုံးများက မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်လာကြလေသည်။

လုံယဲ့က မီးပဒေသာနဂါးမျက်လုံးကို ထုတ်ဖော်လိုက်သည့်ခဏမှာပင် ဆူဇီမို၏ ညာဘက်မျက်လုံးမှလည်း ပြိုးပြိုးပြက်ပြက်အလင်းတန်းတစ်ခုက ထွက်ပေါ်လာခဲ့လေသည်။

ဒါ့အပြင် ဤအလင်းတန်းက အရာရာတိုင်းကို လှီးဖြတ်၍ ဆုတ်ဖြဲပစ်နိုင်သည့်အလား လုံယဲ့၏ အလင်းတန်းနှင့်နှိုင်းစာလျှင် ထက်ရှမှုအလွှာတစ်ခု အပိုပါရှိနေလေသည်။

“မီးပဒေသာနဂါးမျက်လုံးလား....”

နဂါးများကကြောင်အမှင်တက်သွားကြလေသည်။

လုံမိုသည် အပြင်လူတစ်ယောက်သာဖြစ်ပြီး နဂါးမျိုးနွယ်မှာ ကျင့်ကြံဖို့အတွက် အချိန်သို့မဟုတ် အခွင့်အရေးမရှိခဲ့ပေ။ သူက မီးပဒေသာနဂါးမျက်လုံးကို ဘယ်လိုလုပ်ပြီး သိနေရတာလဲ..။

ထိုလျှို့ဝှက်အတတ်က ကျင့်ကြံဖို့အတွက် ဘယ်လောက်တောင်ခက်ခဲကြောင်း မီးပဒေသာနဂါးတိုင်းက သိထားကြလေသည်။ သို့သော်လည်း မသန့်စင်သောမျိုးဆက်သွေးနှင့် ဤအပြင်လူသည် အဲ့ဒါကို အောင်မြင်စွာကျင့်ကြံထားနိုင်လေသည်။

ပို၍ကြောက်စရာကောင်းသည့်အချက်မှာ ဤအပြင်လူ၏ မီးပဒေသာနဂါးမျက်လုံးသည် လုံယဲ့ထက်ပင် ပို၍ စွမ်းအားကြီးမားနေသည်ဟု ထင်ရလေသည်။

အဲ့ဒါက ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ....။

ဘုန်း....

စက္ခုနည်းစနစ်နှစ်ခု၏ ထိတွေ့ရိုက်ခတ်မှုကနေ ပို၍ပင် ကြောက်စရာကောင်းသောအသံတစ်သံက ထွက်ပေါ်လာခဲ့လေသည်။

အလင်းမီးမောင်းနှစ်ခုက ကြေမွသွားလေသည်။

လုံယဲ့က စူးစူးဝါးဝါးအော်ဟစ်လိုက်ရလေသည်။

သူ၏ညာဘက်မျက်လုံးကနေ သွေးများက စီးကျလာခဲ့လေသည်။ သူ၏မျက်စိက ကွယ်မသွားသော်လည်း အဲ့ဒါက အရမ်းကိုကြောက်စရာကောင်းနေလေသည်။

ဆူဇီမိုတွင် နဂါးမျိုးနွယ်၏လျှို့ဝှက်အတတ် မီးပဒေသာနဂါးမျက်လုံးအပြင် သူ၏မျက်လုံးထဲမှာ မီးပဒေသာကျောက်တုံးပါရှိနေသည်ကို မည်သာနဂါးကမှ မသိရှိကြပေ။

မီးပဒေသာကျောက်တုံးသည် ဓားပျံတစ်စုံအဖြစ် အသွင်ပြောင်းထားပြီး အဲ့ဒါက မီးပဒေသာဓားဝင်္ကပါကို ထုတ်ဖော်နိုင်လေသည်။

လုံယဲ့၏ မီးပဒေသာနဂါးမျက်လုံးသည် ထိုစွမ်းအားနှစ်မျိုး၏ ပေါင်းစပ်မှုကို လုံးဝမယှဥ်နိုင်ပေ။

တကယ်တော့ လုံယဲ့၏ စက္ခုနည်းစနစ် စွမ်းအားက အတော်လေးကြောက်စရာကောင်းနေခဲ့ပြီးသား ဖြစ်လေသည်။

အဲ့ဒါက ကျင့်ကြံရေးလောကမှာဆိုလျှင် ထိုတိုက်ခိုက်မှုဖြင့် သူသည် ဓမ္မဝိသေသ တာအိုအရှင်များ၏ မျက်လုံးများကိုပင် ထိခိုက်ဒဏ်ရာရရှိစေနိုင်လေသည်။

“လုံမို... မင်းက ဘယ်လိုတောင် ငါ့ကို ဒဏ်ရာရအောင် လုပ်ရဲတာလဲ...”

လုံယဲ့သည် ကြမ်းကြုတ်ခက်ထန်သောအမူအရာဖြင့် ရှေ့သို့တစ်ဖန်ခုန်အုပ်လိုက်လေသည်။ သူ၏နှာရောင်က တောက်ပသွားပြီး မနှိုင်းယှဥ်သာအောင် စွမ်းအားကြီးမားသော စိတ်ဝိညာဥ်အသိစိတ်တိုက်ခိုက်မှုတစ်ခုက ပေါက်ကွဲထွက်ပေါ်လာခဲ့လေသည်။

နဂါးမျိုးနွယ်၏ နေရာဒေသတွင် အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်များကို ခွင့်ပြုပေးမထားပေ။

အကြောင်းမှာ အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်များကို ထုတ်ဖော်လိုက်သည်နှင့် အဲ့ဒါကို အချိန်မီရပ်တန့်ဖို့ခက်ခဲပြီး နဂါးများက အလွယ်တကူ သေဆုံးသွားနိုင်လေသည်။

ဤကဲ့သို့သော နစ်နာဆုံးရှုံးမှုက ပြန်လည်အစားထိုးလို့မရပေ။

သို့သော်လည်း စိတ်ဝိညာဥ်အသိစိတ်တိုက်ခိုက်မှုများကိုတော့ နဂါးများကြားတိုက်ပွဲမှာ ခွင့်ပြုထားလေသည်။

အဲ့ဒါက လုံယဲ့၏ နောက်ဆုံးဝှက်ဖဲဖြစ်လေသည်။

ပကတိမူလနတ္ထိအဆင့်သို့ရောက်ရှိအောင် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီးနောက်သူ၏ ခွန်အားနှင့် စိတ်ဝိညာဥ်အသိစိတ်သည် မူလနတ္ထိအဆင့်သို့ ဝင်ရောက်ခါစဖြစ်သော အပြင်လူတစ်ယောက်နှင့် မယှဥ်နိုင်ဟု သူကမယုံကြည်ပေ။

သို့သော်လည်း သူက မည်သို့သောပုဂ္ဂိုလ်နှင့်ရင်ဆိုင်နေရသလဲ လုံးဝနားမလည်သေးပေ။

ဆူဇီမိုသည် မူလနတ္ထိအဆင့်သို့ ဝင်ရောက်ခါစဖြစ်သော်လည်း သူသည် တျဲယွဲ့ချန်ထားရစ်ခဲ့သော တာအိုနည်းစနစ်ကို ကျင့်ကြံထားခြင်းဖြစ်လေသည်။

သူက မူလနတ္ထိအဆင့်သို့ဝင်ရောက်ပြီး သူ၏ယန်စိတ်ဝိညာဥ်ကို ကျင့်ကြံခါစ ဖြစ်သည်ဆိုလျှင်တောင် သူက လုံယဲ့စိန်ခေါ်နိုင်သော တစ်စုံတစ်ယောက်မဟုတ်ပေ။

“သွားစမ်းပါ...”

လုံယဲ့က နောက်တစ်ဖန်ခုန်ဝင်လာသည်ကို မြင်သောအခါ ဆူဇီမိုကလည်း စိတ်မရှည်နိုင်မှု တစ်စွန်းတစ်စကို ထုတ်ပြလာလေသည်။ သူက သူ၏စိတ်ဝိညာဥ်အသိစိတ်ကို စုစည်းပြီး တန်ပြန်တိုက်ခိုက်လိုက်လေသည်။

လုံယဲ့၏ စိတ်ဝိညာဥ်အသိစိတ်က ဒေါသူပုန်ထနေသော မြစ်တစ်စင်းဆိုလျှင် ဆူဇီမို၏ စိတ်ဝိညာဥ်အသိစိတ်က တလိပ်လိပ်တိုးဝင်လာသော ဆူနာမီတစ်ခုဖြစ်လေသည်။

ဘုန်း...

စိတ်ဝိညာဥ်အသိစိတ်နှစ်ခုက ထိတွေ့ရိုက်ခတ်သွားကြလေသည်။

လုံယဲ့၏ အမူအရာက ပြောင်းလဲသွားပြီး ညည်းတွားအော်ဟစ်လိုက်ရလေသည်။ သူ၏မျက်နှာက သွေးဆုတ်သွားပြီး သူ၏စိတ်ထဲတွက် စူးရှသောနာကျင်မှုတစ်ခုကို ခံစားရကာ သတိလစ်မတတ် ဖြစ်သွားရလေသည်။

တဒင်္ဂစိတ်အာရုံပျက်ယွင်းမှုတွင် ဆူဇီမိုက ချည်းကပ်လာပြီဖြစ်ပြီး သူ၏ရင်ဘတ်ကို ထိုးနှက်လိုက်လေသည်။

ဘန်း....

ကြောက်စရာကောင်းသော စွမ်းအားတစ်ခုက သူ၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာခဲ့လေသည်။ လုံယဲ့သည် သူ၏ရင်ဘတ်က ကြေမွသွားပြီး သူ၏နှလုံးခုန်သံက ခဏမျှရပ်တန့်သွားသည်ကို ရှင်းလင်းစွာ ခံစားမိ​လေသည်။

သူ၏ဘေးပတ်လည်က ချာချာလည်သွားသည်ဟု ခံစားရပြီး သူကအဝေးသို့ လွင့်စင်ထွက်သွားခဲ့လေသည်။ နောက်ဆုံးမှာတော့ သူသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာပစ်ကျပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးက နာကျင်ကိုက်ခဲသွားလေသည်။

သူက ရှုံးနိမ့်သွားရလေပြီ....။

သူသည် ဤကံသို့ပင် သိုဝှက်နဂါးအဆင့်သတ်မှတ်ချက်ကနေ အပြင်လူတစ်ယောက်၏ ဆွဲချခြင်းကို ခံလိုက်ရလေပြီ။

ရွှံ့တောထဲမှာ လဲလျောင်းနေရင်း လုံယဲ့သည် မီးခိုးရောင်ကောင်းကင်ကို မှိန်ဖျော့နေသောမျက်လုံးများဖြင့် ကြည့်လိုက်လေသည်။

သူ့ကျင့်ကြံမှု၏ ဤအဆင့်အထိ သူသည် သူ၏ကလန်သားများနှင့် ကြိမ်ဖန်များစွာတိုက်ခိုက်ခဲ့ဖူးပြီး ရှုံးနိမ့်မှုများစွာကိုလည်း ကြုံတွေ့ခဲ့ဖူးလေသည်။ သို့သော်လည်း ဤတစ်ခေါက် ရိုက်ချက်က အရမ်းကိုကြီးမားလေသည်။

“အစ်ကိုယဲ့....”

“အစ်ကိုယဲ့... ခင်ဗျားအဆင်ပြေရဲ့လား “

များစွာသော မီးပဒေသာနဂါးများသည် စိုးရိမ်ပူပန်နေသော အမူအရာဖြင့် ရှေ့သို့ပြေးတက်လာကြလေသည်။ သူတို့၏အသံများက သူ၏နားထဲမှာ အလွန်တရာဝေးကွာနေလေသည်။

“အား...”

လုံယဲ့သည် ညင်သာစွာသက်ပြင်းချ၍ သူ၏မျက်လုံးနှစ်ဖက်ကို မှိတ်ချလိုက်လေသည်။

သူသည် ပျော်ရွှင်ခြင်းမရှိ စိုးရိမ်ပူပန်ခြင်းမရှိဘဲ ဒွိဟဖြစ်နေလေသည်။

သူက ရှုံးနိမ့်မှုအတွက် ဝမ်းနည်းရလေသည်။ သို့သော်လည်း ဤနေ့မှစ၍ မီးပဒေသာနဂါးမျိုးရိုးက မြင့်မားတိုးတက်လာတော့မည်ဖြစ်ကြောင်း သူက သိလိုက်လေသည်။

မီးပဒေသာနဂါးနှစ်ကောင်က လုံယဲ့ကို သယ်ပိုးပြီး လျင်မြန်စွာပြန်ပြေးလာခဲ့လေသည်။ သူတို့က လုံယဲ့၏ ဒဏ်ရာများကို ကုသဖို့အတွက် တစ်စုံတစ်ယောက်ကို ရှာဖွေရပေလိမ့်မည်။

ဘေးပတ်ဝန်းကျင်ရှိ နဂါးများက အတန်ကြာသည့်အထိ ထွက်ခွာမသွားကြ​ပေ။

များစွာသောမီးပဒေသာနဂါးများသည် ဆူဇီမိုကို ကြည်ညိုလေးစားသော မျက်လုံးများဖြင့် ကြည့်လိုက်ကြလေသည်။

ထိုအခိုက်အတန့်တွင် မည်သည့်မီးပဒေသာနဂါးကမှ ဆူဇီမိုကို အပြင်လူတစ်ယောက်အဖြစ် စွပ်စွဲပြောဆိုခြင်းမရှိတော့ပေ။

အဲ့ဒီမှာ မည်သည့်မီးပဒေသာနဂါးကမှ သူ့ကိုမသန့်စင်သောမျိုးဆက်သွေးနှင့် ကောင်စုတ်တစ်ကောင်ဟု ငေါက်ငမ်းခြင်းမရှိတော့ပေ။

လုံယဲ့ပြောခဲ့သလိုပင် နဂါးမျိုးနွယ်မှာ ခွန်အားကသာ အရာရာဖြစ်လေသည်။

သူက ဤနေရာမှာ နဂါးများ၏လေးစားမှုနှင့် အသိအမှတ်ပြုမှုကို ရရှိချင်သည်ဆိုလျှင် သူက သူ၏လက်သီးများအပေါ်သာ မှီခိုရပေလိမ့်မည်။

ဗဟိုရင်ပြင်ပေါ်တွင် ဧရာမ သိုဝှက်နဂါးအဆင့်သတ်မှတ်ချက်က ပြောင်းလဲသွားလေသည်။

သိုဝှက်နဂါးအဆင့်သတ်မှတ်ချက်၏ နံပါတ် ၅ နေရာရှိ စာကြောင်းဖြစ်သော 'လုံယဲ့မီးပဒေသာနဂါး' က ရုတ်တရက် အောက်သို့လျှောကျသွားလေသည်။

ဗဟိုရင်ပြင်တွင် များစွာသောနဂါးများက နေ့စဥ်နှင့်အမျှ စုဝေးနေတတ်ကြလေသည်။

သိုဝှက်နဂါးအဆင့်သတ်မှတ်ချက်ပေါ်ရှိ ပြောင်းလဲမှုက များစွာသောနဂါးများ၏ စိတ်အာရုံကို ဖမ်းစားသွားလေသည်။

“အား... သိုဝှက်နဂါးအဆင့်သတ်မှတ်ချက်ရဲ့ အဆင့် ၅ နေရာက ပြောင်းလဲသွားပြီလား...”

“လုံယဲ့က ဘယ်သူ့ကိုရှုံးသွားတာပါလိမ့်...”

“အဲ့ဒါက လုံရှီများလား... သူမက မီးပဒေသာနဂါးနယ်မြေဘက်ကို စောစောကတင် ထွက်သွားတယ်လို့ ငါကြားမိတယ်”

နဂါးများက ဆွေးနွေးနေကြစဥ်မှာပင် သိုဝှက်နဂါးအဆင့်သတ်မှတ်ချက်၏ နံပါတ် ၅ နေရာပေါ်တွင် စာကြောင်းတစ်ကြောင်းက ပေါ်လာခဲ့လေသည်။

လုံမို မီးပဒေသာနဂါး.....

All Chapters