နှင်းခဲနဂါးထွက်သက်
Vol. 73 Ch. 1082
“လုံမိုလား.... မီးပဒေသာနဂါးမျိုးနွယ်ကတဲ့လား... အဲ့ဒီမှာ ဘယ်တုန်းကများ ဒီလိုမျိုးအထင်ကြီးစရာကောင်းတဲ့ နဂါးတစ်ကောင် ပေါ်လာခဲ့တာလဲ... ငါသူ့ကို အရင်က ဘာလို့မကြားဖူးရတာလဲ...”
“ထူးဆန်းတယ်... အဲ့ဒီလုံမိုဆိုတဲ့နာမည်က နည်းနည်းတော့ ရင်းနှီးနေသလိုပဲ...”
နဂါးများသည် သိုဝှက်နဂါးအဆင့်သတ်မှတ်ချက်ကို လက်ညိုးထိုးပြီး အသည်းအသန်ဆွေးနွေးနေကြလေသည်။
ရုတ်တရက် နဂါးများထဲမှ အော်သံတစ်သံက ထွက်ပေါ်လာခဲ့လေသည်။
“ငါသိသွားပြီ....”
နဂါးတစ်ကောင်က ပြောလိုက်လေသည်။
“အဲ့ဒီလုံမိုက ပြီးခဲ့တဲ့တစ်လကမှ မီးပဒေသာနဂါးမျိုးရိုးကို ဝင်ရောက်ခဲ့တဲ့ အပြင်လူတစ်ယောက်ပဲ... “
“အား... အဲ့ဒါသူကိုး... သူက သွေးနှောနဂါးမျိုးရိုးဘက်ခြမ်းမှာလည်း အတော်လေး ဂယက်ရိုက်သွားသေးတယ်... အခု သူက လုံယဲ့ကိုတောင် ယှဥ်နိုင်တဲ့ တိုက်ခိုက်ရည်ခွန်အား ရှိနေတယ်ဆိုတော့....”
“မီးပဒေသာနဂါးမျိုးက အကြီးအကဲတွေက သူ့ကိုလုံရှီနဲ့ လက်ဆက်ပေးချင်နေတယ်လို့ ငါကြားမိတယ်...”
“လုံရှီက အခုအဲ့ဒီကိုသွားနေပြီ... သူမရဲ့ နာမည်ပြောင်က အာဏာရှင်နဂါးပဲ... သူမက အဲ့လိုမျိုးရန်စတာကို ဘယ်လိုလုပ်သည်းခံနိုင်ပါ့မလဲ... အဲ့ဒီလုံမိုကတော့ နာဖို့သာပြင်ထားပေတော့...”
တစ်စုံတစ်ယောက်က အူမြူးအားရစွာပြောလိုက်လေသည်။
“တစ်ခုခုတော့လွဲနေပြီ”
ထိုစဥ်မှာပင် နဂါးတစ်ကောင်က သိုဝှက်နဂါးအဆင့်သတ်မှတ်ချက်ကို လက်ညိုးထိုးပြီးပြောလိုက်လေသည်။
“လုံရှီက သိုဝှက်နဂါးအဆင့်သတ်မှတ်ချက်မှ အဆင့် ၈ ပဲရှိတာ... သူမက လုံမိုကို ဘယ်လိုလုပ်ပြီး...”
ယခုအခါမှာသာလျှင် သိုဝှက်နဂါးအဆင့်သတ်မှတ်ချက်က ပြောင်းလဲသွားသည်ကို နဂါးများက ပြန်လည်သတိဝင်လာကြလေသည်။ လုံမို၏ တိုက်ခိုက်ရည်ခွန်အားက လုံရှီထက်ပင် ပိုမိုသန်မာနေလေသည်။
ထိုသို့သာဆိုလျှင် ထိုနေရာသို့ လုံရှီသွားခြင်း၏ နောက်ဆက်တွဲအကျိုးရလဒ်က ...
နဂါးများသည် အကြည့်ချင်းဖလှယ်ပြီးနောက် မီးပဒေသာနဂါးနယ်မြေဘက်သို့ အလိုလိုဦးတည်ပြေးသွားကြလေသည်။
လုံယဲ့ကို အနိုင်ယူပြီးနောက် ဆူဇီမိုသည် နဂါးများထံမှ ရိုသေလေးစားသောအကြည့်များကို ခံယူကာ နောက်ဆုံး စိတ်သက်သာရာ ရသွားလေသည်။
နဂါးများနှင့် တစ်ယောက်ချင်းတိုက်ခိုက်နေရတာထက်စာလျှင် ဤကဲ့သို့သောရလဒ်ကို ထုတ်ဖော်နိုင်ခဲ့သည်က ပို၍ကောင်းလေသည်။
သိုဝှက်နဂါးအဆင့်သတ်မှတ်ချက်ပေါ်ရှိ နံပါတ် ၅ ကိုဖိနှိမ်ခြင်းက သိသာထင်ရှားသော အဖြေတစ်ခုဖြစ်ပြီး သူ့အတွက် ဒုက္ခများစွာကို သက်သာသွားစေလေသည်။
သူသည် သူ့နောက်ဘက်ရှိ ရုတ်ရုတ်သဲသဲအသံများကို ကြားသောအခါ ကျပန်းနဂါးတစ်ကောင်ဆီကို သွားပြီး သူ၏နဂါးသားရဲတွင်းနေရာကိုမေးဖို့ ဆုံးဖြတ်လိုက်လေသည်။
“အဲ့ဒီလုံမိုဆိုတာ ဘယ်မှာလဲ....”
ထိုစဥ်မှာပင် အသံတစ်သံက ထွက်ပေါ်လာပြီး ဆူဇီမို၏ နားစည်ကိုတုန်ခါသွားစေလေသည်။ ပုံမှန်အားဖြင့်ဆိုလျှင် မီးပဒေသာနဂါးများသည် မီးဒြပ်စင်ရှိပြီး သူတို့ရှင်သန်နေထိုင်ရာနေရာက အပူချိန်အလွန်မြင့်မားလေသည်။ သို့သော်လည်း ထိုအခိုက်အတန့်တွင် ဘေးပတ်ဝန်းကျင်ရှိအပူချိန်က ထိုးဆင်းသွားခဲ့လေသည်။
ဘေးပတ်ဝန်းကျင်သို့ ဝင်ရောက်လာသူကို မြင်သောအခါ သူတို့၏အမူအရာများက ပြောင်းလဲသွားပြီး အလိုလိုနောက်သို့ ဆုတ်လိုက်ကြလေသည်။
ဆူဇီမိုက မျက်မှောင်ကြုတ်ပြီး လှည့်ကြည့်လိုက်လေသည်။
မလှမ်းမကမ်းတွင် နဂါးအချို့က စိတ်ဆိုးမာန်ဆိုးအမူအရာဖြင့် ဤနေရာသို့ ပြေးလာနေကြလေသည်။ သူတို့၏ခေါင်းဆောင်က တင်းကျပ်သောအဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးငယ်တစ်ယောက်ဖြစ်ပြီး သူမ၏ မြင့်မားသော ခန္ဓာကိုယ်က ပြီးပြည့်စုံစွာ ထင်ပေါ်နေလေသည်။
အမျိုးသမီး၏မျက်နှာက နုနယ်ပြီး သူမ၏သွင်ပြင်က ကြော့ရှင်းလှပနေလေသည်။ ခြုံပြီးပြောရလျှင် သူမသည် တစ်မူထူးခြားသောအလှတရားကို ထုတ်ဖော်ပေးနေလေသည်။ သို့သော်လည်း သူမ၏ရင်ဘတ်ပေါ်ရှိ တောင်ပို့နှစ်ခုက အတော်လေးသိသာထင်ရှားနေလေသည်။
“လုံမိုဆိုတာ ဘယ်သူလဲ... အခုထွက်ခဲ့စမ်း”
သူမရောက်လာသောအခါ အမျိုးသမီးက ရုတ်တရက် သူမ၏ပါးစပ်ကို ဖွင့်ဟပြီး ဟိန်းဟောက်လိုက်လေသည်။
အမျိုးသမီးက သေချာပေါက် အချောအလှလေးဖြစ်လေသည်။
သို့သော်လည်း သူမ၏အသံက တကယ့်ကိုကြောက်စရာကောင်းနေလေသည်။
အနည်းဆုံးတော့ ကြိုတင်ပြင်ဆင်ထားမှုမရှိသော ဆူဇီမိုက အနည်းငယ်ထိတ်လန့်သွားလေသည်။
ထိုအခိုက်အတန့်တွင် နဂါးများသည် ဘေးဘက်သို့ ပြန့်ကျဲသွားပြီး ဆူဇီမိုက အလယ်မှာကျန်ရစ်၍ တစ်ယောက်တည်း ထီးတည်းဖြစ်နေလေသည်။
အမျိုးသမီး၏အကြည့်က ရွေ့လျားလာပြီး ဆူဇီမိုကို ချက်ချင်းပင်မြင်တွေ့သွားလေသည်။
သူမက ခြေသုံးလှမ်းဖြင့် ချက်ချင်းပင် သူ့ရှေ့သို့ ရောက်ရှိလာလေသည်။
သူမက ဆူဇီမိုထက် ခေါင်းတစ်ဝက်ပင် ပို၍မြင့်မားနေလေသည်။
“လုံမို ဘယ်မှာလဲ ငါ့ကိုပြောစမ်းပါ...”
အနီးကပ်သေချာကြည့်လိုက်သောအခါ အမျိုးသမီး၏ မျက်လုံးများသည် နီလာကျောက်နှစ်လုံးကဲ့သို့ ဝင်းလက်တောက်ပနေလေသည်။
ဆူဇီမိုက တိတ်တဆိတ် အကျပ်တွေ့သွားရလေသည်။
သူ့ရှေ့ရှိနဂါးက မီးပဒေသာနဂါးမျိုးရိုးက မဟုတ်သည်မှာ သိသာလေသည်။
သူ၏ဘေးပတ်လည်ရှိ ပြောဆိုသံများကို နားထောင်ခြင်းဖြင့် ဤအမျိုးသမီးက ဦးချိုမဲ့နဂါးမျိုးရိုးမှ လာခြင်းဖြစ်ပုံရလေသည်။
သူသည် နဂါးအရိုးတောင်ကြားသို့ မကြာသေးခင်ကမှ ရောက်ရှိလာပြီး ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းကနေ ထွက်လာခါစဖြစ်လေသည်။ သူက ဦးချိုမဲ့နဂါးမျိုးရိုးမှ ဤအမျိုးသမီးနှင့် မည်သို့မည်ပုံပတ်သက်မိသွားသလဲ တကယ်ပင်မသိရှိပေ။
ဤအမျိုးသမီးက ရန်လိုစိတ်ရှိနေသည်ကို ဆူဇီမိုက ပြောနိုင်လေသည်။
သို့သော်လည်း သူက ညင်သာစွာပြုံးပြလိုက်လေသည်။
“ကျုပ်က လုံမိုပါ...”
“နင်လား...”
အမျိုးသမီးက ကြောင်အ မှင်တက်သွားလေသည်။
သူမ၏ ကျောက်မျက်ကဲ့သို့ မျက်လုံးများထဲတွင် အံအားသင့်တုန်လှုပ်မှုတစ်စွန်းတစ်စက ထင်ဟပ်လာခဲ့လေသည်။ သူမကလည်း အနည်းငယ်ငေးငိုင်သွားလေသည်။ အဲ့ဒါက စောစောက သူမ၏ ကြမ်းတမ်းသော အမူအရာနှင့် လိုက်ဖတ်ခြင်းမရှိတော့ပေ။
သို့သော်လည်း သူမသည် အလွန်လျင်မြန်စွာ တုံ့ပြန်လိုက်လေသည်။ သူမ၏လက်သီးကို တင်းတင်းဆုပ်ပြီး သူမ၏လည်ပင်းကြောများကို လှုပ်ခါကာ အံကိုကြိတ်၍ ပြောလိုက်လေသည်။
“ကောင်းပြီလေ... နင်ဘယ်လိုတောင် သတ္တိကောင်းနေတာလဲ...”
ဆူဇီမိုက တွေဝေရှုပ်ထွေးသွားလေသည်။
သူက အဘယ့်ကြောင့် ဤကဲ့သို့ စွပ်စွဲပြောဆိုခံနေရသလဲ နားမလည်နိုင်ပေ။
လုံယဲ့သည် ဦးချိုမဲ့နဂါးမျိုးရိုးမှ ဤအချောအလှလေး၏ တာအိုလက်တွဲဖော်များဖြစ်နေမလား..
သူမက လုံယဲ့၏ဇနီးဆိုလျှင် သူ၏ယောင်္ကျားကို သူက ရိုက်နှက်ဆုံးမလိုက်သည့်အတွက် သူမက ရန်လာတွေ့တာလည်း ဖြစ်နိုင်လေသည်။
“လုံယဲ့က ခင်ဗျားရဲ့တာအိုလက်တွဲဖော်လား...”
ဆူဇီမိုက တုံ့ဆိုင်းနေသော်လည်း ကြိုးစား၍ မေးလိုက်လေသည်။
ခွီ.....
နဂါးများထဲမှ ချုပ်တည်းထားသော ရယ်သံများက လျှံထွက်လာလေသည်။
“လုံမိုကတော့ သွားရှာပြီ...”
“သူက အာဏာရှင်နဂါးကို ဒီလိုပုံစံနဲ့သွားပြီး ကျီစယ်ရတယ်လို့... ဘယ်လောက်တောင် ကံဆိုးလိုက်သလဲ”
များစွာသောနဂါးများက အူမြူးအားရသော အမူအရာများကို ထုတ်ပြလာကြလေသည်။
“သရုပ်ဆောင်နေတာ ရပ်လိုက်စမ်း....”
ဦးချိုမဲ့နဂါးအမျိုးသမီးက သူမ၏ ပုလဲဖြူရောင်သွားများကိုကြိတ်ပြီး သူမ၏ ရေခဲတမျှအေးစက်လာကာ ပြောလိုက်လေသည်။
“နင်က ဘယ်လိုတောင် ငါ့ကိုလက်ထပ်ခွင့်တောင်းရဲတာလဲ... နင်က မသန့်စင်တဲ့မျိုးဆက်သွေးနဲ့ အပြင်လူတစ်ယောက်ပဲ... နင်ကတော့ သေချင်နေတာပဲဖြစ်ရမယ်”
“လက်ထပ်ခွင့်တောင်းတယ်ဟုတ်လား....”
ဆူဇီမိုက ကြောင်အ မှင်တက်သွားခဲ့လေသည်။
သူသည် ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းကနေ ထွက်လာခါစဖြစ်လေသည်။ သူက အခြားတစ်ယောက်ကို ဘယ်လိုလုပ်လက်ထပ်ခွင့်တောင်းနိုင်ပါ့မလဲ...
ရုတ်တရက် ဦးချိုမဲ့နဂါးအမျိုးသမီးသည် သူမ၏ပါးစပ်ကို ဖွင့်ဟပြီး ဆူဇီမိုထံသို့ အဖြူရောင်မြူခိုးများကို ထွေးထုတ်လိုက်လေသည်။
ဘေးပတ်ဝန်းကျင်ရှိ အပူချိန်က ချက်ချင်းပင်ထိုးဆင်းသွားပြီး မြေပြင်ထက်မှာ နှင်းခဲတစ်လွှာက ဖြစ်ပေါ်လာခဲ့လေသည်။
နဂါးထွက်သက်....
နဂါးတိုင်းသည် ထိုကဲ့သို့သော စွမ်းရည်ဖြင့် မွေးဖွားလာကြလေသည်။
တကယ်တော့ နဂါးထွက်သက်အမျိုးမျိုးရှိပြီး ခွန်အားများကလည်း အမျိုးမျိုးကွာခြားကြလေသည်။
ဤဦးချိုမဲ့နဂါး၏ နဂါးထွက်သက်က နှင်းခဲလွှာဖြစ်လေသည်။
ဆူဇီမိုက စိတ်အာရုံပျက်ယွင်းသွားစဥ်မှာပင် ဦးချိုမဲ့နဂါးအမျိုးသမီးက သူမ၏ပါးစပ်ကို ဖွင့်ဟပြီး ထွက်သက်ကို ရှုထုတ်လိုက်လေသည်။
မွှေးပျံ့သောရနံ့က လွှမ်းခြုံလာခဲ့လေသည်။ ထို့နောက် ချက်ချင်းပင် နှင်းခဲတစ်လွှာက သူ၏ဦးခေါင်း ၊ သွေးနီရောင်ဆံပင် ၊ မျက်နှာ ၊ ခန္ဓာကိုယ်နှင့် ခြေလက်များကို ဖုံးအုပ်သွားခဲ့လေသည်။
အဲ့ဒီနောက် ရေခဲများက မြင်နိုင်သောနှုန်းထားဖြင့် ဖြစ်တည်လာခဲ့လေသည်။
တစ်ခဏအတွင်းမှာပင် ဆူဇီမိုသည် လူပုံသဏ္ဌာန်ရေခဲရုပ်ထုတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။
“အဲ့ဒါကတော့... ဆိုးပြီ”
“သူက အာဏာရှင်နဂါးရဲ့ထွက်သက်နဲ့ အေးခဲခံလိုက်ရမယ်ဆိုရင် သူ့ရဲ့ ကိုယ်တွင်းအင်္ဂါတွေက အပြင်းအထန် ဒဏ်ရာရရှိသွားမှာပဲ... အဲ့ဒါက ကုသဖို့အတွက် အနည်းဆုံး လဝက်လောက်ကြာလိမ့်မယ်”
နဂါးများက မည်သည့်စာနာမှုမှ မရှိဘဲ ဆွေးနွေးလိုက်ကြလေသည်။
“ဟွန့်...”
ဦးချိုမဲ့နဂါးက ရေခဲရုပ်ထုကို ညင်သာစွာတောက်ပြီး လှောင်ရယ်မောလိုက်လေသည်။
“အဲ့ဒီမှာဆက်ပြီးတော့ ဟန်ဆောင်နေလိုက်ဦး... အဲ့ဒါက နင်တွေ့ကြုံခံစားရမယ့် အရသာတစ်ခုပဲ ရှိသေးတယ်...”
ဖြောက်.. ဖြောက်.....ဖြောက်....
ထိုစဥ်မှာပင် တဖြောက်ဖြောက်မြည်သံများက ထွက်ပေါ်လာခဲ့လေသည်။
“ဟွန့်... “
ဦးချိုမဲ့နဂါးအမျိုးသမီးက ကြောင်အ မှင်တက်သွားခဲ့လေသည်။
အဲ့ဒီနောက် အားလုံး၏ အကြည့်အောက်မှာပင် လူပုံသဏ္ဌာန် ရေခဲရုပ်ထုပေါ်မျာ အက်ကွဲကြောင်းတစ်ခုကဖြစ်ပေါ်လာပြီး လျင်မြန်စွာပြန့်ကားလာခဲ့လေသည်။
တစ်ခဏအတွင်းမှာပင် ထိုအက်ကွဲကြောင်းက ရေခဲရုပ်ထုတစ်ခုလုံးကို ဖုံးအုပ်သွားခဲ့လေသည်။
ဘုန်း...
အဲ့ဒီမှာကျယ်လောင်သော မြည်သံတစ်သံက ထွက်ပေါ်လာခဲ့လေသည်။
တလိပ်လိပ်တက်လာသော သွေးချီများနှင့်အတူ လူတစ်ယောက်က လျှောက်လှမ်းထွက်လာခဲ့လေသည်။ သူ့ထံမှ အလွန်ကြီးမားသည့် အော်ရာတစ်ခုက ဖြာထွက်နေပြီး ဦးချိုမဲ့နဂါးအမျိုးသမီးကို တောက်လောင်နေသောအကြည့်ဖြင့် စိမ်းစိမ်းဝါးဝါးစိုက်ကြည့်လိုက်လေသည်။
“ဟင်း....”
နဂါးများက ပင့်သက်ကိုရှိုက်လိုက်ကြလေသည်။
သူသည် ဦးချိုမဲ့နဂါးအမျိုးသမီးထံမှ နှင်းခဲနဂါးထွက်သက်၏ ထိခတ်ခြင်းခံရပြီးတာတောင် သူက တကယ့်ကို အဆင်ပြေနေသေးလေသည်။
ဦးချိုမဲ့နဂါးအမျိုးသမီးက လျင်မြန်စွာတုံ့ပြန်လိုက်လေသည်။ သူမ၏သွေးချီက တလိပ်လိပ်တက်လာပြီး သူမထံမှ အေးစက်စက်အော်ရာတစ်ခုက ဖြာထွက်လာကာ ဆူဇီမိုထံသို့ ပြေးဝင်သွားလေသည်။
ဘန်း...
ဦးချိုမဲ့အမျိုးသမီးက ရှေ့သို့လျင်မြန်စွာ ထိုးတက်သွားသော်လည်း ပို၍လျင်မြန်စွာပင် ပြန်ကန်ထွက်လာခဲ့လေသည်။
သူမက ရှေ့သို့ပြေးတက်စွားစဥ်မှာပင် ဆူဇီမို၏ ပစ်ထိုးခြင်းကို ခံလိုက်ရလေသည်။
ဦးချိုမဲ့နဂါးအမျိုးသမီးသည် မြေပြင်ပေါ်မှာ အပတ်ရေအနည်းငယ်လိမ့်သွားပြီးနောက် ပြန်ကျုံးထလာခဲ့လေသည်။ သူမက အနည်းငယ်မောဟိုက်နေပြီး အံကိုတင်းတင်းကြိတ်ကာ ပြောလိုက်လေသည်။
“နင်က... ဘယ်လိုတောင် ငါ့ကိုနာအောင်လုပ်ရဲတာလဲ...”
သူမ၏စကားမဆုံးသေးခင်မှာပင် သူမ၏အမြင်အာရုံက ဝေဝါးသွားပြီး သွေးရောင်အရိပ်တစ်ခုက ဖျတ်ခနဲလက်သွားလေသည်။
သူမက နောက်တစ်ဖန်လွင့်စင်ထွက်သွားပြီး မြေပြင်ပေါ်သို့ ဘုန်းခနဲမြည်ကာ ပြင်းထန်စွာကျသွားလေသည်။
“ဂါး....”
ဦးချိုမဲ့နဂါးအမျိုးသမီးသည် ဒေါသူပုန်ထသွားပြီး ဟိန်းဟောက်လိုက်လေသည်။ သူမ၏ခန္ဓာကိုယ်မှာ တဖြောက်ဖြောက်မြည်သံများက ထွက်ပေါ်လာပြီး သူမ၏ခန္ဓာကိုယ်က ပြန့်ကားလာခဲ့လေသည်။
သူမ၏ အဝတ်အစားများက စုတ်ပြဲသွားပြီး ငွေဖြူရောင်နဂါးကြေးခွံများက သူမ၏ခန္ဓာကိုယ်ပေါ်မှာ ပေါ်ထွက်လာခဲ့လေသည်။ သူတို့က နှင်းပွင့်နှင်းချပ်များကဲ့သို့ တဖျပ်ဖျပ် တလက်လက်တောက်ပနေပြီး တင်းကျပ်စွာဖြင့် စီထပ်နေလေသည်။