← Chapters

နားလည်မှု အကြီးကြီးလွဲခြင်း

Vol. 73 Ch. 1083

နားလည်မှု အကြီးကြီးလွဲခြင်း

Vol. 73 Ch. 1083

နဂါးမျိုးနွယ်မှ အမျိုးသမီးပြိုင်စံရှားတစ်ယောက်အနေဖြင့် လုံရှီသည် ကြမ်းတမ်းသော စိတ်နေစရိုက်ရှိလေသည်။ သူမ၏ စွမ်းအားကြီးသော တိုက်ခိုက်ရည်ခွန်အားနှင့် ပေါင်းစပ်လိုက်သောအခါ သူမသည် နဂါးအရိုးတောင်ကြားမှာ ထင်ရာစိုင်းနေပြီး သူမကို ရန်စရဲသည့်သူက မရှိသလောက်နီးပါးပင်။

သူမသည် ဓမ္မဝိသေသအဆင့်သို့ ချိုးဖျက်တမ်လှမ်းတော့မည် ဖြစ်လေသည်။ ယခုတော့ သူမက အပြင်လူတစ်ယောက်၏ ဖိနှိမ်ခြင်းကို ခံလိုက်ရလေသည်။ ဒါ့အပြင် ဤအပြင်လူက သူမကို ပြောင်ပြောင်တင်းတင်းပင် ကျီစယ်ရဲလေသည်။

သူမက လက်ထပ်မင်္ဂလာပွဲနှင့် ပတ်သက်၍ အာရုံမရှိပေ။

သူမ၏ ခင်ပွန်းလောင်းသည် ကောင်းကင်ဘုံနဂါးအဆင့်သတ်မှတ်ချက်၏ နံပါတ်တစ်ပုဂ္ဂိုလ် အစ်ကိုလုံစန်းကဲ့သို့ လက်သည်းလေးဖက်ပါ အံ့မခန်း နဂါးတစ်ကောင် ဖြစ်ရပေမည်။

အပြင်လူတစ်ယောက်က ဘယ်လိုလုပ် ထိုက်တန်ပါ့မလဲ။

“နဂါးအသွင်ပြောင်းလဲခြင်း”

တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ လုံရှီသည် သူမ၏ နဂါးတစ်ပိုင်းသွင်ပြင်သို့ ပြောင်းလဲလိုက်ပြီး အပြင်လူကို အရေခွံဆုတ်ဖို့ ပြင်ဆင်လိုက်လေသည်။

ဆူဇီမိုသည် လုံရှီကို တုံ့ပြန်ချိန် များစွာမပေးပေ။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး သူ၏လက်ကို ဆန့်ထုတ်ကာ သူမ၏ ကျောပြင်ကို ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။

မူလအခြေအနေတိုင်းဆိုလျှင် ထိုလက်ဝါးရိုက်ချက်က သူမ၏ ကျောပြင်ပေါ်သို့ ဆင်းသက်ရမည် ဖြစ်လေသည်။

သို့သော်လည်း.. သူမက နဂါးတစ်ပိုင်းသွင်ပြင်သို့ ပြောင်းလဲလိုက်သည့်အတွက် လုံရှီ၏ ခန္ဓာကိုယ်က ပြန့်ကား၍ ရှည်ထွက်လာခဲ့လေသည်။ ဆူဇီမို၏ လက်ဝါးက လုံရှီ၏ ကျောပေါ်သို့ မဟုတ်တော့ဘဲ သူမ၏ တင်ပါးပေါ်သို့ ကျရောက်သွားလေသည်။

ဤပြောင်းလဲမှုက လျှပ်တစ်ပြက်ဆန်လွန်းလေသည်။

ဆူဇီမို သတိထားမိချိန်တွင် အဲဒါက နောက်ကျသွားပြီဖြစ်ပြီး သူ၏ ခွန်အားအချို့ကို ကမန်းကတမ်း ပြန်လည်ရုတ်သိမ်းလိုက်ရလေသည်။

ဘန်း..

ဆူဇီမိုသည် သူ၏ခွန်အား အများစုကို ပြန်လည်ရုတ်သိမ်းခဲ့သော်လည်း သူ၏လက်က လုံရှီ၏ တင်ပါးပေါ်သို့ ကျဆင်းသွားဆဲဖြစ်ပြီး ခပ်ဆတ်ဆတ် အသံတစ်သံက ထွက်ပေါ်လာခဲ့လေသည်။

သူမ၏ အသားစိုင်များက တုန်ခါသွားလေသည်။

တိုက်ပွဲနယ်မြေတစ်ခုလုံးက ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

များစွာ​သော နဂါးများက ကြောင်အမှင်တက်နေကြလေသည်။

“ဘုရားရေ.. လုံမိုက ဘာလုပ်လိုက်တာပါလိမ့်”

“သူ.. သူက.. အာဏာရှင်နဂါးရဲ့ တင်ပါးကို တကယ်ကြီး ရိုက်ပုတ်လိုက်တာပဲ”

“သူက တင်ပါးကို ရိုက်ပုတ်ရတာ တော်တော်သဘောကျတဲ့ပုံပဲ”

နဂါးများက တီးတိုးရေရွတ်လိုက်ကြလေသည်။

လုံရှီသည် သူမ၏ နဂါးတစ်ပိုင်းသွင်ပြင်သို့ ပြောင်းလဲကာစဖြစ်ပြီး ဤရိုက်ချက်ကို တွေ့ကြုံခံစားလိုက်ရလေသည်။ ချက်ချင်းပင် သူမ၏ တစ်ကိုယ်လုံးက တောင့်တင်းသွားပြီး သူမ၏ ဖြူဖွေးနုနယ်သော မျက်နှာက နီမြန်းသွားလေသည်။

ဆူဇီမိုက ကူကယ်ရာမဲ့သော အမူအရာဖြင့် စိတ်ထဲကနေ သက်ပြင်းချလိုက်လေသည်။

သူသည် လုံရှီ၏ သွားကြိတ်သံကိုပင် ကြားလာရလေသည်။

အဲဒါက နားလည်မှု အကြီးကြီးလွဲခြင်းပင် ဖြစ်လေသည်။

အဲဒီမှာ ပြန်လည်ရှင်းပြဖို့က မဖြစ်နိုင်တော့ပေ။

သူက သူမ၏ တင်ပါးကို အမှတ်တမဲ့ ရိုက်မိသွားသည်ဟု ပြောရမည်လား..။

ထိုကဲ့သို့ ရှင်းပြခြင်းက ဤနဂါးရိုင်းမကို ပိုလို့ပင် ပေါက်ကွဲသွားစေပေလိမ့်မည်။

“ငါ.. နင့်ကို.. သတ်မယ်”

လုံရှီ၏ သွားကြားမှ စကားသံအချို့က ပေါက်ကွဲထွက်ပေါ်လာခဲ့လေသည်။ သူမ၏ လေသံက အေးစက်နေပြီး ပတ်ဝန်းကျင် အပူချိန်က ချက်ချင်းပင် ရေခဲမှတ်သို့ ကျဆင်းသွားခဲ့လေသည်။

သူမက ဤကဲ့သို့သော အရှက်ခွဲခံရမှုကို တစ်ခါမှ မတွေ့ကြုံခဲ့ဖူးပေ။

လုံရှီ၏ ခန္ဓာကိုယ်မှ သွေးချီက ပေါက်ကွဲထွက်ပေါ်လာပြီး သူမက ဆူဇီမိုကို တိုက်ခိုက်ဖို့အတွက် ကျုံးထလိုက်လေသည်။

ဆူဇီမိုသည် သူ့ရှေ့မှ အခြေအနေကို ဘယ်လိုကိုင်တွယ်ရမလဲ စဉ်းစားနေဆဲ ဖြစ်လေသည်။ သူက သူ၏လက်ကို ပြန်မရုတ်နိုင်ခင်မှာပင်.. သူ့လက်က အောက်သို့ အလိုလို သပ်ချမိသွားလေသည်။

ဖြောင်း..

လုံရှီသည် အခုမှ မတ်တတ်ရပ် ကျုံးထလာကာစဖြစ်ပြီး မုန်းတီးစရာကောင်းသော ထိုလက်ဝါးက သူမ၏ တင်ပါးပေါ်သို့ တစ်ဖန်ကျဆင်းလာခဲ့ပြန်လေသည်။

ဤတစ်ကြိမ်တွင်တော့.. သူမသည် နေရာမှာပင် ရပ်တန့်နေပြီး လုံးဝ မလှုပ်ရှားနိုင်တော့ပေ။

နဂါးများက ဆူညံပွက်လောရိုက်သွားကြလေသည်။

လုံမိုက အဲဒါကို နောက်တစ်ဖန် ထိတွေ့လိုက်ခြင်း ဖြစ်လေသည်။

“နင်…”

လုံရှီက ရှက်ရွံ့သည့်ပုံပေါက်နေလေသည်။

ဆူဇီမိုက စိတ်ထဲကနေ ကျိန်ဆဲလိုက်လေသည်။ သူ၏လက်ကို လျင်မြန်စွာ လှုပ်ရှားပြီး လုံရှီ၏ ဇက်ပိုးကို ဖြတ်ရိုက်ကာ သူမကို သတိလစ်သွားစေလေသည်။

မည်သို့ပင်ဆိုစေ.. သူက ဤနဂါးမကို အရင်ငြိမ်သက်သွားအောင် လုပ်ရပေမည်။

လုံရှီ၏ သွေးချီက တဖြည်းဖြည်း တည်ငြိမ်လာခဲ့လေသည်။

သူမ၏ ခန္ဓာကိုယ်အပေါ်ရှိ ငွေဖြူရောင် ကြေးခွံများကလည်း တဖြည်းဖြည်း မှိန်ဖျော့လာခဲ့လေသည်။

သူမ၏ အဝတ်အစားများက စုတ်ပြဲသွားခဲ့ပြီ​ ဖြစ်လေသည်။ သူမ၏ နဂါးကြေးခွံများက မှိန်ဖျော့လာသောအခါ ညို့ငင်ဓာတ်ပြည့်ဝသော အရောင်အဝါဖြင့် တောက်ပနေသည့် သူမ၏ ဖြူဖွေးသော အသားအရည်က ပေါ်ထွက်လာပေတော့မည်။

သေးသွယ်၍ ပြီးပြည့်စုံသော ခန္ဓာကိုယ်က နဂါးများ၏ ရှေ့မှောက်မှာ ပေါ်ထွက်လာတော့ပေမည်။

ဂလု.. ဂလု..

နဂါးများကြားမှ တံတွေးမျိုချသံများကို ကြားလိုက်ရလေသည်။

နဂါးများစွာက မျှော်လင့်စောင့်စားစွာဖြင့် သူတို့၏ မျက်လုံးများက ပြူးကျယ်နေလေသည်။

ရုတ်တရက်ဆိုသလို.. အဝတ်တစ်စက ထွက်ပေါ်လာပြီး သူမ၏ ပြီးပြည့်စုံသော ခန္ဓာကိုယ်ကို ဖုံးအုပ်ပေးလိုက်လေသည်။

“အား..”

နဂါးများကြားမှ တစ်ချိန်တည်းမှာပင် သက်ပြင်းချသံများက ထွက်ပေါ်လာခဲ့လေသည်။

ဆူဇီမိုသည် လူတိုင်း မြင်တွေ့ရလုနီးပါးဖြစ်လာသည့် သူမ၏ ဝတ်လစ်စားလစ် ခန္ဓာကိုယ်ကို အချိန်မီ ဖုံးအုပ်ဖို့အတွက် သူ၏ အဝတ်တစ်စကို ဆွဲထုတ်ကာ ဖုံးအုပ်လိုက်ခြင်း ဖြစ်လေသည်။

နဂါးများက သူ့ကို ဒေါသဖြင့် စိမ်းစိမ်းဝါးဝါး စိုက်ကြည့်လိုက်ကြလေသည်။

နဂါးများသည် ဤကိစ္စနှင့် ပတ်သက်၍ မကျေနပ်ကြသော်လည်း အဲဒါကို ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိကြပေ။

ဆူဇီမိုသည် မတ်တတ်ထရပ်ပြီး မလှမ်းမကမ်းရှိ ဦးချိုမဲ့နဂါးအချို့ကို ကြည့်လိုက်လေသည်။ သူက လက်သီးနှစ်ဖက်ကို ယှက်ပြလိုက်လေသည်။

“ကျုပ် တောင်းပန်ပါတယ်.. စောစောက ကျုပ်ရဲ့ အပြုအမူက ရိုင်းပျသလို ဖြစ်သွားတယ်.. အဲဒီမှာ နားလည်မှုတချို့ လွဲသွားတဲ့ပုံပါပဲ.. ကျေးဇူးပြုပြီး ဒီ.. အာ.. အမျိုးသမီးကို ကူညီပေးလိုက်ပါဦး”

ဦးချိုမဲ့နဂါးအချို့က အနည်းငယ် ကြောင်အမှင်တက်နေကြလေသည်။

သူတို့အားလုံးသည် နဂါးများဖြစ်ကြပြီး တစ်ယောက်ကိုတစ်ယောက် ဤကဲ့သို့သော ယဉ်ကျေးသည့်ပုံစံဖြင့် ပြောဆိုသည်ကို တစ်ခါမှ မကြားဖူးခဲ့ပေ။

ဦးချိုမဲ့နဂါးတစ်ယောက်သည် ဆူဇီမို၏ စိတ်ဝင်စားစရာကောင်းသော စကားလုံးများကို ကြားသောအခါ.. သူက အရင်ဆုံးတုံ့ပြန်၍ နှုတ်ခမ်းကို ကွေးညွတ်ကာ ပြုံးပြလိုက်လေသည်။

“တကယ်တော့.. ပြောရမယ်ဆိုရင် ခင်ဗျားရဲ့ အပြုအမူက ရိုင်းပျတယ်လို့ မဆိုသာပါဘူး”

“ဟုတ်တာပေါ့.. ဟုတ်တာပေါ့”

နောက်ထပ် ဦးချိုမဲ့နဂါးတစ်ကောင်က ပြုံးလိုက်လေသည်။

“ခင်ဗျားတို့တွေရဲ့ ပတ်သက်ဆက်နွယ်မှုအရ.. တစ်ယောက်ကိုတစ်ယောက် ထိတွေ့ကိုင်တွယ်တာက ကိစ္စမရှိပါဘူး.. ဒါပေမဲ့လို့ နောက်တစ်ခါကျရင် အဲဒါကို လူရှေ့သူရှေ့မှာတော့ မလုပ်နဲ့ပေါ့”

“ဟီးဟီး”

အခြားသော ဦးချိုမဲ့နဂါးအချို့ကလည်း ရယ်မောလိုက်ကြလေသည်။

မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲကျနေသော လုံရှီ၏ မျက်နှာက ရှက်သွေးဖြာသွားသည်ကို မည်သူကမှ သတိမထားမိလိုက်ကြပေ။

“အာ..”

ဆူဇီမိုက သူ၏နဖူးကို ညင်သာစွာ ပွတ်သပ်လိုက်လေသည်။ သူက ဤကိစ္စကို ထပ်မံ၍ ရှင်းပြနိုင်ခြင်း မရှိတော့ပေ။

“ကျုပ်တို့ အခုပဲ သွားတော့မယ်”

ဦးချိုမဲ့နဂါးအချို့က လုံရှီကို ဖေးမပြီး ဆူဇီမိုကို လက်ပြနှုတ်ဆက်လိုက်ကြလေသည်။ သူတို့၏ စိတ်နေသဘောထားက အရင်ကထက် များစွာပို၍ ကောင်းလာခဲ့လေသည်။

ဆူဇီမိုသည် ဤဦးချိုမဲ့နဂါးအမျိုးသမီးနှင့် သူက မည်သို့မည်ပုံ ပတ်သက်သွားရသလဲ.. နားမလည်နိုင်ဘဲ တွေဝေရှုပ်ထွေးနေဆဲ ဖြစ်လေသည်။

သူသည် ခဏမျှ စဉ်းစားကြည့်သော်လည်း မည်သည့် သဲလွန်စမှ မရပေ။ ထိုသို့ဖြင့် သူသည် ဤကိစ္စကို လောလောဆယ် ခဏဘေးဖယ်ထားပြီး အရင်ဆုံး ကျင့်ကြံဖို့ ပြင်ဆင်လိုက်လေသည်။

သူက လှည့်ထွက်လိုက်သည့် ခဏမှာပင်.. နဂါးတစ်ကောင်က သူ့ထံသို့ ချဉ်းကပ်လာပြီး သူ့ကို လက်မပင် ထောင်ပြလိုက်လေသည်။

“အစ်ကိုမို.. ကျုပ်နာမည်က လုံစန်ပါ.. ခင်ဗျားက ကျုပ်ကို အစန်လို့ ခေါ်လို့ရပါတယ်”

လုံစန်ဟုခေါ်သော မီးပဒေသာနဂါးက အလွန်တရာ ရင်းနှီးဖော်ရွေနေလေသည်။

“အစ်ကိုမို.. ခင်ဗျားရဲ့ သားရဲတွင်း ဘယ်မှာရှိလဲ ကျုပ်သိတယ်.. ကျုပ် ခင်ဗျားကို အဲဒီကို ခေါ်သွားပေးမယ်”

“ဒါဆိုလည်း ကောင်းပါပြီ”

ဆူဇီမိုက ခဏမျှ မှင်တက်နေပြီးနောက် ခေါင်းညိတ်ပြလိုက်လေသည်။

ဒီ့ယခင်ကဆို သူက တကူးတက သွားမေးသော်လည်း မည်သည့်နဂါးကမှ သူ့ကို အရေးမလုပ်ခဲ့ပေ။

သို့သော် ယခုအခါမှာတော့.. သူက ဘာမှမမေးရသေးခင်မှာပင် နဂါးတစ်ကောင်က သူ့ကို အရင်စ၍ ကူညီပေးလာခဲ့လေသည်။

နဂါးမျိုးနွယ်တွင် ခွန်အားကသာ အရာရာဆိုသည်မှာ တကယ်ပဲ မှန်နေခဲ့လေသည်။

ဆူဇီမိုသည် သိုဝှက်နဂါးအဆင့်သတ်မှတ်ချက်ပေါ်တွင် အဆင့် ၅ ဝင်သော လုံယဲ့ကို အနိုင်ယူလိုက်သည့်အတွက်ကြောင့် နဂါးများ၏ အသိအမှတ်ပြုမှုကို သူက ရရှိလိုက်သည်ဟု တွေးထင်ခဲ့လေသည်။

သို့သော်လည်း တကယ်တမ်းမှာတော့.. သူသည် နဂါးများ၏ အသိအမှတ်ပြုမှုကို ရရှိသည့် အဓိကအကြောင်းရင်းမှာ သူက လုံရှီ၏ တင်ပါးကို ထိတွေ့ခဲ့သောကြောင့် ဖြစ်လေသည်။

ဒါ့အပြင် သူက အဲဒါကို နှစ်ကြိမ်တောင် ပြုလုပ်ခဲ့လေသည်။

နဂါးများစွာ၏ မျက်လုံးထဲမှာ ဤလုပ်ရပ်က သိုဝှက်နဂါးအဆင့်သတ်မှတ်ချက်ထက်ပင် များစွာပို၍ အထင်ကြီးစရာကောင်းနေလေသည်။

ဆူဇီမိုသည် လုံစန်၏နောက်သို့ လိုက်ပါသွားသောအခါ.. များစွာသော နဂါးများက သူ့ကို အထင်ကြီးလေးစားသော အကြည့်များဖြင့် ကြည့်နေကြလေသည်။ သူတို့ထဲမှ အချို့က အရင်ဦးစွာစ၍ နှုတ်ဆက်လာပြီး လက်မပင် ထောင်ပြလိုက်လေသည်။

“စောစောက ဦးချိုမဲ့နဂါးက ဘယ်သူလဲ.. သူမက ကျုပ်နဲ့ ဘယ်လိုပတ်သက်ဆက်နွယ်နေတာလဲ”

ခဏနေပြီးနောက် ဆူဇီမိုက မနေနိုင်တော့ဘဲ မေးလိုက်လေသည်။

“အစ်ကိုမို.. ခင်ဗျား တကယ် မသိဘူးလား”

လုံစန်က မေးလိုက်လေသည်။

ဆူဇီမိုက ခေါင်းခါပြလိုက်သည်ကို မြင်သောအခါ လုံစန်က ရှင်းပြလေသည်။

“အစ်မချီက အစကတော့ သူ့ကို မွေးမလာခင်ကတည်းက အစ်ကိုယန်နဲ့ စေ့စပ်သဘောတူထားတာ.. ဒါပေမဲ့လို့ သူမ ကြီးလာတဲ့အချိန်မှာ သူမရဲ့ စိတ်နေစရိုက်က အရမ်းကို ခက်ထန်တဲ့အတွက် သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် သဘောမတွေ့ကြတော့ဘူး.. အဲဒီအချိန်မှာပဲ သူတို့ကြားမှာ သဘောထား မတိုက်ဆိုင်မှုတွေ ပေါ်လာပြီးတော့ သူတို့ရဲ့ အခြေအနေက ပိုဆိုးလာခဲ့တယ်.. အဲ့လိုနဲ့ အဲဒီကိစ္စက မပြီးမပြတ်ဘဲ ကျန်ရှိနေခဲ့တာ”

လုံယန်ဆိုသည်မှာ မွေးနီတစ္ဆေ၏ ကလေးပင် ဖြစ်ပေလိမ့်မည်။

လုံစန်က ဆက်ပြောလေသည်။

“အစ်ကိုမို.. ခင်ဗျားက ကျုပ်တို့ မီးပဒေသာနဂါးမျိုးရိုးကို ရောက်လာတယ်ဆိုတာ အစ်ကိုယန်ရဲ့ နေရာကို အစားထိုးဖို့ပဲလေ.. အဲ့လိုနဲ့ အကြီးအကဲအချို့က ဦးချိုမဲ့နဂါးမျိုးရိုးဆီ သွားပြီး စေ့စပ်မင်္ဂလာပွဲကို ပြန်လည်တောင်းဆိုခဲ့ကြတယ်​”

“အစ်မချီရဲ့ မာန်မာနနဲ့ဆို သူမက အဲဒါကို သဘောတူလိမ့်မှာ မဟုတ်ဘူး.. အဲဒါကြောင့် သူမက ခင်ဗျားဆီကို ပြဿနာရှာဖို့ ရောက်လာတာပဲ.. အခုတော့.. ဟီးဟီး..”

ထိုနေရာအရောက်တွင် လုံစန်က ဆူဇီမိုကို မျက်စိမှိတ်ပြပြီး ပြုံးလိုက်လေသည်။

“အစ်ကိုမို.. ခင်ဗျားက အစ်မရှီရဲ့ စိတ်ကို သိမ်းပိုက်နိုင်မယ်ဆိုရင်.. မီးပဒေသာနဂါးမျိုးရိုးက ခင်ဗျားကို သူတို့ရဲ့ သခင်လေးအဖြစ် သေချာ​ပေါက် အသိအမှတ်ပြုကြလိမ့်မယ်”

“အစ်မရှီက အပြောတော့ ဆိုးချင်ဆိုးလိမ့်မယ်.. ဒါပေမဲ့လို့ သူမက လူကောင်းတစ်ယောက်ပါ”

လုံစန်သည် လုံရှီအတွက် ထင်မြင်ချက်ကောင်းပင် ပေးနေလေသည်။

ထိုသည်ကို ကြားသောအခါ ဆူဇီမိုသည် နောက်ကွယ်က လက်မည်းများကို မြင်ယောင်မိသွားလေသည်။ သူက လက်သီးကို ဆုပ်ပြီး အံကိုကြိတ်လိုက်လေသည်။

“အဲဒီ အဘိုးကြီးတွေကတော့…”

အစကတော့ ဤပြဿနာသည် သူနှင့် ဘာမှမသက်ဆိုင်ပေ။ အဲဒါသည် မီးပဒေသာနဂါးမျိုးရိုးမှ အကြီးအကဲများက လက်ထပ်မင်္ဂလာပွဲကို ပြန်လည်တောင်းဆိုခြင်းဖြင့် ထိုအာဏာရှင်နဂါး၏ စိတ်ကို သွား၍ ဆွပေးခဲ့ခြင်း ဖြစ်လေသည်။

All Chapters